17/02/2022
''ရာဇဝင်ထဲမှာ ထားရစ်ခဲ့ရပြီဖြစ်တဲ့ နေရာများ''
တံတားလေး စိတ္တဇဆေးရုံက
Kabaraye Vila တဲ့
ကြံတောသုသာန်က
Time City တဲ့ , Juntion Square တဲ့
မအူကုန်းအမှိုက်ပုံက
Yuzana Plaza တဲ့
ဝိဇယရုပ်ရှင်ရုံက
CB bank တဲ့
ကုန်တိုက် (၁) က
Ruby Mark တဲ့
ဗန္ဓုလလမ်းနဲ့သိမ်ဖြူလမ်းထောင့်က
လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတိုက်က
UFC တဲ့
အလုံအမှိုက်ပုံက
ALONE TOWER တဲ့ ,
ကိုးမိုင်တရုပ်သချိုင်္င်းက
9 mile Ocean တဲ့
ဝိတိုရိယဆေးရုံတဲ့
သာကေတ ဝက်စုရေကန် အမှိုက်ပုံကများ Fortune Plaza တဲ့
သုဝဏ္ဍပေါ်ဆန်းမွှေးလမ်းက လူသုံးကုန်ပစ္စည်းစက်ရုံက
ONE Entertainment တဲ့
တာမွေကုလားသချိုင်္င်းက
Tamwe Ocean တဲ့
ဗန္ဓုလလမ်းနဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့်က မိလ္လာကန်က
Bo Myat Htun Condo တဲ့
ဗိုလ်ချုပ်စျေးသစ်က
juntion city တဲ့
အင်းယာလမ်းက ကတ္တရာစေးတိုင်ကီတွေထားတဲ့
စည်ပင်ဝင်းက
Sakura Residence တဲ့
ကျိုက္ကဆံ ကပရ ကားကွင်းကြီးက
Super One တဲ့
မော်တင်စျေးက
Junction Mawtin တဲ့
စိန်ဂျွန်းစျေးက
City Mall တဲ့
စက်မှု(၁)ဝန်ကြီးဌာနဝင်းက
Myanmar Plaza တဲ့, Melia Hotel တဲ့
ပြည်လမ်းက စက်မှုလယ်ယာကများ NOVOTALတဲ့
ဆင်ဖြူရှင်ရိပ်သာက
Lottel Hotel တဲ့
ဆေးဝါးသုတေသနက
The CENTRAL တဲ့
ဆောက်လုပ်ရေးရုံးချုပ်က
Prime Hill Business Square တဲ့
၆ ထပ်ရုံးက
Strand Square တဲ့
အင်းစိန်လမ်းမပေါ်က ဆင်ချေးတုံးဆပ်ပြာစက်ရုံက
Gem Condo တဲ့
ဘားလမ်းထိပ်က လဝကရုံးက
ဧရာဝတီဘဏ်တဲ့
နန်းသီတာဆိပ်ကမ်းက
Junior Duck တဲ့
နား နှာခေါင်း လည်ချောင်းဆေးရုံက
MAX Office တဲ့
ပြည်သူ့မုန့်တိုက် ပပဝင်းရုံ ဂုဏ်ရုံ လက်ရွေးစင်ကဖီး ဆူးလေပန်းခြံ က
Sule Shangrila တဲ့
Sule Square
ရှမ်းခေါက်ဆွဲဆိုင် ဝင်းဆံသ
ပဉ္စသိင်္ခတေးသံသွင်း ဂိုးရှိုးစတိုးတွေရှိတဲ့
လှည်းတန်းအဝိုင်းက
Hledan Centre တဲ့
ရဲရင့်ရုံက
Sakura Tower တဲ့
River View Condo တဲ့
တပင်ရွှေထီးရုပ်ရှင်ရုံက
Dagon Center 2 တဲ့
မြေနီကုန်းစျေးက
Dagon Center 1 တဲ့
ဆင်မလိုက်အဝေးပြေးဂိတ်က
ဂရင်းဟံသာဆေးရုံကြီးတဲ့
ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ်က သီရိမင်္ဂလာစျေးက
Happy World တဲ့
၈မိုင်လမ်းဆုံကရန်ကုန်တိုင်းစစ်ဌာနချုပ်က
Yangon City Hotel တဲ့
စမ်းချောင်း ရှမ်းလမ်းက
ဗဟိုလမ်း တဲ့
လမ်းနီလေးက
တက္ကသိုလ်ရိပ်သာလမ်းသစ်တဲ့
သုဝဏ္ဍလမ်းဆုံနားက ကော်ဇောစက်ရုံက သုဝဏ္ဍဘူမိတဲ့
မြန်မာ့အသံက
MRTV4 တဲ့
ဝင်းသူဇာ အရောင်းဆိုင်က
Pyay Garden တဲ့
ဟာမစ်တစ် ပျားဂေဟာက
ပုလဲကြန္ဒိုမီနီယံ တဲ့
