19/06/2022
အာမခံလျော်ကြေးတောင်းခံခြင်း
ဒီအချက်ကအရမ်းအရေးကြီးပါတယ်
လူတော်တော်များများက ဒီအချက်ကိုစိုးရိမ်
တတ်လေ့ရှိကြပါတယ်။
အာမခံထားရှိမယ့်သူအနေနဲ့ ဒီအချက်တွေကို
ကောင်းကောင်းနားလည်ထားမယ်ဆိုရင်
အာမခံထားရှိရတာပိုပြီး ကိုယ့်ကိုယ်ကို
ယုံကြည့်မှုပြည့်ဝပြီး စိတ်ပူပန်မှုကင်းကင်းနဲ့
အာမခံထားရှိနိုင်မှာဖြစ်ပါတယ်။
အာမခံလျော်ကြေးငွေထုတ်ယူတဲ့အခါ
နောက်နှေးမှုမရှိအောင်ဘာတွေသိထားရမလဲ?
1. Manulife Protector ဘဝအာမခံထားရှိစဉ်မှာ
အာမခံအမျိုးအစား, ဘယ်လိုအခြေအနေမျိုးတွေမှာ
အကာအကွယ်ပေးမှာလဲ, ဘာတွေအကျုံးဝင်သလဲ
စတာတွေကိုသေချာနားလည်သည်အထိ
သေချာဆွေးနွေး, မေးမြန်းထားဖို့လိုပါတယ်။
2. Manulife Protector ဘဝအာမခံလျှောက်ထားစဉ်မှာ
လိုအပ်ချက်အရတောင်းခံတဲ့အချက်အလက်တွေကို
မှန်မှန်ကန်ကန်, တိတိကျကျ ဖြည့်သွင်းဖို့လိုအပ်ပါတယ်။
ဖြည့်သွင်းရတဲ့အချက်အလက်တွေအားလုံးဟာမှန်ကန်တိကျ
မှုမရှိခြင်း, ထိန်ချန်, လိမ်လည်ဖြည့်သွင်းခြင်းများလုံးဝမလုပ်ဖို့
လိုအပ်ပါတယ်။ အချက်အလက်များကိုလိမ်လည်ဖြည့်သွင်းခြင်း
ထိန်ချန်ဖြည့်သွင်းခြင်းများကို စစ်ဆေးတွေ့ရှိရင်တော့
မလိုလားအပ်တဲ့ ကြံ့ကြာမှု, ရှုပ်ထွေးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။
3. Manulife Protector ဘဝအာမခံလျှော်ကြေးတောင်းခံရာမှာ
မဖြစ်မနေတင်ပြဖို့လိုအပ်တဲ့ သက်ဆိုင်ရာထောက်ခံချက်စာရွက်စာတန်း
များကိုလည်း အာမခံလျှော်ကြေးတောင်ခံရာမှာစုံလင်စွာပူးတွဲတင်ပြ
နိုင်အောင် တပါတည်းယူဆောင်သွားဖို့လိုအပ်ပါတယ်။
Manulife Protector ဘဝအာမခံလျှော်ကြေးတောင်းခံရာတွင်
မဖြစ်မနေလိုအပ်သော သက်ဆိုင်ရာထောက်ခံချက်များမှာ
Normal Death အတွက်
*****************
1. သေဆုံးမှုအတွက် အာမခံလျော်ကြေးတောင်းဆိုသူ၏ထွက်ဆိုချက်
2. တာဝန်ရှိဆရာဝန်၏ ထွက်ဆိုချက်
3. အသက်သေဆုံးကြောင်း တရားဝင်အထောက်အထား (သေစာရင်း)၏ မှန်ကန်သောမိတ္တူ
4. ရပ်ရွာ သို့မဟုတ် ခရိုင် အုပ်ချုပ်ရေးမှုးမှထုတ်ပေးသော အသက်သေဆုံးကြောင်း တရားဝင်အထောက်အထား (သေစာရင်း)
5. အာမခံလျော်ကြေးတောင်းဆိုမှုအတွက် အာမခံအကြံပေး၏အစီရင်ခံစာ
