05/10/2020
ကံနည္းသူတို႔ ထြက္ရပ္လမ္း
************************
#ေဒါက္တာေမာင္ေမာင္သိမ္း
ၿမိဳ႕ ျပဆိုင္ရာ အာမခံလုပ္ငန္းေတြကို တစ္ခုခ်င္းအေသးစိတ္ မေျပာခင္မွာ “ အာမခံလုပ္ငန္းဆိုတာ ဘာလဲ” က စလိုက္ရေအာင္လား။ ပညာရွင္ အမ်ဳိးမ်ဳိးက အဓိပၸါယ္အမ်ဳိးမ်ဳိး ဖြင့္ဆိုခဲ့ၾကပါတယ္။
ပါေမာကၡေဒါက္တာႏူမင္း ( Professor Dr.Numan A.Williams) ကေတာ့ အာမခံလုပ္ငန္းဆိုတာဟာ ပူးေပါင္းေဆာင္ရြက္ရတဲ့ ဘ႑ာေရး၊ စီးပြားေရး စနစျ္ဖစၿ္ပီး ဒီစနစ္က အာမခံေပၚလစီပုိင္ရွင္ေတြကုိ ႀကီးမားၿပီး ျဖစ္ႏုငိ္ ္ေျခရိွတဲ့ ဆုံး႐ႈးံမႈကို ေသးငယ္ၿပီး ေသခ်ာတဲ့ ဆုံး႐ႈံးမႈနဲ႔ အစားထိုးႏိုင္ေစတယ္လို႔အဓိပၸါယ္ဖြင့္ခဲ့ပါတယ္။
ပူးေပါင္းေဆာင္ရြက္ရတဲ့စနစ္ ဆိုတာကလည္းမွန္ပါတယ္၊ ဘ႑ာေရးစီးပြားေရးစနစ္ ဆိုတာလည္း မွန္ပါတယ္၊ ဒါေပမဲ့ ႀကီးမားၿပီး ျဖစ္ႏုိင္ေျခရိွတဲ့ ဆုံး႐ႈးံမႈကို ေသးငယ္ၿပီး ေသခ်ာတဲ့ ဆုံး႐ႈးံမႈနဲ႕အစားထိုးတယ္ဆိုတာက ဘာႀကီးလဲ မရွင္းပါလားလို ေမးႏုိင္ပါတယ္။
အာမခံထားတယ္ဆိုရင္ ပရီမီယံေၾကးေပးသြင္းရပါတယ္။ ဒါဟာ ေပးသြင္းသူအတြက္ ေသးငယ္ၿပီး ေသခ်ာတဲ့ဆုံး႐ႈးံမႈပဲ မဟုတ္ပါလား။ ႀကီးမာၿပီးျဖစ္ႏုိင္ေျခရိွတဲ့ဆုံး႐ႈံးမႈဆိုတာကေတာ့ အာမခံထားတဲ့ပစၥည္း ဥပမာ-အိမ္ဆိုပါေတာ့ဗ်ာ။ မီးေလာင္ၿပီဆိုရင္ ဒါဟာ ပရီမီယံေၾကးေပးရတာနဲ႔စာရင္ ႀကီးမားတဲ့ ဆုံး႐ႈးံမႈေပပဲ မဟုတ္လား။ သို႔ေသာ္ ေလာင္မယ္၊ မေလာင္ဘူးဆိုတာက မေသခ်ာဘူး။ ဒါေပမဲ့ ျဖစ္ႏုိင္ေျခကေတာ့ ရိွေနတာပ။ဲ ဒါမ်ိဳးကိ ုႀကးီမာၿပီး ျဖစ္ႏိုင္ေျခရွိတဲ့ ဆုံးရွဳံးမႈလို႔ ေခၚဆိုျခင္းျဖစ္ပါတယ္။
အာမခံထားရင္ ပရီမီယံေပးရတယ္။ အဲဒီလိုပရီမီယံေပးတဲ့အတြက္လည္း အာမခံထားတဲ့ပစၥည္း ဆုံး႐ႈးံ ပ်က္စီးရင္ အာမခံကုမၸဏီက ေလ်ာ္တယ္။ ဒါေၾကာင့္ ပရီမီယံေပးျခင္း ဆိုတဲ့ေသးငယ္ၿပီးေသခ်ာတဲ့ဆုံး႐ႈးံ မႈနဲ႕ မီးေလာင္ရင္ျဖစ္ေစ၊ ငလ်င္လႈပ္ရင္ျဖစ္ေစ ေပၚေပါက္ႏုိင္တဲ့ ႀကီးမာတဲ့ ဆုံး႐ႈးံမႈကို အစားထုိုးျခင္းလို႔ဆိုတာ မွန္တယ္ခင္ဗ်၊ နည္းနည္းေတာ့ ႐ႈပ္တာေပါေ့ နာ္။
ေဒါက္တာႏူမင္းကပဲ အျခားအဓိပၸါယ္သတ္မွတ္ခ်က္ကို ေပးပါေသးတယ္။ အာမခံလုပ္ငန္း ဆိုတာဟာ ေငြေရးေၾကးေရး အခက္အခဲေတြ႕ခ်ိန္မွာ တစ္ဦးကိုတစ္ဦး အကူအညီေပးႏုိင္ေအာင္လို႔ ပုံစံခ်ထားတဲ့စနစ္တဲ့ခင္ဗ်။
ဒီဖြင့္ဆိုခ်က္ကိုေတာ့ ကၽြန္ေတာ္သိပ္ဘဝင္မက်ဘူး။ မွန္ေတာ့မွန္တယ္၊ မထိမိဘူးလို႔ယူဆတယ္။ ေငြေရးေၾကးေရးအခက္အခဲေတြ႕တိုင္း အာမခံလုပ္ငန္းက ကူညီတာမွမဟုတ္ပဲ။
ေမွ်ာ္လင့္မထားတဲ့ အႏၲရာယ္ေတြေၾကာင့္ အာမခံထားတဲ့ ပစၥည္းဆုံး႐ႈးံပ်က္စီးၿပီး ကာယကံရွင္မွာ ေငြေရးေၾကးေရး အခက္အခဲေတြ႕မွ အာမခံလုပ္ငန္းက ကူညီမွာ။
“တစ္ဦးကိုတစ္ဦး အကူအညီ ေပးႏိုင္ေအာင္လို႔” ဆိုတာကိုေတာ့ ႀကိဳက္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အာမခံလုပ္ငန္းဟာ အမ်ားအတြက္တစ္ဦး ျဖစ္သလို တစ္ဦးအတြက္အမ်ားျဖစ္ရမယ္ (One for all and all for one) ဆိုတဲ့သေဘာ ေဆာင္ေနတာ ကိုး။ အဲဒီလိုကူညီလို႔ရေအာင္လည္း အာမခံလုပ္ငန္းမွာ စနစ္တစ္ရပ္အေနနဲ႕ စီစဥ္ထားတယ္ေလ။ ဒါေၾကာင့္ ဒီဒုတိယအဓိပၸါယ္ ဖြင့္ဆိုခ်က္ဟာမွန္ေတာ့မွန္တယ္။ မျပည့္စုံဘူး လုိ႔ဆိုရပါမယ္။
အာမခံလုပ္ငန္းပညာ ပါေမာကၡေဒါက္တာရတ္ဂ်ဒါ (Professor Dr.George E.Rejda) ကလည္း အာမခံလုပ္ငန္းဆိုတာ ဘာလဲလို႔ အဓိပၸါယ္ ဖြင့္ဆိုေပးခဲ့ပါတယ္။ သူ႔ဖြင့္ဆုိခ်က္က ပညာရွင္ ဆန္လြန္းေနမလားပဲ။ သူက အာမခံလုပ္ငန္းဆိုတာ ဟာ ဆုံးရွဳံးမႈ ျဖစ္ႏိုင္တဲ့ အလားအလာကုိ အာမခံကုမၸဏီ ((အဆိုပါဆံုး႐ံႈးမႈေတြျဖစ္ခဲ့ရင္ အာမခံထားသူကို ေငြေၾကးနဲ႔ေပးေလ်ာ္
