ကောင်းဝေ အမိန့်ရ အပေါင်ဆိုင် - Kaung Wai Pawn Shop Yangon

  • Home
  • Myanmar
  • Yangon
  • ကောင်းဝေ အမိန့်ရ အပေါင်ဆိုင် - Kaung Wai Pawn Shop Yangon

ကောင်းဝေ အမိန့်ရ အပေါင်ဆိုင် - Kaung Wai Pawn Shop Yangon ကောင်းဝေ အမိန့်ရ အပေါင်ဆိုင်
၁၂၃ ၉၃?

🌕"တန်ဆောင်မုန်း" လပြည့်နေ့ 🌕🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔"တန်ဆောင်မုန်း" လပြည့် အခါသမယမှာ ကမ္ဘာသူ၊ ကမ္ဘာသားများအပေါင်း ကျန်းမာချမ်းသာ...
27/11/2023

🌕"တန်ဆောင်မုန်း" လပြည့်နေ့ 🌕

🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔🪔

"တန်ဆောင်မုန်း" လပြည့် အခါသမယမှာ ကမ္ဘာသူ၊ ကမ္ဘာသားများအပေါင်း ကျန်းမာချမ်းသာခြင်း နှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။🙏🏻

ယနေ့ ဆိုင်ဖွင့်ပါသည်။

💦မဂ်လာနှစ်သစ် အတာသင်္ကြန် အချိန်အခါတွင်   ဘေးရန်ကင်းဝေး ကျန်းမာချမ်းသာကြပါစေ လို့ ကောင်းဝေ မိသားစုမှ မေတ္တာပို့သ ဆုမွန်က...
13/04/2023

💦မဂ်လာနှစ်သစ် အတာသင်္ကြန် အချိန်အခါတွင် ဘေးရန်ကင်းဝေး ကျန်းမာချမ်းသာကြပါစေ လို့ ကောင်းဝေ မိသားစုမှ မေတ္တာပို့သ ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏

💦💦💦📣ကောင်းဝေ အပေါင်ဆိုင်အား သင်္ကြန်ရက်များတွင် ဖွင့်လှစ်ထားတဲ့အကြောင်း ကြေငြာပါရစေ📣💦💦💦

❗🕘ဆိုင်ဖွင့်ချိန်ကတော့ မနက် (၉:၃၀) နာရီမှ ညနေ(၄)နာရီအထိ ဖွင့်ပါမည်🕘❗

#အတာအိုးအတာပန်း

🪴အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည်။

🪴နှစ်သစ်ကူး သင်္ကြန်ကို ကြိုဆိုတဲ့ အနေနဲ့ အတာအိုးထိုးကြတယ်လို့လည်း အယူရှိကြပြီး အေးချမ်းခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုဖော်ဆောင်ပါသတဲ့....

🪴(၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ရှိပါတယ်။

🪴နေ့နံ ၇ ရက်ကို ကိုယ်စားပြုတဲ့ ပန်းတွေကိုတော့ မိမိတို့နေရပ်နဲ့ အနီးအနားမှာ ရှိနေတဲ့ ပန်းတွေကို ရှာဖွေနိုင်ပြီး

ဥပမာ အားဖြင့် ဆိုရရင်...

