အောင်ပြီဟေ့ ဖယောင်းတိုင်၊အမွှေးတိုင်

  • Home
  • Myanmar
  • Yangon
  • အောင်ပြီဟေ့ ဖယောင်းတိုင်၊အမွှေးတိုင်

အောင်ပြီဟေ့ ဖယောင်းတိုင်၊အမွှေးတိုင် အောင်ပြီဟေ့ ဖယောင်းတိုင်၊အမွှေးတိုင်စက်ရုံပင်ရင်း
ဖုန်း- 09 550 2166, 09 550 1606,
09 799 496 496

ဘဝသံသရာ ခရီးတ​​လျှောက် ​အောင်မြင်နိုင်​စေရန်
​အောင်ပြီ​ဟေ့ ဖ​ယောင်းတိုင်၊အ​မွှေးတိုင် ကိုထွန်းညှိပူ​ဇော်ကြပါစို့။

🙏 တန်ဆောင်မုန်းလပြည့်နေ့🙏သာသနာနှစ် ၂၅၆၅ ခု၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မှာကျရောက်သော တန်ဆောင်မုန်းလပြည့်​နေ့ တွင် မြန်မာ...
17/11/2021

🙏 တန်ဆောင်မုန်းလပြည့်နေ့🙏
သာသနာနှစ် ၂၅၆၅ ခု၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မှာကျရောက်သော တန်ဆောင်မုန်းလပြည့်​နေ့ တွင် မြန်မာပြည်သူ/ ပြည်သားအပေါင်း စိတ်သွားတိုင်းကိုယ်ပါ၍ လိုအင်ဆန္ဒတွေပြည့်စုံပြီး ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ​🕯"အောင်ပြီ​ဟေ့ ဖ​ယောင်းတိုင်၊အ​မွှေးတိုင် "🕯မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျာ။

👉ဖ​ယောင်းတိုင် ဆိုဒ်စုံ ​အတိုင် အကြီး အလတ် အ​သေး ရောင်စုံကာလာ များ ရရှိနိုင်ပါပြီ​နော်....
"​အောင်ပြီ​ဟေ့" ​ရောင်စုံ ဖ​ယောင်းတိုင်များ ဖြင့်
ပူ​ဇော် ကုသိုလ် ယူနိုင်ကြပါ စေ.....🙏🙏🙏
ဖုန်း 📞၀၉-၇၉၉ ၄၉၆ ၄၉၆
📞၀၉-၅၅၀ ၂၁၆၆
📞၀၉-၅၅၀ ၁၆၀၆
🌟ဘဝသံသရာ ခရီးတလျှောက် အောင်မြင်ကြစေရန်
"အောင်ပြီဟေ့" အမွှေးတိုင် ဖယောင်းတိုင် ကို ထွန်းညှိ
ပူဇော်ကြပါစို့။🌟
#တန်ဆောင်မုန်းလပြည့်နေ့

03/11/2021
လူဖြစ်လာလျှင် လူတိုင်း လူတိုင်း ပြုလုပ်အားထုတ်ဆည်းပူးသင့်သည့် ကုသိုလ် (၁၀)မျိုး(တစ်နည်း) ပုညကြိယာဝတ္ထု ဆယ်ပါး) *********...
20/10/2021

လူဖြစ်လာလျှင် လူတိုင်း လူတိုင်း ပြုလုပ်အားထုတ်
ဆည်းပူးသင့်သည့် ကုသိုလ် (၁၀)မျိုး

(တစ်နည်း) ပုညကြိယာဝတ္ထု ဆယ်ပါး) ***********************************

ဓမ္မမိတ်ဆွေသူတော်စင်တို့အား မိမိစိတ် အစဉ်ကို ဖြူစင်သန့်ရှင်း စေတတ်သော တရားများ ( ပါဠိလို - “ပုည” ၊ မြန်မာလို “ ကောင်းမှု=ကောင်းသောအမှု ဟုခေါ်သော ) ပုညကြိယာဝတ္ထု (၁၀) ပါးအား တင်ပြလိုက်ပါသည်။

