Sein San Eain Financial Service Group

Sein San Eain Financial Service Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sein San Eain Financial Service Group, Financial service, No. C-2, Kon Chan 7th Street, 4th Quarter, Kamayut Township, Yangon.

Services as Annual Return, Financial Reports, Financial Statements, Tax Accounting Service, External Audit Reporting Service and Tax Assistant, Tax Representative Service, Accounting Setup

08/05/2022

Maha Zayar Business Consultant and Financial Service Group

Our Services are as follow;

1. Company Registration Services in DICA
2. Tax Accounting and Tax Representative
3. Company Setup and Accounting Setup
4. External Auditing by CPA ( Certified Public Accountant )
5. Company Liquidation Services

Please Contact No : 09-979805090, 09-797322238.

 #လွတ်လပ်ရေးနေ့ ဆိုသည်မှာ******************မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်း ၁၈၈၅ ခုနှစ်တွင် ပါတော်မူပြီးနော...
04/01/2022

#လွတ်လပ်ရေးနေ့ ဆိုသည်မှာ
******************
မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်း ၁၈၈၅ ခုနှစ်တွင် ပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့၏ လက်အောက်သို့ ရောက်ရှိခဲ့ပြီး ဗြိတိသျှကိုလိုနီအဖြစ် သိမ်းပိုက်ခံခဲ့ရကာ ကိုယ့်မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်သောဘဝမှ ကိုယ်ပိုင်လွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ တိုင်းတစ်ပါးတို့၏ အုပ်ချုပ်စိုးမိုးမှုကို မြန်မာနိုင်ငံ အောက်ပိုင်းတွင် နှစ်ပေါင်း (၁၀၀) ကျော်၊ မြန်မာနိုင်ငံအထက်ပိုင်းတွင် နှစ်ပေါင်း (၆၀) ကျော် ခံခဲ့ရသည်။
ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်များအား ဂျပန်တို့ အကူအညီရယူလျက် တိုက်ထုတ်ခဲ့ကြသည်။ ဂျပန်တို့သည် ဗမာတို့၏ အုပ်ချုပ်ရေးပိုင်းအား အကြီးအကဲအဖြစ် ဒေါက်တာဘမော်အား ခန့်အပ်ခဲ့ကြသည်။
၁၉၄၂ မှ ၁၉၄၄ ထိ ဂျပန်တို့နှင့်လက်တွဲခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် လက်တွဲဖြုတ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက် နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားခေါင်းဆောင် တို့နှင့်အတူ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ ၏ ဒုတိယ ဥက္ကဌ ဖြစ်လာခဲ့သည်။ ထို့နောက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဝန်ကြီးများ လုပ်ကြံခံခဲ့ရသည်။ ဤသို့ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ဝန်ကြီးများ၏ အသက်ပေး ကြိုးပမ်းမှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီး မြန်မာနိုင်ငံတော်ကြီးသည် ပထမဆုံး သမ္မတ စပ်ရွှေသိုက် ပထမဆုံးဝန်ကြီးချုပ် ဦးနု တို့နှင့်အတူ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်မှစ၍ ဇန်နဝါရီလ (၄)ရက်နေ့ကို “လွတ်လပ်ရေးနေ့” ဟူ၍ နေ့ထူးနေ့မြတ်ကြီးတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောနေ့ဖြစ်သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂ဝ တွင် လွတ်လပ်ရေး ကြေညာလိုက်သောအခါ အတွင်းဝန်ရုံးများအတွင်း လွှတ်တော်အဆောက်အအုံရှေ့ရှိ အလံတိုင်ထိပ်၌ လွတ်လပ်ရေးမရမီအချိန်ထိ လွှင့်ထူထားသော ဗြိတိသျှတို့၏ ယူနီယံဂျက်အလံသည် တိုင်ခြေရင်းသို့ တဖြည်းဖြည်း လျှောဆင်းလာပြီးနောက် မြန်မာနိုင်ငံတော်အလံသည် ဝင့်ကြွားစွာဖြင့် တိုင်ထိပ်သို့ တလူလူ တလွင့်လွင့် မြင့်တက်လာခဲ့ရာ ကြည့်ရှုသူ မြန်မာတိုင်းရင်းသားများ ရင်တလှပ်လှပ်နှင့် ကြက်သီးမွေးညင်းများ ထလုသည်အထိ အလွန်စိတ်အားတက်ကြွဖွယ်ရာဖြင့် ဂုဏ်ယူဝင့်ကြွားခဲ့ကြရသည်။
ပထမဦးဆုံး လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားကို ၁၉၄၈ ခုနှစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး လွှတ်တော်အဆောက်အအုံရှေ့၌ ကျင်းပခဲ့သည်။ ဆက်လက်၍ နံနက် ၆:၃ဝ နာရီတွင် အလုံလမ်း ဘုရင်ခံအိမ်တော်ရှေ့၌ ဒုတိယအကြိမ် အလံတင် အခမ်းအနား ကျင်းပပြီး ပြည်ထောင်စုအလံ လွှင့်တင်ပြီးနောက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လွတ်လပ်ရေး ကျောက်တိုင် အုတ်မြစ်ချခဲ့သည်။ လွတ်လပ်ရေး ကျောက်တိုင် တည်ဆောက်ပြီးစီးသည့်နောက်ပိုင်း အလံတော်လွှင့်ထူခြင်း အခမ်းအနားကို လွတ်လပ်ရေး ကျောက်တိုင်ရှေ့ရှိ အလံတိုင်၌ လွှင့်ထူ၍ ဝင့်ကြွားစွာ ကျင်းပခဲ့ကြသည်။
လွတ်လပ်ရေးကြေညာစာတမ်း
======================
အခက်အခဲ အမျိုးမျိုးကြားမှ မြန်မာ့တိုင်းရင်းသား ခေါင်းဆောင်များ၏ မဆုတ်မနစ်သော ဇွဲလုံ့လသတ္တိတို့ဖြင့် သွေး၊ ချွေးများစွာ ရင်းနှီးခဲ့ပြီးမှ ရရှိခဲ့သော လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန်မှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ မမေ့မလျော့ကြစေရန် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ရောက်တိုင်း လွတ်လပ်ရေးကျောက်တိုင်၌ စုဝေးကာ ပြည်ထောင်စုတည်မြဲရေး တိုးတက်ရေးကို မမေ့မလျော့ဆောင်ရွက်ရန်
ထို့ပြင်မြို့နယ်၊ ရပ်ကွက်များအတွင်း လမ်းများအလိုက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်ကြပြီး အများပြည်သူ လွတ်လပ်ရေး၏ အရသာကို ခံစားသိရှိနိုင်ရန် တရားဝင်အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့သည်။
ုသုတစာပေများ
#𝑪𝒓𝒆𝒅𝒊𝒕. 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝒖𝒑𝒍𝒐𝒂𝒅𝒆𝒓