တနင်္ဂနွေ - အ-ဥ = အုန်းရွက် သြဇာရွက်။

တနင်္လာ - က-ခ-ဂ-ဃ-င = ကန့်ကော်ပန်း ၊ ခရေ။

အင်္ဂါ - ဇီးရွက်။

ဗုဒ္ဒဟူး - ရွက်လှ ၊ ရေတမာ ၊

ကြာသပတေး = မြေဇာ ၊ မာလကာရွက်

သောကြာ - သပြေပန်း

စနေ - တမာရွက် ၊ ဒန်းပန်း တို့ပဲ ဖြစ်ပါတယ်။

🍡မုန့်လုံးရေပေါ်အနည်းငယ်ပြုလုပ်ပါ။
ဘုရားကပ်ပါ အိမ်သားများလည်း စားပါ

🙏နံနက်ရောညပါ ပရိတ်တရားတော်များရွတ်ပါ ဖွင့်ထားပါ

🐟ဇီဝိတဒါန ငါးလွှတ်ပါ။ ငါးစာ ခွေးစာ ငှက်စာကျွေးပါ။

🙏နှစ်ဆန်းတစ်ရက်နေ့ ညနေ ၆နာရီ ၄၅မိနစ်တွင် ပုဗ္ဗဏှသုတ်တော်ကို မဖြစ်မနေရွတ်ဖတ်ပါ

🍚နွမ်းပါးသူများကို ဆန် လှူပေးပါ။

💦မိမိတို့ အိမ်သားအချင်းချင်း သင်္ကြန်ရေ စတိပက်ဖြန်း၍ နှစ်သစ်ကူးနိုင်ပါတယ်။

💦အိမ်ဘုရားကို ရေသပ္ပာယ်ပါ။ ဘုရားကျောင်းဆောင်ကို သန့်နေအောင် ရှင်းလင်းပူဇော်ပါ

🍹သက်ကြီးဘိုးဘွားများကိုလှူလျှင်
လိမ္မော်ရေ ၁ဘူးပါအောင် ထည့်လှူပေးပါi။

🪴သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပြီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ “အတာအိုး” နဲ့ “အတာပန်း” ကနေ “ပရိတ်အိုး” နဲ့ “ပရိတ်ပန်း”အဖြစ် အသွင်ကူး ပြောင်းပြီး မိမိတို့အိမ် ပတ်ပတ်လည်မှာ “ပရိတ်ပန်း” “ပရိတ်သဲ” တွေနဲ့ ကာရံပြီး အန္တရာယ်ကင်းအောင်လုပ်တယ်လို့ အယူရှိတယ်။

🪴အညာနယ်ဘက်မှာတော့ သင်္ကြန်ကျသည်နှင့်တစ်ပြိုင်နက် အတာ အိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦးဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူ ပြုကြလေ့ရှိပါသည်။

🐲သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် “အတာသင့်”သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆိုသုံးစွဲနေကြပါသေးတယ်။

🐉အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက်မည့်အချိန် အတိအကျတွင် “အတာစား”ရပါတယ်။

🐲အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာ ဝတ်စားဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ရတနာသုံးပါးစသည်တို့အား လှူဒါန်းပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည်ဟု မှတ်သားရဖူးပါတယ်။


(အထက်ဖော်ပြသည်များကတော့ ရိုးရာဓလေ့ထုံးစံကဲ့သို့ဖြစ်နေ သောကိစ္စရပ်များသာဖြစ်ပါသည်။)



ကောင်းဝေ အမိန့်ရ အပေါင်ဆိုင်
အမှတ် ၁၂၃၊ ၉၃လမ်း မင်္ဂလာတောင်ညွန့် ရန်ကုန်မြို့

Ph: 09262655577, 09262655588

Kaung Wai Pawn Shop
No. 123, 93rd Street, Mingalartaungnyunt Tws, Kandawlay, Yangon.

, , , #ချေးငွေ, #အပေါင်ဆိုင်, #စီးပွားရေး

"တော်သလင်းလပြည့်နေ့ "🙏ဂရုဓမ္မ အခါတော်နေ့🙏မြန်မာပြည်သူပြည်သားအားလုံး ဂရုဓမ္မ အမြင်ပွင့်လို့ ငါးပါးသီလအစွမ်းကြောင့် ရန်သူမ...
09/09/2022

"တော်သလင်းလပြည့်နေ့ "🙏ဂရုဓမ္မ အခါတော်နေ့🙏

မြန်မာပြည်သူပြည်သားအားလုံး ဂရုဓမ္မ အမြင်ပွင့်လို့
ငါးပါးသီလအစွမ်းကြောင့် ရန်သူမျိုးငါးပါး ဘေး ကပ်သုံးပါးဘေးမှ ထာဝရ လွတ်မြောက်ကြပါစေ လို့
ဆုမွန်ကောင်း တောင်း မေတ္တာပို့​သလိုက်ပါတယ်...🙏🌿🕊

၉ . ၉ . ၂၀၂၂ (သောကြာနေ့)

29/08/2022

29.8.2022 မြန်မာ့ရွှေစျေး
၂၉သိန်း၁သောင်း
၅ထောင်။
ဈေးနှုန်း တင်ပေးခြင်း သီးသန့်ပါ။

