Grit Financial Advisory

Grit Financial Advisory A trusted partner for risk management and wealth accumulation.

AIA Corporate Solutions - Life + Health benefits
03/10/2023

AIA Corporate Solutions - Life + Health benefits

ဝန်ထမ်းတွေဆိုတာ အဖွဲ့အစည်းအားလုံးရဲ့ အကြီးမားဆုံးစွမ်းအားအရင်းမြစ်ပါ။

လုပ်ငန်းတစ်ခုအောင်မြင်တိုးတက်စေဖို့ အဓိကကျတဲ့အခန်းကဏ္ဍကပါဝင်နေတဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာသုခကို စောင့်ရှောက်ပေးတဲ့အခါ ဝန်ထမ်းတွေကလည်း လုပ်ငန်းခွင်ကို ပြန်လည်စောင့်ရှောက်ပေးနိုင်မှာ အသေအချာပါပဲ။

ဝန်ထမ်းတွေရဲ့ကျန်းမာသုခကို အလေးအနက်ထားခြင်းက လုပ်ငန်းခွင်စိတ်ကျေနပ်မှုနဲ့ စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးတဲ့အပြင် ဝန်ထမ်းတွေအလုပ်မှာတည်မြဲရေးကိုလည်း ပံ့ပိုးပေးပါတယ်။

AIA Myanmar ရဲ့ တမူထူးခြားပြီး ပထမဆုံးသော Corporate Solutions က အသက်နဲ့ ကျန်းမာရေးအာမခံအပြင် အတူပါဝင်တဲ့ကျန်းမာသုခအစီအစဉ်တွေက သင့်ဝန်ထမ်းတွေအတွက် ငွေကြေးဆိုင်ရာလုံခြုံမှု၊ ကျန်းမာသုခနဲ့ စိတ်အေးချမ်းသာမှုကို ရရှိစေမှာပါ။

ကျွန်တော်တို့ရဲ့ Corporate Solutions က ကမ္ဘာတစ်ဝန်းရှိ အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုများမှတစ်ဆင့် ဆေးရုံတက်ရောက်ကုသမှု သို့မဟုတ် ပြင်ပလူနာကုသမှုမှ ဆေးရုံမတက်မီကုသမှုခံယူခြင်းအထိ ဝန်ထမ်းများရဲ့ မတူညီတဲ့လိုအပ်ချက်တွေကိုဖြည့်စွမ်းပေးမှာဖြစ်ပြီး မမျှော်လင့်တဲ့ ဘဝအလှည့်အပြောင်းများဖြစ်တဲ့ ကင်ဆာ သို့မဟုတ် ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းများအတွက် ငွေကြေးဆိုင်ရာအကာအကွယ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အတူပါဝင်တဲ့အခမဲ့ကျန်းမာသုခအစီအစဉ်တွေက ဝန်ထမ်းများကို ပိုမိုကောင်းမွန်ပြီး အသက်ရှည်ကျန်းမာတဲ့ဘဝကိုရရှိစေမှာပါ။

Corporate Solutions အကြောင်း ပိုမိုသိရှိလိုပါက AIA Myanmar ရဲ့ [email protected] သို့မဟုတ် https://bit.ly/459MUos သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင့်လုပ်ငန်းခွင်ရဲ့ အရေးကြီးတဲ့ ဝန်ထမ်းတွေကို အာမခံနဲ့ကာကွယ်လိုက်ပါ။

Employees are the greatest asset of every organization!
They play a pivotal role in driving the organization's success, and taking care of their health and wellbeing will ensure they are able to take care of the organization.

Focusing on employee health and wellbeing can create a thriving workplace that ensures job satisfaction, drives better productivity and also helps with employee retention.

With AIA Myanmar’s differentiated and first-to-market Corporate Solutions offerings, you can provide your employees with financial security, wellbeing, and peace of mind through protecting them with AIA Myanmar's life, health and wellness offerings.

Our Corporate Solutions offering can meet the diverse needs of your employees through comprehensive worldwide health coverage ranging from in-hospital or outpatient medical treatment to ambulatory care and life protection against unexpected events such as death, disability or cancer, and our complimentary wellness programs to help your employees live Healthier, Longer, Better Lives!

Contact AIA Myanmar at [email protected] or visit https://bit.ly/3EXyrS1 to learn more about our Corporate Solutions offerings.

Protect your greatest asset - your employees!

GRIT_Passion for your growth.
18/07/2023

GRIT_Passion for your growth.

“ဒီအချက် ၅ ချက် ရှိနေရင် အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်တယ်”

◾️ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေကို ၂ နှစ်ခွဲနီးပါး ကြာသည်အထိ တောင့်ခံနေကြဆဲဖြစ်တဲ့ မြန်မာပြည်သူတွေကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြပါဆို “Grit” လို့ ပြောချင်တယ်။

သူ့အဓိပ္ပါယ်က “သန်မာသော၊ ကြံ့ကြံ့ခံနိုင်သော၊ အလွယ်တကူ လက်မလျှော့တတ်သော၊ အရှုံးမပေးတတ်သော၊ အစဉ်အမြဲ တိုးတက်အောင် ကြိုးစားနေတတ်သော စိတ်ဓါတ်အရည်အသွေးမျိုး” ဖြစ်ပါတယ်။

◾️လူတစ်ယောက်ရဲ့ဘ၀ အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာကို သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ စာမေးပွဲရလဒ် စတာတွေနဲ့ အကဲဖြတ်ကြတယ်။ လိုအပ်တာတော့ မှန်ပေမဲ့ အဲဒီအချက်တွေက ဒီလောက်ကြီး အာမခံချက် မပေးနိုင်ဘူးလို့ သုတေသနတွေအရ သိရတယ်။ ဆိုလိုတာက ဉာဏ်ကောင်းတိုင်းလည်း ဘဝမှာ အောင်မြင်ချင်မှ အောင်မြင်မှာပေါ့။

