Pareto Myanmar

Pareto Myanmar We provide investment opportunity which create extra income for Myanmar. Monthly Guaranteed Return On Investment 3.5% - 5% . Start with Capital MMK 33 Lakhs.

Just give a call to our team at 099-6247-8393. Our consultants will present you in person.

🤓 စူပါအရောင်းသမား 🤓မလေးရှားတစ်ယောက်က သူ့နိုင်ငံက အလုပ်ထွက်ပြီး ဩစတေးလျနိုင်ငံရဲ့ ကုန်တိုက်ကြီးတစ်ခုမှာ အရောင်းဝန်ထမ်းလုပ...
22/09/2020

🤓 စူပါအရောင်းသမား 🤓

မလေးရှားတစ်ယောက်က သူ့နိုင်ငံက အလုပ်ထွက်ပြီး ဩစတေးလျနိုင်ငံရဲ့ ကုန်တိုက်ကြီးတစ်ခုမှာ အရောင်းဝန်ထမ်းလုပ်ကိုင်ခဲ့တယ်..

ပထမဆုံးအလုပ်တက်တဲ့နေ့မှာပဲ မလေးရှားအရောင်းသမားလေးက တစ်နေ့လုံး အားသွန်ခွန်စိုက်အလုပ်လုပ်ခဲ့ပြီး ..

ညနေ ၆ နာရီ ::::

သူဌေး ။ ။ မင်းပထမဆုံးနေ့ ဘယ်လောက်ရောင်းခဲ့လဲ ?

အရောင်းသမား ။ ။ ဆရာ .. တစ်ဦးထဲရောင်းရပါတယ် ..

သူဌေး ။ ။ 😳 တစ်နေ့လုံး တစ်ယောက်ထဲရောင်းရတယ် ???? ဒီမှာရှိတဲ့သူတိုင်း တစ်နေ့ အကြိမ်၂၀ - ၃၀ ရောင်းနိုင်တာကွ ... ပြောပါအုံး .. ဘယ်လောက်ဖိုး ရောင်းခဲ့လဲ ????

အရောင်းသမား ။ ။ ဒေါ်လာ ၉၃၃၀၀ ပါ ။

သူဌေး ။ ။ ဘာာာာာ !!! မယုံနိုင်စရာဘဲ !!! မင်းဘယ်လိုလုပ်ခဲ့တာလဲ ?

အရောင်းသမား ။ ။ ဆရာ ... လူတစ်ယောက် ရောက်လာပြီး .. သူ့ကို ငါးမျှားချိတ်အသေးလေးရောင်းလိုက်ပါတယ် ..ပြီးတော့ငါးကြော်ဖို့ဆီနဲ့ နောက်ထပ် ချိတ်အကြီးကြီးထပ်ရောင်းလိုက်ပါတယ် ... ပြီးတော့ ငါးမျှားတံအကြီးတစ်ချောင်းနဲ့ ငါးမျှားတံစက်သီး ထပ်ရောင်းပါတယ် ...

ပြီးတော့ဘယ်မှာသွားမျှားမှာလဲမေးလိုက်တော့ ... ကမ်းရိုးတန်းဘက်သွားမယ်ပြောတယ် ... ဒါဆို .. မော်တော်ဘုတ်တစ်စင်းလိုမယ်လို့ပြောပြီး လှေရောင်းတဲ့ဌာနခေါ်သွားလိုက်ပြီး ပေ ၂၀ အင်ဂျင် (၂) လုံးတပ်လှေတစ်စင်းရောင်းလိုက်ပါတယ် ။

သူကလှေကိုဆွဲတဲ့ ကားနဲ့တစ်ခါတည်း မလာဘူးလားပြောလို့ ...ကားအရောင်းဌာနကိုခေါ်သွားပြီး ... လှေသယ်ဖို့ Deluxe 4 * 4 ဘလေဇာ အသစ်တစ်စီးရောင်းလိုက်ပါတယ် ...

အကယ်၍ ဘယ်နေရာတွေမှာ ငါးမျှားဖြစ်မလဲမေးတော့ .. သူကဘာမှ မစဉ်းစားမိသေးဘူးပြောလို့ . ..ကမ်ပိန်းစခန်းအရောင်းဌာနခေါ်သွားပြီး ... လူ ၆ ယောက်အိပ်လို့ရတဲ့ ရွက်ဖျင်တဲ ရောင်းလိုက်ပါတယ် ...

ပြီးတော့ သူက ဒေါ်လာ ၂၀၀ ဖိုး စားသောက်ကုန်ထပ်ဝယ်ပြီး ဘီယာ ၂ ဖာ ပါထပ်ဝယ်ပါသေးတယ် ...

သူဌေးက ခြေ ၂ လှမ်းနောက်ဆုတ်ပြီး ထပ်မေးလိုက်တယ် ...

“ မင်း... ငါးမျှားချိတ်လေး တစ်ခုထဲလာဝယ်တဲ့ လူတစ်ယောက်ထဲကို အဲဒါတွေအားလုံး ရောင်းလိုက်တာလား ?? ”

အရောင်းသမား ။ ။ မဟုတ်ဘူးဆရာ ... သူက ခေါင်းကိုက်ပျောက်ဆေး ၁ လုံးပဲလာဝယ်တာပါ ... ကျွန်တော်က .. “ ငါးမျှားခြင်းကခေါင်းကိုက်တာကိုပျောက်စေတဲ့အကောင်းဆုံးနည်းလမ်းပါ ” လို့ရှင်းပြလိုက်တာပါ ...

သူဌေး ။ ။ မင်းအရင်ကဘယ်မှာအလုပ်လုပ်လဲ ?

အရောင်းသမား ။ ။ ဟုတ်ကဲ့ ... မလေးရှားပရိုက်ဗိတ်ဆေးရုံမှာအသေးအမွှားကွန်ပလိန်းလာတာနဲ့ ... လူနာကို .. ( Pathology) ဘာကြောင့်ဖြစ်လဲ စမ်းသပ်စစ်ဆေးခြင်း /နှလုံးဓာတ်မှန် / အစာအိမ်မှန်ပြောင်း / ဆီး ဝမ်း သွေး လေ အကုန်စစ် / စီတီ စကန်ဖတ် / အိတ်စ်ရေး ( X-Ray ) / ဦးနှောက်ဓာတ်မှန်တွေ ရိုက်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ ...

သူဌေး ။ ။ မင်း ... ကျေးဇူးပြုပြီး .. ငါ့ခုံမှာ ထိုင်လို့ရမလား ? ငါ .. မလေးရှားသွားပြီး ... ပရိုက်ဗိတ်ဆေးရုံကသင်တန်းသွားတက်မလို့ .......

