24/05/2024
ထိုင်းနိုင်ငံဟာဆိုရင် ပျော်ရွှင်စရာ ပွဲတော်များကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ် ။ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးပွဲတော်များထဲမှ ( ၅ ) ခုကို SIAM THAI မှ ဖော်ပြပေးလိုက်ပါတယ် 💁
💦 SongKram ရေကစားပွဲတော်
SongKram ရေကစားပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ် ။ နှစ်ဟောင်းက အညစ်အကြေးတွေကို ရေနဲ့ဆေးကြောတယ်လို့ ယူဆပြီး ရေပတ်ဖြန်းကစားကြတာပါ ။ ရေကစားပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ ရေပန်းအစားဆုံးပွဲတော်များထဲမှ တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေးပါဝင်ဆင်နွှဲကြရင်း အချင်းချင်း ရေပုံးများ ၊ ရေသေနတ်များ နဲ့ ရေပက်ကစားလေ့ ရှိပါတယ် 💧
🏮 Ripin / မီးပုံးပွဲတော်
Ripin ၊ မီးပုံးပွဲတော်မှာ " Kom Lai " လို့ခေါ်တဲ့ စက္ကူမီးပုံးထောင်ပေါင်းများစွာကို ကောင်းကင်ယံသို့ လွှတ်တင်ကြလေ့ရှိပါတယ် ။ ဒါကြောင့် ကောင်းကင်ယံတစ်ခုလုံးမှာ မီးပုံးများနဲ့ ပြည့်နေပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ဖြစ်ပေါ်လာစေပါတယ် ။ ဒီပွဲတော်ကို ညဘက်မှာ ကျင်းပကြတာဖြစ်ပြီး ဂီတပွဲတော်နဲ့ ပွဲလမ်းသဘင်အမျိုးမျိုးကိုလည်း ထည့်သွင်းကျင်းပလေ့ရှိပါတယ် 🎏
👻 Phi Ta Khon / တစ္ဆေပွဲတော်
ထိုင်းနိုင်ငံရဲ့ ဇွန်လမှာဆိုရင် " ဖိတခွန် " လို့ခေါ်တဲ့ တစ္ဆေပွဲတော်ကို ကျင်းပလေ့ရှိပါတယ် ။ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲကြတဲ့ သူတွေက တစ္ဆေပုံစံ မျက်နှာဖုံးတွေဝတ်ပြီး တစ်ညလုံး ပါတီပွဲတွေကျင်းပတာ ၊ အကမျိုးစုံ ကကြတာ ၊ ရင်ခုန်စရာဂိမ်းတွေ ကစားကြတာမျိုးတွေ ပြုလုပ်ကြပါတယ် ။ တစ္ဆေပွဲတော်မှာ ထိုင်းနိုင်ငံသားတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေပါ ပါဝင်ဆင်နွှဲလေ့ရှိပါတယ် 🎏
🕯️Loy Krathong /အလင်းရောင်ပွဲတော်
နိုဝင်ဘာလမှာ ကျင်းပတဲ့ အလင်းရောင်ပွဲတော်ဟာဆိုရင် ရွက်လှေငယ်လေးများပေါ်မှာ ပန်းများ / ဖယောင်တိုင်များ / အမွှေးတိုင်မီးများ တင်ပြီး မြစ်၊ချောင်း၊ရေကန်များထဲမှာ မျှောကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ် ။ အလင်းရောင်ပွဲတော်ကို မိုးရာသီကုန်ဆုံးခြင်းအထိမ်းအမှတ် ၊ ရေနတ်ဘုရားကို ပူဇော်ခြင်း ၊ ရေအလွဲသုံးစားလုပ်မိလို့ တောင်းပန်ခြင်း ၊ အတိတ်ဆိုးများ ပြေပျောက်စေလိုခြင်း စတဲ့ အယူအဆအမျိုးမျိုး နဲ့ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့မှာ ကျင်းပလေ့ရှိပါတယ် 🎏
🦬 Wing Kwai / ကျွဲပြိုင်ပွဲတော်
ဒီ ကျွဲပြိုင်ပွဲတော်ကို နှစ်စဉ် အောက်တိုဘာလတိုင်း ထိုင်းနိုင်ငံရဲ့ ချွန်ဘူရီပြည်နယ်မှာ ကျင်းပလေ့ရှိပါတယ် ။ ဒီပွဲတော်ဟာ စိတ်ဝင်စားစရာကောင်းပြီး ပြင်းထန်တဲ့ကျွဲပြိုင်ပွဲတွေကြောင့် ကမ္ဘာအရပ်ရပ်က ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါတယ် ။ ကျွဲပြိုင်ပွဲတော်ကို နှစ်ပေါင်း ( ၁၀၀ ) ကျော်ကြာအောင် ကျင်းပခဲ့ပြီး လယ်ကွင်းထဲမှာ ကျွဲများရဲ့ ပေးဆပ်မှုကို ဂုဏ်ပြုတယ်လို့ ယူဆထားကြပါတယ် 🎏
ထိုင်းနိုင်ငံကို ရောက်ဖြစ်လို့ ဒီပွဲတော်လေးတွေနဲ့ကြုံရင် ပါဝင်ဆင်နွှဲလို့ရအောင် ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ပွဲတော်တွေထဲက ( ၅ ) ခုကို SIAM THAI က Recommend ပေးလိုက်ပါတယ် 💁🥰