ရသာကောင်း

ရသာကောင်း Protection, Health & Within Saving Insurance Products

YaTharKaung Family Business မှ products များကို ဝေဖန်အကြံပြုနိုင်ပါသည်။ လူကြမင်းတို့အတွက် အဆင်ပြေ လွယ်လင့်တကူ စားသုံးနို...
25/01/2022

YaTharKaung Family Business မှ products များကို ဝေဖန်အကြံပြုနိုင်ပါသည်။
လူကြမင်းတို့အတွက် အဆင်ပြေ လွယ်လင့်တကူ စားသုံးနိုင်ရေးအတွက် အစဉ်အမြဲ က်ြုးစားလျက်ရှိပါသည်။
လေးစားစွာဖြင့် ဝေဖန်အကြံပြုပေးကြပါရန် မေတ္တာရပ်ခံပါသည်။
🙏🙏🙏
#ရသာကောင်း

YaTharKaung Family Business မှ အရာသာကောင်းမွန်သော အညာဒေသထွက်ကုန်ဖြစ်တဲ့ အညာမုန့် ကရေကရာ ကို ထုတ်လုပ်ရောင်းချပေးနေပါသည်။ ...
20/01/2022

YaTharKaung Family Business မှ အရာသာကောင်းမွန်သော အညာဒေသထွက်ကုန်ဖြစ်တဲ့ အညာမုန့် ကရေကရာ ကို ထုတ်လုပ်ရောင်းချပေးနေပါသည်။
ထူးကဲသော အရာသာ၊ ကောင်းမွန်သော ဝန်ဆောင်မှုနှင့်အတူ ချိုသာ‌သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေပါသည်။
အားပေးခြင်းဖြင့် ကူညီကြပါခင်ဗျာ 🙏🙏🙏

YaTharKaung Family Business မှာ နနွင်းမှုန့်စစ်စစ်တွေ ဖြန့်ဖြူးရောင်းချပေးနေပါတယ် (၅)ကျပ်သားအထုပ်ကလေးတွေမှစ၍ ဖြန့်ဖြူးရေ...
09/01/2022

YaTharKaung Family Business မှာ နနွင်းမှုန့်စစ်စစ်တွေ ဖြန့်ဖြူးရောင်းချပေးနေပါတယ် (၅)ကျပ်သားအထုပ်ကလေးတွေမှစ၍ ဖြန့်ဖြူးရောင်းချပေးနေပါတယ်။
ဝယ်ယူခြင်းဖြင့် အားပေးကူညီကြပါ။
🙏🙏🙏

📢📢📢နနွင်းမှုန့်စစ်စစ်တွေ ရရှိပါပြီ!နနွင်းဆိုရင် အိမ်တွင် မီးဖိုချောင်းထဲရော၊ ဆေးဝါးအဖြစ်ရော အသုံးပြုနိုင်ပါသည်။အော်ဒါမျာ...
03/01/2022

📢📢📢
နနွင်းမှုန့်စစ်စစ်တွေ ရရှိပါပြီ!
နနွင်းဆိုရင် အိမ်တွင် မီးဖိုချောင်းထဲရော၊ ဆေးဝါးအဖြစ်ရော အသုံးပြုနိုင်ပါသည်။
အော်ဒါများကို မှာယူချင်ပါက ဖုန်းနံပါတ်- 09795652734၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့။
ကျေးဇူးတင်ပါသည် 🙏

31/12/2021

New year လို့ပဲ ပြောပါတော့မယ်။ ကြုံခဲ့ရတာတွေက တစ်နိုင်ငံလုံးဆိုတော့။ အခု နှစ်သစ်မှာ ပြည်သူတွေ ချမ်းသာခြင်းသုခ၊ ကြွယ်ဝခြင်းသုခ၊ အေးမြခြင်းသုခ တွေနဲ့ ပြည့်စုံပါစေ...! မင်္ဂလာရှိတဲ့ နှစ်သစ်လေးဖြစ်ပါစေလို့ YaTharKaung မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ်🙏🙏🙏

Merry Christmas Christmas ကြာလမှာ မိသားစု‌ဆွေမျိုးတွေစုံစုံညီညီနဲ့ အေးချမ်းပျော်ရွှင်ဖွယ်ပါစေလို့ YaTharKaungမိသားစုမှ ဆ...
25/12/2021

