Accounting Service

Accounting Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Accounting Service, Financial Consultant, Yangon.

Accounting Support services အပ်နိုင်ပါပြီရှင် 🌿 Weekend Part-Time Accounting Service(Saturday & Sunday Only)Online Shop ...
14/02/2026

Accounting Support services အပ်နိုင်ပါပြီရှင်
🌿 Weekend Part-Time Accounting Service
(Saturday & Sunday Only)
Online Shop | Home Business | Small Business
📊 သက်သာပြီး တိတိကျကျ စာရင်းကိုင်ဝန်ဆောင်မှု

💡 ဘယ်သူ‌တွေအတွက်လဲ?
Online Seller
Cosmetic Shop
Home-based food
Boutique / Clothing shop
Accessories shop
Mini Mart
Café, small F&B
Food shops
Home bakery
Small logistics
Reseller shops
Beauty salons
Medical shop
မိသားစု ကုန်စုံဆိုင်ကြီးများ
လက်ကားဒိုင်များ

👉 Full-time Accountant တစ်ယောက်မထား ချင်သေးသည့် Small business တွေအတွက် Perfect ✔

⭐ Part-Time Accounting Service Packages (MMK)
📦 Package A — Basic Bookkeeping
Fees: 100,000 MMK / Month
Suitable for: Small online shops, low transaction volume
Include:
‌Daily/Weekly Sales & Expense Entry
‌Petty Cash Record
‌Monthly Income Summary
‌Monthly Profit & Loss (Simple Version)
‌Expense Categorization
‌File Organizing (Google Drive)

📦 Package B — Standard Bookkeeping
Fees: 150,000 MMK / Month
Suitable for: Regular online stores, 50–200 transactions/month
Include:
‌All from Package A
‌Stock In/Out Record
‌Cost of Goods Sold (COGS) Calculation
‌Bank Reconciliation (1 Account)
‌Monthly Profit & Loss (Detailed Version)

💌Page Chat Box
သို့ မဟုတ်
Viber No - 09765602930သို့ မေးမြန်နိုင်ပါသည်။

03/11/2025

💬 အသက်အာမခံဟာ အတင်းရောင်းလို့ ဝယ်ရသည့် အရာမဟုတ်ပါ



#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

💚 အသက်အာမခံကိုယ်စားလှယ်တွေကို တွေ့ဆုံခွင့်ရခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ1. အသိပညာတိုးပွားမှုကိုယ့်ဘဝအတွက် ဘယ...
28/10/2025

💚 အသက်အာမခံကိုယ်စားလှယ်တွေကို တွေ့ဆုံခွင့်ရခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

1. အသိပညာတိုးပွားမှု

ကိုယ့်ဘဝအတွက် ဘယ်လိုအာမခံမျိုး လိုအပ်သလဲဆိုတာ သိလာနိုင်ပါတယ်။

အနာဂတ်အတွက် ငွေစာရင်းစီမံနည်း၊ Health Coverage စတဲ့ အသိပညာအသစ်တွေ လေ့လာနိုင်ပါတယ်။

2. စီးပွားရေးအနာဂတ် စီမံခန့်ခွဲမှု

ကိုယ့်ဝင်ငွေ၊ အသက်အရွယ်၊ မိသားစုအခြေအနေအပေါ် အခြေခံပြီး အာမခံအစီအစဉ်တစ်ခုကို အတိအကျ ဖော်ပြပေးနိုင်ပါတယ်။

မျှော်မှန်းမထားတဲ့ အကြောင်းအရာ (နာတာရှည်ရောဂါ၊ သေဆုံးမှု၊ ငွေကြေးအခက်အခဲ) ဖြစ်လာချိန်မှာ မိသားစုအတွက် အားထားနိုင်တဲ့ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။

3. အခမဲ့ အကြံဉာဏ်ရရှိခြင်း

ကိုယ်စားလှယ်တွေက အခမဲ့ဖြစ်တဲ့ အကြံဉာဏ်ပေးသူတွေလည်း ဖြစ်ပါတယ်။

ငွေထုတ်မစခင် သေချာအောင် နားလည်ဖို့ အကြံဉာဏ်ရယူနိုင်တာက သာလွန်တဲ့အကျိုးတစ်ခုပါ။

4. စိတ်အေးချမ်းမှု (Peace of Mind)

