Noble Insurance Free Services

Noble Insurance Free Services လူကြီးမင်းထားရှိလိုသော အာမခံဆိုင်ရ အာမခံဆိုင်ရာကိစ္စရပ်များအား အလျှင်မြန်ဆုံးဆောင်ရွက်ပေးရန်အတွက် Noble Insurance က သင်နှင့်အတူအသင့်ရှိနေမှာ ဖြစ်ပါတယ်။

03/10/2021

"FNI လျော်ကြေးဝန်ဆောင်မှုအတွက် Claims Hotline နံပါတ်အသစ် မိတ်ဆက်ခြင်း"

FNI ၏ မိတ်ဟောင်းမိတ်သစ်များအနေဖြင့် အာမခံလုပ်ငန်းဆိုင်ရာ လျော်ကြေးပေါ်ပေါက်မှုများရှိပါက ယနေ့ (၁.၁၀.၂၀၂၁) မှစတင်ကာ (၂၄ နာရီ/ ၇ ရက်) (ပိတ်ရက်မရှိ) ဆက်သွယ်နိုင်ရန်အတွက် Claims Service နံပါတ်အသစ်ဖြစ်တဲ့ “𝗖𝗹𝗮𝗶𝗺𝘀 𝗛𝗼𝘁𝗹𝗶𝗻𝗲 - 𝟬𝟵𝟵𝟰𝟬𝟳𝟳𝟳𝟴𝟴𝟴” ကို မိတ်ဆက်အသိပေးအပ်ပါသည်။

အာမခံအကြောင်းသိလိုသမျှမေးမြန်းနိုင်ရန်အတွက် ယခင်အတိုင်း “FNI Call Center – 019010900” သို့ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါသည်။


30/07/2021
05/07/2021

Credit ကိုတင်
လက်ရှိ ‌ကားအာမခံ (အလုံးစုံမော်တော်ယာဉ်အာမခံ) သိထားသင့်တဲ့ အခြေအနေ။

📌 အာမခံလျော်ကြေးငွေ တောင်းရင် ကြာလား။

အာမခံက ချိတ်ဆက်ထားတဲ့ ၀ပ်ရှော့မှာ ပြင်ဆင်မယ်ဆိုရင်တော့ မိမိစိတ်ကြိုက် ၀ပ်ရှော့မှာထက် အချိန်နည်းနည်း ပိုပေးရနိုင်ပါတယ်။

ကိုယ့်စိတ်ကြိုက်၀ပ်ရှော့မှာ ပြင်ပြီး
ဘောက်ချာနဲ့ လျော်ကြေးငွေ ပြန်တင်တောင်းမယ်ဆိုရင်တော့

အာမခံဆိုရင်
ဘောက်ချာတင်သည့်နေ့မှစ၍ အနည်းဆုံး (၂) လ။
ဖုန်းခဏခဏ မဆက်ရင်အချိန် မခန့်မှန်းနိုင်။ ကြာနိုင်ပါတယ်။
ငွေသား ထုတ်မပေးပါ။
ဘဏ်အကောင့်ဖြင့်သာ ပေးချေပါသည်။


ဘောက်ချာတင်ပြီး အာမခံလျော်ကြေး (၄၀) ရက်ခန့် အများဆုံးကြာနိုင်ပါသည်။ ဖုန်းတော့
ခဏ ခဏ ဆက်ပါ။
ဘဏ်အကောင့်ဖြင့် ပေးချေပါတယ်။

insurance
ဘောက်ချာတင်ပြီး (၁) လခန့် ကြာနိုင်ပါတယ်။
အာမခံထဲမှာ လက်ရှိလျော်ကြေး အမြန်ဆုံးလို့ ပြောနိုင်ပါတယ်။
ဖုန်းခဏခဏ ဆက်ရန်မှာ မိမိတာ၀န်ဖြစ်ကြောင်း မှတ်ယူထားပါ။
နောင် ဘယ်လို ဖြစ်လာမလဲ မသိပါ။

#ရဲစခန်းထောက်ခံစာ
အာမခံများအ‌နေဖြင့် တစ်ဖက်ယာဉ်နှင့် လျော်ကြေးကိစ္စ ပေါ်ပေါက်လျင်သော်လည်းကောင်း၊
ကား/ကားပစ္စည်း အခိုးခံရလျင်သော်လည်းကောင်း၊
သူတစ်ပါးဖျက်ဆီးခြင်းခံရလျင်သော်လည်းကောင်း၊
မိမိယာဉ်တစ်စီးတည်းဖြစ်သော်လည်း ပျက်စီးမှု များရင်သော်လည်းကောင်း၊
မိမိကားအား တိုက်ပြီး ထွက်ပြေးသွားခဲ့လျင်သော်လည်းကောင်း
သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံစာကို အာမခံထားသူမှ ယူပေးမှသာ လျော်ကြေးကိစ္စများ အဆင်ပြေချောမွေ့မည် ဖြစ်ပါသည်။

