Jai Prop firms trader

Jai Prop firms trader copy trading
signal services

25/02/2021
31/01/2021

Passive Income ဆိုသည်မှာ….. အပိုင်း (၂)
Passive Income ဆိုတာ တကယ်ရှိတယ်..ဒါပေမယ့် ..တကယ်မရှိဘူး..
Passive Income တစ်နည်းအားဖြင့် ဘာအလုပ်မှမလုပ်ပဲ အချိန်တန်ငွေဝင်နေနိုင်တဲ့ အလုပ်မျိုး ရှိသလားလို့မေးလာရင်တော့ ရှိတယ်လို့ ဖြေ ရမှာပါပဲ။ ဘာအလုပ်မှ မလုပ်ရပဲ ဆိုတဲ့စကားစု ကြောင့် လူအတော်များများဟာလည်း Passive Income ဆိုတာကိုကြားလိုက်တာ နဲ့ ရချင်စိတ် တွေ ပြင်းလာတတ်ကြပါတယ်။
လူတိုင်း လူတိုင်းလို့ ပြောလို့မရပေမယ့် လူအများစုဟာ ဘဝမှာ ငွေရဖို့ အတွက်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခု အတွက်နဲ့ နာရီပေါင်းများစွာ ပင်ပန်းတကြီးအလုပ်တွေ လုပ်ကိုင် နေရတဲ့ အတွက် တကယ်သာ အလုပ်လုပ်စရာမလိုပဲ ငွေတွေဝင်နေမယ်ဆိုရင်သိပ်ကောင်းမယ်လို့ ယူဆကြ တာပဲဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ်တိုင်အလုပ်မလုပ်ပဲ ငွေတွေဝင်နေနိုင်လဲ။ ဥပမာ အနေနဲ့ ပြောရရင်တော့ မိတ်ဆွေက တိုက်ခန်း တစ်ခန်းဝယ်လိုက်ပြီး တစ်လကို တစ်သိန်းကျပ်နဲ့ အငှား ချထားလိုက်မယ်ဆိုပါစို့။ ဒါဆိုရင် မိတ်ဆွေအနေနဲ့ အိမ်မှာပဲနေနေ ခရီးပဲထွက်နေနေ တစ်လ ပြည့် တာနဲ့ အိမ်ခန်းငှားခအနေနဲ့မိတ်ဆွေဘဏ်စာရင်းထဲကို ငွေတစ်သိန်း ဝင်နေမှာပဲဖြစ်ပါတယ်။ ဒါဟာလည်း Passive Income တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် မော်တော်ကား တစ်စီးဝယ် ပြီး အုံနာကြေး ယူ ကာ အငှားချတာ၊ ခြံတွေ လယ်တွေ ဝယ်ပြီး စိုက်ပျိုးသူတွေကိုသူရင်းငှား ချတာ၊ စတဲ့ ပိုင်ဆိုင်မှု Asset တစ်ခုခုကို ဝယ်ယူ ပြီး ငှားရမ်းထား ခြင်းဟာ Passive Income အမျိုးအစား ဝင်ပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်အကောင်အထည် ဖော် လုပ်ဆောင်မယ်။ တဖြည်းဖြည်းနဲ့ ကျွမ်းကျင်သူတွေ ခန့်မယ်၊ ဒီလူတွေကို Rules and regulations တွေ System တွေနဲ့ ချမှတ် ထိမ်းကွပ်ပြီး လုပ်ငန်းကို သူ့အလိုလို လည်ပတ်နေ ပြီး ကိုယ်က ဝင်လုပ်စရာမလိုအပ်ပဲ အရေးကြီး Decision တွေလောက်သာ ချမှတ် နိုင်သွား ရင်လည်း ဒါဟာPassive Income အမျိုးအစား ပဲဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ အထက်က Asset နဲ့ လုပ်ငန်း နှစ်မျိုးပေါင်းပြီး Passive Income အဖြစ် လုပ်ဆောင်နေကြတာမျိုးလဲ ရှိပါတယ်။ ဥပမာ Venting Machine ဆိုတာ အချိုရည်ဘူး အလိုအလျောက်ရောင်းချတဲ့ စက်တွေ ကော်ဖီ အော်တိုရောင်းတဲ့ စက်တွေ ဖြစ်ပါတယ်။ စက်ထဲကို ငွေထည့်လိုက်မယ် ပြီးရင် စက်က ကိုယ်လိုချင်တဲ့ အချိုရည် ခလုတ်ကိုနှိပ်လိုက် ရင် အချိုရည် ဘူး ကျလာမယ် ပိုငွေကို စက်ကနေ အလိုလိုပြန်အမ်း မယ် ဆိုတဲ့ Vending Machine တွေဟာ နိုင်ငံတကာမှာ ခေတ်စားပါတယ်။ အချိုရည်တင်မကပဲ ကော်ဖီ သကြားလုံး မု့န်ထုပ်မျိုးစုံ တွေ အတွက် Venting Machine တွေ ရှိပါတယ်။ မိတ်ဆွေက ဝန်ထမ်း အနေနဲ့ တစ်ရက် ၁၀ နာရီ အလုပ်လုပ် နေချိန်မှာ လူစည်ကားတဲ့ လမ်း သို့မဟုတ် စျေးုဆိုင်ကြီးတွေ မှာ အဲဒီလို Venting Machine တွေ ထားထား ရင် ကိုယ်တိုင် ဝင်မရောင်းပဲ ဝင်ငွေ ရနိုင်ပါတယ်။
ဒါ့အပြင် ရုပ်ရှင်တွေ ထဲမှာတွေ့ရလေ့ရှိတဲ့ အကြွေစေ့လေးတွေထည့်ပြီး အရုပ်ကောက် ရတဲ့ စက်တွေ၊ ဂိမ်း စက်တွေ ဟာလည်း ဒီလို asset နဲ့ လုပ်ငန်း သဘောကို ပေါင်းထားတဲ့ Passive Income ကိုပေးနိုင်ပါသေးတယ်။
ခေတ်စားတဲ့နောက်ထပ် Passive Income ကတော့ စီးပွားရေး လုပ်ငန်းကြီးတွေ ရဲ့ စတော့ရှယ်ယာ တွေ ကိုဝယ်ယူ ပြီး နှစ်စဉ် အမြတ် ပြန်အမ်းငွေ Dividend ရယူ ခြင်း ပဲဖြစ် ပါတယ်။ လုပ်ငန်းကြီးတွေ မှ မဟုတ်ပဲ အသိမိတ်ဆွေ တွေ လုပ်တဲ့အလုပ်တွေ ထဲမှာ အစု ပါဝင်ထည့်ထားတာ၊ ယုံကြည်စိတ်ချရသူတွေကို ငွေချေး ပြီး အတိုး ရယူတာ၊ စတာတွေ ဟာလည်း Passive Income ပုံစံ မျိုးတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့လိုနည်းပညာခေတ်ကြီးထဲမှာကိုယ် တိုင် အလုပ်မလုပ်ပဲ ရနေနိုင်တဲ့ Passive Income အမျိုးအစား အသစ်တွေ ပေါများလာပါတယ်။ ဥပမာ ကျွန်တော် ဆိုရင်လဲ Online Training တစ်ခု သင်ကြားထားပြီး ပညာရေး website or app တစ်ခုခုမှာ တင်ထားလိုက် ထားလိုက်ပြီး အဲဒီ course ကို သင်ယူသူတစ်ဦးဦး ရှိနေသရွေ ့Passive Income တစ်ခု ရရှိ နေမှာပါပဲ။
ဆိုတော့ Passive Income ဆိုတာ ရှိတယ်ပေါ့။

