𝐅𝐨𝐫𝐞𝐱 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬

  • Home
  • Myanmar
  • Yangon
  • 𝐅𝐨𝐫𝐞𝐱 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬

𝐅𝐨𝐫𝐞𝐱 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐅𝐨𝐫𝐞𝐱 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬, Financial service, Kantharyar Centre-office Tower-20th floor, No. 11 Corner of Kan Yeik Thar Road and U aung Myat Road, Yangon.

May the coming year be full of grand adventures and opportunities. Life is short - dream big and make the most of 2023! ...
31/12/2022

May the coming year be full of grand adventures and opportunities. Life is short - dream big and make the most of 2023! May the New Year bring you happiness, peace, and prosperity. Wishing you a joyous 2023!🎉🍾

Hi Everyone ဒီနေ့  December/27 က Admin ရဲ့ Birthday ဖြစ်တာကြောင့် လက်ဆောင်လေးတစ်ခုပေးဖို့စီစဉ်ထားပါတယ်ဗျ။  Forex Trading...
27/12/2022

Hi Everyone ဒီနေ့ December/27 က Admin ရဲ့ Birthday ဖြစ်တာကြောင့် လက်ဆောင်လေးတစ်ခုပေးဖို့စီစဉ်ထားပါတယ်ဗျ။

Forex Trading ဆိုတာက Currencyတွေ၊ရေနံတွေ၊World goldတွေက်ို Onlineကနေဘဲ အရောင်းဝယ်လုပ်ပြီး အကျိုးမြတ် ရှာရတဲ့ မည်သူမဆိုလုပ်နိုင်တဲ့ Online စီးပွားရေးတစ်ခုဖြစ်ပါတယ်။ထူးခြားတဲ့အချက်တွေထဲကတစ်ခုက ရောင်းသူဝယ်သူစောင့်စရာမလိုဘဲ ချက်ချင်းအရောင်းဝယ်ပြုလုပ်နိုင်ပြီး ကြိုက်တဲ့ချိန်ထလုပ်နိုင်တာကြောင့် လူကြိုက်များပါတယ်။

♻️ဒါကြောင့် ဒီ Tradingကို စိတ်ဝင်စားတယ် ဒီ Trader Industry ထဲကိုဝင်ရောက်ဖို့ကြိုးစားနေတဲ့သူတွေ Basic course တွေတတ်ဖို့ ဈေးကြီးလို့ ပိုက်ဆံမသုံးချင်တဲ့သူတွေအတွက် ဒီနေ့မှာ ကျွန်တော့်ရဲ့ မွေးနေ့ဖြစ်တာကြောင့် Forex Trading Basic Course ကို လက်ဆောင်အဖြစ်နဲ့ Free သင်ကြားပေးဖို့ဆုံးဖြတ်ထားပါတယ် ။ပထမ Zoomနဲ့သင်ကြားပေးဖို့ စဉ်းစားထားပေမယ့် လျှပ်စစ်မီးပျက်တောက်မှုတွေ အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် ဝင်ရောက်မ join နိုင်ဘဲတစ်ရက်ဝင် တရက်ပျက် ဖြစ်ပြီး နားမလည်ဘဲ ကျန်ခဲ့ဖြစ်နေမှာကြောင့် Video lesson လေးနဲ့ဘဲ သင်ကြားပေးဖို့ ဆုံးဖြတ်ထားပါတယ်။ နေ့စဉ် တင်ပေးနေမှာဖြစ်ပြီး မသိတဲ့နားမလည်လိုက်တဲ့ အကြောင်းအရာတွေက်ိုအချိန်မရွေး ပြန်ကြည့်နိုင်သလို ပြန်ပြီး Discuss လဲလုပ်နိုင်အောင် Groupတစ်ခုဖွဲ့ပေးထားပါတယ်။Basic Course ဆိုပေမယ့် Basicထက်ပိုတဲ့ ကိုယ်တိုင် Market actionတွေကိုကြည့်ပြီး Tradeနိုင်အောင် ကိုယ်တိုင် analysis လုပ်နိုင်အောင်ထိ

