၃၀၀ကျပ်ပဲလှူပေးပါ

၃၀၀ကျပ်ပဲလှူပေးပါ အစစအရာရာ အစဥ်ပြေကြပါစေ။

" မေမေ ... ကျွန်တော်တို့ အိမ်ကို ဘယ်တော့ ပြန်ရမှာလဲဟင် ... "ဒီမေးခွန်းလေးကို မေးနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ မျက်ဝန်းထဲမှာ ....
15/06/2026

" မေမေ ... ကျွန်တော်တို့ အိမ်ကို ဘယ်တော့ ပြန်ရမှာလဲဟင် ... "

ဒီမေးခွန်းလေးကို မေးနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ မျက်ဝန်းထဲမှာ ...

ကြောက်ရွံ့မှုတွေ ဝမ်းနည်းမှုတွေ နားမလည်နိုင်တဲ့ မေးခွန်းတွေ ရှိနေတာပါဗျ ...

ဒါပေမယ့် ... ကလေးလေးရဲ့ အမေမှာတော့ အဖြေမရှိဘူးခင်ဗျ။

အခုအချိန်မှာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နဲ့ အနီးတဝိုက်က ပြည်သူပေါင်း (၅,၀၀၀) ကျော်ဟာ စစ်ကြောင်းထိုးမှုတွေကြောင့် ကိုယ့်အိမ်ကိုယ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်ခင်ဗျ။

တချို့က ... ကလေးငယ်ကို ချီပြီး ပြေးနေရတယ်ဗျ။

တချို့က ... သက်ကြီးရွယ်အို မိဘတွေကို တွဲခေါ်ပြီး ပြေးနေရတယ်ဗျ။

တချို့က... အိမ်ထဲက ဘာပစ္စည်းမှတောင် မယူနိုင်ဘဲ အသက်လုထွက်ပြေးခဲ့ရတယ်ခင်ဗျ။

ညရောက်လာတဲ့အခါ ... စစ်ဘေးရှောင် ပြည်သူတို့မှာ အိပ်ရာမရှိဘူးဗျ။

မိုးရွာလာတဲ့အခါ ... သူတို့မှာ အမိုးအကာမရှိဘူးဗျ။

ဗိုက်ဆာလာတဲ့အခါ ... သူတို့မှာ စားစရာမရှိဘူးခင်ဗျ။

ကလေးငယ်တွေ ငိုနေကြပြီး အဖိုးအဖွားတွေ ပင်ပန်းနွမ်းနယ်နေကြတယ်ဗျ။

မိခင်တွေက သားသမီးတွေအတွက် စိုးရိမ်ပူပန်နေကြတယ်ခင်ဗျ။

အလှူရှင်ကြီးများရဲ့ လှူဒါန်းငွေကျပ် ၁,၀၀၀ ဟာ မများလှဘူးလို့ ထင်ရပေမယ့် ...

စစ်ဘေးရှောင်မိသားစုတစ်စုအတွက်တော့ ထမင်းတစ်နပ် ဖြစ်နိုင်တယ်ဗျ။

အလှူရှင်ကြီးများရဲ့ လှူဒါန်းငွေကျပ် ၃,၀၀၀ ဟာ ...

ကလေးငယ်တစ်ယောက်ရဲ့ ဆာလောင်မှုကို လျော့ပါးစေနိုင်တယ်ခင်ဗျ။

အလှူရှင်ကြီးများရဲ့ လှူဒါန်းငွေကျပ် ၅,၀၀၀ ဟာ ...

မိုးထဲလေထဲမှာ နေထိုင်နေရသူတစ်ယောက်အတွက်

အမိုးအကာတစ်ခု ဖြစ်လာနိုင်တယ်ဗျ။

ကျွန်တော်တို့တွေ အားလုံး စုပေါင်းကူညီလိုက်မယ်ဆိုရင် စစ်ဘေးသင့် ပြည်သူလေးတွေရဲ့ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာမှာဖြစ်ပါတယ်ခင်ဗျ။

အလှူရှင်ကြီးများ လှူဒါန်းမဲ့ အလှူငွေလေးများဟာ ငွေကြေးတန်ဖိုးတစ်ခု မဟုတ်ပါဘူးဗျ။ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ပြည်သူများအတွက် နွေးထွေးတဲ့ လက်တစ်စုံ ဖြစ်ပါတယ်ခင်ဗျ။

စစ်ဘေးသင့် သူတို့မှာ အိမ်မရှိတော့ဘူးဗျ ... လုံခြုံမှုမရှိတော့ဘူးဗျ ...

ဒါပေမယ့် ... ကျွန်တော်တို့ရဲ့ မေတ္တာတရားတော့ ရှိနေသေးတယ်ခင်ဗျ။

မျက်ရည်များစွာ ကျနေတဲ့ ကလေးငယ်တစ်ယောက်ကို ပြုံပျော်စေဖို့ ...

မိသားစုတိုင်းရဲ့ မျှော်လင့်ချက်ကို အသက်ဆက်ပေးဖို့ ...

စိုးရိမ်ပူပန်နေတဲ့ မိခင်တွေရဲ့ ရင်ထဲမှာ မျှော်လင့်ချက်လေးတွေ ပြန်လည်ရှင်သန်လာနိုင်ဖို့ ...

စစ်ဘေးရှောင်မိသားစုများရဲ့ ခက်ခဲကြမ်းတမ်းနေတဲ့ နေ့ရက်တွေကို အတူတကွ ဖေးမပေးနိုင်ဖို့ရာ ...