6. အသက်အာမခံထားရှိသူနှင့် အာမခံလျော်ကြေးတောင်းဆိုသူ၏ မှတ်ပုံတင်မိတ္တူ
7. ကွယ်လွန်သူနှင့် အာမခံလျော်ကြေးတောင်းဆိုသူ၏ ဆွေမျိုးတော်ဆက်ပုံကို သက်သေပြနိုင်ရန်အတွက်လိုအပ်သောအထောက်အထားမိတ္တူ
8. အာမခံလျော်ကြေးတောင်းဆိုသူ၏ ဘဏ်စာအုပ်ပထမစာမျက်နှာမိတ္တူ
9. ခွင့်ပြုအထောက်အထား ပုံစံ (Authorization Form)
10. ပေါ်လစီစာချုပ်
Accidental Death အတွက်
********************
1. သေဆုံးမှုအတွက် အာမခံလျော်ကြေးတောင်းဆိုသူ၏ထွက်ဆိုချက်
2. တာဝန်ရှိဆရာဝန်၏ ထွက်ဆိုချက်
3. အသက်သေဆုံးကြောင်း တရားဝင်အထောက်အထား (သေစာရင်း)၏ မှန်ကန်သောမိတ္တူ
4. ရပ်ရွာ သို့မဟုတ် ခရိုင် အုပ်ချုပ်ရေးမှုးမှထုတ်ပေးသော အသက်သေဆုံးကြောင်း တရားဝင်အထောက်အထား (သေစာရင်း)
5. ရဲမှုခင်းမှတ်တမ်းမိတ္တူ
6. ရင်ခွဲစစ်ဆေးခြင်းမှတ်တမ်း မိတ္တူမှန်/ အဆိပ်အတောက်စစ်ဆေးခြင်းမှတ်တမ်း သောမိတ္တူမှန် (ရှိခဲ့လျှင်)
7. သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိ၏ စစ်ဆေးမှုမှတ်တမ်း မိတ္တူမှန် (ရှိခဲ့လျှင်)
8. အာမခံလျော်ကြေးတောင်းဆိုမှုအတွက် အာမခံအကြံပေး၏အစီရင်ခံစာ
9. အသက်အာမခံထားရှိသူနှင့် အာမခံလျော်ကြေးတောင်းဆိုသူ၏ မှတ်ပုံတင်မိတ္တူ
10. ကွယ်လွန်သူနှင့် အာမခံလျော်ကြေးတောင်းဆိုသူ၏ ဆွေမျိုးတော်ဆက်ပုံကို သက်သေပြနိုင်ရန်အတွက်လိုအပ်သော အထောက်အထားမိတ္တူ
11. အာမခံလျော်ကြေးတောင်းဆိုသူ၏ ဘဏ်စာအုပ်ပထမစာမျက်နှာမိတ္တူ
12. ခွင့်ပြုအထောက်အထား ပုံစံ (Authorization Form)
13. ပေါ်လစီစာချုပ်
Normal Permanent Disability အတွက်
******************************
1. လုံးလုံးလျားလျားထာဝစဥ် မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံလျော်ကြေးတောင်းဆိုသူ၏ထွက်ဆိုချက်
2. တာဝန်ရှိဆရာဝန်၏ ထွက်ဆိုချက် (လုံးလုံးလျားလျားထာဝစဥ် မသန်စွမ်းဖြစ်ခြင်း)
3. ရောဂါနှင့်သက်ဆိုင်သော ဆေးဘက်ဆိုင်ရာမှတ်တမ်းအားလုံး (ဥပမာ - ဓာတ်ခွဲခန်း အဖြေများ)
4. အာမခံလျော်ကြေးတောင်းဆိုမှုအတွက် အာမခံအကြံပေး၏အစီရင်ခံစာ
5. အသက်အာမခံထားရှိသူ၏ မှတ်ပုံတင်မိတ္တူ
6. အာမခံလျော်ကြေးတောင်းဆိုသူ၏ ဘဏ်စာအုပ်ပထမစာမျက်နှာမိတ္တူ
