Ma Sandar Win- Financial Advisor - CHUBB Life Myanmar

Ma Sandar Win- Financial Advisor - CHUBB Life Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ma Sandar Win- Financial Advisor - CHUBB Life Myanmar, Insurance Agent, Yangon.

Chubb Life Myanmar နဲ့ အတူ လှပတဲ့မိသားစု အနာဂတ်၊ ခိုင်မာတဲ့ ဘဝတည်ဆောက်မှုအားလုံးမှာ ဘဝရဲ့အဖြစ်ချင်ဆုံးဆန္ဒတွေများစွာ ရှိ...
10/09/2022

Chubb Life Myanmar နဲ့ အတူ လှပတဲ့မိသားစု အနာဂတ်၊ ခိုင်မာတဲ့ ဘဝတည်ဆောက်မှု

အားလုံးမှာ ဘဝရဲ့အဖြစ်ချင်ဆုံးဆန္ဒတွေများစွာ ရှိကြပါတယ်။
အဲ့ဒီ့ထဲကမှ ကိုယ့်ရဲ့ ချစ်ရသူတွေ၊ ကိုယ့်ရဲ့ မိသားစုတွေကို အေးချမ်းတဲ့ အနာဂတ်ကို ဖန်တီးပေးချင်ကြတာဟာ ကျွန်တော်တို့အားလုံးရဲ့ အိမ်မက်တွေထဲက တစ်ခုပါ။

ကိုယ့်ရဲ့ မိသားစုနောင်ရေးကို ခိုင်မာစွာနဲ့ တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Chubb Life Myanmar မှ အပြည့်အဝကူညီပေးပါရစေ။

Chubbအနာဂတ်မဏ္ဍိုင်အသက်အာမခံဟာ ကိုယ့်မိသားစုတွေရဲ့ အနာဂတ်အတွက် မိမိသားသမီးလေးတွေရဲ့ ပညာရေးအတွက် အကောင်းဆုံးငွေကြေးစုဆောင်းတတ်တဲ့ အလေ့အကျင့်ကို ရရှိစေပြီး ခိုင်မာတဲ့ ရန်ပုံငွေအဖြစ်ထားရှိထားခြင်းကြောင့် အရေးအကြောင်းတစ်ခုခု ဖြစ်ခဲ့ရင် ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့ မိသားစုကို စိတ်မပူပင်စေရပဲ ကိုယ့်ရဲ့ အနာဂတ်အိမ်မက် များကို ဆက်လက် အကောင်အထည်ဖော်နိုင်အောင်အထောက်အကူ ဖြစ်စေမဲ့ အကာအကွယ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် Chubb Life Insurance Myanmar နဲ့အတူ ကိုယ့်မိသားစုနဲ့ ကိုယ်ချစ်ရတဲ့သူတွေကို လှပတဲ့ အနာဂတ်၊ ခိုင်မာတဲ့ ဘဝတည်ဆောက်မှုတစ်ခု ရရှိနိုင်အောင် အတူတကွဖန်တီးပေးကြပါစို့။
Financial Advisor
🤙09762080743
Chubb Life Insurance Myanmar

ကျွန်တော် အမေရိကန်အာမခံကုမ္ပဏီ Chubb မှာ လုပ်တုန်းက townhall meeting တွေ ၆ လ တစ်ခါလောက် participate လုပ်ရပါတယ်။ ကိုယ်ကတေ...
06/07/2022

ကျွန်တော် အမေရိကန်အာမခံကုမ္ပဏီ Chubb မှာ လုပ်တုန်းက townhall meeting တွေ ၆ လ တစ်ခါလောက် participate လုပ်ရပါတယ်။ ကိုယ်ကတော့ နားဘဲနားထောင်ရတဲ့အဆင့်ပါ။

