06/11/2020
ကျန်းမာရေးအာမခံဆိုတာ ဝယ်ယူဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား? အပိုင်း (၂)
ဒီတော့ သင်မတော်မဆ နေထိုင်မကောင်းဖြစ်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ? ဖျားနာခွင့် ရက်အနည်းငယ် ယူတာက ပြသနာကြီးကြီးမားမား မရှိနိုင်ပါဘူး။ သို့သော် ရာသီတုတ်ကွေးထက် ဆိုးရွားတဲ့အခြေအနေ ဖြစ်ခဲ့မယ်ဆိုရင်ရော?
ဆေးကုသမှုကုန်ကျစရိတ်တွေက မြန်မြန်ဆန်ဆန် ပိုများလာနိုင်ပြီး စုဆောင်းထားတဲ့ ငွေကြေးတွေကိုပါ ဆုံးရှုံးသွားနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာတော့ အာမခံက ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။
အသက် ၂၅နှစ် အရွယ်မှာ အာရောဂျံ-မူလ ကျန်းမာရေးအာမခံအား တစ်နှစ်စာ ပေါ်လစီဝယ်ယူခြင်းက ငွေကျပ် ၃၆,၃၀၀(တစ်လစာ ကျပ် ၃,၀၂၅ နှင့်ညီမျှသည်) သာ ကုန်ကျမှာ ဖြစ်ပါတယ်။ အာရောဂျံ- မဇ္စျိမ ကျန်းမာရေးအာမခံအား တစ်နှစ်စာ ပေါ်လစီဝယ်ယူခြင်းက ငွေကျပ် ၇၅,၉၀၀ (တစ်လစာ ကျပ် ၆,၃၂၅ နှင့်ညီမျှသည်) သာ ကုန်ကျမှာ ဖြစ်ပါတယ်။ ယခုပေါ်လစီကို သင်လုံးဝအသုံးမပြုရလျှင်တော့ ယခုကုန်ကျစရိတ်က များတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။
သို့သော် ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ သာမန်ခွဲစိတ်မှုတစ်ခု ခံယူလျှင်ပင် မြန်မာငွေကျပ် ၅၀၀,၀၀၀ သို့မဟုတ် ယခုထက်ပိုပြီး ကုန်ကျနိုင်ပြီး ဆေးကုသမှုဆက်လက်ခံယူရန် ဆေးရုံတက်ရောက်စရိတ်အတွက် မြန်မာငွေကျပ် ၂၀၀,၀၀၀ ခန့် ထိပ်မံကုန်ကျနိုင်ပါသည်။ ဆရာဝန်စမ်းသပ်ခ၊ ဆေးဖိုးဝါးခ၊ ပြန်လည်ထူထောင်ရေးစရိတ်များ စသဖြင့်တို့အတွက် ထပ်မံကုန်ကျနိုင်ပါသေးတယ်။ မြန်မာငွေကျပ် ၇၅၀,၀၀၀ နှင့် အထက် အလွယ်တကူ ထပ်မံကျန်ကျသွားနိုင်ပါတယ်။
အောက်ဖော်ပြပါ ဇယားတွင် အာရောဂျံ-မူလ၊ အာရောဂျံ- မဇ္စျိမ နှင့် အာရောဂျံ-မဟာ ပေါ်လစီဝယ်ယူခြင်းဖြင့် သင်ရရှိနိုင်သော ခံစားခွင့်များကို ရှင်းပြထားပါတယ်။
ကျန်းမာရေး အာမခံ အကာအကွယ်၏ အကျိုးခံစားခွင့် [အာရောဂျံ-မူလ]
ခွဲစိတ်ကုသခြင်း - ၅၀၀,၀၀၀
နေ့စဉ်ဆေးရုံစရိတ် - ၆၀၀,၀၀၀
ကိုယ်ဝန်ပျက်ကျခြင်း - ၃၀၀,၀၀၀
ဆေးရုံ၊ဆေးခန်းပြခြင်း - ၁၀,၀၀၀
သေဆုံးခြင်း - ၁,၀၀၀,၀၀၀
ကျန်းမာရေး အာမခံ အကာအကွယ်၏ အကျိုးခံစားခွင့် [အာရောဂျံ- မဇ္စျိမ/ အာရောဂျံ- မဟာ ]
ခွဲစိတ်ကုသခြင်း - ၅၀၀,၀၀၀/ ၁,၀၀၀,၀၀၀
နေ့စဉ်ဆေးရုံစရိတ် - ၁,၀၀၀,၀၀၀/ ၁,၈၀၀,၀၀၀
ကိုယ်ဝန်ပျက်ကျခြင်း - ၃၀၀,၀၀၀/ ၃၀၀,၀၀၀
ဆေးရုံ၊ဆေးခန်းပြခြင်း - ၂၀,၀၀၀/ ၃၀,၀၀၀
သေဆုံးခြင်း - ၃,၀၀၀,၀၀၀/ ၃,၀၀၀,၀၀၀
ပြင်းထန်ရောဂါကုသခြင်း - ၁,၀၀၀,၀၀၀/ ၂,၀၀၀,၀၀၀
ဒါကြောင့် အခြေခံအားဖြင့် တစ်နှစ်တာအတွက် ကုန်ကျစရိတ် ကျပ် ၇၅,၉၀၀ မှာ သာမန်ခွဲစိတ်မှု ခံယူရုံဖြင့် ကာမိပါတယ်။ တကယ်လို့ သင်ဟာကျန်းမာရေး ပေါ်လစီအားနှစ်စဉ် ဝယ်ယူထားပြီး နှစ်ပေါင်းများစွာ အသုံးမပြုသော်လည်း သင်လိုအပ်လာသော ပထမဦးဆုံးအကြိမ်တွင် အသုံးပြုရုံနှင့်ပင် အသုံးပြုရကျိုး နပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် ဟုတ်ပါတယ် ကျန်းမာရေးအာမခံ ဝယ်ယူခြင်းက အမှန်တကယ် ထိုက်တန်ပါတယ်။ အကယ်၍ ထိုပေါ်လစီအား ချက်ချင်းအသုံးမပြုသည့်တိုင်အောင် အာမခံဖြင့် ကုန်ကျစရိတ်အားလုံးကို အကာအကွယ်မပေးနိုင်သော်လည်း ကျန်းမာရေးအာမခံ ပေါ်လစီဖြင့် မျှော်လင့်မထားတဲ့ အရေးပေါ်ကျန်းမာရေး အခြေအနေများမှာ သင့်ရဲ့ငွေကြေးများကို အကာအကွယ်ပေးနိုင်ပါတယ်။