GGI Nippon Life

GGI Nippon Life Welcome to the Official page of GGI Nippon Life Insurance!

We are committed to protecting what matters most — your life, your health, and your future. 💙

အာမခံထားရင် သက်တမ်းပြည့်တဲ့အထိ စောင့်ပြီးမှပဲ ငွေပြန်ရတာလား?မဟုတ်ပါဘူး! GGI Nippon Life ရဲ့ FlexiFuture "စိတ်ကြိုက်စီမံ ...
26/08/2026

အာမခံထားရင် သက်တမ်းပြည့်တဲ့အထိ စောင့်ပြီးမှပဲ ငွေပြန်ရတာလား?

မဟုတ်ပါဘူး!

GGI Nippon Life ရဲ့ FlexiFuture "စိတ်ကြိုက်စီမံ ဘဝအာမခံ" မှာဆိုရင် အာမခံသက်တမ်း မစေ့ခင်မှာတင် ငွေကြေးအကျိုးခံစားခွင့်ကို (၂) ကြိမ်၊ (၄) ကြိမ်၊ (၅) ကြိမ်၊ (၈) ကြိမ် မှ (၁၀) ကြိမ်အထိ မိမိတို့ လိုအပ်ချက်အလိုက် စိတ်ကြိုက် ရွေးချယ်ထုတ်ယူနိုင်ပါတယ်။

ဥပမာအားဖြင့် Customer က အကျိုးခံစားခွင့် (၅) ကြိမ်ကို ရွေးချယ်ထားတယ်ဆိုရင် သတ်မှတ်နှစ်များအလိုက် ကြားဖြတ်ငွေကို (၅) ကြိမ်တိတိ ထုတ်ယူနိုင်မှာဖြစ်လို့ —

✅ သားသားမီးမီးတို့ရဲ့ ကျောင်းစရိတ်၊ တက္ကသိုလ်ဝင်ငွေအတွက် အချိန်ကိုက် အသုံးပြုနိုင်မယ်

✅ မိသားစုရဲ့ နှစ်စဉ် အရေးပေါ် အသုံးစရိတ်တွေအတွက် စိတ်အေးရမယ်

✅ ကိုယ်ပိုင် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ငွေကြေးလည်ပတ်မှု မပြတ်တောက်စေတော့ဘူး

မိသားစုအတွက် ရေရှည်ငွေစုဆောင်းရင်း မိမိစိတ်ကြိုက် အကျိုးခံစားခွင့် အကြိမ်ရေကို ပုံဖော်ဖန်တီးနိုင်ဖို့ FlexiFuture နဲ့ ဒီနေ့ပဲ စတင်လိုက်ပါ။

Page Messenger ကနေ အခုပဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ။

📍အသေးစိတ်လေ့လာရန် - https://gginipponlife.com/personal/flexifuture-life-insurance/

#စိတ်ကြိုက်စီမံဘဝအာမခံ

ဘယ်နေရာပဲသွားသွား၊ ဘယ်လိုခရီးပဲဖြစ်ဖြစ် အစအဆုံး စိတ်ချမ်းသာစွာနဲ့ အမိုက်စား  အမှတ်တရတွေပဲ ဖန်တီးလိုက်ပါ!GGI Nippon Life ...
25/08/2026

ဘယ်နေရာပဲသွားသွား၊ ဘယ်လိုခရီးပဲဖြစ်ဖြစ် အစအဆုံး စိတ်ချမ်းသာစွာနဲ့ အမိုက်စား အမှတ်တရတွေပဲ ဖန်တီးလိုက်ပါ!

GGI Nippon Life ခရီးသွားအာမခံ ရှိရင် ဘာမှပူစရာမလိုတော့ပါဘူး

✅ ပြည်တွင်း/ပြည်ပ ကျပ်သိန်း (၁၀၀) အထိ အကာအကွယ်

✅ အာမခံကြေး ကျပ်(၂,၀၀၀) ကစပြီး ဖုန်းထဲကနေ ချက်ချင်းဝယ်ယူနိုင်

✅ Mobile Banking တွေနဲ့ လွယ်ကူမြန်ဆန်စွာ ငွေချေနိုင်

အကာအကွယ်အပြည့်နဲ့ စိတ်ပေါ့ပါးစွာ ခရီးထွက်ဖို့ အခုပဲ ဝယ်ယူလိုက်ကြစို့!