အဲဒီထက် ပိုပြီး သေချာရေရာတာကတော့ “ဒီလူဟာ ဘယ်လောက်ထိ စိတ်ဆန္ဒ ပြင်းပြသလဲ၊ ဇွဲကောင်းသလဲ၊ လက်မလျှော့တတ်ဘူးလဲ” ဆိုတဲ့အချက်ပဲ ဖြစ်တယ်။

◾️ကြုံဖူးကြမယ်။ တချို့တွေ အင်္ဂလိပ်စာ အတော်အားနည်းတယ်။ ပြောတာတွေ လွဲလွန်းလို့ သူငယ်ချင်းတွေကအစ လှောင်ပြောင်ခဲ့ကြတယ်။ ဒါပေမဲ့ ဇွဲမလျှော့ဘူး။ ဆက်ကြိုးစားတယ်။ နောက်တော့ နိုင်ငံခြားတက္ကသိုလ်မှာ စကောလားရှစ် ရသည်အထိ ဖြစ်လာတာမျိုး။

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဆိုလည်း Gritty သိပ်ဖြစ်တယ်ဆိုတာ သူ့အကြောင်းတွေ ဖတ်ဖူးရင်၊ ကြားဖူးရင် သိလိမ့်မယ်။

ဘောလုံးသမားတွေထဲမှာလည်း ဒီလိုပဲ။ ပင်ကိုယ်ပါရမီအရ တော်တယ်။ ဒါပေမဲ့ မကြိုးစားဘူး။ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းဘူး။ အဲဒီတော့ ပေါက်မြောက်သင့်သလောက် မပေါက်မြောက်ဘူး။

စီရော်နယ်ဒိုလို ကစားသမားမျိုးကျ Grit အတွက် အကောင်းဆုံးဥပမာပဲ။ ကောင်းသထက် ကောင်းအောင် ကြိုးစားအားထုတ်တယ်။ လေ့ကျင့်ရေးကွင်းကို အရင်ဆုံးလာပြီး နောက်ဆုံးမှ ပြန်တယ်။ ဝေဖန်မှုတွေ အပြင်းအထန် ခံရတဲ့ အခြေအနေကနေလည်း အကောင်းဆုံး ပြန်လာနိုင်တယ်။

ဒီဥပမာတွေကို ကြည့်ရင် Grit ရဲ့ တန်ဖိုးကို နားလည်နိုင်လာပါလိမ့်မယ်။

◾️ဘဝကို မြင့်မားအောင် ကြိုးစားတဲ့အခါ၊ လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ရှုံးနိမ့်မှုတွေနဲ့ ကြုံရတဲ့အခါ ဒီအရည်အသွေး အရေးကြီးသလို၊ နိုင်ငံရေးစနစ်တစ်ခုကို ပြောင်းလဲဖို့ ကြိုးစားရာမှာလည်း ဒီအချက်က သိပ်အရေးကြီးတယ်။

အသေးစိတ်ခွဲပြောပါဆို ၅ ချက် ထွက်လာတယ်။

• Passion (ပြင်းပြတဲ့ စိတ်ဆန္ဒ)
• Perseverance (ဇွဲလုံ့လ)
• Patience (စိတ်ရှည်သည်းခံမှု)
• Positive attitude (အကောင်းမြင်စိတ်)
• Purpose (ရည်ရွယ်ချက်) တို့ ဖြစ်ပါတယ်။

📌 ၁။ ပြင်းပြတဲ့ စိတ်ဆန္ဒ

ဘာကို ဝါသနာပါသလဲ။ ဘာကိုလုပ်နေရင် ထမင်းမေ့ဟင်းမေ့ ဖြစ်နေသလဲ။ စာရေးရတာလား။ ဆေးကုရတာလား။ ပန်းချီဆွဲရတာလား။ သီချင်းဆိုရတာလား။ အမျိုးမျိုးတော့ ဖြစ်နိုင်တယ်။ သွားလည်းဒီစိတ်၊ စားလည်းဒီစိတ် ဖြစ်နေတာမျိုးပေါ့။

📌 ၂။ ဇွဲလုံ့လ

အခက်အခဲတွေ့လည်း လက်မလျှော့သွားတာ၊ နောက်တွန့်မသွားတာ၊ ရှုံးနိမ့်မှုနဲ့ ကြုံလည်း ရပ်တန့်မသွားတာ၊ မဖြစ်ဖြစ်အောင် လုပ်တာ၊ တစိုက်မတ်မတ် လုပ်တာ၊ ဒီလိုအရည်အသွေးတွေ ဖြစ်ပါတယ်။

📌 ၃။ စိတ်ရှည်သည်းခံမှု

လွယ်ကူတဲ့ အရာတိုင်းဟာ တန်ဖိုးမရှိသလို၊ တန်ဖိုးကြီးတဲ့ အရာတိုင်းက မလွယ်ကူပါဘူး။ မမြန်ဆန်ပါဘူး။ အသင့်ဖျော်ကော်ဖီတွေဟာ အချိန်ကုန် သက်သာတာတော့ မှန်ပေမဲ့ ကျန်းမာရေးအတွက်တော့ မကောင်းဘူး။ ခုတွေ့ ခုကြိုက် ဆက်ဆံရေးထက် နှစ်ပေါင်းများစွာ အပြန်အလှန် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးက ပိုတည်မြဲပါတယ်။

ခုလုပ် ခုရလဒ်ထွက်တာ လိုချင်တော့ အဲဒီအတိုင်း ဖြစ်မလာတဲ့အခါ စိတ်ပျက်လာတယ်။ လက်လျှော့လိုက်တယ်။ ဒါကြောင့် စိတ်ရှည်သည်းခံမှုဟာ သိပ်အရေးကြီးတယ်။ အဝိုင်းလည်နေရင်တောင် စိတ်မရှည်ကြတော့တဲ့ ခေတ်မှာ ဒီအချက်ကလည်း အတော်လေး အရေးပါလာတယ်။

