Top Business Solution.

Top Business Solution. Info

30/07/2026

‎📈လူကြီးမင်းတို့ရဲ့စာရင်းကိုင်ဌာနက တင်ပြလာတဲ့ Financial report တွေက လုပ်ငန်းရဲ့ အရေးကြီးတဲ့ Financial decision making အတွက်တကယ်‌လုံလောက်ရဲ့လား???
‎
‎လုပ်ငန်းရှင်တွေအများစုဟာလကုန်တိုင်း စာရင်းကိုင်ဌာနက တင်ပြလာတဲ့ Financial report တွေကို ကြည့်ပြီး ခေါင်းခဲတတ်ကြပါတယ်။ ကိန်းဂဏန်း‌တွေ၊ အချက်အလက်တွေများစွာ ပြည့်နေသော်လည်း တကယ် Financial decision making လုပ်ဖို့လိုအပ်တဲ့အခါ "ငါတို့ကုမ္ပဏီ တကယ်ရော အခြေအနေကောင်းရဲ့လား၊ ရှေ့ဆက်ဘာလုပ်သင့်လဲ" ဆိုတဲ့ အဖြေကို ရှာမရတာမျိုး ကြုံဖူးပါသလား???
‎
‎အမှန်တကယ်တော့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စာရင်းနဲ့ပတ်သတ်လို့အသေးစိတ်လုပ်ငန်းစဉ်တွေကို သိဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က Process logic ကိုတော့ မဖြစ်မနေ ဖတ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိလုပ်ငန်းအတွက် ခိုင်မာတဲ့ 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗣𝗹𝗮𝗻 တွေကို အတိအကျ ချမှတ်နိုင်မှာပါ။
‎
‎ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့အတွက် မဖြစ်မနေ နားလည်ထားရမယ့် ဘဏ္ဍာရေးအစီရင်ခံစာ (၅) မျိုး ရှိပါတယ်။
‎
‎၁။ 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 𝗼𝗳 𝗣𝗿𝗼𝗳𝗶𝘁 𝗼𝗿 𝗟𝗼𝘀𝘀 (𝗜𝗻𝗰𝗼𝗺𝗲 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁)
‎လုပ်ငန်းရဲ့ သတ်မှတ်ကာလတစ်ခုအတွင်း စွမ်းဆောင်ရည် (Performance) ကို ပြတဲ့ Report ဖြစ်ပါတယ်။
‎
· ‎📌Process logic: Sales တွေ ကသတ်မှတ်ကာလအတွင်းရတဲ့ Sales ဖြစ်ရဲ့လား။ Sales တက်‌နေရုံနဲ့မရပါဘူး။ ဝင်ငွေ (Revenue) ထဲကနေ Direct Expenses တွေကိုနှုတ်လိုက်ရင်ကျန်တဲ့ Gross profit က‌ဘယ်လောက် %ကျန်‌လဲ၊ တစ်ခါ Operating expenses ဖြစ်တဲ့ Selling & marketing, Staff related, Administration စတဲ့စရိတ် (Expenses) တွေကို နုတ်လိုက်တဲ့အခါ တကယ်ရော အမြတ် (Net Profit) ကျန်ရဲ့လား။ ဘယ်နေရာတွေမှာ စရိတ်တွေ မလိုအပ်ဘဲ များနေလဲ ဆိုတာကို သုံးသပ်နိုင်ဖို့ ဖြစ်ပါတယ်။

‎၂။ 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 𝗼𝗳 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗣𝗼𝘀𝗶𝘁𝗶𝗼𝗻 (𝗕𝗮𝗹𝗮𝗻𝗰𝗲 𝗦𝗵𝗲𝗲𝘁)
‎လုပ်ငန်းတစ်ခုလုံးရဲ့ ကျန်းမာရေးမှတ်တမ်း ဖြစ်ပါတယ်။ အဓိကအားဖြင့် အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။
‎
· ‎Assets (ပိုင်ဆိုင်မှုများ): လုပ်ငန်းမှာ လက်ရှိပိုင်ဆိုင်ထားတဲ့ ငွေ၊ရရန်ရှိ၊ ကုန်ပစ္စည်း၊ စက်ပစ္စည်းအစရှိသဖြင့်ပေါ့။
‎
· ‎Liabilities (ပေးရန်တာဝန်များ): ကုန်ပစ္စည်းတွေအကြွေးဝယ်ထားတာတွေ၊ သူများဆီကနေ ယူထားတဲ့ အကြွေးတွေ၊ ပေးဖို့ကျန်နေတဲ့ စရိတ်တွေ။
‎
· ‎Equity (ပိုင်ရှင်၏ ရင်းနှီးမြှုပ်နှံမှု): ပိုင်ဆိုင်မှုများထဲကနေ ပေးရန်ရှိအကြွေးများကိုနုတ်လိုက်ရင် အသားတင်ကျန်တဲ့ လုပ်ငန်းရဲ့တန်ဖိုး။
‎
· ‎📌 "Process Logic: "ငါတို့လုပ်ငန်းမှာ ပိုင်ဆိုင်မှုနဲ့ အကြွေး ဘယ်လိုအချိုးအစား‌တွေရှိနေလဲ။ ရေရှည်မှာ အကြွေးဆပ်နိုင်တဲ့ အင်အားရှိရဲ့လား" ဆိုတာကို အကဲဖြတ်ဖို့ ဖြစ်ပါတယ်။
‎
‎၃။ 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 𝗼𝗳 𝗖𝗮𝘀𝗵 𝗙𝗹𝗼𝘄𝘀 (ငွေသားစီးဆင်းမှုအစီရင်ခံစာ)
‎Income Statement မှာ အမြတ်ပြနေပေမယ့် လက်ထဲမှာ ငွေသားမရှိဘူးဆိုရင် လုပ်ငန်းက ရှေ့ဆက်လည်ပတ်ဖို့ ခက်ခဲသွားပါပြီ။
‎
· ‎📌Process Logic: လုပ်ငန်းလည်ပတ်ခြင်း (Operating)၊ ရင်းနှီးမြှုပ်နှံခြင်း (Investing) နဲ့ ငွေကြေးရှာဖွေခြင်း (Financing) စတဲ့ လမ်းကြောင်းတွေကနေ ငွေဘယ်လောက် ဝင်လာပြီး ဘယ်လောက် ပြန်ထွက်သွားလဲဆိုတာကို ခြေရာခံပြီး လုပ်ငန်းရဲ့ ငွေကြေးလည်ပတ်နိုင်စွမ်း (Liquidity) ကို ဆုံးဖြတ်ဖို့ပါ။
‎
‎၄။ 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 𝗼𝗳 𝗖𝗵𝗮𝗻𝗴𝗲𝘀 𝗶𝗻 𝗘𝗾𝘂𝗶𝘁𝘆 (ပိုင်ဆိုင်မှုပြောင်းလဲခြင်းအစီရင်ခံစာ)
‎ရှယ်ယာရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အတက်အကျကို ပြသပါတယ်။
· ‎📌 Process Logic: ရလာတဲ့ အမြတ်ငွေတွေကို ရှယ်ယာရှင်တွေဆီ အမြတ်ဝေစု (Dividends) အနေနဲ့ ဘယ်လောက်ခွဲဝေပေးလိုက်လဲ။ လုပ်ငန်းပိုမိုကြီးထွားဖို့အတွက် ဘယ်လောက် ပြန်လည်ရင်းနှီးမြှုပ်နှံ ထားလဲ ဆိုတာကို ဆုံးဖြတ်ဖို့ပါ။
‎
‎၅။ 𝗡𝗼𝘁𝗲𝘀 𝘁𝗼 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁𝘀 (အသေးစိတ်ရှင်းလင်းချက်များ)
‎အပေါ်က Report တွေမှာ ကိန်းဂဏန်းတွေပဲ ပါဝင်ပြီး ဒီကိန်းဂဏန်းတွေ ဘယ်ကနေ ဘယ်လိုတွက်ချက်လာသလဲ ဆိုတဲ့ ရှင်းလင်းချက်တွေ ပါဝင်တဲ့ အပိုင်းဖြစ်ပါတယ်။
‎
· ‎Process Logic: တချို့သော စာရင်းရေးဆွဲတဲ့ မူဝါဒတွေ၊ လုပ်ငန်းအပေါ် သက်ရောက်နိုင်တဲ့ အမှုအခင်းကိစ္စရပ်တွေ စတဲ့ စာရင်းဇယားမှာ တိုက်ရိုက်မပေါ်တဲ့ အရေးကြီး အချက်အလက်တွေကို သိရှိဖို့ ဖြစ်ပါတယ်။
‎
‎👉 လုပ်ငန်းရှင် များအတွက် အထူးသတိပြုရန် (Process logic approach)
‎စာရင်းကိုင်တွေက ဂဏန်းတွေ မှန်ကန်အောင် တွက်ချက်ပေးဖို့ တာဝန်ရှိ‌ေသာ်ငြားလည်း အဲ့ဒီကိန်းဂဏန်းတွေအပေါ် မူတည်၍ "Insight" ထုတ်ယူဖို့က လုပ်ငန်းရှင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။
‎
‎Financial report တစ်ခုချင်းစီမှာ ပါဝင်တဲ့ Element တွေရဲ့ အနှစ်သာရနဲ့ အပြန်အလှန် ချိတ်ဆက်နေမှု ကို ကောင်းကောင်းနားလည်ထားမှသာလျှင် လက်ရှိလူကြီးမင်းတို့ရဲ့လုပ်ငန်းအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်မှာဖြစ်ပြီး ကြီးထွားမှုအတွက် လိုအပ်တဲ့ 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 တွေကို ယုံကြည်ချက်ရှိရှိ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။
‎

“ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့”အကြောင်း သိကောင်းစရာဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမ...
29/07/2026

“ဝါဆိုလပြည့်_ဓမ္မစကြာအခါတော်နေ့”
အကြောင်း သိကောင်းစရာ
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။
မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။
ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။
( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )
မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့သည် ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။
Credit - Shwe Nyar Thar
ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်ခင်ဗျာ။
ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ
ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်
ဝါဆိုလပြည့်နေ့ရာဇ၀င်
ဟိုးရှေးရှေးတုန်းက… မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။ အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။
ဝါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်များအားဝါဆိုသင်္ကန်းဆိုပြီး ကျွန်မတို့ ဗုဒ္ဓဘာသာ၀င်များမှ လှူဒါန်းကြပါသည်။
Credit # # #

06/07/2026

‎Retained Earnings ဆိုတာ ဘာလဲ?
‎
‎Retained Earnings ဆိုတာ ကုမ္ပဏီ စတည်ထောင်ချိန်မှ လက်ရှိအချိန်အထိ ရရှိခဲ့သော Net Income (အသားတင်အမြတ်) များမှ ရှယ်ယာရှင်များကို Dividend (အမြတ်ဝေစု) ခွဲဝေပေးပြီးနောက် ကုမ္ပဏီတွင် ကျန်ရှိနေသော စုစည်းအမြတ်ဖြစ်သည်။
‎
‎Retained Earnings ကိုအမျိုးအစား (၂) မျိုး ခွဲနိုင်ပါတယ်။
‎
‎(၁) Appropriated Retained Earnings
‎
‎Appropriated Retained Earnings ဆိုတာရှယ်ယာရှင်တွေကို ချက်ချင်းအမြတ်ဝေစု မခွဲဝေ‌သေးပဲရည်ရွယ်ချက်တစ်ခုအတွက် သီးသန့်ထားရှိသော Retained Earnings ဖြစ်ပါတယ်။
‎
‎Appropriated Retained Earnings သည် ကုမ္ပဏီ၏ ရေရှည်အစီအစဉ်များအတွက် သီးသန့်သတ်မှတ်ထားသော အမြတ်ငွေဖြစ်သည်။
‎
‎ဥပမာ-
‎
‎- New PPE တွေဝယ်ယူခြင်း၊
‎- လုပ်ငန်းတိုးချဲ့ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (Research & Development)၊ အကြွေးပြန်ဆပ်ခြင်း၊
‎- တရားစွဲဆိုမှုများအတွက် ကြိုတင်ထားရှိခြင်း၊
‎- အရေးပေါ်အရန်ငွေအဖြစ် ထားရှိခြင်း၊
‎- လုပ်ငန်းလည်ပတ်ငွေ (Working Capital) တိုးမြှင့်ခြင်း၊‌
‎- ရေတို‌၊ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်ပါတယ်။
‎
‎အမြတ်အားလုံးကို ခွဲဝေပေးလိုက်ပါက ကုမ္ပဏီ၏ ရေရှည်တိုးတက်မှုကို ထိခိုက်စေနိုင်ပါသည်။
‎
‎
‎(၂) Unappropriated Retained Earnings
‎
‎Unappropriated Retained Earnings ဆိုတာက‌
‎တော့ရည်ရွယ်ချက်တစ်ခုအတွက် သီးသန့်သတ်မှတ်မထားသော Retained Earnings ဖြစ်ပြီး ကုမ္မဏီရဲ့ Board of Directors ဆုံးဖြတ်ချက်အရ Dividend အဖြစ် ခွဲဝေပေးနိုင်သော အမြတ်ငွေဖြစ်ပါတယ်။
‎
‎Retained Earnings သည် ငွေသား (Cash) မဟုတ်ပါ
‎
‎အချို့လူ‌တွေကမှားယွင်းစွာ နားလည်ထားသည်မှာ Retained Earnings သည် ဘဏ်ထဲတွင် အမှန်တကယ်ရှိနေသော ငွေသားဖြစ်သည်ဟု ယူဆခြင်းဖြစ်သည်။
‎
‎တကယ်တော့ Retained Earnings သည် Equity Account တစ်ခုသာ ဖြစ်ပါတယ်၊ Cash Account မဟုတ်ပါ။
‎
‎ထို့ကြောင့် Retained Earnings balance သည် Cash Balance နှင့် မတူညီနိုင်ပါ။
‎
‎Dividend ကိုအောက်ပါနည်းလမ်းများဖြင့်လည်းပေးနိုင်ပါတယ်
‎
‎· Cash Dividend
‎· Stock Dividend
‎· Property Dividend
‎· Scrip Dividend
‎
‎
‎Retained Earnings Deficit
‎
‎ပုံမှန်အားဖြင့် Retained Earnings သည် Credit Balance (အပေါင်းလက္ခဏာ) ဖြစ်ပါတယ်။
‎
‎သို့သော် ကုမ္ပဏီ၏ စုစည်းဆုံးရှုံးမှုများသည် စုစည်းအမြတ်ထက် ပိုများသွားပါက Retained Earnings သည် Debit Balance (အနှုတ်လက္ခဏာ) ဖြစ်သွားပြီး ၎င်းကို Retained Earnings Deficit သို့မဟုတ် Accumulated Deficit ဟု ခေါ်ပါတယ်။
‎
‎ထိုအခြေအနေတွင် နိုင်ငံ၏ Company Law နှင့် Accounting Regulations များပေါ်မူတည်၍ Dividend ပေးနိုင်မှုမှာ ကွဲပြားနိုင်သော်လည်း ပုံမှန်အားဖြင့် Deficit ရှိနေသော ကုမ္ပဏီများသည် Cash Dividend ပေးရန် ကန့်သတ်ချက်များ ရှိတတ်ပါသည်။
‎
‎Quasi Reorganization
‎
‎Retained Earnings Deficit ကို ဖယ်ရှား၍ Equity Structure ကို ပြန်လည်စနစ်တကျ ပြင်ဆင်လိုသည့်အခါ Quasi Reorganization ကို အသုံးပြုနိုင်ပါသည်။
‎
‎Quasi Reorganization သည် ဥပဒေအရ မဖြစ်မနေ ပြုလုပ်ရမည့် လုပ်ငန်းစဉ် မဟုတ်ဘဲ ရှယ်ယာရှင်များ၏ သဘောတူညီချက်နှင့် သက်ဆိုင်ရာ စာရင်းကိုင်စံနှုန်းများအရ ဆောင်ရွက်နိုင်သော Accounting Procedure တစ်ခု ဖြစ်ပါသည်။
‎
‎ဥပမာ -
‎
‎Common Stock ($50/share@10,000 shares) = $500,000
‎
‎Additional Paid-in Capital = $200,000
‎
‎Retained Earnings Deficit = ($300,000)
‎
‎Total Equity = $400,000
‎
‎Retained Earnings Deficit ကို ဖယ်ရှားရန် Common Stock ကို $50 မှ $5 သို့ လျှော့ချလိုက်ပါက -
‎
‎Journal Entry
‎
‎Dr. Common Stock ............... $450,000
‎
‎ Cr. Retained Earnings ............. $300,000
‎
‎ Cr. Additional Paid-in Capital .... $150,000
‎
‎Journal Entry ပြုလုပ်ပြီးနောက် -
‎
‎Common Stock ($5 × 10,000 shares) = $50,000
‎
‎Additional Paid-in Capital = $350,000
‎
‎Retained Earnings = $0
‎
‎Total Equity = $400,000
‎
‎တွေ့ရသည့်အတိုင်း Quasi Reorganization ပြုလုပ်ပြီးနောက် Total Equity မပြောင်းလဲဘဲ Equity အစိတ်အပိုင်းများကိုသာ ပြန်လည်စီစဉ်ထားခြင်း ဖြစ်ပါသည်။
‎
‎နောက်ဆုံးမှတ်သားဖို့ရန်
‎
‎Retained Earnings ဆိုတာ ကုမ္ပဏီ၏ စုစည်းအမြတ်ကို ကိုယ်စားပြုသော Equity Account တစ်ခုဖြစ်ပြီး Cash မဟုတ်ပါ။ ၎င်းသည် ကုမ္ပဏီ၏ ရေရှည်တိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အကြွေးစီမံခန့်ခွဲမှုနှင့် Dividend Policy ကို ထိန်းသိမ်းနိုင်ရန် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ Retained Earnings ကို မှန်ကန်စွာ နားလည်ထားခြင်းသည် Financial Statements ကို မှန်ကန်စွာ အဓိပ္ပာယ်ဖော်နိုင်ရန် အလွန်အရေးကြီးပါတယ်။
‎

