Financial & Life Protection with Yamin

Financial & Life Protection with Yamin Save small amount Get double risk cover

✨ Brand New 1 Bedroom for Rent at Kave Seed Kaset ✨💰 Rent: 13,000 THB / Month (Common fees included) So much saver 🥰l🏢 1...
28/03/2026

✨ Brand New 1 Bedroom for Rent at Kave Seed Kaset ✨

💰 Rent: 13,000 THB / Month (Common fees included) So much saver 🥰l

🏢 1 Bedroom Exclusive
📐 Size: 26 Sq.m.
🏙 Located on 7th Floor – Building B
🌿 Peaceful Garden View
🆕 Brand New Unit – Ready to Move In!

📍 Prime Location: Phahonyothin 34
🎓 Perfect for Kasetsart University students & staffs,Foreign Expats

🧺 Washing Machine Included
📺 Smart TV
🍳 Fully Equipped with Electrical Appliances

🚌 Free Shuttle Service to BTS
💻 Large Co-working Space Available

📄 1 Year Contract
🔐 2 Months Deposit + 1 Month Advance

📩 Contact now to arrange a viewing

21/11/2022

အလုပ်မရှိသေးခင် အကျိုးရှိအောင် ဘယ်လိုနေမလဲ??

-ဘွဲ့ရခါစ အလုပ်မရှိသေးဘူးလား?
-ကျောင်းထွက်ထားပြီး အလုပ်ရှာနေတာလား?
-အလုပ်ထွက်ခါစ အလုပ်သစ်ရှာနေတာလား?
အလုပ်ရှာနေတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ကြားကာလမှာ အကျိုးရှိအောင် ဘယ်လိုနေသင့်တယ်ဆိုတာ ပြောပြချင်ပါတယ်။

⑴ အချိန်ဇယားနဲ့ နေပါ။

ဘယ်နှစ်နာရီ ဘယ်နှစ်မိနစ်မှာ ဘာလုပ်မယ်ဆိုပြီး အတိအကျကြီး လုပ်စရာမလိုပါဘူး။အဓိက,က တစ်နေ့မှာ အကျိုးရှိတဲ့ အလုပ်မျိုး နှစ်ခု၊သုံးခု အနည်းဆုံးလုပ်ပါ။
-ည အရမ်းနောက်ကျထိမနေပါနဲ့။မနက်အိပ်ရာထနောက်ကျရင် လုပ်ချင်ကိုင်ချင်စိတ် ပျောက်သွားတတ်တယ်။
-တစ်နေကုန် ဟိုလျှောက်လည် ဒီလျှောက်လည်၊ဖုန်းနှိပ်၊TVကြည့်ရင်း ယောင် မနေမိပါစေနဲ့။
ဘေးက ပြောမယ့် ဘော်ဒါ မရှိတော့သလို၊လုပ်ဖော်ကိုင်ဖက်လည်း တွေလည်း မရှိသေးတော့ တစ်ယောက်တည်း အချိန်ဖြုန်းနေမိတတ်ပါတယ်။

⑵ တက်တက်ကြွကြွနေပါ။

တစ်နေကုန် အခန်းထဲအောင်းမနေပါနဲ့။သူငယ်ချင်းတွေနဲ့ တွေ့ပါ။လုပ်စရာမရှိရင် စိတ်က မကောင်းတဲ့ဘက်ကို အာရုံရောက်နေတတ်ပါတယ်။လုပ်ချင်တာ မလုပ်ရတော့ အားမလိုအားမရဖြစ်နေတတ်ပါတယ်။အရင်လို စိတ်မကြည်တော့ လူတွေနဲ့ အဆင်မပြေ။မိသားစုတွေ၊ အပေါင်းအသင်းတွေနဲ့လည်း အမြဲ ကတောက်ကဆ ဖြစ်တတ်ပါတယ်။တစ်ယောက်တည်း ကြာရင် depressionဝင်တတ်ပါတယ်။
-အလုပ်ဝင်နေတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပါ။ လုပ်ငန်းခွင်အကြောင်း၊အလုပ်သဘောအကြောင်း၊ဝန်ထမ်းဘဝအကြောင်း မေးပါ။
-ဘဝတူအလုပ်မရှိသေးတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ရင် ကိုယ် ဒီရက်ပိုင်း လုပ်ဖြစ်တာတွေ ပြောပြပါ၊လတ်တလော အကျိုးရှိရှိနေဖို့ တိုက်တွန်းပါ။ကိုယ်နဲ့အတူ activity တစ်ခုခု၊အလုပ်တစ်ခုခု လုပ်ဖို့ စည်းရုံးပါ။
-အပေါင်းအသင်းတွေနဲ့ ဘောလုံးကန်၊ကြက်တောင်ရိုက်၊အားကစား⚽🎾တစ်ခုခုလုပ်ပါ။
-တစ်ယောက်တည်း ဖြစ်နေရင် gym သွားပါ။
-မနက်နဲ့ ညနေ ပုံမှန် ပြေးပါ၊လမ်းလျှောက်ပါ။
-တစ်နေကုန် အခန်းထဲ မနေပါနဲ့၊ဖုန်းနှိပ်မနေပါနဲ့။

