Novel Potent Myanmar Co.,Ltd

Novel Potent Myanmar Co.,Ltd Agro Chemicals Distributor

🏮🏮ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေကြောင်း Novel Potent Myanmar မိသားစုမှ ဆုတောင်း မေတ္တာ ပို့သပါသည်။ 🏮🏮
16/10/2024

🏮🏮ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေကြောင်း Novel Potent Myanmar မိသားစုမှ ဆုတောင်း မေတ္တာ ပို့သပါသည်။ 🏮🏮

16/12/2023

💢ပွင့်ထွေး အတွက်နှိမ်နှင်းနိုင်ရန်💢

🚫သတိပြုရန်🚫
02/09/2023

🚫သတိပြုရန်🚫

  #46-0-0
26/06/2023


#46-0-0

  #15-15-15
26/06/2023


#15-15-15

14/05/2023

ရခိုင်ပြည်သူ ပြည်သားများနှင့် မြန်မာ ပြည်သူ ပြည်သားများ အားလုံး မိုခါ မုန်တိုင်း ဘေးအန္တာရာယ်မှ ကင်းဝေးကြပါစေကြောင်း Novel Potent Myanmar မိသားစုမှ ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။🙏🙏🙏

🌾💦နှစ်သစ်အခါ သမယမှာ  မြန်မာ ပြည်သူ ပြည်သား အပေါင်း ဘေးအန္တာရာယ် အပေါင်းမှ ကင်းဝေးပြီး မင်္ဂလာ အပါင်းနှင့် ပြည့်စုံ ကြပါစ...
17/04/2023

🌾💦နှစ်သစ်အခါ သမယမှာ မြန်မာ ပြည်သူ ပြည်သား အပေါင်း ဘေးအန္တာရာယ် အပေါင်းမှ ကင်းဝေးပြီး မင်္ဂလာ အပါင်းနှင့် ပြည့်စုံ ကြပါစေလို့ Novel Potent Myanmar Co.Ltd မိသားစုမှ ဆုတောင်း မေတ္တာ ပို့သ အပ်ပါသည်။ 🌾💦

🌕သီတင်းကျွတ်လပြည့်နေ့" (အဘိဓမ္မာအခါတော်နေ့)🌕သီတင်းကျွတ် အခါသမယတွင် တောင်သူမိတ်ဆွေအပေါင်းနှင့် မြန်မာပြည်သူ ပြည်သားများအာ...
09/10/2022

🌕သီတင်းကျွတ်လပြည့်နေ့" (အဘိဓမ္မာအခါတော်နေ့)🌕

သီတင်းကျွတ် အခါသမယတွင် တောင်သူမိတ်ဆွေအပေါင်းနှင့် မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာချမ်းသာ၍ အလုပ်အကိုင် စီးပွါးများ တိုးတက် ပြီး ဘေးအန္တာရယ်ကင်း စေကြောင်း
Novel Potent Myanmar မိသားစုမှ အလေးအမြတ်ထား၍ ဆု​တောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

⛔ လက်ရှိမိုးလေဝသ အခြေအနေဟာ ကျွန်တော်တို့အားလုံး သိပြီးကြတဲ့အတိုင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများကို Asani ဆိုင်ကလုန်း...
21/03/2022

⛔ လက်ရှိမိုးလေဝသ အခြေအနေဟာ ကျွန်တော်တို့အားလုံး သိပြီးကြတဲ့အတိုင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများကို Asani ဆိုင်ကလုန်းမုန်တိုင်းငယ်ဟာ စတင်ဝင်ရောက်တိုက်ခတ်နေပြီပဲ ဖြစ်ပါတယ် ⛔

💯 ယနေ့ (၂၁.၃.၂၀၂၂)ရဲ့ မနက်ပိုင်းမှာဆိုရင် ရန်ကုန်နေရာအနှံ့အပြားမှာ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်နေထိုင်သူများနဲ့ ကမ်းရိုးတန်းတစ်လျှောက် နေထိုင်သူများအနေနဲ့ ပိုပြီးဂရုစိုက်နေထိုင်ဖို့ လိုအပ်ကြောင်း သတိပေးလိုက်ပါတယ်ခင်ဗျာ။