Merry Christmas
Christmas ကြာလမှာ မိသားစု‌ဆွေမျိုးတွေစုံစုံညီညီနဲ့ အေးချမ်းပျော်ရွှင်ဖွယ်ပါစေလို့ YaTharKaungမိသားစုမှ ဆု‌မွန်ကောင်းတောင်းပေးပါတယ်🙏🙏🙏။ လက်ရှိဖြစ်ပွားကြားသိနေတာတွေအတွက်လည်း တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်😔။ ခင်မင်အားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်း ညီအစ်ကိုမောင်နှမများကို အထူးကျေးဇူးတင်ပါတယ်🙏။ ပိုပိုကောင်းမွန်သော အရသာ၊ ဈေးနှုန်းတန်ပြီး သန့်ရှင်းသပ်ရပ်သောထုပ်ပိုးမှုတွေနဲ့ နှစ်သစ်မှာ အသစ်သစ်တွေ တင်ဆက်မိတ်ဆက်ပေးဖို့ အဆင့်သင့်ဖြစ်ပါပြီ🤗။ အားပေးကူညီခြင်းဖြင့် ကူညီကြပါ 🙏🙏🙏

“စေတနာထားပြီး အလုပ်လုပ်ပါ” စေတနာလို့ ပြောလိုက်ရင် လူတွေက ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ပရဟိတ၊ ဒါတွေနဲ့ ရောသွားတတ်ပါတယ်။ တ...
23/12/2021

“စေတနာထားပြီး အလုပ်လုပ်ပါ”

စေတနာလို့ ပြောလိုက်ရင် လူတွေက ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ပရဟိတ၊ ဒါတွေနဲ့ ရောသွားတတ်ပါတယ်။ တကယ်တော့ ဘဝတိုးတက်ရေးမှာလည်း အရေးကြီးပါတယ်။

ခုလို နည်းပညာတွေ တအားထွန်းကားလာတဲ့ခေတ်မှာ ကျွန်တော်တို့ဆီကနေ တောင်းဆိုလာတဲ့ အရည်အချင်းတွေ ရှိပါတယ်။ အဲဒီထဲမှာ တစ်ခုအပါအဝင် ဖြစ်နေတာကတော့ Service mindset လို့ခေါ်တဲ့ ဝန်ဆောင်မှုစိတ်ထား ဖြစ်ပါတယ်။ ဒီနေ့ခေတ် လုပ်ငန်းရှင်တွေ၊ ဦးဆောင်သူတွေ သူတို့ရဲ့ ဝန်ထမ်းတွေဆီက အလိုချင်ဆုံး အရည်အသွေးလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

ကိုယ်တိုင်လည်း ဒါနဲ့ ပတ်သက်လို့ အလုပ်တွေ လုပ်ဖူးသလို၊ သင်တန်းတွေလည်း ပေးဖူးပါတယ်။ တချို့တွေက သီအိုရီတွေ အများကြီးသိတယ်။ လက်တွေ့မှာ သူတို့ပေးတဲ့ ဝန်ဆောင်မှုကကျ ကောင်းမနေဘူး။ တချို့ကျတော့လည်း အထွေအထူး သင်နေစရာ မလိုဘူး။ သူတို့ လုပ်တာကိုင်တာ၊ ပြောတာဆိုတာလေးတွေက သိပ်ကျေနပ်စရာ ကောင်းနေတယ်။ အဓိက ကွာခြားချက်က ဘာလဲလို့မေးရင် စေတနာပဲ။ တစ်နည်းအားဖြင့် တစ်ဖက်သားကို အဆင်ပြေအောင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတဲ့ စိတ်နေစိတ်ထား ဖြစ်ပါတယ်။

နယ်မြို့တစ်ခုမှာ အလုပ်လုပ်တုန်းက တပည့်မတစ်ယောက်နဲ့ ဆုံဖူးပါတယ်။ သူ့အလုပ်ကို အတိုချုပ် ပြောရရင် ရပ်ရွာထဲက အမျိုးသား၊ အမျိုးသမီးတွေကို ဆေးခန်းရဲ့ ဝန်ဆောင်မှုတွေ သိအောင် ပြောပြဖို့ရယ်၊ လိုအပ်သူတွေကို ဆေးခန်းအရောက် ခေါ်လာပေးဖို့ရယ်ပါ။ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာ၊ လူတွေနဲ့ ဘယ်လိုစကားပြောရမယ်၊ ရပ်ကွက်ထဲ၊ ကျေးရွာတွေထဲမှာ ဟောပြောပွဲတစ်ခုကို ဘယ်လိုလုပ်ရမယ် စသဖြင့် Technical skill လို့ခေါ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအပြင် သိသိသာသာ မြင်နေရတာက သူ့ရဲ့ စေတနာပါပဲ။