မိသားစုအနာဂတ်ကို စီစဉ်ထားတယ်ဆိုတာကြောင့် စိတ်အေးလာတတ်ပါတယ်။

မဖြစ်မနေသိမ်းဆည်းရမယ့် အနာဂတ်ဘက်သို့ စည်းကမ်းရှိတဲ့ ငွေသုံးစွဲစနစ် တစ်ခုလည်း ဖြစ်လာပါတယ်။

5. အချိန်နှင့်အတူ ပိုမိုတန်ဖိုးရှိလာခြင်း

အသက်အာမခံအစောပိုင်းဝင်သူများအတွက် ပိုအနည်းဆုံး premium နဲ့ ပိုမိုကျယ်ပြန့်တဲ့ protection ရနိုင်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ investment value တိုးလာနိုင်ပါတယ်။

“အသက်အာမခံကိုယ်စားလှယ်တွေကို တွေ့ခွင့်ပေးခြင်းက ရောင်းသူကိုသာ အကျိုးရှိတာမဟုတ်ပါ —
သင့်ဘဝအတွက် အရေးကြီးဆုံး ငွေကြေးစီမံအချက်အလက်တစ်ခုကို သင်တိုင် ရရှိနိုင်တာပါ။”


#အသက်အာမခံကိုယ်စားလှယ်တွေကိုတွေ့ဆုံခွင့်ရခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

ဆွေးနွေးပွဲတက်ရောက်ရန်ဖတ်ခေါ်ပါတယ်ရှင်အားလုံးမင်္ဂလာပါ....မန္တလေးမြို့ကြီးမှာ Manulife ကနေ လစဥ်ပြုလုပ်နေကြဖြစ်တဲ့ Life P...
15/10/2025

ဆွေးနွေးပွဲတက်ရောက်ရန်ဖတ်ခေါ်ပါတယ်ရှင်

အားလုံးမင်္ဂလာပါ....
မန္တလေးမြို့ကြီးမှာ Manulife ကနေ လစဥ်ပြုလုပ်နေကြဖြစ်တဲ့ Life Planning Seminar ပွဲကြီးကို အခုတစ်ခါမှာတော့ “ ချစ်ခြင်းမေတ္တာဆိုတာ ကြိုတင်ပြင်ဆင် ကာကွယ်ပေးထားခြင်းပါ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ Oct လ အတွက် အဆင်သင့်ဖြစ်နေပါပြီ...

ဒီ Life Planning Seminar ကိုတော့ ၁၉ ရက်နေ့ အောက်တိုဘာလ ၂၀၂၅ (19.10.2025 ,Sunday), 1:00 PM မှ 3:00 PM ထိ Ease Hotel မှာ ကျင်းပသွားမှာဖြစ်ပါတယ်...

Insurance နဲ့ပတ်သတ်တဲ့ အကြောင်းအရာများအပြင် စိတ်၀င်စားစရာကောင်းတဲ့ Sharing လေးလည်းတွေနဲ့အတူ ပါဝင်သွားမှာဖြစ်ပါတယ်.

ဆွေးနွေးပွဲအတွက် စာရင်းပေးသွင်းရန် - https://forms.office.com/r/KTcNnsU4ph



မင်္ဂလာပါရှင့်.....ကျွန်မတို့ Manulife Myanmar မှ ဖွင့်လှစ်ပေးသွားမည့် အသက်အာမခံ ကိုယ်စားလှယ်လိုင်စင် သင်တန်း အခမဲ့တက်ရေ...
13/10/2025

မင်္ဂလာပါရှင့်.....
ကျွန်မတို့ Manulife Myanmar မှ ဖွင့်လှစ်ပေးသွားမည့် အသက်အာမခံ ကိုယ်စားလှယ်လိုင်စင် သင်တန်း အခမဲ့တက်ရောက်နိုင်မည့် အခွင့်အရေး လာပါပြီရှင့် ....