Chubb ရဲ့ CEO Evan Greenberg ဆိုတာ AIG ကို အာမခံကုမ္ပဏီကြီးဖြစ်လာအောင် တည်ထောင်ခဲ့တဲ့ Legendary Insurance CEO, Hank Greenberg, ရဲ့ ဒုတိယသားဖြစ်ပါတယ်။ Evan ရဲ့ အစ်ကို Jeffery Greenberg ကတော့ အခု ကမ္ဘာ့ အကြီးဆုံး insurance broking house ဖြစ်တဲ့ Marsh မှာ ၂၀၀၅ ခုနှစ်အထိ CEO ဖြစ်ခဲ့ပါတယ်။ Insurance နဲ့ ဖက်ပြီးမွေးလာတဲ့ သူတွေပေါ့။

Evan Greenberg, townhall meeting မှာ ပြောတာ အခါခါ နားထောင်ခဲ့သမျှ ကျွန်တော်မှတ်မိတာ စကား တစ်လုံးဘဲရှိပါတယ်။ အဲဒီတစ်လုံးကတော့ combined ratio ပါ။
Evan ဟာ တစ်ခြားဘာတွေပြောလဲမမှတ်မိလောက်တဲ့အထိ combined ratio ဆိုတဲ့စကားလုံးကို ထပ်ခါထပ်ခါပြောလေ့ရှိပါတယ်။

Combined Ratio ဆိုတာဘာလဲ?

Combine Ratio = (Incurred losses + administration cost + distribution cost)/Earned Premium
ရှင်းရှင်းပြောရရင် ရတဲ့ Premium ကို (ပေးရတဲ့ claim နဲ့ ရုံးစရိတ် နဲ့ agent စရိတ်) နှုတ်ပြီးရလာတဲ့ ရလဒ်ပါ။
Combined ratio ၁၀၀% အောက်ဆို အာမခံကုမ္ပဏီ က underwriting profit ရတယ်လို့ပြောပါတယ်။ ၁၀၀% အထက်ဆို underwriting loss ဖြစ်တယ်လို့ပြောပါတယ်။

(ဥပမာ
Claim က သိန်း ၁,၀၀၀ ဆိုပါစို့၊ ရုံးစရိတ် သိန်း ၂၀၀၊ agent စရိတ် သိန်း ၁၅၀၊ ပရီမီယံ သိန်း ၁,၅၀၀
၁,၅၀၀-(၁,၀၀၀+၂၀၀+၁၅၀) = အမြတ် သိန်း ၁၅၀
Combined ratio = (၁,၀၀၀+၂၀၀+၁၅၀)/၁,၅၀၀= ၉၀% )

Even Greenberg ဟာ Chubb ရဲ့ combined ratio ကို Competitors တွေထက်သာအောင် လုပ်ခဲ့တာ ဆယ်စုနှစ်ချီနေပါပြီ။ Chubb ရဲ့ Core strategy ဟာ Combined Ratio around 90% လောက်ကို နှစ်ရှည်လများ တစ်သမက်ထဲ ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

Premium များများရအောင်ရှာခဲ့လို သူပြောတာ တစ်ခါမှမကြားဖူးပါဘူး။ Combine ratio ကောင်းအောင်လုပ်ဆိုတာဘဲပြောလေ့ရှိပါတယ်။

1993 မှ စထောင်ခဲ့ ACE(ခုတော့ Chubb ဖြစ်သွားပါပြီ) ဆိုတဲ့အာမခံကုမ္ပဏီအသေးလေးဟာ Evan ရဲ့ Leadership အောက်မှာ အဆပေါင်းများစွာတိုးတက်လာပြီး အခုဆို သူ့ထက်နှစ်ပေါင်းရာချီစောတဲ့ ကုမ္ပဏီတွေကိုကျော်ပြီး ကမ္ဘာ့ အဆင့် ၁၁ အကြီးဆုံး အာမခံကုမ္ပဏီအဖြစ်ရပ်တည်လာနိုင်ပါတယ်။ (According to )

to Ko August Kyaw Soe Han
Country Manager, Poe-ma Insurances
Anziif, Senior Associate.
Photo - Evan Greenberg



