Jeunesse Myanmar

Jeunesse Myanmar Health & Beauty supplements

ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အသုံးပြုရန်  september 5 ရက်နေ့ ရန်ကုန်မြို့သို့ရောက်ရှိဂျပန်နိုင်ငံထုတ် လေအေးပေးစက်ပါ လေအ...
08/09/2020

ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အသုံးပြုရန်
september 5 ရက်နေ့ ရန်ကုန်မြို့သို့ရောက်ရှိ
ဂျပန်နိုင်ငံထုတ် လေအေးပေးစက်ပါ လေအိတ်စနစ်သုံး DEMU
( diesel electric multiple unit )
ရထားတွဲဆိုင်း အသစ်စက်စက်ကြီးများရဲ့
အတွင်းပိုင်း အပြင်အဆင်များ

photo credit.

ကွမ်းသမားများ ဆင်ခြင်ကြပါ
အရည်မရ အဖတ်မရ ရောဂါရ
တတ်နိုင်ရင် ကွမ်းဖြတ်ကြပါဗျာ
ရိုသေသန့်ရှင်းစွာအသုံးပြုခြင်းဖြင့်
နိုင်ငံကြီးသားပီသကြပါ

ပြည်သူ့အကျိုးစီးပွားအတွက် မြန်မာ့မီးရထား၏ ရန်ကုန် - မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း (သို့မဟုတ်) ရန်ကုန်-မန္...
04/09/2020

ပြည်သူ့အကျိုးစီးပွားအတွက် မြန်မာ့မီးရထား၏ ရန်ကုန် - မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း (သို့မဟုတ်)
ရန်ကုန်-မန္တလေးလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်မြန်မာ့မီးရထား
=========================================