28/08/2022

💍ကောင်းဝေ အပေါင်ဆိုင်မှာ ရွေထည်ပစ္စည်းမှ လွှဲပြီး တခြား မည်သည့်ပစ္စည်းမှ အပေါင်မခံပါ။
လိုင်းပေါ်မှ မေးခြင်း သည်းခံပါရှင်

🙏မဂ်လာပါ🙏⭕📣 ကောင်းဝေ အပေါင်ဆိုင်၏ မိတ်ဟောင်း မိတ်သစ်များကို အသိပေးပြောကြားခြင်း📣🔴 လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေ၊ အစစအရ...
24/08/2022

🙏မဂ်လာပါ🙏

⭕📣 ကောင်းဝေ အပေါင်ဆိုင်၏ မိတ်ဟောင်း မိတ်သစ်များကို အသိပေးပြောကြားခြင်း📣

🔴 လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေ၊ အစစအရာရာမြင့်တတ်လာသော ကုန်ဈေးနှုန်း၊ မှန်းမတတ်အောင် တတ်လာသော ဆီဈေးနှုန်း နှင့် အပြောင်းအလဲမြန်စွာ ပြောင်းလဲနေသော ရွှေဈေး အခက်အခဲများကြောင်း

⭕ရွှေအတိုးနှုန်းများကို 💲%

💲၁.၈.၂၀၂၂ မှ အတိုး ၃ ကျပ် သို့ ပြောင်းလဲ သတ်မှတ်ထားပါကြောင်းကို

📢❗ကောင်းဝေ အပေါင်ဆိုင်၏ မိတ်ဟောင်း မိတ်သစ်များသို့ ကြိုတင်အသိပေးအပ်ပါသည်😔

👑 မရှိဝမ်းဆာ ရှိတန်ဆာ ဆိုသလို ရွှေ ရှိနေသမျှ မိမိ အခက်အခဲကို ဖြေရှင်းနိုင်ပြီး
➿ရွှေဈေးတက်နေချိန် ရွှေကို ရောင်းလိုက်မယ့်အစား
✨အတိုးနှုန်း ၃ ကျပ်ထဲနှင့် ပေါင်နှံပြီး မိမိရွှေလဲ မပျောက်မပျက်စေဘဲ မိမိ လုပ်ငန်း အခက်အခဲ အတွက် ငွေလည်ပတ်စေနိုင်စေရန် ရွှေအပေါင် ထားခြင်းဖြင့်အခက်အခဲအားလုံး အဆင်ပြေ ချောမွေ့နိုင်ကြပါစေ

💍ကောင်းဝေ အပေါင်ဆိုင်မှာ ရွှေထည်လက်ဝတ်ရတနာ တစ်မျိုးတည်းကိုသာ လက်ခံ ပေါင်နှံနိုင်ပါသည်။

❌ရွေထည်မှ လွှဲပြီး တခြား မည်သည့်ပစ္စည်းမှ အပေါင်မခံပါ

ကောင်းဝေ အမိန့်ရ အပေါင်ဆိုင်
အမှတ် ၁၂၃၊ ၉၃လမ်း မင်္ဂလာတောင်ညွန့် ရန်ကုန်မြို့

Ph: 09262655577, 09262655588

Kaung Wai Pawn Shop
No. 123, 93rd Street, Mingalartaungnyunt Tws, Kandawlay, Yangon.

, , , #ချေးငွေ, #အပေါင်ဆိုင်, #စီးပွားရေး

22/08/2022

အသက်ကြီးသူများတွင် အဖြစ်များတတ်သော ဒူးနာခြင်း (Osteoarthritis)

🦵ဒူးနာရောဂါသည် အဆစ်အမြစ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်တတ်ပါသည်။ စစ်တမ်းများအရ အသက်ကြီးသူတွေမှာ အဖြစ်များပြီး တော်ရုံနှင့်မပျောက်နိုင်တဲ့ ဒုက္ခပေးတတ်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။

