Thein Zaw - MIC

Thein Zaw - MIC We provide services in planning, organizing, preparing and researching respective insurance policies

Ordering a Pizza in 2021CALLER:    Is this Pizza Delight? GOOGLE:    No sir, it's Google Pizza. CALLER:  I must have dia...
05/01/2021

Ordering a Pizza in 2021

CALLER:
Is this Pizza Delight?

GOOGLE:
No sir, it's Google Pizza.

CALLER:
I must have dialed a wrong number. Sorry.

GOOGLE:
No sir, Google bought Pizza Delight last month.

CALLER:
OK. I would like to order a pizza.

GOOGLE:
Do you want your usual, sir?

CALLER:
My usual? You know me?

GOOGLE:
According to our caller ID data sheet, the last 12 times you called you ordered an extra-large pizza with three cheeses, sausage, pepperoni, mushrooms and meatballs on a thick crust.

CALLER:
OK! That’s what I want ...

GOOGLE:
May I suggest that this time you order a pizza with ricotta, arugula, sun-dried tomatoes and olives on a whole wheat gluten-free thin crust?

CALLER:
What? I detest vegetable!

GOOGLE:
Your cholesterol is not good, sir.

CALLER:
How the hell do you know!

GOOGLE:
Well, we cross-referenced your home phone number with your medical records. We have the result of your blood tests for the last 7 years.

CALLER:
Okay, but I do not want your rotten vegetable pizza! I already take medication for my cholesterol.

GOOGLE:
Excuse me sir, but you have not taken your medication regularly. According to our database, you purchased only a box of 30 cholesterol tablets once, at Drug RX Network, 4 months ago.

CALLER:
I bought more from another drugstore.

GOOGLE:
That doesn’t show on your credit card statement.

CALLER:
I paid in cash.

GOOGLE:
But you did not withdraw enough cash according to your bank statement.

CALLER:
I have other sources of cash.

GOOGLE:
That doesn’t show on your last tax return unless you bought them using an undeclared income source, which is against the law.

CALLER:
WHAT THE HELL!

GOOGLE:
I'm sorry, sir, we use such information only with the sole intention of helping you.

CALLER:
Enough already! I'm sick to death of Google, Facebook, Twitter, WhatsApp and all the others. I'm going to an island without internet, cable TV, where there is no cell phone service and no one to watch me or spy on me.

GOOGLE:
I understand sir, but you need to renew your passport first. It expired 6 weeks ago...

Too good 😂😂😂

Term Life Insurance (သက်တန်းဘဝအာမခံ) အကြောင်းမြန်မာနိုင်ငံမှာ အဓိကအသုံးပြုနေတဲ့ သက်တမ်းဘဝအာမခံ ဆိုတာက အာမခံသက်တန်းကုန်ဆု...
30/12/2020