ဒီမှာအခုပဲ ဝယ်ယူမယ် - Link: https://q.me-qr.com/ub75zcel

'

ရွှေမန်းမြေမှာ “CAREER BRIDGE 2026" Job Fair ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ဒီနေ့ ဩဂုတ်လ ၂၃ ရက်နေ့မှည ကျင်းပခဲ့တ...
23/08/2026

ရွှေမန်းမြေမှာ “CAREER BRIDGE 2026" Job Fair ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။

ဒီနေ့ ဩဂုတ်လ ၂၃ ရက်နေ့မှည ကျင်းပခဲ့တဲ့ ပွဲမှာ အလုပ်ရှာဖွေသူတွေက Walk-In Interview တွေ တိုက်ရိုက်ဖြေဆိုခဲ့ကြသလို၊ ဒေါက်တာနိုင်ဝင်းထက်နဲ့ ဆရာမ မြတ်မွန်ဇော်တို့က “How to build a successful career” ဆိုတဲ့ ခေါင်းစဉ်နဲ့ တက်ရောက်လာသူတွေအတွက် မျှဝေဆွေးနွေးခဲ့ကြပါတယ်။

အနာဂတ်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်စွာ လာရောက်တက်ရောက်ခဲ့ကြသူများ၊ ပူးပေါင်းပါဝင်ပေးကြသော အဖွဲ့အစည်းများနှင့် ပညာရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေနဲ့အတူ နောက်ထပ်ပွဲတွေမှာ ပြန်လည်ဆုံတွေ့ကြစို့...

CAREER BRIDGE 2026" Mandalay Job Fair ကျင်းပဖို့ (၁) ရက်သာ လိုပါတော့တယ်နော်…မနက်ဖြန် ဩဂုတ်လ (၂၃) ရက်နေ့မှာ ကျင်းပပြုလုပ်...
22/08/2026

CAREER BRIDGE 2026" Mandalay Job Fair ကျင်းပဖို့ (၁) ရက်သာ လိုပါတော့တယ်နော်…
မနက်ဖြန် ဩဂုတ်လ (၂၃) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Career Bridge Job Fair ပွဲကြီးသို့ လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီပွဲကြီးကို GGI Nippon Life မှ အဓိက ဦးစီးပြီး Job Space နှင့် Achieve Career တို့မှ ပူးပေါင်းပါဝင် ကျင်းပတာဖြစ်တာကြောင့် သင့် Career အတွက် တန်ဖိုးရှိတဲ့ အခွင့်အလမ်းကောင်းတွေကို လက်မလွှတ်ရအောင် ဆက်ဆက် လာရောက်ခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။

အဆိုပါပွဲမှာဆိုရင် တိုက်ရိုက်အင်တာဗျူးဖြေဆိုနိုင်မယ့် Walk-in Interview ပါဝင်ရုံတင်မကဘဲ အလုပ်လျှောက်ထားသူတွေအတွက် တကယ့်ကို အကျိုးရှိစေမယ့် Panel Discussion Session လည်းပါဝင်မှာဖြစ်ပြီး "How to Build a Successful Career" ဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံကောင်းတွေကို ‌ဒေါက်တာနိုင်ဝင်းထက် နဲ့ ဆရာမ မြတ်မွန်ဇော် တို့က အပြန်အလှန်ဟောပြောဆွေးနွေးသွားမှာပဲဖြစ်ပါတယ်…

အောင်မြင်တဲ့ Career လမ်းကြောင်းတစ်ခုကို စနစ်တကျ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို နယ်ပယ်အသီးသီးက ဝါရင့် Speaker ကြီးတွေဆီကနေ တိုက်ရိုက် လေ့လာခွင့်ရရှိမှာ ဖြစ်တာကြောင့် ဒီပွဲကို တက်ရောက် အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်...

ပွဲအသေးစိတ် အချက်အလက်များ-

ရက်စွဲ: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက် (တနင်္ဂနွေနေ့ )

အချိန်: နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီ အထိ

နေရာ: အမှတ် စ/၉၊ ၆၅ လမ်း၊ ၁၀၉ နှင့် ၁၁၀ လမ်းကြား၊ မြို့သစ် ၂ ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့။

21/08/2026

မေတ္တာနွေးနွေး ကော်ဖီတစ်ခွက်နဲ့အတူ အဓိပ္ပာယ်ရှိတဲ့ အမှတ်တရပေါင်းများစွာကို ဖန်တီးခွင့်ရခဲ့ပါပြီ..

