Cherry Myanmar TopUp

Cherry Myanmar TopUp Mobile application easy to use for recharge Myanmar phone bills and giftcards sales.

ယခုရက်ပိုင်းမှာ MLBB ရဲ့  "Aspirants 2025 Phase 2" event ရော PUBG ရဲ့ "RP A14" event ရော ဆုံနေတဲ့အတွက် game credit များက...
13/07/2025

ယခုရက်ပိုင်းမှာ MLBB ရဲ့ "Aspirants 2025 Phase 2" event ရော PUBG ရဲ့ "RP A14" event ရော ဆုံနေတဲ့အတွက် game credit များကို ဈေးနှုန်းသက်သာစွာဖြင့် Cherry application မှာ ၂၄ နာရီဝယ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။

MLBB : Weekly Pass အတွက် "6,372 Ks" သာ ကျသင့်မှာဖြစ်ပြီး PUBG : UC 60 အတွက် "4,059 Ks" သာ ကျသင့်မှာဖြစ်ပါတယ်။

Country / Region စုံစုံလင်လင်နဲ့ ပျမ်းမျှ ကြာမြင့်ချိန် ၃ မိနစ်ခန့်သာဖြစ်ပါတယ်။

မှတ်ချက် ။ MLBB double diamond package များကိုတော့ Myanmar Region နဲ့ ဖြည့်မရပါက အခြား region တစ်ခုခုပြောင်းလဲ ဝယ်ယူကြည့်ပေးပါ။

📣 Cherry account ဖွင့်ဖို့ ယခင်ထက် ပိုမိုလွယ်ကူသွားပါပြီ။မိမိမှာ Telegram account ရှိရုံနဲ့ Cherry application ရဲ့ Teleg...
13/01/2025

📣 Cherry account ဖွင့်ဖို့ ယခင်ထက် ပိုမိုလွယ်ကူသွားပါပြီ။

မိမိမှာ Telegram account ရှိရုံနဲ့ Cherry application ရဲ့ Telegram ကို "register" လို့ ပို့လိုက်ရုံပါပဲ။

Telegram bot ကနေ လိုအပ်တဲ့ ဖုန်းနံပါတ် ၊ အမည် ၊ ပင် (၆) လုံးထည့်ခိုင်းပြီး OTP ထည့်သွင်းစရာမလိုပဲ လွယ်ကူစွာ account ဖွင့်လှစ်နိုင်ပါပြီ။

လက်ရှိမှာတော့ Telegram account တစ်ခုအတွက် Cherry account တစ်ခုသာ ဖွင့်နိုင်မှာဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း account OTP ကိစ္စ ၊ ပင်နံပါတ်မေ့လျော့သွားတဲ့ ကိစ္စတွေအတွက် Telegram bot ကနေ ကူညီပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။

Account ငွေသွင်းနည်းလမ်းညွှန်များကိုလည်း Telegram bot ကနေ အသေးစိတ် ပြည့်ပြည့်စုံစုံ ဖော်ပြပေးပါလိမ့်မယ်။

မည်သည့်နိုင်ငံမှမဆို OTP sms အခက်အခဲ ၊ email ထည့်ပြီး OTP ကုတ်ရနိုင်ရန် အကောင့်ဖွင့်လှစ်မှုများ မိမိဖာသာ မလုပ်ဆောင်တတ်တဲ့သူတွေအတွက် Telegram ကနေ ပိုမိုအဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။

Telegram ကနေ account ဖွင့်လှစ်လိုသူများအနေနှင့် အောက်ပါ Telegram လင့်သို့ "register" လို့ စာလေးပို့ပေးပါ။

Cherry Myanmar TopUp application ၏ Telegram သို့ ဆက်သွယ်နိုင်ရန်
အောက်ပါတိုက်ရိုက်လင့်မှသော်လည်းကောင်း