Term Life Insurance (သက်တန်းဘဝအာမခံ) အကြောင်း
မြန်မာနိုင်ငံမှာ အဓိကအသုံးပြုနေတဲ့ သက်တမ်းဘဝအာမခံ ဆိုတာက အာမခံသက်တန်းကုန်ဆုံးချိန်တစ်ခုသတ်မှတ်ပေးထားတဲ့ အာမခံ မူဝါဒတစ်ခုဖြစ်ပါတယ်။ အာမခံ ကုမ္ပဏီတစ်ခုနဲ့ တစ်ခုမတူညီနိုင်ပေမဲ့ ဥပမာအားဖြင့် ၁၀နှစ် ၂၀နှစ် စသဖြင့် ကန့်သတ်သက်တန်းဖြင့် အာမခံထားရှိနိုင်တာမျိုးဖြစ်ပါတယ်။ ဘဝအာမခံ စတင်ထားရှိချိန်ကစလို့ ၁၀နှစ်သက်တန်းရှိတဲ့ သက်တန်းအာမခံကို အာမခံထားရှိမယ်ဆိုရင် သက်တန်းပြည့်တဲ့အချိန်မှာ မိမိထားရှိထားတဲ့ အာမခံကြေးကို ပြန်လည်ထုတ်ယူနိုင်သလို နောက်တစ်ကြိမ် သက်တန်းအသစ် ထပ်မံထားနိုင်ပါတယ်။ အခြားသော အာမခံအမျိုးအစားများ ကိုလည်းပြောင်းလဲ ထားရှိနိုင်မှာဖြစ်ပါတယ်။ အာမခံထားရှိသော ကာလအတွင်း ကျန်းမာရေးကြောင့်ဖြစ်စေ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ အသက်အာမခံထားလိုသူတွေ အားလုံးအတွက် အာမခံသက်တန်းအတွင်း အကာအကွယ်ရရှိမှာဖြစ်ပါတယ်။ ငွေကြေးစုဆောင်းပြီးသားဖြစ်တဲ့အပြင် အာမခံထားရှိတဲ့ကာလ တစ်လျှောက်လုံးမှာ အာမခံမူဝါဒရဲ့ အကာအကွယ်ကိုတလျှောက်လုံး ရရှိနေမှာဖြစ်ပါတယ်။ ဥပမာ - ကာလအပိုင်းအခြားတစ်ခုရောက်တဲ့အချိန်မှာ တိုက်ခန်း အိမ် ခြံ မြေဝယ်ယူဖို့ ရည်မှန်းထားသည်ဖြစ်စေ သားသမီးတွေအတွက် အဆင့်မြင့်ပညာရေးတွေ ဆည်းပူးရာမှာ အသုံးပြုဖို့ရည်မှန်းပြီး ငွေကြေးစုဆောင်းမယ်ဆိုရင် သက်တန်းအာခံ မူဝါဒက အကောင်းဆုံး ဖြစ်ပါတယ်။ အာမခံ သက်တန်းထားရှိတဲ့ကာလအတွင်း ကျန်းမာရေး ကြောင့်ဖြစ်စေ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ အသက်အာမခံအတွက် အကာအကွယ်ရရှိရုံမက အနာဂါတ်အချိန်အပိုင်းအခြားတစ်ခုအတွက် ငွေကြေးစုဆောင်းပြီးသား ဖြစ်ပါတယ်။ သင့်ကိုသင် အာမခံအကာအကွယ် ယူထားခြင်းဖြင့် သင့်မိသားစုအတွက်လည်း အကာအကွယ်ထားရှိပြီး ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့်ဖြစ်စေ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ သေဆုံးခြင်း (သို့မဟုတ်) ရာသက်ပန် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ခြင်း တို့အတွက် ငွေကြေးအားဖြင့် အကာအကွယ်ရယူထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Term Life Insurance (သက်တမ်းဘဝအာမခံ) ဟာ မြန်မာနိုင်ငံ အတွက် အသင့်တော်ဆုံး ထားရှိသင့်တဲ့ သက်တန်းအာမခံမူဝါဒ တစ်ခုဖြစ်ပါတယ်။

ဘဝအာမခံနဲ့ တလွဲအတွေးများအာမခံနှစ်ပြည့်တဲ့အခါ ပေးသွင်းငွေတွေ ပြန်ရတော့မှာ မဟုတ်ဘူး- ဘဝအာမခံထားရှိခြင်းကို မီးအာမခံ / ကားအ...
25/12/2020