(၁) ဒါန

(၂) သီလ

(၃) ဘာဝနာ

(၄) အပစာယန

(၅) ဝေယျာဝစ္စ

(၆) ပတ်တိဒါန

(၇) ပတ္တာနုမောဒန

(၈) ဓမၼႆဝန

(၉) ဓမ္မဒေသနာ

(၁၀) ဒိဋ္ဌိဇုကမ္မ

တို့ဖြစ်သည်။

ပုညကြိယာ (၁၀) ပါး ကိုလေ့လာပြီးနောက် မိမိသည် နေ့စဉ် ပုည ကြိယာ ဘယ်နှစ်ပါး နှင့် ပြည့်စုံနေသလဲ ဆိုတာ ကို စစ်ဆေးရင်း မိမိကို ကိုယ် ကြည်ညို နိုင်ကြပါစေ။

(၁) ဒါန

စွန့်ကြဲပေးကမ်းလှူဒါန်းမှု ကို ဒါန ဟုခေါ်သည်။
ဒါနသည် စေတနာ ဒါန ၊ ဝတ္ထုဒါန ဟူ၍ နှစ်မျိုး ရှိသည်။

ဆွမ်း ၊ သင်္ကန်း ၊ ဆေး ၊ ကျောင်း စသည် တို့သည် ဝတ္ထုဒါန မည်၏။ ထိုဝတ္ထုများ လှူ ဒါန်းနေသော အခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့သည် ဖြစ်ပေါ်နေ၏။ ထိုစေတနာ ကို စေတနာ ဒါန ဟုခေါ်သည်။

နောက်ဘဝ သံသရာ တွင် အကျိုးပေး ရာ၌ ဆွမ်း ၊ သင်္ကန်း ၊ကျောင်း စသော ဝတ္ထု များက အကျိုးပေးကြသည် မဟုတ်ဘဲ အတွင်း သန္တာန်၌ ဖြစ်ကြသော စေတနာ ဒါန ကသာ
အကျိုးပေးကြသည်။

လှူဖွယ်ဝတ္ထု ဒါနစုမှာ စေတနာ ဖြစ်ဖို့ ရာ အာရုံတွေသာတည်း။ သို့ရာတွင် လှူဖွယ်ဝတ္ထု နှင့် အလှူ ခံ ပုဂ္ဂိုလ် က မွန်မြတ်လျင်လည်း စေတနာသည် မွန်မွန်မြတ်မြတ် ဖြစ်တတ်သည်။

(၂) သီလ

သီလသည် ဒါနထက်မြတ်သည် ဟု ပြောကြလျှင် ထိုစကားကို လက်ခံဖို့ ရာ ခဲယဉ်းကြတတ်၏။ ဒါနအလုပ် နှင့် သီလ အလုပ် နှစ်မျိုးတွင် ဒါနသည် သူတပါး ချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလသည် သူတပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်သည်။

ဤနေရာဝယ် သူတပါးက တစုံတရာ ပေး၍ စိတ်ချမ်းသာနေသူတစ်ယောက်နှင့် အသတ်ခံရမည့် ဆဲဆဲမှ လွတ်လာ၍ စိတ်ချမ်းသာ သူတစ်ယောက်၏ စိတ်ချမ်းသာပုံခြင်း နှိုင်းယှဉ်ကြည့်လျှင် အသက်ဘေးမှ လွတ်လာသူ၏ စိတ်ချမ်းသာပုံက အဆရာထောင်မက သာလွန်နေသည် မှာ စဥ်းစားတတ်သူတိုင်း ဝန်ခံပါလိမ့်မည်။ ထိုကြောင့် သီလသည် ဒါနထက် လွန်စွာမြတ်ပေသည်။

(၃) ဘာဝနာ

ဘာဝနာ ဟူသည် မြန်မာလို “တိုးပွားစေခြင်း ၊ ထုံမွှမ်းစေခြင်း ” ဟုအဓိပ္ပါယ်ရသည်။ မိမိ ၏ စိတ်ကို မြင့်မြတ် ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) အလုပ်တည်း။

(၄) အပစာယန

အရိုအသေ ပေးမှု ကို အပစာယန ဟုခေါ်သည်။ ထိုကြောင့် မိမိထက် အသက်ကြီးသူ ၊ သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် ၊ သိက္ခာတမျိုးမျိုးကြီး သူကို ဖြစ်စေ ၊ အမိအဘ ၊ အဘိုးအဘွား ၊ အဒေါ်ဦးလေး စသူတို့ကို ရိုသေခြင်းသည် “အပစာယန” ဖြစ်သည်။