✳️ ဘာကြောင့် ဒူးနာလဲ?
အသက်ကြီးလာတာနဲ့အမျှ ဒူးဆစ်တွေမှာ ပျက်စီးမှုတွေရှိခြင်း၊ ဒူးဆစ်ရိုးများ ပွတ်တိုက်မှုရှိခြင်း၊ အရိုးနုများမှာ ဒဏ်ရှိခြင်း တို့မှတဆင့် ဒူးနာရောဂါဖြစ်လာပါတယ်။

မွေးရာပါ ဒူးဆစ်ပုံမှန်မဟုတ်ခြင်း၊ အဝလွန်ခြင်း၊ ကာလရှည်ကြာ ဒူးဆစ်ကို အားပြုလုပ်ရသော အလုပ်များ လုပ်ခဲ့ခြင်း၊ ဒူးဒဏ်ရာရထားဖူးခြင်း စသောသူများတွင် ဒူးနာရောဂါ အဖြစ်များတတ်ပြီး ဖြစ်ခဲ့ရင်လည်း သာမန်ထက် ပိုခံစားရနိုင်ပါသည်။

✳️ ဒူးနာရောဂါခံစားနေရပါက
😪 သွားလာလှုပ်ရှားမှုခက်ခဲခြင်း၊
😪 ဒူးကွေး ဒူးဆန့် နှင့် အထိုင်အထ ခက်ခဲခြင်း၊
😪 လှေခါးအတက်အဆင်း အဆင်မပြေဖြစ်ခြင်း၊
😪 ဒူးကွေးရခက်ပြီး ဒူးဆစ်ကွေးဆန့်ပြုလုပ်ရင် ဒူးဆစ်မှ ကြိတ်ဖိသံများ ကြားရခြင်း
😪 ဒူးဆစ်ရောင်ရမ်းခြင်း စတာတွေဖြစ်တတ်ပါတယ်

✳️ ဒူးနာရောဂါကို ဘယ်လိုကာကွယ်မလဲ?
💪 သတ်မှတ်ကိုယ်အလေးချိန်ရှိအောင် ထိန်းထားခြင်း
💪 အချိုနှင့် အငန်ကိုလျှော့စားခြင်း
💪 နေ့စဉ် မိမိနှင့်သင့်တော်သော လေ့ကျင့်ခန်းလုပ်ခြင်း
💪 ကယ်ဆီယမ်၊ သတ္တုဓာတ်၊ Omega 3၊ အသီးအနှံနှင့် အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့အပြင် အရိုးနုကိုအားကောင်းစေတဲ့ ဂေါ်ဖီပန်းစိမ်းနှင့် ငရုတ်ပွတို့ကို စားသုံးပေးခြင်းဖြင့် ဒူးနာရောဂါကို ကာကွယ်နိုင်ပါသည်။

✳️ ဒူးနာရင် ဘယ်လိုလုပ်သင့်လဲ?
✅ ဒူးဆစ်ကိုက်ခဲခြင်းနှင့် ဒူးဆစ်တောင့်တင်းခြင်းတို့အတွက် အပူဓာတ်ဖြစ်တဲ့ ရေနွေးစိမ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ ဒူးစွပ်ဝတ်ခြင်းတို့ဖြင့် သက်သာစေနိုင်ပါသည်။ ရာသီဥတုအေးလျှင် သာမန်ထက်ပိုပြီး ကိုက်ခဲတတ်ပါသည်။
✅ လမ်းလျှောက်ရာမှာ အထောက်အကူပစ္စည်းများ အသုံးပြုသင့်ပါသည်။
✅ အဝလွန်သူများဖြစ်ပါက ပထမဆုံး ဝိတ်ချသင့်ပါတယ်။ ဒူးဆစ်မှာ သာမန်ခံနိုင်ရည်ရှိတာထက်ပိုပြီး ဝန်ထမ်းထားရခြင်းကြောင့် ဒဏ်ဖြစ်နိုင်ချေပိုများပါတယ်။
✅ ဒူးဆစ်နာကျင်ကိုက်ခဲမှုများရှိပါက ဆရာဝန်နှင့်တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးကို သောက်သင့်ပါတယ်။
✅ တခါတရံ သောက်ဆေးဖြင့် ဒူးနာရောဂါ မသက်သာဘဲ ခွဲစိတ်ကုသမှု ပြုလုပ်မှသာ သက်သာပျောက်ကင်းနိုင်ပါသည်။ ခွဲစိတ်ရမှာကိုကြောက်ပြီး ဒူးနာရင် အကိုက်အခဲပျောက်ဆေး (Pain Killer) များကိုလည်း ရေရှည်မသောက်သုံးသင့်ပါ။

