Better Life By Thae Su

Better Life By Thae Su A financial advisor for your family's future.

Today, and every day, let’s: 💜Celebrate women 💜Embrace equity 💜Champion equality 💜Make a stand for zero tolerance of vio...
08/03/2023

Today, and every day, let’s:
💜Celebrate women
💜Embrace equity
💜Champion equality
💜Make a stand for zero tolerance of violence against women
Support women everywhere this International Women’s Day. Do it for women you love, do it because it matters, do it because you care

05/03/2023

ချေးငွေအာမခံ ဆိုတာက ... ကိုယ် အကြွေးယူထားတဲ့ ငွေကို ကူဆပ်ပေးတာလား ?

စီးပွားရေး လုပ်ငန်း ကြောင့်ပဲဖြစ်ဖြစ်၊ အရစ်ကျ စနစ်နဲ့ အိမ်ယာချေးငွေ ယူထားတာ ဖြစ်ဖြစ်၊ အရစ်ကျစနစ်နဲ့ ကား/ပိုင်ဆိုင်မှုတစ်ခုခု ဝယ်ထားတာပဲဖြစ်ဖြစ် ... အဖွဲ့အစည်းတစ်ခုခု ဆီက ချေးငွေယူထားသူ တစ်ယောက် အနေနဲ့ သတ်မှတ်ထားတဲ့ ကာလအတွင်း ပုံမှန် ပေးဆပ်သွားပြီး သက်တမ်းပြည့်ချိန်မှာ အကျေပေးဆပ်ဖို့ တာဝန်တစ်ခု ရှိနေပါတယ်။

သက်တမ်းအားဖြင့် ကာလတို ၁ နှစ် ကနေ ကာလရှည် ၁၀ နှစ်၊ ၁၅ နှစ် ထိလည်း ဖြစ်နိုင်ပါတယ်။

ဒီလို ချေးငွေ ပေးဆပ်နေရတဲ့ မိသားစု အနေနဲ့ အနာဂတ်ကို ကြီးမားစွာ ရိုက်ခတ်စေနိုင်တဲ့ အန္တာရာယ် Risk တစ်ခု ရှိနေပါတယ်။ ဒါကတော့ ချေးငွေ ပေးဆပ်နေရတဲ့ ကာလအတွင်းမှာ အိမ်ထောင်ဦးစီးသာ ဆုံးပါးခဲ့ရင် (သို့) ဝင်ငွေမရှာနိုင်လောက်အောင် ထာဝစဥ်မသန်စွမ်း ဖြစ်သွားခဲ့ရင် ဝင်ငွေ ရပ်တန့်သွားမှာ ဖြစ်သလို ချေးငွေကို အကျေပေးဆပ်ဖို့လည်း ခက်ခဲသွားမှာ ဖြစ်ပါတယ်။

ဆိုပါစို့ ... သိန်း ၃၀၀ အရစ်ကျ ချေးငွေနဲ့ အိမ်ဝယ်ထားတဲ့ သူဟာ သိန်း ၁၀၀ လောက် ဆပ်ပြီးချိန်မှာ ဆုံးပါးခဲ့သည် ဆိုရင် ... ကျန် မိသားစု အနေနဲ့ ကျန်ငွေ သိန်း ၂၀၀ ကို အပြင်က ရှာပြီး ဆပ်မလား ဝယ်ထားတဲ့ နေအိမ်ကို ဆုံးရှုံးခံမလား ... အပူလုံးတွေ ကြားထဲမှာ မိသားစု အရေး ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ အိမ်ထောင်ဦးစီး တစ်ယောက်ရဲ့ တွေးခေါ်မျှော်မြင်မှုနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်မှုက အခရာ ကျလာပါတယ်။

အပေါ်က မေးခွန်းကို ပြန်ဆက်ရရင် ...
" ချေးငွေ အသက်အာမခံ ဆိုတာက ... ကိုယ် အကြွေးယူထားတဲ့ငွေကို ကူဆပ်ပေးတာလား ? "

ဟုတ်ပါတယ်။ ချေးငွေအသက်အာမခံက ယူထားတဲ့ အကြွေးကို ကူဆပ်ပေးပါတယ်။
ဒါပေမယ့် ဒီအတိုင်း အရစ်ကျသွင်းနေတာကို ဆပ်ပေးတာ မဟုတ်ပါဘူး။ ကာယကံရှင် ကိုယ်တိုင်က ချေးငွေ ပေးဆပ်နေရင်း မမျှော်လင့်ဘဲ ဆုံးပါး/ထာဝစဥ်မသန်စွမ်း ကြုံခဲ့ရရင် မိသားစုကိုယ်စား ကျန်တဲ့ ချေးငွေ သိန်း ၂၀၀ ကို ဆပ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီလို အခြေအနေမှာ ချေးငွေအာမခံ အမျိုးအစားပေါ် မူတည်ပြီး ယူထားတဲ့ သိန်း ၃၀၀ လုံးကို အကာအကွယ်ပေးပြီး သိန်း ၂၀၀ ဆပ်ပေးတဲ့ အပြင် ပိုတဲ့ သိန်း ၁၀၀ ကို မိသားစုအတွက် အကျိုးခံစားခွင့် ရရှိစေမယ့် Plan မျိုးလည်း ရှိနေပါတယ်။