📌 မုန်တိုင်းမဖြစ်ခင်မှာ ကိုယ်နဲ့တစ်ပါတည်း ယူဆောင်ထားသင့်တဲ့ပစ္စည်းများမှာ -

✅ သန်းခေါင်စာရင်း ၊ မှတ်ပုံတင်နဲ့ တခြားအရေးကြီးသော စာရွက်စာတမ်းများ
✅ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ အဖိုးတန်ပစ္စည်းများကို အထုပ်တစ်ထုပ်တည်းမှာ အတူတကွသိမ်းဆည်းထားပြီး မြင်လွယ်ယူလွယ်သောနေရာမှာ ထားထားပါ။

📌 မုန်တိုင်းကြောင့် တခြား ဖြစ်ပေါ်လာနိုင်တဲ့ လျှပ်စစ်အန္တရာယ်နဲ့ တခြားဘေးအန္တရာယ်များကို ကာကွယ်နိုင်ဖို့အတွက် -

✅ လေနဲ့အတူ လွင့်ပါလာနိုင်တဲ့ သွပ်ပြား၊ စလောင်းများနှင့် ဓာတ်ကြိုးများကို စစ်ဆေးပါ။
✅ လေပြင်းကြောင့် ကျိုးကျပျက်စီးနိုင်တဲ့ သစ်ပင်များကြောင့် ထိခိုက်ဒဏ်ရာ မရှိစေရန် အကိုင်းအခတ်များကို ဖြတ်သင့်သလောက်ဖြတ်ထုတ်ထားပါ။
✅ ခိုင်ခံ့သော အမိုးအကာအောက်မှာ မိမိရဲ့ မော်တော်ယာဥ်နဲ့ ဆိုင်ကယ်၊ စက်ဘီးများကို ရပ်နားပါ။
✅ မီးကြိုးပေါက်ပြဲမှုတွေကို ကြိုတင်ပြီး အသစ်လဲတပ်ဆင်ထားပါ။

📌 မုန်တိုင်းမဖြစ်ပေါ်ခင်မှာ ဘာတွေ ပြင်ဆင်သင့်လဲ

✅ ရုပ်သံ ၊ ရေဒီယို ၊ အင်တာနက်များမှ အချိန်နဲ့တပြေးညီ ထုတ်လွှင့်နေသော ရာသီဥတုနဲ့ဇလဗေဒ သတင်းများကို နားထောင်ပါ။
✅ အရေးပေါ်ဆက်သွယ်အကူအညီတောင်းခံနိုင်သော ဖုန်းနံပါတ်များကို ချရေးပြီး သိမ်းဆည်းထားပါ။
✅ မီးခြစ်၊ လောင်စာဆီ၊ ဓာတ်မီး နဲ့ ပါဝါဘဏ် အစရှိသော အရေးပေါ်မီးများကို ကြိုတင်စုဆောင်းထားပါ။
✅ အစားအသောက်ခြောက်၊ ရေနဲ့ဆေးဝါးများကို ဝယ်စုထားရှိပါ။
✅လျှပ်စစ်မီးပျက်တောက်နိုင်တာကြောင့် Power Bank တွေကို အားအပြည့်သွင်းပြီး အဆင်သင့် ပြင်ဆင်ထားပေးပါ။
✅ဖုန်းတွေအတွက် ရေစိုခံ အိတ်လေးတွေအဆင်သင့် ပြင်ဆင်ထားပေးပါ။
✅ မိသားစုများ ကွဲကွာသွားနိုင်တာ‌ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်ဖို့ အတွက် မိသားစု၀င်တွေရဲ့ ဖုန်းနံပါတ်များယူထားကြပါ။