ဒါပေမယ့် Passive Income ဆိုတာ မရှိပါဘူး။
ဟင်..အမျိုးမျိုးပါလား လို့ ထင်မိပါလိမ့်မယ်။ဒီလိုပါ….. Passive Income မရှိဘူးဆိုတာကတော့ လုံးဝ ၁၀၀% ကိုယ့် လုပ်အား မပါပဲ ဒီအတိုင်းကြီး ငွေတွေလှိမ့်ဝင်နေမယ် ဆိုတဲ့ Passive Income ဆိုတာ တော့ မရှိဘူးလို့ ဆိုလိုချင်တာပါ။
အထက်က ပြောခဲ့တဲ့ Passive Income တိုင်းဟာ ကိုယ်တိုင် ဝင်ငွေ ရဖို့ အတွက် Earned Income လို ဝင်လုပ်နေဖို ့မလိုအပ်ပေမယ့် အတိုင်းအတာ တစ်ခု တော့ ပါဝင်လုပ်ဆောင် နေရ တာပါပဲ။ ဥပမာ အိမ် ခန်းငှား ပြီး passive income ယူမယ် ဆိုပေမယ့် အိမ်ငှား ရှာ ရတာ၊ တစ်လတစ်ခါ သို့မဟုတ် ခြောက်လ တစ်နှစ်တစ်ခါ စာချုပ်ချုပ်ရတာ၊ အခန်းပြင်ဆင်ရတာ စတဲ့ လုပ်ဆောင်ရမှုတွေ ကတော့ ရှိနေမှာပါပဲ။ ဒါ့အပြင် ပိုင်ဆိုင်မှုခိုင်မှာတဲ့ တိုက်ခန်း ၊အိမ် ဖြစ်ဖို့ အတွက်ဝယ်ယူ စဉ်တုနး်ကလဲ အားထုတ်မှုတွေ ၊ကျွမ်းကျင်မှုတွေ အများအပြား လိုအပ် ပြန်ပါတယ်။ ဆိုတော့ ၁၀၀% လုပ်ကိုင်ဖို့မလိုအပ်ပေမယ့် ၁၀% လောက်တော့ ရှိနေမှာပါပဲ။
စီးပွားရေး လုပ်ငန်းကြီးကို ဝန်ထမ်းအများအပြား နဲ့ System ချပြီး ကိုယ်မပါအောင်စီမံမယ် ဆိုပေမယ့် ဒီ လုပ်ငန်းကြီးကိုထိန်းကျောင်းဖို့အတွက် အားထုတ်မှု အချို့ နဲ့ ကျွမ်းကျင်မှု ၊ ရှေ့ရေးကို တွေးမြင်နိုင်မှုတွေကတော့ လိုအပ်နေလျက်ရှိမှာပါပဲ။
ဆိုလိုတာကတော့ Passive Income ဆိုတာ ရှိပေမယ့် ၁၀၀% လုံးလုံးကင်းလွတ်တောမဟုတ် ပဲ အားထုတ်မှုကို ရာခိုင်နှုန်း အနည်းငယ် သာ ရှိအောင် လျော့ချ ထားတဲ့ ဝင်ငွေမျိုးသာ ဖြစ်ပါတယ်။
ပိုပြီးအရေးကြီးတာကတော့ Passive Income တစ်ခု ဖန်တီးဖို့ အတွက် Earned Income ရဖို့ လုပ်ရတဲ့ ၊ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ နဲ့ လုံးလုံး မတူတဲ့ ကွဲပြားတဲ့ ကျွမ်းကျင်မှုတွေ ပညာတွေ အတွေ့အကြုံတွေ လိုအပ်ချက်ပါပဲ။ ဥပမာ အားဖြင့် Earned Income အတွက် အလုပ်တစ်ခု မှာဝင်ပြီး တာဝန်ကျေပွန်အောင်လုပ်ဆောင်နိုင်ရုံနဲ့ရပေမယ့် တိုက်ခန်းတစ်ခန်း အငှားချမယ် ဆိုရင်တော့ အရင်ဆုံးတိုက်ခန်း ဝယ်ဖို့ တိုက်ခန်းတွေ အကြောင်း၊ စာချုပ်စာတမ်းအကြောင်း၊ ဝယ်ရင်းစျေးနဲ့ အငှားတင် အခက တွက်ချေကိုက် မကိုက်၊ အိမ်ရှင်အိမ်ငှား ပြသနာ တွေ မကြုံအောင် ဘာတွေ လုပ်ရမလဲ စတာတွေ နားလည် ဖို့ လိုအပ်ပြန်ပါတယ်။
အခြားလုပ်ငန်းတစ်ခုခုမှာ Share ထည့်မယ်ဆိုရင်လဲ ကိုယ် Share ထည့်မယ့်လုပ်ငန်း အခြေအနေ ကဘယ်လိုရှိသလဲ၊ ဘယ်လောက်ထိ Growth ဖြစ်နိုင်မလဲ၊ Financial အခြေအနေ က ဘယ်လိုရှိသလဲ၊ ဝယ်ရမယ့် shareတန်ဖိုး က တန် လားမတန်ဘူးလား၊ ရင်းရမယ့်ငွေ နဲ့ အမြတ် ပြန်အမ်းငွေ Dividend က တွက်ခြေကိုက် ရဲ့လား စတာတွေ ကိုသုံးသပ်တွက် ချက် တတ်ဖို့ လိုအပ်ပြန်ပါတယ်။
Earned Income ဟာရေကန် ထဲကို ရေပုံးနဲ့ ရေဆွဲထည့်နေတာဆိုရင် Passive Income က ရေ သွားခပ်စရာမလိုပဲ ပိုက်လိုင်းသွယ်ပြီး ရေဖြည့်တဲ့သဘောပါပဲ။ဒါပေမယ့် ဒီပို်က်လိုင်းကြီးရေ ဆက်စီး နေအောင် မပျက်စီးအောင် ပိုပြီးထိရောက်အောင်တော့ ထိန်းသိမ်း မွမ်းမံရတဲ့အ လုပ် ကတော့ ရှိနေဦးမှာပါပဲ။
ဒါ့အပြင် Passive Income မှာလဲ အားနည်းချက်တွေ အများအပြားရှိနေပါသေးတယ်။
ဆက်ရန်...
Kaung Hein Soe - Strategic
Professional Management Trainer
Business Consultant