ဘယ်သူတွေတက်ရောက်နိုင်တာလဲ
အသက် ၁၈ နှစ်ပြည့်ပြီး အနည်းဆုံး အခြေခံပညာအထက်တန်းအောင်ထားသူမှစ၍ ဘွဲ့ရ ဘွဲ့လွန် ရရှိထားသူများ အထိ တက်ရောက်နိုင်ပြီး အသက်မွေး၀မ်းကြောင်း လမ်းကြောင်းအသစ်တစ်ခု ရချင်သူများ၊ career development အတွက် စိတ်အားထက်သန်သူများ တက်ရောက်နိုင်ပါတယ် ....
သင်တန်းရက်များမှာ ရုံးပိတ်ရက်များတွင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်

သင်တန်းနေ့ရက်
For Yangon,
Oct 25,26,27,28 (Weekdays + Weekends)
Oct 25,26,Nov 1,2 (Weekends only)

For Mandalay,
Oct 18,19,20,21 (Weekdays + Weekends)
Oct 18,19,25,26 (Weekends only)

သင်တန်းတက်ရောက်လိုတဲ့ အစ်ကို/အစ်မတို့အနေနှင့် အောက်ပါ Registration Link မှာ ၀င်ရောက် ဖြည့်စွက်၍ သော်လည်းကောင်း QR Code ကို Scan ဖတ်၍သော်လည်းကောင်း စာရင်းပေးသွင်းနိုင်ပါတယ်။
သင်တန်းတက်ရောက်ရန် စာရင်းပေး

သွင်းရန် link - https://forms.office.com/r/AdAtjKmSVD

အသက်အာမခံ လိုင်စင် စာမေးပွဲဖြေဆိုနိုင်ရန် လေ့ကျင့်သင်ကြားပေးမည့် သင်တန်းဖြစ်သောကြောင့် သင်တန်းပြီးဆုံးပါက NIIM (National Insurance Institute of Myanmar) Exam Center မှ စစ်မေးတဲ့ စာမေးပွဲကို ၀င်ရောက်ဖြေဆိုအောင်မြင်ပြီးလျှင် Manulife Myanmar ၏ လိုင်စင်ရ အသက်အာမခံ အရောင်း ကိုယ်စားလှယ်တစ်ဦးအဖြစ် လက်တွဲလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်ရှင့် ...

An exciting opportunity is here for those interested in becoming a licensed life insurance agent with Manulife Myanmar — we are offering a free training course to help you get started! Who Can Join?
Anyone who is:
At least 18 years old
Has passed high school or holds a university degree
Interested in starting a new career path or passionate about career development

Training Schedule
The training will be held on public holidays.
Yangon
Weekdays + Weekends: October 25, 26, 27, 28
Weekends only: October 25, 26, November 1, 2

Mandalay
Weekdays + Weekends: October 18, 19, 20, 21
Weekends only: October 18, 19, 25, 26

How to Register
If you’re interested, you can register by filling out the form via the link below or by scanning the QR code:
🔗 Registration Link: https://forms.office.com/r/AdAtjKmSVD

This training is designed to prepare you for the NIIM (National Insurance Institute of Myanmar) licensing exam. Upon successful completion of the exam, you’ll be eligible to become a licensed life insurance agent with Manulife Myanmar.


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

ဦးကြီး ကျွန်တော့်အသိအစ်ကိုတစ်ယောက်က ကိစ္စလေးရှိလို့ အာမခံထားထားတာ ရပ်ရင်ကောင်းမလားဆိုပြီး လာတိုင်ပင်လို့။ အဲဒါဆိုရင် သူပ...
11/10/2025