ယခုအခါ ဆေးပညာများသည် အဆင့်မြင့်လာပြီး ဒူးဆစ်အစားထိုး ခွဲစိတ်ကုသမှုများသည်လည်း အကောင်းဆုံးရလဒ်များ ရှိနေပါတယ်။

👨‍⚕️လူကြီးမင်းတို့ နိုင်ငံရပ်ခြားမှာ စိတ်အေးချမ်းစွာဖြင့် သက်သောင့်သက်သာ ဆေးကုသမှုခံယူနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် လင်းပြည့်ထက် ကုမ္မဏီမှ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးနေပါတယ်ရှင့် ⭐️
👨‍⚕️ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပညာရှင်များနှင့် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအခက်အခဲများကို သေချာစွာ တိုင်ပင်ဆွေးနွေးချင်လိုပါက လင်းပြည့်ထက်ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါတယ်ရှင့် 🙏

Lins Pyae Htet - International Medical Service
Hot Line: 099 6430 1774
Address: အမှတ် (၅၃၂)၊ တတိယထပ်၊ အင်းဝလမ်း၊ တောင်ဥက္ကလာ (၆)ရပ်ကွက်၊ ရန်ကုန်မြို့။
Messenger: m.me/LinsPyaeHtetInternationalMedicalService

, , ,

🤣 ပျံလွန်တော်မူချင်စိတ်တောင် ဖြစ်မိပါတယ်ဘုရား 😂ဆရာတော်ဘုရားကို ဆွမ်းချိုင့်လေး လာကပ်ပြီး ပြန်ခါနီးကျ မိန်းကလေးက လျှောက်တ...
11/08/2022

🤣 ပျံလွန်တော်မူချင်စိတ်တောင် ဖြစ်မိပါတယ်ဘုရား 😂
ဆရာတော်ဘုရားကို ဆွမ်းချိုင့်လေး လာကပ်ပြီး
ပြန်ခါနီးကျ မိန်းကလေးက လျှောက်တယ်

တပည့်တော်မ ပြန် ကြွလိုက်ပါအုံးမယ်ဘုရား

ဟယ်..မိုက်လိုက်တဲ့ ကလေးမ
နင် ဘယ်သူ့ သမီးတုန်း ဟဲ့

မယ်ရှင့် သမီးပါဘုရား

အေး..နင့်အမေ လွှတ်လိုက်စမ်း

ဒကာမကြီး မယ်ရှင်သည်
ဖျင်တဘက်လေး ပုခုံးတင်ပြီး
ကျောင်းကို ရောက်လာရာ~~~

ဟဲ့..မယ်ရှင်...
နင့်သမီးဟာလေ
ဘုန်းကြီး ရဟန်းများနဲ့ အပြောအဆို မတတ်ပါလား
ငါ့ကိုတောင်..
တပည့်တော်မ ပြန်ကြွပါအုံးမယ် လုပ်သွားသဟဲ့

ဒကာမကြီး ရင်ဘတ်ဖိပြီး
အမယ်လေး..လေး..မိုက်လိုက်တဲ့ သမီး
အိမ်ပြန်ရောက်မှ
တပည့်တော်မ သေချာ မိန့်လိုက်ပါ့မယ်ဘုရား..တဲ့

ဟယ်..နင်ပြောမှ ပိုဆိုး မဖြစ်ချေဘူး
နင့်ယောက်ျား ဖိုးထင်ကို ကျောင်း လွှတ်လိုက်စမ်း....

ဝါးခမောက်လေး ခေါင်းဆောင်းပြီး
ဒကာကြီး ဖိုးထင် ကျောင်းပေါ် တက်လာတယ်...

