23/09/2020
Income Statement (Profit and Loss) ဟုခေါ်သော အရှုံးအမြတ်အချုပ်စာရင်းကိုသာ စမ်းစစ်ပြီး အမြတ်အပေါ်တွင် ပေးသွင်းရသည့်
Income Tax (Corporate Income Tax) ကို သက်သာစေရန် ပါဝင်သက်ပက်သူများအားလုံးသည် အစဉ်တစိုက်ကြိုးစားခဲ့ကြသည်မှာ ပြီးခဲ့သည့်နှစ်တွေအတွက် တော်တော်အလုပ်ဖြစ်လှသည့် အခွန်ဆိုင်ရာဖြေရှင်းနည်းတစ်ခုဖြစ်ခဲ့ပါသည်။
အကျိုးဆက်အနေဖြင့် တကယ်ရရှိလိုက်သည့် အမြတ် ကိုလျော့ထားခဲ့သောကြောင့် ငွေဖြူနဲနေခဲ့သည်။ ဥပမာအရ ၂၂၅၀၀ ကျပ် - ၇၅၀၀ ကျပ် = ၁၅၀၀၀ ကျပ် သည် ငွေမဲ သို့မဟုတ် အခွန် မ ဆောင်ထားသောဝင်ငွေ သို့မဟုတ် စကလက - စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေ ဖြစ်နေခဲ့သည်။ အဖြေကို ဥပမာ တွင်ဖတ်ရှုနိုင်ပါသည်။
ဒါ့ကြောင့် အခု အစုရှယ်ယာထည့်ဝင်ငွေများအပေါ်ဝင်ငွေရလမ်းစိစစ်ခြင်းသည် လုပ်ငန်း၏ ပိုင်ရှင် (Shareholders) များ၏ ငွေများကိုစိစစ်ခြင်းဖြစ်ပါသည်။ လုပ်ငန်းများ ကုမ္ပဏီများကို အခွန်ပေးဆောင်ခိုင်းခြင်းလုံးဝ (လုံးဝ) မဟုတ်ပါ။ Share Capital ထည့်ဝင်ထားသူတစ်ဦးစီ၏ ဝင်ငွေရလမ်းကို မပြနိုင်သောကြောင့် စကလက ဖြစ်နေခြင်းဖြစ်ပါသည်။
နောက်လာမည့် ဘဏ္ဌာရေးနှစ် 2020-2021, 2021-2022 များတွင် Financial Position (Balance Sheet) များကို ပြန်လည်စီစစ်ကာ Equity Management (Capital Management) များမြန်မြန်လုပ်ထားသင့်ပါသည်။ဒါ့အပြင် Liabilities နှင့် Assets များကို လည်း ကြေးစား စာရင်းကိုင်များနှင့် အသေးစိတ်တိုင်ပင်ကာ စီစစ်ထားသင့်ပါသည်။
ကြေးစား စာရင်းကိုင်များသည် Myanmar Company Law 2017, Union Tax Law, Central Bank of Myanmar နှင့် Accounting and Finance ကိစ္စရပ်များတွင် ခေတ်ပေါ်အတွေးအခေါ်ကောင်းများရှိသောသူများကို ဆိုလိုပါသည်။
(ဥပမာ- ၂သောင်းခွဲကုန်ကျသည့် ပိတ်စ၊ ကြယ်သီး စသည့် ကုန်ကြမ်းကိုသုံးကာ
အလုပ်သမားခ၊ မြေနေရာငှားခ၊ အခြားသော သွယ်ဝိုက်ကုန်ကျစရိတ်များသည် ၂သောင်းခွဲကုန်ကျသည်။
၄င်းမှ ရရှိသည့် အထည်များကို ပြန်ရောင်းပါက အားလုံးပေါင်း ၈သောင်းရသည်ဆိုပါက စုစုပေါင်း ၃သောင်းမြတ်ပါမည်။ ထိုအမြတ် ၃သောင်းကို ၂၅%ဖြင့် Company Income Tax ပေးဆောင်ရန် ရထောင့်၅ရာကျပ်ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ၃သောင်းထဲမှ ၇ထောင့်၅ရာ နုတ်ပြီး ၂သောင်း၂ထောင့်၅ရာသည် ငွေဖြူ သို့မဟုတ် အခွန်ဆောင်ပြီးသောဝင်ငွေဖြစ်သွားပါပြီ။
သို့သော် လက်တလောတွင် ၃သောင်းအမြတ်ထဲမှ ၂၅%ဖြင့် Corporate Income Tax မပေးချင်သောကြောင့် လုပ်ငန်းများ၊ ကုမ္ပဏီများသည် အမြတ်ကို ၁သောင်းလောက်ထားကာ ၂၅%ဖြင့် ၂ထောင့်၅ရာကျပ်သာ Corporate Income Tax ပေးသွင်းခဲ့ကြသည်မှ ဆယ်စုနှစ်များစွာရှိခဲ့ကြသည်။ ထို့ကြောင့် ကြီးမားသောအကျိုးဆက်သည် ငွေဖြူ သို့မဟုတ် အခွန်ဆောင်ပြီးသောဝင်ငွေ သည် [၁သောင်း အနုတ် ၂ထောင့်၅ရာကျပ်ဖြင့်] ၇ထောင့်၅ရာသာရှိနေခဲ့သည်။)
ထို့အတွက်ကြောင့် ငွေဖြူအဖြစ် အမှန်ရသင့်သည့် ၂၂၅၀၀ ကျပ် အစား ငွေဖြူ ၇၅၀၀ ကျပ် သာဖြစ်ခဲ့ရသည်။ ကွာခြားချက်သည်
၁၅၀၀၀ ကျပ်ဖြစ်ပါသည်။ ၄င်း ၁၅၀၀၀ ကျပ်ဖြင့် နောက်ထပ် ကုမ္ပဏီတစ်ခုတွင် Share Capital ထည့်ခဲ့ပါက ၁၅၀၀၀ ဘယ်ကရသလဲဟု ယခုစီစစ်လာနေပါသည်။ ထို့ကြောင့် စကလက ဖြစ်ရပါတော့သည်။