♂️Risk & Reward Management
♂️Price Action
♂️Candle Stick Pattern
♂️Trend line
♂️MT4 အသုံးပြုနည်းနဲ့ Tools
တွေပါ သင်ကြားပေးသွားမှာဖြစ်လို့ Trading Industry ကိုစိတ်ဝင်စားတဲ့ သူများအတွက် တကယ်ကို အကျိုးဖြစ်စေမှာပါဗျ။

🔥ဒီ Course သည် Free Course မဟုတ်ပါ
လက်ဆောင်အဖြစ်သာပေးခြင်းဖြစ်တာကြောင့် စည်းကမ်းချက်လေးတွေကိုလိုက်နာဖို့လိုပါလိမ့်မယ်။

1. Trading သည် Business ဖြစ်တာကြောင့် ကိုယ့်ရဲ့စီးပွားရေးတစ်ခုလို စိတ်ဝင်တစားလေ့လာနိုင်မယ်ဆိုမှလာပါ။

2. ဒီနေ့ကစပြီး နောက်လ 2ရက်နေ့ ထိ 6ရက်အတွင်း Page messager မှာလာရောက် Register လုပ်နိုင်မှာဘဲဖြစ်ပါတယ် ရက်သတ်မှတ်ချက်ကျော်လွန်သော သူများကို လက်ခံမည်မဟုတ်ပါ။

ဒါဆိုရင်တော့ Tradingကို စိတ်ဝင်စားတဲ့ Newbie တွေအတွက် ခြေလမ်းကောင်းတစ်ခုလို့ဆိုရင်းနဲ့ဘဲ

I wish everyone the best of luck next year.🎆

♻ ဝင်ငွေ လမ်းကြောင်းတစ်ခုထဲပေါ်မှာ မရပ်တည်နဲ့ ဆိုတာကတော့ အားလုံး သိရှိကြပြီးဖြစ်ပါတယ်။ ဒုတိယတစ်ခုကိုတော့အနည်းငယ်ထပ်ပြီး ...
21/12/2022

♻ ဝင်ငွေ လမ်းကြောင်းတစ်ခုထဲပေါ်မှာ မရပ်တည်နဲ့ ဆိုတာကတော့ အားလုံး သိရှိကြပြီးဖြစ်ပါတယ်။ ဒုတိယတစ်ခုကိုတော့အနည်းငယ်ထပ်ပြီး ရှင်းလင်းလိုပါတယ်။
ဝင်ငွေလမ်းကြောင်းတစ်ခုထဲတော့မဟုတ်ဘူး ။နှစ်ခု သုံးခုတော့ရှိတယ် ဒါဆိုရင် စိတ်ချ ရပြီ စိတ်အေးရပြီလား လို့မေးရင်တော့မဟုတ်သေးဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်။ ဥပမာ Taxi တစ်စီးဝယ်ပြီး အငှားချကာ အုံနာခ ရယူမယ်ဆိုပါစို့။ နောက်နည်းနည်းကြာလို့ ငွေထပ်စုပြီး နောက်ထပ် Taxi ကားတစ်စီးထပ်ဝယ် အငှားချမယ်ဆိုရင် ဝင်ငွေလမ်းကြောင်းနှစ်ခု ဖြစ်သွား ပါပြီ။ ဒါပေမယ့် ဒီဝင်ငွေ လမ်းကြောင်းနှစ်ခုလုံးဟာ တူညီတဲ့ ပိုင်ဆိုင်မှု အမျိုးအစား တွေ ချည်းဖြစ်နေတာကိုတွေ့ရပါတယ်။
ဒီလိုတူညီတဲ့ ပို်င်ဆိုင်မှု Assets တွေ ပေါ်မှာပဲ ကိုယ်စုဆောင်းထားသမျှငွေအားလုံးကို ရင်းနှီးမြုပ်နှံထားမယ် ဆိုရင် External Factors ဆိုတဲ့ကိုယ်မထိန်းချုပ်နိုင်တဲ့ ပြင်ပ အခြေအနေတွေ ပြောင်းလဲ တဲ့အခါ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံ ရဖို့ ပိုပြီး Risk များတတ်ပါတယ်။ ဥပမာ ကိုဗစ် ရောဂါကြီးဖြစ်လို့ လူတွေ အပြင်မထွက် တော့တဲ့အခါမှာ Taxi နှစ်စီးအငှားချထားပြီး ဝင်ငွေလမ်းကြောင်း နှစ်ခုတောင်ဖန်တီး ထားပေမယ့် နှစ်ခုလုံး ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ .
ဒါကြောင့် မိမိ ချမ်းသာကြွယ်ဝ မှုကို အလွယ်တကူ ပျက်စီးမသွားအောင်၊ ဝင်ငွေ လမ်းကြောင်းတွေ အလွယ်လေး နဲ့ ရပ်တန့်မသွားအောင် မတူညီတဲ့ ပို်င်ဆိုင်မှု အမျိုးအစားတွေ ပေါ် အခြေပြုပြီး ဝင်ငွေ လမ်း ကြောင်းတွေ ဖန်တီးကာ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ဒါကို Wealth Management မှာ Diversification Investment နည်းစနစ်လို့ ခေါ်တွင်လေ့ရှိပါတယ်။ဒါကြောင့် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့သူတွေ ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုလုပ်ချင်တဲ့သူ​တွေ၊ငွေပိုငွေလျံရှာချင်တဲ့သူတွေ Page မှာလာရောက်ဆွေးနွေးမေးမြန်းနိုင်ပါတယ်။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။