7. ခွင့်ပြုအထောက်အထား ပုံစံ (Authorization Form)
8. ပေါ်လစီစာချုပ်
Accidental Permanent Disability အတွက်
********************************
1. လုံးလုံးလျားလျားထာဝစဥ် မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံလျော်ကြေးတောင်းဆိုသူ၏ထွက်ဆိုချက်
2. တာဝန်ရှိဆရာဝန်၏ ထွက်ဆိုချက် (လုံးလုံးလျားလျားထာဝစဥ် မသန်စွမ်းဖြစ်ခြင်း)
3. ရဲမှုခင်းမှတ်တမ်းမိတ္တူ
4. အဆိပ်အတောက်စစ်ဆေးခြင်းမှတ်တမ်း မိတ္တူမှန် (ရှိခဲ့လျှင်)
5. သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိ၏ စစ်ဆေးမှုမှတ်တမ်း မိတ္တူမှန် (ရှိခဲ့လျှင်)
6. ရောဂါနှင့်သက်ဆိုင်သော ဆေးဘက်ဆိုင်ရာမှတ်တမ်းအားလုံး (ဥပမာ - ဓာတ်ခွဲခန်း အဖြေများ)
7. အာမခံလျော်ကြေးတောင်းဆိုမှုအတွက် အာမခံအကြံပေး၏အစီရင်ခံစာ
8. အသက်အာမခံထားရှိသူ၏ မှတ်ပုံတင်မိတ္တူ
9. အာမခံလျော်ကြေးတောင်းဆိုသူ၏ ဘဏ်စာအုပ်ပထမစာမျက်နှာမိတ္တူ
10. ခွင့်ပြုအထောက်အထား ပုံစံ (Authorization Form)
11. ပေါ်လစီစာချုပ်
Critical Illness အတွက်
******************
1. ပြင်းထန်ရောဂါအကာအကွယ်အတွက် အာမခံလျော်ကြေးတောင်းဆိုသူ၏ထွက်ဆိုချက်
2. တာဝန်ရှိဆရာဝန်၏ ထွက်ဆိုချက်
3. ရောဂါနှင့်သက်ဆိုင်သော ဆေးဘက်ဆိုင်ရာမှတ်တမ်းအားလုံး (ဥပမာ - ဓာတ်ခွဲခန်း အဖြေများ)
4. အာမခံလျော်ကြေးတောင်းဆိုမှုအတွက် အာမခံအကြံပေး၏အစီရင်ခံစာ
5. အသက်အာမခံထားရှိသူ၏ မှတ်ပုံတင်မိတ္တူ
6. အာမခံလျော်ကြေးတောင်းဆိုသူ၏ ဘဏ်စာအုပ်ပထမစာမျက်နှာမိတ္တူ
7. ခွင့်ပြုအထောက်အထား ပုံစံ (Authorization Form)
8. ပေါ်လစီစာချုပ်
အာမခံလျှော်ကြေးတောင်းခံတဲ့လုပ်ငန်းစဉ်ဟာ
အချိန်ကြာမြင့်ပြီး ရှုပ်ထွေးတယ်ဆိုတာ
အများထင်ထားကြသလို ဟုတ်မနေပါဘူး။
- မိမိထားရှိတဲ့အာမခံအမျိုးအစား,
ဘယ်လိုအခြေအနေအကာအကွယ်ရနိုင်တယ်,
ဘာတွေအကျုံးဝင်တယ်ဆိုတာတွေကိုနားလည်မယ်,
- အာမခံလျှောက်ထားစဉ်မှာ လိုအပ်ချက်အရ ဖြည့်စွက်ရတဲ့
အချက်အလက်များကို ထိန်ချန်ခြင်း, လိမ်လည်ဖြည့်သွင်းခြင်း
မရှိစေဘဲ တိတိကျကျဖြည့်သွင်းထားမယ်
- အာမခံထားရှိစဉ်ကာလအတွင်း မမျှော်လင့်ထားပဲ
ပြင်းထန်ရောဂါတွေ့ရှိခြင်း, ရာသက်ပန်မသန်စွမ်းဖြစ်ခြင်း,