မြန်မာ့မီးရထား

မြန်မာ့မီးရထားသက်တမ်း ၁၄၃ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ၁၆၁ မိုင်ရှည်လျားသည့် ရန်ကုန် - ပြည် ရထားလမ်းပိုင်း စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ ခြင်းဖြစ်သည်။
နောက်ရှစ်နှစ်အကြာ ၁၈၈၅ ခုနှစ်တွင် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း ၁၆၆ မိုင်နှင့် ၁၈၈၉ ခုနှစ်တွင် တောင်ငူ - မန္တလေးလမ်းပိုင်း ၂၁၉ မိုင်တို့ကို ထပ်မံ ဖွင့်လှစ်ခဲ့သည်။ ခေတ်အဆက်ဆက်ရထားလမ်း တစ်လမ်းသွားစနစ်မှ နှစ်လမ်းသွားအဖြစ်တိုးချဲ့ခဲ့ပြီး ရန်ကုန် - မန္တလေးခရီးအစအဆုံး နှစ်လမ်းသွားရထားလမ်း အဖြစ် ၂၀၀၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။
ရထားလမ်း နှစ်ကြာမြင့်နေသကဲ့သို့ လမ်း၊ တံတား၊ ဘူတာနှင့် အချက်ပြစနစ်များအပြင် အသုံးပြုနေသည့် စက်ခေါင်း/တွဲများ၏ အရည်အသွေးမကောင်းတော့ခြင်း တို့ကြောင့် ရထားပြေးဆွဲမှုမိုင်နှုန်းကို သိသာစွာလျှော့ချ ထားရသည့်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ယင်း အခြေအနေများကြောင့် ရထားစီးခရီးသည်များက ပိုမို မြန်ဆန်ပြီးဝန်ဆောင်မှုကောင်းသည့် အဝေးပြေး မော်တော်ယာဉ်ပို့ဆောင်ရေးကို ရွေးချယ်သွားရာ ရထား ပို့ဆောင်ရေး၏ စွမ်းဆောင်ရေးအခြေအနေမှာ နှစ်စဉ် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
ရထားပို့ဆောင်ရေးလုပ်ငန်း စွမ်းဆောင်နိုင်ရည် ပြန်လည်ဦးမော့လာစေရန် ရထားအခြေခံအဆောက် အအုံနှင့်တကွ အသုံးပြုနေသည့်စနစ်များ၊ အထောက် အကူပစ္စည်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာရေး ရည်မှန်း ချက်ထားပြီး မြန်မာနိုင်ငံရထားကွန်ရက်၏ အဓိက ပင်မသွေးကြောဖြစ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းမ ကြီး အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံမှ ODA ချေးငွေရယူပြီး အကောင်အထည်ဖော်ရခြင်းဖြစ်သည်။
“ရန်ကုန် - မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို ရန်ကုန်-တောင်ငူလမ်းပိုင်းနှင့် တောင်ငူ-မန္တလေးလမ်းပိုင်းဟူ၍ အဆင့်နှစ်ဆင့်ခွဲပြီး ဆောင်ရွက် လျက်ရှိသည်။ စီမံကိန်းကြီးတစ်ခုလုံးအတွက် သုံးစွဲ ကုန်ကျမည့် ငွေပမာဏမှာ ၂ ဒသမ ၄၉၈ ဘီလီယံ အမေရိကန်ဒေါ်လာနှင့်ညီမျှသည့် ဂျပန်ယန်း ၂၇၂ ဒသမ ၉၆၀ ဘီလီယံ ဖြစ်သည်။
၂၀၁၇ ခုနှစ်မှ စတင်ပြီး Detail Design ဆောင်ရွက် ခြင်း၊ Consultant ရွေးချယ်ခြင်းနှင့် လုပ်ငန်းများ တင်ဒါ ခေါ်ယူခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စီမံကိန်းအပိုင်း (၁) ဖြစ်သည့် ရန်ကုန်-တောင်ငူလမ်းပိုင်း ရထားလမ်းအဆင့် မြှင့်တင်တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင် ရွက်လျက်ရှိပါသည်။ ရန်ကုန် - တောင်ငူကြား ဒွေးလမ်း (နှစ်လမ်းသွား) လမ်းတွင် တစ်လမ်းတည်း၌သာ အစုန်/အဆန်ရထားများ သွားလာစေသည့်စနစ်အသုံးပြု၍ ကျန်တစ်လမ်းကိုပိတ်ပြီး လမ်းအဆင့်မြှင့်တင်ပြုပြင်နေခြင်းဖြစ်သည်။
ရန်ကုန် - မန္တလေးလမ်းပိုင်းတစ်ခုလုံး၌ လက်ရှိ ပြေးဆွဲချိန် ၁၆ နာရီရှိနေခြင်းကို ၈ နာရီအောက်သို့ လျှော့ချနိုင်ရေး ရည်မှန်းချက်ထားရှိပြီး DEMU တွဲများ အသုံးပြု၍ တစ်နာရီ ၆၀ ကီလိုမီတာနှုန်းမှနေပြီး ၁၀၀ ကီလိုမီတာနှုန်းသို့ တိုးမြှင့်ပြေးဆွဲနိုင်မည်ဖြစ်သည်။
ဝင်ရိုးဝန်ချိန် ၁၂ ဒသမ ၅ တန် ရှိရာမှ တန် ၂၀ အထိ တိုးမြှင့်နိုင်မည်ဖြစ်သောကြောင့် ယခင် ရှစ်ဘီးတွဲ ကုန်တွဲ တစ်တွဲ ၃၆ တန်တင်ရာမှ တန် ၆၀ အထိ တင်နိုင်မည် ဖြစ်ပြီး စီးပွားရေးတွက်ခြေကိုက်သည့် ကုန်ရထား သွားလာမှု ရရှိလာမည်ဖြစ်သည်။
ခရီးသည်ပို့ဆောင်ရေးအသုံးပြုမည့် ရထားတွဲဆိုင်း များမှာ DEMU တွဲဆိုင်း အသစ်များဖြစ်သည်။ ထို့ကြောင့် ရထားများပို၍ လုံခြုံစိတ်ချစွာသွားလာနိုင်ပြီး အချိန် မှန်ကန်မှုတိုးတက်လာမည်။ ငြိမ့်ညောင်းစွာ ခုတ်မောင်း သွားလာနိုင်မည်ဖြစ်သည်။ ထို့အပြင် ရထားသွားလာ ပြေးဆွဲမှုကို ဗဟိုမှထိန်းချုပ်သည့် OCC စနစ်ဖြင့် တပ်ဆင် မည်ဖြစ်သည်။ ခေတ်မီလက်မှတ်ရောင်းစနစ်ကိုလည်း ပြုပြင်ပြောင်းလဲတပ်ဆင်နိုင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန် - မန္တလေး မီးရထားလမ်းအဆင့်မြှင့်တင်ခြင်း အတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းများမှာ -
(က) ရထားလမ်းတာပေါင်နှင့် ၃၈၅ မိုင်၊
ရထားလမ်းပြုပြင်ခြင်း
(ခ) ရထားလမ်းတံတားများ ၈၁၃ စင်း၊
ပြုပြင်တည်ဆောက်ခြင်း
(ဂ) ရထားလမ်းဘူတာများအသစ် ၁၀ ဘူတာ
ပြန်လည်တည်ဆောက်ခြင်း၊
(ဃ) ရထားတွဲ DEMU (Diesel ၂၀၄ တွဲ၊
Electric Multiple Unit)
(င ) DEMU Workshop and ၂ ရုံ၊
Depot တည်ဆောက်ခြင်း
( စ ) ကွန်ပျူတာဖြင့်ရထားထိန်း ၉၆ ဘူတာ၊
စနစ်တပ်ဆင်ခြင်း
(ဆ) ဘူတာများတွင်လျှပ်စစ်မီး ၉၆ ဘူတာ
တပ်ဆင်ခြင်းတို့ဖြစ်သည်။
ရန်ကုန် - တောင်ငူရထားလမ်းပိုင်းတွင် ပဲခူး၊ ညောင်လေးပင်၊ ဖြူးဘူတာတို့ဖြစ်ပြီး ပဲခူးဘူတာနှင့် ညောင်လေးပင်ဘူတာတို့မှာ နှစ် ၁၀၀ ကျော် ဘူတာဖြစ် ၍ ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်သွားမည် ဖြစ်သည်။
တောင်ငူ-မန္တလေးရထားလမ်းပိုင်းတွင် တောင်ငူ၊ ရေတာရှည်၊ ပျဉ်းမနား၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်၊ မြို့ဟောင်းဘူတာတို့ကို အသစ်ပြန်လည် တည်ဆောက်သွားမည်ဖြစ်သည်။ ကျန်ဘူတာ ၈၆ လုံးကိုလည်း မြန်မာ့မီးရထားအစီအစဉ်ဖြင့် အဆင့်ဆင့် ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဘူတာပတ်ဝန်းကျင် နယ်နိမိတ်များတွင် အုတ် ခြံစည်းရိုး ကာရံခြင်းများနှင့်ဘူတာအဝင်လမ်း ကောင်းမွန် ရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည်။ ပတ်ဝန်းကျင်ရှိ ကားလမ်းကူး၊ လူလမ်းကူး များကိုလည်း တိုင်းဒေသကြီးများနှင့်ညှိနှိုင်းပြီး ကားလမ်းကူးခုံးကျော် တံတားတည်ဆောက်ခြင်းများကို ညှိနှိုင်းဆောင်ရွက် သွားမည်။
ရန်ကုန်-မန္တလေးရထားလမ်း
အဆင့်မြှင့်တင်ရေးစီမံကိန်း
ရန်ကုန်-မန္တလေးလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း ၃၈၅ မိုင်ကို အဆင့် (၂) ဆင့်ခွဲ၍ ဆောင်ရွက်လျက် ရှိရာ အဆင့် (၁) ဖြစ်သည့် ရန်ကုန် - တောင်ငူ ၁၆၆ မိုင် နှင့် အဆင့် (၂) တောင်ငူ-မန္တလေး ၂၁၉ မိုင် သတ်မှတ်၍ ဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းအဆင့်(၁) ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည် ဖော်ခြင်း
စီမံကိန်းအဆင့်(၁) ဖြစ်သည့် ရန်ကုန် - တောင်ငူ ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက် လျက်ရှိသည်-
(က) ရန်ကုန်-ပဲခူးလမ်းပိုင်း (CP-101) ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့် အချက်ပြ/ဆက်သွယ် ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်းကို ဂျပန် နိုင်ငံ FNS-JV Co.,Ltd. နှင့် ဆောင်ရွက်လျက်ရှိ ပြီး ၂၀.၁၂% ပြီးစီးနေပြီဖြစ်သည်။
(ခ ) ပဲခူး-ညောင်လေးပင်လမ်းပိုင်း (CP-102) ရထားလမ်းအဆင့်မြှင့်တင်ခြင်းနှင့် အချက်ပြ/ ဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်း အား ဂျပန်နိုင်ငံ TEKKEN-RN JV Co.,Ltd. နှင့် ဆောင်ရွက်လျက်ရှိပြီး ၃၂.၇၀% ပြီးစီးနေ ပြီ ဖြစ်သည်။
(ဂ ) ညောင်လေးပင်-တောင်ငူလမ်းပိုင်း (CP-103) ရထားလမ်းအဆင့်မြှင့်တင်ခြင်းနှင့် အချက်ပြ/ဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်း အား ဂျပန်နိုင်ငံ TOKYU Co.,Ltd. နှင့် ဆောင် ရွက်လျက်ရှိပြီး ၃၂.၉၇% ပြီးစီးနေပြီဖြစ်သည်။
(ဃ) DEMU ခေတ်မီ ရထားတွဲသစ် ၂၄ တွဲ ဝယ်ယူ ခြင်း (CP-104) အတွက် ရရှိရေးဆောင်ရွက် လျက်ရှိသည်။
(င ) DEMU Workshop and Depot ရထားတွဲ တည်ဆောက်ရန် အလုပ်ရုံ(ရွာသာကြီး) တည် ဆောက်ခြင်း (CP-105) ကိုလည်း ဆောင်ရွက် လျက်ရှိပါသည်။
(စ ) ရထားသွားလာမှုထိန်းချုပ်ရေးစနစ်တပ်ဆင် ခြင်းလုပ်ငန်း (CP-106) အတွက် ဆောင်ရွက် လျက်ရှိပါသည်။
(ဆ) FD Clip ကွန်ကရစ်ဇလီဖား Mould နှင့် ဇလီ ဖားတွဲနှောင်ပစ္စည်း (FD Clip) ဝယ်ယူခြင်း လုပ်ငန်း(CP-107) အား ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။