27/01/2021

လစဉ်ဝင်ငွေကိုစီမံခန့်ခွဲခြင်း
+++++++++++++++++++
(ဖန်ဘူး ၆ခု ဓနစီမံကိန်း)

စာရေးသူအနေနဲ့ငယ်စဉ်ကတည်းက ဝင်ငွေကိုဘယ်လိုစီမံရမလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို သိလိုစိတ်ပြင်းပြခဲ့ဖူးတယ်။
ပတ်ဝန်းကျင်မှာ ငွေကို မဆင်မခြင်သုံးလို့ဒုက္ခ ရောက်နေတဲ့ မိတ်ဆွေတွေ၊
အကြွေးနွံနစ်နေတဲ့မိတ်ဆွေတွေ၊
သူဌေးဖြစ် ခွေးဖြစ် စွန့်စားရာက ဒေဝါလီခံလိုက်ရတဲ့ လုပ်ငန်းကြီးတွေအကြောင်း မြင်ရကြားရတိုင်း
ငါတော့ သူတို့လိုမလုပ်ဘူးဆိုတဲ့ အတွေး မကြာခဏဝင်လာခဲ့ဖူးပါတယ်။
အဲ့သည်လိုဖြစ်နေတဲ့သူတွေကို အပြစ်တင်လို့တော့လည်း မရဘူးပေါ့။
ကျွန်တော်တို့အသက်၂၀လောက်ထိ ပညာတွေသင်ခဲ့ပေမယ့် ဝင်ငွေကိုဘယ်လိုစီမံရမလဲနဲ့စပ်လျဉ်းလို့ ကျောင်းသင်ခန်းစာမှာ ဖော်ပြထားတာကို မတွေ့ရဖူးပါဘူး။ အဲ့ဒီအတွက်လည်း ပညာရေးကို အတော်လေးအားမလိုအားမရဖြစ်ခဲ့ဖူးပြီ။

ကဲ…မဆိုင်တာတွေဆီ ရောက်မသွားရအောင်၊ မယောင်ရာဆီမလူးမိအောင် အဓိကအကြောင်းကိုစပြောပါတော့မယ်။

ကျွန်တော်တို့ရဲ့ဝင်ငွေဟာ အကန့်အသတ်ရှိပါတယ်။
ခုစာဖတ်နေသူက သန်းကြွယ်ချမ်းသာသူဖြစ်စေဦးတော့ ဝင်ငွေဟာအကန့်အသတ်ရှိနေပါတယ်။
ဘယ်လောက်များပြားလှတဲ့ငွေပမာဏပဲဖြစ်ဖြစ် လောင်ကစားလုပ်သလိုသုံးပစ်ရင် တစ်ရက်ထဲ ခမ်းသွားပါလိမ့်မယ်။
လောင်းကစားမဟုတ်တောင် ဆင်ခြင်မှုမပါ ဖြစ်ချင်ရာဖြစ် မထီမဲ့မြင်လုပ်မိရင်လည်း တဖြည်းဖြည်းနဲ့ခမ်းသွားနိုင်ပါသေးတယ်။
ကောင်းပြီ… ကျွန်တော်တို့ရဲ့ဝင်ငွေကို စီမံဖို့ဆိုတာ တဖက်စောင်းနင်းဖြစ်လို့တော့မရဘူး။
ငွေပဲစုမယ်။ ကျန်တာတွေဘာမှဂရုမစိုက်ဘူး။ ကျန်းမာရေး၊ မိသားစု၊ ပညာရေးဘာမှမသုံးဘူးဆိုပြန်ရင်လည်း အဆင်မပြေသေးဘူး။ အဲ့သလိုမဖြစ်ရအောင် ဘဝတစ်ခုလုံးစာအတွက်ဟန်ချက်ညီစေမယ့် ဝင်ငွေကိုစီမံခန့်ခွဲနည်းလိုပါမယ်။

ဒီနည်းကို အနှစ်ချုပ်အလင်းပြခဲ့သူကတော့ စာရေးသူအထူးလေးစားရတဲ့ T Harv Eker ဖြစ်ပါတယ်။ ဘဝမှာ အလဲလဲအကွဲကွဲနဲ့ဆယ်နှစ်လုံးကြိုးစားပြီးရခဲ့တဲ့ မီလျံနာတစ်ယောက်ရဲ့စိတ်ဓာတ်ကို မခြွင်းမချန် ကမ္ဘာ ကိုချပြခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူဖော်ပြထားတဲ့ စနစ်ကိုတော့ The 6 Jar Wealth Management System
လို့နာမည်တပ်ထားပါတယ်။
ဖန်ဘူး ၆ခွက် ဓနစီမံကိန်းလို့ဘာသာပြန်လိုက်ပါရစေ။