📌 ၄။ အကောင်းမြင်စိတ်

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဆိုပြီး လက်လျှော့နေဖို့ မဟုတ်ဘူး။ တစ်နေ့တော့ ကံကောင်းလာမှာပါ ဆိုပြီး ကယ်တင်ရှင် မျှော်နေဖို့လည်း မဟုတ်ဘူး။ အကောင်းမြင်စိတ်ရဲ့ အဓိပ္ပါယ်က “ဘယ်လောက်ပဲ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နေပါစေ၊ ဒါကို လွန်မြောက်ဖို့ ငါလုပ်နိုင်တယ်၊ ကြိုးစားနိုင်တယ် ဆိုပြီး မျှော်လင့်ချက်ထားတာမျိုး” ဖြစ်ပါတယ်။

ပြီးခဲ့တာတွေအတွက် အပြစ်တင်မနေဘူး။ ဒါတွေ မဖြစ်ခဲ့ရင်ကောင်းမှာ ဆိုပြီးလည်း အခြေအနေမှန်ကို ငြင်းဆန်မနေဘူး။ လက်ရှိမှာ ဒီလိုတော့ ဖြစ်သွားတယ်။ လက်ခံလိုက်တယ်။ ဘယ်လိုအကောင်းဆုံးဖြစ်အောင် ရှေ့ဆက်မလဲ စဉ်းစားတယ်။ အကောင်အထည်ဖော်တယ်။

ဒါမျိုး စိတ်နေစိတ်ထားဟာ ဘဝမှာ တည်ဆောက်ထားသမျှ အရာရာ ပြိုပျက်သွားတဲ့ အခြေအနေတွေအတွက် မဖြစ်မနေ လိုအပ်ပါတယ်။

📌 ၅။ ရည်ရွယ်ချက်

ဘယ်အသက်အရွယ်မှာ ဘာဖြစ်နေရမယ် ဆိုတာမျိုး မဟုတ်ဘူး။ အများအတွက် တစ်ခုခုလုပ်ပေးလိုစိတ် ဖြစ်တယ်လို့ Grit စာအုပ်ကို ရေးသားသူ စိတ်ပညာ ပါမောက္ခ Angela Duckworth က အဓိပ္ပါယ်ဖွင့်ထားပါတယ်။

ဥပမာ ကိုယ်က စာသင်တဲ့သူဆို ပိုက်ဆံရဖို့သက်သက် စာသင်နေတာ မဟုတ်ဘူး။ ပိုလှပတဲ့ လူ့အဖွဲ့အစည်းတစ်ခု ပေါ်လာဖို့ ပညာရေးနဲ့ တည်ဆောက်နေတာလို့ ခံယူထားတာမျိုးပေါ့။

ဒီလို ကိုယ့်အလုပ်ရဲ့ တန်ဖိုးကို သေချာသိထားတဲ့သူဟာ ဘဝမှာ ရှင်သန်နေထိုင်ရတာ အဓိပ္ပါယ်ရှိသလို ခံစားရတယ်။ အဲဒီ Sense of purpose ဟာလည်း ခက်ခဲတဲ့ အခိုက်အတံ့တွေကို ကျော်ဖြတ်ရာမှာ အများကြီး အထောက်အကူ ပေးပါတယ်။

◾️လူတစ်ယောက်ဟာ -

• ဘာကိုမှ ပြင်းပြင်းပြပြ လုပ်ချင်တယ်ဆိုတာမျိုး မရှိတဲ့အခါ
• နည်းနည်းကလေး အဆင်မပြေလိုက်တာနဲ့၊ ထစ်ငေါ့လိုက်တာနဲ့ လက်လျှော့တတ်တဲ့အခါ
• ရလဒ်တစ်ခု မြင်ရဖို့ အချိန်ပေးလိုစိတ် မရှိတဲ့အခါ
• ကြုံရသမျှ အခက်အခဲတွေကို ငါတော့ဖြင့် ကျော်ဖြတ်နိုင်လောက်မှာ မဟုတ်ဘူးလို့ တွေးနေတဲ့အခါ
• သူ ဘာအတွက် ရှင်သန်နေတာလဲ မသိတော့တဲ့အခါ အကြီးအကျယ် စိတ်ဒုက္ခ ရောက်ရတတ်ပါတယ်။ လမ်းပျောက်နေတတ်ပါတယ်။ ဘဝတစ်ခုလုံး ပြိုပျက်သွားသလို ခံစားရတတ်ပါတယ်။

◾️အခု မြန်မာပြည်သူတွေကို ကြည့်ပါ။

• ဖက်ဒရယ် ဒီမိုကရေစီရဖို့ဆိုတဲ့ ပန်းတိုင်ကို မမှိတ်မသုန် ချီတက်နေတယ်။
• အထစ်အငေါ့တွေ၊ စိတ်ပျက်စရာတွေ ကြုံရလည်း နောက်မဆုတ်ဘူး။ လက်မလျှော့ဘူး။
• ချက်ချင်းလက်ငင်းတော့ မအောင်မြင်နိုင်ဘူး ဆိုတာ သိတယ်။ အချိန်ပေးတယ်။ သည်းခံစောင့်ဆိုင်းတယ်။
• ရှုံးနိမ့်မှုတွေ၊ ထိခိုက်မှုတွေကြုံလည်း စိတ်မပျက်ဘူး။ အမှားတွေကနေ သင်ခန်းစာယူတယ်။ ပိုကောင်းအောင် ကြိုးစားတယ်။ ထပ်မမှားအောင် ဂရုစိုက်တယ်။
• ဒီလိုမျိုးကိစ္စတွေ ငါတို့မျိုးဆက်မှာ နောက်ဆုံးဖြစ်ရမယ် ဆိုတဲ့စိတ်နဲ့ အနာဂတ်ကောင်းတွေ ချန်ထားနိုင်အောင် ကြိုးစားနေကြတယ်။