📌 မလုပ်သင့်သောအရာများမှာ

✅ အိမ်မွေးတိရစ္ဆာန်များကို ကြိုးနဲ့ချည်နှောင်ထားခြင်း မပြုလုပ်ပါနဲ့။
✅ ဓာတ်ကြိုးများအနီးမှာ နေထိုင်ခြင်းကို ရှောင်ကျဥ်ပါ။
✅ မခိုင်ခံ့သောနေအိမ်များမှာ ကလေးသူငယ်များနဲ့ နေထိုင်ခြင်းမပြုလုပ်ပါနဲ့။

📌 အရေးပေါ်မီးဖြတ်တောက်ခြင်းများ ဖြစ်လာနိုင်တာကြောင့် ရေဒီယိုဝယ်ယူ နားထောင်ပါ။

📌 ကလေးများကြောက်လန့်မှု မဖြစ်စေရန် သေချာရှင်းပြချော့မြူပါ။

📌 ပြတင်းပေါက်၊ တံခါးပေါက် ၊ ဓာတ်ကြိုးအစရှိသည်တိုနဲ့ ဝေးရာမှာ နေထိုင်ပါ။

📌 အထက်ပါ အချက်များကို တစ်ဆင့်ချင်းစီလုပ်ဆောင်ပြီး အရေးကြီးဆုံးအချက်မှာ လူကြီးများကိုယ်တိုင်က ဗျာများပြီး ကြောက်စိတ်မဝင်ဖို့ ပိုပြီးအရေးကြီးပါတယ်။

💢 ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုခြင်းမပြုဘဲ မိမိအိမ်နဲ့ မိမိအိမ်နီးချင်းများကိုသာ ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးတိုက်တွန်းပေးပါခင်ဗျာ

အာစနီမုန်တိုင်း သတိပေးချက်မုန်တိုင်းရာသီ 🌀🌀🌀🌀🌀လေမငြိမ်မုန်တိုင်းတွေရဲ့ကြားမှာနေမဖြစ် တော့ပြီ၂၀၂၂ မတ်လ ဧပြီလ မေလ တွေမှာ ထ...
17/03/2022

အာစနီမုန်တိုင်း သတိပေးချက်

မုန်တိုင်းရာသီ 🌀🌀🌀🌀🌀

လေမငြိမ်မုန်တိုင်းတွေရဲ့ကြားမှာနေမဖြစ် တော့ပြီ
၂၀၂၂ မတ်လ ဧပြီလ မေလ တွေမှာ ထိုင်းပင်လယ်ကွေ့ ကပ္ပလီပင်လယ်ပြင် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနိမ်ကျနိုင်ပြီး လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်တွေဆက်တိုက်ဖြစ်ပေါ်နိုင်သဖြင့် ချစ်ရတဲ့တိုင်ပြည်နှင့်လူမျိုးတွေအတွက် အချိန်ပြည်စောင့်ကြည့်ထောက်လှမ်းကာ ခန့်မှန်းပေးရတော့မှာဖြစ်သဖြင့် မိုးကြီးရေလျှံနိုင်မှုတွေ သဘာဝဘေးအန္တရာယ် လူသားအကျိုးပြုလုပ်ငန်းအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်သွားပါမယ်
ခန့်မှန်းချိန် 17/03/2022 at 9:18am(MMT)

မုန်တိုင်းသတိ 🌀🌀🌀🌀
၂၀၂၂ မတ်လ ၂၁ရက်နေ့မှ ၂၅ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်အော်မှာ Category 1 Tropical Cyclone အဆင့်မုန်တိုင်းတစ်လုံးဖြစ်ပေါ်နိုင်ပါတယ် ၂၀၂၂ မတ်လ ၂၁ရက်နေ့မှ ၂၃ရက်နေ့အတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းတွေမှာမိုးရွာနိုင်ပြီး ၂၃ရက်နေ့ ၂၄ရက်နေ့ တွေမှာ ရခိုင်ပြည်နယ် မကွေးတိုင်းမန္တလေးတိုင်း နေပြည်တော် ရှမ်းပြည်နယ်တွေမှာမိုးရွာနိုင်ကာ ၂၄ရက်နေ့မှာရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာဘင်္ဂလားဒေချ့်နယ်စပ်မှကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ် ၂၄ရက်နေ့၂၅ရက်နေ့၂၇ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်း ကချင်ပြည်နယ်တွေမှာမိုးရွာနိုင်ပါတယ်
ခန့်မှန်းချိန် 16/03/2022 at 2:30pm(MMT)