ပြီးခဲ့တဲ့ ဩဂုတ်လ (၁၆) ရက်နေ့က GGI Nippon Life နှင့် My Hope Cafteria တို့မှ ဦးစီးကျင်းပခဲ့တဲ့ "Brewing Brighter Future" ပွဲလေးမှာဆိုရင် Down Syndrome လူငယ်လေးတွေ ကိုယ်တိုင် ဖျော်စပ်ပေးတဲ့ ကော်ဖီမွှေးမွှေးလေးတွေ၊ လာရောက်အားပေးသူတွေရဲ့ အပြုံးတွေနဲ့ မေတ္တာတုံ့ပြန်မှုတွေကြောင့် ကြည်နူးစရာ အခိုက်အတန့်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့ ကြိုးစားမှုနဲ့ ယုံကြည်မှုတွေ ပြည့်နှက်နေတဲ့ ကော်ဖီတစ်ခွက်စီတိုင်းကို မြင်တွေ့ရတာ တကယ်ကို ဂုဏ်ယူစရာပါပဲ။ ကြွရောက်အားပေးကြသူများအားလုံးနဲ့ ပံ့ပိုးပေးခဲ့ကြတဲ့ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများအဖွဲ့ချုပ်၊ Global MPK Group of Companies ၏ My Hope Cafeteria တို့ကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။

ပွဲနေ့မှာ ပျော်ရွှင်ခဲ့ရတဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေကို အမှတ်တရရိုက်ကူးထားတဲ့ Video ဖိုင်လေးကိုလည်း အပျော်တွေကူးစက်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်...

"CAREER BRIDGE 2026" Mandalay Job Fair ကျင်းပဖို့ (၃) ရက်သာ လိုပါတော့တယ်နော်…လာမယ့် ဩဂုတ်လ (၂၃) ရက်နေ့မှာ ကျင်းပပြုလုပ်မ...
20/08/2026

"CAREER BRIDGE 2026" Mandalay Job Fair ကျင်းပဖို့ (၃) ရက်သာ လိုပါတော့တယ်နော်…

လာမယ့် ဩဂုတ်လ (၂၃) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Career Bridge Job Fair ပွဲကြီးသို့ လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီပွဲကြီးကို GGI Nippon Life မှ အဓိက ဦးစီးပြီး Job Space နှင့် Achieve Career တို့မှ ပူးပေါင်းပါဝင် ကျင်းပတာဖြစ်တာကြောင့် သင့် Career အတွက် တန်ဖိုးရှိတဲ့ အခွင့်အလမ်းကောင်းတွေကို လက်မလွှတ်ရအောင် ဆက်ဆက် လာရောက်ခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်။

အဆိုပါပွဲမှာဆိုရင် တိုက်ရိုက်အင်တာဗျူးဖြေဆိုနိုင်မယ့် Walk-in Interview ပါဝင်ရုံတင်မကဘဲ အလုပ်လျှောက်ထားသူတွေအတွက် တကယ့်ကို အကျိုးရှိစေမယ့် Panel Discussion Session လည်းပါဝင်မှာဖြစ်ပြီး "How to Build a Successful Career" ဆိုတဲ့ ခေါင်းစဉ်နဲ့ အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံကောင်းတွေကို ‌ဒေါက်တာနိုင်ဝင်းထက် နဲ့ ဆရာမ မြတ်မွန်ဇော် တို့က အပြန်အလှန်ဟောပြောဆွေးနွေးသွားမှာပဲဖြစ်ပါတယ်…

အောင်မြင်တဲ့ Career လမ်းကြောင်းတစ်ခုကို စနစ်တကျ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို နယ်ပယ်အသီးသီးက ဝါရင့် Speaker ကြီးတွေဆီကနေ တိုက်ရိုက် လေ့လာခွင့်ရရှိမှာ ဖြစ်တာကြောင့် ဒီပွဲကို တက်ရောက် အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်...