👉 https://t.me/cherrymyanmartopup

Telegram တွင် "" ဟုရှာ၍လည်းကောင်း ဆက်သွယ်နိုင်ပါတယ်။

Cherry Myanmar TopUp application အတွက် ဝန်ဆောင်မှုများကို Telegram ကနေသာ အဓိက ဝန်ဆောင်မှုပေးပါတယ် ခင်ဗျာ။အထွေထွေစုံစမ်းမ...
12/01/2025

Cherry Myanmar TopUp application အတွက် ဝန်ဆောင်မှုများကို Telegram ကနေသာ အဓိက ဝန်ဆောင်မှုပေးပါတယ် ခင်ဗျာ။

အထွေထွေစုံစမ်းမေးများမှုများအတွက်ကိုလည်း page messenger ကနေ ပြန်လည်ဖြေကြားပေးလေ့ရှိတယ်ဆိုပေမယ့်လည်း

Account ဆိုင်ရာကိစ္စများ ၊ TopUp/Data/Minute မရောက်/မပြည့်စစ်ဆေးခြင်းများအတွက် Cherry Myanmar TopUp ၏ Telegram link ကနေသာ ဆောင်ရွက်ပေးပါတယ်။

(အကယ်၍ User အနေနဲ့ Telegram account မရှိလို့ပါဆိုလျှင်တော့ FB Messenger ကနေ ဆောင်ရွက်ပေးပါတယ်)

F-ace--b-ook မှာ FB မ-ကော-င်း-ကြော--င်း ပြောရလျှင် မည်သူမှ-မ-ဖတ် ၊ နားမလည်-တဲ့ ၊ လိုသလို အကျ-ဉ်းအ-ကြုံ့ လုပ်နိုင်-တဲ့ Community Standard ဆို-တာ-ကို အကြောင်း--ပြပြီး p-ag-e တွေရဲ့ po--st တွေကို ဖျက်-တာ ၊ admin--accoun-t တွေကို ပိတ်-ပ-စ်တာမျိုး လုပ်တာတွေကြောင့် Cherry application ရဲ့ အဓိက Communication channel ကို Telegram အဖြစ်ပြောင်းလဲခဲ့ရတာပါ။

FB ကို အဓိကထားခဲ့ပါလျှင် မကြာခဏဆိုသလို page ad-min တွေ ပြဿနာကြုံရသလို မြန်မာနိုင်ငံက User များအနေနှင့်လည်း VPN အခက်အခဲ ပြဿနာမျိုးတွေကြောင့် Telegram ကို အဓိက ဝန်ဆောင်မှု channel အဖြစ်ပြောင်းလဲ သုံးစွဲရခြင်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ခုလပိုင်းတွေမှာ Facebook ကနေ ပို့စ်တင်တာမျိုး အတတ်နိုင်ဆုံးလျှော့ခဲ့ပြီး အကြောင်းထူးတစ်ခုခုရှိပါက application ထဲကနေ Noti ပေးပို့တဲ့ပုံစံနဲ့သာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Cherry Myanmar TopUp application ၏ Telegram သို့ ဆက်သွယ်နိုင်ရန်
အောက်ပါတိုက်ရိုက်လင့်မှသော်လည်းကောင်း

👉 https://t.me/cherrymyanmartopup

Telegram တွင် "" ဟုရှာ၍လည်းကောင်း ဆက်သွယ်နိုင်ပါတယ်။

MLBB , PUBG Mobile , FreeFire , HOK (Honor of Kings) game များအတွက် Game credit ဝယ်ယူမှုတွေမှာ "ပြန်ရငွေ" တန်ဖိုးတွေကို ...
03/01/2025

MLBB , PUBG Mobile , FreeFire , HOK (Honor of Kings) game များအတွက် Game credit ဝယ်ယူမှုတွေမှာ "ပြန်ရငွေ" တန်ဖိုးတွေကို ဖြုတ်ထားလိုက်ပါတယ်။

