Chubb Life Myanmar KKA

Chubb Life Myanmar KKA Insurance for a better future

11/08/2023

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု ရှိတယ်။

၁။ ပျော်ရွင်ခြင်း
၂။ ကျန်းမာခြင်း
၃။ မိသားစု
၄။ လွတ်လပ်ခြင်း
၅။ မိတ်ဆွေရှိခြင်း

ဒီ တန်ဖိုးကြီးတဲ့အရာ တွေကို ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်ချက် (၄) ချက်ရှိတယ်။ F.R.E.E လို့အလွယ်တကူ မှတ်နိုင်တယ်။

F ဆိုတာ Finance (ငွေကြေး )ကိုပြောတာ။ ငွေကြေးဆိုတာ အရာတော်တော်များများအတွက် လိုအပ်ချက်ရှိတယ်။ ငွေကြေးနဲ့ကျန်းမာရေးကို ဝယ်လို့မရပေမယ့် ကျန်းမာရေးမကောင်းလို့ငွေမရှိရင် သေဖို့ပဲရှိတယ်။ ပညာရေးအတွက် ငွေလိုတယ်။ စားဝတ်နေရေးအတွက် ငွေလိုတယ်။ နောက်ဆုံးမှာ လူတစ်ယောက်ရဲ့လွတ်လပ်မှုအတွက် ငွေ ဆိုတာလိုအပ်တယ်။

R ဆိုတာ Ritual (နေ့စဉ်လုပ်တဲ့အလုပ်) ကိုပြောတာ။ ကျွန်တော်တို့ဒီနေ့ဖြစ်နေတဲ့အရာအားလုံးနဲ့ ဒီနေ့ရ နေတဲ့အရာအားလုံးက နေ့စဉ်လုပ်တဲ့အကျင့် တွေကနေဖြစ်လာတာ။ အကျင့် ဆိုတာ ဘ၀ ကို ပြဌန်းတယ်။ အကျင့်ကောင်းရင် ဘဝကောင်းတယ်။ အကျင့်မကောင်းရင် ဘ၀ ဆိုးရော။ စဉ်းစားတာတောင် အကျင့် ရှိတယ်။ စိတ်ညစ်စရာတွေကိုပဲ တွေးတတ်တဲ့ အကျင့် ဆိုတာ ရှိတယ်။ အလကားနေရင်းကို စိတ်ညစ်နေတာ.. အဲဒါအကျင့် ကြောင့်ပဲ။ ဒီနေ့ စပြီး .. လုပ်ကျင့် ၊ တွေးကျင့် တွေကို ပြင်ပါ။ အကျင့်ကောင်းအတွက် နေ့စဉ် အလုပ် နဲ့ပျိုးထောင်ပါ။

E ဆိုတာ Energy (အားအင်) ကိုပြောတာ။ ကျန်းမာရေးကောင်းတဲ့လူတစ်ယောက်က အားအင်တွေပြည့်နေတတ်ပြီး ၊ ကျန်းမာရေးမကောင်းရင် အားအင်မရှိ ဘာမှမလုပ်ချင်ဖြစ်နေတတ်တယ်။ အားအင်ဆိုတာ ကျန်းမာရေးတစ်ခုတည်းတော့မဟုတ်ဘူး။ မဖျားတာ ဟာ ကျန်းမာရေးကောင်းတယ်လို့လဲ ပြောလို့မရဘူး။ အားအင်ဆိုတာ ကိုယ်ခန္ခာအားအင် ၊ စိတ်ခန္ခာအားအင်၊ ခံစားမှုအားအင်၊ ယုံကြည်မှု အားအင် ဆိုပြီးတော့ (၄) မျိုးရှိတယ်။ အဲဒီတော့ ကိုယ်ခန္ခာကျန်းမာရေးအတွက်လုပ်ရသလို စိတ်ကျန်းမာရေသန်စွမ်းရေးအတွက်လဲ စာတွေဖတ်ရတယ်။ အဲဒီလိုပဲ ခံစားမှု ကျန်းမာရေးအတွက် လေ့ကျင့်ရသလို၊ ယုံကြည်မှုကျန်းမာရေးအတွက်တည်ဆောက်ရပြန်တယ်။ Energy ဆိုတာ သက်ရှိတွေအားလုံးရဲ့ဖြစ်တည်မှု အကြောင်းရင်းလို့တောင်ပြောလို့ရတယ်။
အားအင်ပြည့်ဖြိုးတက်ကြွနေရင် အလုပ်တစ်ခုက တစ်နာရီ တည်းနဲ့ ပြီးမြောက်နိုင်ပေမယ့် အားအင်မရှိလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေရင် ၂၄ နာရီလဲ မပြီးဖြစ်နေတတ်တယ်။ ဒါကြောင့် ပညာရှင်တွေက အချိန်ကို စီမံခန့်ခွဲမယ့်အစား အားအင် ကို စီမံခန့်ခွဲပါလို့ပြောတာပေါ့။