ကမ္ဘာ့ရွှေစျေး အမြင့်ဆုံးရောက်ရသည့် အကြောင်းရင်း (၅)ချက် ==========================================ကမ္ဘာ့စီးပွါးရေးအကျပ်...
24/07/2020

ကမ္ဘာ့ရွှေစျေး အမြင့်ဆုံးရောက်ရသည့် အကြောင်းရင်း (၅)ချက်
==========================================

ကမ္ဘာ့စီးပွါးရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဗဟိုဘဏ်တွေအတိုင်း လက်ရှိ ကမ္ဘာ့ရွှေပေါက်စျေးက ၂၀၀၉ ကနေ ၂၀၁၁ နှစ် အတွင်းမှာ ၁ အောင်စ ဒေါ်လာ ၁၀၀၀ ကနေ ဒေါ်လာ ၁၉၂၀ ထိအမြင့်ဆုံးတက်ခဲ့ဖူးတဲ့ အခြေအနေတစ်ရပ်ကို ၂၀၂၀ ဇူလိုင်လ ၂၃ ရက်နေ့က စံချိန်တင် အမြင့်စျေးပြန်လည်ရောက်ရှိခဲ့ပါတယ် ။

၂၀၁၉ ကနေ ယနေ့အထိ ကမ္ဘာ့ရွှေစျေးတက်ရသည့်အကြောင်းရင်း (၅) ချက်

စီးပွါးရေးအားလျော့ခြင်း

ဗဟိုဘဏ်တွေက နိုင်ငံစီးပွါးရေးကိုလှုံ့ဆော်ဖို့ ငွေကြေးဆိုင်ရာမူဝါဒတွေဖြေလျှော့ပေးလိုက်တာကြောင့် အတိုးနှုန်းလျော့ကျခြင်း ၊ ငွေသားရိုက်ထုတ်ခြင်းတွေက ရင်းနှီးမြုပ်နှံသူတွေကို အစိုးရငွေတိုက်စာချုပ်တွေထက် ရွှေကို ပိုမိုရင်းနှီးမြုပ်နှံလာစေပါတယ် ။

နိုင်ငံတွေကြားတင်းမာမှုများ

၂၀၁၉ နှစ်စထဲက အမေရိကန်နဲ့ တရုတ်ကြားတင်းမာမှုတွေအပြင် ၂၀၂၀ အစကဖြစ်နေတဲ့ အမေရိကန်နဲ့ အီရတ်ကြားက ြဖစ်ပေါ်ခဲ့တဲ့ အချက်တွေက ရင်းနှီးမြုပ်နှံသူတွေကို စျေးကွက်အတက်အကျအပြောင်းအလဲဒဏ်ကို ကာကွယ်ဖို့ ပိုမိုခိုင်မာတဲ့ Asset ကိုပြောင်းလဲရင်းနှီးမြုပ်နှံလာစေပါတယ် ။

ကိုဗစ် ၁၉ ရုတ်တရက်ဖြစ်ပွါးခြင်း

မမျှော်လင့်ပဲ ဖြစ်ပွါးခဲ့တဲ့ ကူးစက်မှုက ရွှေစျေး ၁ အောင်စ ဒေါ်လာ ၁၆၀၀ ဒီနှစ်ဆန်းထဲရောက်ရှိခဲ့ပါတယ် ။ ဒါ့ကြောင့် ဥရောပဗဟိုဘဏ်ကနေ စီးပွါးရေးနလံထူဖို့ ယူရို ၇၅၀ ဘီလီယံထိ စီးပွါးရေးစနစ်ထဲကို ထပ်မံဖြည့်တင်းပေးခြင်းက လူတွေကို ငွေကြေးဖောင်းပွလာနိုင်တာကိုစိုးရိမ်စေခဲ့ပါတယ် ။

ဒေါ်လာအားနည်းလာခြင်း

အမေရိကန်ကပြည်ပမှာတင်နေတဲ့အကြွေးက စဉ်ဆက်မပြတ်တိုးလာတာကြောင့် ပြန်လည်ဆပ်နိုင်ဖို့ မတတ်နိုင်တော့ရင်ဆိုတဲ့ ထင်မြင်ချက်တွေကြောင့်လည်း ဒေါ်လာစျေးကျစေတဲ့အကြောင်းရင်းဖြစ်ပါတယ် ။ ကမ္ဘာ့ငွေကြေးဖြစ်တဲ့ ဒေါ်လာအားနည်းလေ ရွှေစျေးကတက်လေဖြစ်ပါတယ် ။

ရွှေဝယ်လိုအားများခြင်း

ရင်းနှီးမြုပ်နှံတဲ့ကုမ္ပဏီတွေနဲ့ ဗဟိုဘဏ်တွေက ရွှေကို စိတ်ချရတဲ့ Asset တစ်ခုအနေနဲ့ ကိုင်ဆောင်ထားတာကလည်း ရွှေစျေးတက်စေတဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ် ။

မကြာသေးမီကလည်း ကမ္ဘာ့အကြီးဆုံး SPDR Gold Trust က ရွှေတန်ချိန် ၀.၇ ရာခိုင်နှုန်းဖြစ်တဲ့ ၁၂၁၉.၇၅ တန် ထပ်မံဝယ်ယူခဲ့ပြီး တစ်ချိန်တည်းမှာပဲ ရုရှားဗဟိုဘဏ်က ဒေါ်လာ ဘီလီယံ ၄၀ ကျော်ဖိုး ၅နှစ်အတွင်းဝယ်ယူခဲ့ပြီး ဒေါ်လာတန်ဖိုး ၁၂၀ ဘီလီယံ ရွှေအရံထားရှိပါတယ် ။

မကာအိုနိုင်ငံရဲ့ ခရီးသွားကန့်သတ်မှုတွေဖြေလျှော့ပေးလိုက်တာနဲ့ထပ်တူ ကာစီနိုရှယ်ယာများမြင့်တက်သွားခြင်း====================...
16/07/2020

မကာအိုနိုင်ငံရဲ့ ခရီးသွားကန့်သတ်မှုတွေဖြေလျှော့ပေးလိုက်တာနဲ့ထပ်တူ ကာစီနိုရှယ်ယာများမြင့်တက်သွားခြင်း
=======================================

ကမ္ဘာ့အကြီးဆုံးလောင်းကစားရပ်ဝန်းဖြစ်တဲ့ မကာအိုမှာတော့ တရုတ်ခရီးသွားတွေကို သွားလာမှု ဖြေလျှော့ပေးလိုက်ပြီး တစ်ဖက်က တရုတ်ပြည်ဂွန်ဒေါင်းမြို့ဖက်ကလည်း လောင်းကစားသမားတွေအတွက် နယ်စပ်ဖြတ်ကျော်လို့လွယ်အောင် (၁၄) ရက် ကွာရမ်တိုင်းလိုအပ်ချက်တွေ ပယ်ဖျက်ပေးလိုက်ပါတယ် ။ ဟောင်ကောင်စတော့အိတ်ချိန်း Hang Seng Index ရဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ကအချက်အလက်တွေအရ Galaxy Entertainment Group နဲ့ Sands China Ltd တို့က ၄ % ၊ Wynn Macau Ltd ၁၆ % . SJM Holdings Ltd နဲ့ Melco International Development Ltd က ၆ % တိုးတက်ခဲ့တာပါ ။