ဦးကြီး ကျွန်တော့်အသိအစ်ကိုတစ်ယောက်က ကိစ္စလေးရှိလို့ အာမခံထားထားတာ ရပ်ရင်ကောင်းမလားဆိုပြီး လာတိုင်ပင်လို့။ အဲဒါဆိုရင် သူပေးခဲ့တဲ့ ပရီမီယံတွေက အကုန်ပြန်ရမှာလား။ ရတယ်ဆိုရင်ရော ဘယ်လောက် ပြန်ရနိုင်လဲဗျ။
တူမောင်ရေ။ ဒီလို အာမခံပေါ်လစီရပ်လိုက်တဲ့ အခြေအနေမျိုးအတွက် အာမခံကုမ္ပဏီတွေက ပြန်ထုတ်ပေးမယ့် ပမာဏ (Surrender Value) ဆိုပြီး သတ်မှတ်ထားတဲ့ ငွေပမာဏတစ်ခု ရှိတယ်ကွ။ အာမခံပရီမီယံကြေးသွင်းနေတုန်း သက်တမ်းမကုန်ခင်ကာလမှာ ကိုယ်က ပေါ်လစီကို ရပ်လိုက်ချင်တဲ့အခါ အာမခံကုမ္ပဏီဘက်က ပြန်ထုတ်ပေးတဲ့၊ မင်းပြန်ရမယ့် ငွေပမာဏ တစ်ချို့တစ်ဝက်ကို ပြောတာပေါ့။ မင်းရဲ့ အာမခံထားထားတဲ့ ပိုက်ဆံတွေက အကာအကွယ်နဲ့ စုဆောင်းမှုဆိုပြီး နှစ်မျိုးအတွက် ထားခဲ့တာ။ မမျှော်လင့်ထားတဲ့ အခြေအနေ တစ်ခုခုမဖြစ်ခဲ့ဘူးဆိုရင်တောင် ပေးသွင်းခဲ့တဲ့ ပရီမီယံကြေးနဲ့ ဒီကာလတစ်လျှောက်လုံး ကိုယ့်အတွက် အကျိုးရှိမယ့် အရေးပေါ် အာမခံအကာအကွယ်ကို ဝယ်ယူခဲ့ပြီး ရှိနေခဲ့သလို ပြန်ရတဲ့ Surrender Value ဆိုတာကလည်း ငွေစုဆောင်းထားသလို ဖြစ်နေတာပေါ့။

အော် အဲဒါဆို ပရီမီယံပေးထားတဲ့ အားလုံးတော့ ပြန်မရဘူးပေါ့နော် ဦးကြီး။

ဟုတ်တယ်။ အားလုံးတော့ ပြန်မရဘူးပေါ့ ဒါပေမယ့် ဒီလိုစဉ်းစားကြည့်။
ဦးကြီးကတော့ ကိုယ့်အတွက် အာမခံအကာအကွယ် ရနေတာကို ဘာလို့ အာမခံ ပေါ်လစီကို ရပ်လိုက်မှာလဲ၊ ရပ်လိုက်မယ့်အစား ကိုယ့်ကို ဆွေးနွေးအကြံပေးနေတဲ့ အသက်အာမခံ အကြံပေးနဲ့ တိုင်ပင်ပြီး ဘယ်လို စီစဉ်လို့ရမလဲ ညှိနှိုင်းကြည့်သင့်တယ်လို့ ထင်တယ်။ ဒါ့အပြင် ငွေပေးသွင်းဖို့ အကြောင်းကိစ္စတစ်ခုခုကြောင့် အဆင်မပြေ ဖြစ်နေတယ်ဆိုရင်တောင် အာမခံကုမ္ပဏီတွေက သတ်မှတ်ကာလတစ်ခုထိ စောင့်ဆိုင်းပေးလေ့ရှိတယ်ကွ။ ဒါကြောင့် အတတ်နိုင်ဆုံးက ပေါ်လစီကို မရပ်ပစ်လိုက်ဘဲ ဆက်ထိန်းထားဖို့ ဦးကြီးက အကြံပေးချင်တယ်။

ဟုတ်တယ်နော် ဦးကြီး။ ကျွန်တော်လည်း အဲလို ဆုံးဖြတ်တာ ပိုသင့်တော်မယ်လို့ ထင်တယ်။ သေချာ အကြံပေးရှင်းပြလို့ ကျေးဇူးပါ ဦးကြီးရေ။

“ချစ်ခြင်းများစွာဖြင့်” အစီအစဉ်ဟာ ဦးကြီးနဲ့ တူမောင် နှစ်ဦးကြား အာမခံနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ ယုံတမ်းစကားတွေကို အမေးအဖြေပုံစံနဲ့ အပတ်စဉ် တနင်္ဂနွေနေ့ ညနေ (၆) နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ နောက်အပတ်တွေမှာလည်း ဘယ်လိုဗဟုသုတတွေကို မျှဝေသွားမလဲဆိုတာကို စောင့်မျှော်ဖတ်ရှုပေးသွားပါဦး။