ဒါ IQ ကြောင့် ဖြစ်လာတာတွေ မဟုတ်ဘူး။ နိုင်ငံတကာကနေ ဘွဲ့တွေ ရထားလို့လည်း မဟုတ်ဘူး။ ပြည်သူအများရဲ့ “အလွယ်တကူ လက်မလျှော့တတ်တဲ့စိတ်” (Grit) ကြောင့် ဖြစ်လာတာပါ။

တစ်ဦးချင်းစီအနေနဲ့လည်း စဉ်းစားကြည့်လို့ ရပါတယ်။ ဒီ P ၅ လုံး အားကောင်းတဲ့သူတွေဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ရှင်သန်နိုင်ကြတာ၊ မြင့်မြင့်မားမား အနေအထားထိ ရောက်ကြတာကို တွေ့ရပါလိမ့်မယ်။

◾️ဘဝဆိုတာ ထင်မှတ်မထားတဲ့ အခက်အခဲတွေနဲ့ ပြည့်နှက်နေတာပါ။ အဲဒါကို ကျော်လွှားဖို့ ဉာဏ်ရည်ဉာဏ်သွေး တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုကလည်း မဖြစ်မနေ လိုအပ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၇.၂၀၂၃

Photo credit - Pixabay

“ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ၊ ၅ တန်ကဆုန်လပြည့်”ယနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ မြတ်စွာဘုရားရှင်၏ (၁) ဖွားမြင...
03/05/2023

“ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ၊ ၅ တန်ကဆုန်လပြည့်”

ယနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ မြတ်စွာဘုရားရှင်၏
(၁) ဖွားမြင်‌တော်မူခဲ့သော၊
(၂) ဗျာဒိတ်ခံယူတော်မူခဲ့သော၊
(၃) ဘုရားအဖြစ်ရောက်တော်မူခဲ့သော၊
(၄) ဗုဒ္ဓဝင်အကျဥ်းအား ဟောကြားတော်မူခဲ့သော၊
(၅) ပရိနိဗ္ဗာန်စံတော်မူခဲ့သော နေ့ထူးနေ့မြတ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ပဲ ဖြစ်ပါတယ်။

ဤရက်မြတ်တွင် ဗောဓိပင်ဌာန၌ သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားရှင်အဖြစ်သို့ရောက်တော်မူခဲ့သည်ကို အာရုံပြု၍ ဗုဒ္ဓဘာသာဝင်တို့ဟာ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းသပ္ပာယ်ပူဇော်ကြပါတယ်။

ဒီလို ထူးခြားမြင့်မြတ်မှုအပေါင်းနှင့်ပြည့်စုံတဲ့ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပြီး ကောင်းမှုကုသိုလ်တရားများတိုးပွားနိုင်ကြပါစေကြောင်း AIA-Grit Financial Advisory မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

💪🏽💪🏿 ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ပဲဖြစ်ပါတယ်။ မြေရှင်ပဒေသရာဇ်ခေတ်မှအစပြု၍ သမိုင်းတစ်လျှောက် ဖိနှိပ်မှုများက...
01/05/2023

💪🏽💪🏿 ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ပဲဖြစ်ပါတယ်။ မြေရှင်ပဒေသရာဇ်ခေတ်မှအစပြု၍ သမိုင်းတစ်လျှောက် ဖိနှိပ်မှုများကို တွန်းလှန်ရင်း အလုပ်သမားထုအခွင့်အရေးများအတွက် တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမားအပေါင်းတို့ကို ချီးကျူးဂုဏ်ပြုလိုက်ရပါတယ်။ 💪🏽💪🏿

ကျွန်ုပ်တို့ GRIT ဟာ လူ့အဖွဲ့အစည်းရဲ့ မောင်းနှင်အားဖြစ်တဲ့ အလုပ်သမားတို့ကို ထောက်ခံအားပေးခြင်းနှင့် အကာအကွယ်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ဖို့ အစဥ်အမြဲကြိုးစားလျက်ရှိပါတယ်။ မမျှော်လင့်သော ဘေးအန္တရာယ်ဖြစ်ရပ်များကြောင့် ငွေကြေးအခက်အခဲဖြစ်ပေါ်မှုမှ အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများကိုပါ အကာအကွယ်ရရှိစေနိုင်ရန် ကျွန်ုပ်တို့ရဲ့ အာမခံပေါ်လစီများက တာဝန်ယူပေးနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းဖြစ်ပေါ်တတ်သော ထိခိုက်မှုအမျိုးမျိုးအတွက်အာမခံ၊ တစ်ဦးချင်းသာမက အစုအဖွဲ့လိုက်အသက်အာမခံ (Group Life Insurance)၊ ကျန်းမာရေးအာမခံ(Group Health Insurance) နှင့် ငွေပုံငွေရင်းအာမခံ (Short Term Endowment Insurance) အစရှိသည်တို့ဟာ ဖြစ်ရပ်တိုင်းအတွက် ငွေကြေးကုန်ကျစရိတ်ကို အကာအကွယ်ပေးရုံသာမက လုပ်ငန်းရှင်တွေအတွက်လည်း တန်ဖိုးရှိတဲ့ဝန်ထမ််းများ မဆုံးရှုံးရနေအောင် ကူညီပေးနိုင်မှာပါ ဖြစ်ပါတယ်။

GRIT အနေနဲ့ အလုပ်ခွင်တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် အခွင့်အ‌ရေးများ ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်နေကြတဲ့ အလုပ်သမားတို့နှင့် ရပ်တည်ပြီး အလုပ်သမားတို့အ‌ပေါ် ပြည့်ဝသော အကာအကွယ်များပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

17/04/2023

✨ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ခူးလ ✨

နှစ်သစ်အခါသမယမှစပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ၊ ဘေးအန္တရာယ်အပေါင်းပျောက်ကင်းပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေကြောင်း AIA-Grit Financial Advisory မှ ဆုမွန်ကောင်း ပို့သအပ်ပါတယ်။ 🙏🏻🙏🏻🙏🏻

GRIT Financial Advisory
Singapore - +6597589699
Myanmar - +959967784782
Email - [email protected]