💖 ၄-၁-၂၀၂၁ ရက်နေ့တွင် ကျရောက်မည့် 💖 🇲🇲 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ 🇲🇲 🎀 (၇၃) ကြိမ်မြောက်လွတ်လပ်ရေးနေ့ 🎀😍 အခါသမယကိ...
03/01/2021

💖 ၄-၁-၂၀၂၁ ရက်နေ့တွင် ကျရောက်မည့် 💖

🇲🇲 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ 🇲🇲

🎀 (၇၃) ကြိမ်မြောက်လွတ်လပ်ရေးနေ့ 🎀

😍 အခါသမယကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။😍

အစဥ်လေးစားလျှက်
ဟိန်းဇေယျာဦး





ောင်းဝယ်ရေး

🎄🎅🎅🎅🎄 We Wish You 🎄🎅🎅🎅🎄 ❣❣ MERRY CHRISTMAS TO YOU ALL ❣❣
24/12/2020

🎄🎅🎅🎅🎄 We Wish You 🎄🎅🎅🎅🎄

❣❣ MERRY CHRISTMAS TO YOU ALL ❣❣


👑 ၂၂ ကြိမ်မြောက် ထီပေါက်စဉ် အပြည့်အစုံ 👑🙏 ကံထူးကံကောင်းနိုင်ကြပါစေ။ 🙏Credit:မဟာလာဘံ     ောင်းဝယ်ရေး
01/12/2020

👑 ၂၂ ကြိမ်မြောက် ထီပေါက်စဉ် အပြည့်အစုံ 👑

🙏 ကံထူးကံကောင်းနိုင်ကြပါစေ။ 🙏

Credit:မဟာလာဘံ





ောင်းဝယ်ရေး

🌱☘🙏 တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ သိမှတ်ဖွယ်ရာများ 🙏☘🌱မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလ...
27/11/2020

🌱☘🙏 တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ သိမှတ်ဖွယ်ရာများ 🙏☘🌱

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များမှာ-

☘ တန်ဆောင်တိုင် မီးထွန်းပွဲတော်

☘ ကထိန်သင်္ကန်း အလှူပွဲတော်

☘ မသိုးသင်္ကန်း ရက်လုပ်ပွဲတော်

☘ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်

☘ ကျီးမနိုး ပွဲတော်

☘ သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်လးသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလ
သုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌
သာမညဖလအခါတော်နေ့ အထိမ်းအမှတ်
ကျင်းပရခြင်း ဖြစ်ပါသည်။