မကာအိုနိုင်ငံဟာ ခရီးသွားနဲ့ လောင်းကစားလုပ်ငန်းတွေကနေ နိုင်ငံရဲ့ GDP က မှီတည်နေရတာပါ။ Morgan Stanley က ဒီလောင်းကစားလုပ်ငန်းတစ်ခုလုံးကို ပိတ်ထားရင် နေ့စဉ်စရိတ်က ဒေါ်လာ ၁၅ သန်းလောက် အရှုံးပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါသေးတယ် ။ မကာအိုကိုလာရောက်လည်ပတ်တဲ့သူတွေရဲ့ ၄၀ ရာခိုင်နှုန်းက ဂွန်ဒေါင်းပြည်နယ်ကလာကြတာမို့ ယခုလို အိမ်နီးချင်း ဟောင်ကောင်မှာ ဗိုင်းရပ်စ် စစ်ဆေးမှုနဲ့ လူထုစုဝေးမှုတွေ တင်းကျပ်နေချိန် မှာ အခုလို ဇူလိုင် ၁၅ ရက်မှာ နယ်စပ်ဖြတ်ကျော်မှု လျှော့ချပေးလိုက်တာ အစောပိုင်း အချိန်ကာလများက ကူးစက်မှုအများကြီးရှိခဲ့ဖူးတဲ့ မကာအိုပြည်သားတွေအတွက် သတင်းကောင်းပါ။ ဂွန်ဒေါင်းပြည်နယ်မဟုတ်တဲ့နေရာကနေ မကာအိုကိုလာမယ်ဆိုရင်တော့ ဒီဖြေလျှော့မှုက အကျုံးမဝင်သေးပါဘူး ။

ByteDance ကုမ္ပဏီက အမြတ်ငွေ ဒေါ်လာ ၃ ဘီလီယံ ထိရရှိ ===================================ကမ္ဘာကျော် မိုဘိုင်းဖုန်း အပလီကေးရ...
29/06/2020

ByteDance ကုမ္ပဏီက အမြတ်ငွေ ဒေါ်လာ ၃ ဘီလီယံ ထိရရှိ

===================================

ကမ္ဘာကျော် မိုဘိုင်းဖုန်း အပလီကေးရှင်း တစ်ခုဖြစ်တဲ့ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance Ltd က ယခင်နှစ်အမြတ်ငွေ ဒေါ်လာ ၁၇ သန်း ထက်ပိုမိုပြီး စံချိန်တင် ဝင်ငွေ ၃ ဘီလီယံ အမြတ်ရရှိခဲ့တာပါ ။

အမေရိကန်ကုမ္ပဏီတွေကိုကျော်လွန်ပြီး တရုတ်ကုမ္ပဏီက အံ့အားသင့်ဖွယ်ရာ အမေရိကန်ဆယ်ကျော်သက်တွေအပါအဝင် တစ်ကမ္ဘာလုံးက လစဉ် အသုံးပြုသူပေါင်း ၁.၅ ဘီလီယံနဲ့ နည်းပညာနယ်ပယ်မှာ အောင်မြင်မှု ရရှိလာတာပါ။ ကုမ္ပဏီက IPO တန်ဖိုး ဒေါ်လာ ဘ​ီလီယံ ၁၅၀ ကနေ ၁၈၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ် ။ ByteDance လိုမျိုး မည်သည့် တရုတ်ကုမ္ပဏီကမှ ကမ္ဘာ့စျေးကွက်ထဲမှာ အောင်မြင်မှု မရရှိခဲ့ဘူးပါ ။ ငွေသားကြီးပဲ ဒေါ်လာ ၆ ဘီလီယံ ကျော်လောက်ရှိနေတဲ့ ကုမ္ပဏီက IPO ရင်းနှီးမြုပ်နှံသူတွေအတွက် အလျှင်မလိုပဲ သင့်လျှော်တဲ့ စျေးနှုန်းနဲ့ ရောင်းချနိုင်မှာ ဖြစ်နိုင်ပါတယ် ။

၂၀၂၀ ခုနှစ်မှာ အလုပ်အကိုင်နေရာသစ်ပေါင်း ၄၀,၀၀၀ ထပ်မံခန့်ထားခဲ့ပြီး E commerce နဲ့ ဂိမ်းနယ်ပယ်သစ်တွေကိုပါ ချဲ့ထွင်ဖို့ လုပ်ကိုင်နေပါပြီ ။ SoftBank Group Corp, General Atlantic နဲ့ Sequoia တို့ကနေ ကျောထောက်နောက်ခံပေးထားတဲ့ ByteDance ကုမ္ပဏီက ကမ္ဘာ့ တန်ဖိုးအရှိဆုံးလုပ်ငန်းသစ် တစ်ခုအဖြစ်စာရင်းဝင်ဖို့ အသင့်ဖြစ်နေပါပြီ ။ တရုတ်ပြည်က Private ထရိတ်လုပ်ငန်းတွေမှာ ဒေါ်လာ ဘီလီယံ ၁၀၅ နဲ့ ၁၁၀ ကြားအရောင်းအဝယ် လုပ်နေကြပြီဖြစ်ပြီး ကမ္ဘာ့စျေးအမြင့်ဆုံး private ကုမ္ပဏီအဖြစ် ဒေါ်လာဘီလီယံ ၁၄၀ လောက် ထရိတ် တန်ဖိုးရှိကြောင်းပြောကြားပါတယ် ။

ကမ္ဘာ့ အကောင်းဆုံး စွမ်းဆောင်ရည် ရှိတဲ့ အီရန်နိုင်ငံ၏ စတော့စျေးကွက် မေလ ၂၁ , ၂၀၂၀ ။ ကိုဗစ် ၁၉ ရဲ့ ဒုတိယလှိုင်းဒဏ် အထိခို...
09/06/2020

ကမ္ဘာ့ အကောင်းဆုံး စွမ်းဆောင်ရည် ရှိတဲ့ အီရန်နိုင်ငံ၏ စတော့စျေးကွက်

မေလ ၂၁ , ၂၀၂၀ ။

ကိုဗစ် ၁၉ ရဲ့ ဒုတိယလှိုင်းဒဏ် အထိခိုက်ဆုံးခံစားနေရတဲ့ အီရန်နိုင်ငံက ပြီးခဲ့တဲ့နှစ်မှာ စီးပွါးရေး ထိခိုက်မှု ၈ ရာခိုင်နှုန်းကနေ ယခုနှစ်မှာ ပိုမိုဆိုးရွားလာပါတယ် ။ သို့ပေမဲ့ စတော့စျေးကွက်ကတော့ မထင်မှတ်လောက်အောင် ကြီးထွားသက်ဝင်နေပါတယ် ။

အီရန်စတော့ညွှန်းကိန်း Tedpix က ပြည်တွင်းသုံးငွေကြေးကို ၁၀ ဆ ထိ ထိုးတက်လာခဲ့ပြီးမတ်လ ၂၇ ရက် လော့ဒေါင်းချ ချိန်မှာ ၂ ဆ တိုးလာတာပါ ။ အီရန်စျေးကွက်တစ်ခုပဲအရောင်းအဝယ် ပြုလုပ်တဲ့ ဥရောပက တစ်ခုထဲသော ကုမ္ပဏီကို စီမံတဲ့ Maciej Wojtal က ၃ နှစ်အတွင်း ကျွန်တော်တို့ ယူရိုငွေ တန်ဖိုး ၃ ဆ တက်လာတာပါလို့ ပြောပါတယ် ။ အဓိကအချက်ကတော့ အီရန်နိုင်ငံသားတွေအတွက် သူတို့ငွေသားတွေကို ထားနိုင်မဲ့နေရာ နည်းနည်းပဲရှိလို့ပါ။

