Proximity Finance

Proximity Finance Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Proximity Finance, Financial service, No. 24, Saya San Road Tharthana Yeik Thar Ward, Bahan Township, Yangon.

02/07/2021

မင်္ဂလာပါခင်ဗျာ... အားလုံးပဲ အခုကာလမှာ ဘေးကင်းအဆင်ပြေကြပါစေလို့ ကျွန်တော်တို့ ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်းက ဆုတောင်းပေးနေပါတယ်။

ကျေးလက်နေမိသားစုတွေရဲ့ ငွေကြေးလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးဖို့က ကျွန်တော်တို့ Proximity Finance ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကာလအပါအဝင် တောင်သူအများ ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလတွေမှာ ပရော်စီမီတီအနေနဲ့ စိုက်ပျိုးရေးချေးငွေ၊ မွေးမြူရေးချေးငွေ၊ တစ်ဦးချင်းစိုက်ပျိုးရေးတိုးမြှင့်ချေးငွေ စသဖြင့် ချေးငွေအမျိုးမျိုး ဝန်ဆောင်မှုပေးပြီး တောင်သူတွေရဲ့ ဘဏ္ဍာရေးအခက်အခဲကို တစ်စိတ်တစ်ပိုင်း ကူညီဖြေရှင်းပေးနိုင်ဖို့ အမြဲကြိုးစားလျက်ရှိပါတယ်။ ဒီနေ့မှာဆိုရင် ပရော်စီမီတီက ချေးငွေဝန်ဆောင်မှုပေးနေတဲ့ တောင်သူအသင်းသားပေါင်း ၂ သိန်းကျော်သွားပြီဖြစ်ပါတယ်။ ဒီလို တောင်သူအများအပြားကို ပံ့ပိုးခွင့်ရတဲ့အတွက်လည်း ကျွန်တော်တို့ ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်းအနေနဲ့ အတိုင်းမသိ ဂုဏ်ယူရပါတယ်။ ဒါ့အပြင် ပရော်စီမီတီကို ယုံယုံကြည်ကြည်နဲ့ လက်တွဲလာတဲ့ အသင်းသား ၂ သိန်းကျော်ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း

22/06/2021

မင်္ဂလာပါခင်ဗျာ... မိတ်ဆွေများအားလုံး ဘေးကင်းအဆင်ပြေကြပါစေလို့ ကျွန်တော်တို့ပရော်စီမီတီက အမြဲဆုတောင်းပေးနေပါတယ်။ အခုလတ်တလောမှာဆိုရင် မြန်မာနိုင်ငံရဲ့ 🦠 ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းကလည်း တစ်ဖန်ပြန်မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် အားလုံးပဲ အောက်က အချက်လေးတွေကို မမေ့ဘဲ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

🏠 မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။

😷 အပြင်သွားရင် နှာခေါင်းစည်းတပ်ပါ။

↔ အခြားသူများနဲ့ ခပ်ခွာခွာနေပါ။

🤲 မကြာခဏ လက်ဆေးပါ။ လက်ဆေးတဲ့အခါမှာလည်း 🧼ဆပ်ပြာနဲ့ ⏰စက္ကန့် ၂၀ ကြာအောင် ဆေးပါ။

🌍 ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို မိမိကစပြီး ကာကွယ်ပါ။

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း

01/02/2021

မင်္ဂလာပါ။

ယနေ့ဖြစ်တဲ့အနေအထားများကြောင့် ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း အများစုသည် လုပ်ငန်းလည်ပတ်မှုအတွက် ငွေသားထုတ်ယူရန် အခက်အခဲများစွာ ရှိနေပါသည်။ ထို့ကြောင့် ဒီတစ်ပတ်အတွင်း ကျွန်‌‌ေတာ်ကျွန်မတို့ အဖွဲ့အစည်းမှ ပြုလုပ်ပေးမည့် ငွေကြေးဝန်‌ ‌ေဆာင်မှုလုပ်ငန်းအားလုံးကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ ထိုသို့ ရပ်ဆိုင်းခြင်းအတွက်လည်း အားလုံးကို ကြိုတင်တောင်းပန်အပ်ပါသည်။ အားလုံးအနေနဲ့လည်း နားလည်ခွင့်လွှတ်ပေးနိုင်မည် မျှော်လင့်ပါသည်။ ဆက်လက်ပြီး ဖြစ်ပေါ်လာမည့်အ‌ခြေအနေများအတွက် အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားပေးပါမည်။ ကျေးဇူးအထူးတင်ရှိပါသည်။