Uncle, one of my friends came to me asking about something. He said, “If I stop my insurance policy, will I get back all the premiums I’ve paid? If yes, how much will I actually get back?”
Nephew, for situations like this, insurance companies have a set amount called the Surrender Value. This is the amount the company pays you back if you decide to stop your policy before its term ends. It’s basically a partial return of your premiums that you’ve paid up until then.
Oh, so that means I won’t get back all the premiums I’ve paid, right Uncle?
That’s correct. You won’t get all of it back. But think about it this way. The money you’ve been paying is for two purposes: protection and savings. Even if nothing unexpected happened, during all this time you’ve had emergency coverage protecting you. And the Surrender Value is like a savings portion you’re getting back.
So even if I don’t get back all the premiums I’ve paid, at least I’ve had protection and haven’t lost anything, right Uncle?”
That’s exactly right, Nephew. That’s why I always advise to keep the policy active instead of surrendering it whenever possible.
“With Lots of Love” program shares insurance knowledge and tips through Q&A conversations between Uncle and Nephew. Catch new posts every Sunday at 6 PM to see what valuable insights will be shared next.


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

15/04/2024

စုဆောင်းခြင်းနဲ့ကြီးပွားခြင်း

ငွေစုဆောင်းတဲ့ အလေ့အကျင့်ဟာ ကောင်းမွန်တဲ့ အကျင့်ကောင်းတခုဖြစ်ပါတယ် ။ လူအများစုအတွက် ဘဝမှာ ငွေဆိုတာ တခါတည်း အစုလိုက်အပုံလိုက် ရလာဖို့ မလွယ်ကူပါဘူး ။ နည်းနည်းခြင်းစီကို စုဆောင်းပြီး တဖြည်းဖြည်းခြင်း များလာအောင်လုပ်ယူရတာပါ ။ ဒါကြောင့် ငွေစုဆောင်းခြင်းဟာ မိမိဘဝ ပြည့်စုံချမ်းသာဖို့ အလွန်လိုအပ်ပါတယ် ။ ငွေစုဆောင်းနိုင်ဖို့အတွက် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ် ။

၁ ။ အကြွေးရှိလည်း ငွေစုပါ ။

ငွေစုချင်ပေမယ့် အကြွေးပေးစရာများရှိနေလို့ မစုနိုင်ဘူးလို့မဖြစ်ပါစေနဲ့ ။ မိမိဝင်ငွေ ၊ ပေးစရာအကြွေးနဲ့ အသုံးစရိတ်ကို တွက်ပါ ။ အပိုငွေထွက်လာအောင် ဖန်တီးပါ ။
ရာဂဏန်း ၊ ထောင်ဂဏန်းသာ ပိုသော်လည်း စုဖြစ်အောင်စုပါ ။ အထင်မသေးသင့်ပါ ။ မရှက်ပါသင့်ပါ ။ စုပါများလာပါက သိန်း ၊ သန်းဖြစ်လာမှာဖြစ်ပါတယ် ။ အကြွေးများ ကျေရင် အကြွေးဆပ်နေရတဲ့ ငွေများကို အခြားအပိုပစ္စည်းများ ဝယ်ယူ သုံးမပစ်ပဲ စုဆောင်းတဲ့ အထဲမှာ ထည့်စုပါ ။

၂ ။ စုဆောင်းခြင်း ရည်ရွယ်ချက် ထားပါ ။

ဘာအတွက် ငွေစုတယ်ဆိုတာကို ပန်းတိုင်ထားပါ ။ ရည်ရွယ်ချက်မရှိပဲ ငွေစုရင် အချိန်ကြာလာတဲ့အခါ စိတ်အားထက်သန်မူ့ နည်းလာပါတယ် ။ အဲ့ဒီလိုမဖြစ်စေဖို့ တီဗီဝယ်ဖို့ ၊ ရေခဲသေတ္တာဝယ်ဖို့ ၊ အဝတ်လျှော်စက်ဝယ်ဖို့ ၊ ရွှေဝယ်ဖို့ ၊ အိမ်ဆောက်ဖို့ စသည်ဖြင့် ရည်ရွယ်ချက် ထားပြီးစုပါ ။ ရည်ရွယ်ချက်တခု အောင်မြင်တိုင်း ဝမ်းသာပြီး ငွေစုဖို့ ပိုမို စိတ်အားထက်သန်လာပါတယ် ။ မိမိလည်း တဖြည်းဖြည်းနဲ့ ပြည်စုံလာပါတယ် ။