⑶ သင်တန်းတက်။

အရင်ကထက် အချိန်တွေ ပိုနေတာပဲ။ဒီအချိန်တွေမှာ အသုံးဝင်တာတစ်ခုခု သင်ထားတော့ အလုပ်လုပ်တဲ့အခါ အကျိုးမရှိဘူးလား?
-ဘာသာစကား၊ကွန်ပျူတာ၊အရောင်းအဝယ် နဲ့ marketingလို တကယ်လိုအပ်မယ့် အခြေခံသင်တန်းတွေ တက်ပါ။
-ကိုယ့်ဝါသနာအရ ဖုန်း၊လက်ပ်တော့ပြင်၊ကား၊စက်ပြင်၊အပ်ချုပ်သင်၊အလှပြင် စတာတွေလည်း တက်ပါ။
-ကိုယ်လုပ်မယ့် အလုပ်က လိုအပ်မယ်ဆိုရင် အဆင့်မြင့်၊ကျွမ်းကျင်အဆင့် သင်တန်းတွေ တက်ပါ။
-လိုအပ်ရင် certificate အသိအမှတ်ပြုလက်မှတ်ပေးမယ့် သင်တန်းတွေ တက်ပါ။

⑷ ပိုက်ဆံရှာထား။

ပုံမှန်ဝင်ငွေ မရသေးခင် အိတ်စောင့်လေး သုံးဖို့ ရှိထားတော့ မကောင်းဘူးလား။လိုအပ်တဲ့ သင်တန်းတွေတက်ဖို့၊အဝတ်အစား ဝယ်ဖို့၊စာအုပ်ဝယ်ဖို့ စတာတွေအတွက် ပိုက်ဆံလောက်လောက်ငှငှရှိတော့ စိတ်မချမ်းသာရဘူးလား။
-အသုံးအစွဲ ချွေတာပါ။
-အစားအသောက်၊အလည်အပတ်လျှော့ပါ။
-အရင်းနည်းနည်းနဲ့ အွန်လိုင်းရှော့ပင်းလုပ်ကြည့်ပါ။
-အပြင်မှာ ကား၊ဆိုင်ကယ်၊ဖုန်း ဝယ်ရောင်း၊ပွဲစားလုပ်ကြည့်ပါ။
-အသိမိတ်ဆွေ၊ဆရာ၊ဆရာမ အကူအညီနဲ့ ဂိုက်လုပ် စာပြပါ။
-မိဘဆွေမျိုးတွေရဲ့ အလုပ်မှာ လတ်တလော ဝင်လုပ်ပါ။
-သူငယ်ချင်းအလုပ်၊ဆိုင်မှာ အချိန်ပိုင်း ဝင်ကူလုပ်ပေးပါ။
-ဘဏ်မှာ ပုံမှန် အပတ်စဉ်၊လစဉ် ရသလောက် သွားစုထားပါ။