ယခုဖော်ပြမယ့်နည်းစနစ်ဟာ ရိုးရှင်းလှပါတယ်။
ဖန်ဘူး ၆ခုရှိတယ်လို့စိတ်ကူးကြည့်ပါ။
ဖန်ဘူးတစ်ခုချင်းစီဟာ ငွေကို ဘယ်နေရာမှာ ဘယ်လောက်ပမာဏအသုံးပြုရမလဲဆိုတာကို ကိုယ်စားပြုပါတယ်။
အဲ့ဒါကိုနားလည်လွယ်စေဖို့အတွက် ခေါင်းစဉ် ၆ခုနဲ့တစ်ခုချင်းရှင်းပြသွားပါ့မယ်။

(၁) မဖြစ်မနေ သုံးရမည့်အရာများကို ကိုယ်စားပြုတဲ့ ဖန်ဘူးအတွက် ၅၅% အသုံးပြုပါ။
(Necessities (55%)
ရလာတဲ့ ဝင်ငွေရဲ့ တစ်ဝက်တိတိကို မဖြစ်မနေပေးရန်လိုအပ်တဲ့၊ ပေးကိုပေးရမယ့် အရာတွေဖြစ်တဲ့ စား ဝတ် နေရေး ဖြစ်တဲ့ စားသောက်ကုန်ကျစရိတ်၊ အဝတ်အစား အသုံးအဆောင်စရိတ်၊ အိမ်လခ ရေခွန်၊မီတာခ အစရှိသဖြင့် အသုံးပြုရမှာဖြစ်ပါတယ်။ ဒီနေရမှာ အဆင်ပြေစေဖို့အတွက် မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်နှစ်ရပ်ရှိပါတယ်။
ပထမတစ်ခုကတော့ ဘဝကို ရိုးရှင်းစွာနေဖို့ပြင်ဆင်ပါ…ဆိုလိုတာက မလိုတာတွေသုံးမိနေတာတွေရယ်၊ အရေးမကြီးတဲ့နေရာတွေမှာ အကုန်အကျများနေတာတွေကို စာရင်းပြုစုပြီး နောက်လကစလို့ငွေယိုပေါက်တွေအားလုံးကို ထပ်မဖြစ်ရအောင် ပြင်ဆင်ဖို့ပါပဲ။
ဒုတိယတစ်ခုကတော့ လစဉ် ဝင်ငွေကို တိုးလာစေဖို့ဘာတွေထပ်ပြီး လေ့လာရမလဲ ဆိုတာပါပဲ။

(၂) ငွေကြေးလွတ်မြောက်မှု အတွက် ၁၀%ကိုဘဏ်မှာ လစဉ်စုဆောင်းပါ။
(Financial Freedom Account (10%)
ဒီဖန်ဘူးလေးထဲ ဝင်သွားတဲ့ ဝင်ငွေရဲ့အစိတ်အပိုင်းဟာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတယ်ဆိုတာနားလည်ဖို့လိုသလို ဘယ်လိုအခြေအနေမျိုးမှာမှ အသုံးမပြုဖို့အရေးကြီးပါတယ်။

(၃) ရေရှည်စုဆောင်းရန် ၁၀%ကို ဖယ်ထားပါ။
(Long Term Savings (10%)
တချိန်မှာ လိုလာနိုင်တဲ့ အကြောင်းကိစ္စ တွေဖြစ်တဲ့ ကားဝယ်တာ၊ ခရီးထွက်တာ၊ လက်ဆောင်ပေးဖို့လိုတာ၊ အိမ်တွင်းပရိဘောဂအသစ်လဲချင်တာ၊ အကြွေးပေးဖို့လိုတာ အစရှိသဖြင့် အမျိုးမျိုးသော အကြောင်းကိစ္စ တွေမှာ အသုံးပြုဖို့ဖြစ်ပါတယ်။

(၄) ပညာသင်ကြားရေးအတွက် ၁၀% အသုံးပြုပါ။
Education (10%):
ချမ်းသာကြွယ်ဝသူတွေဟာ အမြဲတမ်းလေ့လာတဲ့သူဖြစ်ပါတယ်။ ကျောင်းပြီးသွားတာနဲ့ဘာမှဆက်ပြီးမလေ့လာတော့ဘူးဆိုရင်တော့ ဒီနေ့ခေတ်ကြီးထဲမှာ သင်ဟာ မောင်ကျန်ရစ်ကြီးဖြစ်သွားပါလိမ့်မယ်။ အဲ့သည်လိုမဖြစ်လေရအောင် လစဉ် သင်တန်းတက်တာ၊ ဟောပြောပို့ချချက်တွေနားထောင်တာ၊ စာဖတ်တာ၊ အကြံပေးတိုင်ပင်ခံနဲ့ဆွေးနွေးတာတွေလုပ်ရပါမယ်။ အဲ့ဒီအရာတွေ စီမံဆောင်ရွက်ဖို့အတွက် ဝင်ငွေရဲ့ ၁၀%ကို အသုံးပြုရန်ဖြစ်ပါတယ်။

(၅) စိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် ၁၀%အသုံးပြုပါ။
(Play 10%)
ကျွန်တော်တို့အားလုံးလူသားတွေဖြစ်တာကြောင့် အနားယူအပန်းဖြေဖို့လိုအပ်ပါတယ်။ စိတ်၏ကျန်းမာရေး ကိုယ်၏ကျန်းမာရေးတို့အတွက် မိတ်ဆုံးစားပွဲလုပ်တာ၊ တခါခါ အရမ်းလိုချင်တဲ့ အင်္ကျ ီလေး၊ ဖိနပ်၊ ဖန်စီ ပစ္စည်းလေး ဝယ်ချင်တဲ့အခါမျိုးတွေမှာ အသုံးပြုဖို့၁၀%ဖယ်ထားပါ။ ဒါဟာဘာ့ကြောင့် လိုအပ်သလဲဆိုရင် စာဖတ်သူအနေနဲ့လူတန်းစေ့နေနိုင်ဖို့ရယ်၊ ကိုယ်အရမ်းလိုချင်တာလေးဝယ်လိုက်ရလို့အပြစ်ရှိသလိုနာကျင်ခံစားမနေရဖို့ဖြစ်ပါတယ်။