သေဆုံးခြင်းတို့ဖြစ်ပေါ်မှုများကြုံလာတဲ့ခါ ဖော်ပြပါ
အထောက်အထား, စာရွက်စာတန်းများကိုပူးတွဲပြီး
အာမခံလျှော်ကြေးတောင်းခံလွှာပါ ဆောင်ရွက်ရန်
စာရင်းများကို ပြည့်စုံမှန်ကန်စွာဖြည့်သွင်းတင်ပြမယ်ဆိုရင်
အာမခံလျှော်ကြေးတောင်းခံမှုဟာရှုပ်ထွေးကြန့်ကြာမှုမရှိစေပဲ
အလွယ်တကူထုတ်ယူရရှိနိုင်ပါတယ်။
အထောက်အထား, စာရွက်စာတန်းများကိုပြည့်စုံစွာတင်လိုက်ပြီ
ဆိုတာနဲ့ အတည်ပြုလုပ်ငန်းစဉ်က 7-10 Working Days သာ
ကြာမှာဖြစ်ပါတယ်။ ကုမ္ပဏီမှ အာမခံလျှော်ကြေးလျှောက်ထားမှု
ကို အတည်ပြုပြီဆိုတာနဲ့ (3) ရက်အတွင်း အာမခံလျှော်ကြေးကို
ထုတ်ပေးတာဖြစ်ပါတယ်။
“အာမခံလျော်ကြေးငွေတောင်းဆိုမှုဟာ ကြိုတင်စိုးရိမ်ရလောက်တဲ့အထိ
မရှုပ်ထွေးသလို, အချိန်လည်းမကြာပါဘူး”
အရေးအကြီးဆုံးအချက်က လူအများစုက ကိုယ့်ရဲ့ငွေကြေးဆိုင်ရာနဲ့
ပတ်သက်ပြီး မိသားစုဝင်တွေကိုတောင် လျှို့ဝှက်ထားတတ်ပါတယ်။
ဒါဟာ အာမခံအကာအကွယ်ထားရှိသူ အတွက်ကတော့ အတော်မှာယွင်းတဲ့
လျှို့ဝှက်ချက်ဖြစ်ပါလိမ့်မယ်။ မိသားစုထဲ မှာ တစ်ယောက်ယောက်က
အာမခံထားရှိမယ်ဆိုရင် သက်ဆိုင်သူ မိသားစုဝင်တွေကို ကိုယ်ဝယ်ယူထားရှိတဲ့ အာမခံပေါ်လစီအကြောင်းကို သေချာအသိ ပေးရှင်းပြထားဖို့လို့ပါတယ်။
အာမခံအကာအကွယ်ထားရှိမှုကို မိမိဆုံးပါး သွားတဲ့အခါ ဘယ်သူကမှ
သိမထားလို့ အာမခံကုမ္ပဏီအနေနဲ့လည်း အာမခံလျှော်ကြေးငွေ ပေးချေခြင်းမရှိပဲ သောင်တင်နေတဲ့ အဖြစ်အပျက်တွေလည်း အနောက်နိုင်ငံများမှာ အတော်များများရှိဖူးပါတယ်။ အဲ့သလိုသာဖြစ်ခဲ့မယ်ဆိုရင် မိမိအာမခံထားရှိခဲ့ခြင်းဟာ မိမိချစ်ခင်တဲ့
မိသားစုဝင်တွေအတွက် အချင်းအနှီးဖြစ်သွားနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ အာမခံထားရှိတဲ့ စာချုပ်ကို ထိခိုက်ပျက်စီးခြင်းမဖြစ်အောင် လုံခြုံတဲ့နေရာမျာ သိမ်းဆည်းထားဖို့လိုအပ်ပေမဲ့ သက်ဆိုင်သူ မိသားစုဝင်တွေအားလုံး
မသိတဲ့နေရာမှာတော့ မထားမိပါစေနဲ့။ တစ်ယောက်ယောက်က အာမခံအကာအကွယ်ထားရှိမှုကိုသိထားမှာသာ အာမခံအကျိုးခံစားခွင့် ရှိသူအတွက် အာမခံကုမ္ပဏီမှ အာမခံကြေးတောင်းခံနိုင်မှာ ဖြစ်ပါတယ်။ အသိမ်းလွန်ပြီး ပျောက်ဆုံး, ပျက်စီးသွားခဲ့ရင် မလိုအပ်တာတွေ ဖြေရှင်းရနိုင်ပါတယ်။