(စိတ်မပါဘဲ ကိုယ့်ထက် အရာကြီးသူကို ကြောက်၍ လည်းကောင်း၊ တစုံတရာလာဘ်လာဘကို မျှော်မှန်း၍ လည်းကောင်း ရိုသေဟန်ဆောင်ခြင်းမှာ ကုသိုလ်မဟုတ်သည့်အပြင် လှည့်စားသော မာယာ တစ်မျိုးပင်ဖြစ်သည်။)

(၅) ဝေယျာဝစ္စ

သူတပါးတို့၏ ကုသိုလ်ကောင်းမှု ကိစ္စကို ကူညီ၍ ပြုလုပ်ခြင်းသည် “ဝေယျာဝစ္စ” မည်၏။ထိုကြောင့် သူတပါး၏ အလှူဒါန ၊ မကျန်းမာသူ အိုမင်းသူ ၊ ကျန်းမာသော်လည်း မနိုင်မနင်း သယ်ပိုးနေရသူ ၊ မိဘ ၊ မိမိထက် အသက်ကြီးသော ဆွေမျိုး မိတ်ဆွေ စသူတို့၏ အကုသိုလ် နှင့် မသက်ဆိုင်သော ကိစ္စကြီးငယ် ကို စိတ်ပါလက်ပါနှင့် ကူညီ၍ ဆောင်ရွတ်ခြင်းသည် “ဝေယျာဝစ္စ” ဟုခေါ်ပါသည်။

(၆) ပတ်တိဒါန

မိမိ ရသော ကုသိုလ် အဖို့ ကို သူတပါး တို့အား အမျှပေးဝေခြင်းကို “ပတ္တိဒါန” ဟုခေါ်သည်။ ဒါန ပြုရာတွင် အလှူရှင်မှာ ရသင့် ရထိုက်သော ကုသိုလ်များကို ရလေသည်။ မိမိ ရသော ကုသိုလ် အဖို့ ကို ညီတူညီမျှ သူတပါးအားလည်း ရစေလိုသောဆန္ဒသည် အလွန်ဖြူစင်မြင့်မြတ်သော စိတ်ထားပေတည်း။

(၇) ပတ္တာနုမောဒန

ကုသိုလ်ရှင်တို့က အမျှဝေသော အခါ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှု ကို ပတ္တာနုမောဒန ဟုခေါ်သည်။ သူတပါး တို့ ကုသိုလ်ပြုနေကြသည်ကို မိမိ က ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းသည် အတော်အတန် ကောင်းမြတ်သော စိတ်ထားပေတည်း။

သို့သော် ဝမ်းမြောက်ဝမ်းသာ မဟုတ်ဘဲ ခေါ်ရိုးခေါ်စဉ် (တွေးချင်ရာတွေး၍ ) သာဓုခေါ် ခြင်းသည် ကား ပတ္တာနုမောဒန အစစ် ဖြစ်ဖို့ရာ ခဲယဉ်းပေသည်။

(၈) ဓမၼႆဝန

တရားနာခြင်းကို ဓမ္မဿဝန ဟုခေါ်သည်။ တရားနာရာ၌

(က) မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း

(ခ) ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း

(ဂ) ယုံမှား သံသယဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း

(ဃ) အယူမှန်သမ္မာ ဒိဋ္ဌိကို ရခြင်း

(င) သဒ္ဓါ ပညာတိုးပွား ၍ စိတ်ကြည်လင်ခြင်း
စသော အကျိုး (၅) ပါးရနိုင်သည်။

(ဆောင်ပုဒ်)

သူတော်တရား ၊ နာယူငြားက ၊ မကြားစဖူး ၊ ကြားရဖူး၏။ ကြားဖူးပြီးပြန် ၊ ထပ်မံ၍ရှင်း ၊ လွတ်ကင်းယုံမှား ၊ ဖြောင့်သားအယူ ၊ စိတ်ကြည်ဖြူသည် ၊ ငါးဆူရမြဲ အကျိုးတည်း။

(၉) ဓမ္မဒေသနာ

တရားဟောမှု ကို ဓမ္မဒေသနာ ဟုခေါ်သည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်သော စိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ” ဟူသော အတိုင်း အလှူ ဟူသမျှကို တရားအလှူ ကနိုင်သည် ဆိုသည့် အတွက် လွန်စွာမှပင် အကျိုးကြီးမားပေ၏။