(၆) အလှူဒါနပြုရန်အတွက် ၅%ကို သုံးပါ။
( Give 5%)
ကိုယ်ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ကိုယ့်ထက် အတိ ဒုက္ခနေကြသူတွေဆိုတာ ရှိတာမို့အလှူဒါနပြုသင့်ပါတယ်။ အဲ့သည်လို ဒါနပြုနိုင်ရန်အတွက် စာဖတ်သူရဲ့ဝင်ငွေရဲ့ ၅%ကို ပရဟိတ ဖောင်ဒေးရှင်းလိုနေရာတွေ၊ ဆင်းရဲချို့တဲ့သူတွေကို လှူဒါန်းလိုက်ပါ။

ငွေကြေးချမ်းသာသူတွေဟာ လူတွေကို ကူညီချင်တဲ့စိတ်ထားကြတာဟာ အလျှံပယ်စိတ်ရှိလို့ဖြစ်ပါတယ်။ အရာရာဟာ ရှားပါးတယ် ဒါ့ကြောင့် မသုံးမစွဲ မလှူမဒါန်း ကပ်စေးနှဲရမယ်ဆိုတဲ့ ချို့တဲ့တဲ့စိတ်မျိုးမမွေးတာအကောင်းဆုံးပါပဲ။ ချို့တဲ့သောစိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းတွေ ကြုံရခြင်းမဖြစ်စေရန် အဲ့သည်ခံယူချက်ကို စွန့်ပယ်သင့်ပါတယ်။

(၇) ငွေကြေးအခက်အခဲကြောင့် ပူလောင်ဆင်းရဲမှုက လွတ်မြောက်ရေး စုဘူး
အပေါ်က ၆ခုအပြင် ပိုလျှံတဲ့ အကြွေ၊ ကြားပေါက်ရလာတဲ့ငွေတွေကို စုဖို့ဖန်ဘူးတစ်ဘူးလိုပါမယ်။
ဒါဟာ ငွေကြေးကြောင့် ပူလောင်ဆင်းရဲရခြင်းက လွတ်မြောက်အောင်လုပ်ဖို့မိမိကိုယ်မိမိ အမြဲသတိတရရှိစေဖို့ဖြစ်ပါတယ်။

လက်တွေ့လုပ်ဆောင်ရန်
+++++++++++++++++
ယခုဖော်ပြပေးလိုက်တဲ့ စနစ်ကို ယနေ့ပဲ အဆင့် (၃)ခုနဲ့စတင်လိုက်ကြရအောင်ပါ။

(၁) ဝင်ငွေ ထွက်ငွေကို သိအောင်လုပ်ပါ။
စာဖတ်သူအနေနဲ့တစ်လ ဝင်ငွေ၊ ထွက်ငွေဘယ်လောက်ရှိနေလဲ တိတိပပ မသိဘူးဆိုရင်တော့ ငွေကြေးကြောင့် စိတ်ပင်ပန်းနေရဦးမှာ ဖြစ်တာကြောင့် အဲ့သည်လိုမဖြစ်ရအောင် ယခုပဲ ဝင်ငွေ၊ ထွက်ငွေစာရင်းကို ပြုစုလိုက်ပါ။
နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အသုံးစရိတ်ကို အတတ်နိုင်ဆုံး စီစစ်ပါ။ ဒါမှ မှန်ကန်တဲ့လမ်းပေါ် အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

(၂) စိတ်ဓာတ်ကိုပြောင်းလဲပစ်ပါ။
ငွေကိုစီမံတဲ့လုပ်ငန်းဟာ ပျော်ရွှင်မှုကို ချုပ်တည်းပစ်တာမျိုး မဟုတ်ပါဘူး။ ခံယူချက်ကိုပြောင်းလဲလိုက်တာမျိုးသာဖြစ်သင့်ပါတယ်။ ငွေကြေးအခက်အခဲကြောင့် ပူလောင်ဆင်းရဲမှုတွေကို အဆုံးသတ်ခြင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့တချိန် အငြိမ်းစားယူတဲ့အချိန်ထိ ငွေကြေးအခက်အခဲမရှိဘူး၊ လူတန်စေ့နေထိုင်နိုင်ရေးကို မြင်ယောင်ကြည့်လိုက်ရင် ဒါကို သဘောပေါက်ပါလိမ့်မယ်။ ငါသည် ငွေကို ကောင်းစွာစီမံတတ်သူဖြစ်သည် လို့ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် သတိပေးတဲ့ အလေ့အကျင့်မွေးမြူပါ။

(၃) ဆင်ခြေပေးနေတာတွေ အဆုံးသတ်ပါ။
ငါတော့ ဒီအစီအစဉ်ကို နောက်တစ်လမှ ၊ နောက်တစ်နှစ်မှ စတော့မယ်လို့နေ့ရွှေ့၊ ညရွှေ့ဆင်ခြေပေးနေတာအားလုံး ရပ်တန်းက ရပ်ပစ်လိုက်ပါ။ ငွေကြေစီမံမှုမှာ အချိန်ဆွဲတဲ့အကျင့် မပူးကပ်ပါစေနဲ့။ အစီအစဉ်အတိုင်း နေ့တိုင်းသာ လိုက်နာဆောင်ရွက်ပါ။

ငွေကြေးအခက်အခဲတွေကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ကင်းဝေးကြပါစေ။
ဆြာသိန်း
မှီငြမ်း The 6 Jar Wealth Management System by T. Harv Eker from Reading Graphics See less

Zawgyi font

လစဥ္၀င္ေငြကိုစီမံခန္ ့ခြဲျခင္း
+++++++++++++++++++
(ဖန္ဘူး ၆ခု ဓနစီမံကိန္း)