Important Notes:
*************
Manulife Protector ဘဝအာမခံလျှော်ကြေးတောင်းခံဖို့
ဖြစ်လာပြီဆိုရင် မိမိရဲ့ အသက်အာမခံအကြံပေးကိုအရင်ဆုံး
ဆက်သွယ်အကြောင်းကြာပါ။ အသက်အာမခံကုမ္ပဏီရဲ့
Hotline (သို့) Customer Service ကို တိုက်ရိုက်
ဆက်သွယ်လို့လည်းရပါတယ်။
အသက်အာမခံအကြံပေး (သို့) အသက်အာမခံကုမ္ပဏီရဲ့
Customer Service တို့က Claim Form လို့ခေါ်တဲ့
အာမခံလျှော်ကြေးတောင်းခံလွာ ပြည့်စုံစွာဖြည့်သွင်းဖို့
ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး လိုအပ်တဲ့ အထောက်အထား,
စာရွက်စာတန်းများကို သေချာလမ်းညွန်ပေးမှာဖြစ်ပါတယ်။
အသက်အာမခံကြေးတောင်းခံရာတွင် နောက်နှေးမှုတစ်စုံတရာ
မရှိစေဖို့ ဒီအချက်ကအရေးကြီးပါတယ်။
ပြည့်စုံစွာဖြည့်သွင်းထားသော Claim Form နဲ့အတူ လိုအပ်တဲ့
အထောက်အထား, စာရွက်စာတန်းများကိုပူးတွဲပြီး အာမခံအကြံပေး
ကနေဖြစ်စေ, Manulife Myanmar ရုံးချုပ်ကိုဖြစ်စေ အီးမေးလ်
ပို့လိုက်ပြီဆိုတာနဲ့ 2ရက်အတွင်းလက်ခံရရှိကြောင်းအကြေင်းပြန်ပေး
မှာဖြစ်ပါတယ်။ 7-10 Working Days အတွင်းပြန်လည်အတည်ပြုပေးမှာ
ဖြစ်ပြီး, အတည်ပြုချက်ရပြီဆိုတာနဲ့ 3 Working Days အတွင်း
အာမခံလျှော်ကြေးကိုထုတ်ပေးမှာဖြစ်ပါတယ်။
********************************
အသင့်တော်ဆုံး အာမခံအမျိုးအစားကို
ရွေးချယ်ထားရှိနိုင်ဖို့အတွက်ကတော့
ငွေကြေးကြီးကြပ်စီစစ်ရေးဌာန FRD,
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ IBRB တို့ရဲ့
တရားဝင်လိုင်စင်ရ Insurance Advisor
အာမခံကိုယ်စားလှယ်တစ်ဦးအနေနဲ့ "အခမဲ့"
အကြံဉာဏ်ပေးဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။
မည်သူမဆို အသေးစိတ်စုံစမ်း, ဆွေးနွေး
"အခမဲ့" အကြံဉာဏ် ရယူလိုပါက -
Nyo Nyo Seint
Unit Manager
0943008470
[email protected]
[email protected]
09799874864
ဒါဆိုဘယ်အချိန်မှာ ဘဝအာမခံထားသင့်ဆုံးလဲ?
ဘဝမှာ ဘာမှ အာမခံချက်မရှိ/အစိုးမရဘူးဆိုတာ
သတိထားမိတဲ့အချိန် ဘဝအာမခံထားပါ။
မိသားစုတိုင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေရှင့်။
#ပြန်လည်ကူးယူကြော်ညာခြင်းသည်းခံပါ😃