(ဇ) လျှပ်စစ်လုပ်ငန်းများ (CP-108) ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါသည်။
ရန်ကုန်-တောင်ငူရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ကွန်ကရစ်ဇလီ ဖား ထုတ်လုပ်ခြင်းလုပ်ငန်း၊ လမ်းခင်းကျောက်ဝယ်ယူ စုဆောင်းခြင်းလုပ်ငန်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း နှင့် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် ရထားလမ်းအဆင့်မြှင့်တင်ခြင်းနှင့် အချက်ပြ/ဆက်သွယ် ရေးစနစ်တပ်ဆင်ခြင်းလုပ်ငန်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းနှင့် DEMU ခေတ်မီရထားတွဲသစ် (၂၄) တွဲ ဝယ်ယူခြင်းလုပ်ငန်းတို့ ဖြစ်သည်။
စီမံကိန်းအဆင့်(၂) တောင်ငူ-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်ခြင်း
စီမံကိန်းအဆင့်(၂)ဖြစ်သည့် တောင်ငူ-မန္တလေး လမ်းပိုင်း ၂၁၉ မိုင်ကို လုပ်ငန်းများအဆင်ပြေစေရန် အပိုင်းလေးပိုင်းခွဲ၍ ဆောင်ရွက်ရန်စီမံဆောင်ရွက်လျက် ရှိပါသည်-
(က) တောင်ငူ - ရွာတော်လမ်းပိုင်း (၆၄) မိုင် (CP-2101)၊
(ခ) ရွာတော် - အင်ကြင်းကန်လမ်းပိုင်း (၄၉) မိုင် (CP-2102)၊
(ဂ) အင်ကြင်းကန် - ကူမဲလမ်းပိုင်း (၆၃) မိုင် (CP-2103)၊
(ဃ) ကူမဲ-မန္တလေးလမ်းပိုင်း (၄၃) မိုင် (CP-2104)။
Design အရ စီမံကိန်းအဆင့် (၂) အတွက် တင်ဒါ ၁၀ ခုကို ခေါ်ယူမည်ဖြစ်ပါသည်။ ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများမှာ-
(က) CP-2101, 2102, 2103, 2104 ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့် အချက်ပြ/ ဆက်သွယ် ရေးစနစ်များတပ်ဆင်ခြင်းလုပ်ငန်း၊
(ခ ) CP-2105 ခေတ်မီရထားတွဲ DEMU ၁၈၀ တွဲဝယ်ယူခြင်းလုပ်ငန်း၊
(ဂ ) CP-2106 ရထားသွားလာမှုထိန်းချုပ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်း၊
(ဃ) CP-2107 FD Clip ကွန်ကရစ်ဇလီဖား Mould နှင့် ဇလီဖားတွဲနှောင်ပစ္စည်း (FD Clip) ဝယ်ယူခြင်းလုပ်ငန်း၊
(င ) CP-2108 လျှပ်စစ်လုပ်ငန်း၊
(စ ) CP-2109 ခရီးသည် ဝန်ဆောင်မှုလုပ်ငန်းများ (အလိုအလျောက်လက်မှတ်ရောင်းစနစ်)၊
(ဆ) CP-2110 လမ်းမြှောက် ကျောက်ပက်ကင်ရိုက် စက်နှင့် ရထားလမ်း စစ်ဆေးရေးယာဉ် ဝယ်ယူခြင်းလုပ်ငန်း။
စီမံကိန်းနယ်မြေအတွင်းမှာ ဘူတာအကြီးအသေး ၅၅ ဘူတာခန့်ပါဝင်သည်။ ရန်ကုန်-တောင်ငူ စီမံကိန်း အပိုင်း(၁)နယ်မြေအတွင်းတွင် ပဲခူးဘူတာတစ်ခုသာ လမ်းဆုံဘူတာအဖြစ်ရှိပြီး တောင်ငူ-မန္တလေး စီမံကိန်း အပိုင်း (၂) နယ်မြေအတွင်းမှာ လမ်းဆုံဘူတာအဖြစ် အောက်ပါအတိုင်းပါဝင်နေခြင်းက ထူးခြားမှုဖြစ်သည်-
- ပျဉ်းမနားဘူတာ - ပဲခူးရိုးမဖြတ်ကျော်ပြီး တောင်တွင်းကြီး၊ ချောက်၊ ကျောက်ပန်း တောင်း၊ ပုဂံ သို့သွားသည့်ရထားလမ်းမွှာနှင့် ချိတ်ဆက်နေသည်။
- ပျော်ဘွယ်ဘူတာ - ရွာတော်၊နတ်မောက်ဒေသ နှင့် ချိတ်ဆက်နေသည်။
- သာစည်ဘူတာ - အရှေ့ဘက်ခြမ်းတွင် ရှမ်း ပြည်တောင်ပိုင်း ဟဲဟိုး၊ ကလော၊ အောင်ပန်း၊ ရွှေညောင်၊ ရပ်စောက် တောင်ပေါ်လမ်းပိုင်းကို လည်းကောင်း၊ အနောက်ဘက်ခြမ်း မိတ္ထီလာ၊ မြင်းခြံအထိလည်းကောင်း လမ်းမွှာများနှင့် ချိတ်ဆက်နေသည်။
- ပလိပ်ဘူတာ - မြင်းခြံ - ပုဂံလမ်းမွှာနှင့် ချိတ်ဆက်နေသည်။
- မြို့ဟောင်းဘူတာ - ရှမ်းပြည်မြောက်ပိုင်း ပြင်ဦးလွင်၊ သီပေါ၊ ကျောက်မဲ၊ လာရှိုး ကိုလည်းကောင်း၊ စစ်ကိုင်း (ရွာထောင်) မှ တစ်ဆင့် မုံရွာ/ပခုက္ကူနှင့် လည်းကောင်း ချိတ်ဆက်နေသည်။
- အဆိုပါ လမ်းဆုံဘူတာများ ဖွံ့ဖြိုးလာမည့် အစီအစဉ်များ ပါဝင်ခြင်းကြောင့် စီမံကိန်း ပြီးစီးချိန်တွင် ခရီးသည်နှင့်ကုန်စည်ပို့ဆောင် ရေးစွမ်းဆောင်နိုင်မှု သိသိသာသာဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။
- အလားတူ ရန်ကုန်-မန္တလေးရထားလမ်းမ ကြီးပေါ်တွင် ရွာသာကြီးကုန်းတွင်းဆိပ် (Dry Port) နှင့် မြစ်ငယ်ကုန်းတွင်းဆိပ် (Dry Port) နှစ်ခုတို့သည် ကုန်သေတ္တာတင်တွဲများ အသုံးပြုပြီး ကုန်စည်ပို့ဆောင်မှုကိုဆောင်ရွက် နေပြီဖြစ်ရာ စီမံကိန်းပြီးဆုံးချိန်တွင် အဆိုပါ ကုန်တွင်းဆိပ်နှစ်ခု၏ စွမ်းဆောင်ရည်သည် သိသာစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ရန်ကုန် - မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)ကို ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ လည်းကောင်း၊ စီမံကိန်းအဆင့် (၂) ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိလည်းကောင်း ပိုင်းခြားသတ်မှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းပြီးစီးပါက ခေတ်မီလူစီးရထား (DEMU) များဖြင့် ရထားအမြန်နှုန်းကို 100 km/hr အထိ တိုးမြှင့် ပြေးဆွဲနိုင်မည်ဖြစ်ပြီး ရန်ကုန်မှမန္တလေးသို့ ရထားဖြင့် သွားရန် ယခုလက်ရှိကြာချိန်သည် ၁၆ နာရီခန့်မှ ၈ နာရီ ခန့်သာ ကြာမြင့်တော့မည်ဖြစ်ပြီး အချိန်ထက်ဝက်ခန့် လျော့ကျသွားမည်ဖြစ်သည်။ ထို့အပြင် အချိန်တိကျမှု ရှိခြင်း၊ ခရီးသွားလာရာတွင် ခရီးသည်များသက်သောင့်သက်သာရှိခြင်း၊ ခရီးသည်နှင့်ကုန်ပစ္စည်းများကို အချိန် တိုအတွင်း သယ်ယူပို့ဆောင်ပေးနိုင်ခြင်းတို့ ရရှိခံစား နိုင်မည်ဖြစ်သည်။
ရန်ကုန် - မန္တလေးလမ်းပိုင်းကို သတ်မှတ်ကာလ အမီပြီးစီးအောင် ကြိုးစားဆောင်ရွက်နေသော်လည်း ၂၀၂၀ ပြည့်နှစ် မတ်လလယ်မှစတင်ပြီး ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကူးစက်မှုလျော့နည်းစေ ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကသတ်မှတ်သောနေထိုင်နည်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နေရသဖြင့် လုပ်ငန်းတွင်ကျယ်မှု အားနည်း ခဲ့ပြီး အချိန်ကြန့်ကြာမှုများ ရှိခဲ့သည်။ သို့သော်လည်း ဂျပန်နိုင်ငံ JICA မှ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထား အင်ဂျင်နီယာများ ပူးပေါင်းပြီး အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။
အခြားရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း
ရန်ကုန် - မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း အကောင်အထည်ဖော်နေချိန်တွင် ရထားလမ်း ပိုင်းအလိုက် ဖြည့်ဆည်းဆောင်ရွက်ခြင်းနှင့် အဆင့်မြှင့် တင်ခြင်းများ အကောင်အထည်ဖော်လျက်ရှိသည်။
မြန်မာ့မီးရထားသည် အမြန်ရထား ၃၃ စင်း၊ စာပို့ ရထား ၄၄ စင်း၊ လူစီးကုန်တင်ရထား ၄၈ စင်း၊ ခရီးတို ရထား ၁၇ စင်း၊ မြို့ပတ်နှင့်ဆင်ခြေဖုံးရထား ၂၀၃ စင်း ပြေးဆွဲလျက်ရှိပြီး လိုအပ်သောစက်ခေါင်းနှင့်တွဲများ အသစ်ဝယ်ယူဖြည့်တင်းလျက်ရှိသကဲ့သို့ မြန်မာ့မီးရထား ဈေးကွက်အတွက် ခရီးသွားပြည်သူများအတွက် အရေးပါသော အောက်ပါရထားလမ်းပိုင်းများ၏ အဆင့် မြှင့်တင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်-
(က) ရန်ကုန်-မန္တလေးရထားလမ်း (၃၈၅) မိုင်၊
(ခ ) မန္တလေး-မြစ်ကြီးနားရထားလမ်း (၃၄၀) မိုင်၊
(ဂ ) ပဲခူး - မော်လမြိုင်ရထားလမ်း (၁၃၀) မိုင်၊
(ဃ) ရန်ကုန် - ပြည်ရထားလမ်း (၁၆၁) မိုင်၊
(င ) ရန်ကုန်မြို့ပတ်ရထားလမ်း (၂၉.၅) မိုင် တို့ ဖြစ်သည်။
ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းနှင့် ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့် မြှင့်တင် ရေးစီမံကိန်းကို အဓိကဦးစားပေး ဆောင်ရွက်ခြင်း အားဖြင့် ခရီးသည်နှင့်ကုန်စည်များ ပိုမိုတိုးမြှင့် ပို့ဆောင် နိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေခြင်း၊ ရထားစီးခရီးသွားပြည်သူများနှင့် ကုန်စည်ပို့ဆောင်သူ များကို စိတ်ချမ်းမြေ့စွာအဆင့်မီ ဝန်ဆောင်မှုပေးနိုင် ခြင်း၊ ရထားပြေးဆွဲချိန်လျှော့ချပြီး အချိန်မှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းစေခြင်းဖြင့် ခရီးသွားပြည်သူ များ၏ဝန်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြင့် ခရီးသွားပြည်သူများ၏အကျိုးစီးပွားအတွက် မြန်မာ့ မီးရထားမှ ရေရှည်မျှော်တွေးကာ အဆင့်မြှင့်တင် ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း ရေးသားတင်ပြအပ် ပါသည်။ ။