သူ့ကို Customer service အကြောင်း သင်တန်းမပေးဖူးပါဘူး။ ဝန်ဆောင်မှုအကြောင်း သူ့ကို သွားမေးရင်လည်း သေသေချာချာ ဖြေနိုင်မယ် မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို လူတွေက သဘောကျကြတယ်။ သူနဲ့ ဆုံပြီးရင် စိတ်မကျေမနပ် ဖြစ်သွားရသူဆိုတာ မရှိသလောက်ပဲ။ ဖော်ရွေတယ်။ သဘောကောင်းတယ်။ ဘယ်သူ့ကိုမဆို ကူညီတတ်တယ်။ ဆေးခန်းပြပြီးရင် အိမ်အထိ ပြန်လိုက်ပို့ဖို့ဆိုတာ သူ့တာဝန်ထဲ မပါဘူး။ ဒါပေမဲ့ အိမ်က ချက်ချင်း လာမကြိုနိုင်သေးလို့ မြန်မြန်ပြန်ဖို့ လိုနေသူတွေ၊ မိုးရွာနေလို့ ဆိုင်ကယ်ကယ်ရီ ငှားမရတဲ့သူတွေဆို သူကိုယ်တိုင် လိုက်ပို့ပေးတတ်တယ်။ ဆေးခန်းမှာ လူများလို့ စောင့်နေရရင် သူက ဘေးမှာထိုင် စကားပြောပေးနေတယ်။ ကလေးပါလာသလား၊ ထိန်းထားပေးတယ်။ သူ့ကို ဒါတွေ ဒါတွေ လုပ်ရမယ်လို့ ပြောထားတဲ့ ဘောင် (သူ့ JD) ရဲ့ အပြင်က အလုပ်တွေကိုပါ မခိုင်းဘဲ လုပ်ပေးနေတယ် ဆိုတာ သူ့ရဲ့ စေတနာကြောင့်ပါ။

Customer service is not a skill, it is an attitude ဆိုတဲ့ စကား ရှိပါတယ်။ ဆိုလိုတာက ဝန်ဆောင်မှုဆိုတာ ကျွမ်းကျင်မှု မဟုတ်ဘူး။ စိတ်နေစိတ်ထားပါတဲ့။

သဘောက Customer service အကြောင်း သင်တန်းပေးတယ်ဆိုတာ ဝန်ဆောင်မှုရဲ့ သဘော သဘာဝတွေအကြောင်း၊ ဘယ်လိုတွေ သတိထားရမယ်၊ ဘာတွေ လုပ်သင့်တယ် ဆိုတာတွေကိုသာ သင်ပေးနိုင်တာပါ။ ကာယကံရှင်မှာ စေတနာအခံကလေး ပါမလာရင် ဘယ်လောက်သင်ပေး သင်ပေး ထူးမှာ မဟုတ်ပါဘူး။ လုပ်ကိုလုပ်ရမယ်လို့ ပြောထားလို့သာ လုပ်နေရတာမျိုးပါ။ လုပ်ရိုးလုပ်စဉ်ထဲမှာ မပါတဲ့ အခြေအနေတွေ ရှိလာတဲ့အခါမှာတော့ သိသာလာပါတယ်။

ဥပမာ ကားလက်မှတ် ရောင်းတဲ့ ဌာနတစ်ခု ဆိုပါတော့။ လက်မှတ်ဖြတ်ပြီးရင် ပြန်လဲမပေးပါဘူး။ ဒါက သူတို့ရဲ့ စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။ ဒါမျိုးကလည်း ထားသင့်ပါတယ်။ မဟုတ်ရင် လက်မှတ်ဖြတ်ပြီးသမျှသာ ပြန်လာလဲနေရင် သေရချည်ရဲ့။