အလှူရှင်ကြီးများ၏ လူသားချင်းစာနာမှု မေတ္တာတရားဖြင့် ကူညီပါဝင်လိုပါက NUG Pay ၊ KBZ Pay ၊ Wave Pay တို့မှတစ်ဆင့် လှူဒါန်းကူညီပေးလို့ရပါတယ်ခင်ဗျ။

အလှူငွေလက်ခံသည့် အကောင့်အချက်အလက်များကို Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

ဤကဲ့သို့သော ခက်ခဲသည့် အချိန်ကာလများတွင် မိဘပြည်သူတစ်ဦးချင်းစီ၏ မေတ္တာ၊ ကရုဏာနှင့် စေတနာများသည် စစ်ဘေးရှောင်ပြည်သူများအတွက် အားအင်တစ်ခု၊ မျှော်လင့်ချက်တစ်ခု ဖြစ်စေပါသည်။

ဤစာလေးကို Share ပေးခြင်းကပင်လျှင် အကူအညီများ ပိုမိုရောက်ရှိစေရန် အဖိုးတန်သော ပါဝင်ကူညီမှုတစ်ခု ဖြစ်နိုင်ပါသည်ခင်ဗျ။ 🤍

မင်္ဂလာရှိသော နေ့ရက်လေးမှာ ချစ်ခင်လေးစားရပါသော အလှူရှင်ကြီး ဘေးရန်ခပ်သိမ်း ငြိမ်းအေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ...
01/06/2026

မင်္ဂလာရှိသော နေ့ရက်လေးမှာ ချစ်ခင်လေးစားရပါသော အလှူရှင်ကြီး ဘေးရန်ခပ်သိမ်း ငြိမ်းအေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျ။

"ကိုယ့်ကလေးလေးတောင် ကျောင်းတက်နေရတာ... သူတို့လေးတွေလည်း စာသင်ချင်ရှာမှာပဲ" ဆိုတဲ့ အလှူရှင်ကြီး ရဲ့ ကိုယ်ချင်းစာတရား ၊ အလှူရှင်ကြီး ရဲ့ မေတ္တာလက်တစ်စုံကြောင့် ဒီနေ့မှာတော့ စစ်ဘေးရှောင်စခန်းထဲက ကလေးငယ်လေးတွေရဲ့ ပညာရေးအိမ်မက်ဟာ လက်တွေ့အကောင်အထည် ပေါ်လာခဲ့ပါပြီဗျ။

အလှူရှင်ကြီးများ လှူဒါန်းပေးဆပ်ခဲ့ကြသော လှူဒါန်းမူများဖြင့် မြေပြင်တွင် ကလေးငယ်များတွက် —

⛺️ ယာယီစာသင်ဆောင်လေးကို မိုးဒဏ်လေဒဏ်ခံနိုင်မည့် တာပေါ်လင်များ၊ ဖျာများဖြင့် စနစ်တကျ ဆောက်လုပ်လှူဒါန်းပေးနိုင်ခဲ့ပါပြီဗျ။

📝 ကလေးငယ်များ ပျော်ရွှင်စွာ စာရေးစာဖတ်နိုင်ရန် စာအုပ်၊ ခဲတံ၊ ပေတံ စသည့် ကျောင်းသုံးပစ္စည်းအစုံအလင်ကို လက်ဝယ်အရောက် အပ်နှံပေးခဲ့ပြီး ဖြစ်ပါတယ်ဗျ။

📘 စာသင်ကြားရာတွင် ပိုမိုထိရောက်စေမည့် ဖတ်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း စုံစုံလင်လင် ပံ့ပိုးပေးနိုင်ခဲ့ပါပြီခင်ဗျ။

စာအုပ် ခဲတံလေးတွေကို ရင်ခွင်ထဲပိုက်ပြီး သွားလေးတွေပေါ်အောင် ပြုံးနေကြတဲ့ ကလေးငယ်လေးတွေရဲ့ မျက်နှာကို မြင်ရတာ တကယ့်ကို ရင်ထဲမှာ အတိုင်းမသိ ပီတိဖြစ်ရပါတယ်ဗျာ။ ယာယီစာသင်ဆောင်လေးအောက်မှာ ဆရာ၊ ဆရာမတွေရဲ့ စာဖတ်သံလေးတွေ ပြန်ထွက်လာချိန်၊ ကလေးတွေရဲ့ စာဆိုသံလေးတွေ ပြန်ကြားရချိန်မှာ အလှူရှင်ကြီးရဲ့ စေတနာဟာ ဘယ်လောက်တန်ဖိုးကြီးမားကြောင်း လက်တွေ့မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်ဗျ။

ပါရမီအပေါင်းတွင် အမြတ်ဆုံးဖြစ်သော "ပညာဒါန အလှူတော်" ကို ထည့်ဝင်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်ကြီးတစ်ဦးချင်းစီရဲ့ မေတ္တာတရားက ကလေးငယ်လေးတွေရဲ့ မနက်ဖြန်ဘဝအတွက် အသိပညာအလင်းရောင်တစ်ခုအဖြစ် ထာဝရ ရှင်သန်နေတော့မှာ ဖြစ်ပါတယ်ဗျ။

သူတစ်ပါးကို အလင်းပြရသည့် အကျိုးအားလျော်စွာ အလှူရှင်ကြီးနှင့်တကွ မိသားစုဝင်အားလုံး မည်သည့်အခါမျှ အမှောင်မကျဘဲ ဘဝလမ်းခရီးတိုင်းမှာ အလင်းရောင်များ အမြဲပွင့်လင်းကာ၊ ဘေးရန်ခပ်သိမ်း ငြိမ်းအေးပြီး စိတ်အေးချမ်းသာယာမှု အပြည့်အဝ ပိုင်ဆိုင်နိုင်ပါစေကြောင်း ကလေးငယ်များ၏ကိုယ်စား အနုမောဒနာ ဆုမွန်ကောင်းတောင်းရင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျ။