ဟဲ့..ဒကာဖိုးထင် နင့်သမီးနဲ့ မိန်းမကတော့
ဒီလို ဒီလိုတွေ ပြောသဟဲ့ ဆိုတော့
ဦးဖိုးထင် မျက်နှာကြီး ရဲသွားပြီး
တောက်တချက် ခေါက်တယ်

မိုက်လိုက်တဲ့ သမီးနဲ့ မိန်းမ
နောင်ဆိုရင် ဒင်းတို့နှစ်ယောက်ကို
အရှင်ဘုရားရဲ့
ကျောင်းဝင်းထဲ ခြေတော်ရာ မချစေနဲ့ဘုရား..တဲ့

ဟယ်..နင့်ပြောကာမှ ပိုဆိုး
နင်တို့ အိမ်မှာ သွန်သင်ဆုံးမမဲ့
လူကြီးသူမ မရှိကြတော့ဘူးလား

မှန်လှပါ ယောက္ခမကြီး ဒေါ်ငွေလုံး ရှိပါတယ်ဘုရား

အေး..သူ့သာ လွှတ်လိုက်တော့ ဟေ့

အသက်ရှစ်ဆယ် နီးနေတဲ့
အဖွားကြီး ဒေါ်ငွေလုံး ရောက်ချလာတယ်
တောင်ဝှေးလေး ထောက်ပြီး
ခေါင်းလေး ခါတာ ခါတာနဲ့...

ဒကာမကြီးရေ
ခင်ဗျား သားသမီးတွေနဲ့ မြေးကတော့ဖြင့်
ဘုန်းကြီးရဟန်းနဲ့ အပ်စပ်အောင် မပြောတတ်ကြပါလား ကျုပ်ကို ဒီလို ဒီလိုတွေ ပြောသွားသဗျ ဆိုတော့...

စိတ်မကောင်းခြင်း ကြီးစွာနဲ့
အဖွားကြီး မျက်ရည်တွေ ဝိုင်းသွားပြီး...

မှန်လှပါဘုရား
ဒင်းတို့ကြောင့် အရှက်ရလွန်းလို့
တခါ တခါဆို တပည့်တော်မ
ပျံလွန်တော်မူချင်စိတ်တောင် ဖြစ်မိပါတယ်ဘုရား..ဆိုတော့

ဆရာတော်ဘုရားလည်း ပက်လက် လန်သွားသတဲ့....

🤣🤣🤣

တခဏ သောကများ ပြေပျောက်ကြပါစေ။
မူလရေးသူ အတိအကျ မသိရပါချေ။
Credit ဟုသာပါရှိ၏။
ဦးဉာဏဝုဓ ထံမှ ပြန်လည်မျှဝေပေးပါ၏။
သစ္စာ ဂ ဝေ သီ

🙏ဝါဆိုလပြည့်-ဓမ္မစကြာအခါတော်နေ့မှာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါ...
12/07/2022

🙏ဝါဆိုလပြည့်-ဓမ္မစကြာအခါတော်နေ့မှာ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်
ပြည့်စုံပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ

လိုရာဆန္ဒတွေပြည့်ဝကြပါစေကြောင်း ကောင်းဝေမိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်

🙏🏻🙏🏻🙏🏻

မောင်းကွင်းရဲ့ သင်္ကေသက ဘာလဲ သိလား (infinity love) အဆုံးအစမရှိတဲ့ ချစ်ခြင်းလက်ထပ်လက်စွပ်က မောင်းကွင်းဘဲ သုံးရတာ လက်ထပ်လက...
24/06/2022

မောင်းကွင်းရဲ့ သင်္ကေသက ဘာလဲ သိလား (infinity love) အဆုံးအစမရှိတဲ့ ချစ်ခြင်း

လက်ထပ်လက်စွပ်က မောင်းကွင်းဘဲ သုံးရတာ လက်ထပ်လက်စွပ် ဆိုတာ ဆင်တူ ဖြစ်နေရုံနဲ့ ဒီတိုင်းစွပ်လို့ မရဘူးနော် သူ့မှာလည်း စည်းကမ်းလေးတွေရှိတယ်

မောင်းကွင်းရဲ့အဓိကရည်ရွယ်ချက်ကပြောင်ချောလေးအဖုအထစ်မရှိဘူး…
အိမ်ထောင်ရေးမှာအဖုအထစ်မရှိအနှောင့်အယှက်မရှိအောင် ဆိုတဲ့သဘောမျိုး လက်ထပ်လက်စွပ်ကို
မောင်းကွင်းဆင်တူဝတ်ရတယ်