‎‎"Product Code တွေမရှိတဲ့အတွက်ကြုံရတဲ့အခက်အခဲများ"‎‎၁။ ခက်ခဲသော ကုန်ပစ္စည်းစီမံခန့်ခွဲမှု‎ထုတ်ကုန်တစ်ခုချင်းစီကို သင်ရှ...
30/06/2026

‎
‎"Product Code တွေမရှိတဲ့အတွက်ကြုံရတဲ့အခက်အခဲများ"
‎
‎၁။ ခက်ခဲသော ကုန်ပစ္စည်းစီမံခန့်ခွဲမှု
‎ထုတ်ကုန်တစ်ခုချင်းစီကို သင်ရှင်းရှင်းလင်းလင်း ခွဲခြားသတ်မှတ်၍မရပါ။
‎ဆင်တူသောပစ္စည်းများ ရောနှောနေနိုင်သည်။
‎စတော့ရှယ်ယာအဆင့်များကို ခြေရာခံရန်ခက်ခဲသည် (ဝင်/ထွက်၊ လက်ကျန်)။
‎
‎၂။ အရောင်းနှင့် ဝယ်ယူမှုတွင် အမှားအယွင်းများ
‎ဝန်ထမ်းများသည် မှားယွင်းသောထုတ်ကုန်ကို ရွေးချယ်နိုင်သည်။
‎စျေးနှုန်း သို့မဟုတ် အရေအတွက်မှားယွင်းစွာ မှတ်တမ်းတင်နိုင်သည်။
‎ထုတ်ကုန်များ အမည်ဆင်တူသောအခါ ရှုပ်ထွေးမှု။
‎
‎၃။ စာရင်းကိုင်ပြဿနာများ
‎ငွေပေးငွေယူများကို မှားယွင်းစွာ မှတ်တမ်းတင်နိုင်သည်။
‎ရောင်းအားကို ရောင်းချသော ကုန်ပစ္စည်းကုန်ကျစရိတ် (COGS) နှင့် တိုက်ဆိုင်စစ်ဆေးရန် ခက်ခဲသည်။
‎ဘဏ္ဍာရေးအစီရင်ခံစာများ မမှန်ကန်ဖြစ်လာနိုင်သည်။
‎
‎၄။ လုပ်ငန်းလည်ပတ်မှုနှေးကွေးခြင်း
‎ထုတ်ကုန်များကို ကိုယ်တိုင်ရှာဖွေခြင်းသည် အချိန်ယူရသည်။
‎ငွေတောင်းခံလွှာနှင့် ငွေတောင်းခံလွှာများ နှေးကွေးလာသည်။
‎
‎၅။ အစီရင်ခံခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ညံ့ဖျင်းခြင်း
‎မည်သည့်ထုတ်ကုန်သည် အကောင်းဆုံးရောင်းချသည်ကို ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲသည်။
‎ထုတ်ကုန်အလိုက် အမြတ်အစွန်းကို အလွယ်တကူ ခြေရာခံ၍မရပါ။
‎စီးပွားရေးဆုံးဖြတ်ချက်များချရန် ခက်ခဲသည်။
‎
‎၆။ ဖောက်သည်ဝန်ဆောင်မှုပြဿနာများ
‎မှာယူမှုများ သို့မဟုတ် ပို့ဆောင်မှုများတွင် အမှားအယွင်းများ။
‎ပြန်အမ်းခြင်းနှင့် လဲလှယ်မှုများသည် ရှုပ်ထွေးလာသည်။
‎
‎၇။ Product Code တွေမရှိတဲ့အခါ တချို့ Product Name တွေဆိုရင်အဓိပ္ပါယ်တူတာ‌
‎တွေရှိတော့ Product Name တစ်ခုကို Finance စာရင်းမှာတစ်မျိုး၊ Operation စာရင်းမှာတစ်မျိုး၊ S*M စာရင်းမှာတစ်မျိုး၊ Warehouse စာရင်းမှာတစ်မျိုးစသည်ဖြင့်ထည့်ထားတဲအခါစာရင်းတိုက်ဖို့အတွက်ဘယ်လောက်ခက်မလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်နော်။
‎
‎Inventory အဝင်အထွက် Process တွေများပြီး Location တွေလည်းအရမ်းများတဲ့လုပ်ငန်းတွေမှာ Excel ကိုအသုံးပြုပြီး Inventory Format တွေချတဲ့အခါ Inventory code တွေလည်းမရှိ၊ Double job တွေဖြစ်နေပြီးလူတစ်ယောက်လုပ်ရင်ရတဲ့အလုပ်ကိုနှစ်ယောက်လောက်လုပ်နေရတာတွေ၊ မှန်ကန်တိကျမှုလည်းမရှိ၊ မြန်ဆန်မှုလည်းမရှိတဲ့အတွက် Report တွေအချိန်မှီမပြီးတဲ့ပြသနာတွေနဲ့ကြုံနေရတဲ့လုပ်ငန်းတွေတွေ့ဖူးကြမယ်ထင်ပါတယ်။
‎
ပိုမိုကောင်းမွန်သော ဘဏ္ဍာရေးအစီရင်ခံစာများ
သင်လိုချင်ပါက သင့်လုပ်ငန်းအတွက် ရိုးရှင်းသော Inventory System ကိုကူညီပေးနိုင်ပါတယ်။

Address
‎အသေးစိပ်သိရှိလိုပါက_
‎Mobile and Viber 09 941 064 427
‎Facebook
‎https://www.facebook.com/profile.php?id=100076883246836&mibextid=ZbWKwL
‎Messenger and
‎Mail: [email protected]

Info

‎Cash Basic နှင့် Accrual Basic တို့၏ အဓိက ကွာခြားချက်များကတော့‎‎Cash Basic‎‎(1) ငွေသားလက်ခံရရှိသည့်အခါတွင်သာ ဝင်ငွေကို ...
29/06/2026

‎Cash Basic နှင့် Accrual Basic တို့၏ အဓိက ကွာခြားချက်များကတော့
‎
‎Cash Basic
‎
‎(1) ငွေသားလက်ခံရရှိသည့်အခါတွင်သာ ဝင်ငွေကို စာရင်းသွင်းခြင်း။
‎Revenue is recognized when cash is received
‎
‎(2) ငွေသားပေးချေသည့်အခါတွင်သာ ကုန်ကျစရိတ်များကို စာရင်းသွင်းခြင်း။
‎Expenses are recognized when cash is paid
‎
‎Cash basic သည်
‎📍ငွေသားစီးဆင်းမှုကိုသာ အာရုံစိုက်သည်။
‎📍ရန်ရှိငွေ သို့မဟုတ် ပေးရန်ရှိငွေများကို မှတ်တမ်းတင်ထားခြင်းမရှိပါ။
‎📍လုပ်ငန်း၏ အမှန်တကယ် စွမ်းဆောင်ရည်(Business performance)ကိုမပြသနိုင်ပါ။
‎
‎Cash Basic ကို
‎အသေးစားလုပ်ငန်းများ၊ တစ်ဦးချင်း ငွေစာရင်းများတွင် အသုံးများသည်။
‎
‎
‎Accrual Basic
‎
‎(1) ဖောက်သည်ထံမှ ငွေမပေးချေရသေးရင်တောင် ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခု ပေးအပ်ပြီးတာနဲ့ ငွေအဝင်အဖြစ်စာရင်းသွင်းပါတယ်။
‎Revenue is recorded when you provide a product or service, even if the customer hasn't paid yet.
‎
‎
‎(2) ဘေလ်ကို မပေးဆောင်ရသေးရင်တောင် ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို လက်ခံရရှိတဲ့အခါ စရိတ်အဖြစ်စာရင်းသွင်းပါတယ်။
‎Expenses are recorded when you receive goods or services, even if you haven't paid the bill yet.
‎
‎
‎Accrual Basic သည်
‎ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းကိုမကြည့်ပါဘူး၊ အမှန်တကယ် ဝင်ငွေ/အသုံးစရိတ် ဖြစ်ပေါ်သည့် ကာလအလိုက် မှတ်တမ်းတင်သဖြင့် ပိုမိုတိကျ။ အမှန်တကယ် စွမ်းဆောင်ရည်(Business performance)ကိုပြသနိုင်ပါတယ်။
‎
‎Accrual Basic ကို
‎ဥပမာနဲ့ပြောပြရရင် ဆံပင်ညှပ်ဆိုင်မှာဆံပင်ညှပ်တယ် ပိတ်ဆံကတော့နောက်မယူပေါ့ ဒါပေမဲ့ ဒီ Service ကိုကိုယ်ကယူပြီးပြီဖြစ်တဲ့အတွက် Received value ဖြစ်ပါတယ်၊ Received value ဖြစ်ရင် Expense ဖြစ်ပါတယ်။
‎
‎ဆံပင်ညှပ်ဆိုင်ဘက်ကနေကြည့်ပါမယ် သူ့အနေနဲ့ပိတ်ဆံတော့မရဘူး ဒါပေမဲ့သူက ဒီ Service ကိုပေးပြီးသွားပြီဖြစ်လို့ ဝင်ငွေ Revenue ဖြစ်ပါတယ် ပြောင်းပြန်ပြောရမယ်ဆိုရင်တော့ Paid value ဖြစ်တယ်လို့ပြောရမှာပေါ့။
‎
‎Accrual Basic ကို
‎ကုမ္ပဏီကြီးများ၊ နိုင်ငံတကာ စာရင်းစံများနှင့်အညီ လိုက်နာရသော လုပ်ငန်းများတွင် အသုံးများ။