Pip ဆိုတာကဘာလဲ။.....Pip = Pair In Priceဒီနေ့မှာ  Pip တွေအကြောင်းရှင်းပြပေးမှာပဲ ဖြစ်ပါတယ်။Forex Trading မှာအရမ်းအရေးကြီး...
15/12/2022

Pip ဆိုတာကဘာလဲ။.....

Pip = Pair In Price

ဒီနေ့မှာ Pip တွေအကြောင်းရှင်းပြပေးမှာပဲ ဖြစ်ပါတယ်။

Forex Trading မှာအရမ်းအရေးကြီးတဲ့ Pip ဆိုတဲ့အသုံးအနှုန်းလေးဟာ ငွေကြေးတစ်ခုနဲ့ တစ်ခုကြား ခြားနားမှုကိုတိုင်းတာတဲ့နေရာမှာ သုံးနှုန်းတာပဲ ဖြစ်ပါတယ်။...

EUR/USD = 1.1051

အဲ့ဂဏန်းလေးရဲ့ နောက်ဆုံး ဒဿမ နောက်က နောက်ဆုံးဂဏန်းဆိုတဲ့အရာလေး 1 pip ဖြစ်ပါတယ်။

1pip = 0.0001 ကိုဆိုလိုတာပါ။ Currency Pair တော်တော်များများမှာ 1 pip ဟာ 0.0001 ကိုဆိုလိုပေမယ့် Japna Yen မှာတော့ 0.01 ဟာ 1 pip ဖြစ်ပါတယ်။Pipette ဆိုတာကတော့ ဒသမနောက်က ဂဏာန်း ၅ လုံးမြောက်ကိုဆိုလိုတာဖြစ်ပါတယ်။ ဥပမာ -

GBP/USD = 1.30543

ပြောချင်တာက 1 Pound မှာ 1.30543 USD ရှိပြီးနောက်ဆုံးက 3 က 1 pipette ဖြစ်ပါတယ်။

1 pipette = 0.00001 လို့ပြောလို့ရပါတယ်။

Japan Yen မှာဆိုရင်တော့ 0.001 က နောက်ဆုံးက 1 ဟာ pipette ဖြစ်ပါတယ်။

1.###xx = 10000 pips

1.1###x = 1000 pips

1.15### = 500 pips

1.1538x = 8 pips

1.15382 = 0.2 pips တို့ဖြစ်ပါတယ်။..