🌼 (၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏
အကျိုးဟု အဓိပ္ပါယ် ရပါသည်။

🌼 (၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသော
နေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို
သံဃာတော်များနေ့ဟု ခေါ်ဆိုနိုင်ပါသည်။

🌼 (၃) သာမညဖလသုတ်သည် ဒီဃနိကာယ်
သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

🌼 (၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်
များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်
ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။

🌼 (၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့
ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော
ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊
မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

🌼 (၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို
ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ
ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်
ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ
စွဲကပ်ခဲ့ပါသည်။

🌼 (၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏
အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံ
သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သော
အဖြေကို မရရှိခဲ့ပါ။

🌼 (၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏
အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝက
လှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊
လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏
အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

🌼 (၉) အဇာတသတ်မင်းသည် သာမညဖလသုတ်
တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓ
သာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး
ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး
ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

🌼 (၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်
တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို
ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်
ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး
နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ်စကေဗုဒ်ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

🌼 (၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊
သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်
သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။

🌼 (၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင်
သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်
ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု
ဆိုထိုက်ပါပေသည်။

🌼 (၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော်
များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း
ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့
သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့်
ရရှိနေကြခြင်း ဖြစ်ပါသည်။

🌼 (၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ
သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏
ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု
ဆိုထိုက်ပါသည်။

-အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှ-

Credit
Young Buddhist Association




❣👑👑" စီးပွားရေး လုပ်တယ် ဆိုတာ ..... "👑👑❣==================================👑 ငွေလိုချင်ရုံနဲ့တော့ စီးပွားရေး မလုပ်နဲ့၊  ခ...
15/11/2020

❣👑👑" စီးပွားရေး လုပ်တယ် ဆိုတာ ..... "👑👑❣
==================================

👑 ငွေလိုချင်ရုံနဲ့တော့ စီးပွားရေး မလုပ်နဲ့၊ ခဏနဲ့ ပြန်ပြုတ်သွားမယ်။

👉 အလုပ် မလုပ်ရရင် မနေနိုင်တဲ့ရောဂါ ရှိမှ၊ စီးပွားရေးလုပ်။

👉 ငွေက ကိုယ့်နောက်ကို လိုက်လာလိမ့်မယ်။

👑 ငွေအရင်းအနှီး နည်းသွားလို့၊ အလုပ် မဖြစ်တာ မဟုတ်ဘူး၊

👉 ဦးနှောက် ရင်းနှီးတာ၊ နည်းသွားလို့။

👉 အလုပ် မဖြစ်တာ သေချာ မစဉ်းစားဘဲ၊ ငါးပွက်ရာပဲ ငါးစာလိုက်ချခဲ့လို့ အလုပ်မဖြစ်တာ။

👉 မြန်မာလူမျိုးမို့ ပေါင်းလုပ်လို့ မရတာ၊ ကွဲကြတာ မဟုတ်ဘူး။

👉 လုပ်ပိုင်ခွင့်၊ ခံစားခွင့်နဲ့ တာဝန်ယူမှုတွေကို အစကတည်းက ရှင်းရှင်း လင်းလင်း မခွဲဘဲ လုံးချခဲ့လို့ ကွဲကြတာ။

👑 လုပ်ငန်း ဆုံးရှုံးသွားတာ၊ ဝန်ထမ်းတွေ ညံ့လို့ မဟုတ်ဘူး။

👉 ပြိုင်ဘက်တွေ ညစ်လို့ မဟုတ်ဘူး။

👉 ကိုယ် စီမံခန့်ခွဲတာ လိုသွားလို့။

👑 အလုပ်တွေ များလို့ မပြီးတာ မဟုတ်ဘူး။

👉 အချိန် နှင့် တာဝန် ခွဲဝေဖို့၊ စီမံခန့်ခွဲမှု မလုပ်လို့ မပြီးတာ။

👉 တစ်ယောက်ထဲ လုပ်လို့ရတဲ့ ကိစ္စတွေကို နှစ်ယောက် လိုက်လုပ်နေလို့ အလုပ်တွေ မပြီးပြီးတာ။