ပွဲအသေးစိတ် အချက်အလက်များ-

ရက်စွဲ: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက် (တနင်္ဂနွေနေ့ )

အချိန်: နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီ အထိ

နေရာ: အမှတ် စ/၉၊ ၆၅ လမ်း၊ ၁၀၉ နှင့် ၁၁၀ လမ်းကြား၊ မြို့သစ် ၂ ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့။

18/08/2026

Retro Vibe နဲ့အတူ အမှတ်တရဟောင်းတွေကို ပြန်လည်ဆန်းသစ်ရင်း ကာကာဆိုင်မှာ Discount ရယူကြရအောင်... ☕️✨

အတိတ်ရဲ့ သာယာငြိမ့်ညောင်းတဲ့ တေးသံသာများ၊ အနုပညာမြောက် ခေတ်ဟောင်း Interior Decoration များနဲ့အတူ အပန်းဖြေချင်သူများအတွက် "ကာကာဆိုင်" က နွေးထွေးစွာ ကြိုဆိုနေပါတယ်။ retro ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးရင်း အမှတ်တရကောင်းများစွာကို ဖန်တီးနိုင်မယ့် နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

GGI Nippon Life Loyalty Card ကိုင်ဆောင်ထားသူ Customer များအတွက် ကာကာဆိုင်မှာ Discount အထူးခံစားခွင့်တွေ ပြင်ဆင်ပေးထားတာကြောင့်မိသားစု၊ သူငယ်ချင်းများနှင့်အတူ အရသာရှိသော အစားအသောက်များကို သုံးဆောင်ရင်း အတိတ်ရဲ့ အမှတ်တရဟောင်းတွေကို ပြန်လည်ဆန်းသစ်နိုင်ဖို့ ဒီနေ့ပဲ "ကာကာဆိုင်" သို့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

GGI Nippon Life Mobile Application Download ရယူရန် Link : https://q.me-qr.com/vxsfmz92

Discount များအသေးစိတ် အချက်အလက်များ လေ့လာရန် Link : https://gginipponlife.com/customer-loyalty-programme/

ရွှေမန်းမြေကို "CAREER BRIDGE 2026" Job Fair ကြီး ရောက်လာပါပြီ...GGI Nippon Life မှ ကြီးမှူးကျင်းပပြီး Job Space နှင့် A...
17/08/2026

ရွှေမန်းမြေကို "CAREER BRIDGE 2026" Job Fair ကြီး ရောက်လာပါပြီ...

GGI Nippon Life မှ ကြီးမှူးကျင်းပပြီး Job Space နှင့် Achieve Career တို့ ပူးပေါင်းပါဝင်ထားတဲ့ Career Bridge Job Fair ကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပြီး GGI Nippon Life ရဲ့ စိန်ခေါ်မှုရှိသော လုပ်ငန်းခွင် အခွင့်အလမ်းကောင်းများနဲ့ အတူ ရာထူးနေရာပေါင်းများစွာအတွက် တိုက်ရိုက် လျှောက်ထားနိုင်တော့မှာပဲဖြစ်ပါတယ်....

GGI Nippon Life မှ Job Fair တွင် ခေါ်ယူသွားမည့် အလုပ်အကိုင်များကို https://gginipponlife.com/career/ မှာ အသေးစိတ်လေ့လာလျှောက်ထားနိုင်သလို ဖုန်းနံပါတ် 09 88300 2190, 09 88300 2866, 09 88300 2069 သို့ အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်...

ကျင်းပမည့် ရက်စွဲ: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက် (တနင်္ဂနွေနေ့)

ကျင်းပမည့် အချိန်: နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီ အထိ

ကျင်းပမည့် နေရာ: အမှတ် စ/၉၊ ၆၅ လမ်း၊ ၁၀၉ နှင့် ၁၁၀ လမ်းကြား၊ မြို့သစ် ၂ ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့။

CV Form ယူဆောင်လာပြီး ပွဲနေ့မှာ လူကိုယ်တိုင် တိုက်ရိုက်လျှောက်ထားကာ Walk-In Interview ချက်ချင်း ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်လို့ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေကို လက်မလွှတ်ရအောင် အားလုံးပဲ ဆက်ဆက်လာခဲ့ကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ…

မေတ္တာအပြည့်နဲ့ ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်စီတိုင်းနဲ့အတူ အမှတ်တရပေါင်းများစွာ ဖန်တီးနိုင်ခဲ့တဲ့ အထူးအစီအစဉ်လေး အောင်မြ...
16/08/2026

မေတ္တာအပြည့်နဲ့ ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်စီတိုင်းနဲ့အတူ အမှတ်တရပေါင်းများစွာ ဖန်တီးနိုင်ခဲ့တဲ့ အထူးအစီအစဉ်လေး အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီ...

