20/01/2023
🌿 🌿 🌿
မိမိတို့တိုင်းပြည်မှာ
သဘော်သားဖြစ်စေ
နိုင်ငံရပ်ခြားမှာအလုပ်လုပ်ကိုင်သူဖြစ်စေ အများစုက
မိသားစုမှာ အဓိကဝင်ငွေရှာသူများပါ
ဒီလူတွေ တစုံတခုဖြစ်လို့
ဝင်ငွေလမ်းကြောင်းရပ်တန့်သွားရင်
မိသားစုလိုက် ငွေကြေးအကြပ်အတည်းရင်ဆိုင်ကြရတတ်ပါတယ်
ဒါကြောင့် နိုင်ငံတကာကုမ္ပဏီကြီးတွေက
ဒီလိုဖြစ်တဲ့အချိန် ကျန်ရစ်တဲ့မိသားစုနောင်ရေး
အတိုင်းအတာတစ်ခုထိစိတ်ချရအောင်
လူမှုဖူလုံရေးထည့်ဝင်ကြေးတွေ
အသက်အာမခံတွေ မထားမဖြစ် ထားရှိကြရပါတယ်
☂️ 🛡️ ⛑️
ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးသောမြန်မာခုနစ်ဦးအတွက် လျော်ကြေး ဘတ်ငါးသန်းခွဲကျော်ရ
Dawei Watch| ဇန်နဝါရီ ၂၀
ထိုင်းနိုင်ငံ မဲကလောင်ဆိပ်ကမ်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမား ခုနစ်ဦးအတွက် အာမခံနစ်နာကြေးငွေ ဘတ်ငါးသန်းခုနစ်သိန်းကျော် ပေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
သေဆုံးသွားသည့် အလုပ်သမားများနှင့် ထိခိုက်ဒဏ်ရာရသူတို့၏ မိသားစုဝင်များထံ ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများက လျော်ကြေးငွေကို ဇန်နဝါရီလ ၁၉ ရက်တွင် ပေးအပ်လိုက်ကြောင်း ရေးသားထားသည်။
စမွတ်စွန်ခရမ်ခရိုင် ပက်စမုတ်ဘုန်းကြီးကျောင်းတွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
လောင်စာဆီတင်သင်္ဘောသည် စမွတ်စွန်ခရမ်ခရိုင် မောင်ဒေသ မဲကလောင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတွင် ပြုပြင်ထိန်းသိမ်းရန် ရပ်နားထားထားစဉ် ဇန်နဝါရီလ ၁၇ ရက်က ပေါက်ကွဲမီးလောင်ခဲ့သဖြင့် မြန်မာအလုပ်သမား ခုနစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
သေဆုံးသွားသော မြန်မာအလုပ်သမားများမှာ ကိုပိုက်ထွေး၊ ကိုဝင်းဘို၊ ကိုသီဟ၊ ကိုဇော်မင်းလွင်၊ ကိုတင်ဝင်း၊ ကိုကိုဖြိုးနှင့် ကိုနိုင်ဝင်းတို့ဖြစ်ကြသည်။
သေဆုံးသူများအတွက် အသုဘအသုံးစရိတ်အနေဖြင့် တစ်ဦးလျှင် ဘတ် ၅၀၀၀၀ စီ၊ ပင်စင်နစ်နာကြေး အတွက် တစ်ဦးလျှင် ဘတ် ၃၀၀၀ မှ ၉၀၀၀ အထိ နှင့် လူမှုဖူလုံရေး အသက်သေဆုံးမှုအတွက် တစ်ဦးလျှင် ဘတ် ၇၇၀၉၅၂ ဘတ်တို့ ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။
သေဆုံးသွားသော မြန်မာအလုပ်သမားတစ်ဦးစီအတွက် ဘတ် ၈၂၀၀၀၀ ကျော် (ကျပ်သိန်း ၇၀၀ နီးပါး) ကို မိသားစုဝင်များထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများအတွက် ဆေးကုသမှုခံယူနေသောအချိန်အတွင်း လစာ၏ ၇၀ ရာခိုင်နှုန်းကို တစ်နှစ်အထိ ခံစားခွင့်ပြုမည်ဖြစ်ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူများအတွက် နစ်နာကြေး လက်ရှိလုပ်အားခ၏ ၁၀ နှစ်စာကို ပေးအပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူ၏ ပြောကြားချက်ကို ဖော်ပြသည်။
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင် အလုပ်လုပ်ကိုင်စေလိုပြီး လုပ်ငန်းခွင်ထိခိုက်မှု၊ အသက် သေဆုံးမှုများ ဖြစ်ပေါ်လာပါက အာမခံနစ်နာကြေး ရပိုင်ခွင့် ခံစားပိုင်ခွင့်များကို အလုပ်သမားများ ရရှိစေလိုသည်ဟုလည်း ပြောဆိုကြောင်း ဆက်လက်ဖော်ပြသည်။
Ref: Matichon Online, Thairath, Thai Post
Dawei Watch ရဲ့ သတင်းတွေကို
Instagram > https://www.instagram.com/dawei_watch/
Telegram > https://t.me/daweiwatch/
Website > http://www.daweiwatch.com/2023/01/20/news/50357/
တို့တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။