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း

“အရင်ကဆို မိသားစု ၇ ယောက်ရဲ့ စားဝတ်နေရေးအပြင် သားသမီးတွေ ပညာရေးနဲ့ ကျန်းမာရေးစရိတ်တွေအတွက်ပါ ကျွန်တော်တစ်ယောက်တည်း တာဝန်...
21/01/2021

“အရင်ကဆို မိသားစု ၇ ယောက်ရဲ့ စားဝတ်နေရေးအပြင် သားသမီးတွေ ပညာရေးနဲ့ ကျန်းမာရေးစရိတ်တွေအတွက်ပါ ကျွန်တော်တစ်ယောက်တည်း တာဝန်ယူထားရတာဆိုတော့ တော်တော်ရုန်းကန်ရတာပေါ့ဗျာ။ ဝင်ငွေဆိုလို့ လယ် ၂ ဧကနဲ့ ထန်းတက်အလုပ်ပဲရှိတာလေ။ စိုက်ပျိုးရေးလုပ်ငန်းကလည်း သီးနှံပင်တွေအတွက် မြေဆီမြေဩဇာဝယ်ဖို့ အရင်းအနှီး အလုံအလောက်မရှိတော့ သီးနှံတွေက ထင်သလောက် မဖြစ်ထွန်းဘူး။ အဲလို အခက်အခဲဖြစ်နေချိန်မှာ ပရော်စီမီတီအဖွဲ့က ကျွန်တော်တို့ရွာကို ရောက်လာပြီး စိုက်ပျိုးရေးချေးငွေအတွက် ဆွေးနွေးပွဲလုပ်တော့ သွားတက်ဖြစ်တယ်။ ဒီလိုနဲ့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကိုလည်း သဘောကျတာကြောင့် သူတို့နဲ့ လက်တွဲမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ၂၀၁၈ မှာ စပြီး စိုက်ပျိုးရေးချေးငွေ ၂၅၀,၀၀၀ ယူပြီး စိုက်ပျိုးရေးအတွက် လိုအပ်တာတွေ ဝယ်သုံးနိုင်ခဲ့တယ်။ ရာသီဥတုလည်းကောင်း၊ သီးနှံပေါ်ချိန်မှာ သီးနှံစျေးကွက်လည်းကောင်းတော့ ပရော်စီမီတီကို အတိုးအရင်း ပြန်ဆပ်နိုင်တဲ့အပြင် ဝက်နှစ်ကောင်ပါ ဝယ်လိုက်နိုင်တယ်။ ၂၀၁၉ မှာတော့ ဒုတိယအကြိမ်ချေးငွေ ၃၀၀,၀၀၀ ထုတ်ယူပြီး စိုက်ပျိုးရေးအတွက် ထပ်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာပေါ့ဗျာ။ သီးနှံတွေရိတ်သိမ်းပြီးတဲ့အချိန်ကျတော့ ရလာတဲ့အမြတ်ငွေနဲ့ မြေ ၂ ဧက ထပ်ဝယ်ဖြစ်သွားတယ်။ ပရော်စီမီတီကြောင့် စိုက်ပျိုးရေးအရင်းအနှီးအတွက် မပူရတော့တဲ့အပြင် ကျွန်တော့်အိပ်မက်တွေလည်း အကောင်အထည်ပေါ်သွားလို့ အရမ်းဝမ်းသာပီတိဖြစ်ရပါတယ်။ ကိုဗစ်ကာလမှာလည်း ချေးငွေတွေကို မြန်မြန်ဆန်ဆန် ပြန်ပြီးထုတ်ချေးပေးတဲ့အတွက် အရမ်းအဆင်ပြေတယ်။”

