CFG

Call Directions Contact the business

CFG TRUST THE TIME OF YOUR LIFE
SOMETIME YOU WIN
SOMETIME YOU LEARN
LIFE IS NOTHING. CFG😉

ကိုယ့်အပေါ် စော်ကားသွားတဲ့ လူတစ်ချို့ကိုမုန်းနေဖို့ မလိုဘူးနောက်ထပ် မပတ်သတ်မိအောင် နေနိုင်ဖို့ပဲလိုတယ်..."
28/09/2026

ကိုယ့်အပေါ် စော်ကားသွားတဲ့

လူတစ်ချို့ကို
မုန်းနေဖို့ မလိုဘူး
နောက်ထပ်
မပတ်သတ်မိအောင် နေနိုင်ဖို့ပဲလိုတယ်..."

တစ်ယောက်တည်းလည်း ရပ်တည်နိုင်ရမယ်။ဘဝမှာ ကိုယ့်ဘေးမှာ လူတွေရှိနေတာ ကောင်းပါတယ်။ဒါပေမယ့် သူတို့မရှိတဲ့အချိန်မှာကိုယ်တစ်ယောက...
28/09/2026

တစ်ယောက်တည်းလည်း ရပ်တည်နိုင်ရမယ်။

ဘဝမှာ ကိုယ့်ဘေးမှာ လူတွေရှိနေတာ ကောင်းပါတယ်။
ဒါပေမယ့် သူတို့မရှိတဲ့အချိန်မှာကိုယ်တစ်ယောက်တည်းနဲ့ မရပ်တည်နိုင်ရင်
ကိုယ့်ဘဝရဲ့ အားနည်းချက်က အဲဒီနေရာမှာ ရှိနေပြီ။

ချစ်တဲ့သူ ထွက်သွားနိုင်တယ်။
အားကိုးထားတဲ့သူ ပြောင်းလဲသွားနိုင်တယ်။
အနီးဆုံးလူတောင် တစ်နေ့မှာ အဝေးကို ရောက်သွားနိုင်တယ်။

ဒါကြောင့် လူတွေကို မချစ်နဲ့လို့ မပြောဘူး။
လူတွေကို မယုံနဲ့လို့လည်း မပြောဘူး။

ကိုယ့်ဘဝကို ကိုယ်တိုင် ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားပါ။

အတူရှိတဲ့အခါ ပျော်နိုင်ရမယ်။
တစ်ယောက်တည်းကျန်ခဲ့တဲ့အခါလည်း
ဘဝကို ဆက်လျှောက်နိုင်ရမယ်။

တစ်ယောက်တည်းဖြစ်သွားလို့ မပြိုလဲတဲ့လူက
ဘဝမှာ တကယ်ခိုင်မာတဲ့လူပါ။

25/09/2026
:"ဆာလောင်မှုထက် ကိုယ့်တန်ဖိုးက ပိုအရေးကြီးတယ်”တစ်နေ့မှာ ခြင်္သေ့တစ်ကောင်ဟာ တောနက်ထဲမှာအစာရှာရင်း အလွန်အမင်း ဆာလောင်လာခဲ့...
25/09/2026