အားလုံးပဲ အစစအရာရာ တိုင်းမှာ အစဉ်ပြေလွယ်ကူကြပါစေဗျ။

ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အနီးတစ်ဝိုက် တောစပ်များတွင် ရက်ပေါင်း များစွာကြာ ခိုလှုံနေရပြီး ပြင်းထန်သောအပူဒဏ်ကို ...
16/05/2026

ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အနီးတစ်ဝိုက် တောစပ်များတွင် ရက်ပေါင်း များစွာကြာ ခိုလှုံနေရပြီး ပြင်းထန်သောအပူဒဏ်ကို ရင်ဆိုင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ အတွက် မိဘပြည်သူများနှင့် အလှူရှင်ကြီးများ၏ လှူဒါန်းမှုများကို အမှန်တကယ် လက်ခံရရှိပြီး ပြန်လည် မျှဝေ လှူဒါန်းပေးခဲ့ပြီး ဖြစ်ပါတယ်ဗျ။

ပြာပုံထဲမှာ မျှော်လင့်ချက် ပျောက်ဆုံးနေတဲ့ မိခင်များရဲ့ ငိုရှိုက်သံတွေကို အေးမြစေခဲ့ပြီး၊ ကလေးငယ်တွေရဲ့ ညှိုးနွမ်းနေတဲ့ မျက်ဝန်းတွေမှာ အားအင်တွေ ပြန်လည်ဖြည့်ဆည်းပေးခဲ့တဲ့ အလှူရှင်ကြီးတစ်ဦးချင်းစီ၏ မေတ္တာ၊ ကရုဏာနှင့် အလှူငွေများအတွက် စစ်ဘေးရှောင်ပြည်သူများကိုယ်စား နှလုံးသားထဲမှ အထူးပင် ကျေးဇူးတင်ရှိရပါတယ်ခင်ဗျ။

အားလုံးပဲ အစစအရာရာ တိုင်းမှာ အစဉ်ပြေလွယ်ကူကြပါစေဗျ။

ယင်းမာပင်မြို့နယ် နှင့် ပုလဲမြို့နယ်တို့မှ စစ်ဘေးသင့်ပြည်သူများတွက် အရေးပေါ်အကူအညီလိုအပ်နေလို့ပါခင်ဗျ။ " အညာနွေရဲ့ ပြာမှ...
27/04/2026

ယင်းမာပင်မြို့နယ် နှင့် ပုလဲမြို့နယ်တို့မှ စစ်ဘေးသင့်ပြည်သူများတွက် အရေးပေါ်အကူအညီလိုအပ်နေလို့ပါခင်ဗျ။

" အညာနွေရဲ့ ပြာမှု့န်များကြားမှာ မျှော်လင့်ချက်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားသလို၊ မိခင်တစ်ဦးရဲ့ မချုပ်နိုင်တဲ့ ငိုရှိုက်သံနဲ့ အပူဒဏ်အောက်မှာ မျက်လုံးညှိုးနွမ်းနေတဲ့ ကလေးငယ်လေးတွေကို တွေ့မြင်နေရပါတယ်ဗျ … "

" အိမ်ကလေးတော့ မီးထဲပါသွားပြီ သားလေးရဲ့… အမေတို့မှာ ပြန်လည်နေထိုင်ဖို့ နေရာမရှိတော့ပါဘူး … "

ဒီစကားလေးတွေဟာ စာပေဝတ္ထုတစ်ပုဒ်ထဲက မဟုတ်ဘဲ၊ ယင်းမာပင်နဲ့ ပုလဲနယ်စပ်အနီး တောစပ်တစ်နေရာမှာ ရက်ပေါင်း (၂၀) ကျော်ကြာ ခိုလှုံနေရတဲ့ မိခင်တစ်ဦးရဲ့ နှလုံးသားထဲက တကယ်တမ်း ထွက်ပေါ်လာတဲ့ ဝမ်းနည်းဖွယ် အသံတစ်ခုပါဗျ။

သင်္ကြန်ကာလဟာ လူအများအတွက် ပျော်ရွှင်စရာ အချိန်တစ်ခုဖြစ်ခဲ့ပေမယ့်၊ သူတို့အတွက်တော့ သွေးနဲ့ မျက်ရည်တွေ စိုရွှဲနေတဲ့ ခက်ခဲနာကျင်ဖွယ် ကာလတစ်ခုဖြစ်ခဲ့ပါတယ်ဗျ။ အင်အား (၇၀၀) ကျော်ပါဝင်တဲ့ စစ်ကြောင်းတွေကြောင့် ရွာတွေ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၃၀,၀၀၀ ကျော်ဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တောထဲကို ထွက်ပြေးခိုလှုံနေရတဲ့ အခြေအနေထိ ရောက်ရှိခဲ့ကြပါတယ်ဗျ။

အညာဒေသရဲ့ ဧပြီလနေပူဟာ မာန်မာန်ထန်ထန် ပူလောင်လွန်းပါတယ်ဗျ။ အပူချိန် ၄၀ ဒီဂရီကျော်အောက်မှာ သစ်ပင်ရိပ်လေးတစ်ခုကိုတောင် မလုံလောက်ဘဲ အလုအယက် ခိုလှုံနေရပြီး၊ သောက်ရေတစ်ပေါက်အတွက်တောင် ခက်ခဲနေတဲ့ ကလေးငယ်လေးတွေကို မြင်ရတာ စိတ်မချမ်းသာစရာပါဗျ။ နေအိမ်တွေ ပြာပုံဖြစ်သွားပြီး ပြန်စရာလမ်း ပျောက်နေသူတွေ၊ မိသားစုဝင်တွေကို မျက်စိရှေ့မှာတင် ဆုံးရှုံးခဲ့ရသူတွေအတွက် ဒီနွေဟာ သည်းမခံနိုင်လောက်အောင် ပူလောင်နာကျင်နေပါတယ်ဗျ။