နေ့စဥ်လူမှုဘဝ လှုပ်ရှားမှု​တွေထဲမှာ ရုန်းကန်စီး​မျောရင်း စိတ်​တွေဟာလည်း ပင်ပန်းသထက် ပင်ပန်းလာရပါတယ်။ ​နေ့တိုင်း ကိုယ့်ကိ...
21/02/2023

နေ့စဥ်လူမှုဘဝ လှုပ်ရှားမှု​တွေထဲမှာ ရုန်းကန်စီး​မျောရင်း စိတ်​တွေဟာလည်း ပင်ပန်းသထက် ပင်ပန်းလာရပါတယ်။ ​နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သန်မာတယ်ဆိုပြီး ဘယ်လိုပဲ ​တောင့်ခံထားထား၊ စိတ်ကျန်းမာ​ရေးထိခိုက်တဲ့အချိန်ဆိုတာ​တော့ ရှိ​နေကြမြဲပါပဲ။

ဒီ​နေ့မှာ​တော့ မိမိအ​နေနဲ့ စိတ်ကျန်းမာ​ရေး ထိခိုက်​နေပြီဆိုတာ ဘယ်လိုသိနိုင်လဲ၊ ​မိမိကိုယ်ကို ဆင်ခြင်နိုင်ပြီး ဘယ်လိုနည်းနဲ့ ကုစားလို့ရမလဲဆိုတာကို ​ဝေမျှ​ပေးချင်ပါတယ်။ ပထမဆုံးအ​နေနဲ့ စိတ်ကျန်းမာ​ရေး ထိခိုက်​နေတယ်ဆိုတာကို သိသာ​စေတဲ့အချက်​တွေကို ​ဖော်ပြ​ပေးပါမယ်။
အဲဒါ​တွေက​တော့ …
📌 စား​သောက်မှုပုံစံပျက်ပြားခြင်း (အများကြီးပိုစားမိတာ၊ လုံးဝမစားဘဲ​နေတာ)
📌 လူ​တွေနဲ့​ဝေးရာကို ထွက်​ပြေးချင်စိတ်​ပေါက်လာခြင်း
📌 ရုတ်တရက်​ပျောက်ကွယ်သွားလိုစိတ်ရှိခြင်း
📌 အရက်၊ ဘီယာ စတာ​တွေကို အလွန်အမင်းသုံးစွဲလိုခြင်း
📌 အ​ကြောင်းခြင်းရာ တိတိပပမရှိဘဲ ​​​ဒေါသကြီး​နေခြင်း၊ စိတ်ရိုင်းဝင်​နေခြင်း
📌 စိတ်ခံစားမှုအတက်အကျများခြင်း
📌 မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်နှင့် မပတ်သက်လို​တော့ခြ​င်း စတာ​တွေ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ အ​ခြေအ​နေ​တွေမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တပါးသူကို ထိခိုက်နာကျင်အောင်လုပ်တာနဲ့ အဆိုးဆုံးကတော့ မိမိအသက်ကိုပါ ထိခိုက်အောင် လုပ်ဆောင်တာပါပဲ။

ဒီလိုမျိုး အခြင်းအရာ​တွေ ကိုယ့်မှာ ရှိ​နေတယ်လို့ သတိထားမိပြီဆိုရင်​တော့ အခု​ပြောပြ​ပေးမယ့် အချက်​​လေး​တွေနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။

💌 ကိုယ်လက်​လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း
💌 အနားယူခြင်းနှင့် အိပ်စက်ခြင်းကို
💌 စနစ်တကျပြုခြင်း
💌 တရားထိုင်ခြင်း
💌 ဝါသနာပါရာကိစ္စ​လေး​တွေကို လုပ်ကြည့်ခြင်း
💌 ကိုယ်ကချစ်ရသူ၊ ကိုယ့်ကိုချစ်ကြသူ​တွေနဲ့ တရင်းတနှီး​နေထိုင်ခြင်း
💌 အပြုသ​ဘော​ဆောင်ရန်ကြိုးစားခြင်းနဲ့
💌 ​ကိစ္စ​သေး​သေး​လေး​တွေကစ ​ပျော်တတ်​အောင် ​လေ့ကျင့်ခြင်းတို့ပဲ ဖြစ်ပါတယ်။

၂၀၃၀ ခုနှစ်အမီ အာရှမှာရှိတဲ့ ၁ ဘီလီယံသော ပြည်သူများ ပိုမိုကောင်းမွန် ကျန်းမာအသက်ရှည်တဲ့ ဘဝတွေကို ရရှိစေဖို့ ဆိုတဲ့ AIA ရဲ့ ရည်မှန်းချက်နဲ့အညီ AIA က မြန်မာပြည်သူပြည်သားများနဲ့ အတူရှိနေပါတယ်။
ပိုမိုကောင်းမွန်ပြီး အသက်ရှည်ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်ဖို့အတွက် AIA Myanmar ရဲ့ ကျန်းမာရေးအထူးစောင့်ရှောက်မှု ဝန်ဆောင်မှု (Personal Medical Case Management Services, PMCM) ကတစ်ဆင့် သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလွယ်ကူအောင် သီးသန့် ကျန်းမာရေးအကြံဉာဏ်ပေးခြင်းများ၊ ရောဂါရှာဖွေမှုနှင့် ကုသမှုများအတွက် ကမ္ဘာတစ်ဝန်းက ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေဆီကနေ ထပ်ဆင့်အကြံဉာဏ်များ ရယူနိုင်ပါပြီ။

အသေးစိတ်ကိုတော့ AIA-GRIT Financial Advisory ရဲ့ Facebook Messenger မှာ လာရောက်တိုင်ပင်မေးမြန်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ GRITရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေက သင့်ကိုအမြဲတမ်းစောင့်ကြိုနေပါတယ်။
GRIT Financial Advisory
Singapore - +6597589699
Myanmar - +959967784782
Email - [email protected]