ပြောချင်တာက တစ်ချို့ဆိုရင် Buy Order မှာ 100 pips အမြတ်ရတယ်တို့ဘာတို့ ပြောတယ်ဆိုရင် ဥပမာလေးအနေနဲ့ကြည့်ရင် 1.15382 ကနေ Buy Order တင်ထားတာ 1.16382 ရောက်ရင် Order ပိတ်လိုက်တယ်ဆိုရင်

1.16382 - 1.15382 = 100 pips

ကဲ ဒါဆိုရင်တော့ Pips အကြောင်းနားလည်သဘောပေါက်သွားလောက်ပြီလို့ထင်ပါတယ်။



Forex market မှာ တစ်နေ့တာအတွင်း အရောင်းအ၀ယ် အကောင်းဆုံး အချိန်တွေက ဘယ်အချိန်တွေဖြစ်မလဲ..?

https://fb.watch/hqLmIh-wQm/

Losing is a part of Tradingဆုံးရှုံးမှုဆိုတာ Trading ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်၊ ဒါကိုလူအချို့ကလက်ခံဖို့  အမှန်တကယ်ခက်...
09/12/2022

Losing is a part of Trading

ဆုံးရှုံးမှုဆိုတာ Trading ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်၊ ဒါကိုလူအချို့ကလက်ခံဖို့ အမှန်တကယ်ခက်ခဲနိုင်ပါတယ်။ ယေဘူယျအားဖြင့်တော့ ကျွန်တော်တို့က အရှုံးကို မကြိုက်ကြပါဘူး။ ဒါပေမယ့် အရှုံးဆိုတာက Trader တစ်ယောက်အနေနဲ့ အများကြီးလုပ်ရတာမို့ အကုန်လုံးက ကိုယ့်ရဲ့ Trading lifeမှာ Profitable ဖြစ်နေဖို့ သင်ပေးနေတဲ့ Course တွေလို့မှတ်ယူလို့ရပါတယ်။ အမြတ်အစွန်းများတဲ့ Tradeတစ်ခုက အချိန်တိုင်းမှန်ကန်နေတာမဟုတ်ကြောင်းကို ကျွန်တော်တို့ သိထားရပါမယ် ၊ မှားတဲ့အခါမှာလဲ ကို့အမှားကိုယ်လက်ခံနိုင်ပြီး မှန်ကန်တဲ့အခါကျရင်လည်း Profit ပိုရခြင်းအကြောင်းကို သတိရပါ။ အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေကတောင် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းမှာ ဆုံးရှုံးမှုတွေ အများကြီးရှိတယ်ဆိုတာ သိ ထားရုံနဲ့ တကယ်တော့ အရှုံးကို ခံနိုင်ရည်ရှိတဲ့အတွက် ကို့ကိုယ်ကို ဂုဏ်ယူပြီးတော့ ရှေ့ဆက်သင့်ပါတယ်။

08/12/2022

Forex market မှာ တစ်နေ့တာအတွင်း အရောင်းအ၀ယ် အကောင်းဆုံး အချိန်တွေက ဘယ်အချိန်တွေဖြစ်မလဲ..?

📊Forex market မှာ တစ်နေ့တာ အရောင်းအ၀ယ် အကောင်းဆုံးအချိန်တွေကတော့ Trading Session နှစ်ခု့ထပ်တဲ့ (Overlap) အချိန်တွေပဲဖြစ်ပါတယ်။ Traders တွေ အများဆုံးအရောင်းအ၀ယ်လုပ့်တဲ့အချိန်တွေလဲဖြစ်ပါတယ်။