သူများတွေ စိန်လက်စွပ် ဆင်တူဝတ်ကြ အော်ဒါ မှာကြတာ အသိတွေထဲမှာ မြင်ဖူးတော့ မောင်းကွင်း မဝတ်ကြဖူးလားလို့ စဉ်းစားမိတယ်

Proposal လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်ကိုက ကိုယ်တတ်နိုင်သလောက် စိန်အရည်အသွေး အကြီးအသေး ကြိုက်သလို ရွေးပြီး Propose ရတာ။

အဲတာယောက်ျားလေးကဘဲပေးရတာနော်။ ပြီးစိန်ပါရမယ်နော်။

လက်ထပ်တဲ့အခါ ယောက်ျားလေး လက်သူကြွယ်မှာမောင်းကွင်း တစ်ခုဘဲစွပ်ရပြီး မိန်းကလေး လက်သူကြွယ်မှာမောင်းကွင်းရယ်Proposal diamond ring ရယ်နှစ်ကွင်းထပ်ပြီးစွပ်ရပါတယ်တဲ့။ စေ့စပ်လက်စွပ်ပါထပ်ရှိတဲ့ သူတွေတော့သုံးကွင်း စွပ်ပေါ့ 🥴

ခရစ်ယာန်တွေကတော့ မောင်းကွင်းကိုရွှေနဲ့လုပ်ပါတယ်.. သဘောကတော့ ရွှေဆိုတာ အဖိုးတန်တယ် ☺ မောင်းကွင်းဆိုတာက အဆုံးအစ မရှိတဲ့ ချစ်ခြင်း

စေ့စပ်လက်စွပ်ကိုတော့ စိန် ၁လုံး၊ ၃လုံး၊ ၅လုံးနဲ့ ကြိုက်သလိုလုပ်လို့ရပါတယ်..
၁လုံးကေတာ့ Love ဆိုတဲ့သေဘာပါ၊
၃လုံးကေတာ့ I love You,
၅လုံးကတော့ I love you so much ဆိုပြီး ၀တ်ပါတယ်။

ကိုယ်တွေကတော့ မောင်းကွင်းရဲ့ ဗိုက်သားမှာ နံမည် တစ်ယောက် တစ်လုံးရယ် မင်္ဂလာရက်ရယ် ထည့်ကြတယ်

Credit……..

အထီးကျန်အိမ် •••••••••••••••••••အထီးကျန်အိမ်ထဲမှာ အသက် ၅၀ ကျော် နောက်ပိုင်း ကသူတွေ နေထိုင်ကြပါတယ်•••သူတို့တွေဟာ အများဆုံ...
18/06/2022

အထီးကျန်အိမ်
•••••••••••••••••••

အထီးကျန်အိမ်ထဲမှာ
အသက် ၅၀ ကျော် နောက်ပိုင်း ကသူတွေ
နေထိုင်ကြပါတယ်•••
သူတို့တွေဟာ အများဆုံး
မိဘများသာ ဖြစ်ကြပါတယ်..

အရွယ်ရောက်လာတဲ့ သားသမီးတွေဟာ
တချို့က ပညာသင်ကြားဖို့
ထွက်ခွာသွားကြတယ်•••

တချို့ကအိမ်ထောင်ပြုပြီး
မိသားစုအသစ် ထူထောင်ကြလို့
ထွက်ခွာသွားကြတယ်•••

တချို့က ကိုယ့်ဘဝရပ်တည်မှုအတွက်
ရေကြည်ရာ မြက်နုရာကို
ထွက်ခွာသွားကြတယ်•••

အကြောင်း အမျိုးမျိုးကြောင့်
သားသမီးတွေ ထွက်ခွာသွားကြတဲ့အခါ
အထီးကျန်အိမ်ထဲ နှစ်ယောက်တွဲရှိနေတဲ့
မိအိုဖအို ရှိကြသလို
မိအို ( သို့မဟုတ် ) ဖအို တဦးတည်းသာ
ကျန်ခဲ့သူတွေ ရှိကြပါတယ်•••

အထီးကျန်အိမ်ကြီးထဲမှာ
သားသမီးတွေ ဘယ်အချိန်ပြန်လာမလဲ?
သူတို့ မျှော်နေတတ်ကြတယ် •••

သူတို့ဆီ ဘယ်အချိန်ဆက်သွယ်မလဲ ?
တောင့်တနေတတ်ကြတယ် •••

ပညာရှာနေသူတွေဆို
စာဖတ်နေမလား? မအားဘူးလား ?