👑 အသုံးစရိတ် များလို့၊ အရှုံးပေါ်တာ မဟုတ်ဘူး။

👉 အဖြုန်းစရိတ် များသွားလို့၊ အရှုံးပ်ါတာ။

👉 လုပ်ငန်းကို သေးသေးပဲ စခဲ့လို့၊ ခင်ဗျား မအောင်မြင်တာ မဟုတ်ဘူး။

👉 အိမ်မက် သေးသွားလို့၊ မအောင်မြင်တာ။

👑 လုပ်ငန်းကို ကြီးကြီးစနိုင်လို၊့ သူအောင်မြင်နေတာ မဟုတ်ဘူး။

👉 အိမ်မက်ကြီးကြီးနဲ့ စခဲ့လို့၊ သူ အောင်မြင်တာ။

👉 အရင်းအနှီး များတဲ့သူနဲ့ လက်တွဲတိုင်း အောင်မြင်မှာ မဟုတ်ဘူး။

👉 ရလဒ် ထွက်အောင် လုပ်မယ့်၊ တာဝန်ယူမယ့်၊ တာဝန်ခံမယ့် သူနဲ့ ဦးစားပေး လက်တွဲမှ အောင်မြင်မှာ။

👑 ဝန်ထမ်းတွေရဲ့ဘဝနဲ့ အရည်အသွေးကို တိုးတက်အောင် မပြောင်းလဲ ပေးနိုင်ရင် ကြီးကျယ်တဲ့ အလုပ်တွေကို ဖန်တီးလို့ မရဘူး။

👉 မိုးထဲလေထဲ ရောက်ရင် ရှောင်နေတဲ့၊ အချောင်သမားတွေကို လက်တွဲ ဖြုတ်။

👉 အပြောသမားကို လက်တွဲ ဖြုတ်။

👉 ရလဒ် မထွက်တဲ့သူကို လက်တွဲ ဖြုတ်။

👉 သူများ အပြစ်ပဲမြင်တတ်တဲ့သူဆို လက်တွဲ ဖြုတ်။

👉 Theory နဲ့ Strategy တွေပဲ ထိုင်ရွတ်နေပြီး မြေပြင်မှာ ဝင်မကူတဲ့ သူဆို လက်တွဲ ဖြုတ်။

👑 အသေးစိတ် အလုပ်တွေကို တာဝန်ခံပြီး၊ ကျားစီးဖားစီး လုပ်တဲ့သူကို လုပ်ပိုင်ခွင့် ပေး။

👉 အမြဲတက်ကြွနေတဲ့သူကို လက်တွဲထား။

👉 အလုပ်ကို ရူးသွပ်တဲ့လူကို ပံ့ပိုး၊ ဒါဆို ရလဒ်ထွက်မယ်။

👑 အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဆိုတာ အိမ်မက် ထိုင်မက် နေတဲ့ သူတွေ မဟုတ်ဘူး။

👉 မရပ်မနားကို လဲကျလိုက်၊ ပြန်ထလိုက် လုပ်နေတဲ့သူတွေ။

👉 ခင်ဗျား အလုပ် ဘယ်လောက်ရှုပ်ရှုပ်၊ ဘယ်သူမှ စိတ်မဝင်စားဘူး။

👉 ခင်ဗျား ရလဒ် ထွက်အောင် လုပ်ပြမှ အားလုံးက စိတ်ဝင်စားတယ်။

👑 နောက်ဆုံးပြောရရင်၊ စီးပွားရေး လုပ်တယ် ဆိုတာ

👉 ခင်ဗျားအကြောင်း သူများတွေ သိဖို့ထက်

👉 သူများတွေ အကြောင်းကိုသာ ခင်ဗျားသိဖို့ ပိုအရေးကြီးတယ်။

🙏စီးပွားရေး လုပ်သူတိုင်း၊ ကြီးပွားတိုးတက် အောင်မြင်ကြပါစေ။🙏

အစဥ်လေးစားလျက်
Hein Zayar Oo

Credit To Original Uploader.



11/11/2020

💠 Maha Zayar Business Consultant and Financial Services Group 💠
မဟာ​ဇေယျာ စီးပွားရေး အကြံပေး နှင့် ကုမ္ပဏီဆိုင်ရာ အထွေထွေ ဝန်ဆောင်မှုလုပ်ငန်းစု
*************************************************

1. 💠 𝗡𝗲𝘄 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 💠 (ကုမ္ပဏီအသစ်လျှောက်ထားပေးခြင်း)

2. 💠 𝗔𝗻𝗻𝘂𝗮𝗹 𝗥𝗲𝘁𝘂𝗿𝗻 𝗦𝘂𝗯𝗺𝗶𝘀𝘀𝗶𝗼𝗻 💠 (နှစ်ပတ်လည်အစီရင်ခံစာတင်ပေးခြင်း)