ငွေကြေးဖောင်းပွမှု ၃၀ ရာခိုင်နှုန်း အထက်နဲ့ အီရန်ငွေကြေးတန်ဖိုးကျဆင်းမှုက အိမ်မှာ စာရင်းသေအပ်ငွေစုဆောင်းဖို့ မက်လုံးနည်းနည်းပဲ ရှိပြီး အစိုးရကလည်း နိုင်ငံခြားငွေကြေးတွေ ဝယ်ယူဖို့ အလွန်ခက်ခဲအောင် လုပ်ထားပါသေးတယ်။ တချို့ကတော့ အိမ်တွေ ကားတွေဝယ်ပေမဲ့လို့ စျေးနှုန်းတွေက လူအများစုအတွက် အရမ်းမြင့်လွန်းနေပါသေးတယ် ။

ဧပြီလကစပြီး အီရန်အစိုးရပိုင်ကုမ္ပဏီတွေရဲ့ “ justice shares ” ကို ထရိတ်လုပ်ဖို့ ခွင့်ပြုပေးခဲ့ပြီး လက်ရှိနေ့စဉ်အရောင်းအဝယ် ပြုလုပ်တဲ့ ပမာဏ ဒေါ်လာ သန်း ၁၀၀ ကနေ သန်း ၄၀၀ ကို ၂ နှစ်အတွင်း ရောက်ရှိခဲ့ပါတယ် ။

အီရန်နိုင်ငံခေါင်းဆောင်ပိုင်းကလည်း အဲလိုထရိတ်ဒင်းလုပ်ငန်းတွေကို အားပေးကြပြီး နိုင်ငံရဲ့ ဝင်ငွေတိုးတက်မှု အခွင့်အလမ်းတစ်ရပ် အဖြစ် မြင်ကြပါတယ် ။ သမ္မတ “ Hassan Rouhani ” ကလည်း နိုင်ငံ့ဂုဏ်ဆောင်ပြရုပ် ကိစ္စတစ်ရပ်အနေနဲ့ ရှုမြင်ပြီး “ ကျွန်တော်တို့ ဖွိ့ဖြိုးတိုးတက်လေ ကျွန်တော်တို့ ရန်သူတွေက ကြောက်ရွံ့လေပါပဲ ” လို့လည်း ပြောကြားသွားပါတယ် ။

Admin

Mark Zuckerberg က Warren Buffett ထက်ပိုမိုချမ်းသာလာခြင်း •••••••••••••••••••••••••••••••••••••••••••••••••••••••••••••••...
26/05/2020

Mark Zuckerberg က Warren Buffett ထက်ပိုမိုချမ်းသာလာခြင်း
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

၂၂ မေလ ၂၀၂၀။

Bloomberg ဘီလျံနာ စာရင်းညွှန်းကိန်း မေလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ ဖေ့ဘုတ် စီအီးအို မာ့ဇူကာဘတ်က Berkshire Hathaway ရဲ့ ဥက္ကဌ ဝါရင်းဘတ်ဖတ်နဲ့ Louis Vuitton စီအီးအို Bernard Arnault တို့ထက် ပိုမိုချမ်းသာသွားပီဖြစ်ပါတယ် ။ Mark ရဲ့ လက်ရှိကြွယ်ဝမှု ၈၇.၈ ဘီလျီယံ ရှိပြီးArnault က ၈၁.၁ ဘီလီယံ နဲ့ Buffett က ၆၈.၉ ဘီလီယံ ပါ။
Amazon စီအီးအို Jeff Benzos နဲ့ Microsoft ပဲ့ကိုင်ရှင် ဘီဂိတ်ကတော့ နံပတ် ၁ နဲ့ ၂ မှာအပြိုင်ဗိုလ်စွဲထားတုန်းပါပဲ ။

ဧပြီလ ၂၉ ရက်နေ့က ဖေ့ဘုတ်ရဲ့ ပထမ ၄ လပတ် ဘဏ္ဌာရေး အစီရင်ခံစာမှာ မျှော်မှန်းတာထက် ပိုမိုရရှိခဲ့ပြီးသုံးစွဲသူပမာဏ အလွန်အမင်းတက်လာတဲ့ အကြောင်းဖော်ပြပြီးချိန်ကစပြီး စျေးကွက်တန်ဖိုး ဒေါ်လာ ၄၄ ဘီလီယံ ထပ်မံတိုးလာတာဖြစ်ပါတယ် ။

ကုမ္ပဏီက ကြီးမားတဲ့ ခြေလှမ်းတစ်ခုအနေနဲ့ Shops ကို စတင်မိတ်ဆက်ပေးလိုက်ပြီးဖေ့ဘုတ်ပေါ်မှာ စီးပွါးရေးလုပ်ငန်းတွေအတွက် ဒီဂျစ်တယ် ဆိုင်တွေဖွင့်လို့ရအောင်ရည်ရွယ်ထားတာပါ။ ပြိုင်ဖက် Zoom ကိုယှဉ်နိုင်အောင် လူ၅၀ ချက်နိုင်တဲ့ Messenger Rooms ကိုလည်း ဧပြီလက ထုတ်လွှင့်ပေးခဲ့ပါသေးတယ် ။

Zukerberg ရဲ့ ကြွယ်ဝမှုတွေက ဘီဂိတ်နဲ့ ဘန်ဇိုတို့နဲ့ယှဉ်ရင် အများကြီးနောက်ကျနေသေးပေမဲ့ ဘန်ဇိုရဲ့ ကြွယ်ဝမှုတွေက ပြီးခဲ့တဲ့ ၁ လကျော်လောက်ကမှ ဇူကာဘတ်ထက် ၂ ဆလောက် တိုးလာတာလို့ Bloomberg ကခန့်မှန်းထားပါတယ် ။

Presented by admin

23/05/2020

ဇွန်လကုန်အထိ ခရီးသွားခွင့်ကန့်သက်ထားသော နိုင်ငံများ

====================================

၂၁ မေ ၂၀၂၀ ။

ထိုင်းနိုင်ငံ ဖူးခက်မြို့

မေလ ၁၅ ရက်မှာ ပြည်တွင်းခရီးသွားတွေအတွက် ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပေမဲ့ ထိုင်းလေကြောင်းထိန်းချုပ်ရေးဌာနက ဖူးခက်လေဆိပ်ကို နောက်ထပ်ထုတ်ပြန်ချက်တွေရတဲ့ အထိ ပိတ်ထားခဲ့ပါတယ် ။ စမွေကျွန်းကိုသွားတဲ့ ဘန်ကောက်အဲဝေးကတော့ မေလ ၁၅ ရက်မှာ ၁ ရက် ၂ ကြိမ် ခရီးသွားဖို့ လိုအပ်တဲ့သူတွေအတွက်ပြန်လည်ပြေးဆွဲပေးခဲ့ပြီး သုဝဏဘူမိလေဆိပ်ကနေ ချင်းမိုင် , လမ်ပန် , ဆူခိုထိုင်း ဒေသတွေကိုတော့ ဇွန် ၁ ရက်မှာ ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ ဆိုပါတယ် ။ ပြည်တွင်းခရီးသွားတွေကို ကွာရမ်တိုင်း ၁၄ ရက် သတ်မှတ်ထားပါတယ်။

မြန်မာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က နိုင်ငံတကာကလာတဲ့ ပြည်တွင်း ပြည်ပလေကြောင်းလိုင်းတွေအကုန်လုံး မေလ ၃၁ ရက်နေ့ထိ ဆိုင်းငံ့ထားပါတယ် ။

ဖီလစ်ပိုင်

အုပ်ချုပ်ရေးအဖွဲ့က မြို့တော် မနီလာ နဲ့ Bataan , Bulacan , Laguna , Nueva Ecija , Pampanga နဲ့ Zambales ဒေသတွေကို မေလတစ်လလုံး ကွာရမ်တိုင်းသတ်မှတ်ထားပါတယ် ။ မြို့တော် Cebu နဲ့ Mandaue ကိုတော့ ပိုမိုတင်းကျပ်စွာကွာရမ်တိုင်း သတ်မှတ်ထားတာတွေလည်းရှိပါသေးတယ် ။

အခြားဥရောပနိုင်ငံများနဲ့ နှိုင်းယှဉ်ကြည့်ရင်....