(၁၀) ဒိဋ္ဌိဇုကမ္မ

အယူဖြောင့်မှန်ခြင်းကို ဒိဋ္ဌိဇုကမ္မ ဟုခေါ်သည်။ အယူဟူသည် အသိဉာဏ်တည်း။ ထိုအသိဉာဏ်က လမ်းမှန်ကျ နေလျင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ)ဖြစ်၏။

အသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ)ဖြစ်၏။ အောက်ပါ အချက်များ နှင့် မိမိ အသိဉာဏ် ဘယ်လိုဖြစ်နေသလဲဆိုတာကို စဉ်းစားပါ။

၁။ ကုသိုလျကံ ၊ အကုသိုလျကံ။

၂။ထိုကံ များ၏ ကောင်းကျိုး ၊ မကောင်းကျိုး။

၃။ထိုကံ များကြောင့် ရောက်ရသည့် ဤဘဝ ၊ နောက်ဘဝ။

၄။နတ် ၊ ဗြဟ္မာ များ။

၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ စျာန် အဘိညာဉ်ရသူ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။

အထက်ပါ ငါးချက် ကို စဉ်းစားသောအခါ ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည် ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိ ( ကမ္မဿကတာဉာဏ် သို့ ဒိဋ္ဌိဇုကမ္မ) ရပေသည်။ မည်သည့် ကုသိုလ် မဆို ဤ သမ္မာဒိဋ္ဌိ အယူမှန်ပါမှသာ
သာ၍အကျိုးကြီးသည်။

ထိုအချက် ငါးချက်ကို လေးနက်စွာ စဉ်းစားသော အခါ မရှိနိုင် ၊ မရှိထိုက် ဟု ယူဆလျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်တော့သည်။

ထိုသို့ ကံ-ကံ၏ အကျိုးမရှိဟု ယူသော မိစ္ဆာဒိဋ္ဌိကြောင့် တိရစ္ဆာန် သတ္တဝါ တွေကို ကံကြောင့်ပင် ဖြစ်ရသော သတ္တဝါ တစ်မျိုးဟု အယူမရှိဘဲ ရဲရဲဝံ့ဝံ့ သတ်ဖြတ်နိုင်ကြ၏။

ကံကြောင့်ရောက်သော ဤဘဝ ၊ နောက်ဘဝ မရှိဟု ယူဆသော ကြောင့် ကမ္ဘာလောက နှင့် သတ္တဝါ တွေကို တစ်စုံတစ်ဦးသော တန်ခိုးရှင် က ဖန်ဆင်းထားသည် ဟုအယူရှိကြသည်။လွန်စွာ ကြောက်ဖွယ်ကောင်းလှတကား။

ထိုပြခဲ့သော ဒါန စသော ပုညကြိယာ (၁၀) ပါးကို ကိုယ်တိုင်ပြုမှသာ ကုသိုလ် ရသည် မဟုတ်။

သူတပါး တို့ကို ပြုဖို့ရန် တိုက်တွန်းခြင်း ၊

ပြုချင်လာအောင် ဂုဏ်ကျေှးဇူးအားပြောပြခြင်း၊

သူတပါး ပြုနေသည် ကိုမြင်ရ ကြားရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း စသည်တို့သည်လည်း ကုသိုလ်ကိုဖြစ်စေသည်။

ထိုကြောင့် ပုညကြိယာ (၁၀) ပါးအား

(၁) ကိုယ်တိုင်ပြုခြင်း

(၂) ပြုဖို့ရန်စေခိုင်းခြင်း

(၃) ဂုဏ်ကိုပြောပြခြင်း

(၄) ဝမ်းမြောက်ခြင်း

ဤလေးပါးနှင့် မြှောက်လျှင် ပုညကြိယာ ဝတ္ထု (၄၀) ဖြစ်၏။

(ဆောင်ပုဒ်)

ကောင်းမှု ဆယ်ခိုင် ၊ အရင်းကိုင်၍ ၊ ကိုယ်တိုင်ပြုငြား ၊ သူများခိုင်းတုံ ၊
ဂုဏ်ကိုပြောပြ ၊ ဝမ်းမြောက်ကလျင် ၊ လေးဆယ်တွင် ၊ မြှောက်တင် ပုညဝတ္ထုတည်း။

ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံဟောတု ၊ ဣဒံ မေ ပုညံ နိဗ္ဗာန် နဿ ပစ္စယော ဟောတု။

(ကျမ်းကိုး - မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့် အဘိဓမ္မာစာအုပ်မှ)
တိပိဋကမြန်မာပြန်မှကူးယူဖော်ပြသည် ။

credit to original Uploader.