စာေရးသူအေနနဲ ့ငယ္စဥ္ကတည္းက ၀င္ေငြကိုဘယ္လိုစီမံရမလဲဆိုတဲ့ ေမးခြန္းရဲ့အေျဖကို သိလိုစိတ္ျပင္းျပခဲ့ဖူးတယ္။
ပတ္၀န္းက်င္မွာ ေငြကို မဆင္မျခင္သံုးလို ့ဒုကၡ ေရာက္ေနတဲ့ မိတ္ေဆြေတြ၊
အေၾကြးႏြံနစ္ေနတဲ့မိတ္ေဆြေတြ၊
သူေဌးျဖစ္ ေခြးျဖစ္ စြန္ ့စားရာက ေဒ၀ါလီခံလိုက္ရတဲ့ လုပ္ငန္းၾကီးေတြအေၾကာင္း ျမင္ရၾကားရတိုင္း
ငါေတာ့ သူတို ့လိုမလုပ္ဘူးဆိုတဲ့ အေတြး မၾကာခဏ၀င္လာခဲ့ဖူးပါတယ္။
အဲ့သည္လိုျဖစ္ေနတဲ့သူေတြကို အျပစ္တင္လို ့ေတာ့လည္း မရဘူးေပါ့။
ကြ်န္ေတာ္တို ့အသက္၂၀ေလာက္ထိ ပညာေတြသင္ခဲ့ေပမယ့္ ၀င္ေငြကိုဘယ္လိုစီမံရမလဲနဲ ့စပ္လ်ဥ္းလို ့ ေက်ာင္းသင္ခန္းစာမွာ ေဖာ္ျပထားတာကို မေတြ့ရဖူးပါဘူး။ အဲ့ဒီအတြက္လည္း ပညာေရးကို အေတာ္ေလးအားမလိုအားမရျဖစ္ခဲ့ဖူးျပီ။

ကဲ…မဆိုင္တာေတြဆီ ေရာက္မသြားရေအာင္၊ မေယာင္ရာဆီမလူးမိေအာင္ အဓိကအေၾကာင္းကိုစေျပာပါေတာ့မယ္။

ကြ်န္ေတာ္တို ့ရဲ့၀င္ေငြဟာ အကန္ ့အသတ္ရွိပါတယ္။
ခုစာဖတ္ေနသူက သန္းၾကြယ္ခ်မ္းသာသူျဖစ္ေစဦးေတာ့ ၀င္ေငြဟာအကန္ ့အသတ္ရွိေနပါတယ္။
ဘယ္ေလာက္မ်ားျပားလွတဲ့ေငြပမာဏပဲျဖစ္ျဖစ္ ေလာင္ကစားလုပ္သလိုသံုးပစ္ရင္ တစ္ရက္ထဲ ခမ္းသြားပါလိမ့္မယ္။
ေလာင္းကစားမဟုတ္ေတာင္ ဆင္ျခင္မွုမပါ ျဖစ္ခ်င္ရာျဖစ္ မထီမဲ့ျမင္လုပ္မိရင္လည္း တျဖည္းျဖည္းနဲ ့ခမ္းသြားႏိုင္ပါေသးတယ္။
ေကာင္းျပီ… ကြ်န္ေတာ္တို ့ရဲ့၀င္ေငြကို စီမံဖို ့ဆိုတာ တဖက္ေစာင္းနင္းျဖစ္လို ့ေတာ့မရဘူး။
ေငြပဲစုမယ္။ က်န္တာေတြဘာမွဂရုမစိုက္ဘူး။ က်န္းမာေရး၊ မိသားစု၊ ပညာေရးဘာမွမသံုးဘူးဆိုျပန္ရင္လည္း အဆင္မေျပေသးဘူး။ အဲ့သလိုမျဖစ္ရေအာင္ ဘ၀တစ္ခုလံုးစာအတြက္ဟန္ခ်က္ညီေစမယ့္ ၀င္ေငြကိုစီမံခန္ ့ခြဲနည္းလိုပါမယ္။

ဒီနည္းကို အနွစ္ခ်ဳပ္အလင္းျပခဲ့သူကေတာ့ စာေရးသူအထူးေလးစားရတဲ့ T Harv Eker ျဖစ္ပါတယ္။ ဘ၀မွာ အလဲလဲအကြဲကြဲနဲ ့ဆယ္ႏွစ္လံုးၾကိဳးစားျပီးရခဲ့တဲ့ မီလ်ံနာတစ္ေယာက္ရဲ့စိတ္ဓာတ္ကို မျခြင္းမခ်န္ ကမၻာ ကိုခ်ျပခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

သူေဖာ္ျပထားတဲ့ စနစ္ကိုေတာ့ The 6 Jar Wealth Management System
လို ့နာမည္တပ္ထားပါတယ္။
ဖန္ဘူး ၆ခြက္ ဓနစီမံကိန္းလို ့ဘာသာျပန္လိုက္ပါရေစ။

ယခုေဖာ္ျပမယ့္နည္းစနစ္ဟာ ရိုးရွင္းလွပါတယ္။
ဖန္ဘူး ၆ခုရွိတယ္လို ့စိတ္ကူးၾကည့္ပါ။
ဖန္ဘူးတစ္ခုခ်င္းစီဟာ ေငြကို ဘယ္ေနရာမွာ ဘယ္ေလာက္ပမာဏအသံုးျပဳရမလဲဆိုတာကို ကိုယ္စားျပဳပါတယ္။
အဲ့ဒါကိုနားလည္လြယ္ေစဖို ့အတြက္ ေခါင္းစဥ္ ၆ခုနဲ ့တစ္ခုခ်င္းရွင္းျပသြားပါ့မယ္။