⑸ အင်္ဂလိပ်စာ လေ့လာ။

အင်္ဂလိပ်စာကို ဘယ်သူမှရှောင်လို့မရပါဘူး။လုပ်ငန်းထဲမှာ ပြောရင် နားလည်ဖို့၊ပြန်ပြောတတ်ဖို့ လိုပါတယ်။အလုပ်နဲ့ ဆိုင်တဲ့ စာ၊E-Mail,သတင်း၊ကြော်ငြာဖတ်တတ်ဖို့လိုပါတယ်။အရေးအသားမကျွမ်းကျင်ရင်တောင် ဖတ်ရင်၊ကြားရင် နားလည်အောင်၊ပြောတတ်အောင် လေ့လာထားပါ။
-အင်္ဂလိပ်စကားပြောသင်တန်းတက်ပါ။ပညာဒါန သင်တန်းတွေ ရှိတယ်။
-နေ့တိုင်း အင်္ဂလိပ်စာလုံးအသစ် သုံးလုံးလောက် ကျက်ပါ။
-အင်္ဂလိပ် သီချင်းတွေ နားထောင်ပါ။
-Facebook သုံးရင် Entrepreneur,Forbes,Success Magazine တွေရဲ့ pageက ဆောင်းပါးတွေကို ဖတ်ပါ။
-အင်္ဂလိပ်လို post ရေးတင်ကြည့်ပါ။
-မိသားစု၊သူငယ်ချင်းနဲ့ အပြန်အလှန်ပြောကျင့်ကြည့်ပါ။
-အင်္ဂလိပ်စာနဲ့ နေ့တိုင်း ပုံမှန်ထိတွေ့ပါ။

⑹ ပတ်ဝန်းကျင်ကို ကူညီပါ။

ကိုယ့်မှာ အချိန်ရှိတုန်း လိုအပ်တဲ့သူကို ကူညီပေးပါ။သူများလည်း အဆင်ပြေ အကျိုးရှိသလို ကိုယ့်ကိုလည်း အများက တန်ဖိုးရှိတဲ့သူဆိုတာ သိလာပါလိမ့်မယ်။
-မိဘအိမ်အလုပ်၊ရုံးအလုပ်မှာ တတ်နိုင်တဲ့နေရာက ဝင်ကူပေးပါ။
-အကို၊အမ၊ဦးလေး၊အဒေါ်တွေက မအားလို့ မလုပ်နိုင်တာ လုပ်ပေးလိုက်ပါ၊မသွားနိုင်တာ သွားပေးလိုက်ပါ။
-သူငယ်ချင်းက အလုပ်ကိစ္စခရီးသွားတဲ့အခါ အဖော်မရှိလို့ အကူအညီတောင်းရင် လိုက်သွားပေးလိုက်ပါ။

⑺ ပရဟိတလုပ်ပါ။

ပိုက်ဆံလှူမှ ပရဟိတ မဟုတ်ပါဘူး။ကိုယ်တတ်တဲ့ပညာ၊ရှိတဲ့ ခွန်အား၊အားတဲ့အချိန် ပေးပြီး ချို့တဲ့,လိုအပ်သူကို အကူအညီပေးတာလည်း ပရဟိတ မြောက်ပါတယ်။အခက်အခဲရှိတဲ့သူကို ကူညီရတာ ကုသိုလ်ရသလို ကိုယ့်မှာလည်း ပုံရိပ်ကောင်းတစ်ခု ရှိလာပါတယ်။
-မြို့နယ် လူမှုကူညီရေးအသင်း၊ပညာဒါနသင်ပေးတဲ့ အသင်း၊အမှိုက်ကောက် အသင်း၊သွေးလှုရှင်အသင်း စတဲ့အသင်းမျိုးတွေ join ပါ။
-သူငယ်ချင်းတွေ စုပြီး မိဘမဲ့ကျောင်း၊မျက်မမြင်ကျောင်း၊ဘိုးဘွားရိပ်သာတွေမှာ လုပ်အားပေးပါ။အားလုံး မုန့်ဖိုးတွေစုပြီး တစ်ရက်စာ ထမင်းဖြစ်ဖြစ်လှူဒါန်းပါ။
-ကျူရှင်မတတ်နိုင်တဲ့ ပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေးကြည့်ပါ။

⑻ စာဖတ်ပါ။

အလုပ်လုပ်ရင်သိဖို့လိုမယ့် အကြောင်းတွေ၊အခြေခံဗဟုသုတတွေ ရှာပြီးလေ့လာထားပါ။
-အလုပ်အင်တာဗျူးနဲ့ လူတွေ့စစ်တဲ့နေရာမှာ လိုမယ့် ဗဟုသုတဆိုင်ရာစာအုပ်တွေ၊
-လူမှုဆက်ဆံရေး၊အရောင်းအဝယ်၊စီမံခန့်ခွဲမှုအကြောင်းအရာတွေ ဖတ်ပါ။
-ဦးနုရဲ့ မိတ္တဗလဠီကာ၊ဆရာဖေမြင့်၊ဗန်းမော်သိန်းဖေတို့ရဲ့ စာအုပ်တွေ၊ဇေယတု၊အောင်လှိုင်၊ဒိုဂျေဆန်း တို့ မြန်မာပြန်စာအုပ်တွေရှာဖတ်ပါ။