သြစတေးလျ

သြစတေးလျလေကြောင်းလိုင်းတွေကို မေလကုန်ကနေ ဇွန် ၇ ရက် အထိ သက်တမ်းတိုးထားပါတယ် ။

ဂျာမနီ

ဥရောပသမ္မဂ အပြင်ဖက်ကနေ ရောက်လာတဲ့ ခရီးသွားတွေအားလုံးကို အဝင်ပိတ်ထားပြီး အခြား Schengen ဧရိယာ နိုင်ငံတွေကို ဇွန်လ ၁၅ ရက်ထိ သက်တမ်းတိုး ပိတ်ထားပါသေးတယ်။

ဘယ်ဂျီယံ

ဘရက်စဲလေကြောင်းလိုင်းက နိုင်ငံတကာကို ဘရပ်စဲမြို့ကနေ ပျံသန်းလို့ရတဲ့ လေကြောင်းတွေကို ဇွန်လ ၁၅ ရက် မှာ အကန့်အသတ်ဖြင့် ပြန်ဖွင့်ပေးပါမယ် ။

ကေးမန်းကျွန်းများ

အစိုးရအရာရှိများက လေဆိပ်ရေဆိပ်တွေကို မေလ ၃၁ ရက် အစား သြဂုတ်လ ၃၁ ရက်ထိ တိုးမြှင့်ပိတ်ထားပါတယ်။

ဂရိ

Hellenic Civil Aviation Authority (HCAA) က အယ်ဘားနီးယား , မြောက်မက်စီဒိုးနီးယား နဲ့ တူရကီ နိုင်ငံတွေကို လေကြောင်းပျံသန်းမှု ဇွန် ၁၄ ရက်အထိ ဆိုင်းငံ့ထားပါတယ် ။ အီတလီ , စပိန် , အင်္ဂလန် နိုင်ငံတွေကို မေလ ၃၁ ထိပိတ်ထားပါသေးတယ် ။ ဧသင်မြို့က နိုင်ငံတကာလေဆိပ်ကိုတော့မေလအထိ မဖွင့်ပါဘူး။

ဆွီဒင်

EU နဲ့ အခြား Schengen နိုင်ငံတွေကလာတဲ့ ခရီးသွားတွေ ကို ဇွန် ၁၅ ထိ တိုးမြှင့်ကန့်သတ်ထားပြီး ရေရှည်နေထိုင်တဲ့သူတွေ EU နိုင်ငံသား မိသားစုဝင်တွေ နဲ့ သံတမန်များ နယ်စပ်ဖြတ်ကျော် ကျန်းမာရေးဝန်ထမ်းတွေအပြင် ကုန်စည်သယ်ယူပို့ဆောင်ပေးသူတွေကိုတော့ ကန့်သတ်မှု ကင်းလွတ်ခွင့်ပေးထားပါတယ် ။

အိုက်စ်လန်း

သက်ဆိုင်ရာအာဏာပိုင်များကတော့ နိုင်ငံခြားသားတွေကို နယ်စပ်တွေပြန်ဖွင့်ပေးမှာ ဇွန် ၁၅ ရက်လို့ပြောပါတယ် ။ ပြည်တွင်းခရီးသွားတွေက သတ်မှတ်ထားတဲ့ နေရာတွေမှာ စစ်ဆေးမှု ခံယူခြင်း , Covid 19 ရှိ / မရှိ စစ်ဆေးခြင်း , ၎င်းတို့နေထိုင်ခဲ့တဲ့နေရာတွေကို ခြေရာခံလို့ရအောင် အပလီကေးရှင်း ဒေါင်းလုပ် လုပ်ဖို့ လိုပါတယ် ။ အဲဒီလိုမဟုတ်ရင်တော့ ၁၄ ရက် ကွာရမ်တိုင်း နေဖို့ ရွေးချယ်နိုင်ပါတယ် ။

နယ်သာလန်

ဆွီဒင်နဲ့တူညီတဲ့ ကန့်သတ်မှုပါ။
EU နဲ့ အခြား Schengen နိုင်ငံတွေကလာတဲ့ ခရီးသွားတွေ ကို ဇွန် ၁၅ ထိ တိုးမြှင့်ကန့်သတ်ထားပြီး ရေရှည်နေထိုင်တဲ့သူတွေ EU နိုင်ငံသား မိသားစုဝင်တွေ နဲ့ သံတမန်များ နယ်စပ်ဖြတ်ကျော် ကျန်းမာရေးဝန်ထမ်းတွေအပြင် ကုန်စည်သယ်ယူပို့ဆောင်ပေးသူတွေကိုတော့ ကန့်သတ်မှု ကင်းလွတ်ခွင့်ပေးထားပါတယ် ။

Presented by Admin

the world

22/05/2020

ဖောရက်စ် နိုင်ငံတကာငွေကြေးအရောင်းအ၀ယ်လုပ်ငန်းကနေ လစဉ်၀င်ငွေပုံမှန်ရရှိအောင် ဘာ့ကြောင့်အာမခံနိုင်သလဲ
==================================

အရောင်းအဝယ်လုပ်သည့်စနစ်

ထရိတ်တစ်ခုစတင်ပုံစံချသည်နှင့် အမြတ် ၂ % နှင့် အရှုံး ၁ % ထားပါ။

အနိမ့်ဆုံး ပျမ်းမျှအောင်မြင်မှု ရာခိုင်နှုန်း ၆၀ ရှိပါသည်..ဆိုလိုတာက အကြိမ် ၂၀ အရောင်းအ၀ယ်လုပ်ရင် ၁၂ ကြိမ်အောင်မြင်ပြီး ၈ ကြိမ်ဆုံးရှုံးမှာဖြစ်တယ်။

တွက်ချက်မှု
ထရိတ် ၁၂ ကြိမ်x အမြတ် ၂ ရာခိုင်နှုန်း = ၂၄ ရာခိုင်နှုန်း
ထရိတ် ၈ ကြိမ် * အရှုံး ၁ ရာခိုင်နှုန်း = ၈ ရာခိုင်နှုန်း
၂၄ ရာခိုင်နှုန်း - ၈ ရာခိုင်နှုန်း = ၁၆ ရာခိုင်နှုန်း ကျန်မယ်

တစ်ရက် ကို တစ်ကြိမ်ပဲ ရောင်း၀ယ်တယ်။ တစ်လကို အကြိမ်ရေ ၂၀ ပဲရောင်း၀ယ်တယ် ဆိုရင်တောင် ၁၆ ရာခိုင်နှုန်း မြတ်တယ်…အရမ်းကို လက်တွေ့ကျပါတယ်။

ဒါဆို လူအများစုက ဘာလို့ တစ်လကို ၁၅-၁၆ ရာခိုင်နှုန်း အမြတ်မရနိုင်တာလဲ?