ယူအေအီးက မြန်မာကို ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းမက်ထရစ်တန်ချိန် ၅တန်ပေးပို့ကူညီUnicodeစက်တင်ဘာ ၂၊ ၂၀၂၀                ...
02/09/2020

ယူအေအီးက မြန်မာကို ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းမက်ထရစ်တန်ချိန် ၅တန်ပေးပို့ကူညီ

Unicode
စက်တင်ဘာ ၂၊ ၂၀၂၀

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပျံ့နှံ့မှုတားဆီးကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုအနေနဲ့ ယူအေအီးက မက်ထရစ်တန်ချိန် ၅တန်ရှိတဲ့ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေနဲ့ Covid-19 ဗိုင်းရပ်စ်ပိုးစစ်ဆေးရေးကိရိယာတွေ ပေးပို့လိုက်ပါတယ်။

ဒီအရေးပေါ်ဆေးဘက်ဆိုင်ရာထောက်ပံ့ပေးမှုဟာ မြန်မာနိုင်ငံကကျန်းမာရေးလုပ်သားအင်အား ခန့်မှန်းခြေ ၅၀၀၀အတွက် အထောက်အကူပြု အင်အားဖြည့်တင်းနိုင်ဖို့ ယူအေအီးကမျှော်လင့်ထားပါတယ်။ လက်ရှိအချိန်ထိ ယူအေအီးဟာ ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၁၁၁နိုင်ငံကျော်ထိ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းပေးပို့မှု ၁၃၂၈ မက်ထရစ်တန်ချိန်ထိ ရှိထားပြီး ကျန်မာရေးလုပ်သား ၁.၃သန်းကျော်အတွက် အကျိုးရှိစေခဲ့ပါတယ်။

Zawgyi

ယူအေအီးက မြန်မာကို ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းမက်ထရစ်တန်ချိန် ၅တန်ပေးပို့ကူညီ

စက်တင်ဘာ ၂၊ ၂၀၂၀

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပျံ့နှံ့မှုတားဆီးကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုအနေနဲ့ ယူအေအီးက မက်ထရစ်တန်ချိန် ၅တန်ရှိတဲ့ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေနဲ့ Covid-19 ဗိုင်းရပ်စ်ပိုးစစ်ဆေးရေးကိရိယာတွေ ပေးပို့လိုက်ပါတယ်။