Address
‎အသေးစိပ်သိရှိလိုပါက_
‎Mobile and Viber 09 941 064 427
‎Facebook
‎https://www.facebook.com/profile.php?id=100076883246836&mibextid=ZbWKwL
‎Messenger and
‎Mail: [email protected]
‎

Info

22/06/2026

အိမ်မှာနေရင်း အချိန်ဖြုန်းမယ့်အစား ဒီ AI (၆) မျိုးကို ကျွမ်းကျင်အောင် သုံးပါ

ဖုန်းတစ်လုံးရှိရုံနဲ့ အလကားအချိန်ကုန်ခံပြီး ဂိမ်းဆော့နေမယ့်အစား၊ Facebook လျှောက်ကြည့်နေမယ့်အစား ဒီ AI တွေကို သုံးတတ်အောင် ကြိုးစားပါ။

ကိုယ်ပိုင်လုပ်ငန်းသမားဆိုရင် ဝန်ထမ်းခ သက်သာမယ်။ လူငယ်တစ်ယောက်ဆိုရင် ဝင်ငွေလမ်းကြောင်းတွေ ပိုဖန်တီးနိုင်လာမယ်။ ၂၀၂၆ မှာ မဖြစ်မနေ သုံးတတ်ထားသင့်တဲ့ AI (၆) မျိုးကတော့...

✅ (၁) Google Gemini (မြန်မာစာ အပိုင်နိုင်ဆုံးနဲ့ အသုံးဝင်ဆုံး AI)

ခင်ဗျားဖုန်းထဲမှာ မဖြစ်မနေ ထည့်ထားရမယ့် AIပဲ
သူ့ရဲ့ အကြီးမားဆုံး အားသာချက်က Content ရေးတာ ကောင်းသလို၊ ပုံထုတ်ပေးတဲ့နေရာမှာလည်း "မြန်မာစာ" ကို မှန်အောင် ထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော AI ပါပဲ။

• လက်တွေ့ ဥပမာ - Page မှာ "ဆိုင်ပိတ်သည်" ဆိုတဲ့ ပုံတင်ချင်တယ်။ Graphic သမားအပ်ရင် ကြာမယ်။ Gemini ကို "ကော်ဖီဆိုင် ကောင်တာတစ်ခုမှာ 'ဆိုင်ပိတ်သည်' ဆိုတဲ့ မြန်မာစာတန်းပါတဲ့ ဆိုင်းဘုတ်တင်ထားတဲ့ ပုံကို ထုတ်ပေးပါ" လို့ ခိုင်းလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း ပုံထွက်လာပါလိမ့်မယ်။ Online Shop သမားတွေအတွက် အရမ်းအဆင်ပြေပါတယ်။

👉 gemini.google.com

✅ (၂) Chat GPT

ခင်ဗျားဖုန်းထဲမှာ မဖြစ်မနေ ထည့်ထားရမှာက Chat GPTပဲ
သိချင်တာတွေကို အကုန်မေးလို့ရတယ်၊
ပညာရေးအကြောင်းမေးမလား၊
ကျန်းမာရေးအကြောင်းမေးမလား၊
စီးပွါးရေးအကြောင်းမေးမလား၊
အကုန်မေးလို့ရတယ်
Idea တွေ ကုန်နေလား? ဒါမှမဟုတ် ဈေးရောင်းရခက်နေလား? ChatGPT က သင့်ရဲ့ အကောင်းဆုံး အကြံပေးပါ။

• လက်တွေ့ ဥပမာ - ဖောက်သည်က Messenger မှာ ဈေးလာမေးပြီး ပြန်မဝယ်ဘဲ ငြိမ်သွားတယ် (Seen ပြပြီး ပျောက်သွားတယ်)။ ChatGPT ကို "ဖောက်သည်က ဈေးမေးပြီး ငြိမ်သွားတယ်။ သူ့ကို စိတ်မကသိမကအောက် မဖြစ်စေဘဲ နောက်ထပ် Promotion လေးနဲ့ တွဲပြီး ပြန်လာဝယ်ချင်စိတ်ပေါက်သွားအောင် Follow up လုပ်မယ့် စာသား ၃ မျိုးလောက် ရေးပေးပါ" လို့ ခိုင်းလိုက်။ အရမ်းထိမိတဲ့ အရောင်းပိတ် စကားလုံးတွေ ရလာပါလိမ့်မယ်။

👉 chatgpt.com

✅ (၃) Canva (ဒီဇိုင်းဆရာ မငှားနိုင်သူတွေအတွက်)

ဆိုင် Logo ကနေစလို့၊ လစဉ်လုပ်တဲ့ Promotion ပိုစတာတွေအထိ သူနဲ့ လုပ်လို့ရတယ်။
• လက်တွေ့ ဥပမာ - သင်္ကြန်တို့၊ သီတင်းကျွတ်တို့ နားနီးပြီဆိုရင် Canva မှာ "Sale Poster" လို့ ရိုက်ရှာလိုက်။ အသင့်သုံး ဒီဇိုင်းပေါင်း ထောင်ချီ ကျလာမယ်။ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ရွေး၊ ဓာတ်ပုံနေရာမှာ ကိုယ့်ကုန်ပစ္စည်းပုံ ဝင်အစားထိုး၊ စာသားနေရာမှာ "ရာသီချိန် အထူးလျော့ဈေး" လို့ မြန်မာလို ပြင်ရေးလိုက်တာနဲ့ ၅ မိနစ်အတွင်း ကြော်ငြာပုံ အလန်းစား ရပြီ။

👉 canva.com

✅ (CapCut (Video Editing လုံးဝ မတတ်သူများအတွက်)

Editing မလုပ်တတ်လည်း ကိစ္စမရှိပါ။ CapCut "Templates" (အဆင်သင့် ပုံစံခွက်) ဆိုတာ အသင့်စား ခေါက်ဆွဲပြုတ်လိုပါပဲ။ ရေနွေးထည့်သလို ဓာတ်ပုံရွေးထည့်လိုက်ရုံနဲ့ ပြီးပြည့်စုံပါတယ်။

• လက်တွေ့ ဥပမာ (New Arrival ကြော်ငြာ):
CapCut Template မှာ "Product Show" လို့ရှာ၊ ကိုယ့်ပစ္စည်းပုံ ၅ ပုံ ရွေးထည့်လိုက်ပါ။ သီချင်းသံ၊ စာတန်း၊ Effect တွေ အော်တိုပါပြီးသားမို့ (၅) မိနစ်အတွင်း Professional ကြော်ငြာဗီဒီယို တစ်ပုဒ် ရပါမယ်။

• လုပ်ငန်းအတွက် အကျိုးကျေးဇူး:
၁. စရိတ်သက်သာ: Video Editor ငှားစရာမလိုဘဲ ဖုန်းတစ်လုံးနဲ့ ကြော်ငြာရိုက်နိုင်တယ်။
၂. အရောင်းသွက်: ငြိမ်နေတဲ့ ဓာတ်ပုံထက် သီချင်းသံမြူးမြူးနဲ့ ဗီဒီယိုက Customer မျက်လုံးကို ပိုဖမ်းစားနိုင်လို့ "ဈေးဘယ်လောက်လဲ" လာမေးတဲ့နှုန်း (Inquiry) သိသိသာသာ တက်လာပါလိမ့်မယ်။

✅ (၅) Gamma (Slide ဆွဲစရာမလိုတဲ့ Presentation ဆရာ)