ခြွင်းချက်အနေဖြင့် အခြေအနေပေါ်မူတည်ကာ ရဲစခန်းထောက်ခံစာ မတောင်းသည်များလည်း ရှိပါသည်။

ယာဉ်လိုင်စင်များနှင့် ပတ်သက်၍
လက်ရှိ ကညန မှ ထုတ်ပြန်ထားသည့်
ကင်းလွတ်ခွင့် ကာလအတိုင်းသာ
အာမခံ လျော်ကြေး အကျုံး၀င်မည် ဖြစ်ပါသည်။

ယာဉ်မောင်လိုင်စင်များအနေဖြင့်လည်း ကညနများ စတင်ပိတ်သည့် ကာလအတွင်း သက်တမ်းကျော်ခဲ့သူများသာ အဆင်ပြေပါသည်။

ဘတ္တရီ ပျောက်ဆုံးခြင်းများအတွက်
GGI အာမခံမှ တန်ဘိုး၏ ၇၀% ပေးလျော်ပါသည်။
FNI အာမခံသည် YBS ယာဉ်အချို့ကို
ဘတ္တရီ အာမခံ မပေးပါ။
GGI FNI အာမခံများတွင် လက်ရှိအခြေအနေ၌ စစ်ဘေး အကာအကွယ် ၀ယ်ယူ၍ မရပါ။
#သိသလောက်_Young_တွင်_ရပါသည်။

အချို့ မိတ်ဆွေတို့၏ အမေးအများဆုံး မေးခွန်းတွေဖြစ်တဲ့

လက်ရှိအခြေအနေမှာ
📌သွားရင်း လာရင်း မတော်တဆ ဗုံးကွဲရင်
📌ရပ်ထားတဲ့နား ဗုံးခွဲခံရရင်
📌 အစုအဖွဲ့ တခုခုက အကြမ်းဖက်
ဖျက်ဆီးခံရလျင်
📌သေနတ်ဖြင့် အပစ်ခံရရင်
အာမခံက အလျော်ရပါသလား။

မိမိအနေဖြင့် အဆိုပါမေးခွန်းများကို
အာမခံလုပ်ငန်း တာ၀န်ရှိသူများထံ မေးမြန်းခဲ့သော်လည်း တိကျလုံလောက်သည့် အဖြေမျိုး မရရှိပါ။ ဖြစ်စဉ်အပေါ် မူတည်၍သာ လျော်ကြေးပေးချေမှုကို စဉ်းစားဆုံးဖြတ်မည်ဖြစ်ကြောင်း ယေဘူယျဆန်ဆန်အဖြေမျိုးသာ ရရှိခဲ့ပါသည်။

အာမခံ ထားထားပြီး အကာအကွယ်အစုံ ၀ယ်ထားသူများအဖို့ လျော်ကြေးရရန် ရာနှုန်းပြည့် မကျိန်းသေ သော်လည်း များသောအားဖြင့်
အာမခံများက အဆင်ပြေအောင် ဆောင်ရွက်ပေးလိမ့်မည်ဟု ယူဆရပါသည်။

မိမိအနေဖြင့်
အာမခံထားတာ ကောင်းလား ထားသင့်လားလို့ မေးလာခဲ့ရင်။
မထားတာထက်စာရင် အာမခံ ထားထားတာကောင်းပါသည်။

မည်သည့် စီးပွားရေးမဆို ခိုင်မာမှု ရှိခြင်း/မရှိခြင်း သည် တိုင်းပြည်တစ်ပြည်၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အပေါ်တွင် ရာနှုန်းပြည့် တည်မှီပါသည်။

ထို့ကြောင့် လက်ရှိအချိန် မိမိတို့ အခြေအနေပေါ်မူတည်ပြီး ယခင်ထက်ပိုမိုစဉ်းစားချင့်ချိန်ကာ ဆောင်ရွက်ဘို့လည်း အကြံပြုပါရစေ။

