Hyper-X Global Finance Company Limited

Hyper-X Global Finance Company Limited Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hyper-X Global Finance Company Limited, Financial service, Yangon.

(1st May 2023 ) နေ့တွင်ကျရောက်သော ၁၃၃ကြိမ်မြောက် International Labour Day ကို  Hyper-X Global Finance Co.,Ltd မှ ဂုဏ်ပြု...
01/05/2023

(1st May 2023 ) နေ့တွင်ကျရောက်သော ၁၃၃ကြိမ်မြောက် International Labour Day ကို Hyper-X Global Finance Co.,Ltd မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ (၁)ရက်၊ တနင်္လာနေ့သည် အများပြည်သူရုံးပိတ်ရက် “အလုပ်သမားနေ့” ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် ရုံးခေတ္တပိတ်ထားမည်ဖြစ်ပါသော်လည်း ရုံးလုပ်ငန်း​ ဆောင်တာများကို မူလအတိုင်း ရက်အတိကျဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ချစ်ခင်လေးစားရသော Clients များအား ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

Hyper-X Global Finance Co., Ltd
Email : [email protected]

As a thanks for the old members, we have arranged a special promotion.Please contact phone numbers listed below for more...
21/04/2023

As a thanks for the old members, we have arranged a special promotion.Please contact phone numbers listed below for more informations.

-Get trust & profits-
Hyper-X Global Finance Co., Ltd
Email : hyperxglobalfinancecoltd@gm

13/04/2023

Happy Thingyan Festival and Myanmar New Year.

(Inbox now to get started with the most professional and experienced Forex Trading Team)
-Get trust & profits-
Hyper-X Global Finance Co., Ltd
Email : [email protected]

ဧပြီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့ ၂၀၂၃ ခုနှစ်သည် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ ဖြစ်ပါသောကြောင့် ထိုရက်အတွင်းရုံးခေတ္တပိတ်ထာ...
11/04/2023

ဧပြီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့ ၂၀၂၃ ခုနှစ်သည် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ ဖြစ်ပါသောကြောင့် ထိုရက်အတွင်းရုံးခေတ္တပိတ်ထားမည်ဖြစ်ပါသော်လည်း ရုံးလုပ်ငန်းဆောင်တာများအား မူလအတိုင်း ရက်အတိအကျဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးအကြောင်းကြားအပ်ပါသည်။
မင်္ဂလာရှိသော နှစ်သစ်ကူးအချိန်ခါသမယတွင် စိုးရိမ်ပူပန်မှုတွေကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေကြောင်း Hyper-X Global Finance Co., Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Hyper-X Global Finance Co., Ltd
Email : hyperxglobalfinancecoltd@gmail.

တစ်ခါက အဖိုးအိုတစ်ဦးသည် သူ၏တစ်နေ့တာအလုပ်များ ကို မစတင်ခင် သာယာလှပတဲ့ရှုခင်းကိုကြည့်ရန် ကမ်းခြေတစ်လျောက် လမ်းလျှောက်လေ့ရ...
22/03/2023