မုန်တိုင်း အာစနီ(Asani cyclone)
၂၀၂၂ ခုနှစ် ရာသီပထမဦးဆုံးမုန်တိုင်း အာစနီ(Asani cyclone) မြန်မာနိုင်ငံကိုဝင်ရောက်နိုင်ပါတယ် ၂၀၂၂ မတ်လ ၂၁ရက်နေ့မှ ၂၄ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်းတလျှောက်ကမ်းအနီးမှာဖြတ်သန်းမှာဖြစ်လို့ ဧရာဝတီတိုင်းအနောက်ပိုင်းနှင့်ရခိုင်ပြည်နယ် အနီရောင်အဝန်းအတွင်းကျရောက်သောနေရာများမုန်တိုင်းအန္တရာယ်ရှိပါတယ်
မတ်လ ၂၁ရက်နေ့မှ ၂၄ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်းတလျှောက် လှေသင်္ဘောများမသွားကြပါနဲ့ ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းမလုပ်ကြပါနဲ့ အလွန်အန္တရာယ်ရှိပါတယ်
ခန့်မှန်းချိန် 17/03/2022at 8:45am(MMT)

91B Tropical cyclone
🌀🌀🌀🌀🌀🌀
၂၀၂၂ မတ်လ ၂၁ရက်နေ့တွင် ကိုကိုကျွန်းအနီး TC မုန်တိုင်းအဆင့်ဖြစ်လာနိုင်ပြီး ညာခြမ်းကပ္ပလီပင်လယ်ပြင် တနင်္သာရီတိုင်းမုတ္တမပင်လယ်ကွေ့ မွန်ပြည်နယ် နှင့်တနင်္သါရီကမ်းရိုးတန်းတလျှောက်မိုးကြီးနိုင်ပါတယ်
ခန့်မှန်းချိန် 17/03/2022 at 7:27am(MMT)
၂၀၂၂ မတ်လ၂၃ရက်နေ့တွင် ပြင်ဦးလွင်ခရိုင် မန္တလေးခရိုင် ကျောက်ဆည်ခရိုင် ဒေသတွေမှာ မိုးရွာနိုင်ပါတယ်
ခန့်မှန်းချိန် 17/03/2022 at 6:00am(MMT)
၂၀၂၂ မတ်လ၂၃ရက်နေ့တွင် ပြင်ဦးလွင်ခရိုင် မန္တလေးခရိုင် ကျောက်ဆည်ခရိုင် ဒေသတွေမှာ မိုးရွာနိုင်ပါတယ်
ခန့်မှန်းချိန် 17/03/2022 at 6:00am(MMT)
၂၀၂၂ မတ်လ ၂၂ရက်နေ့တွင် မုတ္တမပင်လယ်ကွေ့ဒေသတွေမှာမိုးကြီးနိုင်ပါတယ် ဆားလုပ်ငန်း အုတ်လုပ်ငန်း ရေထိပျက်စီးနေကြသူများအားလုံး ကြိုတင်သိရှိပြီး ပျက်စီးမှုမရှိအောင်ပြင်ဆင်နိုင်ကြပါစေ
invest
ခန့်မှန်းချိန် 17/03/2022 at 4:10am(MMT)

မူးမြစ်ရေတိုးကာ သဖန်းဆိပ်ဆည်စီးဝင်ရေအားကောင်း
၂၀၂၂ မတ်လ ၂၃ရက် ၂၄ရက် ၂၅ရက် ၂၆ရက်နေ့တွေမှာ ဖောင်းပြင် ပင်လည်ဘူး ဗန်းမောက် ဝန်းသို ကောလင်း ဒေါင်မြူးချောင်းဒေသတွေမှာမိုးများစွာရွာသွန်းနိုင်သဖြင့် မူးမြစ်ရေတိုးကာ သဖန်းဆိပ်ဆည်စီးဝင်ရေအားကောင်းနိုင်ပါတယ်
ခန့်မှန်းချိန် 16/03/2022 at 5:45pm(MMT)