ကိုယ်က မိသားစုအရေး အတွက် စီးပွားရေးတိုးတက်အောင် ပိုင်ဆိုင်မှု ရရှိအောင် ကြိုးစားတဲ့အခါ ချေးငွေ ဆိုတာ ရှိလာနိုင်ပါတယ်။ အဲ့ဒီအရာဟာ မိသားစု အရေးအတွက် လုပ်တာပဲ ဆိုပေမယ့် မမျှော်လင့်ဘဲ မိသားစုအတွက် အကျပ်အတည်း အခြေအနေကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ် ရှိနေရင် ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဆိုးတူကောင်းဖက် တောင့်ခံ ကျော်ဖြတ်သွားနိုင်ပေမယ့် ကိုယ်မရှိမယ့် အချိန်မှာ ကိုယ့်မိသားစု ဘယ်လိုများ ခက်ခဲစွာ ဖြတ်သန်းကြမလဲ။

မိသားစုရဲ့ အနာဂတ်တွေဟာ ဂရုစိုက်ဖို့ ထိုက်တန်ပါတယ်။

အာမခံ စနစ်ဆိုတာ အသုံးချတက်ရင် ကိုယ့်မိသားစု အနာဂတ် ရှေ့ရေးအတွက် ပူပင်သောကတွေကို ကင်းဝေးစေပြီး အမှန်တကယ် စိတ်အေးချမ်း လုံခြုံမှုကို ရရှိစေပါတယ်။

Credit to ကျော်ကျော် (တောင်ငူ)

ဘယ် Business မှာမဆိုMarketing ရှိပါတယ် #လူကြိုက်အောင်လုပ်ရတဲ့market ရယ် #လူနားလည်အောင်လုပ်ရတဲ့ market ရယ်ဆိုပြီးတော့ နှစ...
05/03/2023

ဘယ် Business မှာမဆို
Marketing ရှိပါတယ်

#လူကြိုက်အောင်လုပ်ရတဲ့market ရယ်
#လူနားလည်အောင်လုပ်ရတဲ့ market ရယ်
ဆိုပြီးတော့ နှစ်မျိုးကွဲသွားတာပေါ့

#လူကြိုက်အောင်လုပ်ရတဲ့ market ကတကယ့်ကို လွယ်လွယ်လေးပါ

ကတော့ လူနားလည်အောင် လုပ်ရတဲ့
market တခုပါ

#လူတွေကို တကယ့် insurance ဆိုတဲ့အနှစ်သာရကဘာဆိုတာရယ် ဘယ်လိုတွေအသုံးဝင်တယ် ဘယ်လိုတွေ အကျိုးရှိတယ်ဆိုတာရယ်ကို နားလည်အောင်ပြောပြရတဲ့ market မို့ စိတ်ရှည်သည်းခံ ရပါတယ်

#စာတွေလည်းရေး စကားတွေအများကြီးပြောရတာရှိပါတယ်

#ကလေးလေးတွေရဲ့အနာဂါတ်ပညာရေးလမ်းကြောင်းအတွက် insurance ကိုအသုံးချပါ

#အိုမင်းလာမယ့်အချိန်တွေအတွက် insurance ကိုအသုံးချပါ

#ကြိုတင်မမြင်နိုင်သော အရာရာအတွက် plan B အနေနဲ့ insurance ကိုအသုံးချကြပါရှင်
Credit.


မြန်မာနိုင်ငံမှာ အသက်အာမခံကုမ္ပဏီ (၁၇) ခု ရှိပါတယ်။ နိုင်ငံတော်ပိုင် (၁)ခု၊ ပြည်တွင်းကုမ္ပဏီ (၈)ခု၊ ပြည်တွင်းပြည်ပ ဖက်စပ...
03/03/2023

မြန်မာနိုင်ငံမှာ အသက်အာမခံကုမ္ပဏီ (၁၇) ခု ရှိပါတယ်။

နိုင်ငံတော်ပိုင် (၁)ခု၊ ပြည်တွင်းကုမ္ပဏီ (၈)ခု၊
ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီ (၃)ခုနဲ့
ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုနှင့်လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်ပကုမ္ပဏီ(၅)ခု ရှိပါ
တယ်။