လက်ရှိမှာ ဝယ်သူတွေအနေနဲ့ အမှန်တကယ်ပေးရတဲ့ဈေးနှုန်းကို "ကျသင့်ငွေ" ထဲက "ပြန်ရငွေ"တန်ဖိုး ပြန်ပြန်နုတ်ကြည့်နေရတာ ရှုပ်မှာစိုးလို့ "ကျသင့်ငွေ" ထဲက "ပြန်ရငွေ"တန်ဖိုးနုတ်ပြီး ကျန်ငွေကို "ကျသင့်ငွေ"အနေနဲ့ ပြင်ဆင်လိုက်တာပါ။ လက်ရှိမှာ game ဝယ်ယူမှု ဈေးနှုန်းတွေက ယခင် transaction success ဖြစ်ရင် ပြန်ဝင်လာမယ့် "ပြန်ရငွေ" တန်ဖိုးတွေကို နုတ်ပြီးသားပါ။ ဒါ့အပြင် ယခင်က cashback 11% အစား ယခု 12% နှုန်းထား ပေးထားပြီးသားဖြစ်ပါတယ်။ ထပ်ဆင့်ပြန်လည်ရောင်းချလိုသူတွေအနေနဲ့ မိမိစိတ်ကြိုက်ဈေးဖြင့် လွတ်လပ်စွာ ပြန်လည်ရောင်းချနိုင်ပါတယ်။

Cherry application ၏ Giftcard Menu အောက်ရှိ "Popular Games" menu အောက်မှာ ဝယ်ယူရရှိနိုင်ပါတယ်။ တိုက်ရိုက်ဖြည့်သွင်းမှုများဖြစ်ပြီး ၂၄ နာရီအချိန်မရွေးဝယ်ယူနိုင်ပါတယ်။ PUBG Mobile , HOK , FreeFire game များအတွက် Global package တွေဖြစ်တာကြောင့် region / server မရွေးဖြည့်သွင်းနိုင်ပါတယ်။

MLBB အတွက်ဆိုရင်လည်း diamond အသေး package လေးများအတွက် ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်ပါတယ်။

ဈေးနှုန်းပိုမိုသက်သာတဲ့ MLBB များအတွက် (အလျော့အတင်းအနည်းငယ်ကွာခြားသည်မှအပ) အပြင်ပေါက်ဈေးအတိုင်းနည်းတူ မနက် ၉ နာရီမှ ည ၉ နာရီအတွင်း Purchase Menu ထဲမှာ အော်ဒါတင်နိုင်ပါတယ်။ ပျမ်းမျှကြာချိန် ၁၅ မိနစ်ခန့်သာဖြစ်ပါတယ်။

Ooredoo ဖုန်းနံပါတ်အကောင့်များနှင့် ပါတ်သက်၍ အသိပေးချက်။Cherry application တွင် ooredoo ဖုန်းနံပါတ်များအတွက် အကောင့်အသစ်...
02/01/2025

Ooredoo ဖုန်းနံပါတ်အကောင့်များနှင့် ပါတ်သက်၍ အသိပေးချက်။

Cherry application တွင် ooredoo ဖုန်းနံပါတ်များအတွက် အကောင့်အသစ်ဖွင့်ရာ၌ သာ OTP ချပေးပါတော့တယ်။ Ooredoo နံပါတ်ပိုင်ရှင် အကောင့်များ ဖုန်းပြောင်းလဲဝင်ရောက်လိုခြင်းများအတွက် OTP code ကို sms ကနေတစ်ဆင့် မချပေးပါ။

မိမိ၏အကောင့်ပင်နံပါတ်မေ့လျော့သွားသူများအတွက် "Forgot PIN" ဖြင့် ဆောင်ရွက်ရာ၌လည်း email လိပ်စာထည့်သွင်းထားသော အကောင့်များသို့သာ email မှတစ်ဆင့် ပို့ပေးခြင်းဖြစ်ပြီး sms များမှတစ်ဆင့် (မည်သည့် operator မဆို) ပင်အသစ်ချပေးခြင်းများ မလုပ်ဆောင်တော့သည်မှာ ၅ လခန့်ရှိပြီဖြစ်ပါတယ်။