မိုင်ဆုန်ခ ⛈⛈⛈⛈⛈
၂၀၂၂ မတ်လ ၂၂ရက် ၂၃ရက်နေ့များတွင် 91B tropical cyclone လေစီးတွေက ရှမ်းပြည်နယ်တစ်ခုလုံးမှာမိုးရွာနိုင်ပါတယ်
၂၀၂၂ မတ်လ ၂၃ရက် ၂၄ရက်နေ့များတွင် မုံရွာခရိုင် စစ်ကိုင်းခရိုင် ရွှေဘိုခရိုင် ကန့်ဘလူခရိုင် ကောလင်းခရိုင် ကသာခရိုင် ကလေးခရိုင်ဒေသတွေမှာ 91B cyclone မိုးတွေရွာနိုင်ပါတယ်
ခန့်မှန်းချိန် 16/03/2022 at 3:11am(MMT)
Su Su San
𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

ဆားခါး အသုံးဝင်ပုံလေးပါ ဆားခါးကို စိုက်ပျိုးရေးလုပ်ငန်းမှာ မြေသြဇာအဖြစ် ဘယ်လိုသုံးမလဲ========================ကိုယ့်ရဲ့သာ...
30/11/2021

ဆားခါး အသုံးဝင်ပုံလေးပါ

ဆားခါးကို စိုက်ပျိုးရေးလုပ်ငန်းမှာ မြေသြဇာအဖြစ် ဘယ်လိုသုံးမလဲ
========================
ကိုယ့်ရဲ့သားစဉ်မြေးဆက်တွေကို ကောင်းမွန်တဲ့မြေအမွေပေးချင်ရင် အခုလက်ရှိစိုက်ပျိုးနေတဲ့မြေတွေကို ဂရုစိုက်ထိန်းသိန်းရမှာဖြစ်ပါတယ်။ ဒါကြောင့် မြေဆီလွှာအတွင်းမှာ အာဟာရဓာတ်ချို့တဲ့မှုတွေမဖြစ်အောင် ဆားခါးကို စိုက်ပျိုးရေးလုပ်ငန်းမှာ မြေသြဇာအဖြစ် အကျိုးရှိရှိ သုံးစွဲတဲ့နည်းလမ်းကို ရွှေသီးနှံပရိသတ် တွေအတွက် မျှဝေပေးပါရစေခင်ဗျာ။

ဆားခါးမွာ အပင်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဒြပ်စင်(၂)မျိုးဖြစ်တဲ့ မဂ္ဂနီစီယမ်နဲ့ ဆာလ်ဖာခေါ် ကန့်ပါဝင်ပါတယ်။ အပင်တွေအစာချက်ဖို့အတွက် နေရောင်ခြည်က အလင်းစွမ်းအင်ကို အပင်အတွင်း ဇီဝစွမ်းအင်၊ ဓာတုစွမ်းအင် အဖြစ် ပြောင်းလဲပါတယ်။

အဲဒီလိုပြောင်းလဲဖို့ အဓိကလိုအပ်တဲ့ အစိမ်းရောင်ခြယ်ကလိုရိုဖီးလ်ရဲ့အဓိက ဒြပ်စင်က မဂ္ဂနီဆီယမ်ဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ကြောင့် အစိမ်းရောင်ကလိုရိုဖီးလ်တွေဖြစ်ပေါ်ပြီး အပင်တွေပိုစိမ်းဖို့ မဂ္ဂနီဆီယမ်မြေသြဇာကို သုံးဖို့ လိုပါတယ်။