အဖြေက အောက်ပါ အချက် ၃ ခု ကြောင့်ပါ။

ပထမတစ်ချက် - နေ့စဉ် , လစဉ် , နှစ်စဉ် ပုံမှန် မိမိထရိတ်သည့် စတိုင်အတိုင်း တသမတ်တည်း မလုပ်ခြင်း

(မှတ်ချက် : မိမိထရိတ်သည့်ပုံစံကိုသိရှိရန် အချိန် ၆ လ မှ ၃ နှစ်လောက် အထိ အစဉ်မပြတ်နေ့စဉ်လ့ကျင့်ထရိတ်နေဖို့လိုပါသည် )

ဒုတိယချက် - လောဘရှိခြင်း

Trader လက်သစ်တစ်ယောက်အနေနဲ့ ဘယ်လိုရောင်း၀ယ်ရမလဲ သင်ယူပြီးနောက် သူတို့အကောင့်ထဲကို လစဉ်လတိုင်း နှစ်ဆသုံးဆ တိုးပြီး နေ့ချင်း ညချင်း သူဌေးဖြစ်ဖို့ စိတ်ကူးယဉ်နေပါက ဆုံးရှုံးမှုဖြစ်ဖို့ အနီးဆုံးဖြစ်နေပါပြီ ။ အများစုကလည်း မိမိအကောင့်ထဲမှ ငွေကုန်သွားမှ ရပ်သွားတတ်ကြပါတယ်။

တတိယချက် - ထရိတ်သည့်နည်းဗျူဟာနှင့် မိမိထရိတ်ထားသောမှတ်တမ်းမရှိခြင်း

သင်ထရိတ်သည့်အကြိမ်တိုင်း တိကျသေချာသောမှတ်တမ်းမတင်ထားပါက ပရော်ဖက်ရှင်နယ်ထရိတ်ဒါတစ်ယောက် ဖြစ်လာဖို့ အလှမ်းဝေးပါလိမ့်မည် ။

အထက်ပါအချက်သုံးချက်လုံးအတွက် သင်ပြင်ဆင်လေ့ကျင့်နေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေရရှိအောင် ထရိတ်သက်တမ်း ၁၅ နှစ်ကျော်ရှိသည့် နိုင်ငံတကာထရိတ်ဒါများမှ သင့်ကိုယ်စား အရောင်းအဝယ်ပြုလုပ်ပေးနိုင်သည့် ကျွနုပ်တို့နှင့် ယခုပင်ဆက်သွယ်၍ သေချာသောဝင်ငွေရရှိနိုင်ပါပြီ ။

KBank App က နိုင်ငံတကာငွေကြေး ၁၂ မျိုး လွှဲခွင့်ပြု ====================================================================...
21/05/2020

KBank App က နိုင်ငံတကာငွေကြေး ၁၂ မျိုး လွှဲခွင့်ပြု
========================================================================

၂၀ မေ ၂၀၂၀ ။ ။

ထိုင်းနိုင်ငံရှိ Kasikorn ဘဏ်ကြီးက နိုင်ငံပေါင်း ၃၀ ကျော်ကို လွှမ်းခြုံဝန်ဆောင်မှုပေးနိုင်တဲ့ နိုင်ငံတကာငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုလုပ်ငန်းကို KBank ရဲ့ မိုဘိုင်း အပလီကေးရှင်း ကနေ ငွေကြေးအမျိုးအစား ၁၂ မျိုးထိ တိုးချဲ့ လွှဲပြောင်းနိုင်သွားပါပြီ။

ဘဏ်၏ စီနီယာဒုတိယဥက္ကဌချုပ် Silawat Santivisat အဆိုအရ နှစ်ကုန်ပိုင်းလောက်မှာ ကမ္ဘာတစ်ဝှမ်းလုံးကို ထိုင်းနိုင်ငံရဲ့ ဘဏ်မိုဘိုင်းအပလီကေးရှင်းအသုံးပြုသူအများဆုံးဖြစ်တဲ့ KBank အပလီကေးရှင်းနဲ့ ငွေကြေးတွေ လွှဲပြောင်းနိုင်တော့မှာ ဖြစ်ကြောင်းပြောကြားလိုက်ပါတယ် ။

ယခုလွှဲပြောင်းခွင့်ပေးလိုက်တဲ့ ၁၂ မျိုးသော ငွေကြေးအမျိုးအစားတွေက - အမေရိကန်ဒေါ်လာ , စင်ကာပူ ဒေါ်လာ , ဩစတေးလျ ဒေါ်လာ , ဟောင်ကောင်ဒေါ်လာ , ယူရို , အင်္ဂလန် စတာလင်ပေါင် , ဖိလစ်ပိုင် ပီဆို , အိန္ဒိယ ရူပီး , အင်ဒိုနီးရှား ရူပီး , ဗီယက်နမ် ဒေါင် , တောင်ကိုရီးယား ဝမ် နဲ့ မလေးရှား ရင်းဂစ်တို့ ဖြစ်ပါတယ် ။ ယခင်က ဘဏ်ရဲ့ K Plus အပလီကေးရှင်းကနေ နိုင်ငံပေါင်း ၂၄ နိုင်ငံကိုလည်း နိုင်ငံခြားငွေလွှဲပြောင်းနိုင်ပါသေးတယ် ။

လတ်တလော နိုင်ငံခြားငွေကြေးတွေ ပိုမိုလွှဲပြောင်းနိုင်လာတာကတော့ ကေဘဏ်နဲ့ Beacon VC တို့က ရင်းနှီးမြုပ်နှံပေးထားတဲ့ စင်ကာပူအခြေစိုက် နိုင်ငံခြားငွေလွှဲပြောင်းတဲ့နည်းပညာကုမ္ပဏီ Nium တို့ရဲ့ ဆော့ဝဲပရိုဂရမ်တွေကြောင့်ဖြစ်ပါတယ်။ Beacon VC ကလည်း KBank က အားလုံးပိုင်ဆိုင်တဲ့ Venture Capital တစ်ခုဖြစ်ပါတယ်။

၂၀၁၉ မေလမှ စတင်အသုံးပြုခွင့်ပေးခဲ့တဲ့ နိုင်ငံခြားငွေလွှဲပြောင်းမှုတွေက သုံးစွဲသူ အသစ်တွေကနေ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့ပါသေးတယ်လို့ Mr. Silawat ကပြောပါတယ်။

ဝန်ဆောင်မှုကိုသုံးစွဲသူတွေက ဘတ်ငွေ ၄ ဘီလီယံလောက် လွှဲခဲ့ကြပြီးအများစုက ပညာရေး , ငွေပေးချေမှု , ရွှေ့ပြောင်းလုပ်သားတွေရဲ့ ငွေပို့မှုတွေနဲ့ နိုင်ငံခြားမှာနေတဲ့ မိသားစုဝင်တွေကို ငွေပို့ပေးကြတာဖြစ်ပါတယ် ။