ဘဝအာမခံနဲ့ တလွဲအတွေးများ

အာမခံနှစ်ပြည့်တဲ့အခါ ပေးသွင်းငွေတွေ ပြန်ရတော့မှာ မဟုတ်ဘူး
- ဘဝအာမခံထားရှိခြင်းကို မီးအာမခံ / ကားအာမခံထားရှိခြင်းတို့လို အာမခံထားရှိတဲ့ ပေါ်လစီသက်တန်းပြည့်ပြီးချိန်မှာ တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးခြင်းမရှိခဲ့ဘူးဆိုရင် မိမိပေးသွင်းခဲ့တဲ့ အာမခံပေးသွင်း ငွေတွေအားလုံး ပြန်မရတော့ဘူးလို့ အထင်လွဲမှား ယူဆတတ်ကြတာ များပါတယ်။ တကယ်တော့ ဘဝအာမခံထားရှိခြင်းဆိုတာ နှစ်စဉ်ငွေပမာန တစ်ခုကို စုဆောင်းရာရောက်သလို အာမခံပေါ်လစီသက်တန်းပြည့်ပြီးချိန်မှာ လည်း မိမိပေးသွင်းထားခဲ့တဲ့ အာမခံပေးသွင်းငွေကို အားလုံး ပြန်လည်ရရှိ မှာဖြစ်ပါတယ်။ မမျှော်လင့်ထားပဲ သေဆုံးခြင်း (သို့မဟုတ်) မသန်မစွမ်း ဖြစ်ခြင်းများရှိခဲ့ပါက အာမခံ အကာအကွယ်ထားရှိခဲ့ခြင်းကြောင်း ပေါ်လစီမှာပါဝင်တဲ့ အာမခံအကျိုးခံစားခွင့်အားလုံးကို စာရင်းပေးသွင်းထားတဲ့ အာမခံ အကျိုးခံစားခွင့်ရှိသူတွေ ထုတ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Notes: ဘဝအာမခံထားရှိခြင်းက အခြားအာမခံအမျိုးအစားအချို့ကဲ့သို့ နှစ်ပြည့်အာမခံပေးသွင်းငွေလုံးဝပြန်မရတော့ဘူးဆိုတာ မဟုတ်ပါဘူး။

အာမခံထားမယ့်အစား ဘဏ်မှာပဲငွေအပ်ထားရင် အတိုးမှန်မှန်ရတာပေါ့
- မှန်ပါတယ် ဘဏ်မှာငွေမှန်မှန်သွင်းပြီး သွားအပ်ထားမယ်ဆိုရင် ဘဏ်တိုးမှန်မှန်ရနေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အာမခံရော၊ ဘဏ်စုငွေရော နှစ်မျိုးလုံးကို မျှတအောင် စီစဉ်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။ ဒီငွေစုဆောင်းခြင်းပုံစံနှစ်မျိုးမှာ ခြားနားမှုရှိပါတယ်။ ဘဏ်မှာငွေစုဆောင် ထားခြင်းအားဖြင့် မှန်မှန်ဘဏ်တိုးရမှာဖြစ်ပေမယ့် ဘဏ်မှန်မှန်သွား ငွေပုံမှန်သွင်းပြီးစုဖြစ်ဖို့ကတော့ လူတိုင်းအတွက်လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် ပြန်ထုတ်သုံးရတဲ့အခါမျိုးတွေ လည်းရှိတတ်ပါသေးတယ်။ ရန်သူမျိုး (၅)ပါးမကတော့တဲ့ ရန်သူမျိုးအပါး ပေါင်းမြောက်များစွာကြောင့် ဘဏ်တွေအပေါ် သက်ရောက်မှု တစ်စုံတစ်ရာ ရှိလာခဲ့ရင်လည်း သင့်အတွက် ဘာအကာအကွယ်မှ ရဖို့မရှိပါဘူး။ ဖြစ်တောင့်ဖြစ်ခဲဆိုပေမဲ့ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့ရတဲ့အနေအထားမှာ မရှိပါဘူး။ ဘဏ်အပ်ငွေစုတာမကောင်းကြောင်း ပြောနေခြင်းမဟုတ်ပါဘူး။ ငွေစုဆောင်းခြင်းအတွက် အခြားသင့်တော်တဲ့ နည်းလမ်းတစ်ခုရှိနေတာကို မျှတစွာ အသုံးချထားနိုင်ဖို့ ညွန်ပေးလိုခြင်းပါ။