⑼ ဟောပြောပွဲတွေ၊ networking ပွဲတွေတက်ပါ။

ပညာကိုလိုချင်ရင် ပညာရှိရာ သွားရပါတယ်။
-ကိုယ့်မြို့နဲ့ ပတ်ဝန်းကျင်က ဟောပြောပွဲ၊Barcamp တွေ၊workshop, စတာတွေ နားစွင့်နေပါ။
-ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ ပက်သက်ရင် သွားတက်ပါ။လေ့လာမှတ်သားပါ။
-ပွဲက လူတွေနဲ့ မိတ်ဆက်ပါ။စကားပြောကြည့်ပါ။သူတို့ လုပ်ငန်းနယ်ပယ်အကြောင်း စိတ်ဝင်တစား လေ့လာကြည့်ပါ။

⑽ ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းကို လေ့လာပါ။

ကိုယ်ဘာအလုပ်ကို ဝါသနာပါလဲ?အရောင်းအဝယ်လား၊စာရင်းအင်းလား၊ကွန်ပျူတာလား၊စက်ပစ္စည်းလား သိအောင်လုပ်။ကိုယ်ဝါသနာ ပါတဲ့အလုပ်ရဲ့ တစ်နေ့တာ တာဝန်၊လုပ်ငန်းလည်ပတ်ပုံ၊ရမယ့်လစာ၊လုပ်ပိုင်ခွင့်၊ တက်လမ်း၊အခက်အခဲ၊အဆင်မပြေမှူတွေ ကို သိအောင်လုပ်ပါ။
-ရုပ်မြင်သံကြားနဲ့ media မှာ လုပ်ချင်လား။
ဘယ်နေရာလုပ်ချင်တာလဲ၊ဘာအလုပ်လုပ်ချင်တာလဲ၊ကိုယ်လုပ်ချင်တဲ့အလုပ်အတွက် လိုတဲ့ skill နဲ့ အတွေ့အကြုံတွေက ဘာတွေလဲ၊ကိုယ့်အသိထဲမှာ ဒီလိုလုပ်နေတဲ့သူရှိလား။သူ နေ့တဓူဝ ဘာတွေလုပ်ရလဲ။အလုပ်က ဘယ်လောက် ခက်ခဲလဲ။လစာ ဘယ်လောက်ရလဲ။ဘယ်မှာနေရလဲ စသဖြင့်။
-ဖုန်းအရောင်းဆိုင်ဖွင့်ဖို့ စိတ်ဝင်စားရင် ကိုယ့်ပတ်ဝန်းကျင်က ဖုန်းဆိုင်တွေ ဘယ်လို run နေလဲ။ဘယ်လောက် ရောင်းနေရလဲ။ဘာတံဆိပ်အဓိကရောင်းနေလဲ။သူတို့ ဘယ်လောက်ရင်းထားလဲ၊ဝန်ထမ်းဘယ်လောက်လိုလဲ၊ ဘာတွေ သိဖို့၊သင်ဖို့ လိုလဲ။ စသဖြင့် လက်လှမ်းမှီသလောက် မေးမြန်း လေ့လာကြည့်ပါ။

⑾ Facebook ကို အကျိုးရှိရှိသုံး။

Fb မှာ ပို့စ်တွေ ခဏခဏတင်၊meme,ဟာသ video တွေ share နေရင် ကိုယ် အလုပ်မရှိမှန်း၊တစ်နေကုန် လိုင်းသုံးပြီး အပျင်းဖြေနေမှန်း လူသိပါတယ်။
-တခါတလေ အပန်းဖြေတဲ့အနေနဲ့ ကြည့်ပါ။အမြဲတမ်းတော့ မ shareနေပါနဲ့။
-Fb ပေါ်မှာ တန်ဖိုးရှိတဲ့ အကြောင်းအရာတွေ၊စိတ်ခွန်အားဖြစ်စေမယ့် စာတွေ၊လူငယ် ပညာပေးပို့စ်တွေ၊လုပ်ငန်းဆိုင်ရာ ဗဟုသုတတွေကို ရှာဖတ်ပါ။ဒါမျိုးတွေ ရေးတဲ့ page တွေ၊ပုဂ္ဂိုလ်တွေကို follow လုပ်ထားပါ။
-ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းဆိုင်ရာ group တွေ ဝင်ပြီး ကြည့်ပါ။
-ကိုယ်စိတ်ဝင်စားတဲ့ event တွေရဲ့ အချက်အလက်တွေကို ရှာကြည့်ပါ။
-ကိုယ့် account ထဲက လူတွေထဲမှာ ကိုယ့် အနာဂတ် ဘောစိလောင်း၊လုပ်ဖော်ကိုင်ဖက်လောင်းတွေ၊customer ဖြစ်လာနိုင်တဲ့သူတွေ ပါနိုင်တယ်။သူတို့က ကိုယ့်ကို တန်ဖိုးရှိတဲ့သူဆိုတာ သိနေဖို့လိုတယ်။