" ကလေးတွေက ဆာလို့ ငိုတယ်… အမိုးအကာမရှိတော့ အပူဒဏ်ကြောင့် ဖျားနာပြီး မလှုပ်မရှား ဖြစ်နေကြတာ မြင်ရတာ ရင်ကျိုးရပါတယ်ဗျ … " လို့ စစ်ဘေးရှောင် မိခင်တစ်ဦးက တုန်ရီနေတဲ့ အသံနဲ့ ပြောရှာပါတယ်ဗျ။

ညအချိန်တွေမှာလည်း ရုတ်တရက် ရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ကြောက်ရွံ့ရင်း အိပ်မပျော်နိုင်တဲ့ ညပေါင်းများစွာကို ဆက်တိုက် ဖြတ်သန်းနေရပါတယ်ဗျ။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အောက်ပါပစ္စည်းများကို အရေးပေါ် ကူညီပံ့ပိုးပေးရန် လိုအပ်နေလို့ပါဗျ - သောက်သုံးရေ အလွန်ရှားပါးနေမှုအတွက် သောက်ရေသန့် နှင့် ရေစစ်ဆေးများ နေပူဒဏ်မှ ကာကွယ်ရန် အမိုးအကာ နှင့် မိုးကာစများ ၊ အပူဒဏ်ကြောင့်ဖြစ်သော ဖျားနာမှုနှင့် ဝမ်းရောဂါများတွက် အခြေခံဆေးဝါးများ နှင့် ကလေးငယ်များအတွက် အာဟာရမှုန့်နှင့် အခြေခံစားသောက်ကုန်တို့ ဖြစ်ပါတယ်ခင်ဗျ။

အလှူရှင်ကြီးတို့ လှူဒါန်း‌ပေးပါသော လှူဒါန်းမူများဟာ စစ်ဘေးရှောင် မိသားစုတစ်စုအတွက် လိုအပ်နေပါသော အခြေခံလိုအပ်ချက်ရိက္ခာများကို အမှန်တကယ် ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်ဗျ။ ပြာပုံထဲမှာ ပျောက်ကွယ်နေတဲ့ မျှော်လင့်ချက်တွေကို ပြန်လည်ထူထောင်ပေးနိုင်ဖို့ အလှူရှင်ကြီးတို့ရဲ့ ကရုဏာလက်လေးများ ကို အမှန်တကယ် လိုအပ်နေတာပါဗျ။

ရက်ပေါင်း ၂၀ ကျော် …

တစ်နေ့တာ အစားအစာတစ်နပ်အတွက် လက်ဖြန့်တောင်းခံရတဲ့ ဘဝတွေတွက် …
နေပူအောက်မှာ အမိုးအကာမရှိဘဲ ဖျားနာနေတဲ့ ကလေးငယ်လေးတွေတွက် …
ကိုယ့်အိမ်ကိုယ် ပြာပုံဖြစ်သွားတာကို မျက်မြင်ကြည့်နေရတဲ့ အဖိုးအဖွားတွေတွက် …

ဒီအချိန်မှာ အားကိုးစရာဆိုတာ ကျွန်ုပ်တို့၏ အလှူရှင်ကြီးတို့ပဲ ဖြစ်ပါတယ်ဗျ။

ကျွန်ုပ်တို့၏အလှူရှင်ကြီးများ လှူဒါန်းပေးလိုက်ပါသော ငွေတစ်ကျပ်စီဟာ —
စစ်ဘေးရှောင်ပြည်သူတို့တွက် အသက်ဆက်ဖို့ သောက်ရေတစ်ခွက် ဖြစ်လာမှာပါဗျ။

ဆာလောင်နေတဲ့ ကလေးငယ်တစ်ယောက်အတွက် ထမင်းတစ်လုပ် ဖြစ်လာနိုင်ပါတယ်ဗျ။ ပြာပုံထဲမှာ ပျောက်ကွယ်နေတဲ့ မျှော်လင့်ချက်တွေကို ပြန်လည်ထူထောင်ပေးနိုင်ပါတယ်ဗျ။

ပြာမှုန်တွေကြားမှာ လက်လွတ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတို့ဘဝတွေကို
ကျွန်ုပ်တို့ရဲ့ မေတ္တာနဲ့ ပြန်လည်ဆက်သွယ်ပေးနိုင်ဖို့ အခုအချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန်တစ်ခုဖြစ်ပါတယ်ဗျ။

ကျွန်ုပ်တို့ အလှူရှင်ကြီးများ၏ ကရုဏာနှင့် စေတနာသည် — အညာနွေ၏ ပြင်းထန်လှသော အပူဒဏ်ကို ကျော်လွှားနိုင်ရန်အတွက် အေးမြသော အားအင်တစ်ခုအဖြစ် အထောက်အကူပြုလျက် ရှိနေပါတယ်ဗျ။

ဤကဲ့သို့အချိန်လေးတွင် မေတ္တာဖြင့် ကူညီပံ့ပိုးပေးနိုင်ပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျ။

လူသားချင်းစာနာမှု မေတ္တာတရားဖြင့် စစ်ဘေး‌သင့် ပြည်သူများထံသို့ ကူညီလိုပါက

** NUG Pay / KBZ Pay / Wave Pay *** တို့ဖြင့်
ပါဝင်လှူဒါန်းပေးလို့ရပါတယ်ခင်ဗျ။ အလှူငွေလက်ခံသည့် အကောင့်လေးများအား စာပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

ဤကဲ့သို့အချိန်ကာလလေးတွင် အလှူရှင်ကြီးများ နှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ မေတ္တာ၊ ကရုဏာနှင့် အကူအညီများသည်သာလျှင် စစ်ဘေးရှောင်ပြည်သူများတွက် အကြီးမားဆုံးသော အားဆေးတစ်ခွက် ဖြစ်ပါတယ်ခင်ဗျ။ ကျွန်ုပ်တို့ အားလုံး လက်တွဲကူညီခြင်းဖြင့် အဖိုးတန်သော အသက်များကို အတူတကွ ကယ်တင်ကြပါစို့။