ဘဝအာမခံထားရှိမယ်ဆိုရင်လည်း အာမခံပေါ်လစီရဲ့ အကာအကွယ်ရရှိသလို အတိုးလည်းရရှိပါတယ်ဆိုတာ သိစေလိုပါတယ်။ ဘယ်လိုရတာလည်းဆို‌တော့ အသက်၊ အလုပ်အကိုင်၊ ကျန်းမာရေးအခြေအနေ အပေါ်မူတည်ပြီး ရရှိတာ ဖြစ်ပါတယ်။ နောက်အချက်တွေကတော့ အပေါ်က အချက်မှာပြောခဲ့သလို ဘဝအာမခံထားရှိခြင်းက နှစ်စဉ်ငွေပမာနတစ်ခုကို စုဆောင်းရာရောက်သလို အာမခံ ပေါ်လစီသက်တန်းပြည့်ပြီးချိန်မှာလည်း မိမိပေးသွင်း ထားခဲ့တဲ့ အာမခံပေးသွင်းငွေကို အားလုံး ပြန်လည်ရရှိမှာဖြစ်ပါတယ်။ မမျှော်လင့်ထားပဲ သေဆုံးခြင်း (သို့မဟုတ်) မသန်မစွမ်း ဖြစ်ခြင်းများရှိခဲ့ပါက အာမခံအကာ အကွယ်ထားရှိခဲ့ခြင်းကြောင်း ပေါ်လစီမှာပါဝင်တဲ့ အာမခံအကျိုးခံစားခွင့် အားလုံးကို စာရင်းပေးသွင်းထားတဲ့ အာမခံ အကျိုးခံစားခွင့်ရှိသူတွေ ထုတ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ အထူး သိသာတဲ့ခြားနားချက်တော့ အလွယ်တကူထုတ်ယူသုံးစွဲဖို့ မဖြစ်နိုင်တဲ့အတွက် မသုံးဖြစ်သလို နှစ်ပြည့်လို့ ထုတ်ယူရရှိတဲ့ အာမခံထားရှိခဲ့တဲ့ငွေအားလုံးဟာ အခွန်ကင်းလွတ်တာ ဖြစ်ပါတယ်။ ငွေဖြူအဖြစ်ပြန်လည်ရရှိတဲ့ငွေကို အိမ်၊ခြံ၊မြေ၊ကားစသဖြင့် ပိုင်ဆိုင်မှု တစ်ခုခုဝယ်ယူမယ် ဆိုရင်အခွန်ပေးဆောင်ရန်မလိုတော့ပါဘူး။

ဘဝအာမခံထားရှိမှုဈေးနှုန်းတွေနဲ့ အကျိုးခံစားခွင့်တွေက ဘယ်ကုမ္ပဏီမှာ ဝယ်ဝယ်အတူတူပါပဲ
- ဘဝအာမခံထားရှိမှုဈေးနှုန်းတွေနဲ့ အကျိုးခံစားခွင့်တွေဟာ အာမခံကုမ္ပဏီတစ်ခုစီအလိုက် ခြားနားမှုရှိပါတယ်။ ရေဘုံယျအားဖြင့် ပြည်တွင်း အာမခံကုမ္ပဏီအများရဲ့ ပေါ်လစီတွေဟာ အာမခံပေးလျှော်ငွေ ရာခိုင်နှုန်းကို မိမိထားရှိတဲ့ နှစ်ပြည့်အာမခံပေးသွင်းငွေစုစုပေါင်းရဲ့ 100% မှ 400% အတွင်း မတူညီတဲ့ ရာခိုင်းနှုန်းတွေနဲ့ပေးလျှော်ကြပါတယ်။ မိမိ အာမခံထားရှိတဲ့ အာမခံ ကုမ္ပဏီဟာ အာမခံ ပေါ်လစီသက်တန်းပြည့်ပြီးချိန်မှာ မိမိပေးသွင်းထားခဲ့တဲ့ အာမခံပေးသွင်းငွေကို အားလုံးပြန်လည်ရရှိမှာလား။ ရုတ်တရက် အာမခံထားရှိသူ(Policy Holder) သေဆုံးခြင်း (သို့မဟုတ်) မသန်မစွမ်း ဖြစ်ခြင်းရှိခဲ့ရင် အာမခံလျှော်ကြေးငွေအဖြစ် (100% မှ 400% အတွင်း) အာမခံအကျိုးခံစားခွင့်အားလုံးက ဘယ်နှစ်ရာခိုင်နှုန်း အကျိုးခံစားခွင့်ရရှိမှာလဲ။ နောက်တစ်ချက်ကတော့ မိမိ အာမခံထားရှိမယ့် ကုမ္ပဏီရဲ့ ငွေကြေးပိုင်းဆိုင်ရာ ခိုင်မှာမှုနဲ့ နောက်ခံသမိုင်းကြောင်းကိုလည်း အထိုက်အလျှောက်တော့ သိထားရင်ပိုကောင်းပါတယ်။