3. 💠 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿/𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗔𝗱𝗱𝗿𝗲𝘀𝘀/𝗦𝗵𝗮𝗿𝗲𝘀 𝗖𝗵𝗮𝗻𝗴𝗶𝗻𝗴 💠
(ကုမ္ပဏီဒါရိုက်တာ/လိပ်စာ/ရှယ်ယာ ပြောင်းလဲပေးခြင်း)

4. 💠 𝗖𝗼𝗺𝗽𝗮𝗻𝘆 𝗕𝗮𝗻𝗸 𝗔𝗰𝗰𝗼𝘂𝗻𝘁 𝗢𝗽𝗲𝗻𝗶𝗻𝗴 💠 (ကုမ္ပဏီဘဏ်အကောင့်လျှောက်ပေးခြင်း)

5. 💠 𝗘𝘅𝗽𝗼𝗿𝘁 / 𝗜𝗺𝗽𝗼𝗿𝘁 𝗟𝗶𝗰𝗲𝗻𝘀𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 💠
(ထသက လိုင်စင်ရရှိအောင်ဆောင်ရွက်ပေးခြင်း)

6. 💠 𝗨𝗠𝗙𝗖𝗖𝗜 𝗠𝗲𝗺𝗯𝗲𝗿𝘀𝗵𝗶𝗽 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 💠 (ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ဝင်ကတ်ရရှိအောင်ဆောင်ရွက်ပေးခြင်း)

7. 💠 𝗠𝗜𝗖 𝗣𝗲𝗿𝗺𝗶𝘁 💠 (အခွန်ကင်းလွတ်ခွင့်ပါမစ်ရရှိအောင်ဆောင်ရွက်ပေးခြင်း)

8. 💠 Annual Return 💠
( နှစ်စဉ်အစီရင်ခံစာများ၊ Financial Statements, Financial Reports များရေးဆွဲခြင်း။)

🌼 Monthly & Quarterly Financial Reports🌼
( လစဥ် အရှုံးအမြတ်စာရင်း၊ (၃)လ ဘဏ္ဍာရေး အရှုံးအမြတ်စာရင်းများကို စျေးနှုန်းသက်သာစွာဖြင့် ရေးဆွဲပေးခြင်း)

9. 💠 Tax Accounting Service 💠
( အခွန်စာရင်း​ ပြင်ဆ​င်ခြင်း ဝန်ဆောင်မှု )

10. 💠 External Audit Reporting Service and Tax Assistant 💠
( လိုင်စင်ရ ပြင်ပစာရင်းစစ် အစီရင်ခံစာ နှင့် အခွန်အကူအညီ ဝန်ဆောင်မှု )

11. 💠 Tax Representative Service 💠
(အခွန် ကိုယ်စားလှယ် ဝန်ဆောင်မှု၊ အခွန်နှင့်ပက်သက်သော ဝန်ဆောင်မှုများ ၊ နှစ်ချူပ်အခွန်စာရင်းရှင်းလင်းခြင်းနှင့် အခွန်နှင့်ပက်သက်သော အစီရင်ခံစာတင်ပြခြင်း)
များကို ကျွန်တော်တို့ Maha Zayar Business Consultant and Financial Service Group မှ ဈေးနှုန်းသက်သာစွာဖြင့် အ​မြန်ဆုံး ပြင်ဆင်ရေးဆွဲပြီး အကောင်းဆုံး​ ဝန်ဆောင်မှုများ ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

လူကြီးမင်း လုပ်ငန်းရှင်ကြီးများ အမြန်ဆုံး ဆက်သွယ်ရန်
-☎- 09-979805090, 09-797322238
Maha Zayar Business Consultant and Financial Service Group page`s Messenger မှ လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ယုံကြည်အပ်နှံပေးသော အနယ်နယ်အရပ်ရပ်မှ ကုမ္ပဏီများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

လူကြီးမင်းတို့လုပ်ငန်းများ ဆထက်တစ်ဖိုး တိုးတက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေး လိုက်ရပါတယ်ခင်ဗျာ။



11/11/2020

"အမြင့်ကို ပျံတက်လိုက်စမ်းပါ"
(ဗန်းမော်သိန်းဖေ)

တစ်ရက်မှာ ဘုရင်ကြီးတစ်ပါးကို သူ့လက်အောက်ခံ နယ်ပယ်
တစ်ခုရဲ့ နယ်စားကြီးက လက်ဆောင်ပေးလာပါတယ်။ လက်ဆောင်က
အလွန်လှပတဲ့ သိမ်းငှက်နှစ်ကောင်ပါ။ ဘုရင်ကြီးဟာ ဒီလောက်လှတဲ့
သိမ်းငှက်မျိုးကို တစ်ခါမှ မမြင်ဖူးလို့ အလွန်သဘောကျနေတယ်။ ဘုရင်ကြီး
ဟာ သိမ်းငှက်နှစ်ကောင်ကို ငှက်တွေကို လေ့ကျင့်ပေးသူဆီ လေ့ကျင့်ပေးဖို့
အပ်လိုက်တယ်။