၃ ။ ငွေကို မိမိအတွက်ပထမ ပေးပါ ။

ဝင်ငွေရလာတိုင်း ပထမဆုံး စုဆောင်းငွေကို အရင်ဖယ်ထားပါ ။ ပေးစရာ ရှိတာကို ဒုတိယထားပါ ။ နောက်မှ ပိုငွေကို သုံးပါ ။ သုံးပြီးမှ ကျန်ငွေကို မစုပဲ စုပြီးမှ ကျန်ငွေကို သုံးပါ ။ ဒီအလေ့အကျင့် ခိုင်မာလာအောင် လုပ်ထားပါ ။ ငွေပိုမို စုဆောင်းမိပါတယ် ။ ဒါကြောင့် ဝင်ငွေရလာတိုင်း မိမိအတွက် ပထမ ပေးပါ ။

၄ ။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း မလုပ်ပါနဲ့ ။

ငွေစုဆောင်းနိုင်ဖို့ မလိုအပ်ပဲ ငွေကုန်စေမှာတွေ မလုပ်သင့်ပါဘူး ။ ဆေးလိပ်သောက်ခြင်း ၊ ကွမ်းစားခြင်းဟာ အရက်သေစာ သောက်သုံးခြင်းထက် ပိုမိုလွယ်ကူစေတဲ့ အခြေအနေမှာရှိပါတယ် ။ ဆေးလိပ် ၊ ကွမ်းယာတွေဟာ လူနဲ့အတူ အလွယ်တကူ သယ်ဆောင်နိုင်ပါတယ် ။ နေရာမရွေး အချိန်မရွေး သောက်သုံး စားသုံးနိုင်ပါတယ် ။ ဆေးလိပ်သောက်ခြင်း ၊ ကွမ်းစားခြင်းကို လူ့ပတ်ဝန်းကျင်က လက်ခံကြပါတယ် ။ ဒါကြောင့် နေရာမရွေး ဝယ်ယူလို့လွယ်ကူနေပါတယ် ။ တနေ့ကို ဆေးလိပ်ဖိုး ၊ ကွမ်းဖိုး ၁၀၀၀ ကုန်ကျရင် တနှစ်ကို ၃၆၅၀၀၀ ကျပ်ကုန်ပါမယ် ။ ဒီငွေကို စုဆောင်းထားရင် တီဗီ (သို့) ရေခဲသေတ္တာ (သို့) အဝက်လျှော်စက် ဝယ်နိုင်ပါတယ် ။ တနေ့ကို ဆေးလိပ်ဖိုး ၊ ကွမ်းဖိုး ၂၀၀၀ ကျပ် (သို့) ၃၀၀၀ ကျပ် ကုန်နေတဲ့သူတွေ အများကြီးရှိပါတယ် ။ ကျန်းမာရေးအတွက်ရော ၊ စီးပွားရေးအတွက်ရော ဆေးလိပ် ၊ ကွမ်းယာကို ဖြတ်သင့်ပါတယ် ။ အဲ့ဒီကုန်ကျမယ့်ငွေကို စုဆောင်းငွေထဲမှာ ထည့်သွင်းသင့်ပါတယ် ။

၅ ။ သက်သာမူ့ကို ရှာပါ ။

ပျော်ပွဲစားထွက်တာ ၊ ဘုရားဖူးထွက်တာ အပျော်ခရီးသွားကြတာ လူတိုင်း နှစ်သက်ကြပါတယ် ။ တချို့ နိုင်ငံခြားထိတောင် သွားကြပါတယ် ။ ဒီလိုအပျော်တွေအတွက်ကို စျေးအလွန်ကြီးတာတွေ မသုံးပါနဲ့ ။ ခရီးစဥ်အတွက် လေယာဥ် ၊ ကား ၊ ဟိုတယ် စတာတွေကို စျေးသက်သာတာတွေကိုရှာပါ ။ စျေးကြီးတဲ့လေယာဥ်နဲ့သွားခြင်း ၊ စျေးသက်သာတဲ့ လေယာဥ်နဲ့ သွားခြင်းဆိုတာထက် လိုရာခရီးကို ရောက်ဖို့အဓိက ဖြစ်ပါတယ် ။ အကြွားမပိုပါနဲ့ ။ မရှက်ပါနဲ့ ။ သက်သာမူ့ကိုရှာပါ ။ ငွေပိုစုဆောင်းနိုင်မှာ ဖြစ်ပါတယ် ။