ဒါပေမဲ့ တချို့အခြေအနေတွေ ရှိတတ်ပါတယ်။ ဥပမာ လက်မှတ်ဖြတ်ပြီးမှ မမျှော်လင့်တဲ့ အခြေအနေကြောင့် အပြောင်းအလဲ ဖြစ်သွားတယ်၊ စီးတော့စီးမယ်၊ ရက်ပြောင်းချင်တာမျိုး၊ အချိန်ပြောင်းချင်တာမျိုးပေါ့။ အဲ့ဒီအခါမှာ တချို့ကတော့ လက်မှတ်ဖြတ်ပြီးရင် မရဘူးဆိုပြီး ခပ်ပြတ်ပြတ်ပဲ ပြောတယ်။ တချို့ကျလည်း အတတ်နိုင်ဆုံး ကြိုးစားပေးမယ် ဆိုပြီး ကိုယ်ဖြတ်ထားတဲ့ လက်မှတ်ကို တခြားသူတွေဆီ ရောင်းပေးတယ်။ တစ်ခါတစ်လေလည်း အဆင်ပြေတယ်။ တစ်ခါတစ်လေလည်း ပြန်ရောင်းလို့ မရတော့တဲ့အတွက် လက်မှတ်အသစ် ထပ်ဖြတ်လိုက်ရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဘာကွာလဲဆိုတော့ စိတ်ကျေနပ်မှုပေါ့။

ကိုယ့်အမှား ဖြစ်လို့ လက်မှတ်အသစ် ထပ်ဝယ်ရတာကို ဘယ်သူမှ Complaint မတက်ပါဘူး။ တက်ခွင့်လည်း မရှိဘူး။ သို့သော် သြော် သူ အတတ်နိုင်ဆုံး ကြိုးစားပေးတယ် ဆိုတဲ့ ခံစားမှုမျိုး ရတယ်။ တစ်နည်းအားဖြင့် သူ့ရဲ့ စေတနာကို ခံစားလိုက်ရခြင်းလည်း ဖြစ်ပါတယ်။ ကားလက်မှတ် စုံစမ်းလိုသူတွေ ဖုန်းဆက်ရင် ဘယ်လိုပြန်ဖြေရမယ်၊ ဖုန်းကိုင်ရင် ဘယ်လိုစနှုတ်ဆက်ရမယ် စတာတွေကို သင်ပေးထားလို့ ရပါတယ်။ ဒါမျိုး Customer ကို ဘယ်လိုအဆင်ပြေအောင် လုပ်ပေးရမလဲ ဆိုတဲ့ စိတ်ကိုတော့ သင်ပေးလို့ မရပါဘူး။

တက်စီတွေဆိုလည်း ယာဉ်စီးသူ ကားပေါ်တက်ရင် အဲကွန်းဖွင့်ပေးရမယ် ဆိုတဲ့ စည်းကမ်းရှိတယ်။ ဒီတော့ ဖွင့်ကို ဖွင့်ပေးရတယ်။ ဒါပေမဲ့ အဲကွန်း မအေးတာကို မပြင်ဘဲ ဒီအတိုင်း ဖွင့်ပေးထားတာမျိုးက စေတနာ မပါမှန်း သိသာစေတယ်။ နောက် ခရီးသည်က သူသွားရမဲ့နေရာကို အတိအကျ မသိတဲ့အခါမှာလည်း မကူညီတာ၊ နည်းနည်းကလေး ပိုသွားပေးလိုက်ရတာကို ပိုက်ဆံထပ်တောင်းတာ၊ ဒါတွေက ကားမောင်းသူရဲ့ စေတနာကို ပြနေတာ ဖြစ်ပါတယ်။ တကယ်သာ စေတနာပါတဲ့ ကားဆရာဆို ယာဉ်စီးသူအနေနဲ့ ကိုယ့်ကားထဲ ဝင်လိုက်တာနဲ့ စိတ်ထဲ ကျေနပ်မှုရအောင် ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ အပါအဝင် ကားထဲက အနံ့အသက်တွေကိုကအစ ဂရုစိုက်တတ်ပါလိမ့်မယ်။

Customer တွေဘက်က တောင်းဆိုမှု ပိုကြီးတဲ့ ဆေးကုသမှုလုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေဆို ပိုတောင်မှ လိုအပ်ပါလိမ့်ဦးမယ်။ တစ်လောကလုံးမှာ ဒီအစားအသောက်က ကိုယ့်ဆိုင်မှာပဲ ရတယ်၊ ဒီကုသမှုက ကိုယ့်ဆေးရုံမှာပဲ လုပ်လို့ရတယ်၊ ဒီတစ်လောကလုံးမှာ ကိုယ့်ဟိုတယ်တစ်ခုပဲ ရှိတယ်၊ အဲ့လိုအခြေအနေတွေဆိုရင်တော့ ချေမိုးပြီး ဝန်ဆောင်မှု ပေးနေလို့ ရပေမဲ့ အဲ့လိုမဟုတ်ဘဲ အပြိုင်အဆိုင် များတဲ့ အနေအထားဆိုရင်တော့ ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်သူက ခေါင်းတစ်လုံး သာသွားမှာ ဖြစ်ပါတယ်။