အပင်တွေစိမ်းနေမှ ကျန်းမာမှာဖြစ်ပါတယ်။ ဒါကြောင့်စိုက်ပျိုးသူတွေအနေနဲ့ အပင်တွေစိမ်းစိုပြီး ကျန်းမာနိုင်ဖို့ မဂ္ဂနီဆီယမ်မြေသြဇာတွေ ကျေွးကြ ရမှာဖြစ်ပါတယ်။

ဆာလ်ဖာ ခေါ် ကန့်မှာ အပင်တွေအတွက် အဓိကလိုအပ်တဲ့ အများလို အာဟာရဓာတ်(၃)မျိုးဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်ခေါ်မီးစုန်းဓာတ်နဲ့ ပိုတက်ဆီယမ်လို့ခေါ်တဲ့ ပြာဓာတ်တွေကလွှဲရင် အရေးပါဆုံးဒြပ်စင်ဖြစ်ပါတယ်။

အပင်တိုင်းဆာလ်ဖာကို မရှိမဖြစ်လိုအပ်ပေမယ့် အထူးသဖြင့် ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဆီထွက်သီးနှံတွေနဲ့ ပဲအမျိုးမျိုးတွေမှာ ပိုပြီးတော့လိုအပ်ပါတယ်။ ဆာလ်ဖာဓာတ်ရဖို့ အမိုးနီးယမ်းဆာလ်ဖိတ်ကို အသုံးများ ကြပါတယ်။ မဂ္ဂနီဆီယမ်ခေါ်ဆားခါးကို မဂ္ဂနီစီယမ်မြေသြဇာအနေနဲ့ပဲ အဓိကထားသုံးကြပါတယ်။

အဲဒီမြေသြဇာဟာ ရေမှာ ကောင်း ကောင်းပျော်ဝင်တဲ့အတွက် မြေသြဇာနေနဲ့သာမက အရွက်ဖျန်းမြေသြဇာအနေနဲ့လည်း ကောင်းကောင်းသုံးစွဲကြပါတယ်။

ဆားခါးရဲ့ အခြားထူးခြားတဲ့ ဂုဏ်သတ္တိတွေက အစေ့တွေအညှောင့်ပေါက်တာကို ပိုပြီးကောင်းစေတာ ဖြစ်ပါတယ်။ ဒါကြောင့် မျိုးစေ့တွေအညှောင့်ပေါက်တဲ့အခါ ပိုတက်ဆီယမ်နိုက်ထရိတ်အရည်ထဲ ခနစိမ်ပြီးမှ အညှောက်ပေါက်သလို ဆားခါးကိုသုံးလို့လည်းရပါတယ်။ အစေ့တွေ အညှောက်ပေါက်စေ ရုံမက ပင်ပေါက်ငယ်တွေ ဆက်ပြီး ကြီးထွားဖို့ကိုလည်း အားပေးပါတယ်။

ဆားခါးကို အပင်တွေစိမ်းဖို့အပြင် အဓိကအများလိုအာဟာရတွေဖြစ်တဲ့ N.P.K တွေကို စုပ်ယူဖို့ အတွက်လည်း ပိုပြီးတော့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် N.P.K တွေရဲ့ အာနိသင်ကို လည်းပိုပြီး ကောင်းမွန်စေပါတယ်။

သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေမှာ မြေဆီလွှာအတွင်း မဂ္ဂနီဆီယမ်ချို့တဲ့မှုတွေ ကြုံတွေ့ရပါတယ်။ အပင်တွေ စုပ်ယူစားသုံးဖို့အတွက် ရေမပျော်တဲ့ပမာဏကနေ ရေပျော်အသုံးပြုနိုင်တဲ့ ပမာအထိ မရောက်နိုင်တဲ့အတွက် စိုက်ပျိုးသူတွေအနေနဲ့ ဆားခါးလို မဂ္ဂနီဆီယမ်မြေသြဇာကို သုံးစွဲဖို့လိုပါတယ်။