OTP လိုအပ်လို့ပဲဖြစ်ဖြစ် ၊ email လိပ်စာမထည့်သွင်းထားသောအကောင့်များ ပင်နံပါတ်မေ့လျော့သွားသည် ဖြစ်ဖြစ် Admin များထံသို့ Telegram မှတစ်ဆင့်ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

Admin များမှ မိမိအကောင့်အချက်အလက်များ သေချာစွာစစ်ဆေးမေးမြန်းပြီး ဆောင်ရွက်ပေးပါတယ်ခင်ဗျာ။

Account ဆိုင်ရာကိစ္စများ ၊ TopUp/Data/Minute မရောက်/မပြည့်စစ်ဆေးခြင်းများအတွက် Cherry Myanmar TopUp ၏ အောက်ပါ Telegram link သို့ ဆက်သွယ်ပေးပါ။

👉 https://t.me/cherrymyanmartopup

Agent အသစ်လျှောက်ထားနိုင်ရန် အသိပေးချက်============================🧑‍💼Cherry Myanmar TopUp application ၌ agent အသစ်လျှော...
02/11/2024

Agent အသစ်လျှောက်ထားနိုင်ရန် အသိပေးချက်
============================

🧑‍💼Cherry Myanmar TopUp application ၌ agent အသစ်လျှောက်ထားနိုင်ရန် စုံစမ်းထားသူများ ၂၀၂၄ ၊ နိုဝင်ဘာလ (၄) ရက်နေ့ မှ နိုဝင်ဘာလ (၉) ရက်နေ့အထိ (၅)ရက် အတောအတွင်း Agent အသစ်များအား စီစစ်လက်ခံပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

🧑‍🏫 Agent လျှောက်ထားနိုင်ရန် လိုအပ်ချက်များ ၊ Agent များ၏အကျိုးခံစားခွင့်များ ၊ Agent များအတွက် လိုက်နာရမည့်စည်းကမ်းချက်များ စသည်တို့ကို အောက်ပါလင့်မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

https://tamantaw.com/cherry-app/pub/agent_rules

👇Agent အသစ်လျှောက်ထားလိုသူများ Cherry Myanmar TopUp application ၏ အောက်ပါ Telegram link သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

https://t.me/cherrymyanmartopup

⚠️ မှတ်ချက် ။ Agent အသစ်လျှောက်ထားရန် လိုအပ်ချက်များ အချက်အလက်တစ်စုံတစ်ရာနှင့် ကိုက်ညီမှုမရှိသော Account များအတွက် ထည့်သွင်းစဉ်းစားသွားမည် မဟုတ်ကြောင်း သိရှိထားရမှာဖြစ်ပါတယ်။

08/07/2024

ATOM (ယခင် Telenor)နှင့်ပါတ်သက်၍ မိမိဖုန်းဘေလ်များ ဘေလ်တွေ အလိုအလျောက်လျော့လျော့သွားခြင်းများအတွက်။

ATOM ဘက်မှ အသုံးပြုသူ၏ ဆန္ဒမပါပဲအလိုအလျောက် package များ subscribe လုပ်နေခြင်း auto renewal များဖြင့်ဝယ်နေခြင်းတို့ ဖြစ်နေပါတယ်။ ဥပမာ Happy Quiz , MMGAMES , GameZtwo , Who Wants To Be Champ , MTE Play အစရှိသည်တို့ကို အသုံးပြုသူကိုယ်တိုင် ဝယ်ယူမှုမရှိပါပဲလျှက် အလိုအလျောက်စတင် ဝယ်ယူခြင်း ၊ အပါတ်စဉ်ဝယ်ယူခြင်း ၊ တစ်နှစ်စာဝယ်ယူခြင်းတို့ အလိုအလျောက်ပြုလုပ်ခြင်းများ ဖြစ်ပေါ်နေပါတယ်။