E ဆိုတာ Empathy ( ကိုယ်ချင်းစာစိတ်) ကိုပြောတာ။ ကိုယ်ချင်းစာတရားကြီးမားတဲ့သူဆိုတာ မိတ်ဆွေပေါများတော့တာပဲ။ ကိုယ်ချင်းစာစိတ်နဲ့မိတ်ဆွေတွေကို ကူညီတယ်၊ ကိုယ်ချင်းစာစိတ်နဲ့မိတ်ဆွေတွေကို ပြောတယ်။ ကိုယ်ချင်းစာစိတ်ရှိတဲ့သူက ကိုယ်ကျင့်တရား ပါကောင်းလာတယ်။ မဟုတ်တာမလုပ်ဘူး၊ မပြောဘူး။ ယုံကြည်ချက်တစ်ခု ခံယူချက်တစ်ခုနဲ့အသက်ရှင်တယ်။

ဒီ FREE ဆိုတဲ့ အချက် (4)ချက် ကို လက်ကိုင်ထားပြိး တန်ဖိုးကြီးတဲ့အရာတွေကို တန်ဖိုးထားတတ်ဖို့လိုတယ်။

ဘဝမှာ တန်ဖိုးကြီးတဲ့အရာ (၅) ခု စလုံးကို တန်ဖိုးထားစေချင်တယ်။

တန်ဖိုးကြီးတာတွေ ကို တန်ဖိုးမထားရင်.. တန်ဖိုးမရှိတာတွေ အတွက် တန်ဖိုးကြီးစွာပေးဆပ်ရလေ့ရှိပါတယ် ။

✅၁။ ပျော်ရွင်စွာနေရခြင်း ကို တန်ဖိုးထားစေချင်ပါတယ်။

✅၂။ ကျန်းမာ နေခြင်း ကို တန်ဖိုးထားစေချင်ပါတယ်။

✅ ၃။ မိသားစု နှင့်အတူရှိနေခြင်းကို တန်ဖိုးထားစေချင်ပါတယ်။

✅ ၄။ လွတ်လပ်ခြင်း ကို တန်ဖိုးထားစေချင်ပါတယ်။

✅ ၅။ မိတ်ဆွေရှိခြင်း ကို တန်ဖိုးထားစေချင်ပါတယ်။

တန်ဖိုး ဆိုတာ မသိ တဲ့ သူတွေအတွက် တန်ဖိုး မရှိပါဘူး။
တန်ဖိုးသိတဲ့သူတွေအတွက်ပဲ တန်ဖိုးဆိုတာ ရှိပါတယ်။

တန်ဖိုးရှိတာသိပြီးရင် တန်ဖိုးကြီးအောင်လုပ်ဖို့ပါပဲ။

ကျွန်တော်လဲ ကြိုးစားနေဆဲပါ။


အားလုံးပဲပျော်ရွင်ကြပါစေ။ ။

Cr မာသင်

26/07/2023

"အာမခံ"ဆိုတဲ့ စကားလုံးကို​တော့ အားလုံးနဲ့ ရင်းနှီး​နေကြမယ်ထင်ပါတယ်။

အသေးစိတ်ရှင်းပြရမယ်ဆိုရင်...
☘️☘️☘️☘️☘️☘️☘️☘️☘️

ဘဝကို နှစ်ပိုင်းပိုင်းကြည့်လို့
❗️ကိုယ်ရှင်သန်နေစဉ်အပိုင်းမှာ လူတယောက်မှာ
မစွမ်းဆောင်နိုင်တဲ့အရာဆိုတာ မရှိဘူး၊ ငွေကြေးလား၊ အောင်မြင်မှုလား ၊ မိသားစုကို နွေးထွေးလုံခြုံမှု အစရှိသဖြင့် ကျမတို့ စွမ်းဆောင်နိုင်ကြပါတယ်