:"ဆာလောင်မှုထက် ကိုယ့်တန်ဖိုးက ပိုအရေးကြီးတယ်”
တစ်နေ့မှာ ခြင်္သေ့တစ်ကောင်ဟာ တောနက်ထဲမှာ
အစာရှာရင်း အလွန်အမင်း ဆာလောင်လာခဲ့တယ်။
မနက်ကတည်းက လျှောက်လာပေမယ့်
သားကောင်တစ်ကောင်မှ မတွေ့ခဲ့ဘူး။
ခြေလှမ်းတွေက လေးလံလာပြီး အားအင်တွေလည်း
လျော့နည်းလာခဲ့တယ်။
အဲဒီအချိန်မှာ စိမ်းစိုနေတဲ့
မြက်ခင်းပြင်ကြီးတစ်ခုနားကို ရောက်လာတယ်။
မြက်ခင်းပြင်က—
“မင်းအရမ်းဆာနေပြီမဟုတ်လား…
ဒီလောက်မြက်တွေပေါနေတဲ့နေရာမှာ
ဘာလို့ ဗိုက်ဆာခံနေတာလဲ။ စားလိုက်ပါ။
အနည်းဆုံးတော့ အခုအချိန်မှာ ဗိုက်ပြည့်သွားမှာပေါ့”
လို့ ပြောတယ်။
ခြင်္သေ့ဟာ မြက်ခင်းပြင်ကို ခဏကြည့်နေခဲ့တယ်။
တကယ်တော့ သူအရမ်းဆာနေခဲ့တယ်။
မြက်ကို စားလိုက်ရင် အခုချက်ချင်း ဆာလောင်မှုကို သက်သာစေနိုင်တယ်ဆိုတာလည်း သိတယ်။
ဒါပေမယ့် ခဏအကြာမှာ ခြင်္သေ့က
ပြုံးပြီး ခေါင်းခါလိုက်တယ်။
**“ငါဆာနေတာမှန်တယ်။
ဒါပေမယ့် ဆာလောင်မှုကြောင့်
ငါ့သဘာဝကိုတော့ မပြောင်းလဲဘူး။
အခုမရသေးလို့ မသင့်တော်တာကို ရွေးချယ်မယ့်အစား
သင့်တော်တဲ့အရာကို ရတဲ့အထိ ငါဆက်ရှာမယ်။”**
အဲဒီလိုပြောပြီး ခြင်္သေ့ဟာ မြက်ခင်းပြင်ကို
ကျော်ဖြတ်ကာ တောထဲကို ဆက်လျှောက်သွားခဲ့တယ်။
နောက်ဆုံးမှာတော့ သူရှာဖွေနေတဲ့ သားကောင်ကို တွေ့ခဲ့ပြီး အစာဝဝစားနိုင်ခဲ့တယ်။
🌱 ဒီပုံပြင်လေးက ပေးချင်တဲ့ သင်ခန်းစာက—
လိုအပ်ချက်တစ်ခုကြောင့် ကိုယ့်တန်ဖိုးကို မလျှော့လိုက်ပါနဲ့။
တစ်ခါတလေ
“မရှိတာ” ကို သည်းခံနိုင်ခြင်းက
“မသင့်တော်တာ” ကို လက်ခံလိုက်ခြင်းထက်
ပိုကောင်းပါတယ်။
လူ့ဘဝမှာလည်း—
အထီးကျန်တဲ့အချိန်တွေ ရှိတတ်တယ်။
အချစ်လိုအပ်တဲ့အချိန်တွေ ရှိတတ်တယ်။
မိတ်ဆွေတစ်ယောက် လိုအပ်တဲ့အချိန်တွေလည်း
ရှိတတ်တယ်။
အဲဒီအချိန်မှာ ကိုယ့်ဘဝထဲ ဝင်လာသူတိုင်းကို လက်ခံမိရင် ကိုယ့်တန်ဖိုးကို မလေးစားတဲ့သူတွေအတွက်
ကိုယ့်စံနှုန်းတွေကို လျှော့ချမိနိုင်ပါတယ်။
ဒါကြောင့်—
လိုအပ်နေတဲ့အချိန်မှာ ရလာသမျှကို မရွေးချယ်ပါနဲ့။
အထီးကျန်နေရတာကို ခဏသည်းခံနိုင်ပေမယ့်
ကိုယ့်တန်ဖိုးကို ဆုံးရှုံးရတဲ့ ဆက်ဆံရေးကိုတော့
မရွေးချယ်ပါနဲ့။
ခြင်္သေ့ဟာ ဆာလောင်နေလို့ မြက်ကို မစားသလို…
ကိုယ်လည်း အထီးကျန်နေလို့ဆိုပြီး
ကိုယ့်တန်ဖိုးကို မလေးစားတဲ့သူတွေကို
ကိုယ့်ဘဝထဲ နေရာပေးစရာ မလိုပါဘူး။ 🦁
━━━━━━━━━━━━━━
🤎 နောက်ထပ် သင်ခန်းစာတစ်ခုကတော့…
တစ်ခါတလေ ဘဝမှာ အခက်အခဲတွေ ကြုံလာတဲ့အခါ—
“ဒီအခြေအနေကနေ လွတ်မြောက်ဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်ရတော့မယ်”
လို့ တွေးမိတတ်ကြပါတယ်။
ဒါပေမယ့်…
ခြင်္သေ့က အသားမရှိရုံနဲ့ မြက်မစားသလို၊
နွားကလည်း မြက်မရှိရုံနဲ့ အသားမစားပါဘူး။
ဘယ်လောက်ပဲ ဆာလောင်နေပါစေ
ကိုယ့်သဘာဝနဲ့ မကိုက်ညီတဲ့အရာကို မစားကြဘူး။
လူတွေအတွက်လည်း ဒီအချက်က သင်ခန်းစာတစ်ခုပါပဲ။