PowerPoint မှာ စာစီ၊ ပုံရှာ၊ ဒီဇိုင်းချိန်နေရတာ အချိန်အရမ်းကုန်ပါတယ်။ Gamma က ခေါင်းစဉ်ပေးလိုက်ရုံနဲ့ Slide တွေ အကုန်လုပ်ပေးနိုင်ပါတယ်။
• လက်တွေ့ ဥပမာ:
ရုံးမှာဖြစ်ဖြစ်၊ လူကြီးတွေကိုဖြစ်ဖြစ် တင်ပြစရာရှိတယ် ဆိုပါစို့။ Gamma မှာ "Monthly Sales Report" (လစဉ်အရောင်းစာရင်း) သို့မဟုတ် "Coffee Shop Business Plan" လို့ ခေါင်းစဉ် ရိုက်ထည့်လိုက်ပါ။
• စာသား၊ ဓာတ်ပုံ၊ ဇယားကွက်တွေနဲ့ သပ်ရပ်လှပတဲ့ Slide (၈) မျက်နှာလောက် စက္ကန့်ပိုင်းအတွင်း အဆင်သင့် ထွက်လာပါလိမ့်မယ်။
• လုပ်ငန်းအတွက် အကျိုးကျေးဇူး:
ဒီဇိုင်းမတတ်လည်း "Professional ဆန်တဲ့ Presentation" တစ်ခုကို ချက်ချင်းရမယ်။ Slide လှတော့ လူကြီးတွေ/ဧည့်သည်တွေ သဘောကျမယ်၊ ကိုယ့်ပုံရိပ် (Image) လည်း တက်ပါတယ်။

👉 gamma.app

✅ (၆) NotebookLM (စာဖတ်ရတာ ပျင်းသူတွေအတွက်)

စာအုပ်အထူကြီးတွေ၊ ရှုပ်ထွေးတဲ့ စည်းကမ်း (Policy) PDF ဖိုင်တွေကို ဖတ်ဖို့ ပျင်းရင် သူ့ကို သုံးပါ။
• လက်တွေ့ ဥပမာ - page လုပ်နေရင် "Policy" တွေက အရေးကြီးတယ်။ ဖတ်ရတာ ခေါင်းမူးရင် Facebook Policy PDF ဖိုင်ကို NotebookLM ထဲ ထည့်လိုက်။ ပြီးရင် "အလှကုန် ရောင်းတဲ့အခါ Facebook က ဘဘယ်လို စကားလုံးတွေကို ပိတ်ပင်ထားလဲ? အကျဉ်းချုပ် ပြောပြပါ" လို့ မေးလိုက်။ Page ပျက်မယ့် ဘေးကနေ ကာကွယ်ဖို့ အဖြေချက်ချင်းထုတ်ပေးလိမ့်မယ်။
👉 notebooklm.google.com

"နည်းပညာက လူကို အစားထိုးမှာ မဟုတ်ပါဘူး။ နည်းပညာ သုံးတတ်တဲ့လူက မသုံးတတ်တဲ့လူကို အစားထိုးသွားမှာပါ"

ဒါကြောင့် ဒီနေ့ပဲ ကိုယ့်ဖုန်းထဲမှာ ဒီ Apps လေးတွေ၊ Websites လေးတွေ ဖွင့်ပြီး စမ်းကလိ ကြည့်ကြပါ။

၂၀၂၆ မှာ AI ကို မသုံးတာဟာ ခေတ်နောက်ကျတာ မဟုတ်ပါဘူး။
"ကိုယ့်အိတ်ထဲ ဝင်လာမယ့် ပိုက်ဆံတွေကို ငြင်းပယ်နေတာ" နဲ့ အတူတူပါပဲ။
သေချာပြန်တွက်ကြည့်ပါ

🛑 လုပ်ငန်းရှင်ဆိုရင် -
ကြော်ငြာတစ်ခု၊ ဒီဇိုင်းတစ်ခု၊ Video တစ်ပုဒ်အတွက် လစဉ် သိန်းဆယ်ချီ ကုန်ကျနေတာတွေက "မလိုအပ်ဘဲ ပိုပေးနေရတဲ့ စရိတ်" (Wasted Cost) တွေဖြစ်နေပါပြီ။ AI သာသုံးရင် အဲ့ဒီငွေတွေ ခင်ဗျားအိတ်ထဲမှာ အမြတ်အဖြစ် ကျန်နေမှာပါ။

🛑 ဝန်ထမ်းဆိုရင် -
သူများတွေက AI သုံးပြီး အလုပ် ၁၀ ခုကို ၁ နာရီနဲ့ ပြီးနေတဲ့အချိန်မှာ... ကိုယ်က ရိုးရိုးလက်လုပ်နဲ့ အချိန်ကုန်ခံနေတုန်းလား?
ဒါဆိုရင်တော့ လစာတိုးဖို့၊ ရာထူးတိုးဖို့ အခွင့်အရေးတွေက AI သုံးတတ်သူဆီပဲ ရောက်သွားမှာ သေချာပါတယ်။

🛑 လူငယ်ဆိုရင် -
Online ကနေ ဝင်ငွေရှာဖို့ အကောင်းဆုံးအချိန်ကို ဖြုန်းတီးနေတာပါပဲ။ YouTube, Content Creation, Service အားလုံးကို AI နဲ့ ဖန်တီးပြီး ဝင်ငွေရှာလို့ရနေတဲ့အချိန်မှာ ငေးကြည့်နေရင်တော့ နစ်နာလွန်းပါတယ်။

✅ ဒီပြဿနာတွေအတွက် အဖြေရှိပါတယ်။
AI ကို Tool တစ်ခုအနေနဲ့ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ "လက်နက်" တစ်ခုအနေနဲ့ တပ်ဆင်ပေးမယ့်...
🚀 AI Strategy Masterclass (AIS) - Batch 6 ရှိတယ်

ကျွန်တော်က လက်ရှိမှာ

Follower ပေါင်း (၂) သန်းနီး ပါးရှိတဲ့

⚜️အ လီ ဘာ ဘာ

Followerပေါင်း (၁)သန်း နီးပါးရှိတဲ့

🔱 Top Ten

ဒီလိုpageကြီးတွေကို တည်ထောင်ပြီး AI ဝန်ထမ်းတွေနဲ့ လည်ပတ်နေတာဖြစ်တယ်

ကျွန်တော်ကိုယ်တိုင် Zoom Liveနဲ့ သင်ကြားပေးနေတဲ့ AI Strategy Masterclassက သာမန်AIအသုံးပြုနည်း သင်တန်းမဟုတ်ဘူး

ကျွန်တော် content creationနယ်ပယ်မှာ (၁၀)နှစ်ကျော် တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး
ကုန်ကျစရိတ်အနည်းဆုံးနဲ့ ထိရောက်မှုအရှိဆုံး content strategy တွေ၊ branding strategy တွေ၊ ရောင်းအားတက်စေဖို့ AIနည်းဗျူဟာတွေ၊
အရေးကြီးဆုံးကတော့ AIဝန်ထမ်းတွေကို တခါတည်း ပေးပြီး ဒီAIဝန်ထမ်းတွေကို ဘယ်လို ထိထိရောက်ရောက် အသုံးချမလဲဆိုတာကို သင်ကြားပေးတာဖြစ်ပါတယ်

AISမှာက ခင်ဗျားတို့ကို AI သုံးနည်း သင်ပေးမှာ မဟုတ်ဘူး။
ခင်ဗျားတို့ လုပ်ငန်းကို မောင်းနှင်ပေးမယ့် 'AIဝန်ထမ်း' တွေကို တပ်ဆင်ပေးမှာ။

တခြားသူတွေက "ငါးဖမ်းနည်း ကို သင်နေချိန်မှာ၊ကျွန်တော်တို့က "ငါးဖမ်းပိုက်ကွန် (Ready-made AI ဝန်ထမ်း)" ကို လက်ထဲထည့်ပေးမှာ

(အရေးကြီးဆုံးအချက် - ဒီ AI ဝန်ထမ်းတွေကို ခိုင်းဖို့ လစဉ်ကြေး ဒေါ်လာတွေ ပေးပြီး Paid Tools တွေ ဝယ်စရာ လုံးဝ မလိုပါဘူး။ အခမဲ့ (Free) သုံးလို့ရတဲ့ AI တွေပေါ်မှာပဲ အစွမ်းထက်ဆုံး အလုပ်လုပ်ပေးနိုင်အောင် စနစ်တကျ တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။)

နောက်ပြီး ဒီ AI ဝန်ထမ်းတွေကို ဘယ်လိုသုံးရမလဲဆိုပြီး ဖိုင်တွေပေး၊ ဗီဒီယိုတွေပြပြီး ပစ်ထားခဲ့မှာ မဟုတ်ပါဘူး။ Zoom Live သင်နေတုန်းမှာပဲ ခင်ဗျားတို့ရဲ့ ဖုန်း၊ ဒါမှမဟုတ် Laptop ထဲကို ကျွန်တော်ကိုယ်တိုင် တစ်ခါတည်း Step-by-step အတူတူ ထည့်သွင်း (Setup) လုပ်ပေးသွားမှာပါ။ ဒါကြောင့် နည်းပညာ လုံးဝနားမလည်တဲ့သူတွေလည်း နောက်ကောက်ကျကျန်ခဲ့မှာ ပူစရာမလိုဘဲ အေးဆေး အဆင်ပြေပါတယ်။"