လေ့ကျင့်သူဟာ သိမ်းငှက်နှစ်ကောင်ကို နေ့စဉ် လေ့ကျင့်ပေးနေ
တာ လပေါင်း အတော်ကြာသွားပြီးတစ်ရက်မှာ သူဟာ ဘုရင်ကြီးဆီကို
အခစားဝင်ပြီးလျှောက်တင်လိုက်တယ်။ သိမ်းငှက်နှစ်ကောင်ထဲက တစ်ကောင်
ကို ကောင်းကင်အမြင့်ကြီးမှာ ပျံဝဲအောင် လေ့ကျင့်လို့ရပေမယ့် နောက်
တစ်ကောင်ကတော့ သစ်ပင်ရဲ့ အကိုင်းမှာ အမြဲတမ်း ခိုနားနေပြီးဘယ်မှ
မသွားဘူး။ အမြင့်ကိုလည်း ပျံမတက်ဘူး။ ပျံတက်အောင်လုပ်လို့လည်း
မရဘူးတဲ့။
ကျွန်တော်မျိုး တသက်မှာ ဒီလောက် ခေါင်းမာတဲ့
ငှက်မျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။ ကျွန်တော်မျိုး သူ့ကို အစာ
ပြပြီးများခေါ်တယ်။ ရိုက်မယ့်ဟန်ပြပြီးခြောက်လှန့်တယ်။ ဒါပေမဲ့
သစ်ကိုင်းပေါ် နားနေရာကနေ လုံးဝမရွေ့ဘူး။ ကျွန်တော်မျိုး
လည်းဘာဆက်လုပ်ရမှန်းမသိတော့လို့ အရှင်မင်းကြီးပေးတဲ့

အပြစ်ကို ခံယူရုံပါပဲဘုရား
လို့ ငှက်လေ့ကျင့်သူက လျှောက်တင်တယ်။

ဘုရင်ကြီးက ငှက်လေ့ကျင့်သူဟာ သူ့နိုင်ငံမှာ အတော်ဆုံး
တစ်ယောက်ဖြစ်နေလို့ သူ့ကို အပြစ်မယူဘဲ သိမ်းငှက်ကို နောက်ထပ်
လေ့ကျင့်ပေးဖို့ အချိန်ထပ်ပေးလိုက်တယ်။

လပေါင်းများစွာ ကုန်လွန်သွားပြန်ပြီ။ ဒါပေမဲ့ သိမ်းငှက်ဟာ
အရင်အတိုင်းပဲ သစ်ကိုင်းပေါ်က လုံးဝမရွေ့ပါဘူး။ ငှက်လေ့ကျင့်သူလည်း
ဒီတစ်ခါတော့ လုံးဝလက်လျော့လိုက်ပြီ။ ဘုရင်ကြီးလည်း ပရောဟိတ်
ပုဏ္ဏားတွေ၊ ဗေဒင်ဆရာတွေကို ခေါ်ပြီးအဲဒီသိမ်းငှက်ကို သစ်ကိုင်းပေါ်က
ရွေ့အောင် လုပ်ခိုင်းတယ်။ သူတို့လည်း ဂါထာမန္တာန်တွေ ရွတ်ဆိုပြီး
သိမ်းငှက်ကို သစ်ကိုင်းပေါ်ကနေ ပျံတက်အောင် ကြိုးစားလုပ်ကြတယ်။
ဒါလည်း သိမ်းငှက်ဟာ အရင်အတိုင်းပါပဲ။ သစ်ကိုင်းပေါ်က လုံးဝမရွေ့
ပါဘူး။ ဘုရင်ကြီးလည်း အတော်စိတ်ပျက်နေပြီ။ အဲဒီသိမ်းငှက်ကို သတ်ပစ်
ချင်လာနေတယ်။ ဒါပေမဲ့ လှပတဲ့သိမ်းငှက်မို့ မသတ်ရက်ဘူး။

တစ်ရက်မှာ လယ်သမားတစ်ယောက်ဟာ နန်းတော်အနားဖြတ်
သွားရင်း အဲဒီသိမ်းငှက်အကြောင်း လူတွေ ပြောနေကြတာကို ကြားလိုက်
မိတယ်။ သူက မှူးမတ်တွေကို သွားတွေ့ပြီး သိမ်းငှက်ကို သစ်ကိုင်းပေါ်ကနေ