30/09/2021

ဘ၀သံသရာ ခရီးတလျှောက် အောင်မြင်ကြစေရန ‘’အောင်ပြီဟေ့” အမွှေးတိုင်၊ဖယောင်းတိုင် ကိုထွန်းညှိပူဇော်ကြပါစို့။

👉ဖ​ယောင်းတိုင် ဆိုဒ်စုံ ​အတိုင် အကြီး အလတ် အ​သေး ရောင်စုံကာလာ များ ရရှိနိုင်ပါပြီ​နော်....🕯 မကြာခင် သီတင်းကျွတ်​တော့မယ် ...
22/09/2021

👉ဖ​ယောင်းတိုင် ဆိုဒ်စုံ ​အတိုင် အကြီး အလတ် အ​သေး ရောင်စုံကာလာ များ ရရှိနိုင်ပါပြီ​နော်....
🕯 မကြာခင် သီတင်းကျွတ်​တော့မယ် ဆို့​တော့
"​အောင်ပြီ​ဟေ့" ​ရောင်စုံ ဖ​ယောင်းတိုင်များ ဖြင့်
ပူ​ဇော် ကုသိုလ် ယူနိုင်ကြပါ စေ.....🙏🙏🙏
ဖုန်း-📞(၀၁) ၂၅၁၁၅၆ ၊ ၂၁၈၂၂၀ ၊ ၂၁၈၂၂၁၊
📞၀၉-၇၉၉ ၄၉၆ ၄၉၆
📞၀၉-၅၅၀ ၂၁၆၆
📞၀၉-၅၅၀ ၁၆၀၆

Facebook - ကြည့်ရန်နှိပ်ပါ
https://www.facebook.com/အောင်ပြီဟေ့-ဖယောင်းတိုင်အမွှေးတိုင်-1060606977310226/
(အောင်ပြီဟေ့ အမွှေးတိုင်၊ဖယောင်းတိုင် စက်ရုံ ပင်ရင်း) အရောင်းကိုယ်စားလှယ် များလည်း
ဆက်သွယ်နိုင်ပါသည်။
🌟ဘဝသံသရာ ခရီးတလျှောက် အောင်မြင်ကြစေရန်
"အောင်ပြီဟေ့" အမွှေးတိုင် ဖယောင်းတိုင် ကို ထွန်းညှိ
ပူဇော်ကြပါစို့။🌟

☆☆ငွေလွှဲ​ပေးပို့ရန် (Bank Account)များ ☆☆⭐​အောင်ပြီ​ဟေ့⭐ကုန်ပစ္စည်း ဝယ်ယူသူမိဘပြည်သူများခင်ဗျာ အောက်ပါငွေစာရင်းကို ယုံက...
21/09/2021

☆☆ငွေလွှဲ​ပေးပို့ရန် (Bank Account)များ ☆☆
⭐​အောင်ပြီ​ဟေ့⭐ကုန်ပစ္စည်း ဝယ်ယူသူမိဘပြည်သူများခင်ဗျာ အောက်ပါငွေစာရင်းကို ယုံကြည်စိတ်ချစွာ​ငွေလွှဲနိုင်ပါ​ကြောင်း အသိ​ပေး​ကြေငြာအပ်ပါသည်။🙏🙏🙏

မှတ်ချက်။ ။​ငွေလွှဲသည့် အချိန်တွင် အမည်/
Account number/ဖုန်းနံပါတ် မှန်မှသာ​ငွေလွှဲ​ပေး ပါရန်။👍 တခြား ဖုန်းနံပါတ်၊အမည်၊အ​ကောင့် သို့
​ငွေလွှဲ များ​ပေးပို့ပါက တာဝန်ယူ​ဖြေရှင်းပေးမည်မဟုတ်ပါ။

လွှဲ​ငွေဝင်/မဝင်​မေးမြန်းရန်👇
♡♡♡အခက်အခဲ ရှိပါက ဆက်သွယ်ရန်♡♡♡
ဖုန်း-📞09-400 900 600
📞09-799 496 496

