17/11/2022
တောင်ကိုးရီးယားလူမျိုးတွေဟာ
ထမင်းစားရင် ဘာလို့ ထမင်းကို
ပန်းကန်လုံးလေး တစ်လုံးစာကိုပဲ
ထည့်စားပါသလဲ...?
>< ဆိုင်တွေမှာ ရောင်းရင်လည်း ထမင်း
တစ်ပွဲစာဟာ တစ်လုပ်စာ သာသာမျှသာရှိတဲ့ ပန်းကန်လုံးလေး တစ်လုံးစာပဲ ရှိပါတယ်။
>< ဒါဟာဘာလို့လဲဆိုရင် ကိုးရီးယားတွေဟာ ထမင်းကို အရမ်းတန်ဖိုးထားလို့ပါ။ ဒီပန်းကန်လုံးလေးထဲက ထမင်းဟာ လူတစ်ယောက်အတွက် အကုန်မစားနိုင်စရာ အကြောင်းမရှိပါဘူး။ အရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်း ဆယ်လုံးစားရင်လည်း သူတို့ မငြိုငြင်ပါဘူး။ သူတို့စိုးရိမ်တာက ထမင်းကို မကုန်ဘဲ လွှင့်ပစ်မှာကို စိုးလို့ပါ တဲ့။
>< တောင်ကိုးရီးယား နိုင်ငံသားတွေဟာ
ထမင်းလွှင့်ပစ်တတ်တဲ့ လူတွေကို
မျက်စောင်းထိုးပါတယ်။ မျက်စောင်းထိုးတယ်ဆိုတာ ကိုးရီးယားနိုင်ငံသားတွေ တော်ရုံတန်ရုံ အပြစ်မျိုးကို ကျူးလွန်ရင်တောင် မျက်စောင်းမထိုးတတ်ပါဘူး။ မျက်စောင်းထိုး ခံရတဲ့လူဟာ အင်မတန် ဒေါသထွက် အမြင်ကတ်စရာ ကောင်းတဲ့လူပါ။ ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာ လူတစ်ယောက်ယောက်က မျက် စောင်းထိုးပြီး ကြည့်မှာကို အလွန်အင်မတန် စိုးရိမ်ကြပါတယ်။
>< ကိုးရီးယားနိုင်ငံသားတွေ ထမင်းကို
တန်ဖိုးထားရတဲ့ အကြောင်းအရင်းကိုပြောပါမယ် ကိုးရီးယားနိုင်ငံဟာ ၁၉၄၅ ခုနှစ်က ဂျပန်လက်အောက်က လွတ်လပ် ရေးရခဲ့တာပါ။ ဂျပန်လက်အောက် မှာ အဖိနှိပ်ခံ ဘဝနဲ့ အစာရေစာငတ် ဆင်းဆင်းရဲရဲ နေခဲ့ကြရပါတယ်။ ထမင်းအစား ပြောင်းဆန်များကို ပြုတ်ပြီး စားကြရပါတယ်။ ဒါ့ကြောင့် ခုချိန်ထိ ဂျပန်ဆိုရင် စိတ်ထဲမှာ အသေမုန်းပါတယ်။ ကိုးရီးယားနိုင်ငံဟာ ၁၅ ရက် ၈လ ၁၉၄၅ ခုနှစ်က ဂျပန် တွေရဲ့လက်အောက်က လွတ်မြောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထက် ၂ နှစ်ကျော် စောပြီး လွတ်လပ်ရေးရခဲ့တာ ဖြစ်ပေမယ့် တိုင်းပြည်ဟာ
လုံး၀မငြိမ်းချမ်းခဲ့ပါဘူး။ တောင်နဲ့မြောက် သဘောထား ကွဲလွဲမှုတွေ
ဖြစ်လာပြီး လွတ်လပ်ရေး ရပြီး ၅ နှစ်အကြာ ၁၉၅၀ ခုနှစ်မှာတော့
တောင်နဲ့မြောက်စစ်ပွဲ စတင်ပါတော့တယ်။ ၁၉၅၀ ခုနှစ်ကနေ ၁၉၅၃ခုနှစ်ထိ ၃ နှစ်ဆက်တိုက် စစ်တွေအပြန်အလှန် တိုက်လိုက်ကြတာ နဂိုကတည်းကမှ ဆောင်းရာသီဆို ဘာအပင်မှ မဖြစ်ထွန်းတဲ့
ကြားက နိုင်ငံစစ်ကြောင့် ဘာဆန်စပါးမှ မစိုက်ပျိုးရဲ စိုက်ပျိုးမြေလည်း နည်းပါးတဲ့ နိုင်ငံမှာ လူတွေအကုန်လုံး မြက်ခြောက်စားရတော့မယ့် ဘဝကို ရောက်လာပါတော့တယ်။
>< ဒါတွေကို မကြည့်ရက်တော့လို့ နိုင်ငံတစ်ကာက
ဆန်စပါးတွေ ထောက်ပံ့တာကျွန်တော်တို့ မြန်မာနိုင်ငံကလည်း စပါး
တင်း သိန်းပေါင်းများစွာ အကူညီပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကိုးရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့တွေမှာ အလံတွေ စိုက်ထူရင် မြန်မာနိုင်ငံ အလံလည်း ကျေးဇူးရှင် နိုင်ငံအဖြစ် အခုချိန်ထိသတ်မှတ်ပြီး စိုက်ထူထားလေ့ ရှိပါတယ်။
>< ဒီလို တိုင်းပြည်တစ်ခုလုံး အငတ်ဘဝကို ကျရောက်ခဲ့ဖူးတော့
ထမင်းတစ်လုံး ထမင်းတစ်လုပ်ရဲ့တန်ဖိုးကို ကိုးရီးယားနိုင်ငံသားတွေက ပိုပြီးတန်ဖိုး သိတတ်ကြတာပါ။ အခုတော့ စိုက်ပျိုးမြေတွေတိုးချဲ့ အထွက်တိုးစေတဲ့ နည်းပညာကောင်းတွေနဲ့ နိုင်ငံခြားအထိ ဆန်တွေတင်ပို့ နိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူတို့တွေဟာ ထမင်းတစ်လုပ်
ဆန်တစ်စေ့ရဲ့ တန်ဖိုးကို မမေ့ပစ်ကြပါဘူး။
အလဟသတ် မဖြစ်အောင် မလွှင့်ပစ်ရအောင် စီမံပြုလုပ်ကြပါတယ်။ ဒါတွေဟာ အတုယူစရာပါ။
>< ကိုးရီးယား တစ်ယောက်က ပြောဖူးတာကတော့ ...
ဒီထမင်းပန်ကန်လုံး သေးသေးလေးတွေကိုမြင်တိုင်း
ငါတို့စိတ်ထဲမှာ မခံချင်စိတ်တွေ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာ
တယ်တဲ့ ။ ဗဟုသုတ အနေနဲ့ ကြားဖူးနားဝ ရှိသလောက် တင်ပြတာပါ ကောင်းတဲ့ အယူအဆဆို အတုယူနိုင်ကြပါစေ...။
#헨리 🌼🇰🇷💗
#크레딧 🖤