၂၀၁၉ မှာ ကေဘဏ်က နိုင်ငံတစ်ခုလုံးရဲ့ ၂၅ ရာခိုင်နှုန်းသော ပမာဏသေးငယ်တဲ့ နိုင်ငံခြားငွေလွှဲမှု ကိုဝန်ဆောင်မှုပေးနိုင်ခဲ့တာပါ။ ၂၀၂၅ ခုနှစ်မှာတော့ အခုလိုလွှဲမှု အကြိမ်အရေအတွက် ၆၀,၀၀၀ လောက်နဲ့ ဘတ်ငွေ ၁၀ ဘီလီယံလောက် ရှိဖို့ ဘဏ်က မျှော်မှန်းထားပါတယ် ။

လွှဲမဲ့သူက မိုဘိုင်း အပလီကေးရှင်းကနေ ဘယ်အချိန်မဆိုလွှဲနိုင်ပြီးဘဏ်ခွဲကိုလည်းလုံးဝ သွားစရာမလိုပါဘူး ။ ဝန်ဆောင်မှုအသုံးပြုချိန်မှာလည်း မည်သည့်စာရွက်စာတန်းမျှ တင်ပြဖို့မလိုပါဘူး။

KBank က ၂၀၂၀ ဇွန်လ ၃၀ ရက်အထိ ပုံမှန် တစ်ကြိမ် လွှဲခဝန်ဆောင်ခ ၄၅၀ ဘတ် ကနေ ၂၅၀ ဘတ်အထိ အထူးစျေးနှုန်း သက်မှတ်ပေးထားပါတယ် ။ မနေ့က ထိုင်းစတော့အိတ်ချိန်းမှာ KBank ရှယ်ယာတွေ ၄.၇၅ ဘတ် စျေးတက်ပြီးပီလက်ရှိရှယ်ယာတစ်စောင်ပေါက်စျေး ၈၇ ဘတ် နဲ့ ထရိတ်ပမာဏ ၂.၂၈ ဘီလီယံ ရှိပါတယ် ။

Presented by Admin

“သင့်ရင်းနှီးမြုပ်နှံမှု နှင့်ဝင်ငွေကို ၁၀၀% အာမခံပေးနိုင်သည့် တစ်ခုတည်းသော နိုင်ငံတကာငွေကြေးရောင်းဝယ်မှုလုပ်ငန်း“Singap...
20/05/2020

“သင့်ရင်းနှီးမြုပ်နှံမှု နှင့်ဝင်ငွေကို ၁၀၀% အာမခံပေးနိုင်သည့် တစ်ခုတည်းသော နိုင်ငံတကာငွေကြေးရောင်းဝယ်မှုလုပ်ငန်း“

Singapore နိုင်ငံမှ ကမ္ဘာအဆင့် နံပါတ် (၄) အဆင့်ရ ကျွမ်းကျင်ရောင်းဝယ်ရေး အဖွဲ့မှ နိုင်ငံတကာငွေကြေးအွန်လိုင်းရောင်းဝယ်မှုတွင် ရင်းနှီးမြုပ်နှံခြင်းမှ ပုံသေလစဉ်ဝင်ငွေရရှိစေရန် အာမခံဖြင့် ဝန်ဆောင်မှုပေးခြင်း ဖြစ်ပါတယ်။

ထပ်မံသိရှိလို့ပါက ချက်ဘောက်တွင် (သို့မဟုတ်)
Contact 09962478393 သို့ဆက်သွယ်နိုင်ပါတယ်။

စီးပွားဖြစ်လုပ်ကိုင်သည့် ထရိတ်ဒါဟောင်းက လူချမ်းသာမိသားစုများအတွက် သီးသန့် ရင်းနှီးမြုပ်နှံပေးသည့် ကလပ် တည်ထောင်၁၈ မေ ၂၀၂...
19/05/2020

စီးပွားဖြစ်လုပ်ကိုင်သည့် ထရိတ်ဒါဟောင်းက လူချမ်းသာမိသားစုများအတွက် သီးသန့် ရင်းနှီးမြုပ်နှံပေးသည့် ကလပ် တည်ထောင်

၁၈ မေ ၂၀၂၀။

ယခင် Goldman Sachs အုပ်စု၏ စီးပွားဖြစ်ထရိတ်ပေးသူဟောင်းက အလွန်ကြွယ်၀ချမ်းသာသည့် မိသားစုများအတွက်သာ သီးသန့် ဖွင့်လှစ်ထားတဲ့ ကလပ် တစ်ခုကို ၄င်းတို့၏ ပိုင်ဆိုင်မှုများ ပိုမိုတိုးပွားစေရန် ရည်ရွယ်ပြီး ပူးတွဲတည်ထောင်ခြင်းဖြစ်ပါတယ်။

မိသားစုပိုင်လုပ်ငန်းအဖြစ် သိရှိကြတဲ့ Rinkelberg Capital မှာ လက်ရှိလုပ်ကိုင်နေတဲ့ Lex van Dam က Vesper ရင်းနှီးမြုပ်နှံမှု တည်ထောင်သူ Anthony Rosental နဲ့တွဲပြီး အင်္ဂလန်အခြေစိုက် SFO Alliance လုပ်ငန်းအဖြစ် စတင်လိုက်တာပါ။ ယခင် Society of Trust & Estate Practitioners မှာ မူဝါဒနှင့် ဆက်သွယ်ရေး ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့တဲ့ Keith Johnston ကတော့ ကုမ္ပဏီ၏ စီအီးအို အဖြစ် တာ၀န်ထမ်းဆောင်မှာပါ။

မိသားစုရုံးခန်းတွေက မကြာခဏ ဆိုသလို မျိုးဆက်သစ်ပေါင်းများစွာရင်းနှီးမြုပ်နှံသူတွေထက် ရေရှည်မှာ တည်တံ့နိုင်တဲ့ ပုံစံတည်ဆောက်ထားတာဖြစ်တယ်လို့ လည်း အီးမေးမှာ ပြောပါသေးတယ်။ SFO Alliance က သူတို့ ကို ဖိုရမ်သဘောမျိုး ဘုံပြဿနာတွေကို ဆွေးနွေးစေပြီးမှ ၄င်းတို့ နဲ့ ကိုက်ညီတဲ့ အဖြေရှာပေးပြီးမှ ရင်းနှီးမြုပ်နှံမှုကိုရှာဖွေပေးခြင်းဖြစ်ပါတယ်။

မိသားစုရုံးလုပ်ငန်းတွေက စည်းမျဉ်းစည်းကမ်းတွေ အရမ်းမတင်းကျပ်ပဲ ပုဂ္ဂလိကအဖြစ် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက လူချမ်းသာများအတွက် ငွေကြေးများ စီမံခန့်ခွဲပေးတာပဲ ဖြစ်ပါတယ်။ Campden Wealth နဲ့ UBS Group AG တို့ ရဲ့ သုတေသနတွေအရ လွန်ခဲ့တဲ့ နှစ်က ဖောက်သည်တစ်ဦးစီရဲ့ ပျမ်းမျှကြွယ်၀မှု က ဒေါ်လာ ၁.၃ ဘီလီယံ ရှိပါတယ်။ Alphabet Incorporation ရဲ့ Eric Schmidt , အီတလီက Ferrero Clan , ဟောင်ကောင်က သြဇာကြီးမားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး Li Ka- Shing ကဲ့သို့သော အဖွဲ့အစည်းသဖွယ် ရင်းနှီးမြုပ်နှံနိုင်သူတွေက ပိုမိုပြီးတော့တောင် များပြားလာနေပါသေးတယ်။