ပြည်ထောင်စုနေ့ ဒို့မမေ့ !! 💪🏻💪🏻💪🏻
12/02/2023

ပြည်ထောင်စုနေ့ ဒို့မမေ့ !! 💪🏻💪🏻💪🏻

❓ ၂၀၂၃ ရောက်နေပြီ… ငွေရှာ၊ ငွေသုံးရတာ အခက်တွေ့နေတုန်းပဲလား❓ ဘဝတစ်လျှောက်လုံး ဖြတ်သန်းနေရသရွေ့ ကြုံတွေ့ရမယ့် ခေါင်းကိုက်စ...
03/02/2023

❓ ၂၀၂၃ ရောက်နေပြီ… ငွေရှာ၊ ငွေသုံးရတာ အခက်တွေ့နေတုန်းပဲလား❓

ဘဝတစ်လျှောက်လုံး ဖြတ်သန်းနေရသရွေ့ ကြုံတွေ့ရမယ့် ခေါင်းကိုက်စရာ ကိစ္စရပ်တစ်ခုကတော့ ငွေကြေးကိစ္စပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်စဉ် သိတတ်စအရွယ်က စတင်ပြီး ဒီငွေကြေးဆိုတာကို တစ်ခုခုဝယ်ဖို့အတွက် သုံးရတယ်ဆိုပြီး စတင်ထိတွေ့ခဲ့ရပါတယ်။ အဲဒီနောက် အရွယ်ရောက်လာတာနဲ့အမျှ ငွေကို သုံးဖို့အပြင် ဘယ်လိုရှာရမယ်၊ ဘယ်လို စုဆောင်းရမယ်၊ ဘယ်လို စီမံခန့်ခွဲရမယ် စတာတွေကိုပါ သင်ယူလာကြရပါတယ်။ 😉

သို့ပေသိ ရှောင်လွှဲလို့မရတဲ့ ငွေကြေးကျပ်တည်းမှုတွေကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်က စီမံခန့်ခွဲမှုအားနည်းလို့ပဲ ဖြစ်ဖြစ်၊ ငွေကြေးဆိုင်ရာပြဿနာတွေက ရှိလာနိုင်ပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အခုပြောပြမယ့် အချက်တွေကို လိုက်ပါလုပ်ဆောင်ကြည့်သင့်ပါတယ်။

💌 ကုန်ကျစရိတ်များအတွက် ငွေသားနဲ့သာ ရှင်းလင်းခြင်း 💌

သင့်အနေနဲ့ ဈေးဝယ်ပြီး ပိုက်ဆံရှင်းတဲ့အခါ အကြွေးဝယ်ကတ်တွေနဲ့ ငွေဖြည့်ကတ်တွေကိုသာ အမြဲသုံးနေမယ်ဆိုရင် ကိုယ့်အိတ်ထဲမှာ ဘယ်လောက်ကျန်တယ်၊ ဘယ်နှရက်အတွက် ချင့်ချိန်သုံးရမယ်စတာတွေကို ချိန်ဆတတ်တော့မှာ မဟုတ်ပါဘူး။ ကတ်တွေနဲ့ သုံးနေသမျှ ဘယ်အရာကိုမဆို ဝယ်ဖို့လွယ်နေမှာဖြစ်တာကြောင့် အနည်းဆုံးကတ်တွေကို နှစ်ပတ်လောက်မသုံးဘဲ ငွေသားကိုသာ အသုံးပြုပြီး ချင့်ချိန်တတ်အောင် လေ့ကျင့်ကြည့်ပါ။

💌 အသုံးစရိတ်အတွက် အစီအစဉ်ကြိုဆွဲခြင်း 💌

တစ်ပတ် သို့မဟုတ် တစ်လအတွင်း မိမိ မဖြစ်မနေသုံးစွဲမည့် အသုံးစရိတ်များကို စာရင်းပြုလုပ်ရမှာ ဖြစ်ပါတယ်။ စာရင်းပြုလုပ်ပြီးတာနဲ့ ကုန်ကျစရိတ်စုစုပေါင်းနဲ့ ဝင်ငွေအသွားအလာကို တွက်ဆပြီး ပြန်လည်စိစစ်ရမှာ ဖြစ်ပါတယ်။

💌မဝယ်ခင် နှစ်ခါအနည်းဆုံးစဉ်းစားပါ 💌

ပစ္စည်းတစ်ခုကို ဝယ်တော့မယ်ဆိုရင် ကိုယ်တကယ် လိုအပ်/မလိုအပ်၊ အခုချက်ချင်း ရမှ ဖြစ်/မဖြစ် ဆိုတာတွေကို ဆုံးဖြတ်ဖို့ အချိန်ပေးတဲ့အနေနဲ့ မဝယ်ခင်မှာ နှစ်ခါလောက်တော့ စဉ်းစားသင့်ပါတယ်။

💌အရည်အသွေးနဲ့ တာရှည်ခံမှုကို ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ယှဉ်ပြီး မေးခွန်းထုတ်ကြည့်ပါ

ရွှေကို တစ်ကျပ်သား သိန်းနှစ်ဆယ်ပေးဝယ်မှာနဲ့ ဖန်စီလှလှလေးတွေ ၃၊ ၄သိန်းဖိုးဝယ်ဝတ်တာ ဘယ်ဟာက တင့်တယ်မယ်ထင်ပါသလဲ။ တကယ်က ဒီအတွက် တိကျတဲ့အဖြေ မရှိပါဘူး။ အဓိကက အသုံးပြုသူကိုယ်တိုင်ကသာ ရွေးချယ်ရမှာဖြစ်ပြီး ကိုယ်ရွေးချယ်ထားတဲ့ ပစ္စည်းရဲ့ အရည်အသွေးနဲ့ တာရှည်ခံမှုက ပေးရတဲ့ဈေးနဲ့ တန်ရဲ့လားဆိုတာကိုတော့ ဆန်းစစ်ကြည့်ပါ။