1. Tokyo – London Overlap
Tokyo – London session နှစ်ခုထပ်တဲ့ အချိန်ကတော့ မြန်မာစံတော်ချိန် နေ့လည် ၁:၃၀ မှ ၂:၃၀ ထိဖြစ်ပါတယ်။ဒီ Session အတွင်းမှာ Liquidity ဟာ သိပ်အများကြီး တော့အတက်အကျမဖြစ်ပါဘူး ။

2. London – New York Overlap
London – New York Session ကြီးနှစ်ခု့ ထပ်တဲ့ အချိန်ကတော့ မြန်မာ စံတော်ချိန် ညနေ ၆:၀၀ မှ ၁၀:၃၀ လောက်ထိဖြစ်ပါတယ်။ဒီအချိန်ကတော့ Traders တွေအတွက် တကယ့်ပွဲကြီးပွဲကောင်း အချိန်ပါ။ အထူးသဖြင့် ဒီအချိန်မှာ US နဲ့ Canada ကသတင်း Report တွေထွက်တဲ့ အတွက် ဈေးကွက်လှုပ့်ရှားမှု့ ကြီးကြီးမားမား ဖြစ်ပေါ်တက်ပါတယ်။ ဒါ့အပြင် Europe ကနေထွက်တဲ့ နောက်ကျ သတင်တွေကလည်း ဈေးကွက်ကို လှုပ်ခတ်စေနိုင်ပါတယ်။
London session အတွင်းမှာ Trend တွေအခြေပြု စတင်ခဲ့ရင် US Traders တွေက နေ့ရဲ့အစောပိုင်း မှာ ဖြစ်ပျက်ခဲ့တာတွေကို သုံးသပ်ပြီး သူတို့အရောင်းအ၀ယ်တွေကို ၀င်လုပ်ဆောင်ဖို့ ဆုံးဖြတ်ကြတဲ့အတွက် Trend ဟာ ဆက်လက်ရွှေ့လျားတာကို တွေ့နိုင်ပါတယ်။
ဒါပေမဲ့ သတိထားရမှာက European Trader တချို့က သူတို့ အရောင်းအ၀ယ်တွေကို London session အဆုံးမှာ ပိတ်နိုင်ကြတဲ့ အတွက် ဒီအချိန်ကာလ အတွင်းမှာတော့ ဈေးကွက် လှုပ်ခတ်မှု့ ခပ်ကြမ်းကြမ်း တွေဖြစ်ပေါ်တတ်ပါတယ်။

အခု့လို Forex market အကြောင်းကို Trader တစ်ယောက်အနေနဲ့ရော Consultantတစ်ယောက်အနေနဲ့ပါ Real Life မှာကြုံတွေ့ရမယ့် Knowledge တွေကို sharing တွေလုပ်ပေးသွားမှာဖြစ်လို့ စိတ်၀င်စားတယ်ဆိုရင် Page ကို Like & follow လေးလုပ်ထားနိုင်ပါတယ်ခင်ဗျ။

Risk And Rewardကိုယ့်ရဲ့ အရှုံးခံနိုင်လောက်တဲ့ Riskနဲ့ ပြန်ရမယ့် Risk ထက်ပိုတဲ့ Reward ကို သေချာသိသာမှ စွန့်စားရန်လိုအပ်...
04/12/2022

Risk And Reward

ကိုယ့်ရဲ့ အရှုံးခံနိုင်လောက်တဲ့ Riskနဲ့ ပြန်ရမယ့် Risk ထက်ပိုတဲ့ Reward ကို သေချာသိသာမှ စွန့်စားရန်လိုအပ်ပါတယ်။ကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်သိခြင်းက မလိုလားအပ်တဲ့ Risk တွေနဲ့ မသေချာမရေရာမှုကြောင့်ဖြစ်ရတဲ့ Emotions ကိုလဲ လျော့ချပေးပါလိမ့်မယ်။

ဈေးကွက်ဖြစ်စဉ်တွေထက် Result ပေါ်အာရုံစိုက်ခြင်းTraderတွေက မကြာခန သူတို့ရဲ့ Trading Strategy အပေါ်အာရုံမစိုက်ဘဲ Trading r...
04/12/2022