တစ်ခါက အဖိုးအိုတစ်ဦးသည် သူ၏တစ်နေ့တာအလုပ်များ ကို မစတင်ခင် သာယာလှပတဲ့ရှုခင်းကိုကြည့်ရန် ကမ်းခြေတစ်လျောက် လမ်းလျှောက်လေ့ရှိသည်။ တစ်မနက်တွင် ကမ်းခြေတစ်လျောက် လမ်းလျှောက်လာရာ ကမ်းစပ်တစ်နေရာတွင် ကြယ်ငါးများ အများအပြား သောင်တင်နေသည်ကို တွေ့လိုက်ရသည်။ အဲ့ဒီအချိန်တွင် မိန်းကလေးငယ်တစ်ဦးက အရာဝတ္ထုတစ်ခုကို ကောက်ယူပြီး ပင်လယ်ထဲပစ်ချနေသည်ကို သတိထားမိပြီး အဖိုးအိုက " မိန်းကလေး၊ မင်းဘာလုပ်နေတာလဲ ငါသိလို့ရမလား " ဟု မေးလိုက်သည်။ မိန်းကလေးက " ကြယ်ငါးတွေကို ပင်လယ်ထဲပြန်ပစ်ချပေးနေတာပါ " ဟု ပြန်ဖြေသည်။ အဖိုးအိုကလဲ " ဘာလို့သောင်ပြင်ပေါ်ကကြယ်ငါးတွေကို ပင်လယ်ထဲပြန်ပစ်ချနေရတာလဲ "ဟု ထပ်မေးလိုက်သောအခါ မိန်းကလေးက " ကြယ်ငါးတွေက ရေနဲ့မျောပါလာပြီးတော့ ကမ်းစပ်မှာသောင်တင်နေပြီး သူတို့ကိုယ်တိုင် ပင်လယ်ထဲပြန်မသွားနိုင်တော့ဘူး။ နေမြင့်လာသည်နှင့်အမျှရေထဲ ပြန်မသွားနိုင်ရင် သူတို့သေကြလိမ့်မယ်" ဟု ပြန်ဖြေလိုက်သည်။ အဖိုးအိုက " ဒီကမ်းခြေမှာရှိတဲ့ ကြယ်ငါးထောင်ပေါင်းများစွာကို မင်းတစ်ယောက်ထဲအင်အားနဲ့ နေမထွက်ခင် အကုန်မကယ်တင်နိုင်မှာ ငါစိုးရိမ်တယ်" ဟု ပြောသော် မိန်းကလေးငယ်က " ကြယ်ငါးအားလုံးကိုမကယ်တင်နိုင်ရင်တောင် ကျွန်မကြောင့် ကြယ်ငါးတစ်ကောင်နှစ်ကောင်ဖြစ်ဖြစ် အသက်ဆက်ရှင်နိုင်သွားရင်တောင် ကျေနပ်ပါသည် " ဟု ပြန်ဖြေလိုက်ပါသည်။
ကျွန်ုပ်တို့အားလုံးသည် အပြုသဘောဆောင်သော ပြောင်းလဲမှုကိုဖန်တီးရန် အခွင့်အလမ်းများစွာကိုရရှိကြသော်လည်း စတင်ရန်စောင့်ဆိုင်း နေဦးမည်ဆိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်မှုများကို ကြန့်ကြာနေစေပါမည်။ "ကွာခြားချက် ဘယ်လောက်လုပ်နိုင်မလဲ" ဟု ကျိုးကြောင်းဆင်ခြင်ခြင်းသည် စိန်ခေါ်မှုကို အချိန်ဆွဲနေသလိုပင် ဖြစ်လိမ့်မည်။ ကမ္ဘာကြီးတစ်ခုလုံးကိုမပြောင်းလဲနိုင်ပေမယ့် အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်ကအစိတ်အပိုင်းတစ်ခုကို ပြောင်းလဲပေးနိုင်ပါသည်။

-Stay tuned about knowledges & strengths-
Hyper-X Global Finance Co., Ltd
Email : [email protected]

ONE OF THE HIGHEST AND PUREST JOY OF LIFE IS HAVING REST AFTER WORK.ကျွန်တော်တို့ Hyper-X Global Finance Company Limited...
02/03/2023

ONE OF THE HIGHEST AND PUREST JOY OF LIFE IS HAVING REST AFTER WORK.

ကျွန်တော်တို့ Hyper-X Global Finance Company Limited မှသတ်မှတ်ထားသော project တစ်ခုအောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား အပန်းဖြေခရီးစဉ် လိုက်ပို့မည်ဖြစ်ပါသည်။ 3/3/2023 ရက်မှစ၍ 6/3/2023 ရက်နေ့အထိ ရုံးခေတ္တခဏပိတ်မည်ဖြစ်ပါသော်လည်း ရုံးလုပ်ငန်းဆောင်တာများအား မူလအတိုင်း ရက်အတိအကျဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးအကြောင်းကြားအပ်ပါသည်။

Hyper-X Global Finance Co., Ltd
Email : [email protected]

တနေ့သောအခါဝယ် တိရိစ္ဆာန်ရုံထဲရှိ ကုလားအုပ်သားအမိတို့သည် သစ်ပင်ကြီးတစ်ပင်အောက်တွင်လဲလျောင်းနေကြသည်။ ထိုအချိန်ကုလားအုပ်ကလေ...
22/02/2023