ကောင်းကင်ကို ပျံတက်အောင် စမ်းလုပ်ကြည့်ချင်ကြောင်း ပြောပြတယ်။
မှူးမတ်တွေလည်း ဘုရင်ကြီးကို အဲဒီအကြောင်းကို လျှောက်တင်ကြတယ်။
ဘုရင်ကြီးလည်း သူ့မှာ လုပ်ပေးနိုင်သူမရှိလို့ လယ်သမားကို စမ်းလုပ်
ကြည့်ခွင့်ပေးလိုက်တယ်။

နောက်နေ့မှာ မှူးမတ်တွေက လျှောက်တင်ကြလို့ ဘုရင်ကြီး
လည်း နန်းတော်ရဲ့ လေသာဆောင်ကိုသွားပြီး ကောင်းကင်ယံကို မော့ကြည့်
လိုက်တယ်။ ကောင်းကင်အမြင့်မှာ သူ့သိမ်းငှက်နှစ်ကောင်ဟာ အတူ ပျံဝဲ
နေကြတာကို တွေ့လိုက်ရတယ်။ ဘုရင်ကြီးလည်း အလွန်အားရကျေနပ်လို့
လယ်သမားကို ရှေ့တော်မှောက် ဆင့်ခေါ်ပြီး သစ်ကိုင်းပေါ်ကနေ ဘယ်မှ
မသွားတဲ့ သိမ်းငှက်ကို ဘယ်လို လေ့ကျင့်ပေးသလဲလို့ မေးလိုက်တယ်။
လယ်သမားက ရိုးသားစွာပဲ ဖြေလိုက်ပါတယ်။ သူနားနေကျ သစ်ကိုင်းကို
ကျွန်တော်မျိုး ဓားနဲ့ ခုတ်ဖြတ်လိုက်ပါတယ် အရှင်မင်းကြီး တဲ့။

ကျွန်တော်တို့ လောကမှာ လူလာဖြစ်လာကြတာ အောက်ခြေ
အဆင့်မှာပဲ ကျေနပ်ပြီး နေနေကြဖို့ မဟုတ်ပါဘူး။ အမြင့်ကို ပျံတက်နိုင်
ကြဖို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့လည်း မိဘ၊ ဆွေမျိုးစတဲ့ သစ်ကိုင်းတွေပေါ်မှာ
နားနေရင်း သာယာနေကြတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး အပေါ်ကို
ပျံမတက်ချင်ကြဘူး။ အဲဒီလိုနေရတဲ့ ဘဝမှာ ပျော်နေကြလို့ အပြောင်းအလဲ
မလုပ်ချင်ကြဘူး။ အပြောင်းအလဲမလုပ်ရင် ဘဝဟာ တိုးတက်မှုရှိမှာ
မဟုတ်ဘူး။ ဒါကြောင့် သင် မှီခိုအားထားနေတာတွေကို ဖြတ်တောက်
စွန့်လွှတ်ပြီး အခုပဲ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားလိုက်စမ်းပါ။ အမြင့်ကို ရဲရဲကြီး
ပျံတက်လိုက်စမ်းပါ။ အမြင့်ရောက်မှ ကမ္ဘာကြီးကို အပေါ်စီးက မြင်ရတဲ့
အရသာဟာ ဘယ်လောက်ကောင်းသလဲဆိုတာကို အမြင့်ရောက်ဖူးသူတွေ
သိကြပါတယ်။

(မျှဝေလိုသောအတွေးများ ၅)

Credit:OriginalPost


11/11/2020

👑 Maha Zayar Business Consultant and Financial Services Group 👑
❣ မဟာဇေယျာ စီးပွားရေး အကြံပေး နှင့် ကုမ္ပဏီဆိုင်ရာ အထွေထွေ ဝန်ဆောင်မှုလုပ်ငန်းစု ❣
*************************************************

1. 💝 Annual Return 💝
( နှစ်စဉ်အစီရင်ခံစာများ၊ Financial Statements, Financial Reports များရေးဆွဲခြင်း။)

2.💖 Monthly & Quarterly Financial Reports 💖
( လစဥ် အရှုံးအမြတ်စာရင်း၊ (၃)လ ဘဏ္ဍာရေး အရှုံးအမြတ်စာရင်းများကို စျေးနှုန်းသက်သာစွာဖြင့် ရေးဆွဲပေးခြင်း)

3.💜 External Audit Reporting Service and Tax Assistant 💜
( လိုင်စင်ရ ပြင်ပစာရင်းစစ် အစီရင်ခံစာ နှင့် အခွန်အကူအညီ ဝန်ဆောင်မှု )