၆ ။ စုဆောင်းနိုင်ဖို့အတွက် ငွေကိုသုံးပါ ။

တချို့ပစ္စည်း brand တွေဟာ စျေးသက်သာပေမယ့် ကြာရှည်မခံပါဘူး ။ ခဏခဏ ဝယ်ရပါတယ် ။ ငွေပိုကုန်ပါတယ် ။ ဒါကြောင့် စျေးပိုကြီးပေမယ့် နာမည်ရှိတဲ့ ကြာရှည်ခံမယ့် ပစ္စည်း brand အမျိုးအစားများကို သုံးစွဲပါ ။ ခဏခဏ မဝယ်ရလို့ လစဥ်အပိုငွေ ထွက်လာမှာဖြစ်ပါတယ် ။

၇ ။ စွမ်းအင်ကို ချွေတာသုံးပါ ။

လျှပ်စစ်စွမ်းအင်ကို ချွေတာသုံးပါ ။ မလိုအပ်ပဲမသုံးပါနဲ့ ။ စွမ်းအင်သက်သာစေမယ့် ပစ္စည်းများကိုသုံးပါ ။ ခုအခါမှာ စွမ်းအင်သက်သာစေ တဲ့ ပစ္စည်းတွေများစွာ ပေါ်လာပါပြီ ။ လျှပ်စစ် မီတာခများဟာ လစဥ်မိမိငွေကို များစွာထွက်စေပါတယ် ။ ဒါကြောင့် စွမ်းအင်ကို ​ဂရုတစိုက် ကြိုးစား ချွေတာပြီး ပိုတဲ့ငွေများကို စု​ဆောင်းနိုင်ဖို့ လုပ်ရပါမယ် ။

၈ ။ မုန့်ဖိုးကို စုဆောင်းပါ ။

နောက်ထပ်ငွေပိုထွက်ပြီး စုဆောင်းနိုင်မယ့် နည်းလမ်းကတော့ မုန့်ဖိုးငွေကို စုဆောင်းခြင်းပါပဲ ။ မုန့်ဝယ်စားမယ့်အခါ ၁၀၀ ကျပ် ၊ ၂၀၀ကျပ် လျော့စားပြီး ပိုငွေကို စုဆောင်းပါ ။ လူအများစုက အအေးသောက်ခြင်း ၊ လ္ဘက်ရည်သောက်ခြင်း ၊ မုန့်ဟင်းခါး ၊ မုန့်တီ စသည်ဖြင့် တခုခုကို အဆာပြေ စားသောက်ကြပါတယ် ။တချို့ လည်း ဆာလို့မဟုတ်ပေမယ့် အကျင့်ဖြစ်ပြီး ဆိုင်ထိုင်ကြခြင်းဖြစ်ပါတယ် ။ ဒါမျိုးမှာ ကုန်ကျမယ့်ငွေကို အတတ်နိုင်ဆုံးလျော့ချပြီး ငွေစုဆောင်းနိုင်ပါတယ် ။

၉ ။ သီးခြား ဘဏ်အကောင့်တခုဖွင့်ပါ ။

ငွေစုဆောင်းဖို့အတွက် ဘဏ်မှာ သီးခြား အကောင့် တခုဖွင့်ပါ ။ အိမ်မှာ မစုပါနဲ့ ။ အိမ်မှာ စုဆောင်းထားခြင်းဟာ ငွေအခက်အခဲ တစုံတရာပေါ်လာရင် အလွယ်တကူ ထုတ်ယူသုံးစွဲမိပါတယ် ။ ဒါအပြင် အိမ်မှာစုဆောင်းခြင်းဟာ ငွေတိုးပွားခြင်းလည်းမရှိပါဘူး ။ လုံခြုံမူ့လည်း အားနည်းပါတယ် ။ ဘဏ်မှာစုဆောင်းထားခြင်းဟာ လစဥ်အတိုးငွေရရှိပါတယ် ။ လုံခြုံ စိတ်ချရမူ့လည်း ရှိပါတယ် ။ ဒါကြောင့် ငွေစုဆောင်းဖို့အတွက် သီးခြား ဘဏ်အကောင့် တခုဖွင့်ပါ ။