ဦးမောင်ဌေး (မလှိုင်မြို့နယ်)

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း #စိုက်ပျိုးရေးချေးငွေ

မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့မိခင်အဖွဲ့အစည်းရဲ့ အဖွဲ့ခွဲဖြစ်တဲ့ ရေတံခွန်မှ "မှိုရောဂါကာကွယ်ဖို့ ဘော်ဒိုဆေးရည်သုံးကြစို့...
20/01/2021

မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့မိခင်အဖွဲ့အစည်းရဲ့ အဖွဲ့ခွဲဖြစ်တဲ့ ရေတံခွန်မှ "မှိုရောဂါကာကွယ်ဖို့ ဘော်ဒိုဆေးရည်သုံးကြစို့" ဆိုတဲ့ခေါင်းစဉ်နဲ့ မှိုသတ်ဆေးဖျော်စပ်နည်းနဲ့ အသုံးပြုနည်းအကြောင်းကို မျှဝေပေးလျက်ရှိနေတာမို့ ကျွန်တော်တို့မိတ်ဆွေတောင်သူများလည်း သိရှိအောင် ထပ်ဆင့်မျှဝေပေးလိုက်ရပါတယ်။

ဘော်ဒိုဆေးရည်က ထုံးနဲ့ ဒုတ္ထာကို ရေနဲ့ဖျော်စပ်ထားတဲ့ ပျော်ရည်ဖြစ်ပြီး ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ အာလူး၊ စပျစ်၊ လိမ္မော်၊ ကွမ်း၊ ချင်း၊ ဂန္ဒမာပန်း စတဲ့ ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်နဲ့ ပန်းမန်တွေမှာ ကျရောက်တတ်တဲ့ ဒေါင်းနီးရွက်ခြောက်မှိုရောဂါ၊ ပင်နာကျ(လောင်မည်း)ရောဂါ၊ ခါးရိရောဂါ၊ ပင်ညှိုးရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ပင်စည်ပုပ်၊ ပင်ရင်းပုပ်နဲ့ အခြားသော မှိုရောဂါတွေကို ကာကွယ်နိုင်တဲ့ ဆေးရည်တစ်မျိုးဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများနဲ့ ဖျော်စပ်ပုံ
===========================
သုံးစွဲတဲ့ ရည်ရွယ်ချက်အပေါ်မူတည်ပြီး ဖျော်စပ်မယ့် အချိုးအစားအမျိုးမျိုးရှိကြပေမယ့်လည်း အသုံးအများဆုံးဖြစ်မယ့် ၁ ရာခိုင်နှုန်းပြင်းအားရှိတဲ့ ဆေးရည် (သို့မဟုတ်) ၁း ၁း ၁၀၀ အချိုးအစားဖျော်စပ်နည်းနဲ့ သုံးစွဲနည်းအကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

မဖောက်ထုံး - ၁၀ ကျပ်သား

ဒုတ္ထာ - ၁၀ ကျပ်သား

ရေ - ၄ ဂါလံ (ဆေးဖျန်းပုံး ၁ပုံး)

