07/09/2025
ဆေးကုမှုဆိုင်ရာ အလုံးစုံအာမခံ
အာမခံထားရှိနိုင်သူများ
ကျန်းမာရေးအာမခံထားရှိခွင့်ရှိသူ မည်သူမဆို ကျန်းမာရေးအာမခံ ထားရှိနိုင်ပါသည်။
အာမခံထားနိုင်သော အသက်အရွယ်
အသက် (၃၀) မှ (၆၀) နှစ် (အသက် ၈၀ နှစ်အထိ အာမခံအကာအကွယ်ရရှိမှာဖြစ်ပါသည်။)
တစ်နှစ်တာအကျိုးခံစားခွင့်
နှစ်စဉ်အကာအကွယ်မြန်မာကျပ် ၃၇၅၀၀၀၀ မှ ၁၂၀၀၀၀၀၀၀ အထိရရှိနိုင်ပါတယ်။
ဆေးကုသမှုလိုအပ်ချက်များအတွက် အကာအကွယ်ပေးမဲ့ အဓိကအကျိုးခံစားခွင့်များ
(၁) In-Hospital Care
ဆေးရုံတက်ခြင်းနှင့် ပတ်သက်သည့်ဆေးရုံဆေးခန်းခနှင့် ဆေးရုံစရိတ်၊ အထူးကြပ်မတ်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် တခြားဆက်စပ်ကုန်ကျစရိတ်များ စသည့် ဆေးရုံစရိတ်များပါဝင်ပါတယ်။
(၂) Out-patient Care
ဆေးရုံမတက်မှီဆေးစစ်ခြင်း၊ အရေးပေါ်မတော်တဆမှုကြောင့် ကုသမှုခံယူခြင်း၊ နေ့တစ်ပိုင်းစောင့်ရှောက်မှု၊ ကျောက်ကပ်ဆေးခြင်း၊ ကင်ဆာရောဂါကုသခြင်း စသောစရိတ်များအား ကာကွယ်ပေးပါတယ်။
(၃)မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် အာမခံအကျိုးခံစားခွင့်
မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် ငွေကြေးဆိုင်ရာအကာအကွယ်များ ထောင့်ပံ့ပေးခြင်း
(၄)ကျန်းမာရေးဆုကြေး
အာမခံအကျိုးခံစားခွင့်များမလိုဘဲ ကျန်းမာအောင်နေထိုင်ခြင်းအတွက် ပရီမီယံသက်သာခွင့်ဆုကြေးများရရှိနိုင်ပါတယ်။
(၅) ငွေသားမလို အကျိုးခံစားခွင့်လျှောက်ထားခြင်း
AIA နှင့်ချိတ်ဆက်ထားသော ဆေးရုံများတွင် ဆေးရုံတက်ရောက်ခြင်းနှင့် ဆေးကုသမှုခံယူခြင်းအတွက် ငွေသားမလို ဝန်ဆောင်မှုရယူနိုင်ခြင်း။
(၆)Teladoc Health
Plan 2နှင့်အထက် အာမခံထားသောာ AIA Member များကို နိုင်ငံတကာမှ ဆရာဝန်ကြီးများ (Top Specialists globally 50,000+) နှင့်Teladoc Health Service မှာ ဆေးကုသမှုအကြံဥာဏ်များရယူနိုင်ပါတယ်။ အသုံးပြုသူ 98%ထိ စိတ်ကျေနပ်မှုရရှိထားပါတယ်။
အသေးစိတ်ဆွေးနွေးတိုင်ပင်ပေးပါတယ်။
#အာမခံ
#ကျန်းမာရေးအာမခံ
#အသက်အာမခံ