05/07/2026
🌱 နှိုင်းယှဉ်ခြင်းကင်းတဲ့ မိဘဘဝကို ဘယ်လိုတည်ဆောက်မလဲ?
၁။ အောင်မြင်မှုအသေးလေးတွေကို ပျော်ရွှင်တတ်ပါစေ🌱
တခြားကလေးတွေ ဘာလုပ်နိုင်နေပြီလဲဆိုတာထက် ကိုယ့်ကလေး ဒီနေ့ ဘာလေးအသစ်လုပ်နိုင်သွားလဲ (ဥပမာ- စကားတစ်လုံး ပိုပြောလာတာ၊ ပစ္စည်းလေး ကောက်ပေးတာ) ဆိုတာကိုပဲ အာရုံစိုက်ပါ။
၂။ သင်ယူသူ မိဘဖြစ်ပါစေ: 🌱
မိဘဘဝဆိုတာ အမြဲတမ်း သင်ယူနေရတဲ့ ခရီးစဉ်တစ်ခုပါ။ ကလေးကသာ ကြီးထွားလာတာမဟုတ်ဘဲ မိဘကိုယ်တိုင်လည်း ကလေးနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာဖို့ လိုအပ်ပါတယ်။
၃။ လက်ရှိအချိန်မှာ နေထိုင်ပါ (Be Present): 🌱
အနာဂတ်အတွက် စိုးရိမ်တာ၊ အတိတ်ကအမှားကို နောင်တရတာတွေထက် အခုလက်ရှိ ကလေးနဲ့အတူ ရှိနေရတဲ့ အချိန်လေးကိုပဲ တန်ဖိုးထားပါ။
📢 "ကိုယ့်ရဲ့ ပြုစုပျိုးထောင်မှု ကို ကိုယ်ကိုတိုင် ချစ်မြတ်နိုးနေပြီဆိုရင် တခြားသူတွေနဲ့ နှိုင်းယှဉ်ဖို့ နေရာဆိုတာ ကျန်တော့မှာ မဟုတ်ပါဘူး။"