သင်လည်းပဲ Chubb Life Insurance Myanmar ရဲ့ Financial Advisor တစ်ယောက်ဖြစ်နိုင်ပါတယ်သင်ဟာ-ကိုယ်ပိုင်စီးပွားရေးတစ်ခုလိုမျိ...
24/06/2022

သင်လည်းပဲ Chubb Life Insurance Myanmar ရဲ့ Financial Advisor တစ်ယောက်ဖြစ်နိုင်ပါတယ်

သင်ဟာ-

ကိုယ်ပိုင်စီးပွားရေးတစ်ခုလိုမျိုး လုပ်ငန်းတစ်ခုကို လုပ်ကိုင်ချင်တဲ့သူဆိုရင်...

အိမ်ကနေပဲ ကိုယ့်ရည်မှန်းချက်တွေကို စတင် အကောင်အထည်ဖော်ချင်တဲ့သူဆိုရင်...

International Company တစ်ခုမှာ ကိုယ့်ရဲ့ Career လမ်းကြောင်းကို Professional တစ်ယောက်အဖြစ် စတင် လုပ်ကိုင်ဖို့စိတ်ဝင်စားတယ်ဆိုရင်...

လူကြီးမင်းတို့ကို Chubb Life Insurance Myanmar ရဲ့ Professional Financial Advisor တစ်ယောက် အဖြစ်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါရစေ။

Chubb Life Insurance Myanmar ဟာ မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းနယ်ပယ်မှာ ဦးဆောင်နေတဲ့ အသက်အာမခံ Company တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားတဲ့ မိဘပြည်သူများအာလုံးကို Professional Financial Advisor များဖြစ်လာအောင် ကူညီပေးနေပါတယ်။

သင်ဟာအပေါ်က အချက်များနဲ့ ကိုက်ညီတဲ့သူတစ်ယောက်ဆိုရင်တော့-
ဖုန်းနံပါတ် 09-762080743 ကို ဆက်သွယ်မေးမြန်းပြီး သင့်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။

Chubb Life Insurance Myanmar အကြောင်းကို ပိုမိုသိရှိချင်ရင်တော့ www.chubb.com/mm-mm မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။


ITTESTING

အာမခံကုမ္ပဏီတွေ ခိုင်မာမှုရှိရဲ့လား?အာမခံလုပ်ငန်း (အာမခံကုမ္ပဏီ) တွေဟာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနရဲ့ လက်...
16/06/2022

အာမခံကုမ္ပဏီတွေ ခိုင်မာမှုရှိရဲ့လား?

အာမခံလုပ်ငန်း (အာမခံကုမ္ပဏီ) တွေဟာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနရဲ့ လက်အောက်ဌာနခွဲ တစ်ခုဖြစ်သော ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုတွေအောက်မှာ လုပ်ကိုင်ဆောင်ရွက် ဝန်ဆောင်မှုပေးရပါတယ်။

အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်လည်း Paidup Capital အဖြစ် General Insurance အတွက် ကျပ် (သန်းပေါင်း ၄၀,၀၀၀)၊ Life Insurance အတွက် ကျပ် (သန်းပေါင်း ၆,၀၀၀)၊ စုစုပေါင်း ကျပ် ၄၆ ဘီလီယျံ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် Treasure Bond တွေ၊ Reserved Fund တွေအဖြစ် အရံရန်ပုံငွေများလည်း သီးသန့်စီမံထားကြပါတယ်။

Paidup Capital - 46 Billion ရဲ့ 10% ဖြစ်တဲ့ 4.6 Billion ကို Myanmar Economics Bank - MEB မှာ Deposit သွင်းထားရပါတယ်။..
Paidup Capital ရဲ့ 30% အဖြစ် 13.8 Billion ကို Treasure Bond (ငွေတိုက်စာချုပ်) ဝယ်ထားရပါတယ်။