ပါမယ္လို႔ သေဘာတူထားတဲ့ အာမခံကုမၸဏီ)ေတြကို လႊဲေျပာင္း ေပးအပ္ျခင္းအားျဖင့္ အခါအခြင့္ႀကံဳရင္ ေပၚေပါက္လာတတ္တဲ့ ဆုံး႐ႈံးမႈေတြကို စုစည္းျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
သူ႕အဓိပၸာယ္ဖြင့္ဆိုခ်က္ကိုနားလည္ဖို႔က စကားလံုးေတြသိဖို႔လိုလာပါတယ္။ ဆုံး႐ႈးံမႈျဖစ္ႏုိင္တဲ့ အလားအလာဆိုတာrisk ကို ဆိုတာပါ။ ဆုံး႐ႈးံမႈျဖစ္ႏုိင္တဲ့ အလားအလာကို လႊဲေျပာင္းေပးျခင္း ဆိုတာကိုအာမခံလုပ္ငန္းပညာရပ္မွာေတာ့ Transfer of risk လို႔သံုးပါတယ္။ အခါအခြင့္ႀကံဳရင္ ေပၚေပါက္တတ္တဲ့ ဆုံး႐ႈံးမႈဆိုတာကိုေတာ့ Fortuitous loss လို႔ေခၚပါတယ္။
ဒါေၾကာင့္ေဒါက္တာရတ္ဂ်ဒါရဲ႕ အလိုအရ အာမခံလုပ္ငန္းဆိုတာ - အခါအခြင့္ႀကံဳရင္ ေပၚေပါက္တတ္တဲ့ဆုံး႐ႈးံမႈေတြကို စုစည္းျခင္းျဖစ္တယ္။ ဘယ္လိုနည္းနဲ႔ စုစည္းသလဲ ဆိုရင္ဆုံး႐ႈးံမႈျဖစ္ႏုိင္တဲ့ အလားအလာကို အာမခံကုမၸဏီကို လႊဲေျပာင္းေပးျခင္းနည္းလမ္းနဲ႔ စုစည္းတယ္။ အာမခံကုမၸဏီဘက္ကလည္း ဆုံး႐ႈးံမႈေပၚေပါက္လာရင္ ေငြေၾကးနဲ႔ ေပးေလ်ာ္မယ္လို႔ သေဘာတူထားရမယ္လို႔ ရွင္းလင္းနားလည္ႏုိင္ပါတယ္။
အာမခံလုပ္ငန္းဆိုတာဟာ အာမခံကုမၸဏီဘက္က ၾကည့္ရင္ေတာ့ အခါအခြင့္ႀကံဳရင္ ေပၚေပါက္တတ္တဲ့ ဆုံး႐ႈံးမႈေတြကို စုစည္းျခင္းပဲျဖစ္တယ္။ ဒီလိုစုစည္းရာမွာလည္း ဆုံး႐ႈံးမႈျဖစ္ႏုိင္တဲ့ အလားအလာကို လႊဲေျပာင္းယူျခင္းျဖင့္ စုစည္းျခင္းျဖစ္တဲ့ အတြက္ ေဒါက္တာရတ္ဂ်ဒါရဲ႕ ဖြင့္ဆိုခ်က္ဟာ မွန္ေနျပန္ပါေရာခင္ဗ်။
ဒီဖြင့္ဆိုခ်က္သံုးရပ္ဟာ ကမာၻေက်ာ္ပါပဲ။ ဒါေပမဲ့ နည္းနည္းကေလးမ်ားေထာင့္ေနမလား။ ဘူးလံုးနားမထြင္း ျဖစ္ေနမလားပဲ။
ဒီအတြက္ေတာ့ မပူပါနဲ႕။ ကၽြန္ေတာ့္မွာ ‘ေဆး’ရိွပါတယ္။ ခက္တာကိုလြယ္ေအာင္၊ ႐ႈပ္တာကို ရွင္းေအာင္ လုပ္တဲ့ ေဆး။ ဒါက ကၽြန္ေတာ္နားလည္သလို လက္ေတြ႕မွာ ကၽြန္ေတာ္ေတြ႕ျမင္ခံစားေနရသလို ဖြင့္ဆိုထားတဲ ့အဓိပၸါယ္ဖြင့္ဆိုခ်က္ပါ။ ကိုယ္ပိုင္ကေလးပါ။ ဘယ္သူ႕ကိုမွကူးမခ်ပါဘူး။
ကၽြန္ေတာ့္အျမင္မွာေတာ့ အာမခံလုပ္ငန္းဆိုတာဟာ အာမခံေပၚလစီခ်ဳပ္မွာ ႀကိဳတင္သတ္မွတ္ထားတဲ့အေၾကာင္းတရားေတြ ေၾကာင္ ့အာမခံထားတ့ဲ ပစၥည္းပ်က္စီးဆုံး႐ႈးံရင္ ေငြေၾကးနဲ႔ေပးေလ်ာ္ႏိုင္ဖို႔ သို႔မဟုတ္ရင္လည္း အစားထိုးႏုိင္ဖို႔အတြက္ တီထြင္ထားတဲ့ စနစ္ပါပဲ။
တစ္ေန႔က ကၽြန္ေတာ့္စားပြဲေပၚမွာ သတင္းစာလႊာ (News Letter) ေဟာင္း တစ္ေစာင္ေတြ႕မိတယ္။ ကမာၻ႕အႀကီးဆံုး တစ္ဆင့္ အာမခံကုမၸဏီေတြမွာ ထိပ္ဆုံးက ပါဝင္တဲ့ (Munich Re) ဆိုတဲ့ ဂ်ာမန္တစ္ဆင့္ ကုမၸဏီႀကီးက ထုတ္ေဝတာ။ သတင္းစာလႊာနာမည္က Topics တဲ့ ေဖာ္ျပထားတဲ့ အခ်က္အလက္ ကိန္းဂဏန္း စာရင္းဇယားေတြက စိတ္ဝင္စားဖို႔ ေကာင္းတယ္။
အဲဒီမွာ ကိန္းဂဏန္းေတြမွာ ၁၉၉၇ခုႏွစ္အတြင္းမွာ ဆိုးဆိုးဝါးဝါး ေရလႊမ္းမိုးမႈ အႀကိမ္ ၁၄ဝ ျဖစ္ပြားခဲ့တယ္။ မုန္တိုင္း ၁၇၅ ႀကိမ္ တိုက္ခတ္ ခဲ့တယ္။ ငလ်င္နဲ႔ မီးေတာင္ေပါက္ကြဲမႈ ၁ဝဝ ျဖစ္ခဲ့တယ္။ ေျမၿပိဳတာ၊ ေတာမီးေလာင္တာ၊မိုးေခါင္တာ၊ ႏွင္းခဲေတာင္ၿပိဳတာ၊ အပူလိႈင္းအေအးလိႈင္း ျဖတ္တာေတြက စုစုေပါင္းအႀကိမ္ ၁၂ဝ။ ဒီသဘာဝ ေဘးအႏၲရာယ္ေတြကို လူသားေတြ မကာကြယ္ႏုိင္ေသးပါဘူး။ ဒီအႏၱရာယ္ေတြ ေပၚေပါက္ရင္ ေနာက္ဆက္တြဲကေတာ့ ဆုံး႐ႈးံပ်က္စိီးမႈပါပဲ။
၁၉၉၇ ခုႏွစ္ဇူလိုင္လထဲမွာ မွတ္တမ္းတင္ရေလာက္ေအာင္ မိုးသည္းထန္လြန္းလို႔ အေရွ႕ဥေရာပမွာရိွတဲ့ ၾသျဒာ၊ ႏိုင္ဆာနဲ႔ မိုရာဗာျမစ္ေတြ ေရလႊမ္းခဲ့ပါတယ္။ ဒီဒဏ္ကို ပိုလန္ႏုိင္ငံ၊ ခ်က္သမၼတႏိုင္ငံတို႔ ခါးစည္းခံခဲ့ရပါသည္။ ပိုလန္ႏုိင္ငံက ေမရိကန္ေဒၚလာ ၅ဒသမ၉ဘီလီယံ၊ ခ်က္သမၼတ ႏိုင္ငံက အေမရိကန္ေဒၚလာ သန္းေပါင္း ၁၀၀၀ ေက်ာ္ ၁ဒသမ၈ ဘီလီယံ ပ်က္ဆီးဆုံးရွဳံးတဲ့ဒဏ္ကုိ ခံလိုက္ၾကရပါတယ္။ ေရေရလည္လည္ပါပဲ။ ဒါဥပမာထုတ္ျပတာပါ။