💌အကြံပေးဝန်ဆောင်မှုပေးသူ သို့မဟုတ် ကုမ္ပဏီ (Financial Advisory) တွေနဲ့ တိုင်ပင်ကြည့်ပါ💌

ကိုယ့်မှာရှိနေတဲ့ ငွေကြေးကို ဘယ်လို ဆက်လက်ရင်းနှီးမြှုပ်နှံမလဲ၊ ဘယ်လို အပ်နှံမလဲ၊ သုံးမလဲ စတာတွေကို ကိုယ်တစ်ဦးတစ်ယောက်တည်းနဲ့ ရွေးချယ်စီမံဖို့ ခက်ခဲနေတယ်၊ ဒါမှမဟုတ် ‌ရွေးချယ်ရခက်နေတယ်ဆိုရင်တော့ ငွေကြေးဆိုင်ရာအတိုင်ပင်ခံ သို့မဟုတ် ကုမ္ပဏီတွေနဲ့ တိုင်ပင်ကြည့်ပါနော်။

ဒါဆိုရင်တော့ အပေါ်ကပြောခဲ့တဲ့ အချက်တွေကိုလည်း လုပ်ဆောင်မယ်၊ တိုင်လည်း တိုင်ပင်​ဆွေး​နွေးချင်တယ်ဆိုရင်​​တော့ AIA-GRIT Financial Advisory ရဲ့ Facebook Messenger မှာ လာရောက်တိုင်ပင်မေးမြန်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ GRITရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေက သင့်ကိုအမြဲတမ်းစောင့်ကြိုနေပါတယ်။

GRIT Financial Advisory
Singapore - +6597589699
Myanmar - +959967784782
Email - [email protected]


𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗔𝗱𝘃𝗶𝘀𝗼𝗿𝘆 ဆိုတာဘာလဲ? 🧐Facebook က Group ​တွေမှာဆိုရင် ​"ကျွန်​တော့်လက်ထဲမှာ​တော့ ငွေတော်တော်များများရှိပါတယ်၊ ဘာ...
24/01/2023

𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗔𝗱𝘃𝗶𝘀𝗼𝗿𝘆 ဆိုတာဘာလဲ? 🧐

Facebook က Group ​တွေမှာဆိုရင် ​"ကျွန်​တော့်လက်ထဲမှာ​တော့ ငွေတော်တော်များများရှိပါတယ်၊ ဘာစီးပွား​ရေးလုပ်ရင်​ကောင်းမလဲ" ဆိုပြီး ​မေးတာ​တွေ ​တွေ့ဖူးကြပါလိမ့်မယ်။ ​ဒီလို​မေးတဲ့အခါ Group Member ​တွေကလည်း အားတက်​သ​ရောနဲ့ "ဒီဟာလုပ်ပါလား၊ ဟိုဟာလုပ်ပါလား" ဆိုပြီး အကြံ​ပေးတတ်ကြ​ပေမယ့် တကယ်တမ်းကျ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်​နေတတ်ကြပါတယ်။ ဒါက ဘာ​ကြောင့်လဲဆိုရင် အကြံ​ပေးသူ​​တွေက Financial Advisory တွေ မဟုတ်​နေလို့ပါပဲ။

𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗔𝗱𝘃𝗶𝘀𝗼𝗿𝘆 ဆိုတာ တကယ်​တော့ ပိုက်ဆံ​တွေ ကိုယ့်မှာရှိလာတဲ့အခါ သာမန်သုံးစွဲတာ၊ ဘဏ်မှာ စာရင်း​​သေစု​ဆောင်းတာ စတာ​တွေထက် ကိုယ့်ရဲ့​ငွေကို ဘယ်လိုတိုးပွား​အောင်လုပ်သင့်တယ်ဆိုတာ​တွေကို အကြံပြု​ပေးတဲ့ အများသုံးဝန်​ဆောင်မှု စနစ်တစ်ခု ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်​ယောက်ချင်းစီရဲ့ ​ငွေ​ကြေးအ​ခြေအ​နေကစလို့ လုပ်ငန်းကြီး​တွေရဲ့ ​ငွေ​ကြေးလည်ပတ်မှုအထိ အ​ရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ ​ ဘဏ်​၊ အာမခံကုမ္ပဏီနဲ့ အကြံပေးဝန်​ဆောင်မှုကုမ္ပဏီ​တွေလို လုပ်ငန်းကြီး​တွေနဲ့ ​ကော်ပို​ရေးရှင်း​တွေမှာဆိုရင် Financial Advisory ဝန်​ဆောင်မှုကို ​တွေ့နိုင်ပါတယ်။ ​ကော်ပို​ရေးရှင်းနဲ့ လုပ်ငန်းတွေရဲ့ ဘဏ္ဍာ​ရေးအရ ​မျှော်မှန်းထားတဲ့ ဦးတည်ချက်​တွေကို ​ရောက်ရှိ​ဖို့ ရသုံးမှန်း​ခြေ​ငွေစာရင်း(Budget) ​တွေ ဆွဲနိုင်​အောင်၊ စီးပွား​ရေး​ဈေးကွက်ကို အမှန်တိုင်း ရှုမြင်သုံးသပ်နိုင်​အောင် ကူညီ​ပေး​နေကြရပါတယ်။