ဒီအရေးပေါ်ဆေးဘက်ဆိုင်ရာထောက်ပံ့ပေးမှုဟာ မြန်မာနိုင်ငံကကျန်းမာရေးလုပ်သားအင်အား ခန့်မှန်းခြေ ၅၀၀၀အတွက် အထောက်အကူပြု အင်အားဖြည့်တင်းနိုင်ဖို့ ယူအေအီးကမျှော်လင့်ထားပါတယ်။ လက်ရှိအချိန်ထိ ယူအေအီးဟာ ကမ္ဘာတစ်၀န်းနိုင်ငံပေါင်း ၁၁၁နိုင်ငံကျော်ထိ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းပေးပို့မှု ၁၃၂၈ မက်ထရစ်တန်ချိန်ထိ ရှိထားပြီး ကျန်မာရေးလုပ်သား ၁.၃သန်းကျော်အတွက် အကျိုးရှိစေခဲ့ပါတယ်။

Radioshoma934 သတင်းဌာနပါ

ယနေ့ည စံချိန်သစ်  77 ဦးထပ်တွေ့
29/08/2020

ယနေ့ည စံချိန်သစ် 77 ဦးထပ်တွေ့

ရန်ကုန်တွင် Mask မတပ်သူကို မြို့လယ်တွင် ဒဏ်ပေးဧရာဝတီ ၊ သြဂုတ် ၂၈ ၊ ၂၀၂၀ရန်ကုန်မြို့ လူစည်ကားရာ မြို့တော်ခမ်းမရှေ့မှာတော့...
28/08/2020

ရန်ကုန်တွင် Mask မတပ်သူကို မြို့လယ်တွင် ဒဏ်ပေး

ဧရာဝတီ ၊ သြဂုတ် ၂၈ ၊ ၂၀၂၀

ရန်ကုန်မြို့ လူစည်ကားရာ မြို့တော်ခမ်းမရှေ့မှာတော့ Mask တွေကို လုံလုံခြုံခြုံ တပ်ဆင်ခြင်း မရှိဘဲ မေးစေ့အောက်မှာ ချိတ်ဆွဲထားသူတွေနဲ့ အိတ်ထဲထည့်ပြီး သွားလာနေသူတွေကို Mask တပ်ဖို့ တာဝန်ကျ ရဲဝန်ထမ်းက သတိပေးနေပါတယ်။ Mask ကို လုံးဝ တပ်မထားတဲ့ သူတွေကိုတော့ ထိုင်ထ အကြိမ် ၂၀ အထိ ပြစ်ဒဏ်ပေးတယ်လို့ သိရပါတယ်။

ရိုက်ကူး /တည်းဖြတ်- အဲမလီ

နန်းတွင်း လူသတ်ပွဲကြီး ဒီနေရာမှာ ကျင်းပခဲ့တယ်ကုန်းဘောင်နန်းတွင်းအရူပ်တော်ပုံ( မန္တလေးထဲက သမိုင်း )ကုန်းဘောင်မင်းဆက်ကိုအက...
27/08/2020

နန်းတွင်း လူသတ်ပွဲကြီး ဒီနေရာမှာ ကျင်းပခဲ့တယ်

ကုန်းဘောင်နန်းတွင်းအရူပ်တော်ပုံ
( မန္တလေးထဲက သမိုင်း )

ကုန်းဘောင်မင်းဆက်ကိုအကျည်းတန်စေခဲ့တဲ့ မက္ခရာမင်းသားကြီး၊ ၃၀မင်းသားကြီးအပါအဝင် မင်းညီမင်းသားအပါး(၄၀)ကျော်နဲ့ မင်းဆွေမင်းမျိုးတွေကို စီရင်ဖျောက်ဖျက်ခဲ့တဲ့ ကြေးတိုက်...

ခရစ်နှင် ၁၈၇၈ ခုနှစ်အတွင်း မင်းတုန်းမင်းကြီး လွန်စွာနာမကျန်းဖြစ်၍ ယဲ့ယဲ့မျှသာ ကျန်တော့ချိန်တွင် မန္တလေးနန်းတွင်း၌ အရေးပေါ်ပြဿနာ များ ပေါ်ပေါက်လာသည် ယင်းမှာ နောင်တတ်မည့် ဘုရင် ဘယ်မင်းသား ဖြစ်မည်နည်းဟူသော မေးခွန်းဖြစ်ပါသည်

မင်းတုန်းမင်းကြီးက ညီတော်အိမ်ရှေ့စံကနောင်မင်းသား နတ်ရွှာလား ပြီးသည့် နောက် မည်သည့် သားတော်ကိုမျှ နန်းလျာ ( အိမ်ရှေ့မင်း ) အဖြစ် ရွှေးချယ်ခဲ့ခြင်း မရှိ၍ ဖြစ်သည် မူးကြီး အမတ်ကြီများက အိမ်ရှေမင်း အဖြစ်သားတော်တပါးအား ရွှေးချယ်ပါရန် တင်ပြခဲ့ကြ၍ မက္ခရာမင်းသားကြီးအား အိမ်ရှေ့အရာထားရန် စီစဉ်သေးသော်လည်း အထမမြောက်ခဲ့ မင်းတုန်းမင်းကြီးက သားတော်တပါးအား အိမ်ရှေ့အရာ ထားသော် ထိုသူ့အား သေတွင်းသို့ ပို့ထားသည်နှင့်သာ တူလိမ်ါမည်ဟု မိန့်ကာ ခါးခါးသီးသီး ငြင်းခဲ့သည်

အိမ်ရှေ့စံ ကနောင်မင်း လုပ်ကြံခံရသည်ကို မင်းကြီး၏ မျက်စိမှ မထွက်နိုင်ချေ မြင်ကွန်း မြင်းခုံတိုင် အရေးအခင်းကြောင့်
ကနောင်မင်း၏ ခေါင်းတခြား ကိုယ်တခြား အနိဋ္ဌာရုံကား အမြဲတစေ တပ်လှန့်လျက်ရှိသည်

ထို ကြောင့် မင်းကြီး၏ နောက်ဆုံးအချိန်အတွင်း နန်းတတ်မင်းသား ရွှေးချယ်ရေးအတွက် အုပ်စုဖွဲ့နန်းလုပွဲများဖြစ်လာခဲ့တော့သည်

သေအံမူးမူး နှင့် နတ်ရွှာလားခါနီး မင်းတုန်းမင်းကြီးက သားတော်များအား တွေ့လိုဇော ဖြင့် အခေါ်တော်ရှိသည်ဟု လိမ်လည်လှည့်ဖြား၍ မင်းညီမင်းသားများအား စုရုံးစေပြီး
ဆင်ဖြူမရှင်မိဖုရားကြီးက
ခါးပိုက်ဆောင်တပ်ဖြင့် ဖမ်းဆီးချုပ်နှောင်စေ၍ နန်းတွင်းထောင်သို့ပို့ဆောင်စေသည် ဆင်ဖြူမရှင်က သမီးတော်စုဖုရားနှင့် ရည်ငံနေ၍ စိတ်တိုင်းကျ ကြိုးဆွဲရာလည်း ကမည်ဖြစ်သော သီပေါကို သာ နန်းတင်မည်ဖြစ်သည်