ဤအကူအညီတောင်းခံသည့် စာကို မျှဝေ (Share) ပေးခြင်းဖြင့် အဖိုးတန်သော အသက်ပေါင်းများစွာကို ကယ်တင်ရန် တစ်ဖက်တစ်လမ်းမှ ကူညီပါဝင်ပေးနိုင်ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျ။

ဒီနေ့မှာတော့ စစ်ဘေးရှောင်ပြည်သူများအတွက် အာဟာရဒါနအလှူလေး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ အခက်အခဲတွေကြားက ပြည်သူတွေ အမြန်ဆုံး အေးချမ...
20/04/2026

ဒီနေ့မှာတော့ စစ်ဘေးရှောင်ပြည်သူများအတွက် အာဟာရဒါနအလှူလေး ပြုလုပ်ဖြစ်ခဲ့ပါတယ်။ အခက်အခဲတွေကြားက ပြည်သူတွေ အမြန်ဆုံး အေးချမ်းကြပါစေကြောင်း ဆုတောင်းရင်း အလှူမှတ်တမ်းလေး တင်ပေးလိုက်ပါတယ်ခင်ဗျ။

အားလုံးပဲ အစစအရာရာတိုင်းမှာ အစဉ်ပြေလွယ်ကူကြပါစေဗျ။ 🥰

ယားယံလို့ ငိုနေတဲ့ ရင်သွေးငယ်လေးများနှင့် ပေါက်မြို့နယ်ရဲ့ တောတောင်ထဲက ငရဲခန်းစစ်ဘေးရှောင်ရတာ ၁ နှစ်ခွဲကျော်ပါပြီဗျ။ အိမ...
29/01/2026

ယားယံလို့ ငိုနေတဲ့ ရင်သွေးငယ်လေးများနှင့် ပေါက်မြို့နယ်ရဲ့ တောတောင်ထဲက ငရဲခန်း

စစ်ဘေးရှောင်ရတာ ၁ နှစ်ခွဲကျော်ပါပြီဗျ။ အိမ်ကိုလွမ်းတာထက် အသက်ရှင်ဖို့ ပြေးလွှားနေရတဲ့ ဒုက္ခက ပိုကြီးမားနေပါတယ်ဗျ။ ဒါပေမဲ့ အခုတော့ မကွေးတိုင်း၊ ပေါက်မြို့နယ် ထဲက စစ်ဘေးရှောင်ပြည်သူ ၄၀,၀၀၀ ကျော်ဟာ ကျည်ဆန်တွေအပြင် နောက်ထပ် " တိတ်ဆိတ်တဲ့ ရန်သူ " တစ်ခုနဲ့ပါ ထပ်ပြီး ရင်ဆိုင်နေရပါတယ်ခင်ဗျ။

ဒါကတော့ " အရေပြားရောဂါ " ပါပဲဗျ။

ပေါက်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၁ ရွာက စစ်ဘေးသင့် မိဘပြည်သူတွေဟာ သောက်သုံးရေ သန့်ရှင်းမှုမရှိခြင်း နှင့် ရေရှားပါးမှုများ ကြောင့် မွေးကင်းစ ကလေးငယ်တွေအပါအဝင် လူဦးရေ ၁,၀၀၀ ဝန်းကျင်ဟာ ယားယံမှုဝေဒနာကို အလူးအလဲ ခံစားနေကြရတာပါခင်ဗျ။

" တောထဲမှာ ဆေးလုံလောက်မှုမရှိခြင်းနှင့် ဆရာဝန် လုံလောက်မှု မရှိခြင်းများကြောင့် ယားလို့ ကုတ်ဖဲ့ရင်း သွေးသံရဲရဲဖြစ်နေတဲ့ ကလေးတွေကို ကြည့်ပြီး မိဘတွေ ရင်ကွဲနေရပါတယ် ... " လို့လည်း ပေါက်မြို့နယ် စစ်ဘေးသင့်ပြည်သူများမှ သတင်းပို့ အကူအညီတောင်းခံလာပါတယ်ခင်ဗျ။

ကြိတ်ကုနေကြရင်း မသက်သာတော့လို့ အခုလို အကူအညီတောင်းလာတဲ့အချိန်မှာ အခြေအနေက တော်တော်လေး ဆိုးနေပါပြီဗျ။ အရေးပေါ် ကုသပေးနေပေမဲ့လည်း ဆေးဝါးနဲ့ သန့်ရှင်းတဲ့ရေ လိုအပ်ချက်က ပေါက်မြို့နယ် စစ်ရှောင်စခန်းတွေမှာ အရမ်းကြီးမားနေဆဲပါပဲခင်ဗျ။

လူနာဦးရေ ၁,၀၀၀ ကျော်နီးပါးအထိ ကူးစက်ပြန့်ပွားနေတဲ့ ဝေဒနာဆိုးကြီးကို မြေပြင်မှာ အားချင်း တားဆီးနိုင်ဖို့ဆိုတာ ကျွန်တော်တို့ မြေပြင်အဖွဲ့သားတွေရဲ့ အင်အားတင်မကဘဲ စေတနာရှင် အလှူရှင်ကြီးများ ရဲ့ မေတ္တာအကူအညီတွေလည်း အလွန်ပဲ လိုအပ်နေပါတယ်ခင်ဗျ။

အလှူရှင်ကြီးများအနေနဲ့ မိမိတို့ တတ်နိုင်တဲ့ ပမာဏလေးတွေ စစ်‌ ဘေးသင့်ပြည်သူများ၏ ခက်ခံနေမူလေးအား တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းဖေးမ ကုစားပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ။