မိမိရဲ့ SMS များကို ဂရုတစိုက်ကြည့်ရှုလေ့မရှိသူများအဖို့ ၎င်း package များကို ဝယ်ယူပြီးကြောင်း ဘေလ်ဖြတ်သွားကြောင်း sms များကို သတိမထားမိဖြစ်တတ်ပါတယ်။ ဖုန်းဘေလ်ဖြည့်လိုက်တော့လည်း အလိုအလျောက် ဘေလ်များ ကုန်သွားခြင်းတို့မှာ ၎င်း package များအတွက် ဘေလ်များနုတ်ယူသွားခြင်းကြောင့်ဖြစ်လေ့ရှိပါတယ်။

ထိုကြောင့် ၎င်း package များအား မဝယ်ယူလိုပါက MMGAMES အလိုအလျောက်ဝယ်ယူမှုများအတွက် 75457 သို့ STOP MCH ဟု sms ပေးပို့ unsubscribe ပြုလုပ်ပါ။

Happy Quiz အတွက် *979*3*2 # သို့ဖုန်းခေါ်ဆို၍ unsubscribe ပြုလုပ်ပါ။

အခြားအခြားသော package များ မဝယ်မိစေရန် *1414 # သို့ခေါ်၍ 2.BLCKLIST ပြုလုပ်ပါ။

Email ထည့်ရဲ့သားနဲ့ OTP code က ရောက်မလာဘူးဆိုသူများအတွက်။မိမိရဲ့ email လိပ်စာ အမှန်အကန်ထပ်တူညီကြောင်း သေချာစစ်ဆေးပြီးမှထ...
24/05/2024

Email ထည့်ရဲ့သားနဲ့ OTP code က ရောက်မလာဘူးဆိုသူများအတွက်။

မိမိရဲ့ email လိပ်စာ အမှန်အကန်ထပ်တူညီကြောင်း သေချာစစ်ဆေးပြီးမှထည့်သွင်းပါ။ အချို့က စာလုံးပေါင်းမှားသွားတာ ၊ -----..com ဆိုပြီး "com" ရှေ့မှာ dot "." တစ်ခုထက်ပိုထည့်မိတာ စတာမျိုးတွေမှားတတ်ကြပါတယ်။

အားလုံးထဲမှာမှ အမှားအများဆုံး အခြေအနေက email အတွက်ဖြည့်သွင်းတဲ့နေရာမှာ .com ဆိုပြီးဖြည့်သွင်းကြတာပါ။ မိမိမှာ Gmail account ရှိသော်လည်း email ဟုပြောသောကြောင့် .com ဆိုပြီး အမှတ်မှားကြဟန်တူပါတယ်။

အများစုကတော့ gmail ဟာ email မှန်းသိကြပေမယ့်အချို့က မသိကြလို့နည်းနည်းလေးရှင်းပြပါရစေ ။ email = Electronic Mail ပါ။ Gmail ဆိုတာက Google company ရဲ့ Electronic Mail ပါ။ email လို့ပြောရင် Gmail တစ်ခုတည်းရှိတာမဟုတ်ပါ။ Microsoft ရဲ့ outlook mail , Yahoo mail စတာတွေကလည်း email တွေပါ။ Cherrry application ကို ဆက်သွယ်ရမယ့် email "[email protected]" ဟာဆိုရင်လည်း email ပါပဲ။

ဒါပေမယ့် ------.com ဆိုပြီးတော့ မရှိတာဖြစ်တဲ့အတွက် အကောင့်ဖွင့်တဲ့နေရာမှာ email လိပ်စာထည့်သွင်းတာနဲ့ပါတ်သက်ပြီး အမှားများတာလေးကို သတိပြုနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။

Cherry application အား mobile wallet များဖြင့် မိမိဖာသာငွေသွင်းသူများ သိရှိ/သတိထားနိုင်စေရန်အတွက်။mobile wallet များဖြင်...
19/05/2024