But … သို့ပေမယ့်
❕ကိုယ် မရှိတော့တဲ့အပိုင်းမှာတော့ ကျမလို တာဝန်ကျေချင်တဲ့ မိခင်တယောက်အနေနဲ့ ချစ်ရတဲ့ တစ်ဦးတည်းသော သားတယောက်အတွက်၊ တစ်ဦးတည်းသော အ​မေ့အတွက် စိတ်အေးခဲ့ချင်လို့
UniversalLifeInsurance လို့ခေါ်တဲ့
ဘဝ တသက်တာအာမခံကို စီမံ ထားရှိခြင်းပါ။

ကျန်ရစ်တဲ့ မိသားစုကို ချန်ထားပေးခဲ့နိုင်မယ့် ကျမ အတွက် Peace of Mind၊ ချစ်ခြင်းမေတ္တာတွေပါ 💝

ကိုယ်နေကောင်း ကျန်းမာအသက်ရှည်တယ်ဆိုရင်တော့
အသက် ၆၀ ကျော်ရင် ထည့်ငွေတွေ ပြန်ထုတ်ပြီး
အနေနဲ့ ကြိုတင်စီမံထားတယ်လေ

အာမခံနောက်တစောင်က 💯ကိုယ့်အတွက်ကိုယ်ပါ။ လူရယ်လို့ ဖြစ်လာရင် အိုရမယ်၊ နာရမယ် မဟုတ်လား။
တနေ့ မလွဲမသွေ ကြုံလာရမယ့် ကျန်းမာရေးအတွက်
ကုန်ကျစရိတ်တွေအတွက်လဲ ကြိုတင်စီမံထားပါတယ်။

ဒါကြောင့်…
နေကောင်း ကျန်းမာစဉ်မှာ
ကျန်းမာရေးအာမခံဝယ်ထားပါ

ဘာလို့လဲဆိုရင် ….
ကိုယ်ဆေးရုံတက်ရတော့မှာ သေချာတဲ့ရောဂါတွေ ဖြစ်တော့မှ အာမခံသွားဝယ်ရင် ကုမ္ပဏီက ရောင်းပေးလို့ မရတော့ပါဘူး

ဒီလိုပဲ …
ကိုယ်သက်ရှိထင်ရှားရှိချိန်မှာပဲ
အသက်အာမခံ ထားရှိနိုင်ပါတယ်

အာမခံဆိုတာ …
နောင်တချိန်ဖြစ်လာနိုင်ချေရှိတဲ့ အန္တရာယ်တွေကို မကာကွယ်ပေးနိုင်ပေမယ့် အန္တရာယ်ကြုံလာတဲ့အခါ ဆုံးရှုံးနိုင်ခြေရှိတဲ့ ငွေရေး ကြေးရေး ဆုံးရှုံးမှုကိုတော့ အမှန်တကယ် ကာကွယ်ပေးနိုင်ပါတယ်

အာမခံတွေထားပါလို့ …
ခဏခဏတိုက်တွန်းနေရတာက
ကိုယ့်အတွက် မဟုတ်ဘူးနော်

ယူတို့ အကာအကွယ်ရဖို့
စေတနာနဲ့ တိုက်တွန်းနေရတာပါ ✅

💁‍♀️ကျွန်တို့ အာမခံအကြံပေးသူတွေမှာ
နောင်တ ဆိုတာ ရှိကြတယ် ☹️
စီမံထားရှိဖို့ မပြောလိုက်ရလေခြင်းဆိုတဲ့ နောင်တပါ။ ဒါကြောင့် တိုက်တွန်းဖို့က ကိုယ့်အလုပ် တကယ်ထားရှိဖို့က ယူတို့တာဝန်နော် ❤️