ဒါ့အပြင် အသက်အာမခံကုမ္ပဏီ​တွေမှာဆိုရင်လည်း Financial Advisory ​တာဝန်ယူထားသူ​တွေက သူတို့ရဲ့ Client ​တွေကို
💌 မိမိရဲ့ အသက်ကိုအာမခံထားပြီး အ​ခြေအ​နေအမျိုးမျိုး​ကြောင့်အသက်အန္တရာယ် တစ်ခုခုဖြစ်ခဲ့သော် မိမိ မိသားစုဝင်တွေအတွက် နောင်ရေးပူပန်စရာမလိုအောင် ငွေကိုစုစောင်းခြင်းတွေ၊
💌 အ​ခြေအ​နေအမျိုးမျိုး​ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအသုံးစားရိတ်​တွေအတွက် အာမခံထားရှိခြင်းတွေ၊
💌 မိမိရဲ့ အသက်အရွယ်၊ အလုပ်အကိုင်ပေါ်လိုက်ပြီး လစဥ်အပိုငွေကို အနည်းငယ်စီ စုဆောင်းသွားပြီး မိမိအသက်ကို အာမခံရုံသာမက အနာဂါတ် စီမံကိန်းများအတွက် ငွေကိုရင်းနှီးမြုပ်နှံ‌ထားရှိတာတွေ၊
💌 အခွန်ကိစ္စ​တွေ၊
💌 ဒီလို ဆုံးရှုံးမှုအ​ခြေအ​နေ​တွေကို ဘယ်လို ကိုင်တွယ်​ဖြေရှင်းရမလဲ စတဲ့ အကြံ​​ပေး​ဆွေး​နွေး​ပေးကြတာ ဖြစ်ပါတယ်။

ကဲ...ဒီ​လောက်​ဆိုရင်​​တော့ Financial Advisory ဆိုတာဘာလဲကို အနည်းအကျဥ်း​ သ​ဘော​ပေါက်​လောက်ပြီ ထင်ပါတယ်။ ကိုယ့်မှာ အ​ပေါ်က​ပြောခဲ့တဲ့ အခက်အခဲ​တွေရှိလို့ တိုင်ပင်​ဆွေး​နွေးချင်တယ်ဆိုရင်​​တော့ AIA-GRIT Financial Advisory ရဲ့ Facebook Messenger မှာ လာရောက်တိုင်ပင်မေးမြန်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ GRITရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေက သင့်ကိုအမြဲတမ်းစောင့်ကြိုနေပါတယ်။

𝗚𝗥𝗜𝗧 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗔𝗱𝘃𝗶𝘀𝗼𝗿𝘆
𝗦𝗶𝗻𝗴𝗮𝗽𝗼𝗿𝗲 - +𝟲𝟱 𝟵𝟳 𝟱𝟴𝟵 𝟲𝟵𝟵
𝗠𝘆𝗮𝗻𝗺𝗮𝗿 - +𝟵𝟱 𝟵𝟵𝟲 𝟳𝟳𝟴 𝟰𝟳𝟴𝟮
𝗘𝗺𝗮𝗶𝗹 - 𝗴𝗿𝗶𝘁.𝗮𝗱𝘃𝗶𝘀𝗼𝗿𝘀@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺



ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့နေ့စဥ်ဘဝတွေမှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့...
11/11/2022

ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့နေ့စဥ်ဘဝတွေမှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် နေထိုင်မကောင်းမှုတွေနဲ့ မမျှော်လင့်ထားတဲ့ ထိခိုက်နာကျင်မှုတွေကြုံရတဲ့အခါ ဆေးရုံဆေးခန်းပြသပြီး ကုသမှုခံယူဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ငွေကြေးပိုင်းဆိုင်ရာ ပူပင်ကြောင့်ကြမှုတွေ မဖြစ်ရအောင် ကျန်းမာရေးအာမခံထားရှိခြင်းက များစွာအထောက်အကူပေးပါတယ်။ ကျန်းမာရေးအာမခံတွေဟာ ဆေးခန်းပြသစရိတ်၊ ဆေးဝါးစရိတ်တွေကို မိမိဝယ်ယူထားတဲ့ ယူနစ် (Unit)အရေအတွက်အပေါ် မူတည်ပြီး cover ရရှိနိုင်တာဖြစ်လို့ မရေရာမှုတွေနဲ့ မတော်တဆမှုတွေကနေ ကျန်းမာရေးအတွက် ငွေကြေးအကာအကွယ် အပြည့်အဝရရှိစေမှာပါ။

💌 ဒါကြောင့် မိမိနဲ့ မိသားစုအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ကျန်းမာခြင်းကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ AIA ရဲ့ ဝန်ဆောင်မှုတွေကို ရယူလိုက်တော့နော်။ 💌

သင်နဲ့ ချစ်ခင်ရသူတွေ အနာဂတ်စိတ်ချချင်တယ်ဆိုရင် AIA-GRIT Financial Advisory ရဲ့ Facebook Messenger မှာ လာရောက်တိုင်ပင်မေးမြန်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ GRITရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေက သင့်ကိုအမြဲတမ်းစောင့်ကြိုနေပါတယ်။

GRIT Financial Advisory
Singapore - +6597589699
Myanmar - +959967784782
Email - [email protected]


“Make mental health and well-being for all a global priority”ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို နှစ်စဉ်အောက်တိုဘာလ (၁၀)ရက်နေ့တွင...
10/10/2022

“Make mental health and well-being for all a global priority”

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို နှစ်စဉ်အောက်တိုဘာလ (၁၀)ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်း၌ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်ကြပြီး စိတ်ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရသူများအား ပံ့ပိုးကူညီရန် ကြိုးပမ်းအားထုတ်လှုံ့ဆော်ပေးနေပါတယ်။

Mental Health နဲ့ပတ်သက်ပြီး မိမိကိုယ်ကိုဘာတွေပြင်ဆင်ထားလို့ရမလဲ?
၁။ မိမိကိုယ်ကို တိုးတက်စေခြင်းထက် မိမိကိုယ်ကို သနားကြင်နာမှုကို အာရုံစိုက်ပါ။
၂။ သင်၏စည်းမျဥ်းများကို သတ်မှတ်ထိန်းသိမ်းပါ။
၃။ ခွင့်လွှတ်ခြင်းကို လေ့ကျင့်ပါ။
၄။ အကူအညီတောင်းပါ။

GRIT Financial Advisory
Singapore - +6597589699
Myanmar - +959967784782
Email - [email protected]


Address

Bogyoke Aung San Road
Yangon

Telephone

+959967784782

Website

Alerts

Be the first to know and let us send you an email when Grit Financial Advisory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grit Financial Advisory:

Share