Cherry application အား mobile wallet များဖြင့် မိမိဖာသာငွေသွင်းသူများ သိရှိ/သတိထားနိုင်စေရန်အတွက်။

mobile wallet များဖြင့် ငွေဖြည့်သွင်းမှု transactionတိုင်းအတွက် သက်ဆိုင်ရာ payment gateway service သို့ service charges ပေးရပါသဖြင့် ဖြည့်သွင်းငွေအမောင့် 30,000 (သုံးသောင်းကျပ်) အောက် transaction များဆိုလျှင် Transaction ကြေး တစ်ကြိမ်လျှင် (100) ကျပ် ကောက်ခံရခြင်းဖြစ်ပါတယ်။ ဝန်ဆောင်ခကြေးငွေ မှာ mobile wallet များထံမှ အပိုဆောင်းကောက်ခံချက်ဖြစ်ပြီး နှန်းထား 1% အောက် mobile wallet များအတွက် Cherry application မှ စိုက်ထည့်ပေးခြင်းဖြစ်ပါတယ်။ 1% ထက်ပိုသော mobile wallet များအတွက် သက်ဆိုင်ရာအပိုနှုန်းထားများကို (ဥပမာ Wave Money အတွက် 3% ဖြစ်သောကြောင့် Cherry application မှ 1% နှင့် user များမှ 2%) ဝန်ဆောင်ခကြေးငွေ အဖြစ် ကောက်ခံမှာဖြစ်ပါတယ်။

Self CashIn ဖြင့် ငွေသွင်းမှု Transaction အများစုမှာလည်း Wave Money ဖြင့်အများစုသွင်းကြတာဖြစ်သောကြောင့် Wave Money နှင့်ငွေသွင်းလိုပါလျှင် ငွေဖြည့်ဝန်ဆောင်မှုဆောင်ရွက်ပေးနေကြသော Agent များထံဆက်သွယ်၍ ငွေသွင်းကြပါရန်တိုက်တွန်းလိုပါတယ်။

အချို့က "Cherry application ငွေသွင်းတာ ငွေသွင်းခပေးရပါသလား" ဆိုပြီး အမှတ်မှားနေကြလို့ပါ။ လက်ရှိမှာ Wave Money မဟုတ်သော အခြား mobile wallet များ (CB Pay , AYA Pay စသည်တို့ဖြင့်) 30,000 (သုံးသောင်းကျပ်) ကျပ်နှင့်အထက် ငွေသွင်းပါက မည်သည့်အပိုနှုန်းထားမျှ ကောက်ခံခြင်းမရှိပါ။ Wave Money ဖြင့်ဆိုလျှင် ၁ သောင်း သွင်းပါက 2% Fee ကြေး (200) + Transaction ကြေး (100) ဖြစ်ပါသဖြင့် မိမိအကောင့်ထဲကို 9,700 Ks ပဲဝင်မှာပါ။ Agent များထံမှာငွေသွင်းမယ်ဆိုရင် ၁ သောင်းသွင်းပါက ၁ သောင်းကျပ် အပြည့်ရရှိမှာဖြစ်ပါတယ်။

"Kpay နဲ့မရဘူးလား ?" မေးကြတဲ့သူတစ်ချို့အတွက် - Kpay ရဲ့ policy အရ Cherry application မှာ selfcashin ဖြင့်ငွေသွင်းခြင်း ချိတ်ဆက်မှုမရရှိပါသောကြောင့် Kpay နဲ့ဆိုရင်လည်း Agent များထံမှာဆက်သွယ် ငွေသွင်းကြပါလို့ တိုက်တွန်းလိုပါတယ်။

Mobile wallet များဖြင့်မိမိဖာသာ ငွေဖြည့်သွင်းလိုသူများအနေနဲ့ FAQ ထဲရှိ

"အကောင့်ငွေသွင်းနည်း (၂) ။ mobile wallet များဖြင့် ဖြည့်သွင်းနည်း။" ဆိုတာကိုဖတ်ရှုပေးပါ။