တနေ့သောအခါဝယ် တိရိစ္ဆာန်ရုံထဲရှိ ကုလားအုပ်သားအမိတို့သည် သစ်ပင်ကြီးတစ်ပင်အောက်တွင်လဲလျောင်းနေကြသည်။ ထိုအချိန်ကုလားအုပ်ကလေးလေးက '' အမေ သားတို့မှာ တခြားကောင်တွေနဲ့မတူဘဲ ဘာလို့ဘို့တွေပါနေရတာလဲ ''လို့မေးမြန်းလိုက်တယ် ။ အဲ့ဒီအခါမိခင်ကုလားအုပ်ကြီးက '' အမေတို့က သဲကန္တာရတိရိစ္ဆာန်တွေဆိုတော့ ကန္တာရထဲတွင်အသက်ရှင်နေထိုင်သွားလာနိုင်ဖို့အတွက် ဘို့တွေထဲမှာရေများကိုသိုလှောင်ထားနိုင်တယ်။''လို့ပြန်ဖြေပေးလိုက်တယ်။ ဟုတ်ပြီအမေအဲ့တာဆိုရင် ကျွန်တော်တို့ခြေထောက်တွေကရော ဘာလို့သူများနဲ့မတူပဲရှည်ပြီးဝိုင်းနေရတာလဲဟု မေးပြန်တယ်။ အမေက'' ခြေထောက်ရှည်တွေကသဲကန္တာရထဲမှာလမ်းလျောက်နိုင်ဖို့အတွက်အသုံးဝင်တယ်'' ဟုပြန်ဖြေတယ်။ ကုလားအုပ်လေးကထပ်ပြီးတော့ ''ကျွန်တော့တို့မျက်တောင်တွေကရောဘာဖြစ်လို့ထူပြီးရှည်နေရတာလဲ''ဟုမေးတော့ မိခင်ကုလားအုပ်ကြီးက ''ကန္တာရထဲမှာလေထန်တဲ့အခါအမေတို့ရဲ့မျက်လုံးတွေကိုရှည်လျားထူထဲတဲ့မျက်တောင်မွှေးတွေကအကာအကွယ်ပေးတယ်''လို့ ပြန်ဖြေပေးလိုက်တယ် ။ ကုလားအုပ်လေးကအချိန်အတော်အတန်ကြာအောင်ငြိမ်သပ်ပြီးစဥ်းစားလေပြန်တယ်။ ထို့နောက်သူက ''ကျွန်တော်တို့မှာ ကန္တာရထဲတွင်အသုံးဝင်မဲ့ ဘို့တွေ ၊ ခြေတန်ရှည်တွေ၊ ထူထဲတဲ့မျက်တောင်မွှေးတွေရှိပါလျက်သားနဲ့ ဘာကြောင့် အခုလိုနေရာကျဥ်းကျဥ်းလေးထဲမှာနေနေရတာလဲ'' မေးလိုက်သောအခါ မိခင်ကုလားအုပ်ကြီးကပြန်လည်မဖြေကြားပေးနိုင်တော့ပါ ။
ကျွန်တော်တို့လူသားတွေမှာလည်းနေထိုင်ရာပတ်ဝန်းကျင်ရေမြေဒေသအလိုက် မိမိတို့စွမ်းဆောင်ရည်၊ အရည်အသွေး၊ လုပ်ဆောင်နိုင်စွမ်းမတူညီကြပေ။ မိမိရွေးချယ်ရာ၊ ကျရောက်ရာနယ်ပယ်ဒေသများတွင်မိမိတို့တတ်ကျွမ်းသော ပါရမီရှိသော ပညာရပ်များနှင့်အံဝင်ဂွင်ကျမဖြစ်ခဲ့ပါက ယခုပုံပြင်ကဲ့သို့ပင်ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့်သင်သည် အချိန်မှန်နေရာမှန်တွင်ရှိနေပါက ကျွမ်းကျင်မှုနှင့်စွမ်းရည်များသည်အသုံးသင်လိမ့်မည်။ မဟုတ်ပါကဖြုန်းတီးပစ်လိုက်သလိုပင်ဖြစ်တတ်ပါသည်။

-Stay tuned about knowledges & strengths-
Hyper-X Global Finance Co., Ltd
Email : [email protected]

''ဖေဖော်ဝါရီ ဆယ့်သုံး မှာဗိုလ်ချုပ်မွေးနေ့ပါ။တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး​ရှေ့နေဦးဖာသား။ဇာတိနတ်မောက် မကွေးခရိုင်သိကြများခ...
12/02/2023

''ဖေဖော်ဝါရီ ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
​ရှေ့နေဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား။''

ဖေဖော်ဝါရီလ ၁၃ ရက် ၂၀၂၃ ခုနှစ်တွင်ကျရောက်သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်ပြည့်မွေးနေ့ကို အောက်မေ့သတိရခြင်းများစွာဖြင့် Hyper-X Global Finance Co.,Ltd မိသားစုများမှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
Hyper-X Global Finance Co., Ltd
Email : [email protected]

"Your assumptions are your windows on the world. Scrub them off every once in a while, or the light won’t come in" -Stay...
08/02/2023

"Your assumptions are your windows on the world. Scrub them off every once in a while, or the light won’t come in"


-Stay tuned about knowledges & strengths-
Hyper-X Global Finance Co., Ltd
Email : [email protected]