ဒါတွေတင်မကသေးဘူး
✅ ChatGPT, Gemini, Canva, Google Labs, Google AI Studio,NotebookLMဒါတွေကို လက်တွေ့အသုံးချတတ်အောင် သင်ကြားပေးတယ်

✅ AIကို အထာကျကျ ခိုင်းတတ်ဖို့ အရေးကြီးတဲ့Prompt Engineeringကိုလည်း သင်ကြားပေးတယ်

AI Strategy Masterclass ကိုသင်ကြားလာတာ အပတ်စဉ်(7)ကို ရောက်လာပြီ
သင်တန်းသားပေါင်း (400)ကျော်ကို AIဝန်ထမ်းတွေအပြင် AIနည်းပညာတွေကို စနစ်တကျ လေ့ကျင့်သင်ထားပြီးပြီ
Feedback ကောင်းတွေ ratingကောင်းတွေ အမြဲရတယ်

AIS Batch-6ကို မမှီလိုက်တဲ့သူတွေ အများကြီးပဲ
ဒါကြောင့် AIS Batch-7ကို အရယူထားမှ တော်ကာကျပါမယ်

AI Strategy Masterclassက မြန်မာပြည်မှာ ပထမဆုံး Live sessionနဲ့ သင်ကြားပေးမယ့် AI Classဖြစ်တယ်

AI Strategy Masterclass ကို Zoom နဲ့ တက်ရောက်ရမှာဖြစ်တယ်

AI trainerနဲ့ တိုက်ရိုက် Liveသင်ယူရမယ်
ဗီဒီယိုတွေတင်ထားတယ်၊ ကိုယ့်ဘာသာလေ့လာဆိုတဲ့ classမဟုတ်ဘူး
AI နည်းပညာရပ်တွေကို လုံးဝ ကျွမ်းကျင်တဲ့အထိ လေ့ကျင့်ရမယ်
Classက ပေးတဲ့ Assignmentတွေကိုလည်း မပျက်အကွက် လုပ်ရပါမယ်

AI Strategy Masterclassကို ဘယ်သူတွေ တက်သင့်လဲ?

- ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းလုပ်နေတဲ့သူတွေ
- Digital business စီးပွါးရေးလုပ်ငန်း လုပ်နေတဲ့သူတွေ
- AIနည်းပညာကို အခြေခံကနေစသင်ပြီး စီးပွါးရေး၊ပညာရေးအတွက် အသုံးချချင်တဲ့သူတွေ
- AIနည်းပညာတွေကို အတွေ့အကြုံများတဲ့ သင်တန်းဆရာနဲ့ တိုက်ရိုက်သင်ယူချင်တဲ့သူတွေ

AI Strategy Masterclassကို ဘယ်လို တက်ရောက်ရမလဲ

✅AI Masterclass က 2026 July(4)ရက်နေ့မှာစမယ်
✅ သင်တန်းကာလ (၁)လခွဲ ကြာမြင့်မယ်
တစ်ပတ်ကို (၂)ရက် ၊ (၁)ရက်ကို (၂)နာရီ Zoomနဲ့ သင်ယူရမှာဖြစ်တယ်
စနေ-တနင်္ဂနွေ (ည ၈နာရီ- ၁၀နာရီ) အချိန်တွေဖြစ်တယ်

သင်တန်းစည်းကမ်းချက်

သင်တန်းကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း Live မတက်မနေရ တက်ရောက်ပေးရပါမယ်။ (ဒါပေမဲ့ အလုပ်လုပ်နေသူတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ရုတ်တရက် အရေးပေါ်ကိစ္စ ပေါ်လာတာမျိုး၊ မီးပျက်/အင်တာနက် အခက်အခဲ ရှိသွားတာမျိုးတွေအတွက် သင်တန်း Record Video ကို ပြန်လည်ကြည့်ရှုနိုင်အောင် အထူးစီစဉ်ပေးထားပါတယ်။)

✅ဖုန်း(သို့) Laptopလိုမယ်

Fees(သင်တန်းကြေး)က ဘယ်လောက်လဲ?

ခင်ဗျားလုပ်ငန်းကို
မောင်းနှင်ပေးသွားမယ့်
ဒီ AI Department တစ်ခုလုံးကို
ကိုယ်ပိုင် ပိုင်ဆိုင်ဖို့အတွက်
ရင်းနှီးရမယ့် ပမာဏက...
ပုံမှန် သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ်တည်းပါ

AI Strategy Masterclass Batch (7)အတွက်
Early bird Promotion

ပုံမှန် သင်တန်းကြေး - 💵 ၂၅၀,၀၀၀ ကျပ် ကို

June(10-20)ရက်အတွင်း
ပထမဆုံး စာရင်းသွင်းအပ်နှံသူ ပထမဆုံး (၇) ဦး အတွက်သာ...

🎯 အထူးသင်တန်းကြေး - ၁၇၀,၀၀၀ ကျပ် ဖြင့် တက်ရောက်ခွင့်ပေးသွားပါမယ်။

သတ်မှတ်လူဦးရေ ပြည့်သွားပါက ပုံမှန်သင်တန်းကြေး ၂၅၀,၀၀၀ ကျပ် ဖြင့်သာ လက်ခံသွားပါမည် ဖြစ်၍ မြန်မြန်လေး နေရာယူထားဖို့တော့ လိုပါမယ်

ဒါ့အပြင်

✅ ၂သိန်းတန်ကြေးရှိတဲ့ YouTube ဝင်ငွေရှာနည်း သင်တန်း(၂)ခုကို ရာသက်ပန် တက်ရောက်ခွင့်ရမယ်
သင်တန်းသားတိုင်းYouTube ကနေ ဝင်ငွေရှာနိုင်ဖို့ ရည်ရွယ်ထားတယ်

✅Canva (ဖုန်းနဲ့ Graphic design ဖန်တီးနည်း) သင်တန်းကို ရာသက်ပန် တက်ရောက်ခွင့်ရမယ်

AI Strategy Masterclass တက်ရောက်ပြီးတာနဲ့
✅ AI နည်းပညာတွေကို လုံးဝကျွမ်းကျင်သွားမယ်
✅ကိုယ့်လုပ်ငန်းအတွက် AIကို လက်တွေ့အသုံးချတတ်သွားမယ်
✅ Digital Businessကို ကိုယ်တိုင်လုပ်နိုင်လာတယ်
✅AIနဲ့ Content Creation ကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်သွားမယ်
✅YouTubeဝင်ငွေရှာနည်းတွေကို အခြေခံကနေ သေချာသဘောပေါက်သွားမယ်၊ ကိုယ်တိုင်ဝင်ငွေရှာနိုင်လာမယ်

သင်တန်းတက်မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ?

✅ အလီဘာဘာ pageရဲ့ Chatboxမှာ AIS လို့ ပို့ပေးလိုက်ပါ
တွေဝေမနေနဲ့တော့
နောက်ကျတယ်ဆိုတာ နေရာတိုင်းမှာ မကောင်းဘူး
အခွင့်အရေးပေးတုန်း အရယူထားပါ