Self-CashIn (mobile wallet များဖြင့်) ငွေသွင်းခြင်းဆိုင်ရာ သိမှတ် ၊ လိုက်နာစရာများ ကို အောက်ပါလင့်မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

https://tamantaw.com/cherry-app/pub/self_cashin/rules

Cherry application version အသစ်ကို မနက်မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ အခု version အသစ်မှာပါဝင်လာမယ့် feature အသစ်တွေကတော့*...
14/05/2024

Cherry application version အသစ်ကို မနက်မှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ အခု version အသစ်မှာပါဝင်လာမယ့် feature အသစ်တွေကတော့

* Email လိပ်စာကိုထည့်သွင်းပြီး အကောင့်ဖွင့်လို့ရမှာဖြစ်သလို ၊ email လိပ်စာကို profile ထဲမှာ ပြောင်းလဲ ထည့်သွင်းလို့ရမှာဖြစ်ပါတယ်။

* application ထဲက Agent menu မှာ viber ဖုန်းနံပါတ်နှင့်လည်း ဆက်သွယ်လို့ရမှာဖြစ်ပါတယ်။

* Agent များအနေနှင့် မိမိရဲ့ profile ပုံ ၊ viber နံပါတ် ၊ messenger လင့် ၊ Notes တို့ကို မိမိစိတ်ကြိုက် ပြင်ဆင်ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

* User account များအနေနှင့် Balance Transfer နေ့စဉ် limit ကို သိန်း (၂၀) အထိတိုးမြှင့်ထားပါတယ်။

* Honor of Kings ရဲ့ player ID အပြည့်အစုံထည့်သွင်း order ပြုလုပ်၍မရတာကို ပြင်ဆင်ထားပါတယ်။

* Serveral UI enhancements and Security upgrades

---------------------------------------------------------------------
📌သတိပြုရန်

official နောက်ဆုံး release version က (4.4) ပါ။ ဒါပေမယ့်မနေ့ကနဲ့ ဒီနေ့အထိမှာ ပြည်ပမှ user များ email လိပ်စာထည့်သွင်းပြီးအကောင့်ဖွင့်နိုင်ရန် version အသစ်ကို ကြိုတင်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအသစ်ထွက်ရှိထားတဲ့ version တွေက အကောင့်အသစ်ဖွင့်လှစ်အသုံးပြုသူတွေအတွက်သာ ရည်ရွယ်ထားတာကြောင့် update ပြုလုပ်ရန် အသိပေးအကြောင်းကြားခြင်းမရှိခဲ့ပါ။

version အသစ်ရဲ့ security enhancement တွေကြောင့် အဟောင်း version အသုံးပြုသူများက update ပြုလုပ်မိသွားရင် application ထဲဝင်မရဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက်ဖြန် official release version ထွက်ရှိမှာသာ update ပြုလုပ်ကြရမှာဖြစ်ပါတယ်။

အသစ်ထွက်ရှိလာမယ့် version အသစ်က (4.9+) ဖြစ်ပါလိမ့်မယ်။ မနက်ဖြန်ကျရင်တော့ user အားလုံး နောက်ဆုံး version ကို update ပြုလုပ်ပြီးမှသာ application ထဲဝင်ရောက်နိုင်မှာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း အသစ်ထွက်ရှိလာတော့မယ့် Cherry application version အသစ်မှာဆိုရင် Email လိပ်စာနဲ့ အကောင့်ဖွင့်လို့ရတော့မ...
12/05/2024