မဂ္ဂနီဆီယမ်ဆာလ်ဖိတ်မှာ မြေဆီလွှာအတွင်း အချိန်အကြာကြီး ရှိမနေနိုင်ပဲ စိမ့်ယိုပျောက် ကွယ်သွားနိုင်တဲ့အတွက် လိုအပ္တာထက္ပို ပြီးတော့ မသုံးသင့်ပါ။ လိုအပ်တာထက်ပိုပြီးသုံးခဲ့ရင် သီးနှံပင်တွေ မစားသုံးခင် မြေဆီလွှာထဲမှာပဲ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

ငရုတ်စိုက်ပျိုးရေးမှာ အခြားသမရိုးကျမြေသြဇာတွေထက် ဆားခါးကိုသုံးရင် ငရုတ်ပင်ရဲ့အထွက်နှုန်းနဲ့ အရည်အသွေးပိုကောင်းလာပါတယ်။

အိမ်အလှစိုက်ပင်တွေကို ဆားခါးစားပွဲဇွန်း (၂)ဇွန်း (၁၈ဂရမ်) (၁၈ပဲသား)ကို ရေတစ်ဂါလံမှာ ဖျော်ပြီး တစ်လတစ်ကြိမ်ကျေွးဖို့လိုပါတယ်။ ခရမ်းချဉ်ပင်ကို မြေ တစ်စတုရန်းပေမှာ စားပွဲတင်ဇွန်းတစ်ဇွန်းကို (၂)ပတ်တစ်ကြိမ်ကျေွးလို့ရပါတယ်။

ပိုတက်ဆီယမ် မြေသြဇာတွေကို ကာလအတော်အသင့်သုံးခဲ့တဲ့ စိုက်ခင်းမှာ မဂ္ဂနီဆီယမ်ချို့တဲ့မှုတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဆားခါးကို အလေးထားသုံးစွဲရင် မဂ္ဂနီဆီယမ်ချို့တဲ့မှုကို ကာကွယ်နိုင်ပြီး သီးနှံအထွက်နဲ့ အရည်အသွေးတွေကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

နှင်းဆီပင်တွေအတွက် စိုက်ပျိုးမြေ(၁)ပေပတ်လည်မှာ ဆားခါး စားပွဲတင်ဇွန်း(၁)ဇွန်းကို နှစ်ပတ် (၁)ကြိမ် ကျေွးသင့်ပါတယ်။ မြေချမစိုက်ရသေးတဲ့ ပျိုးအိတ်တွေကို ရေတစ်ဂါလံမှာ ဆားခါး စားပွဲတင်ဇွန်း (၁)ဇွန်း ကျေွးပါ။

တောင်ဇလပ်၊အရွက်စိမ်းပင်တွေကို စိုက်ပျိုးမြေ (၉)စတုရန်းပေမှာ ဆားခါး စားပွဲတင်ဇွန်း တစ်ဇွန်းနှုန်းနဲ့ (၂-၄)ပတ်မှာ တစ်ကြိ်မ်ကျေွးဖို့လိုပါတယ်။ မြက်ခင်းတွေကို ၁၂၅၀စတုရန်းပေမှာ ဆားခါး (၃)ပေါင်နှုန်းကျေွးဖို့ လိုပါတယ်။

သစ်ပင်တွေအတွက် စိုက်မြေ တစ်စတုရန်းပေမှာ ဆားခါးစားပွဲတင်ဇွန်း (၂)ဇွန်းနဲ့ တစ်နှစ်ကို (၃)ကြိမ်ကျေွးဖို့လိုပါတယ်။ သစ်ပင်တွေမစိုက်ခင် မြေ ၂၀၀စတုရန်းပေအတွက် ဆားခါး စားပွဲတင်ဇွန်း(၂)ဇွန်းကို ရေဖျော်ပြီး ပက်ဖျန်းထားသင့်ပါတယ်။

ဦးဖရက်သိန်းဖေ

#ရှယ်မြေ #မြေ #စိုက်ပျိုးရေး #စိုက်ပျိုးမြေ #နည်းပညာ

Address

Yangon

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 17:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959777799292

Website

Alerts

Be the first to know and let us send you an email when Novel Potent Myanmar Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Novel Potent Myanmar Co.,Ltd:

Share