အဲဒီမွာ ပါတဲ့အတုိင္းစာရင္းခ်ဳပ္ျပရရင္ ၁၉၉၇ ခုႏွစ္အတြင္း သဘာဝေဘးအႏၲရာယ္ အႀကိမ္ ၅၄ဝ က်ေရာက္ခဲ့တဲ့ အတြက္ လူသားထုတစ္ရပ္လံုးအေနနဲ႔ အေမရိကန္ေဒၚလာသန္းေပါင္း ၃ဝ,ဝဝဝ (ဘီလီယံ ၃ဝ) ပ်က္စီးဆံုး႐ံႈးခဲ့ရတယ္။ ဒီပ်က္စီးဆံုး႐ံႈးမႈေတြကို ျပန္လည္ထူေထာင္ဖို႔အတြက္ အာမခံ ထားဖို႔လိုအပ္တာပါ။ အာမခံသာ မထားရင္ ဒီပ်က္စီးဆုံး႐ႈံးမႈေတြကို ကာယကံရွင္ေတြ ခါးစည္းခံၾကရပါလိမ့္မယ္။
ဒီလိုသာခံၾကရရင္လည္း ဘယ္မွာျပန္လည္ထူေထာင္ေရးလုပ္ႏုိင္ဦးမွာလဲ။ အာမခံလုပ္ငန္းမွာကေတာ ့ အထူးတီထြင္ထား တဲ့ စနစ္ရိွတဲ့ အတြက္ ဒီပ်က္စီးဆုံး႐ႈံမႈေတြကုိ ေပးေလ်ာ္ႏုိင္တယ္ေလ။ အဲဒီလို ေပးေလ်ာ္လိုက္ရင္လည္း ဒီေငြနဲ႔ျပန္လည္ထူေထာင္ေရး လုပ္ႏုိင္တဲ့ အတြက္ အာမခံထားသူအတြက္ကေတာ့ ပ်က္စီးဆံုး႐ံႈးေပမဲ့ မပ်က္စီးမဆံုး႐ံႈးသလို ပန္းပန္လ်က္ပါပဲ။
အဲဒီေနရာမွာ ကၽြန္ေတာ္တပည့္တစ္ဦး ေမးတဲ့ ေမးခြန္းက မဟာဥပေဒတန္းကလား၊ အမ္ဘီေအတန္းကလား၊ မမွတ္မိေတာ့ဘူး။
သူက “ဆရာ… သဘာဝေဘးအႏၲရာယ္ေတြကေတာ့ ထားလိုက္ပါေတာ့၊ လူသားေတြ မလြန္ဆန္ႏုိင္ဘူး။ ဒါေပမဲ့ တျခားကိစၥေတြမွာေတာ့ မဆုံး႐ႈးံ မပ်က္စီးရေအာင္ သတိနဲ ႔ ႀကိဳးစားလုပ္ရင္ မျဖစ္ဘူးလား” တဲ့၊ ေတာ္ေတာ္ေကာင္းတဲ့ ေမးကြက္ကေလးပါ။
မွန္ပါတယ္။ မပ်က္စီး မဆုံး႐ႈံးေအာင္သတိတမံ ဥာဏ္ေျမကတုတ္၊ ပညာစြမ္းခၽြန္းကဲ့သို႔ အုပ္ၿပီးလုပ္ရင္ ျဖစ္ပါတယ္။ ျဖစ္ပါတယ္ဆိုတာက ဆုံး႐ႈံးပ်က္စီးမႈ ျဖစ္ပြားတဲ့အႀကိမ္ေရနဲ႔ အတုိင္းအတာကို ေလ်ာ့နည္း ေစႏုိင္ပါတယ္။ ဒါေပမဲ့ ဆုံး႐ႈးံ ပ်က္စီးမႈ မရိွေအာင္၊ မျဖစ္ေအာင္ေတာ့ လံုးဝလုပ္လို႔မရပါဘူး။
တစ္နည္း ေျပာရရင္ သတိဝီရိယနဲ႔လုပ္ရင္ ဆုံး႐ႈးံပ်က္စီးမႈ ျဖစ္ႏုိင္တဲ့ အလားအလာ (Risk) ကို ေလ်ာ့နည္းေအာင္လုပ္လို႔ ရပါတယ္။ ဒါေပမဲ့ လံုးဝပေပ်ာက္ေအာင္ Risk လံုးဝမရိွေအာင္ေတာ့ လုပ္လို႔မရပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ဒီကမာၻေလာကႀကီးမွာက မေသခ်ာမေရရာမႈ (Uncertainty) ဟာရိွကိုရိွေနလို႔ပါပဲ။
ဥပမာကေလးတစ္ခု ၾကည့္ရေအာင္။ အာကာသထဲကို ၿဂိဳလ္တုေတြလႊတ္တင္တဲ့အခါမွာ ဆံုး႐ံႈးပ်က္စီးမႈ မရိွရေအာင္ သိပၸံပညာရွင္ေတြ၊ စက္မႈပညာရွင္ေတြက အထူးဂ႐ုစိုက္ၾကပါတယ္။ မလႊတ္ တင္ခင္မွာ အႀကိမ္ႀကိမ္ အထပ္ထပ္တစ္ဦးၿပီး တစ္ဦး စစ္ေဆးၾကပါတယ္။ ဒါေၾကာင့္ ဆုံး႐ႈးံ ပ်က္စီးမႈ အင္မတန္နည္းပါးပါတယ္။
ဒါေပမဲ့လည္းအပိုလို အာကာသယာဥ္ လႊတ္တင္တုန္းက မီးေလာင္ပ်က္စီးသြားတာ မွတ္မိၾကမွာပါ။ ဒါက ဘာကိုျပသလဲဆိုရင္ ဘယ္ေလာက္ဂ႐ုစိုက္စိုက္၊ ေသခ်ာေအာင္လုပ္လုပ္ မေသခ်ာမေရရာမႈ သေဘာတရား ရွိေနတဲ့တြက္ ဆုံးရွဳံးပ်က္စီးမႈ ျဖစ္မယ့္ အလားအလာ (Risk) ဟာ ရိွေနတာပဲ။ နည္းတာနဲ႕မ်ားတာသာကြာမယ္။ ဒါေၾကာင့္ ပ်က္စီးမႈ၊ ဆုံး႐ႈးံမႈဟာလည္း ရိွေနဦးမွာပဲ။
ကၽြန္ေတာ္ရွိစဥ္ ျမန္မာ့အာမခံလုပ္ငန္း ႐ုးံခ်ဳပ္မွာ TRB (London) နဲ႔ျမန္မာ့အာမခံလုပ္ငန္းတို႔ပူးတြဲၿပီး အာမခံလုပ္ငန္းဆိုင္ရာ ေဆြးေႏြးပြဲကေလး လုပ္ခဲ့ပါတယ္။ အဲဒီမွာ မုတ္ဆိတ္ေမႊးပါးၿမိဳင္းေမႊးနဲ႔ အသားနီစပ္စပ္ ေရႊကိုင္းမ်က္မွန္နဲ႔ ေထာင္ေထာာင္ေမာင္းေမာင္းပညာရွင္တစ္ဦးလည္း ေဟာေျပာခဲ့ပါတယ္။
သူက လန္ဒန္က Dr.C.W.J Bradley ပါ။ အေဟာေကာင္း အေျပာေကာင္းဆိုေတာ့ စြဲေဆာင္မႈ ရွိလွပါတယ္။ သူေျပာတဲ့အထဲမွာ မွတ္သားစရာတစ္ခုက လံုျခံဳတယ္၊ Safe ျဖစ္တယ္ဆိုတာဟာ ဆုံး႐ႈံးပ်က္စီးမႈ မျဖစ္ႏိုင္ဘူးလို႔ေျပာတာ မဟုတ္ဘူးတဲ့။ သူကစာရင္းဇယား အကိုးအကားေတြနဲ႔ဒါကိုရွင္းသြားပါတယ္။