(၁) မျဖစ္မေန သံုးရမည့္အရာမ်ားကို ကိုယ္စားျပဳတဲ့ ဖန္ဘူးအတြက္ ၅၅% အသံုးျပဳပါ။
(Necessities (55%)
ရလာတဲ့ ၀င္ေငြရဲ့ တစ္၀က္တိတိကို မျဖစ္မေနေပးရန္လိုအပ္တဲ့၊ ေပးကိုေပးရမယ့္ အရာေတြျဖစ္တဲ့ စား ၀တ္ ေနေရး ျဖစ္တဲ့ စားေသာက္ကုန္က်စရိတ္၊ အ၀တ္အစား အသံုးအေဆာင္စရိတ္၊ အိမ္လခ ေရခြန္၊မီတာခ အစရွိသျဖင့္ အသံုးျပဳရမွာျဖစ္ပါတယ္။ ဒီေနရမွာ အဆင္ေျပေစဖို ့အတြက္ မျဖစ္မေနလုပ္ရမယ့္ လုပ္ငန္းစဥ္ႏွစ္ရပ္ရွိပါတယ္။
ပထမတစ္ခုကေတာ့ ဘ၀ကို ရိုးရွင္းစြာေနဖို ့ျပင္ဆင္ပါ…ဆိုလိုတာက မလိုတာေတြသံုးမိေနတာေတြရယ္၊ အေရးမၾကီးတဲ့ေနရာေတြမွာ အကုန္အက်မ်ားေနတာေတြကို စာရင္းျပဳစုျပီး ေနာက္လကစလို ့ေငြယိုေပါက္ေတြအားလံုးကို ထပ္မျဖစ္ရေအာင္ ျပင္ဆင္ဖို ့ပါပဲ။
ဒုတိယတစ္ခုကေတာ့ လစဥ္ ၀င္ေငြကို တိုးလာေစဖို ့ဘာေတြထပ္ျပီး ေလ့လာရမလဲ ဆိုတာပါပဲ။

(၂) ေငြေၾကးလြတ္ေျမာက္မွု အတြက္ ၁၀%ကိုဘဏ္မွာ လစဥ္စုေဆာင္းပါ။
(Financial Freedom Account (10%)
ဒီဖန္ဘူးေလးထဲ ၀င္သြားတဲ့ ၀င္ေငြရဲ့အစိတ္အပိုင္းဟာ အနာဂတ္အတြက္ ရင္းႏွီးျမွဳပ္ႏွံတယ္ဆုိတာနားလည္ဖို ့လိုသလို ဘယ္လိုအေျခအေနမ်ိဳးမွာမွ အသံုးမျပဳဖို ့အေရးၾကီးပါတယ္။

(၃) ေရရွည္စုေဆာင္းရန္ ၁၀%ကို ဖယ္ထားပါ။
(Long Term Savings (10%)
တခ်ိန္မွာ လိုလာႏိုင္တဲ့ အေၾကာင္းကိစၥ ေတြျဖစ္တဲ့ ကား၀ယ္တာ၊ ခရီးထြက္တာ၊ လက္ေဆာင္ေပးဖို ့လိုတာ၊ အိမ္တြင္းပရိေဘာဂအသစ္လဲခ်င္တာ၊ အေၾကြးေပးဖုိ့လိုတာ အစရွိသျဖင့္ အမ်ိိဳးမ်ိဳးေသာ အေၾကာင္းကိစၥ ေတြမွာ အသံုးျပဳဖို ့ျဖစ္ပါတယ္။

(၄) ပညာသင္ၾကားေရးအတြက္ ၁၀% အသံုးျပဳပါ။
Education (10%):
ခ်မ္းသာၾကြယ္၀သူေတြဟာ အျမဲတမ္းေလ့လာတဲ့သူျဖစ္ပါတယ္။ ေက်ာင္းျပီးသြားတာနဲ ့ဘာမွဆက္ျပီးမေလ့လာေတာ့ဘူးဆိုရင္ေတာ့ ဒီေန ့ေခတ္ၾကီးထဲမွာ သင္ဟာ ေမာင္က်န္ရစ္ၾကီးျဖစ္သြားပါလိမ့္မယ္။ အဲ့သည္လိုမျဖစ္ေလရေအာင္ လစဥ္ သင္တန္းတက္တာ၊ ေဟာေျပာပို ့ခ်ခ်က္ေတြနားေထာင္တာ၊ စာဖတ္တာ၊ အၾကံေပးတိုင္ပင္ခံနဲ ့ေဆြးေႏြးတာေတြလုပ္ရပါမယ္။ အဲ့ဒီအရာေတြ စီမံေဆာင္ရြက္ဖို ့အတြက္ ၀င္ေငြရဲ့ ၁၀%ကို အသံုးျပဳရန္ျဖစ္ပါတယ္။

(၅) စိတ္ခ်မ္းသာေပ်ာ္ရႊင္ဖို ့အတြက္ ၁၀%အသံုးျပဳပါ။
(Play 10%)
ကြ်န္ေတာ္တို ့အားလံုးလူသားေတြျဖစ္တာေၾကာင့္ အနားယူအပန္းေျဖဖို ့လိုအပ္ပါတယ္။ စိတ္၏က်န္းမာေရး ကိုယ္၏က်န္းမာေရးတို ့အတြက္ မိတ္ဆံုးစားပြဲလုပ္တာ၊ တခါခါ အရမ္းလိုခ်င္တဲ့ အကၤ် ီေလး၊ ဖိနပ္၊ ဖန္စီ ပစၥည္းေလး ၀ယ္ခ်င္တဲ့အခါမ်ိဳးေတြမွာ အသံုးျပဳဖို ့၁၀%ဖယ္ထားပါ။ ဒါဟာဘာ့ေၾကာင့္ လိုအပ္သလဲဆိုရင္ စာဖတ္သူအေနနဲ ့လူတန္းေစ့ေနႏိုင္ဖို ့ရယ္၊ ကိုယ္အရမ္းလိုခ်င္တာေလး၀ယ္လိုက္ရလို ့အျပစ္ရွိသလိုနာက်င္ခံစားမေနရဖို ့ျဖစ္ပါတယ္။

(၆) အလွဴဒါနျပဳရန္အတြက္ ၅%ကို သံုးပါ။
( Give 5%)
ကိုယ္ဘယ္ေလာက္ပဲ ဆင္းရဲဆင္းရဲ ကိုယ့္ထက္ အတိ ဒုကၡေနၾကသူေတြဆိုတာ ရွိတာမို ့အလွဴဒါနျပဳသင့္ပါတယ္။ အဲ့သည္လို ဒါနျပဳႏိုင္ရန္အတြက္ စာဖတ္သူရဲ့၀င္ေငြရဲ့ ၅%ကို ပရဟိတ ေဖာင္ေဒးရွင္းလိုေနရာေတြ၊ ဆင္းရဲခ်ိဳ ့တဲ့သူေတြကို လွဴဒါန္းလိုက္ပါ။