ချစ်ခြင်းအားဖြင့် တိုက်တွန်းအပ်ပါတယ်🤗

ကျန်းမာနေစဉ် ကျန်းမာရေးအာမခံ ထားရှိပါ 🤗

အသက်ရှုနိုင်စဉ်မှာ အသက်အာမခံထားရှိပါ 🤗

ခုပဲ … တိုင်ပင်ဆွေးနွေးနိုင်ပါပြီရှင် 💝

ချစ်ခြင်းများစွာဖြင့် 💜
Kyu Kyu Aung
Financial advisor
[email protected]
09779244244

မိမိလုပ်ငန်းမှာဖြစ်လာနိုင်တဲ့.......Risk......​တွေအတွက်စိတ်ပင်ပန်းမှုများအတွက် Insurance ကို အသုံးပြုပြီး80%ပမာဏလောက်ကို...
24/07/2023

မိမိလုပ်ငန်းမှာဖြစ်လာနိုင်တဲ့.......Risk......​တွေအတွက်

စိတ်ပင်ပန်းမှုများအတွက် Insurance ကို အသုံးပြုပြီး

80%ပမာဏလောက်ကို Risk Transferပြုလုပ်ထားရင်

လုပ်ငန်းလည်ပတ်လုပ်နေရတဲ့ လုပ်ငန်းရှင်အတွက်

စိတ်ပင်ပန်းသက်သာသေးတာပေါ့...😊😊

eg. မိမိလုပ်ငန်း သဘော သဘာဝက

ကား သို့မဟုတ် ဆိုင်ကယ်နဲ့ မြို့ထဲကို Deli ပတ်ပို့ရရင်

Personal Accident လေးနဲ့ကာထားလိုက်

အာမခံယူထားလို့ Riskမဖြစ်တာမဟုတ်ဘူး.....

Risk ဖြစ်များဖြစ်ခဲ့ရင် ငွေကုန်ကြေးကျ သက်သာတာပါ

မိမိဝန်ထမ်းအတွက် လုပ်ငန်းရှင်အနေနဲ့

မိမိအိပ်ကပ်ထဲက ငွေကြေးစိုက်ထုတ်စရာမလိုပဲ

ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက်

ထောက်ပံပေးနိုင်တယ်.......

တစ်နှစ်လုံးမှ ကျပ် 70,000/-

365days နဲ့စားလိုက်ရင်

တစ်ရက် ကျပ်191/- (tea တစ်ခွက်တောင် ks-900/-)

tea တိုက်မည့်ငွေအစား တစ်ရက် အာမခံကြေး ks-200

ကျခံပေးလိုက်......အာမခံသာ ထားပေးလိုက်ပါ.....ကျေးဇူးတင်နေလိမ့်မယ်

ကိုယ့်ဝန်ထမ်း family အတွက် income protection ပါရတာပေါ့.....

#သိပ်ပြင်းထန်လို့ ဆုံးပါးမှုကြုံရရင် မိသားစုက သိန်း100တစ်ပုံထဲ ငွေကြေးအကာအကွယ် ရပါတယ်.....

CHUBB Insurance

လူတစ်​ယောက်သေဆုံးသွားရင် ပြီးတာပဲဆိုတဲ့ စကားက လူတိုင်းအတွက်မမှန်ပါဘူး...အားလုံးသိတဲ့အတိုင်း နေ့စဉ်နဲ့ အမျှ မတော်တဆသေဆုံး...
24/07/2023

လူတစ်​ယောက်သေဆုံးသွားရင် ပြီးတာပဲဆိုတဲ့ စကားက လူတိုင်းအတွက်မမှန်ပါဘူး...

အားလုံးသိတဲ့အတိုင်း နေ့စဉ်နဲ့ အမျှ မတော်တဆသေဆုံးမှုတွေက တက်လာပါတယ်။

သေသွားတဲ့သူတွေရဲ့

🚫သူ့နောက်မှာ စာသင်နေတဲ့ ကလေးတွေရှိမယ်။
🚫သူ့နောက်မှာ မှီခိုနေတဲ့ မိဘတွေရှိမယ်။
🚫သူ့နောက်မှာ မှီခိုနေတဲ့ အိမ်ထောင်ဖက်တွေရှိမယ်။

အဲ့လိုလူတွေအတွက်က သေသွားရုံနဲ့ မပြီးပါဘူး။ နောက်မှာ ဒုက္ခရောက်သွားမဲ့၊ အနာဂါတ်ပျက်သွားမဲ့ ဘဝတွေ အများကြီးရှိပါတယ်။