အဲဒီေတာ့ ျပန္ခ်ဳပ္ရရင္ ေလာကႀကီးမွာရိွေနတဲ့ မေသခ်ာမေရရာတဲ့ သေဘာ (Lawof uncertainty ) အရ ဆုံးရွဳံးပ်က္စီးႏိုင္မႈ အလားအလာ (risk) ေတြရိွေနတယ္။ ဆုံး႐ႈးံပ်က္စီးမႈေတြလည္း ရိွေနတယ္။ ဒီဆုံး႐ႈံး ပ်က္စီးမႈေၾကာင့္ ကိုယ့္စီးပြား မထိခိုက္ရေအာင္လို႔ အာမခံဝယ္ထားဖို႔လိုတယ္။ ဒါမွညေကာင္းေကာင္း အိပ္ေပ်ာ္မွာ။
ေနာက္တစ္ခ်က္က ကိုယ္က အာမခံဝယ္ထားတယ္။ ပရီမီယံေပးလိုက္တယ္။ ကိုယ့္ပစၥည္းက မပ်က္ဘူး၊ မဆုံးရွဳံးဘူးဆိုရင္လည္း ကုိယ္ေပးလိုက္တဲ့ ပရီမီယံဟာကိုယ့္ထက္ ကံနည္းလို႔ ပ်က္စီးဆုံး႐ႈံးမႈကို ခံစားရတဲ့ ပုဂၢိဳလ္ေတြကို ေပးေလ်ာ္ရာမွာ ပါဝင္သြားမွာမို႔ အာမခံ ဝယ္ျခင္းဟာ လူမႈေရးေဆာင္ရြက္ခ်က္ ဒါမွမဟုတ္ အလွဴဒါနတစ္မ်ဳိးလည္း ျဖစ္ပါတယ္။
အခု စာ႐ႈသူမိတ္ေဆြေတြေပးလိုက္တဲ့ ပရီမီယံေငြဟာ မီးေလာင္တဲ့ တစ္ေနရာရာမွာ ဒါမွမဟုတ္ က်န္းမာေရးမေကာင္းသူ တစ္ေယာက္ေယာက္ကုိ ေလ်ာ္ေၾကးေပးတဲ့အထဲ ပါဝင္သြားမွာမို႔လို႔ အဲဒီက မီးေဘးဒုကၡသည္ေတြ၊ ဒါမွမဟုတ္ မက်န္းမာသူေတြကို မိတ္ေဆြေတြလွဴလိုက္တဲ့ သေဘာပါပဲ။
ဒါေၾကာင့္ အာမခံထားတာ၊ အာမခံဝယ္တာဟာ ဘယ္ဘက္ကၾကည့္ၾကည့္ အက်ဳိးမယုတ္ပါဘူး။ ဒါနဥစၥာ ခုိင္က်ည္ေအာင္ လုပ္တဲ့နည္းတစ္ခုလည္း ျဖစ္တဲ့အတြက္ အျခားႏို္င္ငံ၊ အျခားလူမ်ဳိးေတြကေတာ့ အာမခံမရိွရင္ ဘာမွ်မလုပ္ဘူး။ နားရြက္ေတာင္မခတ္ဘူး။ နာမည္ႀကီး အဆိုေတာ္ေတြဆိုရင္ အျခားအာမခံေတြအျပင္ သူတုိ႔ရဲ႕အသံကိုပါအာမခံထားၾကတယ္။ အဆိုေတာ္ Bruce Springsteen ဆိုရင္ သူ႔အသံကိုအေမရိကန္ ေဒၚလာ ၃ဒသမ၅ သန္း နဲ႔ေတာင္ အာမခံထားတယ္။
ႏိုင္ငံတစ္ႏုိင္ငံရဲ႕ စီးပြားေရးထူေထာင္မႈမွာ ဘဏ္လုပ္ငန္း၊ သေဘၤာလုပ္ငန္းနဲ႔ အာမခံလုပ္ငန္းဆိုၿပီး ေဒါက္တိုင္ သုံးတိုင္ လိုအပ္ပါတယ္။ ဘဏ္လုပ္ငန္းရိွမွ ေငြေပးေငြယူကိစၥ၊ ေငြရင္းေငြႏွီး ရရိွေရးကိစၥမွာ အဆင္ေျပၿပီ သေဘာၤလုပ္ငန္း ထြန္းကားမွသာ ထုတ္ကုန္သြင္းကုန္မ်ား တိုးတက္ကာ အာမခံလုပ္ငန္းရိွမွသာ စီးပြားေရး ေဆာင္ရြက္ရာတြင္ လူသားမ်ား မေမွ်ာ္လင့္မထိန္းခ်ဳပ္ႏုိ္င္ေသာ အေၾကာင္းတရားမ်ားေၾကာင့္ ေပၚေပါက္မယ့္ ပ်က္စီးဆုံး႐ႈံးမႈမ်ားကို ေငြေၾကးျပန္လည္ေပးေလ်ာ္ျခင္းျဖင့္ မဆံုး႐ံႈးခင္က စီးပြားေရး အေျခ အေနသို႔ ျပန္ေရာက္ေအာင္ လုပ္ေပးႏိုင္မွာျဖစ္ပါတယ္။
ႏုိင္ငံတစ္ႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္မႈကို အာမခံလုပ္ငန္းရဲ႕ တိုးတက္မႈက သေကၤတျပယုဂ္တစ္ခုအျဖစ္ ေဖာ္ျပႏိုင္ပါတယ္။ အာမခံလုပ္ငန္းတစ္ခုဟာ တစ္ဦးတစ္ေယာက္အတြက္ အမ်ားက တာဝန္ယူရမည့္ လုပ္ငန္း ျဖစ္ပါတယ္။
ကမာၻေလာကႀကီးတြင္ ကံဆိုးမိုးေမွာင္က်သူမ်ားကို က်န္လူမ်ားက ဝိုင္းဝန္းကူညီျဖည့္ဆည္းေပးတဲ့ စနစ္က အာမခံရဲ႕မြန္ျမတ္တဲ့ စနစ္ျဖစ္ပါတယ္။ အာမခံလုပ္ငန္းက ကံနည္းသူ၊ ကံမြဲသူမ်ားရဲ႕ထြက္ရပ္လမ္းျဖစ္ပါတယ္။
အာမခံဆိုသည္မွာ ဆုံး႐ႈးံမႈမ်ားကို မွ်ေဝခံစားသည့္စနစ္ျဖစ္ပါတယ္။ တစ္ဦးရဲ႕ဆုံး႐ႈံးမႈကို အမ်ားက ခြဲေဝမွ်ခံစားလိုက္ပါက ထုိပုဂၢိဳလ္အေနျဖင့္ ဆံုး႐ံႈးမႈႀကံဳသည့္ တိုင္ေအာင္ စီးပြားေရးအေနထားအားျဖင့္ မယိမ္းမယိုင္သြားရေအာင္ စီမံထားေသာ စနစ္ျဖစ္ပါတယ္။
သို႔အတြက္ တစ္ဦးတစ္ေယာက္အတြက္ အမ်ား (All for one)က အာမခံလုပ္ငန္းရဲ႕ ခ်စ္စရာ၊ ျမတ္ႏုိးစရာ သေဘာတရား ျဖစ္လာရပါတယ္။
#ေဒါက္တာေမာင္ေမာင္သိမ္း ( 2017 Digital Wealth Financial Magazine)
Unicode Version
ကံနည်းသူတို့ ထွက်ရပ်လမ်း
မြို့ ပြဆိုင်ရာ အာမခံလုပ်ငန်းတွေကို တစ်ခုချင်းအသေးစိတ် မပြောခင်မှာ “ အာမခံလုပ်ငန်းဆိုတာ ဘာလဲ” က စလိုက်ရအောင်လား။ ပညာရှင် အမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။