၁။ ထုံးနဲ့ ဒုတ္ထာကို ရေ ၂ဂါလံစီဖြင့် သီးခြားစီဖျော်ပါ။

၂။ ထုံးပျော်ရည်ထဲသို့ ဒုတ္ထာပျော်ရည်ကို လောင်းထည့်ပြီး ရောစပ်ပါ။

၃။ ရောစပ်နေစဉ်မှာ အနည်မကျစေဖို့ အဆက်မပြတ် မွှေပေးပါ။

ဖျော်စပ်ထားတဲ့ ပျော်ရည်ကို အသင့်သုံးစွဲလို့ ရ/မရ သိရှိနိုင်ဖို့ ၎င်းပျော်ရည်ထဲမှာ ပြောင်လက်နေတဲ့ သံ (သို့) သတ္တု (သို့) စတီးဓားကို (၂-၃) မိနစ်ခန့် နှစ်ထားပါ။ နှစ်ထားတဲ့ဓားက သံချေးရောင်ပြောင်းသွားမယ်ဆိုရင် အက်ဆစ်ဓာတ်အနည်းငယ်လွန်ကဲနေတယ်လို့ ယူဆနိုင်တာကြောင့် ၎င်းပျော်ရည်ထဲကို မဖောက်ထုံးအနည်းငယ် ဖျော်ထည့်ပေးပြီး အထက်ပါနည်းအတိုင်း ထပ်မံစမ်းသပ်ပါ။ စမ်းသပ်တဲ့ဓား အရောင်မပြောင်းတော့ပါက ၎င်းပျော်ရည်ကို အသင့်သုံးစွဲနိုင်ပြီဖြစ်ပါတယ်။

သတိပြုလိုက်နာသင့်သည့် အရာများ
===========================
၁။ ပျိုးပင်အဆင့်နဲ့ အပင်ငယ်စဉ်အဆင့်မှာ အသုံးပြုလိုပါက ဖျော်စပ်တဲ့အခါ ထုံးနဲ့ဒုတ္ထာ အချိုးအစားကို ထက်ဝက်ခန့်လျှော့ချအသုံးပြုပါ။

၂။ ဆေးဖျော်စပ်တဲ့အခါ သတ္ထုပုံး၊ သံပုံးတွေမှာ ထည့်ဖျော်ခြင်းကို ရှောင်ကြဉ်ပါ။

၃။ ဖျော်စပ်ပြီးဆေးရည်ကို (၂၄ ) နာရီအတွင်း အသုံးပြုပါ။

၄။ မိုးရွာနေချိန်၊ နေပူပြင်းချိန်၊ အအေးဓာတ်လွန်ကဲချိန်နဲ့ အပင်တွေရေငတ်နေချိန်မှာ ဆေးဖျန်းခြင်းကို ရှောင်ကြဉ်ပါ။

၅။ ဆေးဖျန်းနေစဉ် ဆေးဖျန်းပုံးကို မကြာကြာ လှုပ်ဖျန်းပါ။

၆။ အခြားပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ ရွက်ဖျန်းမြေသြဇာများနဲ့ ရောစပ်အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

၇။ လက်အိတ်၊ နှာခေါင်းစည်း၊ လက်ရှည်ဝတ်၍ ဖျော်စပ်ပါ။ ပက်ဖျန်းပါ။

၈။ ဆေးဖျန်းပြီးပြီးချင်း ဆေးဖျန်းပုံးကို သေချာစွာသန့်စင်ဆေးကြောပါ။

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း

ခေတ်မီရေသွင်းစနစ်အသုံးပြုသူများအတွက် မိန်းပိုက်နဲ့ ဘေးပိုက်တွေကို အလွယ်တကူချိတ်ဆက်နိုင်ပြီး တပ်ဆင်ရာမှာလည်း လွယ်ကူအဆင်ပြ...
14/01/2021

ခေတ်မီရေသွင်းစနစ်အသုံးပြုသူများအတွက် မိန်းပိုက်နဲ့ ဘေးပိုက်တွေကို အလွယ်တကူချိတ်ဆက်နိုင်ပြီး တပ်ဆင်ရာမှာလည်း လွယ်ကူအဆင်ပြေစေမယ့် လေးဘက်ဆက်ခေါင်းကို ပိုမိုကောင်းမွန်တဲ့ ကော်သားနဲ့ ရေတံခွန်က ဖန်တီးထုတ်လုပ်လိုက်ပါပြီ။ အမြို့မြို့ အနယ်နယ်ရှိ ရေတံခွန် အရောင်းဆိုင်များမှာ ဝယ်ယူနိုင်သလို ရေတံခွန်စိုက်ပျိုးရေးဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ် ၀၉-၇၇၀-၇၇၀-၈၀၈ ကိုလည်း ဖုန်းဆက်မေးမြန်း စုံစမ်းဝယ်ယူနိုင်ကြောင်း ပြန်လည် မျှဝေလိုက်ရပါတယ်ခင်ဗျာ။