အားလုံး ကျန်းမာချမ်းသာကြပါစေ


#အနာဂတ်_AI
ီ_ဘာ_ဘာ_AI
ီ_ဘာ_ဘာ

19/06/2026

‎
‎
‎လုပ်ငန်းခွင်ထဲမှာ မကြာမကြာ ကြားရတတ်တဲ့ စကားတစ်ခွန်းရှိပါတယ်။
‎
‎“သင်‌ပေးရင်လုပ်တတ်တယ်မသင်ပေးလို့ မသိတာပါဆိုပြီးတော့ပေါ့။
‎"သင်ပေးရင် သေချာလုပ်ပါတယ်” ဆိုတဲ့စကားပေါ့နော်။
‎ကျွန်မအမြင်မှာတော့ လုပ်ငန်းခွင်ဆိုတာ
‎စာတွေ့ကနေ လက်တွေ့အဖြစ် ပြောင်းလဲသင်ယူရတဲ့နေရာလို့မြင်ပါတယ်။
‎
‎အလုပ်တစ်ခု စလုပ်တဲ့အခါ
‎ရှေ့ကလူလုပ်ထားတဲ့ file တွေ ရှိတယ်။
‎အထက်လူကြီးက ချပေးထားတဲ့ template တွေရှိတယ်။
‎Guide တွေပေးထားတယ်။
‎မရှင်းရင် မေးဖို့လည်းပြောထားတယ်။
‎လာမေးရင်လည်း သေချာရှင်းပြပေးထားတယ်။
‎
‎ဒါပေမဲ့ ပြန်စစ်တဲ့အခါ
‎template မလိုက်ထားတာ၊
‎guide မဖတ်ထားတာ၊
‎အဆိုးဆုံးကကိုယ်လည်းမလုပ်တတ်ဘူး သူများလုပ်ပေးထားတဲ့ Format တွေကိုလည်း ဟိုလုပ်ဒီလုပ်နဲ့စမ်းသပ်ထားတာဘာဘဲ။
‎မေးရမယ့်နေရာမှာ မမေးဘဲ ခန့်မှန်းလုပ်ထားတာပါ၊
‎ကိုယ်လုပ်ချင်သလိုလုပ်ထားတာတွေ တွေ့ရပါတယ်။
‎
‎ပြီးမှဘာပြောလဲဆိုတော့_
‎
‎“မသင်ပေးလို့ မသိတာပါ”
‎“သင်ပေးရင် သေချာလုပ်ပါတယ်” ဆိုတဲ့ စကားနဲ့ ပြန်ရှင်းကြတယ်။
‎တကယ်တော့ လုပ်ငန်းခွင်မှာ သင်ယူတယ်ဆိုတာ
‎မူလတန်းကျောင်းသားတစ်‌ယောက်အတွက်အိမ်
‎ခေါ်သင်တဲ့ Guide တစ်ယောက်လိုသင်ပေးတာမဟုတ်ဘူးနော်၊
‎
‎Guide ပေးထားရင် ဖတ်တတ်ရမယ်။
‎Template ပေးထားရင် လိုက်လုပ်တတ်ရမယ်။
‎မရှင်းရင် မေးတတ်ရမယ်။
‎အမှားလုပ်မိရင် မှတ်သားပြီး ထပ်မမှားအောင် ပြင်တတ်ရမယ်။
‎မတူတဲ့အခြေအနေကြုံလာရင်လည်း သင်ထားတာနဲ့ ချိတ်ဆက်စဉ်းစားတတ်ရမယ်။
‎
‎အလုပ်ခွင်မှာ တိုးတက်ချင်ရင်
‎“မသင်ထားလို့ မလုပ်တတ်ဘူး” ဆိုတဲ့ mindset ထက်
‎“ပေးထားတဲ့ guide ကို ဘယ်လိုအသုံးချမလဲ” ဆိုတဲ့ mindset က ပိုအရေးကြီးပါတယ်။
‎
‎သင်ပေးသူရှိတာက အခွင့်အရေးပါ။
‎ဒါပေမဲ့ သင်ယူချင်စိတ်ရှိမှပဲ အဲ့ဒီအခွင့်အရေးက တန်ဖိုးရှိလာတာပါ။

01/06/2026

(၂၅)နှစ်လောက်တာလုပ်လာခဲ့တဲ့ တစ်လျှောက်မှာကြုံတွေ့ခဲ့ရတဲ့ ဘဏ္ဍာရေးလောကရဲ့အတွေ့အကြုံတစ်ချို့ကိုမျှဝေပေးချင်ပါတယ်။

၁၉၉၆ခုနှစ်ဆယ်တန်းစာမေးပွဲဖြေထားရင်းနဲ့ Computer သင်တန်းတက်ပြီး Computer lecture (၂)နှစ်လောက်လုပ်ခဲ့ပြီး Company တစ်ခုရဲ့ Finance department မှာဝင်လုပ်ခဲ့ပါတယ်၊ Computer ဆရာမလုပ်ခဲ့တဲ့သူဆိုတော့လည်း Computer ကျွမ်းကျင်မှုကြောင့်အစပိုင်းမှာတောင်သူများ‌တွေထက်တစ်ပန်းသာခဲ့တာပေါ့။ တစ်နှစ်၊ နှစ်နှစ်လောက်ကြာတော့ Eco major မဟုတ်ပေမဲ့လည်းစာရင်းပိုင်းကိုစိတ်ဝင်စားမှုကြောင့်လုပ်ငန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပြီး Company ဝန်ထမ်းတွေကိုလည်း Computer သင်ပေး၊ စာရင်း Format တွေအတွက်အကူအညီတောင်းတဲ့သူတွေကိုလည်းကူညီပေးလို့ ကိုယ့်ရဲ့တန်ရာတန်ကြေးအတွက် FM က GM ထံမှာလစာတိုးပေးဖို့အကြိမ်ကြိမ်ပြောပေမဲ့မတိုးပေးတဲ့အပြင် သူ့ရဲ့ဘာမှမတတ်တဲ့အမျိုးတွေကိုကျွန်မအောက်မှာခန့်တယ် ကွန်ပျူတာ၊ စာရင်းပိုင်းတွေကိုလည်းသင်ပေးလို့တတ်သွားရော တစ်ခြားဌာနတွေရဲ့ Supervisor တို့ဘာတို့ပေါ့လစာကောင်းတဲ့နေရာတွေကိုရွှေ့ပေးလိုက်တယ်၊ Warehouse manager resign လုပ်တော့ သူ့ရဲ့ညီမကိုအဲ့ဒီနေရာကိုပေးချင်တော့ ကျွန်မကစာရင်းပိုင်းဘဲစိတ်ဝင်စားတဲ့လူတစ်ယောက်ဆိုတာသိရက်နဲ့အဲ့ဒီ‌နေရာအတွက် ကျွန်မကိုအရင် Propose လုပ်ပါတယ်၊ Finance department မှာ သမီးအထက်မှာ Senior ရှိနေတော့သမီးကသူ့ထက်‌တော်ပေမဲ့သူ့ကိုကျော်လို့မရဘူးပေါ့သမီးမလုပ်ရင် သမီးလောက်အရည်အချင်းမရှိတဲ့သူကိုပို့ရင်သမီးခံစားရမယ်ဘာညာပေါ့ ကျွန်မလည်းရပါတယ်ဘာမှမဖြစ်ဘူးလို့ပြောလိုက်ပါတယ်။ ကျွန်မလည်းမသွားတော့ထင်တဲ့အတိုင်းသူ့ညီမကိုပို့လိုက်တယ်၊ ‌သူဌေးက GM ရဲ့လုပ်ရပ်တွေကိုတော်တော်လေးလည်းသိသွားတော့ GM ကအလုပ်ထုတ်ခံလိုက်ရတော့သူ့ညီမလည်းအရည်အချင်းမရှိ‌
တော့ထွက်သွား‌ရောတဲ့လေ၊ ကိုယ်ကတော့အဲ့ဒီအချိန်မှာတခြားတနေရာရောက်နေပြီလေ။

နောက်ထပ် Company တစ်ခုကအတွေ့အကြုံလေးပါ
ဒီရဲ့ Massage ကတော့ ကျွန်မအတွက်ကတော့ Company တစ်ခုမှာ ပညာရရင်ရ၊ လစာကောင်းရင်ကောင်း၊ ၂ခုစလုံးမရှိရင်တော့ အဲ့ဒီအလုပ်မှာမနေသင့်ပါဘူးဆိုတဲ့ massage ပေါ့။
Manufacturing Company တစ်ခုမှာပေါ့ Prossess တွေကလည်းများ၊ CA ကလည်းထွက်၊ ၄နှစ်လောက်ကြာနေတဲ့ Accountant ၂ယောက်ကလည်း စာရင်းပိုင်းသာမက ကိုယ်လုပ်နေတဲ့ Company ရဲ့ Manufacturing process ကိုတောင်နားမလည်၊ Company ကဝယ်ထားတဲ့ Accounting software ကိုတောင်သူတို့ Apply မလုပ်တတ်လို့ရပ်ထားရတာဝယ်ထားတာ၂နှစ်လောက်ရှိနေပြီ ဒါ့ကြောင့်မို့ ငါဒီမှာ ရာထူး၊ လစာမရပေမဲ့ အတွေ့အကြုံရမယ် ဒီအတွေ့အကြုံကငါ့ကိုဒီထက်မြင့်တဲ့အဆင့်ကိုရောက်အောင်ပို့‌‌ပေးမှာဆိုပြီး လာသမျှအခက်အခဲတွေကိုကျော်ဖြတ်ခဲ့တယ်၊ အဲ့အချိန်မှာ Software ကိုလည်း lead လုပ်ပြီး Manufacturing, Financial report ထွက်အောင်လုပ်ပြီး Company ကလည်း တကယ်စနစ်ကျတဲ့ Share Company ဆိုတော့ Financial report and analysis ကို Excel နဲ့ လုပ်ပြီး အခုခေတ် Dashboard လိုပေါ့ အရင်ကတော့ Excel မှာ Chart (Column , Pie, Line chart) တွေသုံးပြီး BOD report လုပ်ပေးရပါတယ်၊ Budget, Costing ပိုင်းကိုလည်း Control လုပ်ရပါတယ်၊ တစ်ဘက်မှာလည်း Internal Auditor အနေနဲ့ ၃လတစ်ကြိမ် ISO Audit စစ်ခြင်း၊ Review လုပ်ခြင်းများလည်းလုပ်ရပါသေးတယ်၊ Budget အတွက်ကလည်း Monitoring ပါလုပ်ရပါတယ်၊ Costing ကလည်း Company ရဲ့သတ်မှတ် GP % အောက်ကိုမရောက်အောင် monitoring လုပ်ရသေးတယ်၊ အဲ့ဒီတုန်းက Factory စာရင်းကိုင်ကောင်မလေးပြောဖူးတာတစ်ခုကတော့ သူတို့ monthly report ‌ကိုအရင်စာရင်းကိုင်တွေကတစ်ခါမှမကိုက်ဘူးဆိုပြီးမရှာခိုင်းဖူးဘူးတဲ့လေ၊ တကယ်တော့တချို့စာရင်းကိုင်တွေက Stock အဝင်အထွက်တွေကိုအသေးစိတ်မစစ်ကြတာပါ။ အဲ့ဒီတုန်းကဆိုရင် Excel နဲ့ထွက်ထားပြီးသားကို Software မှာအရင်စမ်းသပ်တဲ့ကာလမို့ Process ကများတော့စာရင်းတွေပြီးချင်လို့ ရုံးကဝန်ထမ်း‌တွေကိုကျိုက်ထီးရိုးကိုလိုက်ပို့ပေးတာကိုမလိုက်သွားဘဲ ရုံးကားနဲ့ ကွန်ပျူတာကိုအိမ်ကိုပို့ပေးပြီးပိတ်ရက်မှာအလုပ်တွေလုပ်‌ခဲ့ပေမဲ့ ရုံးမတက်လို့ဆိုပြီးလစာအဖြတ်ခံခဲ့ရပါတယ်၊ စက်ရုံကပိတ်တာတဲ့၊ ရုံးချုပ်မှာလာဆင်းရမယ်တဲ့လေ၊ Finance director ကထုချေလွှာတင်ခိုင်းပါတယ်ဒါပေမဲ့ကျွန်မကအဲ့ဒီ၂ရက်စာနဲ့လည်းကျွန်မဘာမှဖြစ်မသွားပါဘူးဆိုပြီးပြောလိုက်ပါတယ်။ ကျွန်မကစာရင်းကိုင်တက်ကတည်းက လက်တွေ့မှာပုံဖေါ်လေ့လာခဲ့သူမို့ သူတို့ရဲ့စာရင်း Format တွေ‌ေလးလာပြီးစာတွေ့နဲ့ပေါင်းပြီးသင်‌ပေးစရာမလိုဘဲအကောင်းဆုံးလုပ်နိုင်ခဲ့တာပါ၊ ‌ဒါပေမဲ့ကျွန်မ အမြဲတမ်းအဲ့ဒီ Company ကိုကျေးဇူးတင်နေပါတယ်။