အခွန်စနစ်ကို အကျိုးရှိရှိဖြင့်လက်တစ်လုံးကြားအသုံးချတတ်ဖို့ရန် အောက်ပါကိစ္စရပ်များအနည်းငယ် သိထားသင့်ပါသည်။
(၁) နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ
(၂) နိုင်ငံရေးဘောဂဗေဒ
(၃) စီးပွားရေးတွင်ပါဝင်နေသောဘဏ္ဌာရေးကိစ္စ
(၄) အစိုးရအဖွဲ့၏စီးပွားရေးမူဝါဒ
(၅) တရားဥပဒေစိုးမိုးရေး
(၆) ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ သက်ဆိုင်ရာ ကော်မတီများ၏ဖွဲ့စည်းပုံ
(၇) အခွန်စာရင်းကိုင်ပညာ စသည့်ဖြင့် ထပ်မံဖြည့်စွက်ရန်များရှိနေပါဦးမည်။
Zawgyi Investment Service
Call: 0931060200. Email: [email protected]
——————————-
Points to note to prepare the Tax Accounting Reports
(1) The responsibilities of the Financial Reports are ONLY in BOD (Board of Directors).
(2) The external auditors' reports were needed of Myanmar Company Law 2017 for record keeping and keep reports in companies.
(3) It is readiness of examination (invoice, receipt, voucher, contract and any related document, etc.,) for Financial Notes and Schedule attached in Reports.
(4) Of duties special, It should be someone who is Tax Accountant (Not Auditors).
(5) Due to legal (statutory reports), by Myanmar Company Law 2017, it does not allow retrospective changes After issuing the Audited Financial Reports.
နေ့စဉ်ပိတ်ရက်မရှိ
မနက် ၉ နာရီ မှ ည ၉ နာရီအထိ
ဝန်ဆောင်မှုပေးနေပါပြီ။
(Saturday, Sunday and every Holidays) are open.
Daily open - 9 am to 9 am
Phone : 0931060200 [09773808547]
Shareholders များ (Owner များ) မိမိ ကုမ္ပဏီများကို စိတ်တိုင်းကျ ရင်းနှီးမြုပ်နှံထားပါ။
_________________________________________________
税務会計レポートを作成するための注意事項
(1)財務報告の責任はBOD(Board of Directors)のみです。
(2)2017年のミャンマー会社法の外部監査人の報告は、企業での記録保持および報告を行うために必要でした。
(3)レポートに添付されている財務メモおよびスケジュールに対する検査の準備(請求書、領収書、バウチャー、契約書、および関連文書など)です。
(4)特別な業務のうち、税理士(監査役ではない)であるべきです。
(5)法律(法定報告)により、2017年ミャンマー会社法により、監査済み財務報告書の発行後の遡及的変更は認められていません。
__________________________________________________
• Quick and Smooth Services for your Business in Myanmar (Burma)
• အမြန်ဆန်မှု နှင့် ချောမွှေ့မှု ဦးစားပေးသော ဝန်ဆောင်မှုများကို ဗမာပြည်ရှိ သင့်လုပ်ငန်းများအတွက်။
______________________________________________
• ミャンマー(ビルマ)でのビジネス向けの迅速でスムーズなサービス
• 미얀마 (버마) 내 비즈니스를위한 빠르고 부드러운 서비스
• Des services rapides et fluides pour votre entreprise au Myanmar (Birmanie)
詳細サービス人事管理
サービス会計、監査、課税
iKasu Company Service
[Accounting, Auditing and Tax]
[Investment and Financial Consulting]
Call: +95 09 541 5711
Email: [email protected]
MS Office Rangoon : No. 102, Mahar Swe Street, 13-Qtr, Hlaing Township, Rangoon, Burma. 11051
Business Hours : 9 AM - 6 PM - [Monday to Friday] — at Tax Advisor CCDC.
— at SAN TAX. Myanmar. 09-541-5711. — at SAN TAX. Myanmar. 09-541-5711. — at SAN TAX. Myanmar. 09-541-5711.