Life Insurance by Ma Su

Life Insurance by Ma Su Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Life Insurance by Ma Su, Insurance Company, 18F, Myanmar Centre Tower2, 192 Kabar Aye Pagoda Road, Bahan Township, Yangon.

27/01/2025

တချို့တွေက မိသားစုအတွက် ရည်ရွယ်ပြီး
တိုက်ခန်းတွေ အိမ်တွေ (အရစ်ကျ) နဲ့ ဝယ်ထားတာပဲ။

ဒါပေမယ့် အဲ့ဒါက တခါတလေ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတခု၊ အခြေအနေ ယိုယွင်းစေသွားနိုင်တဲ့ အရာမျိုး ဖြစ်သွားစေနိုင်တဲ့ အလားအလာကလည်း ရှိနေတက်ပါတယ်။

ဘာလို့လဲဆိုတော့ ...
ကိုယ်က ကိုယ့်ကိုယ်ကို မသေဘူးလို့ပဲ မှတ်ယူထားတာကိုး။

ကိုယ့် အသိမိတ်ဆွေတွေ နေ့မြင်ညပျောက် လူ့လောကထဲက ထွက်သွားတာ တွေ့မြင်နေရလည်းပဲ
ကိုယ်က မသေသေးဘူးလို့ပဲ ထင်နေကြတာ။

အဆုံးစွန်ပြောရရင် (မိသားစုထဲမှာတောင် ကိုယ်ကပဲ နောက်ဆုံးမှ သေမယ့်ပုံစံမျိုး) မြင်တဲ့အမြင်က တချို့တွေရဲ့ မသိစိတ်ထဲ ရှိနေကြတယ်။

အဲ့ဒီ အရာကပဲ ကိုယ်တန်ဖိုးထားရပါတယ်ဆိုတဲ့ မိသားစုအတွက် အရမ်းသက်ရောက်မှု ကြီးမားတဲ့ Risk တခု ဖြစ်နေတာ။

မတော်တဆများ ကိုယ်မရှိတော့ရင် ...
- ကျန်ရှိနေတဲ့ ပေးစရာတွေ မပေးနိုင်ရင်
အိမ်ပေါ်က ဆင်းပေးလိုက်ရမလား
- တခြားက မြင့်မားတဲ့အတိုးတွေနဲ့ချေးပြီး အိမ်ပိုင်ရအောင် ဆပ်လိုက်ရမလား
- ဆုံးဖြတ်ချက်တွေ ထွေပြား၊ ရွေးချယ်စရာ အခွင့်အလမ်းမရှိတာမျိုး ဖြစ်သွားစေပါတယ်။

အသက်အာမခံ ရှိထားရင်
ကိုယ်မရှိလည်း ကျန်ရစ်ခဲ့တဲ့ အာမခံအကျိုးခံစားခွင့်တွေက
- ကိုယ့်မိသားစု အကြွေးဆပ်သွားနိုင်မယ်။
- အိုးပိုင်အိမ်ပိုင်နဲ့ ကျန်ခဲ့နိုင်မယ်။
- အခြေအနေကောင်းတခု ဖြစ်သွားစေနိုင်တယ်။

ကိုယ်ဟာ အချိန်မရွေး ထွက်ခွာသွားနိုင်တဲ့ ဆိုတဲ့ Mindfulness နဲ့ Planning ရှိထားတာက ကိုယ့်အတွက်ရော ကိုယ့်မိသားစုအတွက်ရော သောကကင်းစေပါတယ်။

ဒါကြောင့်
▪️ပေးရန်/ရရန် တွေနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းရှင်တွေ
▪️Home Laon, Motor Loan နဲ့ ဝယ်ထားသူတွေ
▪️ပညာရေးချေးငွေ ယူထားသူတွေ
▪️အလုပ်အတွက် ချေးငွေယူထားသူတွေ
▪️အကြောင်းအမျိုးမျိုးနဲ့ ပေးရန်ကိစ္စ ပေါ်လာနိုင်သူတွေ အနေနဲ့

အသက်အာမခံနဲ့ ငွေကြေးစီမံထားဖို့ တိုက်တွန်းနေရတာပါ။

ပေးရန်မရှိ အကြွေးကင်းတဲ့ မိဘတွေကျတော့လည်း ...
ကိုယ်သာတခုခုဆို သားသမီိးရှေ့ဆက်ရမယ့် နှစ်ကာလတွေအတွက် အထောက်အပံ့ဖြစ်အောင် အသက်အာမခံ အကျိုးခံစားခွင့်တွေ စီမံထားခဲ့ဖို့ လိုအပ်တာပါပဲ။

မိသားစုအနာဂတ်ဟာ တန်ဖိုးထား ဂရုစိုက်ပေးဖို့ ထိုက်တန်ပါတယ်။

တခုရှိတာက ... အရာရာတိုင်းဟာ ကြိုတင်ပြင်ဆင်မှု ရှိထားမှသာ တော်ရုံကျပြီး စိတ်အေးရတာပါ။

ဆေးရုံတက်ရပြီိဆို ငွေလိုလာပြီ။
မကျန်းမာဖြစ်ပြီဆို ငါများတခုခုဆို ငါ့သားသမီး ဘယ်လိုရှေ့ဆက်မလဲ ... ငွေကြေးကိစ္စပူပန်လာပြီ။

အသက်အာမခံ နဲ့ ငွေကြေးအစီအမံဆိုတာကလည်း ကြိုတင်ပြင်ဆင်ထားရတဲ့ အရာတခုပဲ ဖြစ်လို့ ... လိုအပ်လာပြီဆိုမှ ဝယ်လို့ မရနိုင်ပါဘူး။