Multi-National Insurance Company ကြီးတွေရဲ့ Financial Strength Rating ကို စစ်ဆေးကြည့်ချင်ရင်တော့ အောက်ကလင့်ကနေနှိပ်ပြီး ဝင်ကြည့်လို့ရနိုင်ပါတယ်။ အခြားနည်းလမ်းလေးတွေ သိထားရင်လည်း မန့်ပေးခဲ့ပါအုံး။
Check INSURER RATINGS: http://consumers.ambest.com/ConsumerSearch.aspx

ကိုယ့်ဘာသာ အာမခံအကာအကွယ် ဝယ်ယူထားတာ ဘယ်သူမှ ပြောစရာမလိုဘူး။
- လူအများစုက ကိုယ့်ရဲ့ငွေကြေးဆိုင်ရာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေ ကိုတောင် လျှို့ဝှက်ထားတတ်ပါတယ်။ ဒါဟာ အာမခံအကာအကွယ်ထားရှိသူ အတွက် ကတော့ အတော်မှာယွင်းတဲ့ လျှို့ဝှက်ချက်ဖြစ်ပါလိမ့်မယ်။ မိသားစုထဲ မှာ တစ်ယောက်ယောက်က အာမခံထားရှိမယ်ဆိုရင် သက်ဆိုင်သူ မိသားစုဝင် တွေကို ကိုယ်ဝယ်ယူထားရှိတဲ့ အာမခံပေါ်လစီအကြောင်းကို သေချာအသိ ပေးရှင်းပြထားဖို့လို့ပါတယ်။ အာမခံအကာအကွယ်ထားရှိမှုကို မိမိဆုံးပါး သွားတဲ့အခါ ဘယ်သူကမှ သိမထားလို့ အာမခံကုမ္ပဏီအနေနဲ့လည်း အာမခံလျှော်ကြေးငွေပေးချေခြင်းမရှိပဲ သောင်တင်နေတဲ့ အဖြစ်အပျက် တွေလည်း အနောက်နိုင်ငံများမှာ အတော်များများရှိဖူးပါတယ်။ အဲ့သလိုသာဖြစ်ခဲ့မယ်ဆိုရင် မိမိအာမခံထားရှိခဲ့ခြင်းဟာ မိမိချစ်ခင်တဲ့ မိသားစုဝင်တွေအတွက် အချင်းအနှီးဖြစ်သွားနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ အာမခံထားရှိတဲ့ စာချုပ်ကို ထိခိုက်ပျက်စီးခြင်းမဖြစ် အောင် လုံခြုံတဲ့နေရာမျာ သိမ်းဆည်းထားဖို့လိုအပ်ပေမဲ့ သက်ဆိုင်သူ မိသားစုဝင်တွေအားလုံး မသိတဲ့နေရာမှာတော့ မထားမိပါစေနဲ့။ တစ်ယောက် ယောက်က အာမခံအကာအကွယ်ထားရှိမှုကိုသိထားမှာသာ အာမခံအကျိုးခံစား ခွင့် ရှိသူအတွက် အာမခံကုမ္ပဏီမှ အာမခံကြေးတောင်းခံနိုင်မှာ ဖြစ်ပါတယ်။ အသိမ်းလွန်ပြီး ပျောက်ဆုံး ပျက်စီးသွားခဲ့ရင် မလိုအပ်တာတွေ ဖြေရှင်းရ နိုင်ပါတယ်။ အနည်းဆုံးတော့ Insurance Advisor နဲ့မိသားစုဝင်တွေကို မိတ်ဆက်ပေးထားပြီး အာမခံကြေးထုတ်ယူရာမှာ အကူအညီရယူဖို့ ဆက်သွယ်ခိုင်းထားလို့လည်း ရနိုင်ပါတယ်။