ဒီနေ့မနက် My Hope Cafeteria မှာပြုလုပ်ခဲ့တဲ့ အစီအစဉ်လေးမှာတော့ Down Syndrome လူငယ်လေးတွေ ကိုယ်တိုင် ဖျော်စပ်ပေးတဲ့ ကော်ဖီနွေးနွေးလေးတွေနဲ့အတူ လာရောက်အားပေးကြသူများရဲ့ မေတ္တာတုံ့ပြန်မှုတွေကြောင့် ကြည်နူးစရာ အခိုက်အတန့်လေးတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ကော်ဖီခွက်တိုင်းမှာ သူတို့ရဲ့ စိတ်စေတနာနဲ့ ယုံကြည်မှုတွေ အပြည့်အဝပါဝင်နေတာကို မြင်တွေ့ခဲ့ရတာ တကယ်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ အချိန်ပေးပြီး လာရောက်အားပေးကြသူများအားလုံးနှင့်တကွ ကူညီပံ့ပိုးပေးတဲ့ မြန်မာနိုင်ငံဥာဏ်ရည်မသန်စွမ်းသူများအဖွဲ့ချုပ် နဲ့ My Hope Cafeteria ကိုလည််းအထူးကျေးဇူးတင်ရှိပါတယ်...

အနာဂတ်မှာလည်း အခုလို လူငယ်လေးတွေရဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက်ဖော်ထုတ် ပံ့ပိုးပေးသွားဦးမယ့် အစီအစဉ်ကောင်းတွေကို ဆက်လက် ပြုလုပ်ပေးသွားဦးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်...

📸 ပွဲနေ့မှ ပျော်ရွှင်ဖွယ် အမှတ်တရပုံရိပ်လေးများကို စုစည်းဖော်ပြပေးလိုက်ပါတယ်...

ယခုတလော ဝမ်းပျက်ဝမ်းလျှော ရောဂါများ အဖြစ်များနေပြီး ကာလဝမ်းရောဂါပိုး စစ်ဆေးတွေ့ရှိထားသည့်အတွက် မိဘပြည်သူများရဲ့ ကျန်းမာရ...
15/08/2026

ယခုတလော ဝမ်းပျက်ဝမ်းလျှော ရောဂါများ အဖြစ်များနေပြီး ကာလဝမ်းရောဂါပိုး စစ်ဆေးတွေ့ရှိထားသည့်အတွက် မိဘပြည်သူများရဲ့ ကျန်းမာရေးအတွက် အထူးသတိပြုကြဖို့ မျှဝေပေးလိုက်ပါတယ်။

ကာလဝမ်းရောဂါဆိုတာ ဘာလဲ? ဘယ်လိုကူးစက်တတ်လဲ?

​ကာလဝမ်းရောဂါဆိုသည်မှာ Vibrio cholerae ခေါ် ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပွားသော ပြင်းထန်သည့် အူလမ်းကြောင်း ရောဂါတစ်မျိုး ဖြစ်ပြီး ကူးစက်ပုံကတော့ အဓိကအားဖြင့် ရောဂါပိုးပါဝင်သော လူ၏ ဝမ်း (စွန့်ပစ်ပစ္စည်း) များဖြင့် ညစ်ညမ်းနေသော ရေနှင့် အစားအစာများကို စားသုံးမိခြင်း ကြောင့် ကူးစက်ပါတယ်။

ဒါ့အပြင် ​ရေမှတစ်ဆင့် ကူးစက်နိုင်ပြီး သောက်ရေ၊ ရေခဲ၊ သို့မဟုတ် အစားအစာဆေးကြောသည့် ရေသည် မသန့်ရှင်းပါက ရောဂါအလွယ်တကူ ကူးစက်နိုင်ပါတယ်။

အစားအစာမှတစ်ဆင့် ကူးစက်မှုတွေကတော့ မကျက်တကျက် ချက်ပြုတ်ထားသော ပင်လယ်စာများ၊ ရောဂါပိုးရှိသူ ကိုင်တွယ်ထားသော အစားအစာများ၊ နှင့် ယင်နားစာများမှတစ်ဆင့် ကူးစက် ခြင်းတို့ ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ ​ရောဂါပိုး ဝင်ရောက်ပြီးနောက် (၁၂ နာရီမှ ၅ ရက်အတွင်း) ရောဂါလက္ခဏာများ စတင်ပြသနိုင်ပါသည်။