အလုပ်မရှိဖူးဆိုတာ ယာယီပါ။ဒီအတောအတွင်းမှာ ကိုယ့်ဘက်က တာဝန်ကျေအောင် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထား။အလုပ်အင်တာဗျူးမှာ သေချာပြင်ဆင်ထားတဲ့သူက သူများထက် ခေါင်းတစ်လုံးသာတယ်၊ကိုယ်ပိုင်အလုပ်,လုပ်မယ်ဆိုရင်လည်း ကိုယ့်မှာ သူများတွေလို ကကြီးက စ,စရာမလိုဘူး။
အချိန်လေးစားတယ်။လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိတယ်။ဗဟုသုတလည်းရှိတယ်။နာမည်ကောင်းလည်း ရှိတယ်။အပေါင်းအသင်း network လည်းရှိတယ်။လုပ်ငန်းကိုလည်း လေ့လာပြီးသားဆိုတော့ တစ်ဝက်လောက် ကြိုးစားပြီးသား မဖြစ်ဘူးလား။
ဒါကြောင့် ဒီအချိန်လေးမှာ ကျွန်တော်ပြောသွားတဲ့ အချက်လေးတွေကို တတ်နိုင်သမျှ ကြိုးစားလုပ်ကြည့်ပါ။အလုပ်မရှိသေးခင်မှာ အကျိုးရှိရှိနေကြည့်ပါ။


#စာစုများ

အတွေးအခေါ်ပညာရှင်ကြီး Aristotle ပြောခဲ့တာက  ကျွန်တော်တို့ဟာ ကိုယ်လုပ်တဲ့အရာ၊ အတွေး၊ ခံယူချက်‌တွေအတိုင်း ဖြစ်လာပါတယ်။ ကျွ...
17/11/2022

အတွေးအခေါ်ပညာရှင်ကြီး Aristotle ပြောခဲ့တာက ကျွန်တော်တို့ဟာ ကိုယ်လုပ်တဲ့အရာ၊ အတွေး၊ ခံယူချက်‌တွေအတိုင်း ဖြစ်လာပါတယ်။ ကျွမ်းကျင်မှုဆိုတာ ထပ်တလဲလဲ ‌လုပ်ဆောင်မှု၊ ပြုလုပ်‌နေကျ အလေ့အကျင့်ကနေ ‌ဖြစ်လာတဲ့အရာလို့ ဆိုပါတယ်။

ကိုရီးယားမှာ First Time Meet ဆုံတာနဲ့ စမေးလေ့ရှိတာ 당신의 MBTI는 무엇입니까? 🤓ခင်ဗျား MBTI က ဘာလဲ? ဆိုပြီး မေးကြပါတယ်။ တဖက်လူရဲ့စ...
17/11/2022

ကိုရီးယားမှာ First Time Meet ဆုံတာနဲ့ စမေးလေ့ရှိတာ 당신의 MBTI는 무엇입니까? 🤓
ခင်ဗျား MBTI က ဘာလဲ? ဆိုပြီး မေးကြပါတယ်။ တဖက်လူရဲ့စိတ်နေသဘောထားအကျင့်စရိုက်ကို တခဏအတွင်း သိနိုင်တဲ့အတွက် ကိုရီးယားမှာ ပထမဆုံးစတွေ့တဲ့ လူအချင်းချင်း မိတ်ဆက်ရင်း မေးတတ်ကြပါတယ်။ 💁

ခုစာဖတ်သူရော ကိုယ့်ရဲ့ MBTIကို သိရှိပြီးပြီလား။ မသိသေးတဲ့လူတွေအတွက် 123test.com/personality-test/ မှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။ ဒါဆိုရင် MBTI 16 မျိုးအလိုက် ကိုယ်က ဘယ်လိုလူလဲဆိုတာ သိချင်ရင်‌တော့ 🥰