အဲ့တာတွေကြောင့် အာမခံထားဖို့ တိုက်တွန်းရတာပါ။ ကိုယ့်ရဲ့ အာမခံသွင်းငွေက မိသားစုကို သွင်း​ငွေ ၂ဆ ချန်ထားခဲ့​ပေးနိုင်ပါတယ်​နော်

ကျွန်မတို့ အာမခံအရောင်းကိုယ်စားလှယ်တွေ ပေးလို့ရတဲ့ကတိက မိတ်ဆွေတို့ မိသားစုတွက် စိတ်အေးချမ်းမှုပါ။

စိတ်ပါဝင်စားလိုသူများ join ​ပေးပါ

Kyu Kyu Aung
Financial advisor
09779244244

Life insurance အကြောင်းကို ဆွေးနွေးပြောဆိုကြတဲ့အခါ...တချို့သော မိတ်ဆွေတွေက..."ငါတို့က အသက်အာမခံဝယ်စရာမလိုဘူးလေသားသမီး, ဇ...
24/07/2023

Life insurance အကြောင်းကို ဆွေးနွေးပြောဆိုကြတဲ့အခါ...

တချို့သော မိတ်ဆွေတွေက...
"ငါတို့က အသက်အာမခံဝယ်စရာမလိုဘူးလေ
သားသမီး, ဇနီးမယားလည်းမရှိဘူး
နောက်မှာပူပန်ရမယ့်သူလည်းမရှိဘူး
ကိုယ်သေရင်နောက်လူတွေဖို့ ချန်ထားစရာမလိုဘူး
ဘာလုပ်ဖို့ ထားရမှာလဲ" ဆိုတာမျိုးလဲ ကြုံတွေ့ရပါတယ်။

ဒါဟာ လုံးဝမဟုတ်ပါဘူး။ ❌️❌️❌️

အသက်အာမခံလို့တွေးလိုက်ရင်
"သေမှအလျော်ရမယ်"ဆိုတဲ့ mindsetကို ကျွန်မတို့အရင်ပြုပြင်ရပါမယ်။

အိမ်ထောင်မရှိတဲ့ FAတွေ Singleတွေ, အိမ်ထောင်ရှိပေမယ့် သားသမီးမရှိတဲ့သူတွေလည်း အသက်အာမခံထားဖို့ လိုအပ်ပါတယ်

ဘာဖြစ်လို့လည်းဆိုတော့ 🤔🤔🤔

နေ့စဉ် ကျွန်မတို့ဘဝမှာ လူ့အသက်သေဆုံးပေမယ့်လည်း
(Total Permanent Disability) ထာဝရမသန်စွမ်းဖြစ်သွားခြင်း / လုံးဝအလုပ်လုပ်နိုင်စွမ်းမရှိခြင်းလို့ခေါ်တဲ့
Risk တစ်ခုဟာ အချိန်မရွေးရှိနေနိုင်လို့ပါပဲ။

ကျွန်မတို့ဟာ အခုလက်ရှိမှာတော့ အလုပ်တွေလည်း လုပ်နိုင်တယ်, ဝင်ငွေရှိနေတယ်ဆိုပေမယ့်.....

နောက်၅နှစ်, နောက်၁၀နှစ်မှာတော့ ဘယ်လိုတွေကြုံရလို့ ဘာတွေဖြစ်လာမယ်ဆိုတာကို ဘယ်သူမှကြိုတင်မသိနိုင်ကြပါဘူး

အကယ်၍မိတ်ဆွေသာ ပုံမှန်နေရင်းအကောင်းကြီးကနေ Total Permanent Disability သာဖြစ်ခဲ့ရင် စုငွေရဲ့ 200% ကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်

ဒါဟာ ကြီးမားတဲ့အခွင့်အရေးတစ်ခုလို့ပြောချင်ပါတယ်။

နောက်လူကို မစားစေချင်တာမှန်ပေမယ့် ကိုယ့်ဒုက္ခကိုယ်ရှင်းဖို့ ကိုယ့်အာမခံကိုယ်ဝယ်ထားတဲ့သဘောပါပဲ။