ကျွန်တော်တို့၏ တွက်ချက်မှုအရ ၁သောင်းကျပ် လှူဒါန်းရုံနဲ့တင် ဝေဒနာခံစားနေရတဲ့ စစ်ဘေးရှောင် ပြည်သူတစ်ဦးကို အောက်ပါအတိုင်း အပြည့်အစုံ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်ဗျ -

၁။ ဆေးဝါးနှင့် ကုသမှုတွက် ၅,၀၀၀ ကျပ်ခန့်

အရေပြားလိမ်းဆေး၊ ပဋိဇီဝသောက်ဆေးနဲ့ ယားနာပျောက်ဆေး တစ်ဦးစာအတွက်ပါဗျ။

၂။ သန့်ရှင်းသော သောက်သုံးရေတွက် ၂,၀၀၀ ကျပ်ခန့်

ရောဂါပိုးမကူးစက်အောင် ရေသန့်စင်ဆေးပြားနဲ့ သောက်ရေသန့် ရရှိရေးအတွက်ပါဗျ။

၃။ တစ်ကိုယ်ရေသန့်ရှင်းရေးတွက် ၃,၀၀၀ ကျပ်ခန့်

ပိုးသတ်ဆပ်ပြာ၊ ဆပ်ပြာမှုန့်နဲ့ အခြေခံ တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်တွေအတွက်ပါဗျ။

အလှူရှင်ကြီးများ လှူဒါန်းပေးပါသော လှူဒါန်းငွေများအား ပေါက်မြို့နယ်က စစ်ရှောင်ပြည်သူများတွက် ထိထိရောက်ရောက် သုံးစွဲသွားမှာဖြစ်ပါတယ်ခင်ဗျ။ စစ်ဘေးသင့် ပြည်သူများထံသို့ ကူညီလိုပါက အလှူငွေလက်ခံသည့် အကောင့်လေးများအား စာပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။

ရွာငံဒေသက စစ်ဘေးသင့်ပြည်သူလေးများ တွက် အဟာရ ဒါန နှင့် အအေးဒဏ်ကာကွယ်ဖို့ အနွေးထည်လေးတွေကို လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျ။ဆန်ပြ...
26/01/2026

ရွာငံဒေသက စစ်ဘေးသင့်ပြည်သူလေးများ တွက် အဟာရ ဒါန နှင့် အအေးဒဏ်ကာကွယ်ဖို့ အနွေးထည်လေးတွေကို လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျ။
ဆန်ပြုတ်တစ်ခွက်နဲ့ အသက်ဆက်နေရတဲ့ မိဘဘိုးဘွားတွေ၊ ကလေးငယ်တွေအတွက် အာဟာရဖြစ်စေမယ့် ထမင်းဟင်းလေးနဲ့ နွေးထွေးတဲ့ အဝတ်အထည်တွေဟာ အခုအချိန်မှာ အသက်ကယ်ဆေးပါခင်ဗျ။ ဝိုင်းဝန်းကူညီပေးကြတဲ့ အလှူရှင်ကြီးများ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။

အားလုံးပဲအစစအရာရာတိုင်းမှာ အစဉ်ပြေလွယ်ကူကြပါစေဗျ။ ✨

ဆန်ပြုတ်တစ်ခွက်ဖြင့် အသက်ဆက်နေရတဲ့ ရွာငံဒေသမှ စစ်ဘေးသင့်ပြည်သူများတွက် လှူဒါန်းပေးနိုင်ပါရန် ဖိတ်ခေါ်ခြင်းလေးပါဗျ ရှမ်းပ...
19/12/2025

ဆန်ပြုတ်တစ်ခွက်ဖြင့် အသက်ဆက်နေရတဲ့ ရွာငံဒေသမှ စစ်ဘေးသင့်ပြည်သူများတွက် လှူဒါန်းပေးနိုင်ပါရန် ဖိတ်ခေါ်ခြင်းလေးပါဗျ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းက ဒေသခံပြည်သူ ၁,၀၀၀ ကျော်ဟာ အခုဆိုရင် လူသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ အားလုံး ဆုံးရှုံးပြီး အငတ်ဘေးနဲ့ အအေးဒဏ်ကြားမှာ အသက်လုနေရပါတယ်ခင်ဗျ။

" ရွာငံရဲ့ ဆောင်းက အရမ်းအေးတယ်... တောထဲမှာ ပုန်းနေရတဲ့သူတွေအတွက်တော့ အဲ့ဒီအအေးဒဏ်က အပ်နဲ့ထိုးသလိုပဲ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရတော့ စောင်မရှိဘူး၊ အနွေးထည်မရှိဘူး။ အဖိုးအိုတစ်ယောက်ဆို ချမ်းလွန်းလို့ တုန်နေရင်းကပဲ အသက်ထွက်သွားရှာတယ် ... လို့ " စစ်ရှောင်မိသားစုဝင်အမျိုးသမီးတစ်ဦးမှ ကျွန်ုပ်တို့ထဲ ရင်ဖွင့်လာပါတယ်ခင်ဗျ။

ဆန်ပြုတ်က စစ်‌ဘေးသင့်ပြည်သူတို့တ‌တွေရဲ့ တစ်နေ့တာ အကောင်းဆုံး အစားအစာ ဖြစ်နေရပါတယ်ခင်ဗျ။ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ တောင်ယာတွေ၊ သီးနှံခြံတွေထဲကို စစ်ကြောင်းတွေရှိနေလို့ ပြန်မဝင်ရဲကြပါဘူး။ ရိက္ခာတွေ ပြတ်လပ်လာတာနဲ့အမျှ ဆန်ကို နည်းနည်းချင်း ချွေတာပြီး ဆန်ပြုတ်လုပ်သောက်နေရတဲ့ နေ့တွေ များလာ‌နေတာပါခင်ဗျ။ ကလေးငယ်တွေဟာ အာဟာရပြတ်လပ်မှုကြောင့် မျက်မှောင်တွေ ကျပြီး ချို့တဲ့မူ ဒဏ်ကိုခံစားနေရတာပါခင်ဗျ။