၆ လအာမခံပါရှိတဲ့ ရေတံခွန်အမှတ်တံဆိပ် လေးဘက်ဆက်ခေါင်း
===============================

မင်္ဂလာပါခင်ဗျာ... ခေတ်မီရေသွင်းစနစ်အသုံးပြုသူအားလုံးအတွက် တပ်ဆင်ရာမှာ လွယ်ကူအဆင်ပြေစေတဲ့ လေးဘက်ဆက်ခေါင်းကို ကျွန်တော်တို့ ရေတံခွန်က အခုဆိုရင် ဗားရှင်းအသစ်နဲ့ ထပ်မံထုတ်လုပ်လိုက်ပါပြီ။ ဒီလေးဘက်ဆက်ခေါင်းဟာဆိုရင် မိန်းပိုက်နဲ့ ဘေးပိုက်တွေကို အလွယ်တကူ ချိတ်ဆက်နိုင်ဖို့အတွက် အဓိက အသုံးပြုရတာဖြစ်ပါတယ်။ လှည့်ရလွယ်ကူတဲ့ လက်ကိုင်ဘား တစ်ဘက်တစ်ချပ်စီကနေ ပိုက်တစ်ချောင်းစီအတွက် အဖွင့်အပိတ် ပြုလုပ်နိုင်ပြီး ရေအထွက်ကိုလည်း မိမိလိုသလို ထိန်းညှိလို့ရပါတယ်။ ဒီလေးဘက်ဆက်ခေါင်း ဗားရှင်းအသစ်ကို ထုတ်လုပ်ရာမှာ ကိုယ်ထည်အတွက် ပထမတန်းစား ရီဆိုင်ကယ်ပလတ်စတစ်ကို သုံးထားပြီး ဘားများအတွက်ကိုတော့ အရည်အသွေးမြင့် ကော်သားကို အသုံးပြုထားတာကြောင့် အဖွင့်အပိတ်ဘားတွေနဲ့ ကွင်းတွေကနေ ရေအများကြီးစိမ့်ထွက်နေမှာကို မစိုးရိမ်ရတော့ပါဘူး။ ဒါ့အပြင် ပစ္စည်းအရည်အသွေးကလည်း လုံးဝယုံကြည်စိတ်ချရတာမို့လို့ ၆ လအာမခံလည်း ပေးထားပါတယ်။

☎️ ဒီလို အသုံးဝင်၊ အကျိုးများတဲ့ ရေတံခွန်အမှတ်တံဆိပ် လေးဘက်ဆက်ခေါင်းကို ဝယ်ယူလိုတယ်ဆိုရင်တော့ အောက်မှာ ကွန်းမန့်ပေးခဲ့နိုင်သလို ရေတံခွန် စိုက်ပျိုးရေးဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ် ၀၉-၇၇၀-၇၇၀-၈၀၈ ကိုလည်း ဖုန်းဆက်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ ဒါ့အပြင် အမြို့မြို့အနယ်နယ်တိုင်းရှိ ရေတံခွန်အရောင်းဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

#ရေတံခွန် #လေးဘက်ဆက်ခေါင်း

31/12/2020

အားလုံး မင်္ဂလာပါခင်ဗျာ... အခုဆိုရင် ၂၀၂၀ ခုနှစ် ကုန်ဆုံးဖို့ ⏰ နာရီပိုင်းသာ လိုပါတော့တယ်။ မကြာခင်အချိန်အတွင်း ရောက်ရှိလာတော့မယ့် 🎇၂၀၂၁🎆 နှစ်သစ်အတွက် ကျွန်တော်တို့ ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ ဆုတောင်းစကားဗီဒီယိုလေး ပြုလုပ်ထားပါတယ်။ 👇 အားလုံး အတူတူ ကြည့်လိုက်ကြရအောင်နော်။

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း

မင်္ဂလာပါခင်ဗျာ... အခုဆိုရင် ကျွန်တော်တို့ Proximity Finance အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း နေရာဒေသအတော်များများမှာ ငွေကြေး...
18/12/2020