4.💚 Tax Accounting Service 💚
( အခွန်စာရင်း ပြင်ဆင်ခြင်း ဝန်ဆောင်မှု)

5.❤ Tax Representative Service ❤
(အခွန် ကိုယ်စားလှယ် ဝန်ဆောင်မှု၊ အခွန်နှင့်ပက်သက်သော ဝန်ဆောင်မှုများ ၊ နှစ်ချူပ်အခွန်စာရင်းရှင်းလင်းခြင်းနှင့် အခွန်နှင့်ပက်သက်သော အစီရင်ခံစာတင်ပြခြင်း)

များကို ကျွန်တော်တို့ Maha Zayar Business Consultant and Financial Service Group မှ ဈေးနှုန်းသက်သာစွာဖြင့် အမြန်ဆုံး ပြင်ဆင်ရေးဆွဲပြီး အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။💜📣📣💜

❣ လူကြီးမင်း လုပ်ငန်းရှင်ကြီးများ ❣
အမြန်ဆုံး ဆက်သွယ်ရန် ☎- 09-979805090, 09-797322238

👉 Maha Zayar Business Consultant and Financial Service Group page`s Messenger မှ လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ယုံကြည်အပ်နှံပေးသော အနယ်နယ်အရပ်ရပ်မှ ကုမ္ပဏီများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ 😍😍😍

🙏 လူကြီးမင်းတို့လုပ်ငန်းများ ဆထက်တစ်ဖိုး တိုးတက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေး လိုက်ရပါတယ်ခင်ဗျာ။ 🙏



11/11/2020

💜 မဂ်လာပါ။ 💜

💞 ချစ်ခင်လေးစားရပါသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ SME အသေးစား ၊ အလတ်စား လုပ်ငန်းရှင်ကြီးများ ခင်ဗျာ။ 💞

❣❣❣ လူကြီးမင်းတို့၏ လုပ်ငန်းများအတွက်

👑👑👑၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နှစ်ချုပ်အခွန်စာရင်း (ဝင်ငွေခွန် ကြေညာလွှာ ၊ ကုန်သွယ်လုပ်ငန်းခွန် နှစ်ချုပ်ကြေညာလွှာ)

များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် (၂၊၁၊၂၀၂၁) ရက်နေ့ နောက်ဆုံးထာ၍ သက်ဆိုင်ရာ အခွန်ရုံးများသို့ တင်သွင်းရမှာဖြစ်ပါတယ်။ ❣❣❣

❣❣❣ လူကြီးမင်းတို့၏ လုပ်ငန်းများအတွက်

🏆🏆 ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ် နှစ်ချုပ်အခွန်စာရင်း 🏆🏆 (ဝင်ငွေခွန်ကြေညာလွှာ ၊ ကုန်သွယ်လုပ်ငန်းခွန် နှစ်ချုပ်ကြေညာလွှာ)

💚💜❤ များကို ရေးဆွဲရန်လိုအပ်ပါက ကျွန်တော်တို့ 👇👇👇

👑👑👑 Maha Zayar Business Consultant and Financial Service Group & Sein San Eain Financial Service Group👑👑👑

�တို့မှ💟👌💟 စျေးနှုန်း သက်သာစွာဖြင့် အမြန်ဆုံးပြင်ဆင်ရေးဆွဲပြီး အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။ 🎈🎈🎈📣📣📣📣

😍 လူကြီးမင်း လုပ်ငန်းရှင်ကြီးများ 😍 အမြန်ဆုံးဆက်သွယ်ရန်

👉☎ ဖုန်း - 09-979805090, 09-797322238 ☎👈

👉📱 Maha Zayar Business Consultant and Financial Service Group page Messenger မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။

💜❤ ယုံကြည်စွာ အပ်နှံပေးသော အနယ်နယ်အရပ်ရပ်မှ ကုမ္ပဏီများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ❤💜

🙏🙏🙏 လူကြီးမင်းတို့ လုပ်ငန်းများ ဆထက်တစ်ပိုး တိုးတက် အောင်မြင်ပါစေ။ ဘေးဘယာကင်း၍ ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏🙏🙏

😍 အစဥ်လေးစားလျက် 😍
ဟိန်းဇေယျာဦး




#နှစ်ချုပ်အခွန်စာရင်း

Address

No. C-2, Kon Chan 7th Street, 4th Quarter, Kamayut Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959797322238

Website

Alerts

Be the first to know and let us send you an email when Sein San Eain Financial Service Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sein San Eain Financial Service Group:

Share