အအေးဒဏ်က လူသတ်သမားလို ဖြစ်နေတဲ့ ဆောင်းရာသီ
ရွာငံရဲ့ ဆောင်းဟာ မြေပြန့်ထက် အဆပေါင်းများစွာ ပိုအေးပါတယ်ခင်ဗျ။ အိမ်ခြေရာမဲ့အဖြစ် တောထဲတောင်ထဲမှာ ပလတ်စတစ်စလေးတွေ မိုးပြီး အိပ်စက်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့ စောင်ဟာ အသက်ကယ်ဆေးပါခင်ဗျ။ အအေးဒဏ်ကြောင့် အသက်ကြီးသူတွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေရတဲ့ ဖြစ်ရပ်ဟာ ဘယ်လောက်တောင် ရင်နာဖို့ ကောင်းပါတယ်ခင်ဗျ။

အလုပ်လုပ်ခွင့်မရှိ၊ ပြန်စရာ အိမ်မရှိတော့တဲ့ ဘဝများထဲ ရောက်ရှိနေကျပါသော
မင်းပလောင်၊ ရနဲ၊ ကျောက်တောနဲ့ ညောင်ပင်သာ ရွာတွေက အိမ်ခြေများစွာဟာ ပြာပုံဖြစ်သွားပါပြီ။ မိသားစုဝင်အချို့ဟာလည်း ဖမ်းဆီးခေါ်ဆောင်ခံရပြီး အဆက်အသွယ် ပြတ်တောက်နေတာပါခင်ဗျ ။ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေဟာ မိသားစုအတွက် ကြုံရာကျပန်း ရုန်းကန်နေရပေမယ့် တစ်ထောင်ကျော်သော စစ်ရှောင်တွေရဲ့ ဝမ်းရေးကို မဖြည့်ဆည်းနိုင်ပါဘူးခင်ဗျ။

" ကျွန်ုပ်တို့ အလှူရှင်ကြီးများ လှူဒါန်းလိုက်တဲ့ ငါးထောင်၊ တစ်သောင်းဟာ ... "
မိသားစုတစ်စုအတွက် တစ်ရက်စာ ဗိုက်ဝစေမယ့် ထမင်းတစ်နပ် ဖြစ်နိုင်ပါတယ်ခင်ဗျ။ ကလေးငယ်တစ်ယောက်အတွက် အအေးဒဏ်က ကာကွယ်ပေးမယ့် အနွေးထည်တစ်ထည် ဖြစ်နိုင်ပါတယ်ခင်ဗျ။ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အဖိုးအဖွားတွေအတွက် နွေးထွေးတဲ့ စောင်တစ်ထည် ဖြစ်နိုင်ပါတယ်ခင်ဗျ။

စစ်ဘေးသင့်ပြည်သူတို့မှာ ကျွန်ုပ်တို့ အလှူရှင်ကြီးများက လွဲလို့ အားကိုးရာ မရှိတော့ပါဘူးခင်ဗျ ။ အနည်းငယ်မျှသော အကူညီလေးကပင် ကြီးမားသော ကူညီမူဖြင့်‌ ရောက်ရှိသွားမှာဖြစ်ပါ၍ ဝိုင်းဝန်းကူညီပေးကြပါလို့ ရိုသေစွာ မေတ္တာရပ်ခံ ဖိတ်ခေါ် အပ်ပါတယ်ခင်ဗျ။ စစ်ဘေးသင့်ပြည်သူများထံသို့ ကူညီလိုပါက အလှူငွေလက်ခံသည့် အကောင့်လေးများအား စာပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသော စစ်ဘေးသင့်ပြည်သူ များ အတွက် ကျွန်ုပ်တို့၏ အလှူရှင်ကြီးများ...
15/12/2025

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသော စစ်ဘေးသင့်ပြည်သူ များ အတွက် ကျွန်ုပ်တို့၏ အလှူရှင်ကြီးများ ကူညီလှူဒါန်းပေးပါသော လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အောင်မြင်စွာ လှူဒါန်းပေးပို့ပြီးစီးကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်ခင်ဗျ။

လူသားချင်း စာနာထောက်ထားသောအားဖြင့် ဤအအေးဒဏ်ကာလတွင် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသော စစ်ဘေးသင့် မိသားစုများအား အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီပေးနိုင်ခဲ့သည့်အတွက်လည်း ကျေနပ်မိပါတယ် ခင်ဗျ။

အလှူရှင်ကြီးများ အားလုံး၏ မေတ္တာနှင့် စာနာမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျ။

အားလုံးပဲအစစအရာရာတိုင်းမှာ အစဉ်ပြေလွယ်ကူကြပါစေဗျ။ 🥰

အောက်တိုဘာလကုန်ပိုင်းမှစ၍ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၈၄ ရွာမှ မိသားစုပေါင်းများစွာ၊ စုစုပေါင်း စစ်ဘ...
22/11/2025

အောက်တိုဘာလကုန်ပိုင်းမှစ၍ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၈၄ ရွာမှ မိသားစုပေါင်းများစွာ၊ စုစုပေါင်း စစ်ဘေးသင့် ပြည်သူ နှစ်သောင်းကျော် ဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး တောတောင်တွေထဲ၊ ချောင်းမြောင်းတွေအနီးမှာ ထွက်ပြေးပုန်းအောင်းနေကြရတာ ဒီနေ့ဆိုရင် တစ်လနီးပါး ရှိပါပြီ ခင်ဗျ။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၅,၀၀၀ ကျော်မှာ တည်ရှိတဲ့ ဖလမ်းဒေသဟာ ပုံမှန်အချိန်မှာတောင် ရာသီဥတု အေးမြလေ့ရှိပါတယ်ခင်ဗျ။ အခုလို ဆောင်းအကူး ကာလမှာတော့ ချင်းတောင်တန်းရဲ့ အအေးဒဏ်က အရိုးခိုက်မတတ် ပြင်းထန်လှပါတယ်ဗျ။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ သာမန်ပြည်သူတွေ တွက်တောင် ခံနိုင်ရည် ခက်ခဲတဲ့ ဒီရာသီဥတုမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ် လေးဆယ်ကျော် လည်း ပါဝင်ပါတယ် ခင်ဗျ။