2020 ထဲမှာ ပြည်ပအသက်အာမခံကုမ္ပဏီ (၅) ခုလဲ တရားဝင်လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းပုဂ္ဂလိကအာမခံကုမ္ပဏီများထဲမှ အချို့ကလည်း ကမ္ဘာကျော်ပြည်ပအာမခံကုမ္ပဏီအချို့ရဲ့ ရင်းနှီးမြုပ်နှံမှုများနှင့်အတူ Joint Venture အကျိုးတူ ပူးပေါင်းဆောင်ရွက်လာကြပြီဖြစ်လို့ ယခင်ကထက် ပိုပြီးခိုင်မာလာသလို ပိုပြီး ဝန်ဆောင်မှုပေးလာနိုင်တော့မှာ ဖြစ်ပါတယ်။

အာမခံလုပ်ငန်းဟာ အာမခံထားသူများရဲ့ ဆုံးရှုံးမှုများအတွက် စီမံခန့်ခွဲပေးရတဲ့ Risk Management ဝန်ဆောင်မှုတစ်ခု ဖြစ်လို့ အာမခံကုမ္ပဏီတွေ ကိုယ်တိုင်ကလည်း Risk Mitigation အစီအမံတွေ ကြိုတင်စီမံထားကြပါတယ်။

အာမခံထားသူတွေရဲ့ ငွေပမာဏများပြားတဲ့ အာမခံထားရှိမှုတွေကို အပြည့်အ၀ ၀နျဆောငျမှုပေးနိုငျဖို့ အတွက် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် ပြည်တွင်းရှိအာမခံကုမ္ပဏီအားလုံးပါဝင်တဲ့ Risk ကို မျှဝေလက်ခံတဲ့ Co-Insurance ...
ဒါ့အပြင် ပြည်ပအာမခံကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး Reinsurance (တဆင့်အာမခံ) ထားရှိထားခြင်းစနစ်များဖြင့် ကြိုတင်အစီအမံတွေ ထားရှိထားကြပါတယ်။

အာမခံကုမ္ပဏီများဟာ အာမခံအမျိုးအစားအလိုက် Funding များလည်း ထူထောင်ထားရပါတယ်။ ဒါကတော့ Company တစ်ခုချင်းစီရဲ့ Working Capital, Income Statement တို့ပေါ်မူတည်ပြီး သက်ဆိုင်ရာ Finance အပိုင်းတွေက သတ်မှတ်ထားရှိကြရပါတယ်။

အသက်အာမခံလုပ်ငန်းဘက်မှာဆိုလည်း
အသက်အာမခံပေါ်လစီရှင်များကို ကာကွယ်ရန်အတွက် အသက်အာမခံ ရန်ပုံငွေစာရင်းများကိုလည်း သီးသန့် ဖွင့်လှစ်ထားရှိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက်အာမခံကုမ္ပဏီ (၁၇) ခု ရှိပါတယ်။ နိုင်ငံတော်ပိုင် (၁)ခု၊ ပြည်တွင်းကုမ္ပဏီ (၈)ခု၊ ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီ (၃)ခုနဲ့ ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုနှင့် လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်ပကုမ္ပဏီ (၅)ခု ရှိပါတယ်။

Foreign Companies (5)
Chubb Life Myanmar
AIA
Dai-ichi
Manulife
Prudential

Government-owned (1)
မြန်မာ့အာမခံ

Local Companies (8)
အောင်မြင့်မိုရ်မင်း
အောင်သစ္စာဦး
AMI
EFI Life
FNI Life
GLI
KBZ Life
Young Life

Joint Venture (JV) Companies (3)
Capital Taiyo Life
CB Life
GGI Nippon Life

အာမခံကုမ္ပဏီ တစ်ခုချင်းစီမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။
အာမခံ အမျိုးအစားတွေကလည်း အာမခံထားမယ့်သူရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုက်ညီတဲ့ Cover တွေရအောင် ရွေးချယ်ထားရှိဖို့ လိုပါတယ်။