ရဲမော်တော်ယာဉ်ဌာနက
ဆီဒိုးနာဟိုတယ်တဲ့
ဘောင်ဒရီလမ်းကစစ်ကြောရေးနဲ့တည်ခိုရေးက
မားကက်ပလေ့စ် တဲ့
ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်
လမ်းတစ်ဖက်ခြမ်းက ဂေါက်ကွင်းပတ်ဝန်းကျင်က
ပြည်သူ့ဥယျာဉ် တဲ့
ဗိုလ်ရှုသဘင်က
လွှတ်တော်အဆောက်အအုံ
(ယခု ရန်ကုန်တိုင်းဒေသကြီးရုံး)တဲ့
သိမ်ဖြူတင်းနစ်ကွင်းက
ပထမတော့ ကားမောင်းသင်ကွင်းတဲ့
အခုကျပြန်တော့
ကန်သာယာကွန်ဒို နဲ့ Shopping Mall တဲ့
Wyndham Grand hotel တဲ့
သတ္တုတွင်းဝန်ကြီးဌာနက
ရန်ကင်းကလေးဆေးရုံတဲ့
စမ်းချောင်းလမ်းမပေါ်က ရေခဲစက်က
စမ်းချောင်းကွန်ဒိုတဲ့
ဦးဝိစာရလမ်းမပေါ်က ဒဂုံရဲစခန်းက
စစ်ဆေးရုံတဲ့
ပါရမီလမ်းထောင့် ကပရဌာန(၃)ခု
တစ်ဆက်တည်းRTCဝင်းကြီးက
ရွှေမန်းသူကားဂိတ်တဲ့
INNO CITY တဲ့
ပန်းဆိုးတန်းလမ်း ကုန်သွယ်လယ်ယာက
Shwe Bank တဲ့
ထီးကိုးလက်ဘေးကစိုက်ခင်းတွေက
MICT Park တဲ့
ဒဂုံ(၁)ရှေ့က စစ်ရုံးက
ယုဇနဟိုတယ် တဲ့
ယောက်လမ်းထောင့်ကAuto Car က
Park Royal Hotel တဲ့
သမတဟိုတယ်က
G Hotel တဲ့
ဗိုလ်ချုပ်လမ်းပေါ်က
ကုန်းလမ်းပို့ဆောင်ရေးရုံးက
KFC တဲ့
ဒဂုံမြို့နယ်တရားရုံးက
အမျိုးသမီးစွမ်းဆောင်ရှင်အသင်း
အဆောက်အအုံတဲ့
သဂီ င်္ရွှေရည်ဓါတ်ပုံတိုက်တဲ့
ရေကူးထပ်ဆင့်အသံလွှင့်ရုံက
forever group တဲ့
မယ်လမုဘုရားတစ်ဖက်ကမ်းက
လယ်ကွင်းတွေက
မြောက်ဒဂုံမြို့သစ်တဲ့
ပေါက်တောသချိ င်္ုင်းက
မုဒိတာအိမ်ယာ အမှတ် ၂ တဲ့
ကြည့်မြင်တိုင်ဗားကရာသဲကွင်းက
Asia World ဆိပ်ကမ်းတဲ့
ပြည်လမ်းပေါ်က
ရဲရိပ်သာက
Tawwin Center တဲ့
သင်္ဃန်းကျွန်းစျေးက
AKK Shoping Mall တဲ့
ရန်ကင်း CMAရုံးက
Golden City တဲ့
ကန်ဘဲ့သချိုင်းက
စည်ပင်အဆင့်မြင့်အိမ်ယာတဲ့
တာမွေသချိ င်္ုင်းက
ရွှေထွဋ်တင် Sky Star, ILBC , Polo Club,
MorningStar ,ကားပွဲစားတန်း တဲ့
ဗညားဒလလမ်းနဲ့ဗျိုင်းရေအိုးစင်လမ်းထောင့်က
တရုတ်သင်္ချိုင်းက
နားနှာခေါင်းလည်ချောင်းဆေးရုံ တဲ့
တာမွေထိပ်က မရိုးဆန်းရုပ်ရှင်ရုံက
Moon Bakeryတဲ့
တာမွေ အခွန်လွတ်စျေးက
အာယုဆေးရုံတဲ့
တာမွေစျေးဟောင်းက
တာမွေပလာဇာတဲ့
ရွှေဗဟိုရ်ရုပ်ရှင်ရုံက
MEGA ACE တဲ့
မြန်မာ့ဂုဏ်ရည်လမ်းနဲ့ဗိုလ်မင်းရောင်လမ်းကြား စည်ပင်ဝင်းကြီးက ဂမုန်းပွင့် တဲ့
မင်္ဂတောင်ညွန့်မြယာကုန်းလမ်း
တရုတ်သချိုင်္င်းက
ရွှေမြယာအိမ်ရာတဲ့
စက်ရုံလမ်းထိပ်ကသချိုင်းက
မီးလောင်သွားတဲ့မင်္ဂလာစျေးတဲ့
ကိုယ်တွေငယ်ငယ်က
ပျောက်ရှသွားခဲ့တဲ့
ပြန်မရနိုင်တော့တဲ့
ပုံရိပ်ဟောင်းတွေ
လွမ်းဆွတ်လာမိလို့ပါ
#မှတ်မိတာများရှိရင်လွမ်းခြင်းအားဖြင့်
မှတ်တမ်းတင်သွားကြပါအုံး
SoeThiha
#နော်ဂဲလယ်ထူး(စာပေပရဟိတ)
#ကော်ပီကူးရင်ငါ့နာမည်မဖြုတ်နဲ့