အသက်ငယ်ငယ်လေးပဲရှိသေးတာ ဘာအာမခံမှ ထားစရာမလိုဘူး
- အသက်ငယ်ငယ်လေးပဲရှိသေးတာ ဘာအာမခံမှ ထားစရာမလိုဘူးလို့ မတွေးလိုက်မိပါစေနဲ့။ ဘဝအာမခံဆိုတာ အသက်ငယ်ငယ်မှာ အကာအကွယ် ဝယ်ယူထားနိုင်လေ အကျိုးရှိလေဖြစ်ပါတယ်။ ဘဝအာမခံအကာအကွယ်ထားရှိ ခြင်းဆိုတာ အသက်ကြီးမှ ထားလေလေ အာမခံပေးပေါ်လစီဈေးနှုန်းက ကြီးလာလေလေဖြစ်ပါတယ်။ နောက်ဆုံးဘဝအာမခံထားရှိနိုင်တဲ့ သတ်မှတ် အသက်အပိုင်းအခြားကိုတွက်ချက်ပြီး ဆယ်နှစ်၊ နှစ်ပေါင်းနှစ်ဆယ် (သို့မဟုတ်) သုံးဆယ် စသဖြင့် အကြိမ်ကြိမ်ဆက်လက်ထားရှိနိုင်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျိုး အာမခံပေါ်လစီကြေးကတော့ ဈေးများများ လာမှာဖြစ်ပါတယ်။ အသက်ငယ်ရွယ်ချိန်မှာ ဘဝအာမခံထားမယ်ဆိုရင်တော့ ပေါ်လစီကြေးနည်းနည်းနဲ့ အာမခံအကာအကွယ်ကိုရရှိမှာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ငွေလည်းပုံမှန်စုရင်း အာမခံအကာအကွယ်လည်းရယူ ထားရင်တော့ မိမိအတွက်ရော မိသားစုအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။

အာမခံကြေးများများနဲ့ အာမခံပေါ်လစီများများဝယ်ထားရင် ပိုကောင်းတာပေါ့
- အာမခံကြေးများများနဲ့ အာမခံပေါ်လစီများများထားရင် အာမခံလျှော်ကြေး များများရမှာပေါ့လို့ပြောလာရင်တော့ သင့်အနေနဲ့လုံးဝလက်မခံသင့်ပါဘူး။ ဒါဟာသင့်ကို အာမခံအကာအကွယ်ဝယ်ယူစေဖို့ အတွက်ပဲ ရည်ရွယ်လမ်းညွန် နေတာဖြစ်ပါတယ်။ အာမခံအမျိုးအစားမတူတာတွေရှိသလို အာမခံပေါ်လစီ ခြားနားမှု တွေကလည်း များစွာရှိပါတယ်။ မိမိသေချာနားလည်ပြီး ကိုယ့် အတွက်လိုအပ်တယ် ကိုယ်နဲ့သင့်လျှော်တယ်လို့ အမှန်တယ်နားလည်တဲ့ အချိန်ကျမှသာ သင့်တော်တဲ့ အာမခံအမျိုးအစားကို ကိုယ့်ရဲ့ငွေကြေးလည်မှု အပေါ်မူတည်ပြီး အာမခံပေးသွင်းငွေကို ပုံမှန်ပေးသွင်းနိုင်တဲ့ အနေအထား ကိုတွက်ချက်ပြီး အာမခံအကာအကွယ်ဝယ်ယူသင့်ပါတယ်။ မတူညီတဲ့ ကုမ္ပဏီတွေမှာ မတူညီတဲ့ပေါ်လစီတွေကို ကိုယ့်ရဲ့ငွေကြေးလည်ပတ်မှုကို မချဉ့်ချိန်ပဲ ဘာလာလာကိုယ့်အတွက်အကာအကွယ်ရဖို့နဲ့ တစ်ခုခုဆို အာမခံကြေးအများကြီးပြန်ရမှာပဲလို့တွက်ပြီး မဝယ်သင့်ပါဘူး။ မတူညီတဲ့ အာမခံကုမ္ပဏီတွေမှာ ဈေးကြီးတဲ့အာမခံများများဝယ်ထားရင် အာမခံကြေး များများရမှာပဲဆိုပြီးတော့လည်း တွက်ချက်ပြီးဝယ်လို့မရပါဘူး။ ကိုယ်ဝယ်ယူ ထားရှိမယ့် အာမခံအမျိုး အစားတွေအတွက် ပုံမှန်အာမခံကြေးပေးသွင်းနိုင်ဖို့ ကလည်းအရေးကြီးပါတယ်။ သတ်မှတ်ကာလ အပိုင်းအခြားအတွင်း အာမခံကြေးမပေးသွင်းနိုင်တော့ဘူးဆိုရင် အာမခံအကျိုးခံစားခွင့်အပေါ်မှာ သက်ရောက်မှုတွေများစွာရှိလာနိုင်ပါတယ်။