မင်္ဂလာပါခင်ဗျာ... အခုဆိုရင် ကျွန်တော်တို့ Proximity Finance အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်း နေရာဒေသအတော်များများမှာ ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ပရော်စီမီတီက ငွေကြေးဝန်ဆောင်မှုရယူနိုင်တဲ့ မြို့နယ်တွေကို အောက်မှာ ပြည်နယ်/တိုင်းဒေသကြီးအလိုက် မြေပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ (ထပ်မံတိုးချဲ့ဝန်ဆောင်မှုပေးမယ့် မြို့နယ်တွေကိုလည်း အချိန်နဲ့တပြေးညီ အသိပေးကြေညာသွားပါမယ်။)

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း

မင်္ဂလာပါခင်ဗျာ...  ဒီနေ့မှာတော့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မြို့နယ်အသီးသီးက ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်းရဲ့...
04/12/2020

မင်္ဂလာပါခင်ဗျာ... ဒီနေ့မှာတော့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မြို့နယ်အသီးသီးက ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်းရဲ့ ရုံးခွဲလိပ်စာတွေကို ပုံနဲ့တကွ မျှဝေပေးချင်ပါတယ်။ ပုံတစ်ခုချင်းစီအောက်မှာ လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေ ရေးပေးထားတာဖြစ် လို့ တစ်ပုံချင်းစီ ထောက်ကြည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ။ (မကြာခင်မှာ အသစ်ဖွင့်မယ့် ရုံးခွဲလိပ်စာတွေကိုလည်း အချိန်နဲ့တပြေးညီ တင်ပေးသွားပါမယ်။)

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း

28/11/2020

မင်္ဂလာပါခင်ဗျာ... အခုဆိုရင် မိုးလေကင်းလွတ်ပြီး ကောက်ရိတ်သိမ်းချိန်လည်းဖြစ်၊ 🎇 မီးရှူးမီးတိုင်တွေ ဖောက်လွှတ်ပြီး ပွဲတော်တွေ ခမ်းခမ်းနားနား ကျင်းပနေကျလည်းဖြစ်တဲ့ တန်ဆောင်တိုင်ကာလကိုတောင် ရောက်ရှိလို့ လာပြန်ပါပြီနော်။ ဒီနှစ်မှာတော့ ပွဲလမ်းသဘင်တွေ မရှိပေမယ့် ချစ်ရတဲ့မိသားစုတွေနဲ့အတူ ဘေးအန္တရာယ်ကင်းဝေးစွာ ဖြတ်သန်းနိုင်တဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ် လတန်ဆောင်တိုင်ဖြစ်ပါစေလို့ ဒီနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ 🌕အခါသမယလေးမှာ ကျွန်တော်တို့ ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်းက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း

25/11/2020

မင်္ဂလာပါခင်ဗျာ။ ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်းရဲ့ ရန်ကုန်ရုံးချုပ်မှာ တာဝန်ထမ်းဆောင်ဖို့ အောက်ပါလစ်လပ်ရာထူးများခေါ်ယူလျက်ရှိပါတယ်။ လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါလင့်ခ်များမှတစ်ဆင့် ဝင်ရောက်လေ့လာလျှောက်ထားနိုင်ပါတယ်။

💼 IT Officer - 3 Posts
[https://bit.ly/372AcvM]

💼 Network Specialist - 1 Post
[https://bit.ly/2J6EzxC]

💼 Learning Manager/ Specialist - 1 Post
[https://bit.ly/2UXyLcc]

💼 Head of Investment - 1 Post
[https://bit.ly/3kVVkJ7]

စိတ်ပါဝင်စားစွာ လျှောက်ထားသူများအား ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ ကျေးဇူးအထူးတင်ရှိပါတယ်။

#ပရော်စီမီတီငွေကြေးဝန်ဆောင်မှုလုပ်ငန်း #လစ်လပ်ရာထူးများ

Address

No. 24, Saya San Road Tharthana Yeik Thar Ward, Bahan Township
Yangon
11201

Telephone

+959964555270

Website

Alerts

Be the first to know and let us send you an email when Proximity Finance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share