ပါမောက္ခဒေါက်တာနူမင်း ( Professor Dr.Numan A.Williams) ကတော့ အာမခံလုပ်ငန်းဆိုတာဟာ ပူးပေါင်းဆောင်ရွက်ရတဲ့ ဘဏ္ဍာရေး၊ စီးပွားရေး စနြစ်ဖြစ်ပီး ဒီစနစ်က အာမခံပေါ်လစီပိုင်ရှင်တွေကို ကြီးမားပြီး ဖြစ်နုငိ ်ခြေရှိတဲ့ ဆုံးရှုးံမှုကို သေးငယ်ပြီး သေချာတဲ့ ဆုံးရှုံးမှုနဲ့ အစားထိုးနိုင်စေတယ်လို့အဓိပ္ပါယ်ဖွင့်ခဲ့ပါတယ်။
ပူးပေါင်းဆောင်ရွက်ရတဲ့စနစ် ဆိုတာကလည်းမှန်ပါတယ်၊ ဘဏ္ဍာရေးစီးပွားရေးစနစ် ဆိုတာလည်း မှန်ပါတယ်၊ ဒါပေမဲ့ ကြီးမားပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆုံးရှုးံမှုကို သေးငယ်ပြီး သေချာတဲ့ ဆုံးရှုးံမှုနဲ့အစားထိုးတယ်ဆိုတာက ဘာကြီးလဲ မရှင်းပါလားလို မေးနိုင်ပါတယ်။
အာမခံထားတယ်ဆိုရင် ပရီမီယံကြေးပေးသွင်းရပါတယ်။ ဒါဟာ ပေးသွင်းသူအတွက် သေးငယ်ပြီး သေချာတဲ့ဆုံးရှုးံမှုပဲ မဟုတ်ပါလား။ ကြီးမာပြီးဖြစ်နိုင်ခြေရှိတဲ့ဆုံးရှုံးမှုဆိုတာကတော့ အာမခံထားတဲ့ပစ္စည်း ဥပမာ-အိမ်ဆိုပါတော့ဗျာ။ မီးလောင်ပြီဆိုရင် ဒါဟာ ပရီမီယံကြေးပေးရတာနဲ့စာရင် ကြီးမားတဲ့ ဆုံးရှုးံမှုပေပဲ မဟုတ်လား။ သို့သော် လောင်မယ်၊ မလောင်ဘူးဆိုတာက မသေချာဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ ရှိနေတာပ။ဲ ဒါမျိုးကိ ုကြးီမာပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆုံးရှုံးမှုလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။
အာမခံထားရင် ပရီမီယံပေးရတယ်။ အဲဒီလိုပရီမီယံပေးတဲ့အတွက်လည်း အာမခံထားတဲ့ပစ္စည်း ဆုံးရှုးံ ပျက်စီးရင် အာမခံကုမ္ပဏီက လျော်တယ်။ ဒါကြောင့် ပရီမီယံပေးခြင်း ဆိုတဲ့သေးငယ်ပြီးသေချာတဲ့ဆုံးရှုးံ မှုနဲ့ မီးလောင်ရင်ဖြစ်စေ၊ ငလျင်လှုပ်ရင်ဖြစ်စေ ပေါ်ပေါက်နိုင်တဲ့ ကြီးမာတဲ့ ဆုံးရှုးံမှုကို အစားထိုးခြင်းလို့ဆိုတာ မှန်တယ်ခင်ဗျ၊ နည်းနည်းတော့ ရှုပ်တာပေါေ့ နာ်။
ဒေါက်တာနူမင်းကပဲ အခြားအဓိပ္ပါယ်သတ်မှတ်ချက်ကို ပေးပါသေးတယ်။ အာမခံလုပ်ငန်း ဆိုတာဟာ ငွေရေးကြေးရေး အခက်အခဲတွေ့ချိန်မှာ တစ်ဦးကိုတစ်ဦး အကူအညီပေးနိုင်အောင်လို့ ပုံစံချထားတဲ့စနစ်တဲ့ခင်ဗျ။
ဒီဖွင့်ဆိုချက်ကိုတော့ ကျွန်တော်သိပ်ဘဝင်မကျဘူး။ မှန်တော့မှန်တယ်၊ မထိမိဘူးလို့ယူဆတယ်။ ငွေရေးကြေးရေးအခက်အခဲ တွေ့တိုင်း အာမခံလုပ်ငန်းက ကူညီတာမှမဟုတ်ပဲ။
မျှော်လင့်မထားတဲ့ အန္တရာယ်တွေကြောင့် အာမခံထားတဲ့ ပစ္စည်းဆုံးရှုးံပျက်စီးပြီး ကာယကံရှင်မှာ ငွေရေးကြေးရေး အခက်အခဲတွေ့မှ အာမခံလုပ်ငန်းက ကူညီမှာ။
“တစ်ဦးကိုတစ်ဦး အကူအညီ ပေးနိုင်အောင်လို့” ဆိုတာကိုတော့ ကြိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် အာမခံလုပ်ငန်းဟာ အများအတွက်တစ်ဦး ဖြစ်သလို တစ်ဦးအတွက်အများဖြစ်ရမယ် (One for all and all for one) ဆိုတဲ့သဘော ဆောင်နေတာ ကိုး။ အဲဒီလိုကူညီလို့ရအောင်လည်း အာမခံလုပ်ငန်းမှာ စနစ်တစ်ရပ်အနေနဲ့ စီစဉ်ထားတယ်လေ။ ဒါကြောင့် ဒီဒုတိယအဓိပ္ပါယ် ဖွင့်ဆိုချက်ဟာမှန်တော့မှန်တယ်။ မပြည့်စုံဘူး လို့ဆိုရပါမယ်။
အာမခံလုပ်ငန်းပညာ ပါမောက္ခဒေါက်တာရတ်ဂျဒါ (Professor Dr.George E.Rejda) ကလည်း အာမခံလုပ်ငန်းဆိုတာ ဘာလဲလို့ အဓိပ္ပါယ် ဖွင့်ဆိုပေးခဲ့ပါတယ်။ သူ့ဖွင့်ဆိုချက်က ပညာရှင် ဆန်လွန်းနေမလားပဲ။ သူက အာမခံလုပ်ငန်းဆိုတာ ဟာ ဆုံးရှုံးမှု ဖြစ်နိုင်တဲ့ အလားအလာကို အာမခံကုမ္ပဏီ ((အဆိုပါဆုံးရှုံးမှုတွေဖြစ်ခဲ့ရင် အာမခံထားသူကို ငွေကြေးနဲ့ပေးလျော်
ပါမယ်လို့ သဘောတူထားတဲ့ အာမခံကုမ္ပဏီ)တွေကို လွှဲပြောင်း ပေးအပ်ခြင်းအားဖြင့် အခါအခွင့်ကြုံရင် ပေါ်ပေါက်လာတတ်တဲ့ ဆုံးရှုံးမှုတွေကို စုစည်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုနားလည်ဖို့က စကားလုံးတွေသိဖို့လိုလာပါတယ်။