Credit ကိုတင် #အာမခံ ကိုယ်စားလှယ်
Copy from BEST Insurance Service Group

Credit  #
22/01/2021

Credit #

Credit #
21/01/2021

Credit #

AYA SOMPO အာမခံ၏ အာမခံကိုယ်စားလှယ်သင်တန်း ဖွင့်လှစ်ကြောင်း ကြေငြာခြင်း

အာမခံဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အာမခံဆိုင်ရာအသိပညာမျှဝေခြင်းများကို AYA SOMPO အာမခံကုမ္ပဏီ အနေဖြင့် အစဥ်တစိုက်ဆောင်ရွက်လျက်ရှိသည်နှင့်အညီ ယခုအခါ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ဦးစီးရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် AYA SOMPO Agent Training Center ကို (၂၀.၁.၂၀၂၁) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

AYA SOMPO Agent Training Center ကို သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ခြင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ နှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အာမခံဆိုင်ရာ အသိပညာများ မျှဝေသွားမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုသည်များကို Call center - 09 777 100 555 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

AYA SOMPO Insurance - Your Partner for Life

01/12/2020

******************



Unicode ......
အိမ်နီးချင်းနိုင်ငံတွေရဲ့ သီးနှံအာမခံစနစ်များ
******************
အိမ်နီးချင်းနိုင်ငံအများစုသည် အစိုးရက အာမခံဥပဒေများပြဋ္ဌာန်းပြီး ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍စိုက်ပျိုးရေးဆိုင်ရာ အာမခံလုပ်ငန်းများကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ အိမ်နီးချင်းနိုင်ငံများ၏ သီးနှံအာမခံလုပ်ငန်းဆောင်ရွက်မှု အခြေအနေအချို့ကို ပြည်သူ့လွှတ်တော်

ဖိလစ်ပိုင်၏ ကောက်ပဲသီးနှံအာမခံကော်ပိုရေးရှင်း
ဖိလစ်ပိုင်နိုင်ငံသည် ၁၉၇၈ ခုနှစ်ကတည်းက ကောက်ပဲသီးနှံအာမခံဥပဒေကို ထုတ်ပြန်ပြန်းခဲ့ပါသည်။ ကောက်ပဲသီးနှံ အာမခံလုပ်ငန်းကို အစိုးရကထိန်းချုပ်ထားပြီး စိုက်ပျိုးရေး ဆိုင်ရာပုဂ္ဂလိက အာမခံ အဖွဲ့အစည်း များစွာတို့ဖြင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိပါသည်။ ဖိလစ်ပိုင်သီးနှံ အာမခံ ကော်ပိုရေးရှင်း၏ အဓိကရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
• သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ပေးရန်၊
• အင်းဆက်ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်ပေးရန်၊
• လယ်ယာစက်ပစ္စည်းများနှင့် ကိရိယာများအာမခံထားရှိရန်၊
• တိရိစ္ဆာန်များဖျက်ဆီးခြင်းမှ ကာကွယ်ပေးရန်၊
• ရာသီဥတုဖောက်ပြန်မှုကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးရန်၊
• လယ်ယာထွက်ကုန်သယ်ယူပို့ဆောင်ရေးနှင့် လယ်ယာဆက်စပ် အဆောက်အဦ များအားအကာအကွယ်ပေးရန် စသည်တို့ဖြစ်ပါသည်။
တောင်သူလယ်သမားများနှင့် အာမခံလုပ်ငန်းဆောင်ရွက်နေသည့် ပုဂ္ဂလိက အဖွဲ့အစည်း များတို့ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်အစိုးရမှကူညီ ထိန်းညှိပေးလျက်ရှိသည်။

ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးအာမခံလုပ်ငန်း
ထိုင်းနိုင်ငံသည် ကောက်ပဲသီးနှံ အာမခံလုပ်ငန်းကို ၁၉၇၈ မှ ၁၉၉၀ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ဝါဂွမ်း၊ ပြောင်း၊ ပဲပိစပ်သီးနှံများကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။ သီးနှံအာမခံ လုပ်ငန်းသည် စည်းမျဉ်းစည်းကမ်းများဖြင့် ကုန်ကျစရိတ်ကို အနည်း ဆုံးဖြစ်အောင် ဆောင်ရွက် ခြင်းဖြစ်ပါသည်။
အာမခံဌာနသည် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးသည့်သီးနှံများ၏အမည်များကိုလ သတ်မှတ်ပေးခြင်း၊ ထုတ်ပြန်ကြေငြာပေးခြင်းများ ပြုလုပ်ပေးပါသည်။ ၂၀၀၇ ခုနှစ်တွင် စိုက်ပျိုးရေးအာမခံလုပ်ငန်းကိုစတင်ဆောင်ရွက်ရာ လယ်သမား(၃၅)ယောက်၏လယ်ယာ (၁၅၄) ဟက်တာကို ကာကွယ်ပေးနိုင်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင်ပိုမို ကျယ်ပြန့်လာပြီး လယ်သမား (၅၅၆) ယောက်၏လယ်ယာမြေ (၆၃၀) ဟတ်တာကို ကာကွယ်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၌ Weather Index Insurance for Agriculture (WIIA) ကုမ္ပဏီမှချေးငွေကို (၁၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းထိ ထုတ်ချေးပေးပါသည်။ လယ်သမားများအနေဖြင့် အာမခံကြေးနှင့် အတိုးပမာဏကို ဆန်စပါး အထွက်နှုန်းပေါ်မူတည်၍ အချိုးကျ ပေးသွင်းရပါသည်။
ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဆုံးရှုံးမှုများအတွက် လယ်သမားများကို လျော်ကြေးပေးခြင်းစနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။နှစ်စဉ်ရာသီဥတုအလိုက်အာမခံစနစ်ကိုလည်းပြောင်းလဲ၍ဆောင်ရွက်လျက်ရှိပါသည်။
တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးအာမခံ
တရုတ်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးအာမခံထားခြင်းကို လုပ်ကိုင်ဆောင် ရွက်လျက်ရှိပါသည်။ ၁၉၉၈ ခုနှစ်တွင်နိုင်ငံ၏အဆိုးရွားဆုံး ရေကြီးမှုကြီးဖြစ်ပွားခဲ့ပြီး ယင်း ရေကြီးမှုကြောင့် ယွမ်(၁၆၆.၀၆) ဘီလီယံဆုံးရှုံးခဲ့ပါသည်။ သို့သော်လည်း စိုက်ပျိုးရေးအာမခံ ထားရှိခြင်းကြောင့် လျော်ကြေးကို ယွမ်(၁၀၀)ဘီလီယံထက်မနည်းရရှိခဲ့ပါသည်။ စိုက်ပျိုးတောင် သူများသည် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများကိုအာမခံလျော်ကြေးမှပြန်လည်ရရှိနိုင် ခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးအာမခံချက်များ
အိန္ဒိယနိုင်ငံတွင် ၁၉၇၂ ခုနှစ်မှ စတင်၍ သီးနှံအာမခံထားရှိမှုကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ ကြပါသည်။ အိန္ဒိယအစိုးရသည် ၁၉၇၉ ခုနှစ်ကတည်းကပင် “သီးနှံဖြစ်ထွန်းမှု အညွှန်းကိန်း” အစီ အစဉ်ဖြင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးကို ရည်ရွယ်၍ အာမခံများ ထားရှိရန် ဆောင် ရွက်ခဲ့ခြင်းဖြစ် ပါသည်။
၁၉၈၅ ခုနှစ်တွင် သီးနှံအာမခံထားရှိမှုစီမံချက်အား အိန္ဒိယနိုင်ငံရှိ အထွထွေအာမခံ ကော်ပိုရေးရှင်းစနစ်ကျင့်သုံးနေသည့် ပြည်နယ် (၁၆) ခုနှင့် သမဂ္ဂအဖွဲ့အစည်းနှစ်ခုတို့ကို စတင် မိတ်ဆက်ခဲ့ပါသည်။ ၎င်းတို့၏အမျိုးသားသီးနှံ အာမခံစီမံချက်တွင် ရည်ရွယ်ချက်အဆင့်(၃)ဆင့် ကိုအောက်ပါ အတိုင်းခွဲခြားထားပါသည်-
• သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် လယ်သမားများအား ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှု ပေးရန်၊
• နောင်လာမည့် စိုက်ပျိုးရေးရာသီတွင် လယ်သမားများအား ပျက်စီးဆုံးရှုံးသည့် သီးနှံများအတွက် သင့်တင့်သည့် ငွေကြေးများဖြင့် သီးနှံများ ပြန်လည်သိုလှောင်ထား ရှိနိုင်ရန်၊
• ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံများ ထွက်နှုန်းကောင်းမွန်ရန်အတွက် ထောက်ပံ့မှု များ ပေးဆောင်ရန် စသည်တို့ဖြစ်ပါသည်။

  Insurance
23/11/2020

Insurance

👍🏻👍🏻👍🏻
13/11/2020

👍🏻👍🏻👍🏻

Health Insurance for Covid 19  Insurance
10/11/2020

Health Insurance for Covid 19
Insurance

Address

Hlaing Thar Yar Township
Yangon

Alerts

Be the first to know and let us send you an email when Noble Insurance Free Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Noble Insurance Free Services:

Share