ငွေစုသက်တမ်းပြည့်လို့ တစ်စုံတစ်ရာဘာမှမဖြစ်ခဲ့ဘူးဆိုရင်တော့ ကိုယ့်ရဲ့စုငွေ ၁၀၀% ကိုပြန်လည်ရရှိမှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့အနာဂါတ်အတွက် စနစ်တကျငွေစုရင်း မမြင်နိုင်တဲ့ Risk တွေအတွက် အကာအကွယ်ယူတဲ့ သဘောပါပဲ

ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ နောက်မှာပူပန်ရမဲ့လူမရှိဘူးဆိုရင်လည်း မိမိဘဝအတွက် စိတ်အေးရအောင် မိမိစုနိုင်တဲ့ငွေပမာဏကို နည်းနည်းချင်းဆီ စုဆောင်းနိုင်ပြီး...

မိမိရဲ့အနာဂတ် နောက်၁၀နှစ် နောက်အနှစ်၂၀အထိ ဘဝအတွက်ငွေကြေးအာမခံချက်ရယူနိုင်ပါပြီ။

ကဲ
Single ဖြစ်နေလို့ FA ဖြစ်နေလို့မလိုဘူးဆိုတဲ့လူတွေအတွက် အသက်အာမခံဆိုတာလိုအပ်ပါကြောင်း ရှင်းပြလိုက်ပါတယ်နော်။ 😍😍

24/07/2023

မိသားစုကိုဦးဆောင်နေတဲ့ သားသမီးတွေရဲ့မိဘတိုင်း
🏐🏐🏐🏐🏐🏐🏐🏐🏐🏐🏐🏐🏐🏐🏐🏐

ငွေရှာနိုင်တဲ့ယနေ့အချိန်မှာပဲ 👇

သားသမီး/မိသားစုအတွက်👨‍❤️‍💋‍👨

အချိန်ကျရင် တူးဖော်ယူနိုင်တဲ့

ရွှေအိုးမြုပ်နှံပေးလို့ရပါတယ်💰💰💰

အဲ့အိုးထဲကို နေ့စဥ်လစဥ် ရှာဖွေစုဆောင်းလို့ရတဲ့

ငွေကြေးထဲက လုံးဝမသုံးပဲ ဖယ်ထုတ်နိုင်တဲ့💲💲

မေ့မေ့ပျောက်ပျောက် စုဆောင်းနိုင်တဲ့ 💲💲

အနည်းငယ်သော ပမာဏကို 💲💲

မိသားစုရဲ့ရွှေအိုးထဲ ပုံမှန်ထည့်သွားရုံပါပဲ 💸 ➡ 💰

စုဆောင်းမည့် ကာလတစ်ခုစေ့ရောက်ရင်

တူးဖော်ရယူလိုက်ပါ.......🔑🔑

ရွှေအိုးထဲက​ သင်စုဆောင်းထားသမျှက

သင်ပိုင်ဆိုင်တဲ့ရွှေပါပဲ........💰💰💰

အဲ့ရွှေအိုးလေးက

တူးဖော်ဖို့ ကာလမစေ့ရောက်ခင်

မိသားစုကို ငွေစုဆောင်း​ပေးနေတဲ့ သင့်အတွက်

မှော်ဆန်ဆန်ရွှေအိုးအဖြစ် ပြောင်းလဲပေးမည့်♒♒♒

အချိန်ဆိုတာလည်း အသင့်ရှိနေပါတယ်......⏰

အဲ့အချိန်က⚙ SAD Circle⚙ ပေါ်ပေါက်လာချိန်ပါ

1. S= Sickness🤒🤒🤒

သင်သာကျန်းမာရေး ရွှေအိုးမြှုပ်ထားသူဆိုရင်

နာမကျန်းဖြစ်လို့ဆေးကုသစရိတ်အတွက်မပူပါနဲ့။

သင့်ရဲ့လည်ပတ်ငွေထဲက ထုတ်သုံးစရာမလိုပါဘူး

ရွှေအိုးထဲက သင့်စုငွေထက် အဆသုံးဆယ်ပိုများတဲ့

ရွှေတွေထုတ်ပေးပြီး ဆေးဝါးကုသစေမှာပါ.....