ဈေးကွက်ဖြစ်စဉ်တွေထက် Result ပေါ်အာရုံစိုက်ခြင်း

Traderတွေက မကြာခန သူတို့ရဲ့ Trading Strategy အပေါ်အာရုံမစိုက်ဘဲ Trading result တွေပေါ်မှာ မှီခိုနေတတ်ပါကြတယ်။ဒါက ကျွန်တော်တို့ကို ရလဒ်ကောင်းတွေရဖို့ ကူညီပေးနေတဲ့ Market process ဈေးကွက်ဖြစ်စဉ်တွေနဲ့ မျက်ခြေပျက်သွားအောင်လုပ်နိုင်တာကြောင့် ရေရှည်မှာ အန္တရာယ်အရမ်းများကြောင်းသက်သေပြပါလိမ့်မယ်။ဒါကြောင့်ဈေးကွက်မှာ တစ်ခုခုထူးခြားတဲ့ ဖြစ်စဉ် မျိုးတွေတဲ့အခါ Trading Note ထဲမှာချရေးပါ။ကိုယ့်ရဲ့ Journal ကိုအချိန်အခါလိုက် ပြန်သုံးသပ်ပါ။ဒီဖြစ်စဉ်နဲ့ ကိုယ့်ရဲ့ Trading planပေါ်မှာ ပြန်ပြီး Focused လုပ်ပါ။သုံးသပ်ပြီးရင် နောက်ထပ်ဈေးကွက်ထဲပြန်ဝင်ဖို့ အနားယူပါ။ဒါတွေကသင်လုပ်နေတဲ့အရာတွေနဲ့ အဆက်သွယ်ပျက်မသွားအောင် Market ထဲမှာ လမ်းပျောက်မနေအောင်ကူညီိပေးပြီး တည်ငြိမ်တဲ့ Trading လမ်းစဉ်ခုကိုလျောက်ဖို့ ကူညီပေးပါလိမ့်မယ်။

Newbie များအတွက်  Forex မှာ သိသင့်တဲ့ အခေါ်အဝေါ်လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။1. Spread    Spread ဟာ ရောင်းစျေးနဲ...
03/12/2022

Newbie များအတွက် Forex မှာ သိသင့်တဲ့ အခေါ်အဝေါ်လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

1. Spread
Spread ဟာ ရောင်းစျေးနဲ့ ဝယ်စျေး နှစ်ခုခြားနားချက် ကိုခေါ်ပါတယ်။
ဥပမာ။ ။ XAUUSD ရဲ့ တန်ဖိုးဟာ 1800 နဲ့ 1803 ဖြစ်တယ်ဆိုရင် Spread ရဲ့ ကွာခြားမှုဟာ 3 ဖြစ်ပါတယ်။

2. Leverage
Leverage ဟာ ရင်းနှီးမြှုပ်နှံတဲ့ငွေတန်ဖိုရဲ့ ဆတိုးရောင်းဝယ်နိုင်ခွင့်ပါ။
ဥပမာ။ ။ 1:500 ဆိုပါစို့။
သင့်လက်ထဲမှာ အမှန်တကယ်ရှိနေတဲ့ 1 $ နဲ့ 500 $ တန်တဲ့ပစ္စည်းကို ဝယ်ယူလို့ရနိုင်တယ်ဆိုတဲ့သဘောပါပဲ။