နောက်ပိုင်းအဖြစ်အပျက်များက သံဝေဂယူစရာ ထိပ်လန့်တုန်လူပ်စရာ နန်းလုပွဲများက မန္တလေးနန်းတော်တွင်ဖြစ်လာသည်

နေ့ရက်ကား ၁၂၄၀ ခု တပိုတွဲလ

သုတ်သင်ကွပ်မြက်ခြင်း ခံရသူများ ခွန်နှစ်ရွှာ တိုက်စား မိဖုရား သားတော်သုံးဆယ်မင်းသား ပင်လယ်မင်းသား ပင်းယမင်းသား

မြောက်ဆောင်တော်မိဖုရား သားတော်မက္ခရာမင်းသား
မဘိမ်းမင်းသား၏ ကြင်ယာတော် ကန္နီမင်းသမီး ညောင်ရမ်းမင်းသား၏ ကြင်ယာတော် မဘဲမြို့စားမင်းသမီး
ရနောင်မင်းသား နှင့် ကြင်ယာတော် ကြံညှပ်မင်းသမီး
ရွှေကူမင်းသား နှင့် ကြင်ယာတော် ဆင်ရှင်မင်းသမီး

လင်ပန်းတိုက်စား မိဖုရား သက်ပန်းမိဖုရား
မိုးလိူင်းမင်းသား တောင်ညိုမင်းသား ကုက္ကိုလှ တိုက်စားမိဖုရား
သားတော် ကသာမင်းသား ပထမ မြောက်ဆောင်တော်မိဖုရား
ရေပွဲတိုက်စား မိဖုရား သားတော်ဝန်းသိုမင်းသား ထိးလိူင်တိုက်စားမိဖုရား သားတော်မိုင်းတုံမင်းသား သားတော်သာဂရ မင်းသား သိန္နီမိဖုရား သားတော်မိုင်းရယ်မင်းသား သရစိမ်းရွှာစား မိဖုရား၏ သားတော် ငါးရာနဲမင်းသား အိမ်ရှေ့စံကနောင်မင်းနှင့်လိူင်ထိပ်ခေါင်တင်မိဖုရား၏ သားတော် ထနိးတပင်မင်းသားတို့ကို ဦးစွာသုတ်သင်ပြီးလျှင်
မင်းတုန်းမင်းတရားကြီး၏ သားတော်သမီးတော် တို့၏ တူတော် မြေးတော်တို့အား ညလုံးပေါက် ဆက်လက်သုတ်သင်ခဲ့သည်

နေ့ရက်ကား ၁၂၄၀ ခု တပိုတွဲလပြည့်ကျော် ၁၁ ရက်နေ့ ည ၁ ချက်တီး

ထိုမင်းသားမင်းသမီးတို့နှင့် အဆက်သွယ်မကင်းသော သုံးဆယ်မင်းသား၏ ဦးရီးတော် ဗန်းမော်အတွင်းဝန် ဦးတိုး
ရနောင်မင်းသား၏ ဦးရီးတော် ရေနံ့သားမြို့စား ဦးရွှေမောင်
တပါယ်မြို့စား မင်းသားဦးဘ မြင်းစုကြီးဝန် ဦးတတ်တူ
ရန်ကုန်မြို့ဝန်ဦးအုပ်တို့ကိုမူ ထောင်မပြောင်းမီ တပိုတွဲလပြည့်ကျော် ၈ ရက်နေ့က ကြိုတင်ကွက်မြက်ခဲ့သည်

သမိုင်းကို သိရင် ဖတ်ဖူးရင် ပိုသိတယ် အထဲရောက်သွားရင် တမျိုးခံစားရတယ် စိတ်ထဲ ဖြင်းကနဲ ထိတ်ကနဲ ဖြစ်ရတယ်

ဖြည့်စွက်ချက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မန္တလေး

( လပခ ) နန်းတွင်း ကန့်သတ် တားမြစ်နယ်မြေ အပြင်လူ ဝင်လို့မရ။

Credit
from mg min gye thar

- အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ပါ.... - အပြင်ကပြန်လာပြီးတိုင်း/ တခုခုကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာ(သို့) Hand Gel နဲ့...
26/08/2020

- အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ပါ....
- အပြင်ကပြန်လာပြီးတိုင်း/ တခုခုကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာ(သို့) Hand Gel နဲ့သေချာစွာဆေးပေးပါ....
- လိုအပ်မှသာ အပြင်ထွက်ပေးပါရန်နှင့် လူထူထပ်သောနေရာများကို တတ်နိုင်သလောက် မသွားကြပါရန်.....
- ရောဂါကူးစက်ပျံသွားနေသော နေရာများကို သွားလာပြီးပါက နီးစပ်ရာ အစိုးရကျန်းမာရေးများကို အကြောင်းပေးပါရန်
ရောဂါပိုးကူးစက်ပျံပွားမှုကို မိမိကစ၍ ကာကွယ်ပေးခြင်းဖြင့် မိမိရော မိမိမိသားစုများကိုပါ ကျန်းမာပျော်ရွှင် ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ.....

🙂
20/08/2020

🙂

Foods for Heart နှလုံးတွက်တာ အစားအစာများဆေးပညာကို နိုင်ငံကြီးတွေကသာ သုတေသနလုပ်ကြ၊ ရေးကြတာများတယ်။ သူတို့စားတာတွေ၊ သူတို့...
12/08/2020

Foods for Heart နှလုံးတွက်တာ အစားအစာများ

ဆေးပညာကို နိုင်ငံကြီးတွေကသာ သုတေသနလုပ်ကြ၊ ရေးကြတာများတယ်။ သူတို့စားတာတွေ၊ သူတို့သိတာတွေသာ လုပ်ကြပါတယ်။ ဒါကြောင့် ဒီအစားအစာ ၂ ဒါဇင်ကသာ ကောင်းတယ်လို့မထင်ပါနဲ့။ ဒီလိုကောင်းတာတွေရော ဒိထက်ကောင်းတာတွေပါ ကိုယ့်ဆီမှာလည်း ရှိနေစားနေကြတယ်လို့ သိကြစေချင်ပါတယ်။ ဆိုပါစို့ ကျွန်တော်တို့ စားသုံးနေကြတဲ့ နာမည်အမျိုးမျိုးနဲ့ ပဲတွေကလည်း သူတို့ပြောတဲ့ ပဲနက်လို ကောင်းပါမယ်။ သူတို့ဆီမှာ ဝိုင်အနီကို မသောက်သူမရှိတဲ့ပြင် ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စီးပွါးရေးလဲဖြစ်လို့ ဆရာဝန်တွေကပါ ကောင်းတာကို လိုက်ရှာရေးပေးနေကြတယ်။ ဝိုင်ကိုမြင်တောင်မမြင်ဘူးသူတွေက တန်ဖိုးကြီးတဲ့ဝိုင် သောက်နေသူတွေထက် နှလုံးကျန်းမာရေး ကောင်းနေတာတွေရှိပါတယ်။