အခုဆိုရင် ဖလမ်းဒေသမှာ ဆောင်းအကူးကာလကို ရောက်လာပြီဖြစ်လို့ ရာသီဥတုက တဖြည်းဖြည်း ပိုမိုအေးစက်လာနေတာပါခင်ဗျ။ ဘေးလွတ်ရာလို့ ယူဆရတဲ့ တောင်ယာတွေ၊ တောနက်တွေထဲမှာ ပလတ်စတစ် မိုးကာလေးတွေအောက် ခိုနားနေကြရတဲ့ ကလေးငယ်လေးတွေနဲ့ အိုမင်းမစွမ်း အဘိုးအဘွားတွေရဲ့ ဘဝက ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ရင်နာစရာပါ ခင်ဗျ။

" အခုက အေးလာတော့ အဝတ်အစားတွေ လိုတယ်။
အရင်နှစ်ကထက် ဒီနှစ် ပိုအေးတယ်။ ကလေးငယ်တွေနဲ့
သက်ကြီးရွယ်အိုတွေအတွက် ပိုဒုက္ခရောက်ကြတာပေါ့။ " လို့

ဖလမ်းဒေသခံတစ်ဦးက မျက်ရည်ဝိုင်းစွာ ဖွင့်ဟပြောဆိုပါတယ်ခင်ဗျ။ အအေးဒဏ်ကို ခံရတဲ့အပြင် စိုစွတ်မှုဒဏ်၊ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ဖျားနာ၊ ကိုက်ခဲသူတွေဟာ နေ့စဉ်နဲ့အမျှ များပြားလာနေပေမယ့် လုံလောက်တဲ့ ဆေးဝါးကုသမှုဆိုတာ ဝေးလို့ နေပါတယ် ခင်ဗျ။

သူတို့ရဲ့ နေ့စဉ်စားဝတ်နေရေးအတွက်ကလည်း အခြေအနေက ရင်လေးစရာပါ ခင်ဗျ။ လမ်းခရီးမှာ ပါလာတဲ့ ဆန်၊ ပဲ၊ ပြောင်းဖူး စတာတွေဟာ လုံလောက်မှုမရှိတော့ဘဲ ပြောင်းဖူး၊ ဆန်ပြုတ် ၊ ပဲပြုတ် လောက်ကိုသာ မျှဝေပြီး စားသောက်နေရတာကြောင့် အာဟာရချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေရပါတယ် ခင်ဗျ။ ဘယ်အချိန် နေအိမ်ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မရှိဘဲ တောထဲမှာ တစ်ရက်ပြီးတစ်ရက် ရုန်းကန်နေရတဲ့ မိသားစုတွေအတွက် ကျွန်တော်တို့ရဲ့ အကူအညီက အသက်တမျှ အရေးကြီးနေတာပါခင်ဗျ။

ဖလမ်းမြို့နယ်က နေရပ်စွန့်ခွာ ပြည်သူ နှစ်သောင်းကျော် ရဲ့ အသက်နဲ့ ကျန်းမာရေးအတွက် အရေးပေါ်ဆေးဝါး၊ စားနပ်ရိက္ခာ ( ဆန်၊ ပဲ၊ ဆီ၊ ဆား၊ ခြောက်သွေ့စားသောက်ကုန်များ )၊ အနွေးထည်၊ စောင်နှင့် အခြား အအေးဒဏ်ကာကွယ်ရေး ပစ္စည်းများ၊ မိုးကာ၊ တာပေါ်လင် နှင့် ခိုနားရန် လိုအပ်သော ပစ္စည်းများ အပူတပြင်း လိုအပ်နေတာပါ ခင်ဗျ။ ကျွန်ုပ်တို့၏ အလှူရှင်ကြီးများ ရဲ့ မေတ္တာနဲ့ စာနာမှုဟာ အမှောင်ထဲမှာ ပုန်းအောင်းနေရတဲ့ စစ်ဘေးရှောင် မိသားစုများအတွက် နေရောင်ခြည်တစ်ခုလိုပါပဲ ခင်ဗျ။ ✨

ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ တတ်နိုင်သမျှသော အလှူငွေလေးတွေဟာ အေးစက်တဲ့ တောတောင်ထဲက ကလေးငယ်တွေအတွက် "နွေးထွေးတဲ့ စောင်တစ်ထည်"၊ ဖျားနာနေသူတွေအတွက် "အသက်ကယ်ဆေးတစ်လုံး"၊ ဆာလောင်နေသူတွေအတွက် "ထမင်းတစ်လုပ်" ဖြစ်လာမှာ အသေအချာပါပဲ ခင်ဗျ။

လူသားချင်း စာနာထောက်ထားသောအားဖြင့် ချင်းတောင်တန်းဆီသို့ မေတ္တာရောင်ခြည် ဖြန့်ကျက်ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ် ခင်ဗျာ။ စစ်ဘေးသင့်ပြည်သူများထံသို့ ကူညီလိုပါက အလှူငွေလက်ခံသည့် အကောင့်လေးများအား စာပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျ။

Address

Yangon

Alerts

Be the first to know and let us send you an email when ၃၀၀ကျပ်ပဲလှူပေးပါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ၃၀၀ကျပ်ပဲလှူပေးပါ:

Shortcuts

Share