3. Balance
Balance ဆိုတာဟာ သင့်ပိုင်ဆိုင်တဲ့ငွေ တစ်နည်းအားဖြင့် Deposit ငွေ ကို ပြောခြင်းဖြစ်သည်။

4. Equity
Equity ဆိုတာဟာ လက်ကျန်ငွေ ကို ပြောခြင်းဖြစ်သည်။

5. Margin
Margin ဆိုတာဟာ သင့်အရောင်းအဝယ်ပြုလုပ်ဖို့လိုအပ်တဲ့ငွေပမာဏ ကိုပြောခြင်းဖြစ်သည်။

6. Free Margin
Free Margin ဆိုတာက ကိုယ်ထပ်မံ အရောင်းအဝယ်လုပ်လို့ရတဲ့ ငွေပမာဏ ကို ဆိုလိုတာပါ။

7. Margin Level (%)
Margin Level (%) ဆိုတာက Broker က သတ်မှတ်ထားတဲ့ အကောင့်ပျက်နိုင်တဲ့ Level ကိုဆိုလိုတာပါ။

8. Swap
Swap ဆိုတာက ညသိပ်ခ (တစ်နည်း​ပြောရရင်) ရွှေကို Buy ပြီး နောက်နေ့အထိ ဖွင့်ထားခဲ့မယ်ဆိုရင် အာ့လိုဖွင့်ထားခဲ့တဲ့အတွက် Broker က ထိန်းသိမ်းခ အဖြစ်ကောက်ခံတာကို ဆိုလိုတာပါ။Swap Fees သည် Broker တစ်ခု နှင့် တစ်ခု ကောက်ခံသည့်နှုန်းချင်း မတူညီကြပါ။

9. Take Profit
Take Profit (Tp) ဆိုတာဟာ ကိုယ်အမြတ်ဘယ်လောက်ထားချင်လဲဆိုတာနဲ့ပတ်သက်ပြီး ထားလို့ရပါတယ်။
ဥပမာ နဲ့ ရှင်းပြပါမယ် ။

ဈေးတန်းတစ်ခုက 1800 နဲ့ အတက်ပြနေတယ် ။ အာ့တာကို ကိုယ်က 1805 ဆိုပြီး Take Profit လို့ခေါ်တဲ့ Tp အဖြစ်သတ်မှတ်ထားလိုက်တယ်ဆိုရင် အကယ်၍ စျေးတန်းက 1805 ကိုရောက်သွားတဲ့အခါ ကိုဖွင့်ထားတဲ့ Orderက အမြတ်နဲ့ ပိတ်လိုက်တာပါ။Order ကို အမြတ်နဲ့ပိတ်ဖို့ ဈေးကိုစောင့်ကြည့်နေ့စရာမလိုပါဘူး။

10. Stop Loss
Stop Loss (Sl ) ဆိုတာဟာ ကိုယ်အရှုံးခံနိုင်တဲ့ ပမာဏတစ်ခုကို သတ်မှတ်ထားတာပါ။
ဥပမာ နဲ့ ရှင်းပြပါမယ်။

ဈေးတန်းတစ်ခုက 1800 နဲ့ အတက်ပြနေတယ် ။ အာ့တာကို ကိုယ်က 1795 ဆိုပြီး Stop Loss လို့ခေါ်တဲ့ Sl အဖြစ်သတ်မှတ်ထားလိုက်တယ်ဆိုရင် အကယ်၍ စျေးတန်းက 1795 ထိကျသွားတဲ့အခါကျရင် ကိုယ်ဝယ်ထားတဲ့ Orderကို ဒီထက်ပိုပြီးတော့ အရှံးမခံတော့ဘူး ဒီလောက်ဘဲ အရှုံးခံနိုင်တယ်ဆိုပြီး ပိတ်လိုက်တာပါ။

11. Lot Size

0.01 Lot သည် USD နဲ့ဆိုရင် 1 USD ပါ။
0.10 Lot သည် USD နဲ့ဆိုရင် 10 USD ပါ။
1 Lot သည် USD နဲ့ဆိုရင် 100 USD ပါ။

Address

Kantharyar Centre-office Tower-20th Floor, No. 11 Corner Of Kan Yeik Thar Road And U Aung Myat Road
Yangon

Telephone

+959756045283

Website

Alerts

Be the first to know and let us send you an email when 𝐅𝐨𝐫𝐞𝐱 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐅𝐨𝐫𝐞𝐱 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬:

Shortcuts

Share