စက်သုံးဆီကတော့ မိုးပေါ်ပြန်ရောက်သွားပြီ ဖြည်းဖြည်း ထပ် တက်လာမယ်။
25/09/2026

စက်သုံးဆီကတော့
မိုးပေါ်ပြန်ရောက်သွားပြီ ဖြည်းဖြည်း ထပ် တက်လာမယ်။

ဘယ်လိုနေရမယ် မနေရဘူးတက်ကျမ်း Rulesတွေလည်း ငါစိတ်မဝင်စားဘူး။လူတိုင်းမှာ Trauma ကိုယ်စီDark side ကိုယ်စီရှိကြသလို ကိုယ်ကြိ...
24/09/2026

ဘယ်လိုနေရမယ် မနေရဘူး
တက်ကျမ်း Rulesတွေလည်း ငါစိတ်မဝင်စားဘူး။

လူတိုင်းမှာ Trauma ကိုယ်စီ
Dark side ကိုယ်စီရှိကြသလို ကိုယ်ကြိုက်တာ
ကိုယ်လုပ်ခွင့်ရှိကြတယ်။

Manners, Ethic, Respectဆိုတာ ရှိသင့်တဲ့
အခြေခံဆိုရင် အဲ့ထက်လူပီသဖို့ Responsibilityရှိရင် Hypocrite မဖြစ်ရင်
အဲ့ဒါလူပဲလို့ မြင်ပေးလို့ရတယ် တော်ရုံအလွဲတွေ
အမှားတွေဆိုတာ လက်မခံပေးနိုင်စရာမှမရှိတာ။

အေး ဒါပေမယ့် အပြောတစ်မျိူး အလုပ်တစ်မျိူးတော့ လာမလုပ်နဲ့၊ ကိုယ်တိုင်က စောက်ပြစ်မကင်းပဲ
သူများကို လက်ညှိုးထိုးဖို့
မကြိုးစားနဲ့၊ကိုယ့်ကိစ္စကိုယ့်တာဝန်အကုန် သူများကို မပုံချနဲ့၊အခွင့်ရေးပေးရင် လက်တဆုံးနှိုက်ပြီး လူပါးမဝနဲ့

ကိုယ်တိုင်တောင်မလိုက်နာနိုင်တဲ့ Rulesတွေကို ဘောင်ကျဉ်းထားပြီး အရက်သောက်လိုက် ဖဲရိုက်လိုက်ပြန်ချင်တဲ့ အချိန်ပြန်လာပြီး သူများလုပ်ရင်အမှား ကိုယ်လုပ်ရင်အမှန်ဆိုတာမျိူးတွေ၊ ကိုယ်က သူများလူမှုရေး၊စီးပွားရေး၊အိမ်ထောင်ရေး၊မိသားစုရေး၊စားဝတ်နေရေးကို ဖျက်လိုဖျက်စီးလုပ်ပြီး ကိုယ်ခံရမှ အသံထွက်တာတွေ၊ ကိုယ့်အတ္တ ကိုယ့်တစ်ဖို့တည်း အဆင်ပြေဖို့ကြည့်ပြီး main characterဖြစ်ချင်တာတွေ၊ သူများကိုယ့်အပေါ်
ပေးလာရင် ကျေးဇူးမတင်တတ်ပဲ ကိုယ့်ရပိုင်ခွင့်လို့
ထင်မြင်တာတွေ။

ဘဝမှာ ကောင်းကောင်းကန်းကန်းနေတယ် ဆိုတာ
ကိုယ်ကောင်းဖို့ သူများကို ချနင်းအသုံးချတတ်တာမျိူး
မဟုတ်ဘူး။ အပေါ်ယံ ဟန်ဆောင်ပန်ဆောင်
ဂုဏ်ပကာသနတွေလည်း မဟုတ်ဘူး။
လူဆိုတာ တမူထူးတဲ့
အယုတ်တမာ ဖြစ်မနေဖို့ပဲလိုတာ။
ကျားမြီးဆွဲရင် ပြေးလို့လွတ်မယ် ငါ ရန်လာစမိရင် အလျော်အစား တဆုံးတွေးထား
စိတ်ကင်ဆာကို
စနစ်တကျပေးပြီး သေတဲ့ထိ နားထဲကြားယောင်အောင်
ထရော်မာပေးပြီး သတ်မှာ။

24/09/2026

စူပါအယ်နီ ညိုကြောင့် လူ၄သိန်း သေဆုံးဖွယ်ရှိ

23/09/2026

ကား ဘာလေးဘာ စဝင်

အဝယ် ရပ်သွားပြီ

Address

The Secretariat Yangon. Thein Phyu Road
Yangon

Telephone

+959972459220

Website

Alerts

Be the first to know and let us send you an email when CFG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CFG:

Shortcuts

Share