၁။ Fresh Herbs ဆေးဘက်ဝင် အရွက်များ
ဆား၊ အဆီ နဲ့ (ကိုလက်စထော) တွေကို ကျစေတာမှန်သမျှ နှလုံး-ကျန်းမာရေး အတွက် ကောင်းတယ်။ အစေ့အဆံတွေ၊ အမွှေးနံ့သာအတွက် သုံးတာတွေ၊ ဘယ်ရီသီးတွေနဲ့ ကော်ဖီ၊ လက်ဖက်ရည်အထိ ကောင်းတာတွေလို့ အကြမ်းပြောရင် ရတယ်။ Heart disease နှလုံးရောဂါ၊ Stroke နှလုံးနဲ့ဆက်ဖြစ်တဲ့ ဦးနှောက်-သွေးကြောရောဂါ၊ Blood pressure သွေးတိုးရောဂါ၊ နှလုံးကို ဒုက္ခပေးနိုင်တဲ့ (ကိုလက်စထော) များတာနဲ့ ဆီးချိုရောဂါအတွက်ပါ ကောင်းမှာ ဖြစ်တယ်။ Rosemary ဟင်းခပ်အမွှေးအကြိုင်တမျိုး၊ Sage သာဂူရွက်၊ Oregano တောရုံးပင် နဲ့ Thyme စမုန်ဖြူတွေထဲမှာ Antioxidants (အင်တီအောက်စီဒင့်) တွေပါနေတယ်။ သပ်သပ်ရေးထားပါသေးတယ်။

၂။ Black Beans ပဲနက်
Folate (ဖေါလိတ်) နဲ့ Antioxidants (အင်တီအောက်စီဒင့်) ဓါတ်တွေပါတယ်။ Magnesium (မက်ဂနီဆီယမ်) ဓါတ်က သွေးတိုးကျစေတယ်။ Fiber (ဖိုက်ဘာ) လဲပါတယ်။ ဒီဓါတ်က (ကိုလက်စထော) နဲ့ သကြားဓါတ်တွေကို ကျစေမယ်၊

၃။ Red Wine ဝိုင်နီ
များရင်တော့မကောင်းပါ။ Resveratrol နဲ့ Catechins ခေါ်တဲ့ Antioxidants (အင်တီအောက်စီဒင့်) တွေပါနေတယ်။ Alcohol အရက်ရဲ့သဘောက HDL ခေါ်တဲ့ ကောင်းတဲ့ (ကိုလက်စထော) ကို အားပေးတယ်။ သောက်ဘို့ အားမပေးပါ။

၄။ Salmon (ဆယ်လ်မွန်) ငါး
နာမည်ကြီး (အိုမီဂါ-သရီး) တွေပါနေတယ်။ Omega-3s EPA နဲ့ DHA ကနေ Rhythm disorders နှလုံးခုန်မမှန်တာကို သက်သာစေတယ်။ Triglycerides (ထရွိုင်ဂလစ်စထရွိုက်) တွေကိုလဲ နည်းစေလို့ ရောင်တာကိုပါ သက်သာစေတယ်။

၅။ Tuna (ကျူနာ) ငါး
ဒီငါးထဲမှာလဲ (အိုမီဂါ-သရီး) တွေပါတာဘဲ။ စျေးလဲချိုတယ်။ Albacore အဖြူမျိုးမှာ ပိုပါတယ်။ Mackerel (မက်ကရယ်လ်) ငါး၊ Herring (ဟာရင်) ငါးသလောက်တမျိုး၊ Lake trout (ထရောက်) ရေချိုငါးတမျိုး၊ Sardines (ဆာဒင်း) ငါးသေတ္တာငါး၊ Anchovies ငါးပါးနီတွေကလဲ အဲလိုပဲကောင်းတယ်။

၆။ Virgin Olive Oil (အောလစ်ဖ်) ဆီ
သံလွင်ဆီမှာ Polyphenols (ပေါ်လီဖီနောလ်) ခေါ်တဲ့ Antioxidants (အင်တီအောက်စီဒင့်) တွေ ပါတယ်။ ကျန်းမာရေးအတွက်ကောင်းတဲ့ Monounsaturated fats အဆီအမျိုးအစားလဲ ပါတယ်။

၇။ Walnuts သစ်ကြားသီး
တနေ့မှာ လက်တကုပ်စာ တအောင်စခွဲလောက် စားပေးပါ။ (ကယ်လိုရီ) ၃ဝဝ ရမယ်။ Cholesterol (ကိုလက်စထော) ကျစေမယ်၊ နှလုံးက သွေးကြောလေးတွေ ရောင်နေတာလဲ သက်သာစေမယ်။ သစ်ကြားသီးမှာ Omega-3s, Monounsaturated fats ဆီတွေနဲ့ Fiber (ဖိုက်ဘာ) တွေပါတယ်။

၈။ Almonds ဗာဒံစေ့
Vitamin E ဗီတာမင်-အီး၊ Plant sterols (စတာရောလ်)၊ Fiber ဖိုက်ဘာ နဲ့ Fats နှလုံးအတွက် ကောင်းတဲ့ အဆီတွေ ပါတယ်။ LDL cholesterol မကောင်းတဲ့ (ကိုလက်စထော) ကျစေမယ်။ ဆီးချိုကို ကာကွယ်မယ်။

၉။ Edamame ပဲပုပ်
Soybean ပဲပုပ် မရင့်သေးတာကို ပြောတာပါ။ Cholesterol (ကိုလက်စထော) ကျစေတဲ့ Fiber (ဖိုင်ဘာ) ပါတယ်။ သွေးဆုံးချိန်အတွက် ကောင်းတာကို ရေးထားပါတယ်။

၁ဝ။ Tofu တို့ဖူး
အသားမစားသူ၊ မသင့်သူတွေ တို့ဖူးစားရင် (ပရိုတင်း) ရစေမယ်။ ဓါတ်တားတွေ၊ Fiber ဖိုက်ဘာ နဲ့ Polyunsaturated fats ကောင်းတဲ့အဆီလဲရမယ်။

၁၁။ Sweet Potatoes ကန်စွန်းဥ
ဆီးချိုရှိသူ အားလူးအစား ကန်စွန်းဥစားနိုင်တယ်။ Fiber ဖိုက်ဘာ၊ Vitamin A ဗီတာမင်-အေ၊ Lycopene (လိုင်ကိုပိန်း) ဓါတ်တွေက ကောင်းတယ်။ (ဆရာဝန်တိုင်းကတော့ သဘောမတူပါ။)

1၁၂။ Oranges လိမ်မော်သီး
(ကိုလက်စထော) ကိုနိုင်တဲ့ Fiber pectin (ပက်ပ်တင်-ဖိုက်ဘာ) ပါတယ်။ Potassium (ပိုတက်ဆီယမ်) ပါလို့ သွေးတိုးနဲ့ တည့်တယ်။

၁၃။ Swiss Chard (ဆွစ်-ချတ်) အရွက်
အစိမ်းရင့်ရောင် အရွက်ဖါးဖါး အမျိုးအစားဖြစ်တယ်။ Potassium (ပိုတက်စီယမ်) နဲ့ Magnesium (မက်ဂနီစီယမ်) တွေပါတယ်။ သွေးတိုးအတွက် ကောင်းတယ်။ Fiber (ဖိုင်ဘာ)၊ Vitamin A (ဗီတာမင်-အေ)၊ နောက်ပြီး Lutein (လူတိန်း) နဲ့ Zeaxanthin (ဇိယာဇန်သင်) ခေါ်တဲ့ (အင်တီအောက်စီဒင့်) တွေ ပါသေးတယ်။