ဆုံးရှုးံမှုဖြစ်နိုင်တဲ့ အလားအလာဆိုတာrisk ကို ဆိုတာပါ။ ဆုံးရှုးံမှုဖြစ်နိုင်တဲ့ အလားအလာကို လွှဲပြောင်းပေးခြင်း ဆိုတာကို အာမခံလုပ်ငန်းပညာရပ်မှာတော့ Transfer of risk လို့သုံးပါတယ်။ အခါအခွင့်ကြုံရင် ပေါ်ပေါက်တတ်တဲ့ ဆုံးရှုံးမှုဆိုတာကိုတော့
Fortuitous loss လို့ခေါ်ပါတယ်။
ဒါကြောင့်ဒေါက်တာရတ်ဂျဒါရဲ့ အလိုအရ အာမခံလုပ်ငန်းဆိုတာ - အခါအခွင့်ကြုံရင် ပေါ်ပေါက်တတ်တဲ့ဆုံးရှုးံမှုတွေကို စုစည်းခြင်းဖြစ်တယ်။
ဘယ်လိုနည်းနဲ့ စုစည်းသလဲ ဆိုရင်ဆုံးရှုးံမှုဖြစ်နိုင်တဲ့ အလားအလာကို အာမခံကုမ္ပဏီကို လွှဲပြောင်းပေးခြင်းနည်းလမ်းနဲ့ စုစည်းတယ်။ အာမခံကုမ္ပဏီဘက်ကလည်း ဆုံးရှုးံမှုပေါ်ပေါက်လာရင် ငွေကြေးနဲ့ ပေးလျော်မယ်လို့ သဘောတူထားရမယ်လို့ ရှင်းလင်းနားလည်နိုင်ပါတယ်။
အာမခံလုပ်ငန်းဆိုတာဟာ အာမခံကုမ္ပဏီဘက်က ကြည့်ရင်တော့ အခါအခွင့်ကြုံရင် ပေါ်ပေါက်တတ်တဲ့ ဆုံးရှုံးမှုတွေကို စုစည်းခြင်းပဲဖြစ်တယ်။ ဒီလိုစုစည်းရာမှာလည်း ဆုံးရှုံးမှုဖြစ်နိုင်တဲ့ အလားအလာကို လွှဲပြောင်းယူခြင်းဖြင့် စုစည်းခြင်းဖြစ်တဲ့ အတွက် ဒေါက်တာရတ်ဂျဒါရဲ့ ဖွင့်ဆိုချက်ဟာ မှန်နေပြန်ပါရောခင်ဗျ။
ဒီဖွင့်ဆိုချက်သုံးရပ်ဟာ ကမ္ဘာကျော်ပါပဲ။ ဒါပေမဲ့ နည်းနည်းကလေးများထောင့်နေမလား။ ဘူးလုံးနားမထွင်း ဖြစ်နေမလားပဲ။
ဒီအတွက်တော့ မပူပါနဲ့။ ကျွန်တော့်မှာ ‘ဆေး’ရှိပါတယ်။ ခက်တာကိုလွယ်အောင်၊ ရှုပ်တာကို ရှင်းအောင် လုပ်တဲ့ ဆေး။ ဒါက ကျွန်တော်နားလည်သလို လက်တွေ့မှာ ကျွန်တော်တွေ့မြင်ခံစားနေရသလို ဖွင့်ဆိုထားတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ ကိုယ်ပိုင်ကလေးပါ။ ဘယ်သူ့ကိုမှကူးမချပါဘူး။
ကျွန်တော့်အမြင်မှာတော့ အာမခံလုပ်ငန်းဆိုတာဟာ အာမခံပေါ်လစီချုပ်မှာ ကြိုတင်သတ်မှတ်ထားတဲ့အကြောင်းတရားတွေ ကြောင့်အာမခံထားတဲ့ ပစ္စည်းပျက်စီးဆုံးရှုးံရင် ငွေကြေးနဲ့ပေးလျော်နိုင်ဖို့ သို့မဟုတ်ရင်လည်း အစားထိုးနိုင်ဖို့အတွက် တီထွင်ထားတဲ့ စနစ်ပါပဲ။
တစ်နေ့က ကျွန်တော့်စားပွဲပေါ်မှာ သတင်းစာလွှာ (News Letter) ဟောင်း တစ်စောင်တွေ့မိတယ်။ ကမ္ဘာ့အကြီးဆုံး တစ်ဆင့် အာမခံကုမ္ပဏီတွေမှာ ထိပ်ဆုံးက ပါဝင်တဲ့ (Munich Re) ဆိုတဲ့ ဂျာမန်တစ်ဆင့် ကုမ္ပဏီကြီးက ထုတ်ဝေတာ။ သတင်းစာလွှာနာမည်က Topics တဲ့ ဖော်ပြထားတဲ့ အချက်အလက် ကိန်းဂဏန်း စာရင်းဇယားတွေက စိတ်ဝင်စားဖို့ ကောင်းတယ်။
အဲဒီမှာ ကိန်းဂဏန်းတွေမှာ ၁၉၉၇ခုနှစ်အတွင်းမှာ ဆိုးဆိုးဝါးဝါး ရေလွှမ်းမိုးမှု အကြိမ် ၁၄ဝ ဖြစ်ပွားခဲ့တယ်။ မုန်တိုင်း ၁၇၅ ကြိမ် တိုက်ခတ် ခဲ့တယ်။ ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှု ၁ဝဝ ဖြစ်ခဲ့တယ်။ မြေပြိုတာ၊ တောမီးလောင်တာ၊မိုးခေါင်တာ၊ နှင်းခဲတောင်ပြိုတာ၊ အပူလှိုင်းအအေးလှိုင်း ဖြတ်တာတွေက စုစုပေါင်းအကြိမ် ၁၂ဝ။ ဒီသဘာဝ ဘေးအန္တရာယ်တွေကို လူသားတွေ မကာကွယ်နိုင်သေးပါဘူး။ ဒီအန္တရာယ်တွေ ပေါ်ပေါက်ရင် နောက်ဆက်တွဲကတော့ ဆုံးရှုးံပျက်စီးမှုပါပဲ။
၁၉၉၇ ခုနှစ်ဇူလိုင်လထဲမှာ မှတ်တမ်းတင်ရလောက်အောင် မိုးသည်းထန်လွန်းလို့ အရှေ့ဥရောပမှာရှိတဲ့ သြဒြာ၊ နိုင်ဆာနဲ့ မိုရာဗာမြစ်တွေ ရေလွှမ်းခဲ့ပါတယ်။ ဒီဒဏ်ကို ပိုလန်နိုင်ငံ၊ ချက်သမ္မတနိုင်ငံတို့ ခါးစည်းခံခဲ့ရပါသည်။ ပိုလန်နိုင်ငံက မေရိကန်ဒေါ်လာ ၅ဒသမ၉ဘီလီယံ၊ ချက်သမ္မတ နိုင်ငံက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀၀ ကျော် ၁ဒသမ၈ ဘီလီယံ ပျက်ဆီးဆုံးရှုံးတဲ့ဒဏ်ကို ခံလိုက်ကြရပါတယ်။ ရေရေလည်လည်ပါပဲ။ ဒါဥပမာထုတ်ပြတာပါ။
