28/02/2026
မမြဲသည့် အချစ်
==========
* ချစ်၍ဆက်သည်
ချစ်သက်ရှည်သော်
ချစ်ရည်မသွေ့
ချစ်ငွေ့မခန်း
ချစ်လမ်းဖြောင့်ဖြူး
ချစ်ဦးပြုံးရွှင်
ချစ်ကြင်လည်ယှက်
ချစ်ရက်ရှည်ကြာပေတော့မည် *****
* ဖြစ်၍ပျက်သည်
ဖြစ်တည်ခဏ
ပျက်သုဥ်းရ၏
နိစ္စ အမျိုး
မရှိယိုး တည့်
မျှော်ကိုး ဥပါဒ်
မစွဲလတ် နှင့်
စောင့်ကြပ်၍ ထိန်း
သတိကိန်းသော်
အေးငြိမ်းချမ်းသာပေလိမ့်မည် *****
သတ္တဝါ မှန်သ၍ တရားတွေ့
ချမ်းမြေ့သာယာကြပါစေ
မေတ္တာ ဖြင့်
စွမ်းစေနိုင် @ မျိုးမောင်မောင်မျိုး