SFO Alliance က မိသားစုရုံးခန်းတွေကနေ အိမ်ခြံမြေ၀ယ်ယူရောင်း၀ယ်ရေး ကစလို့ စီးပွားရေးလုပ်ငန်း အသီးသီးမှာ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေအဆုံး မိသားစုရုံးခန်းတွေကနေ အွန်လိုင်းသီးသန့် ဆွေးနွေးမှု တွေ ယခုအချိန်မှာ ကျင်းပပေးနေပါတယ်။ ၄င်းတို့ ရဲ့ စိတ်၀င်စားမှုတွေ ကလည်း သီးသန့်ချေးငွေတွေနဲ့ ပတ်သက်ပြီး ပိုမိုများပြားလာပါတယ်။ မြောက်များစွာသော ချမ်းသာတဲ့ လူတွေက ကူးစက်ရောဂါပြန့် ပွားစဉ်ကာလအတွင်း တန်ဖိုးလျှော့ကျလာတဲ့ စျေးကွက်တွေအပေါ်မှာ အခွင့်ကောင်းယူပြီး ပိုမိုရင်းနှီးမြုပ်နှံလာကြပါတယ်။

၁၉၉၂ က Goldman Sachs မှာ အလုပ်လုပ်ခဲ့ပြီး လက်ရှိ SFO Alliance မှာ အလုပ်လုပ်နေတဲ့ Van Dam , ၅၂ နှစ် ကတော့ ဒီလို လူချမ်းသာမိသားစုတွေအတွက် အလုပ်လုပ်ပေးရတာ ကျွန်တော်တို့ ရဲ့ အတွေ့အကြုံတွေက အရမ်းကို အရေးပါတဲ့ အချိန်တွေ ငွေတွေ လူအင်အားတွေ အများကြီး သက်သာစေပါတယ် ဆိုပြီးပြောခဲ့ပါတယ်။

Admin

“ Berkshire Hathaway က Goldman Sachs အုပ်စု ရှယ်ယာများ ရောင်းခြင်း ”၁၆ မေ ၂၀၂၀ ။ ဂန္တဝင် ရင်းနှီးမြုပ်နှံသူ ဝါရင်းဘတ်ဖတ်...
16/05/2020

“ Berkshire Hathaway က Goldman Sachs အုပ်စု ရှယ်ယာများ ရောင်းခြင်း ”

၁၆ မေ ၂၀၂၀ ။

ဂန္တဝင် ရင်းနှီးမြုပ်နှံသူ ဝါရင်းဘတ်ဖတ်ရဲ့ Berkshire Hathaway လုပ်ငန်းစုကြီးကတော့ ကမ္ဘာ့ကူးစက်ရောဂါကြောင့် ဘဏ္ဍာရေးစျေးကွက်မှာ ပထမ(၃)လအတွင်းမှာပင် ၃၃ ရာခိုင်နှုန်းကျဆင်းခဲ့ရတဲ့ ကမ္ဘာကျော် Goldman Sachs အုပ်စုကြီးရဲ့ ရှယ်ယာအများစုကို ရောင်းလိုက်ပါပြီ ။ ကုမ္ပဏီက JP Morgan Chase & Co. ကိုလည်း ရင်းနှီးမြုပ်နှံမှု ၃ ရာခိုင်နှုန်း ဖြတ်လိုက်ပါသေးတယ် ။ ယခင်ကဆိုရင် ဘတ်ဖတ်ရဲ့ ကုမ္ပဏီက အကဲဖြတ်သူတွေရဲ့ စစ်ဆေးထားတဲ့ ရလာဒ်တွေပေါ်မူတည်ပြီး ၁၀ ရာခိုင်နှုန်းအောက်ဝန်းကျင် အမြဲတမ်း ဘဏ်တွေမှာ အကြီးဆုံးရင်းနှီးမြုပ်နှံသူလည်း ဖြစ်ပါတယ်။

Goldman Sachs Holding ရဲ့ ရှယ်ယာစုစုပေါင်း ၁.၉၂ သန်း, လက်ရှိတန်ဖိုး ဒေါ်လာ သန်း ၃၃၀ ဝန်းကျင်ကတော့ ၈၄ ရာခိုင်နှုန်း တက်ခဲ့တယ်လို့ Berkshire ကသောကြာနေ့က ထုတ်ပြန်ပါတယ် ။

ဘတ်ဖတ်ရဲ့ကုမ္ပဏီက နှစ်ဆုံးမှာ ဒေါ်လာ ၂၅ သန်း တန်ဖိုးရှိခဲ့တဲ့ Travelers Cos နဲ့ Phillips 66 တွေရဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားတာတွေကိုလည်း ထွက်ခဲ့ပြီးဖြစ်ပါတယ်။ ဘတ်ဖတ်ရဲ့ သက်တမ်းရှည် ရင်းနှီးမြုပ်နှံမှု ကရေနံသန့်စင်ရေးလုပ်ကိုင်သူတွေမှာဖြစ်ပြီး ၂၀၁၃ ထဲက ရေနံပိုက်လိုင်းဝန်ဆောင်မှု လုပ်ငန်းတွေမှာ ပိုင်ရှင်အဖြစ်သတ်မှတ်နိုင်တဲ့ ရှယ်ယာ ပမာဏပိုင်ဆိုင်တဲ့အထိ သဘောတူညီမှုယူထားတာတွေလည်းရှိပါတယ်။

Berkshire က ပထမ၃လအတွင်း Amazon.com မှာလည်း သူ့ရင်းနှီးမြုပ်နှံမှုကို ၀.၇ ရာခိုင်နှုန်း ဖြတ်တောက်ခဲ့ပါသေးတယ်။၄င်းလက်လီလုပ်ငန်းစုကြီးကိုလည်း ကူးစက်ရောဂါပြန့်ပွါးစဉ်ကာလအတွင်း လုပ်ငန်းတွေရဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျငွေတွေ အများကြီးပိုသုံးတာတွေ ရှိပြီး အဲဒီအချက်တွေက အမြတ်ရရှိမှုပေါ်မှာ ဖိအားဖြစ်နိုင်တာကိုလည်း သတိပေးခဲ့ပါသေးတယ်။

ကုမ္ပဏီရဲ့ လက်ရှိတစ်ခုတည်းသော အများဆုံးရင်းနှီးမြုပ်နှံထားတဲ့ PNC Financial Services Group ကတော့ ထပ်တိုးထားတဲ့ ပမာဏမရှိသေးပါဘူး ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ထဲက ဘတ်ဖတ်ရဲ့ ကုမ္ပဏီတွေက PNC နဲ့ Bank of America အပါအဝင် အမေရိကန်တစ်ဝှမ်း ငွေချေးပေးတဲ့ လုပ်ငန်းစုကြီးတွေကို ရင်းနှီးထည့်ဝင်ပေးထာတာဖြစ်ပါတယ် ။

Admin

Address

611 HLEDAN CENTER , Level 6, Corner Of Pyay Road And Hledan Road, Kamayut Township
Yangon
11041

Telephone

+959962478393

Website

Alerts

Be the first to know and let us send you an email when Pareto Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pareto Myanmar:

Share