အဲဒီမှာ ပါတဲ့အတိုင်းစာရင်းချုပ်ပြရရင် ၁၉၉၇ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် အကြိမ် ၅၄ဝ ကျရောက်ခဲ့တဲ့ အတွက် လူသားထုတစ်ရပ်လုံးအနေနဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း ၃ဝ,ဝဝဝ (ဘီလီယံ ၃ဝ) ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ဒီပျက်စီးဆုံးရှုံးမှု တွေကို ပြန်လည်ထူထောင်ဖို့အတွက် အာမခံ ထားဖို့လိုအပ်တာပါ။ အာမခံသာ မထားရင် ဒီပျက်စီးဆုံးရှုံးမှုတွေကို ကာယကံရှင်တွေ ခါးစည်းခံကြရပါလိမ့်မယ်။
ဒီလိုသာခံကြရရင်လည်း ဘယ်မှာပြန်လည်ထူထောင်ရေးလုပ်နိုင်ဦးမှာလဲ။ အာမခံလုပ်ငန်းမှာကတော့ အထူးတီထွင်ထား တဲ့ စနစ်ရှိတဲ့ အတွက် ဒီပျက်စီးဆုံးရှုံမှုတွေကို ပေးလျော်နိုင်တယ်လေ။ အဲဒီလို ပေးလျော်လိုက်ရင်လည်း ဒီငွေနဲ့ပြန်လည်ထူထောင်ရေး လုပ်နိုင်တဲ့ အတွက် အာမခံထားသူအတွက်ကတော့ ပျက်စီးဆုံးရှုံးပေမဲ့ မပျက်စီးမဆုံးရှုံးသလို ပန်းပန်လျက်ပါပဲ။
အဲဒီနေရာမှာ ကျွန်တော်တပည့်တစ်ဦး မေးတဲ့ မေးခွန်းက မဟာဥပဒေတန်းကလား၊ အမ်ဘီအေတန်းကလား၊ မမှတ်မိတော့ဘူး။ သူက “ဆရာ… သဘာဝဘေးအန္တရာယ်တွေကတော့ ထားလိုက်ပါတော့၊ လူသားတွေ မလွန်ဆန်နိုင်ဘူး။ ဒါပေမဲ့ တခြားကိစ္စတွေမှာတော့ မဆုံးရှုးံ မပျက်စီးရအောင် သတိနဲ့ ကြိုးစားလုပ်ရင် မဖြစ်ဘူးလား” တဲ့၊ တော်တော်ကောင်းတဲ့ မေးကွက်ကလေးပါ။
မှန်ပါတယ်။ မပျက်စီး မဆုံးရှုံးအောင်သတိတမံ ဉာဏ်မြေကတုတ်၊ ပညာစွမ်းချွန်းကဲ့သို့ အုပ်ပြီးလုပ်ရင် ဖြစ်ပါတယ်။ ဖြစ်ပါတယ်ဆိုတာက ဆုံးရှုံးပျက်စီးမှု ဖြစ်ပွားတဲ့အကြိမ်ရေနဲ့ အတိုင်းအတာကို လျော့နည်း စေနိုင်ပါတယ်။ ဒါပေမဲ့ ဆုံးရှုးံ ပျက်စီးမှု မရှိအောင်၊ မဖြစ်အောင်တော့ လုံးဝလုပ်လို့မရပါဘူး။
တစ်နည်း ပြောရရင် သတိဝီရိယနဲ့လုပ်ရင် ဆုံးရှုးံပျက်စီးမှု ဖြစ်နိုင်တဲ့ အလားအလာ (Risk) ကို လျော့နည်းအောင်လုပ်လို့ ရပါတယ်။ ဒါပေမဲ့ လုံးဝပပျောက်အောင် Risk လုံးဝမရှိအောင်တော့ လုပ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီကမ္ဘာလောကကြီးမှာက မသေချာမရေရာမှု (Uncertainty) ဟာရှိကိုရှိနေလို့ပါပဲ။
ဥပမာကလေးတစ်ခု ကြည့်ရအောင်။ အာကာသထဲကို ဂြိုလ်တုတွေလွှတ်တင်တဲ့အခါမှာ ဆုံးရှုံးပျက်စီးမှု မရှိရအောင် သိပ္ပံပညာရှင်တွေ၊ စက်မှုပညာရှင်တွေက အထူးဂရုစိုက်ကြပါတယ်။ မလွှတ် တင်ခင်မှာ အကြိမ်ကြိမ် အထပ်ထပ်တစ်ဦးပြီး တစ်ဦး စစ်ဆေးကြပါတယ်။ ဒါကြောင့် ဆုံးရှုးံ ပျက်စီးမှု အင်မတန်နည်းပါးပါတယ်။
ဒါပေမဲ့လည်းအပိုလို အာကာသယာဉ် လွှတ်တင်တုန်းက မီးလောင်ပျက်စီးသွားတာ မှတ်မိကြမှာပါ။ ဒါက ဘာကိုပြသလဲဆိုရင် ဘယ်လောက်ဂရုစိုက်စိုက်၊ သေချာအောင်လုပ်လုပ် မသေချာမရေရာမှု သဘောတရား ရှိနေတဲ့တွက် ဆုံးရှုံးပျက်စီးမှု ဖြစ်မယ့် အလားအလာ (Risk) ဟာ ရှိနေတာပဲ။ နည်းတာနဲ့များတာသာကွာမယ်။ ဒါကြောင့် ပျက်စီးမှု၊ ဆုံးရှုးံမှုဟာလည်း ရှိနေဦးမှာပဲ။
ကျွန်တော်ရှိစဉ် မြန်မာ့အာမခံလုပ်ငန်း ရုးံချုပ်မှာ TRB (London) နဲ့မြန်မာ့အာမခံလုပ်ငန်းတို့ပူးတွဲပြီး အာမခံလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကလေး လုပ်ခဲ့ပါတယ်။ အဲဒီမှာ မုတ်ဆိတ်မွှေးပါးမြိုင်းမွှေးနဲ့ အသားနီစပ်စပ် ရွှေကိုင်းမျက်မှန်နဲ့ ထောင်ထောာင်မောင်းမောင်းပညာရှင်တစ်ဦးလည်း ဟောပြောခဲ့ပါတယ်။
သူက လန်ဒန်က Dr.C.W.J Bradley ပါ။ အဟောကောင်း အပြောကောင်းဆိုတော့ စွဲဆောင်မှု ရှိလှပါတယ်။ သူပြောတဲ့အထဲမှာ မှတ်သားစရာတစ်ခုက လုံခြုံတယ်၊ Safe ဖြစ်တယ်ဆိုတာဟာ ဆုံးရှုံးပျက်စီးမှု မဖြစ်နိုင်ဘူးလို့ပြောတာ မဟုတ်ဘူးတဲ့။ သူကစာရင်းဇယား အကိုးအကားတွေနဲ့ဒါကိုရှင်းသွားပါတယ်။