ရောဂါဖြစ်တော့မှ ... ကျန်းမာရေးအာမခံ ထားလို့မရတော့
မကျန်းမာဖြစ်တော့မှ ... အသက်အာမခံ ထားလို့မရတော့ဘူး။

ကိုယ့်မိသားစုမှာ ဖြစ်တည်နေတဲ့ ငွေကြေးအခြေအနေတွေပေါ် မူတည်ပြီး အသက်အာမခံ အမျိုးအစား အများကြီးရှိလို့ လေ့လာလို့ရနေတယ်၊ ဆွေးနွေးလို့ရနေတယ်၊ ပြင်ဆင်ထားလို့ ရနေတယ်။

👍 ပိုသိထားတာက အသုံးချဖို့အတွက်
👍 ကြိုသိထားတာက ပြင်ဆင်ဖို့အတွက်

အာမခံနဲ့ ပတ်သက်ပြီး သိလိုရာရာ မေးမြန်းနိုင်ပါတယ်ရှင်





အာမခံကိုယ်စားလှယ်အလုပ်ဆိုတာ ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်ပါ။ ဘာကြောင့်လဲဆိုတော့ အာမခံဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက...
21/11/2024

အာမခံကိုယ်စားလှယ်အလုပ်ဆိုတာ ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်ပါ။ ဘာကြောင့်လဲဆိုတော့ အာမခံဆိုတာ
လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို
ကာကွယ်ပေးနိုင်လို့ပါပဲ.။

ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ အိပ်မက်တွေ ဖြစ်ထွန်းလာဖို့ စုဆောင်း ထားတာသာမရှိရင် အကောင်အထည်ပေါ်ဖို့ လွယ်ကူနိုင်ပါ့မလား?

ကိုယ့်ရင်သွေးတွေရဲ့ အနာဂါတ်ပညာရေးမှာ
အပူအပင်ကင်းကင်း လေ့လာသင်ကြားနိုင်ခွင့်ရဖို့ အတွက် စုဆောင်းထားတာသာ မရှိခဲ့ရင် ဘယ်လိုဆက်သွားနိုင်ပါ့မလဲ?

ကိုယ်တိုင် အလုပ်အကိုင်တွေကနေ အနားယူအငြိမ်းစားမယ့်အချိန်မှာ စုဆောင်းထားတာသာ မရှိခဲ့ရင်
သက်တောင့်သက်သာ အနားယူနိုင်ပါ့မလား?

ကျန်းမာရေးချို့ယွင်းမှုကြောင့်ပဲဖြစ်စေ၊
မတော်တဆထိခိုက်မှုကြောင့်ပဲဖြစ်စေ
ဆေးကုသမှုခံယူရတဲ့အခါ စုဆောင်းထားတာသာ
မရှိခဲ့ရင် ကျန်းမာနိုင်ပါ့မလား?

အရေးပေါ်အခြေအနေတစ်ခုကြောင့် မထင်မှတ်ထားတဲ့ ငွေကြေးဆုံးရှုံးမှုဖြစ်ပေါ်လာချိန်မှာ စုဆောင်းထားတာသာ
မရှိခဲ့ရင် ဖြေရှင်းနိုင်ပါ့မလား?

ကိုယ်မရှိတော့တဲ့အချိန်မှာ စုဆောင်းထားတာသာ
မရှိခဲ့ရင် ကျန်နေခဲ့မယ့် မိသားစုရဲ့နောင်ရေး အတွက် အဆင်ပြေနိုင်ပါ့မလား?

ကိုယ့်မှာသာ စုဆောင်းထားတာမရှိခဲ့ရင်
"ဒုတိယဘုရားသခင်"ဖြစ်တဲ့ "ငွေကြေး"ကို
ကိုယ့်မှာ လိုအပ်လာလို့ အခြားသူဆီက ချေးငှားသုံးရတာဟာ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်မိသားစုရဲ့ ဂုဏ်သိက္ခာကို
ထိခိုက်စေနိုင်တယ် မဟုတ်ပါလား?

ဘဝမှာ ငွေကြေးကို နည်းလမ်းမျိုးစုံနဲ့ စုဆောင်းနိုင်ပေမယ့် ငွေကြေးစုဆောင်းခြင်းကိုအခြေခံပြီး ထင်မှတ်မထားနိုင်တဲ့ဆုံးရှုံးမှုတွေမှ အကာအကွယ်ယူထားနိုင်တဲ့
အာမခံကသာလျှင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပြုပေးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲဖြစ်ပါတယ်...

လိုအပ်နေတဲ့ငွေကြေးကို ခဏအတွင်းဖန်တီးပေးနိုင်တာ အာမခံပဲရှိပါတယ်...

ကိုယ့်မှာသာ အာမခံ ရှိထားမယ်ဆိုရင် ဂုဏ်သိက္ခာရှိစွာ
ဘဝခရီးကို ဖြတ်သန်းနိုင်မှာ သေချာ ပါတယ် ....

အာမခံကိုယ်စားလှယ်တွေက သင့်ကို အာမခံထားရှိနိုင်ဖို့
ကူညီပေးခြင်းအားဖြင့် သင့်ရဲ့ ဂုဏ်သိက္ခာ ကို အကာအကွယ်ပြုပေးနိုင်ပါတယ်....

ဒီစာစုကို ဆုံးအောင်ဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် ....။
မိတ်ဆွေတွေရဲ့ "ဂုဏ်သိက္ခာ"ကို ကျွန်တော်ကလည်း
ကာကွယ်ပေးချင်ပါတယ် ... ။

ရေးသားသူ - ကိုသန့်ဇော်ဦး

Address

18F, Myanmar Centre Tower2, 192 Kabar Aye Pagoda Road, Bahan Township
Yangon
LIFE.CHUBB.COM/MM

Alerts

Be the first to know and let us send you an email when Life Insurance by Ma Su posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share