ေငြေၾကးခ်မ္းသာသူေတြဟာ လူေတြကို ကူညီခ်င္တဲ့စိတ္ထားၾကတာဟာ အလွ်ံပယ္စိတ္ရွိလို ့ျဖစ္ပါတယ္။ အရာရာဟာ ရွားပါးတယ္ ဒါ့ေၾကာင့္ မသံုးမစြဲ မလွဴမဒါန္း ကပ္ေစးႏွဲရမယ္ဆိုတဲ့ ခ်ိဳ့တဲ့တဲ့စိတ္မ်ိဳးမေမြးတာအေကာင္းဆံုးပါပဲ။ ခ်ိဳ ့တဲ့ေသာစိတ္ေၾကာင့္ စိတ္ပိုင္းဆိုင္ရာ အၾကပ္အတည္းေတြ ၾကံဳရျခင္းမျဖစ္ေစရန္ အဲ့သည္ခံယူခ်က္ကို စြန္ ့ပယ္သင့္ပါတယ္။

(၇) ေငြေၾကးအခက္အခဲေၾကာင့္ ပူေလာင္ဆင္းရဲမွုက လြတ္ေျမာက္ေရး စုဘူး
အေပၚက ၆ခုအျပင္ ပိုလွ်ံတဲ့ အေၾကြ၊ ၾကားေပါက္ရလာတဲ့ေငြေတြကို စုဖို ့ဖန္ဘူးတစ္ဘူးလိုပါမယ္။
ဒါဟာ ေငြေၾကးေၾကာင့္ ပူေလာင္ဆင္းရဲရျခင္းက လြတ္ေျမာက္ေအာင္လုပ္ဖို ့မိမိကိုယ္မိမိ အျမဲသတိတရရွိေစဖို ့ျဖစ္ပါတယ္။

လက္ေတြ့လုပ္ေဆာင္ရန္
+++++++++++++++++
ယခုေဖာ္ျပေပးလိုက္တဲ့ စနစ္ကို ယေန ့ပဲ အဆင့္ (၃)ခုနဲ ့စတင္လိုက္ၾကရေအာင္ပါ။

(၁) ၀င္ေငြ ထြက္ေငြကို သိေအာင္လုပ္ပါ။
စာဖတ္သူအေနနဲ ့တစ္လ ၀င္ေငြ၊ ထြက္ေငြဘယ္ေလာက္ရွိေနလဲ တိတိပပ မသိဘူးဆိုရင္ေတာ့ ေငြေၾကးေၾကာင့္ စိတ္ပင္ပန္းေနရဦးမွာ ျဖစ္တာေၾကာင့္ အဲ့သည္လိုမျဖစ္ရေအာင္ ယခုပဲ ၀င္ေငြ၊ ထြက္ေငြစာရင္းကို ျပဳစုလိုက္ပါ။
ေန ့စဥ္၊ အပတ္စဥ္၊ လစဥ္ အသံုးစရိတ္ကို အတတ္ႏိုင္ဆံုး စီစစ္ပါ။ ဒါမွ မွန္ကန္တဲ့လမ္းေပၚ အေရာက္လွမ္းႏိုင္မွာျဖစ္ပါတယ္။

(၂) စိတ္ဓာတ္ကိုေျပာင္းလဲပစ္ပါ။
ေငြကိုစီမံတဲ့လုပ္ငန္းဟာ ေပ်ာ္ရႊင္မွုကို ခ်ဳပ္တည္းပစ္တာမ်ိဳး မဟုတ္ပါဘူး။ ခံယူခ်က္ကိုေျပာင္းလဲလိုက္တာမ်ိဳးသာျဖစ္သင့္ပါတယ္။ ေငြေၾကးအခက္အခဲေၾကာင့္ ပူေလာင္ဆင္းရဲမွုေတြကို အဆံုးသတ္ျခင္းပဲ ျဖစ္ပါတယ္။ စာဖတ္သူအေနနဲ ့တခ်ိန္ အျငိမ္းစားယူတဲ့အခ်ိန္ထိ ေငြေၾကးအခက္အခဲမရွိဘူး၊ လူတန္ေစ့ေနထိုင္ႏိုင္ေရးကို ျမင္ေယာင္ၾကည့္လိုက္ရင္ ဒါကို သေဘာေပါက္ပါလိမ့္မယ္။ ငါသည္ ေငြကို ေကာင္းစြာစီမံတတ္သူျဖစ္သည္ လို ့ကိုယ့္ကိုယ္ကို အၾကိမ္ၾကိမ္ သတိေပးတဲ့ အေလ့အက်င့္ေမြးျမဴပါ။

(၃) ဆင္ေျခေပးေနတာေတြ အဆံုးသတ္ပါ။
ငါေတာ့ ဒီအစီအစဥ္ကို ေနာက္တစ္လမွ ၊ ေနာက္တစ္ႏွစ္မွ စေတာ့မယ္လို ့ေန့ေရႊ ့၊ ညေရႊ ့ဆင္ေျခေပးေနတာအားလံုး ရပ္တန္းက ရပ္ပစ္လိုက္ပါ။ ေငြေၾကစီမံမွုမွာ အခ်ိန္ဆြဲတဲ့အက်င့္ မပူးကပ္ပါေစနဲ ့။ အစီအစဥ္အတိုင္း ေန့တိုင္းသာ လိုက္နာေဆာင္ရြက္ပါ။

ေငြေၾကးအခက္အခဲေတြေၾကာင့္ စိတ္ဆင္းရဲ၊ ကိုယ္ဆင္းရဲ ကင္းေ၀းၾကပါေစ။
ၾဆာသိန္း
မွီျငမ္း The 6 Jar Wealth Management System by T. Harv Eker from Reading Graphics

18/01/2021

Welcome

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Jai Prop firms trader posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category