အာမခံထားရှိမှုနဲ့ပတ်သက်ပြီး တလွဲတွေးမိထားတာရှိရင် ကွန်းမန့်မှာ ရေးပေးခဲ့ပါအုံးနော်

Merry X'mas to you all!
25/12/2020

Merry X'mas to you all!

25/12/2020
ရေပေါ်ဖော်နေတဲ့ ဖားတွေဟာသူတို့ဆီဗျိုင်းတွေ ပျံသန်းလာတာမြင်ရင် ဗျိုင်းတွေမရောက်ခင်ရေအောက်ကို လျင်မြန်စွာငုပ်သွားတတ်ကြတယ်။ေ...
17/12/2020

ရေပေါ်ဖော်နေတဲ့ ဖားတွေဟာ
သူတို့ဆီဗျိုင်းတွေ ပျံသန်းလာတာမြင်ရင် ဗျိုင်းတွေမရောက်ခင်ရေအောက်ကို လျင်မြန်စွာငုပ်သွားတတ်ကြတယ်။
ရေငုပ်တာနောက်ကျသွားတယ်ဆိုရင်
ဗျိုင်းရဲ့အစာဖြစ်သွားကြမယ်ဆိုတာ
ဖားတွေက သိထားကြလို့......

တခါ ဗျိုင်းတွေကလည်း ရေငုပ်တာနောက်အကျဆုံးဖားကို အလျင်အမြန်ထိုးသုတ်ကြရတယ်။
ဖားတွေကသူတို့ထက်ရေငုပ်တာမြန်သွားရင် ငတ်ပြီးသေမယ်ဆိုတာ ဗျိုင်းတွေက သိနေကြလို့.....

ဗျိုးင်းရော ဖားရော အသက်ရှည်ရှည်နေဖို့ဆိုရင် ကျန်းမာကြံ့ခိုင်ပြီး လျင်မြန်နေဖိုအရေးကြီးတယ်.....

ဒီလိုပါဘဲ ကျွန်တော်တို့ဘဝတွေမှာလည်း အောင်မြင်ခြင်း ရှုံနိမ့်ခြင်း ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း တွေဆိုတာ ဗျိုင်းနဲ့ဖားလိုပါဘဲ။

လူတယောက်အောင်မြင်ဖို့ဆိုရင် ကျန်းမာကြံခိုင်ပြီး လျင်မြန်နေဖို့ အရေးကြီးပါတယ်။ခြေကုန်လက်ပန်းကျနေမယ် ဒဏ်ရာတွေနဲ့လဲကျနေမယ်ဆိုရင်တော့ ရှုံးနိမ့်ခြင်းရဲ့ ဝါးမြိုခြင်းကို ခံစားသွားရတတ်ပါတယ်။

လူတယောက် ပျော်ရွှင်ဖို့ဆိုရင် ကြုံဆုံလာတဲ့လောကဓံတရားတွေကို ရင်ဆိုင်ရဲဖို့လိုပါတယ်။ကြောက်ရွံ့နေမယ် ထိတ်လန့်နေမယ်ဆိုတော့ လောကဓံတရားရဲ့ထိုးသုတ်ခြင်းအောက်မှာ ဝမ်းနည်းနေတတ်ကြရပါတယ်။

Expect The Unexpected! Build For The Future!
14/12/2020

Expect The Unexpected!
Build For The Future!

Address

No. 40, Thiri 8th Street, 2 Wards, Hlaing Township
Yangon
11051

Website

Alerts

Be the first to know and let us send you an email when Thein Zaw - MIC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share