​အောက်​ဖော်ပြပါ 🏦Bank Account အားလုံး
သည်👉 ဦး​အောင်လင်းထိုက် 👈အမည် ဖြစ်သည်။

⭐CB Bank သမဝါယမဘဏ်(သံ​စျေး ဘဏ်ခွဲ)
Special Account no🏦
0044 100 900 000 388

⭐A Bank ( ​ရွှေ​တောင်တန်းဘဏ်ခွဲ)
Trust Account no🏦
0007 0110 0000 1853

👉A+ by Abank (09443189877)

⭐KBZ Bank ကမ္ဘာဇဘဏ်
(လမ်းမ​တော် သံ​စျေးဘဏ်ခွဲ)Account no🏦
00451100400293101
👉Kpay name-- U Aung Lin Htike

⭐ YOMA Bank
(လမ်းမ​တော် သံ​စျေးဘဏ်ခွဲ) Special Account
0076 4540 5000 998

⭐ AYA Bank
(လမ်းမ​တော်လမ်း သံ​စျေးဘဏ်ခွဲ)
Special Account
400 284 759 58

⭐MAB Bankမြန်မာ့​ရှေ့​ဆောင်ဘဏ်
(လမ်းမ​တော်သံ​စျေးဘဏ်ခွဲ)Account no🏦
059 0181 003 00 4617 048

⭐GTB Bank ကမ္ဘာ့ရတနာဘဏ်
( ရန်ကုန် ရုံးချုပ်ဘဏ် ပန်းဘဲတန်းမြို့နယ်)
Account no🏦
21010000619648

ပင်ရင်း📍ဘီ(၀၁-၁၁)၊လမ်းမ​တော်ပလာဇာ၊လမ်းမ​တော်လမ်း(သံ​စျေးအနီး)၊လသာမြို့နယ်၊ရန်ကုန်မြို့။
📌အရောင်းကိုယ်စားလှယ် များလည်းကြီးများလဲ
ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

🕯ဝယ်ယူအား​ပေး​သော မိဘပြည်သူများ စိတ်ချမ်းသာ
ကိုယ်ချမ်းသာ နှင့် ပြည်စုံပြီး လိုအင်ဆန္ဒအမြဲ ​ပြည်စုံအောင်မြင်နိုင်ကြပါ​စေ။🕯
🙏 (​အောင်ပြီ​ဟေ့ အ​မွှေးတိုင်၊ ဖ​ယောင်းတိုင် )🙏
Facebook - ကြည့်ရန်နှိပ်ပါ
https://www.facebook.com/အောင်ပြီဟေ့-ဖယောင်းတိုင်အမွှေးတိုင်-1060606977310226/
(အောင်ပြီဟေ့ အမွှေးတိုင်၊ဖယောင်းတိုင် စက်ရုံ ပင်ရင်း) အရောင်းကိုယ်စားလှယ် များလည်း
ဆက်သွယ်နိုင်ပါသည်။
🌟ဘဝသံသရာ ခရီးတလျှောက် အောင်မြင်ကြစေရန်
"အောင်ပြီဟေ့" အမွှေးတိုင် ဖယောင်းတိုင် ကို ထွန်းညှိ
ပူဇော်ကြပါစို့။🌟

▪️သဒ္ဒါလွန်ကဲ ပညာနဲ     တလွဲ ယုံတတ်သည်။▪️ပညာလွန်ကဲ သဒ္ဒါနဲ      စဉ်းလဲ ကောက်ကျစ်သည်။▪️ဝီရိယလွန်ကဲ သမာဓိနဲ     ပျံ့ကျဲနေ ...
28/01/2021

▪️သဒ္ဒါလွန်ကဲ ပညာနဲ
တလွဲ ယုံတတ်သည်။
▪️ပညာလွန်ကဲ သဒ္ဒါနဲ
စဉ်းလဲ ကောက်ကျစ်သည်။
▪️ဝီရိယလွန်ကဲ သမာဓိနဲ
ပျံ့ကျဲနေ တတ်သည်။
▪️သမာဓိလွန်ကဲ ဝီရိယနဲ
ပျင်းတွဲနေ တတ်သည်။

📸 Photo credit

Address

B(01-11)lanmadaw Plaza Latha Township
Yangon

Opening Hours

Monday 07:45 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00

Telephone

+959799496496

Website

Alerts

Be the first to know and let us send you an email when အောင်ပြီဟေ့ ဖယောင်းတိုင်၊အမွှေးတိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share