2. A=Accident✈🚢✈🚘✈🛵

ရွှေတစ်ပိဿာစုဆောင်းမည့် ရွှေအိုးမြှုပ်နှံသူက

မမျှော်လင့်ပဲ မတော်တဆမှုကြောင့်

ထာဝစဥ်မသန်စွမ်း( Total Permanent Disability)

ဖြစ်ခဲ့ရပြီး စီးပွားရှာဖွေနိုင်စွမ်း/ ဝင်ငွေ ရှာဖွေနိုင်စွမ်း

လုံးဝမရှိတော့ရင် ......

ရွှေနှစ်ကျပ်ခွဲသားပဲ စုခါစပဲရှိသေးတယ်

ဆိုပေမဲ့ တစ်ပိဿာ​ပြည့်ဖို့ ထပ်စုရမည့်

ရွှေစုဆောင်းနေမှုကို ဆက်မစုခိုင်းတော့ပဲ

သင်အခက်အခဲတွေ့ချိန်မို့

ရွှေအိုးထဲကနေ သင်နှင့် သင့်မိသားစုအတွက်

ရွှေစင်နှစ်ပိဿာ ထုတ်ပေး​ပြီးကာကွယ်ပေးပါလိမ့်မယ်....

3. D=Death😱😱😱

လူတိုင်းလွန်ဆန်မရတဲ့ ယခုလိုအကြောင်းတရားကြုံလို့

သားသမီး မိသားစုကို ခွဲခွာသွားရမယ်ဆိုရင်

ကျန်းမာရေးရွှေအိုးမြှုပ်ထားသူဆိုရင်

မိမိထည့်ဝင်လိုက်တဲ့ပမာဏရဲ့ အဆ 50ကျော်ပမဏကို

ပြန်ပေးပါမယ်.....

ရွှေစုဆောင်းတဲ့အိုးဆိုရင်.....

သင်ကပိဿာ(100) စုမယ်လို့ ရည်ရွယ်ချက်ထား

စုသူဆိုရင် ရွှေပိဿာ(200)ကို သင့်သားသမီး/မိသားစုထံ

ထုတ်ပေးသွားမည့်ရွှေအိုးပါ.....

အနှစ်ချုပ်ရင် SAD Circle မကြုံရလည်း

စုချိန်​စေ့ရောက်သွားလို့ အချိန်ကျရင်

သင့်ပိုင်ဆိုင်မှုပါပဲ.......

သင့်အတွက်ဆုံးရှုံးမှုဆိုတာမရှိပါဘူး.....

❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

တကယ်တော့ လူသားတိုင်းအတွက်

Insuranceက Needs Productမို့

အိမ်ထောင်စုတိုင်းမှာရှိနေသင့်ပါတယ်

❣❣❣❣❣❣❣❣❣💕💕💕💕

ငွေသုံးပစ်လိုက်တာမဟုတ်တဲ့အတွက်

ငွေကြေးကုန်ကျသွားတာမဟုတ်ပါဘူး

ငွေစုဆောင်းနေခြင်းဆိုတာ မျှဝေပါရစေရှင်

💰💰💰💰💰💰💰💰💰💰💰💰💰

ချစ်ခင်လေးစားစွာဖြင့်

KYU KYU AUNG

Financial Advisor

[email protected]

၂၀၁၉၊ ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသည် နိုင်ငံအတွင်း၌ (၁၀၀) ရာခိုင်နှုန်း ပိုင်ဆို...
24/07/2023

၂၀၁၉၊ ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသည် နိုင်ငံအတွင်း၌ (၁၀၀) ရာခိုင်နှုန်း ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီခွဲတစ်ခုကို ဖွဲ့စည်းရန် ကနဦးလိုင်စင်ကိုင်ဆောင်သူ တစ်ဦးအဖြစ် မိမိတို့ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း Chubb မှ ထုတ်ပြန်ကြေညာသည်။
Chubb သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးဆိုင်ရာ အာမခံလုပ်ငန်း တစ်ခုဖြစ်ပါသည်။