ရှေးသရောအခါတိုင်းပြည်တစ်ပြည်တွင် သစ်ခုတ်သမားတစ်ယောက်သည်သူ၏အလုပ်ကိုကြိုးကြိုးစားစားဖြင့်စေတနာထားလုပ်ကိုင်ပေးနေသည်။ ထိုအကြ...
30/01/2023

ရှေးသရောအခါတိုင်းပြည်တစ်ပြည်တွင် သစ်ခုတ်သမားတစ်ယောက်သည်သူ၏အလုပ်ကိုကြိုးကြိုးစားစားဖြင့်စေတနာထားလုပ်ကိုင်ပေးနေသည်။ ထိုအကြောင်းကိုဘုရင်ကြီးသိသောအခါအလွန်ပင်ဝမ်းမြောက်ပီတိဖြစ်ခဲ့ရပါသည်။ သစ်ခုတ်သမားကပထမဆုံးလမှာတင်ပဲ သစ်ပင် ၁၈ပင်ခုတ်ထစ်ပေးခဲ့သည်။နောက်လတွင်လည်းရှေ့လကလိုပဲအားထုတ်ကြိုးပမ်းသော်လည်း သစ်ပင် ၁၅ပင်သာခုတ်နိုင်သည်။ တတိယလတွင်အစွမ်းကုန်ကြိုးစားပေးသော်လဲသစ်ပင် ၁၂ပင်သာခုတ်နိုင်ခဲ့သည်။ထိုကဲ့သို့ပင်နောက်လများတွင်လည်း အပင်ခုတ်ရေတဖြည်းဖြည်းလျော့ကျလာသည်။ဤသည်ကိုဘုရင်ကြီးသိသောအခါ သစ်ခုတ်သမားထံကိုယ်တိုင်သွား၍''အဘယ်ကြောင့်သင့်ရဲ့အပင်ခုတ်နိုင်စွမ်းကျဆင်းသွားရသနည်း''ဟုမေးပါသည်။
သစ်ခုတ်သမားကလည်း ''ကျွန်တော်မျိုးမှာအသက်လည်းအတော်အတန်ကြီးနေပြီဖြစ်၍ ကျွန်ုပ်၏သစ်ခုတ်စွမ်းရည်မှာလည်း ကျဆင်းသွားရခြင်းဖြစ်သည်''ဟုပြန်လျောက်တင်ခဲ့ပါသည်။ အဲ့ဒိီအခါဘုရင်ကြီးက ''မင်းနဲ့အတူအလုပ်လုပ်ပေးနေတဲ့မင်းရဲ့ပုဆိန်ကို ဘယ်အချိန်ကနောက်ဆုံးသွေးခဲ့သနည်း'' ဟုမေးလိုက်သောအခါ သစ်ခုတ်သမားက ''ကျွန်ုပ်အလုပ်လုပ်ကိုင်ခဲ့တဲ့ကာလအတွင်း ကျွန်ုပ်ရဲ့ပုဆိန်ကိုပြန်လည်ချွန်ထက်ဖို့အတွက်မပြုလုပ်ခဲ့ဘူးပါ''ဟုပြန်ဖြေလိုက်ပါသည်။ ထိုအခါဘုရင်ကြီးကနားလည်သွားပြီး ''သင်အသက်အရွယ်ကြီးလာတာကြောင့် စွမ်းဆောင်ရည်လုံးလုံးကျဆင်းသွားခြင်းမဟုတ်ပဲ၊ သင့်ဘဝမှာသင်နဲ့အတူလုပ်ကိုင်ပေးခဲ့တဲ့သင့်ရဲ့ပုဆိန်ကိုလည်း ပိုချွန်ထက်လာအောင်ပြုလုပ်ပေးသင့်သည်'' ဟု ပြောကြားလိုက်ပါသည်။
ကျွန်ုပ်တို့ဘဝတွင်လည်း မိမိရဲ့စွမ်းဆောင်ရည်၊ မိမိတတ်မြောက်ထားသောပညာရပ်များကိုဆက်လက်၍မလေ့လာမဆည်းပူးပဲနေပါကသစ်ခုတ်သမား၏ပုဆိန်ကဲ့သို့ပင် မိမိတို့ရဲ့လုပ်ဆောင်နိုင်စွမ်းများကျဆင်းလာကာ ဘဝတတ်လမ်းများရပ်တန့်သွားပါလိမ့်မည်။


-Stay tuned about knowledges & strengths-
Hyper-X Global Finance Co., Ltd
Email : [email protected]

Address

Yangon
11062

Website

Alerts

Be the first to know and let us send you an email when Hyper-X Global Finance Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hyper-X Global Finance Company Limited:

Shortcuts

Share