အဲဒီတော့ ပြန်ချုပ်ရရင် လောကကြီးမှာရှိနေတဲ့ မသေချာမရေရာတဲ့ သဘော (Lawof uncertainty ) အရ ဆုံးရှုံးပျက်စီးနိုင်မှု အလားအလာ (risk) တွေရှိနေတယ်။ ဆုံးရှုးံပျက်စီးမှုတွေလည်း ရှိနေတယ်။ ဒီဆုံးရှုံး ပျက်စီးမှုကြောင့် ကိုယ့်စီးပွား မထိခိုက်ရအောင်လို့ အာမခံဝယ်ထားဖို့လိုတယ်။ ဒါမှညကောင်းကောင်း အိပ်ပျော်မှာ။
နောက်တစ်ချက်က ကိုယ်က အာမခံဝယ်ထားတယ်။ ပရီမီယံပေးလိုက်တယ်။ ကိုယ့်ပစ္စည်းက မပျက်ဘူး၊ မဆုံးရှုံးဘူးဆိုရင်လည်း ကိုယ်ပေးလိုက်တဲ့ ပရီမီယံဟာကိုယ့်ထက် ကံနည်းလို့ ပျက်စီးဆုံးရှုံးမှုကို ခံစားရတဲ့ ပုဂ္ဂိုလ်တွေကို ပေးလျော်ရာမှာ ပါဝင်သွားမှာမို့ အာမခံ ဝယ်ခြင်းဟာ လူမှုရေးဆောင်ရွက်ချက် ဒါမှမဟုတ် အလှူဒါနတစ်မျိုးလည်း ဖြစ်ပါတယ်။
အခု စာရှုသူမိတ်ဆွေတွေပေးလိုက်တဲ့ ပရီမီယံငွေဟာ မီးလောင်တဲ့ တစ်နေရာရာမှာ ဒါမှမဟုတ် ကျန်းမာရေးမကောင်းသူ တစ်ယောက်ယောက်ကို လျော်ကြေးပေးတဲ့အထဲ ပါဝင်သွားမှာမို့လို့ အဲဒီက မီးဘေးဒုက္ခသည်တွေ၊ ဒါမှမဟုတ် မကျန်းမာသူတွေကို မိတ်ဆွေတွေလှူလိုက်တဲ့ သဘောပါပဲ။
ဒါကြောင့် အာမခံထားတာ၊ အာမခံဝယ်တာဟာ ဘယ်ဘက်ကကြည့်ကြည့် အကျိုးမယုတ်ပါဘူး။ ဒါနဥစ္စာ ခိုင်ကျည်အောင် လုပ်တဲ့နည်းတစ်ခုလည်း ဖြစ်တဲ့အတွက် အခြားနိုင်ငံ၊ အခြားလူမျိုးတွေကတော့ အာမခံမရှိရင် ဘာမျှမလုပ်ဘူး။ နားရွက်တောင်မခတ်ဘူး။ နာမည်ကြီး အဆိုတော်တွေဆိုရင် အခြားအာမခံတွေအပြင် သူတို့ရဲ့အသံကိုပါအာမခံထားကြတယ်။ အဆိုတော် Bruce Springsteen ဆိုရင် သူ့အသံကိုအမေရိကန် ဒေါ်လာ ၃ဒသမ၅ သန်း နဲ့တောင် အာမခံထားတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးထူထောင်မှုမှာ ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်းနဲ့ အာမခံလုပ်ငန်းဆိုပြီး ဒေါက်တိုင် သုံးတိုင် လိုအပ်ပါတယ်။ ဘဏ်လုပ်ငန်းရှိမှ ငွေပေးငွေယူကိစ္စ၊ ငွေရင်းငွေနှီး ရရှိရေးကိစ္စမှာ အဆင်ပြေပြီ သဘောၤလုပ်ငန်း ထွန်းကားမှသာ ထုတ်ကုန်သွင်းကုန်များ တိုးတက်ကာ အာမခံလုပ်ငန်းရှိမှသာ စီးပွားရေး ဆောင်ရွက်ရာတွင် လူသားများ မမျှော်လင့်မထိန်းချုပ်နိုင်သော အကြောင်းတရားများကြောင့် ပေါ်ပေါက်မယ့် ပျက်စီးဆုံးရှုံးမှုများကို ငွေကြေးပြန်လည်ပေးလျော်ခြင်းဖြင့် မဆုံးရှုံးခင်က စီးပွားရေး အခြေ အနေသို့ ပြန်ရောက်အောင် လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို အာမခံလုပ်ငန်းရဲ့ တိုးတက်မှုက သင်္ကေတပြယုဂ်တစ်ခုအဖြစ် ဖော်ပြနိုင်ပါတယ်။ အာမခံလုပ်ငန်းတစ်ခုဟာ တစ်ဦးတစ်ယောက်အတွက် အများက တာဝန်ယူရမည့် လုပ်ငန်း ဖြစ်ပါတယ်။
ကမ္ဘာလောကကြီးတွင် ကံဆိုးမိုးမှောင်ကျသူများကို ကျန်လူများက ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးတဲ့ စနစ်က အာမခံရဲ့မွန်မြတ်တဲ့ စနစ်ဖြစ်ပါတယ်။ အာမခံလုပ်ငန်းက ကံနည်းသူ၊ ကံမွဲသူများရဲ့ထွက်ရပ်လမ်းဖြစ်ပါတယ်။
အာမခံဆိုသည်မှာ ဆုံးရှုးံမှုများကို မျှဝေခံစားသည့်စနစ်ဖြစ်ပါတယ်။ တစ်ဦးရဲ့ဆုံးရှုံးမှုကို အများက ခွဲဝေမျှခံစားလိုက်ပါက ထိုပုဂ္ဂိုလ်အနေဖြင့် ဆုံးရှုံးမှုကြုံသည့် တိုင်အောင် စီးပွားရေးအနေထားအားဖြင့် မယိမ်းမယိုင်သွားရအောင် စီမံထားသော စနစ်ဖြစ်ပါတယ်။
သို့အတွက် တစ်ဦးတစ်ယောက်အတွက် အများ (All for one)က အာမခံလုပ်ငန်းရဲ့ ချစ်စရာ၊ မြတ်နိုးစရာ သဘောတရား ဖြစ်လာရပါတယ်။
#ဒေါက်တာမောင်မောင်သိမ်း ( 2017 Digital Wealth Financial Magazine)