၁၀ ။ အသုံးစရိတ်များကို အမြဲ သုံးသပ်ပါ ။

လစဥ် အသုံးစရိတ်များကို ပြန်သုံးသပ်ပါ ။ ဘယ်နေရာမှာ ပိုသုံးမိလဲ? ဘယ်လောက်လျော့သုံးလို့ ရမလဲ ? မလိုအပ်ပဲ သုံးမိတာ ဘာရှိလဲ? ဘယ်နေရာက မသုံးပဲနေလို့ ရလဲ? စသည်ဖြင့် ပြန်လည်သုံးသပ်ပါ ။ ပိုငွေထွက်လာအောင်လုပ်ပြီး စုဆောင်းပါ ။

ငွေများစွာ အမြဲမရှာနိုင်ပေမယ့် ငွေစုဆောင်းခြင်းကို အကျင့်လုပ်ပြီး မိမိဘဝကို ပြည့်စုံချမ်းသာလာအောင် လုပ်လို့ရပါတယ် ။ ဒါကြောင့် ငွေစုဆောင်းခြင်းကို လူတိုင်း အလေ့အကျင့်တခုဖြစ်အောင် လုပ်သင့်ပါတယ်

I hope to see you all there at Manulife Head Office .Date & Time: 10th September , Sunday (1 pm – 3pm )Venue: Manulife M...
07/09/2023

I hope to see you all there at Manulife Head Office .

Date & Time: 10th September , Sunday (1 pm – 3pm )

Venue: Manulife Myanmar Head Office Yangon

Register Here : https://forms.microsoft.com/r/jr95gjPF19

ကျန်းမာရေးအကြောင်းဆွေးနွေးပေးတဲ့ပွဲလေးမို့စိတ်၀င်စားသူများကိုဖိတ်ပါတယ်ရှင်မည်သူမဆို အောက်ပါ  registration link လေးကိုဖြည...
12/10/2022

ကျန်းမာရေးအကြောင်းဆွေးနွေးပေးတဲ့ပွဲလေးမို့စိတ်၀င်စားသူများကိုဖိတ်ပါတယ်ရှင်

မည်သူမဆို အောက်ပါ registration link လေးကိုဖြည့်ပေးပြီးတက်ရောက်နိုင်ပါတယ်ရှင်

Seminar Name: Life & Growth
Seminar Date: 15 October 2022
Time: 2 – 3 p.m.
Registration Link: https://forms.office.com/r/gVL1up44af

The speakers at the event will be Dr. Thiri Bhone Myint, Nutrition & Dietetics from Ar Yu Hospitals and Ko Zaw Soe Khaing, Senior Agency Manager from Manulife Myanmar.

ပွဲလေးဖိတ်ပါရစေရှင့်🤝Health Intelligence Talk: Cancer & Critical Illness Care PlanDate: Saturday, 9 July 2022Time: 2 - 3...
06/07/2022

ပွဲလေးဖိတ်ပါရစေရှင့်🤝

Health Intelligence Talk: Cancer & Critical Illness Care Plan

Date: Saturday, 9 July 2022

Time: 2 - 3 p.m.
Venue: Sapphire Ballroom, 2nd Floor, Lotte Hotel, Yangon.

Guest Registration Link: https://forms.office.com/r/4LErZz79Hz

အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေနဲ့ မိတ်ဆက်ပေးမယ့် 👇👇 "One Opportunity Could Change Your Life" ဆိုတဲ့ Career Opportunity...
09/06/2022

အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေနဲ့ မိတ်ဆက်ပေးမယ့် 👇👇
"One Opportunity Could Change Your Life" ဆိုတဲ့ Career Opportunity Program လေးကို ဇွန်လ (၂၅) ရက်နေ့ ၊ Manulife Myanmar မှာ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်ခင်ရှင်။

အာမခံအကြံပေးပုဂ္ဂိုလ်ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လို အကောင်းဆုံး အလုပ်အကိုင်အခွင့်အလမ်းတွေကို Manulife က ဖန်တီးပေးသွားမလဲဆိုတာကို ဆွေးနွေးအကြံပေးပွဲလေးမှတစ်ဆင့် လာရောက် လေ့လာကြည့်နိုင်ပါတယ်နော်။

ဒီလင့်ခ်လေးမှာ (https://bit.ly/3mbLzJy) စာရင်းပေးသွင်းပြီး တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

Address

Yangon
01

Website

Alerts

Be the first to know and let us send you an email when Accounting Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share