ISTJ - The Duty Fulfillers
ESTJ - The Guardians
ISFJ - The Nurturers
ESFJ - The Caregivers
ISTP - The Mechanics
ESTP - The Doers
ESFP - The Performers
ISFP - The Artists
ENTJ - The Executives
INTJ - The Scientists
ENTP - The Visionaries
INTP - The Thinkers
ENFJ - The Givers
INFJ - The Protectors
ENFP - The Inspirers
INFP - The Idealists

မင်မင်ကတော့ INTP-The Thinkers ဖြစ်ပါတယ်။စာဖတ်သူကရော ဘယ်လိုလူမျိုးလဲဆိုတာ မင်မင့်ကို Commentမှာ ပြောပြပေးခဲ့ပါဦး‌နော်။ နောက်နေ့မှာလည်း မိမိ MBTI နဲ့ လိုက်ဖက်မယ့် Careerတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦး။ 🥰💞

This personality test is professional, serious and accurate. Based on the Big Five personality theory it determines your strengths and talents. Test yourself with the most reliable online personality test at https://www.123test.com/personality-test/

💢💢💢💢💢💢💢💢💢💢💢💢💢💢💢"မိဘတိုင်းရဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံသည် သားသမီးပညာ‌ရေး ဖြစ်သည်" ဆိုတဲ့စကားအတိုင်း ဥစ္စာပစ္စည်းအ‌မွ...
15/11/2022

💢💢💢💢💢💢💢💢💢💢💢💢💢💢💢

"မိဘတိုင်းရဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံသည် သားသမီးပညာ‌ရေး ဖြစ်သည်"

ဆိုတဲ့စကားအတိုင်း ဥစ္စာပစ္စည်းအ‌မွေတွေအစား ဘယ်သူမှ ခိုးယူလို့မရ၊ ရန်သူမျိုးငါးပါး ဖျက်စီးလို့မရတဲ့ ပညာအမွေ‌ကို ပေးနိုင်ဖို့က မိဘတိုင်းရဲ့ဆန္ဒပါ။

ဒါမှသာ ကပ်ဆိုးဘေးဆိုး၊ လောကဓံ‌ရဲ့ အလှည့်အပြောင်း ဘယ်လိုပဲ ကြုံလာပါစေ ကိုယ်ရင်းနှီးမြှုပ်နှံပေးခဲ့တဲ့ ပညာနဲ့ မိမိချစ်ရတဲ့ ရင်သွေးလေးဟာ လူ့လောကကြီးကို အပြုံးမပျက် ရှင်သန်‌နိုင်မှာပါ။

ဒီလို ဆုံးဖြတ်ချက်မှန်တဲ့ မိဘ‌တွေသာပေးနိုင်တဲ့ အကောင်းဆုံးပညာ‌ရေးအ‌မွေအတွက် တနေ့တနေ့ အပိုထွက်သွားတဲ့ ငွေအစား ၃၀၀၀လောက်ဖယ်ထားရုံနဲ့ သားသားမီးမီးလေးတွေကို အဆင့်မြင့်ပညာရေးအတွက် အာမခံအကာအကွယ်ပေးနိုင်မယ်ဆိုရင်‌ကော 🎉🎊🤫

သိန်း (၂၀၀) အကာအကွယ် (၁၄)နှစ်စာကို ငွေကြေးအခိုင်မာဆုံး၊ သက်တမ်းအကြာဆုံး အမေရိကန်အာမခံ Company ဖြစ်တဲ့ Chubbမှာ လျောက်ထားရယူနိုင်ဖို့ ဦးဦးဖျားဖျားသတင်းကောင်းပါးပါရစေ။ 🥰🥳

Yamin Aye @ Wendy
Financial Advisor
Chubb Life Myanmar
09973301536




ဒီpageလေးကို လာရောက်လည်ပတ်တဲ့သူ‌တွေကိုပဲ ကျွေးမှာနော် 💁
12/11/2022

ဒီpageလေးကို လာရောက်လည်ပတ်တဲ့သူ‌တွေကိုပဲ ကျွေးမှာနော် 💁

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959973301536

Website

Alerts

Be the first to know and let us send you an email when Financial & Life Protection with Yamin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share