နောက်ဆုံးပြောပြချင်တဲ့အတွေ့အကြုံတစ်ခုကတော့ Chief Accountant အနေနဲ့လုပ်ခဲ့တဲ့ Company မှာပါ၊ Chief Accountant ဆိုသော်လည်းတာဝန်ကတော့ CFO role ပါဘဲ၊ ကိုယ်ကလည်း စနစ်မကျရင်မလုပ်တတ်တဲ့သူဆိုတော့ အပင်ပမ်းခံပြီးစနစ်ချတယ်၊ စာရင်းကိုင်သင်တန်းလည်းတက်မထား၊ ဘာမှလည်းမတတ်တဲ့လူဟောင်းတွေကိုသင်ပေးတယ်၊ Cashier ဆိုလည်း ငွေသားအဝင်အထွက်ဘဲကိုင်တယ်၊ Bank အဝင်အထွက်လက်ကျန်စာရင်းကမရှိ AP/ AR ကိုင်တဲ့သူကလည်း ကိုယ်တိုင်လည်းမတတ်ဘူး၊ ပြောရင်လည်းကတ်ကတ်လန်နေတယ်၊ သူနဲ့ CEO နဲ့ကိစ္စတစ်ခုနဲ့ညိပြီးထွက်သွားတော့မှ Finance director ကပြောတယ် တော်‌သေးတယ်သူထွက်သွားလို့တဲ့လေ၊ တချို့နေရာတွေမှာ အဲ့လိုလူမျိုးတွေရှိပါတယ်၊ Customer Code ကမရှိ၊ Customer Name တွေကိုလည်း ဒီလက Long name နောက်လဆိုရင် Short name နောက်တစ်လဆို Nick name နဲ့ပေါ့ Site name တွေမှာလည်း Code မရှိဘဲ Operation, Finance, HR, Admin, S*M ဌာနတစ်ခုနဲ့တစ်ခု က Site name တွေမတူ၊ ဟော Inventory ကျပြန်တော့လည်း Product code ကမရှိ Product name တွေကလည်း Finance , Operation, S*M တစ်ဌာနတစ်မျိုးစီ၊ Inventory ကိုင်တဲ့လူကလည်း ကိုယ်လုပ်နေတဲ့စာရင်းကိုကိုယ်နားမလည်၊ S*M က Invoice ဖွင့်ပြီး Finance က AR Control ledger လုပ်တော့ AR account ထဲမှာ တစ်ချို့ Invoice တွေမပါဘူး ကိုယ် May မှာဝင်တယ်ဆိုပေမဲ့ စာရင်းတွေ update ဖြစ်ဖို့အရှေ့တစ်နှစ်စာနီးပါးလောက်ကိုလိုက်ရတယ် Invoice တွေ AR account မှာမထည့်ထားတဲ့ Invoice အတွက် သိန်း ၃၀၀လောက်ပြန်ရတယ်၊ Staff loan, Salary advanced တွေလည်း ကိုင်တဲ့တစ်ယောက်က လကုန်မ Payment စာရွက်တွေကရှာပြီး HR ကိုဖြတ်ဖို့ပေးတော့ ကိုယ်စစ်လိုက်တဲ့တစ်လမှာတောင် Advanced salary ဖြတ်ဖို့ ၅သိန်းလောက်ကျန်ခဲ့တယ်ကိုယ်မရောက်ခင်တုန်းကဘယ်လိုများဖြစ်နေမလဲ၊
ကိုယ်ကစနစ်မကျဘဲမလုပ်တတ်တော့ Format တွေချ၊ Customer, Supplier, Inventory Code တွေ၊ ၎င်း Name တွေကိုဌာနအားလုံးနဲ့တူအောင်လုပ်၊ COA အတွက်လိုတာတွေထပ်ထည့်၊ Financial report format, Finance တစ်ခုတည်းမဟုတ်ဘဲ Operation အတွက်ပါ တိကျ၊ မြန်ဆန်ပြီး Format တွေစနစ်တကျလုပ်ပေး၊ Double job ဖြစ်နေတာတွေကိုလျှော့ချတော့ ၂ယောက်လုပ်ရတာတွေကိုတစ်ယောက်တည်းလုပ်လို့နိုင်စနစ်ကျတဲ့ Format တွေချပေး၊ SOP, JD, KPI တွေပြင်ပေး၊ စနစ်တကျလည်းဖြစ်သွားရော၊ အရင်မလုပ်တတ်တဲ့နှစ်ကြာလာပြီး လူ
ယုံလို့ခေါ်တဲ့မယုံရတဲ့သူတွေ၊ အမျိုးတွေကတော့လုပ်တတ်သွားတော့ (သူများလုပ်ထားတဲ့ Format မှာစာရင်းဘဲသွင်းတတ်ပြီး တစ်ခုခုဖြစ်ရင်ဘာမှမလုပ်တတ်တာနော်) လစာတွေတိုး Company ကလည်း ဝန်ထမ်းဟောင်းထွက်သွားရင်‌တောင်စနစ်ရှိသွားတော့ပူစရာမလိုတော့ဘူးလေ၊ အဲ့လိုလုပ်ပေးခဲ့တာတွေအတွက်ဘာပြောလဲသိလား "ကျေးဇူးတင်ပါတယ်" လေ ကျွန်မအတွက်ကတော့ အာရုံစိုက်ရလွန်းလို့အာရုံကြောရောဂါတွေရလိုက်ပါတယ်၊ ဒါကြောင့်တချို့ CA တွေပညာသင်မပေးကြသလို Format တွေလည်းပင်ပန်းခံပြီးမချပေးကြတာကိုနားလည်ပေးလိုက်ကြပါ။ ဒါပေမဲ့လူကွာတာပါ အရင် Company ကဆို ကိုယ်တောင်ဘာမှမပြောဘူး COA လေးထောင်ပြီးအရင်စာရင်းကိုမှန်အောင်လုပ်ပြီး Format ချပေးခဲ့တာတောင်တစ်လစာပေးပါတယ်၊ အခုလုပ်ပေးရတာရဲ့ လေးပုံတစ်ပုံတောင်မရှိပါဘူး။
စာလေးရှည်သွားပါတယ် ဖတ်တဲ့လယတွေအရှ ်ကြီးဖတ်လိုက်ရလို့ Sorry ပါနော်။

Address

Yangon

Telephone

+959773993711

Website

Alerts

Be the first to know and let us send you an email when Top Business Solution. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Top Business Solution.:

Shortcuts

Share