၁၄။ Carrots မုံလာဥနီ
သကြားဓါတ်ကို ထိန်းနိုင်မယ်လို့ ယူဆတယ်။ (ကိုလက်စထော) ကိုလဲကျစေတယ်။

၁၅။ Barley (ဘာလီ)
ဖြူနေအောင် ချွတ်မထားတဲ့ အစေ့အဆံက ပိုကောင်းတယ်။ (ကိုလက်စထော) ကို ကျစေတယ်။ သကြားဓါတ် နည်းစေတယ်။

၁၆။ Oatmeal အုတ်စပါး
LDL (ကိုလက်စထော) ကို ကျစေမယ်။ ဆီးချိုသမား စားသင့်တယ်။

၁၇။ Flaxseed နှမ်း
နှမ်းကြပ်လဲခေါ်တယ်။ အမှန်က အပင်တွေကရတဲ့ အဆီတွေက အသားကနေရတာထက် ကျန်းမာရေးအတွက် ကောင်းတယ်။ Fiber (ဖိုက်ဘာ)၊ Lignans (လစ်ဂနင်) ခေါ်တဲ့ Phytochemicals ဓါတ်ပါတယ်။ ALA ခေါ်တဲ့ (အိုမီဂါ-သရီး) ပါတယ်။

၁၈။ Low-Fat Yogurt အဆီနည်း (ရောဂတ်)
အရိုးအတွက် ကောင်းတယ်။ သွေးတိုးလဲ ကောင်းတယ်။ Calcium (ကယ်လ်စီယမ်) နဲ့ Potassium (ပိုတက်စီယမ်) တွေ ပါတယ်။

၁၉။ Foods Fortified With Sterols (စတာရောလ်) ပါအစာ
Margarine (မာဂရင်း) Soy milk ပဲနို့ နဲ့ Orange juice လိမ်မော်ရည်တွေ ကောင်းတယ်။ (ကိုလက်စထော) ကို ချပေးမဲ့ (စတာနောလ်) ဆိုတာ ပါလို့ ဖြစ်တယ်။

၂ဝ။ Coffee and tea ကော်ဖီ နဲ့ လက်ဖက်ရည်
ဆီးချိုကာကွယ်ဘို့ သကြားမပါဘဲ သောက်ပါ။ ဆီးချို နဲ့ သွေးတိုးရှိနေပြီးသူတွေတော့ Caffeine (ကေဖင်း) က မသင့်ပါ။

၂၁။ Cayenne Chili Pepper ငရုတ်သီး (အရောင်တင်မှုံ့ အစစ်)
(အင်စူလင်) ဟော်မုန်းတိုးစေလို့ ဆီးချိုအတွက်ကောင်းတယ်။ အဝလွန်သူတွေလဲ သုံးသင့်တယ်။ (ပူးတွဲပါပုံ)

၂၂။ Kosher Salt (ကိုရှာ) ဆား
သွေးတိုးနေသူတွေ ငန်တာ မစားရပါ။ ငန်တာနဲ့တူတဲ့ (ကိုရှာ) ဆားသုံးနိုင်ပါတယ်။ (ဆိုဒီယမ်) နည်းနည်းသာပါတယ်။ ငန်မယ်။ လူတယောက်မှာ (ဆိုဒီယမ်) 1,500 mg ထက်မများသင့်ဘူး။ Kosher salt ဇွန်းလေးတဇွန်းထဲမှာ (ဆိုဒီယမ်) 1,120-2,000 mg ပါတာ သတိထားပါ။

၂၃။ Cherries ချယ်ရီသီး
Anthocyanins (အင်သိုစိုင်ယာနင်) ခေါ်တဲ့ (အင်တီအောက်စီဒင့်) ပါတယ်။

၂၄။ Blueberries (ဘယ်ရီ) သီး
Anthocyanins (အင်သိုစိုင်ယာနင်) ခေါ်တဲ့ (အင်တီအောက်စီဒင့်) ပါတယ်။ Ellagic acid (အယ်လားဂျစ် အက်စစ်)၊ Beta-carotene (ဘီတာကယ်ရိုတင်း)၊ Lutein (လူတိန်း)၊ Vitamin C (ဗီတာမင်-စီ) Folate (ဖေါလိတ်)၊ Magnesium (မက်ဂနီစီယမ်)၊ Potassium (ပိုတက်စီယမ်) နဲ့ Fiber (ဖိုက်ဘာ) တွေလဲ ပါတယ်။
Crd
Dr. တင့်ဆွေ

11/08/2020

Good Morning 👧👩‍🎨

- လက်ရှိအချိန်ထိ ၇၅ ဦးသေဆုံး။ ၄၀၀၀ ဒဏ်ရာရရှိဟုဆို- ပေါက်ကွဲမှုကြောင့် ငလျင်အသေးစား လှုပ်ခတ်- ပေါက်ကွဲမှုအသံကို ဆိုက်ပရပ်...
05/08/2020

- လက်ရှိအချိန်ထိ ၇၅ ဦးသေဆုံး။ ၄၀၀၀ ဒဏ်ရာရရှိဟုဆို

- ပေါက်ကွဲမှုကြောင့် ငလျင်အသေးစား လှုပ်ခတ်

- ပေါက်ကွဲမှုအသံကို ဆိုက်ပရပ် နိုင်ငံမှပင် ကြားသိရဟုဆို

- လွန်ခဲ့တဲ့့ ၆ နှစ်ထဲက ဆိပ်ကမ်းဂိုထောင်တွင် သိမ်းဆည်းထားပီး မရှင်းလင်းရသေးသည့် အမိုနီယမ်နိုက်ထရိတ် တန်ချိန် ၂၇၅၀ ပေါက်ကွဲခဲ့ခြင်းဖြစ်။

- တရုတ်နိုင်ငံ တီယန်ကျင်းတွင်လဲ အဆိုပါ ပေါက်ကွဲမှုမျိုး ဖြစ်ပွားခဲ့ဖူးသည်။

- COVID နဲ့ စီးပွားရေးအကြပ်အတည်းကို ရင်ဆိုင်နေရသည့် လက်ဘနွန်အတွက် ဆိပ်ကမ်းပျက်စီးသွားခြင်းသည် တိုင်းပြည်ကို အဆုံးစွန်ထိ ဆွဲချခံလိုက်ရခြင်းဖြစ်သည်။ ဆိပ်ကမ်းမှ ဝင်ငွေကို အဓိက အားထားနေရသဖြင့် စီးပွားရေးပျက်စီးမှုနဲ့ တိုင်းပြည် ပြိုကွဲမှုအထိ ဖြစ်နိုင်သည်ဟု ဆို။

- ဘေရွတ်မြို့ တဝက်ခန့် ပျက်ဆီးသွားပီး တမြို့လုံးနီးပါး ထိခိုက်မှုကို ခံစားခဲ့ရသည်။ ဒဏ်ရာရလူနာများအတွက် သွေးများလဲ အရေးပေါ် လိုအပ်နေသည်ဟု ဆိုသည်။
Credit:Ei Zar Nwai

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Jeunesse Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share