လုပ်ငန်းခွင်ဝင်နေတဲ့သူတွေဆို
အလုပ်တွေရှုပ်နေမလား .?

အိမ်ထောင်ကျသွားတဲ့ သူတွေဆို
မိသားစုတွေ အဆင်ပြေကြရဲ့လားလို့
သူတို့ အမြဲတွေးနေတတ်တယ်•••

အဲဒီအချိန် မိအို ဖအို တို့လိုချင်တာ
သားသမီးတွေရဲ့ ဂရုစိုက်ခြင်း ဖေးမခြင်း
အရေးတယူရှိခြင်းပါပဲ•••

တစ်နေ့ အထီးကျန်အိမ်ကို
သားသမီးပြန်လာချိန်
ဘယ်သူက ဘာကြိုက်တတ်တယ် •••
ဘယ်သူက ဘယ်လိုနေတတ်တယ်•••စသည်ဖြင့်
တွေးရင်း စောင့်မျှော်နေရင်း
သူတို့ ကြိတ်ပျော် နေတတ်ကြတယ်•••

ဒါကို တစ်ချို့သားသမီးတွေက
မသိကြဘူး နားမလည်တတ်ကြဘူး•••

ဒီနေ့ ဒီအချိန် ဒီလိုဘဝမှာ
နေထိုင်ရပ်တည်မှုဟာ
မိဘကြောင့်ဖြစ်တယ်ဆိုတာ
မေ့နေတတ်ကြပါတယ်•••

ကိုယ်ကိုယ်တိုင် အထီးကျန်အိမ်ထဲက
မိဘဖြစ်လာတဲ့အခါမှာတော့
တန်ဖိုးသိလာကြပါပြီ•••
အဲဒီအခါ မရှိတော့တဲ့ မိဘတွေကို
တမ်းတမိတတ်ကြပါတယ် •••
ဒါပေမဲ့ နောက်ကျခဲ့ပြီပေါ့•••

ဒါကြောင့် •••
အထီးကျန်အိမ်ကို ပစ်မထားပါနဲ့ •••
အချိန်ရရင် ရသလို ပြန်ကြပါ•••
အထီးကျန်အိမ်ထဲက မိဘကို ဆက်သွယ်ပါ •••

အထီးကျန် အိမ်ထဲက မိဘတွေဟာ
မင်းလာမဲ့လမ်းကို အမြဲစောင့်နေပါတယ်•••

မင်းအသံကို ကြားချင်လို့
ဖုန်းသံကို နားစွင့်နေတတ်ပါတယ်•••

မင်းကို သူတို့ ဖုန်းဆက်ပြီဆို
သိပ်လွမ်းနေလို့ပါ•••
မင်းကို တမ်းတနေလို့ပါဆိုတာ
သိထားရပါမယ်•••

သူတို့ miss call တွေ့ရင် မင်းပြန်ဆက်ပေးပါ•••

မင်းကို သူတို့ အသက်ရှင်နေသမျှ
ငယ်စဉ်ကလေးဘဝကကလို
မျက်စေ့ အောက်မှာ ထားခြင်ပေမဲ့
သဘာဝတရားအတိုင်း
လိုက်နာကျင့်သုံးနေထိုင်ရင်း
မင်းပြန်မဲ့အချိန်
မင်းဆက်သွယ်လာမဲ့အချိန်ကို
မျှော်နေတယ်ဆိုတာ သိထားရင်ဖြင့်
အထီးကျန်အိမ်အား
မေတ္တာဖြင့် စိမ်းလန်းစိုပြေပေးနိုင်ကြပါစေ•••

Credit..original uploader
(မူရင်းပိုင်ရှင်ကိုလေးစားလျက်)

Thin Kyaw #

Address

No. 123, 93rd Street, MingalarTaungNyunt
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959262655577

Website

Alerts

Be the first to know and let us send you an email when ကောင်းဝေ အမိန့်ရ အပေါင်ဆိုင် - Kaung Wai Pawn Shop Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category