Chubb သည် နိုင်ငံနှင့်ဒေသပေါင်း ၅၄ ခုတွင်လည်း စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ တစ်ဆင့်အာမခံ နှင့် အသက်အာမခံ လုပ်ငန်းတို့ကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် လူတန်းစားမျိုးစုံတို့အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အာမခံလုပ်ငန်းကုမ္ပဏီ တစ်ခုအနေဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုအန္တရာယ် များကို မှန်ကန်သောနည်းလမ်းယူဆချက်များ၊ ကျင့်ဝတ်စည်းကမ်းများ အတိုင်း စိစစ်အကဲဖြတ်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါသည်။ အာမခံဝယ်ယူသူတို့၏ ရသင့်ရထိုက်သော အာမခံလျော်ကြေးများကိုလည်း မျှတမှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ မိသားစု တစ်စုချင်းစီနှင့် လုပ်ငန်းအရွယ်အစားအစုံအတွက် အကောင်းဆုံး အာမခံဝန်ဆောင်မှု ပေးနေပါသည်။

စုံလင်သော အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှု များပေးခြင်း၊ ကွန်ရက်ကျယ်ပြန့်ခြင်း၊ ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိခြင်း၊ ဒေသအလိုက်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း နှင့် ကမ္ဘာ့တစ်ဝန်း ဖြန့်ကျက်ထားနိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများသည် Chubb ၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ ကုမ္ပဏီသည် နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းများ၊ အလတ်စားနှင့် အသေးစား လုပ်ငန်းများအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ နှင့် Risk Engineering services များကိုလည်းကောင်း၊ ချမ်းသာကြွယ်ဝသောသူတို့၏ ပိုင်ဆိုင်မှုပစ္စည်းများအား အာမခံပေးခြင်း၊ အသက်အာမခံ၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ အိုးအိမ်၊ ကားနှင့် အထူးသီးသန့် ပုဂ္ဂလိကအာမခံဝန်ဆောင်မှုများကို ဝယ်ယူသည့် တစ်ဦးချင်း လူပုဂ္ဂိုလ်များကို လည်းကောင်း၊ ၎င်းတို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များအတွက် မတော်တဆထိခိုက်မှု၊ ကျန်းမာရေး အာမခံအစီအစဉ်များနှင့် အသက်အာမခံများကို ပေးအပ်ရန် (သို့) ကမ်းလှမ်းသည့် ကုမ္ပဏီများနှင့် ယင်းတို့နှင့်ဆက်စပ်သည့် အဖွဲ့အစည်းများကို လည်းကောင်း၊ တစ်ဆင့်အာမခံများ ထားရှိခြင်းဖြင့် ငွေကြေးဆုံးရှုံးမှု အန္တရာယ်များကို ကာကွယ်ရန် စီမံဆောင်ရွက်သည့် အာမခံလုပ်ငန်း လုပ်ကိုင်သူများကိုလည်းကောင်း ဝန်ဆောင်မှုပေးသည်။

Chubb သည် ပိုင်ဆိုင်မှုပစ္စည်းတန်ဖိုး အမေရိကန် ဒေါ်လာ ၁၆၇ ဘီလျံကြွယ်ဝပြီး Chubb ၏ ၂ဝ၁၈ ခုနှစ်အစီရင်ခံစာအရ စုစုပေါင်း အာမခံပရီမီယံကြေးမှာ အမေရိကန် ဒေါ်လာ ၃၈ ဘီလျံအထိရှိသည်ဟု ဖော်ပြပြီးဖြစ်သည်။ Chubb ၏ အဓိက လုပ်ငန်း ဆောင်ရွက်လျက်ရှိသော အာမခံ ကုမ္ပဏီများသည် ဘဏ္ဍာရေး တောင့်တင်းမှု အဆင့်သတ်မှတ်ချက်တွင် Standard & Poor's ၌ AA အဆင့်နှင့် A.M.Best ၌ A++ အဆင့်ကို ထိန်းသိမ်း ထားရှိသည်

Chubb၏ မိခင်ကုမ္ပဏီဖြစ်သော Chubb Limited သည် နယူးယောက်စတော့ခ် အိတ်စ်ချိန်းတွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီ (S&P 500) စာရင်းတွင်လည်း ပါဝင်ပါသည်။
Chubb သည် ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၃၃ဝဝဝ ဝန်းကျင်ဖြင့် စီမံခန့်ခွဲရေး ရုံးဌာနများ ဖွင့်လှစ်ထားရှိပါသည်။

Address

Hlaing, Township
Yangon

Telephone

+959779244244

Website

Alerts

Be the first to know and let us send you an email when Chubb Life Myanmar KKA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chubb Life Myanmar KKA:

Share