အစပိုင်းတွင် ဝမ်းပျက်ပြီး နောက်ပိုင်းတွင် "ဆန်ဆေးရည်" ကဲ့သို့ အဖြူရောင် အရည်များ အကြိမ်ရေများစွာ သွားခြင်း၊ (များသောအားဖြင့် ဝမ်းဗိုက်နာကျင်ခြင်း မရှိပါ)

​ပြင်းထန်စွာ အန်ခြင်း နှင့် ရုတ်တရက် ပျို့အန်အန်ခြင်းများ ခံစားရနိုင်ပါတယ်။

အကျိုးဆက်အနေနဲ့ ​ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်ခြင်း၊ ဝမ်းသွားခြင်း နှင့် အန်ခြင်းကြောင့် ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်ဆားများ အလွန်အမင်း ဆုံးရှုံးခြင်း၊ အလွန်အမင်း ရေဆာခြင်း၊ အရေပြားတွန့်လိမ်ခြင်း၊ ဆီးနည်းခြင်း/ဆီးမသွားခြင်း၊ မျက်စိကျွံဝင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှင့် သတိလစ်ခြင်းများခံစားရနိုင်ပါတယ်။

အထက်ပါ လက္ခဏာများ ပေါ်ပေါက်ပါက ချက်ချင်း ဆေးရုံ/ဆေးခန်းသို့ သွားရမည် ဖြစ်ပြီး ကာလဝမ်းရောဂါသည် အသက်အန္တရာယ် အလွန်ကြီးမားသောကြောင့် ဆရာဝန်နှင့် အမြန်ဆုံး ပြသကုသမှု ခံယူရန် လိုအပ်ပါသည်။

​✅ ကာကွယ်ရေး နည်းလမ်းများ (Prevention Tips)​✅

​ကာလဝမ်းရောဂါသည် ကြိုတင်ကာကွယ်၍ ရသော ရောဂါတစ်မျိုး ဖြစ်ပါသည်။

​✅ ရေကို ကျိုချက်သောက်ပါ: သောက်သုံးရေကို အနည်းဆုံး (၁၀) မိနစ်ခန့် ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်သုံးပါ။

​✅ အစားအစာများကို ပူပူနွေးနွေး စားသုံးပါ: အစားအစာများကို ကျက်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး စားသုံးပါ။ ယင်နားစာများ၊ အေးစက်နေသော အစားအစာများကို ရှောင်ကြဉ်ပါ။

​✅ လက်ကို စနစ်တကျ ဆေးကြောပါ: အစားမစားမီ၊ အိမ်သာတက်ပြီးတိုင်း၊ နှင့် အစားအစာမကိုင်တွယ်မီ လက်ကို ဆပ်ပြာနှင့် ရေဖြင့် စက္ကန့် ၂၀ ကြာအောင် သေချာစွာ ဆေးကြောပါ။

​✅ သန့်ရှင်းရေး ဂရုစိုက်ပါ: အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါ။ အိမ်သာများကို သန့်ရှင်းစွာ ထားရှိပါ။ အသီးအရွက်များကို သန့်ရှင်းသော ရေဖြင့် ဆေးကြောပြီးမှ စားသုံးပါ။

​🚨ရေဓာတ်ဖြည့်တင်းပါ: ဆေးရုံသို့ သွားရောက်စဉ် လမ်းခရီးတွင် ဓာတ်ဆားရည် (ORS) ကို မကြာခဏ တိုက်ကျွေးပါ။

❤️စားသောက်နေထိုင်မှုပုံစံ သန့်ရှင်းရင် ဒီရောဂါကို အလွယ်တကူ ကာကွယ်နိုင်ပြီးး ဝမ်းလျှော၊ ဝမ်းပျက်တာမျိုး ကြုံလာခဲ့ရင် ပေါ့ဆမနေဘဲ အချိန်မီ ကုသမှုခံယူဖို့ အထူးတိုက်တွန်းလိုက်ရပါတယ်…

#ကျန်းမာရေးအသိပညာ

#ဝမ်းပျက်ဝမ်းလျှော





Address

No. 485, Corner Of Pyay Road And Narnattaw Street, Kamayut Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when GGI Nippon Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GGI Nippon Life:

Shortcuts

Share