အခုရက်ပိုင်းအတွင်း အသစ်ထွက်ရှိလာတော့မယ့် Cherry application version အသစ်မှာဆိုရင် Email လိပ်စာနဲ့ အကောင့်ဖွင့်လို့ရတော့မှာဖြစ်ပါတယ်။ Email လိပ်စာကို မဖြစ်မနေထည့်သွင်းစရာ မလိုပေမယ့် OTP code မရရှိနိုင်တဲ့ ဖုန်းနံပါတ်များ (သို့မဟုတ်) မြန်မာနိုင်ငံအတွင်းမှာမဟုတ်ပဲ ပြည်ပနိုင်ငံများမှာ နေထိုင်သူများအနေနှင့် OTP code ရရှိနိုင်ရန်ထည့်သွင်းသင့်ပါတယ်။

"Cherry Myanmar TopUp" ဆိုတဲ့နာမည်နဲ့ email ပေးပို့လာမှာဖြစ်ပါတယ်။

အကောင့်ဖွင့်စဉ် သို့မဟုတ် application ထဲက profile မှာ Email လိပ်စာကိုထည့်သွင်းထားသူများအနေနှင့် OTP code အတွက် ဖုန်းနံပါတ်သာမက email လိပ်စာများသို့ပါ ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ ပင်နံပါတ်မေ့လျော့တာကြောင့်ပဲဖြစ်ဖြစ် ၊ အခြားဖုန်းမှာပြောင်းလဲဝင်ရောက်လိုတာကြောင့်ပဲဖြစ်ဖြစ် OTP sms , PIN နံပါတ်အသစ်တို့ကို email ကနေတစ်ဆင့်လည်းပေးပို့ပေးသွားမှာဖြစ်ပါတယ်။

အကောင့်ဖွင့်ရာ၌ တစ်ဆင့်ခြင်းစီမှာ အသေးစိတ် မြန်မာလိုရှင်းပြပေးထားတာကို ပုံတွေမှာပြထားတဲ့အတိုင်း တွေ့ရှိရမှာဖြစ်ပါတယ်။

Account activate ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ?🇲🇲 (နည်းလမ်း ၁) လက်ရှိ မြန်မာပြည်တွင်း၌နေထိုင်ပြီး OTP ကြည့်ရှု၍ရနိုင်သော မြန်...
10/02/2024

Account activate ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ?

🇲🇲 (နည်းလမ်း ၁) လက်ရှိ မြန်မာပြည်တွင်း၌နေထိုင်ပြီး OTP ကြည့်ရှု၍ရနိုင်သော မြန်မာပြည် ဖုန်းနံပါတ်ဖြင့် အကောင့်ဖွင့်လှစ်သည်ဆိုပါက
အကောင့်၏ဖုန်းနံပါတ်အားအတည်ပြုရန် မိမိအကောင့်ဖွင့်လှစ်ထားသောဖုန်းနံပါတ်သို့ OTP ကုတ် (၆) လုံးပေးပို့မှာဖြစ်ပြီး ၎င်း OTP ကုတ်နံပါတ်ကိုအသုံးပြု၍ account verify ပြုလုပ်ရမှာပါ။

🇹🇭 (နည်းလမ်း ၂) အကယ်၍ လက်ရှိ ထိုင်းနိုင်ငံမှ အသုံးပြုရန် အကောင့်ဖွင့်လှစ်သည်ဆိုပါက
account activate ပြုလုပ်ရန် ထိုင်းနိုင်ငံမှ payment များ ၊ Thai baht ငွေဖြင့် CashIn ဆောင်ရွက်နိုင်သော Agent များထံဆက်သွယ်၍ အနည်းဆုံး ငွေ ၃ သောင်းကျပ် စတင်ဖြည့်သွင်းပြီး account activate ပြုလုပ် အသုံးပြုနိုင်ပါတယ်။

ထိုင်း agent များအား အောက်ပါလင့်မှာ ဆက်သွယ်နိုင်ပါတယ်။

https://tamantaw.com/cherry-app/pub/thai_agents

Address

Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+959404040620

Alerts

Be the first to know and let us send you an email when Cherry Myanmar TopUp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cherry Myanmar TopUp:

Share