ဒါကြောင့် မိမိနှစ်သက်ရာ အာမခံကုမ္ပဏီများမှာ အာမခံထားရှိပြီး အကာအကွယ်ယူထားခြင်းဖြင့် ကိုယ့်ရဲ့ Future Financial Plan တွေကို လုံခြုံစိတ်ချစွာ စီမံထားနိုင်ပါတယ်။

နိဂုံးအနေဖြင့် မိတ်ဆွေတို့ သိလိုတဲ့ အာမခံအမျိုးအစား၊ ကိုယ်နဲ့ကိုက်ညီသင့်တော်တဲ့ အာမခံအမျိုးအစား၊ ဝန်ဆောင်မှုပေးနေတဲ့ အာမခံကုမ္ပဏီတွေအကြောင်းတွေနဲ့ မည်သည့်အာမခံကုမ္ပဏီမှာပဲဖြစ်ဖြစ် အာမခံထားရှိခြင်းတွေကို အေးအေး ဆေးဆေး ရင်းရင်းနှီးနှီးဖြင့် မိမိသိလိုရာ ဆွေးနွေးတိုင်ပင်လိုရင်ဖြင့် ...
ငွေရေးကြေးရေးကြီးကြပ်စီစစ်ရေးဌာန FRD, အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တို့ရဲ့ တရားဝင်လိုင်စင်ရ Insurance Agent #အာမခံကိုယ်စားလှယ် တွေက အခမဲ့ အကြံဉာဏ်ပေး၊ ဝန်ဆောင်မှုပေးနေတာမို့ မိတ်ဆွေတို့ရဲ့ အနီးဆုံး အာမခံကိုယ်စားလှယ် တစ်ဦးဦးကိုသာ ဆက်သွယ်လိုက်ဖို့ အကြံပြုတိုက်တွန်းရင်း မျှဝေတင်ပြအပ်ပါတယ်။

Credit goes to >>> A9 Business / Original Uploader

#အာမခံလုပ်ငန်း



16/05/2022

Chubb is the world’s largest publicly traded property & casualty insurance company, serving consumers & companies of all sizes. Get a quote today.

06/05/2022
မနေ့ကမတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းနှင့်တွေ့ဖြစ်တယ်၊အာမခံပက်သက်တာဆွေးနွေးဖြစ်တယ်၊အာမခံကလူတွေရဲ့လိုအပ်ချက်ကိုကူညီတဲ့လုပ်င...
06/05/2022

မနေ့ကမတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းနှင့်တွေ့ဖြစ်တယ်၊
အာမခံပက်သက်တာဆွေးနွေးဖြစ်တယ်၊
အာမခံကလူတွေရဲ့လိုအပ်ချက်ကိုကူညီတဲ့လုပ်ငန်းပါ၊

မိသားစုအတွက်လုံခြုံတဲ့အနာဂတ်👨‍👩‍👧ကလေးအတွက်ပိုကောင်းတဲ့အနာဂတ်👨‍👩‍👧ကြွေးမှီးကင်းတဲ့အနာဂတ်👨‍👩‍👧‍👦ငွေပိုငွေလျှံစုဆောင်းမိတဲ့...
05/05/2022

မိသားစုအတွက်လုံခြုံတဲ့အနာဂတ်👨‍👩‍👧
ကလေးအတွက်ပိုကောင်းတဲ့အနာဂတ်👨‍👩‍👧
ကြွေးမှီးကင်းတဲ့အနာဂတ်👨‍👩‍👧‍👦
ငွေပိုငွေလျှံစုဆောင်းမိတဲ့အနာဂတ်👨‍👩‍👧‍👦
ပင်စင်ယူချိန်ငွေကြေးအတွက်ပူပင်စရာမလိုတဲ့အနာဂတ်👩‍👩‍👧‍👧

Address

Yangon

Telephone

+95943141069

Website

Alerts

Be the first to know and let us send you an email when Ma Sandar Win- Financial Advisor - CHUBB Life Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share