သင်တန်းတွေ ပေးစရာ မလိုဘူး မဟုတ်ပါဘူး။ လိုပါတယ်။ ဒါမှသာ သေသေချာချာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိသွားမှာပါ။ ပြောရရင် သင်တန်းဆိုတာက အရောင်တင်ပေးတဲ့ အရာမျိုး ဖြစ်ပြီး အခြေခံအုတ်မြစ်အနေနဲ့ ရှိထားသင့်တာကတော့ စေတနာ ဖြစ်ပါတယ်။ အဲဒါမရှိဘဲ သင်တန်းတွေချည်း တက်နေမယ်ဆိုရင်တော့ မျက်နှာမှာ သနပ်ခါး၊ ပေါင်မှာ သေးကြောင်း ဆိုတဲ့ စကားပုံအတိုင်း ဖြစ်နေမှာပါ။ အပေါ်ယံဆို မသိသာပေမဲ့ တကယ့်တကယ် အရေးအကြောင်းတစ်ခုခု ဖြစ်လာတဲ့အခါကျ ပေါ်လာပါလိမ့်မယ်။

ကော်ဖီတိုက်တယ်။ ခွက်အောက်မှာ ပန်းကန်သေးလေးတစ်ချပ် ထည့်ပေးတယ်။ ဒီတော့ သောက်တဲ့သူက ခွက်ပူပူကြီးကို လက်နဲ့ ကိုင်ထားစရာ မလိုတော့ဘူး။

ဂဏန်းဟင်းကို လက်နဲ့စားရင် လက်နံတယ်။ ဒီတော့ မနံအောင် လက်အိတ်ကလေး ပေးတယ်။ ပြီးရင် ရေနွေးနဲ့ သံပုရာရည်နဲ့ ဆေးလို့ရအောင် စီစဉ်ပေးတယ်။

လူမှုကွန်ရက်မှာ စာရေးတယ်။ အပိုဒ်ကလေးတွေ ခွဲပြီး ဖတ်ရသူ အဆင်ပြေပြေ ဖတ်နိုင်အောင် လုပ်ပေးတယ်။ အလုပ်မှာ Powerpoint presentation လုပ်တယ်။ ဘယ်သူမဆို ကြည့်လို့ အဆင်ပြေအောင် Font size အနေတော်လေး ထားပေးတယ်။ အရောင်ကို မျက်စိစူးစေတာမျိုး မရွေးဘူး။

ပြောရရင် ဒါတွေအကုန်လုံးက စေတနာကို အခြေခံတာပဲ။ အဲ့လိုလုပ်ငန်းတွေ၊ အဲ့လိုလူပုဂ္ဂိုလ်တွေပဲ သက်ဆိုင်ရာ နယ်ပယ်မှာ ပိုပြီး အောင်မြင်မှု ရကြတာပဲ။

ဒီတော့ ဘာပဲလုပ်လုပ် တစ်ဖက်သားကို အဆင်ပြေအောင် လုပ်ပေးလိုက်မယ် ဆိုတဲ့ စိတ်အခံလေးတွေ မွေးမြူထားကြဖို့ လိုပါလိမ့်မယ်။ ကိုယ့်အခက်အခဲ၊ ကိုယ့်ပြဿနာတွေကိုပဲ အခြေခံ စဉ်းစားမနေဘဲ တစ်ဖက်သားဘက်က ထည့်တွေးတတ်အောင် ကြိုးစားပါ။ အဲဒါက ကိုယ့်အလုပ်မှာ ပျော်ရွှင်မှု ပိုရစေမှာ ဖြစ်သလို ပိုပြီးလည်း အောင်မြင်မှု ရလာစေပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၄.၇.၂၀၂၀
Credit...

Address

Yankin
Yangon
11081

Alerts

Be the first to know and let us send you an email when ရသာကောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရသာကောင်း:

Share