🔖 Government-owned (1)
☑ မြန်မာ့အာမခံ

🔖 Local Companies
☑ အောင်မြင့်မိုရ်မင်း
☑ အောင်သစ္စာဦး
☑ AMI Life
☑ EFI Life
☑ FNI Life
☑ GLI
☑ KBZ Life
☑ Young

🔖 Joint Venture (JV) Companies (3)

☑ Capital Taiyo Life
☑ CB Life
☑ GGI Nippon Life

🔖 Foreign Companies (5)
☑ Manulife
☑ AIA
☑ Chubb
☑ Dai-ichi
☑ Prudential

အာမခံကုမ္ပဏီ တစ်ခုချင်းစီမှာ အားသာချက်တွေ ရှိသလို
အားနည်းချက်တွေလည်း ရှိပါတယ်။

အာမခံ အမျိုးအစားတွေကလည်း အာမခံထားမယ့်သူရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုက်ညီတဲ့ Cover တွေရအောင် ရွေးချယ်ထားရှိဖို့ လိုပါတယ်။

ကုမ္ပဏီတွေအားလုံးရဲ့ သတင်းအချက်အလက်တွေ ဝန်ဆောင်မှုတွေ သိရဖို့ အာမခံထားလိုသူကိုယ်တိုင် စုံစမ်းမေးမြန်းမယ်ဆို အချိန်ကာလတစ်ခု ပေးရပါလိမ့်မယ်။

အာမခံနဲ့ မပတ်သက်ဖူးတဲ့ သူတွေအနေနဲ့ဆိုရင် အာမခံကုမ္ပဏီများအကြောင်းနဲ့ အာမခံဝန်ဆောင်မှုတွေအကြောင်းကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ဖို့ဆိုတာ ပိုပြီး ခက်ခဲလှပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ အာမခံဝန်ဆောင်မှုတွေဟာ အသေးစိတ်ကျပြီး အချက်အလက်တစ်ခုမှားတာနဲ့ နှစ်ဦးနှစ်ဖက် နစ်နာဆုံးရှုံးမှုတွေများစွာကို ကြုံတွေ့ရနိုင်ပါတယ်။
အသက်အာမခံပေါ်လစီတစ်စောင် မဝယ်ယူခင်မှာ
သိသင့်သိထိုက်တာတွေကို သေချာသိရှိထားဖို့ လိုပါတယ်။

ဒီလိုပြဿနာတွေကို အဓိကဆွေးနွေးပေးပြီး
လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ပေးနိုင်တာကတော့
Insurance Agent အာမခံကိုယ်စားလှယ်များပဲ ဖြစ်ပါတယ်။

FRD ငွေရေးကြေးရေး ကြီးကြပ်စီစစ်ရေးဌာန၊IBRB အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ရဲ့တရားဝင် လိုင်စင်ရ အာမခံကိုယ်စားလှယ်တွေက အခမဲ့ မေတ္တာဖြင့် အကောင်းဆုံးဝန်ဆောင်မှုများ ပေးပါလိမ့်မယ်။

အာမခံကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ အာမခံကိုယ်စားလှယ်တွေဟာ
အာမခံဝန်ဆောင်မှုတွေနဲ့ပက်သက်တဲ့ ပေါ်လစီတွေ၊ လျော်ကြေးပေးချေမှုတွေ၊
သက်တမ်းတိုးကိစ္စရပ်တွေ၊ Endorsement တွေကို ကောင်းမွန်စွာသိရှိနားလည်ကြပြီး အာမခံထားလိုသူတွေကိုလည်း ဘယ်လိုအာမခံအမျိုးအစားတွေက မိမိအတွက် သင့်တော်ကောင်းမွန်ပြီး ဘယ်အာမခံကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေက တိကျမြန်ဆန်လဲ၊ ဘယ်အာမခံကုမ္ပဏီက မိမိအတွက် အဆင်ပြေမလဲ ဆိုတာကို အချိန်ကာလတစ်ခုအတွင်း နားလည်သဘောပေါက်အောင် ရှင်းပြပေးနိုင်ပါတယ်။

ဒါ့အပြင် အာမခံကိုယ်စားလှယ်များ မှတစ်ဆင့်အာမခံဝန်ဆောင်မှုလုပ်ငန်းတွေကို ရယူမယ်ဆိုရင် အပိုကြေး လုံးဝထပ်ပေးစရာမလို ၊ အချိန်ကုန် အလုပ်ပျက်ခြင်းမရှိသည့်အပြင် မိမိနဲ့အဆင်ပြေမယ့် အာမခံကုမ္ပဏီကိုလည်း ရွေးချယ်လို့ ရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းဟာ အာမခံဝန်ဆောင်မှုကို ရယူတော့မယ်ဆိုရင် အာမခံကိုယ်စားလှယ်တစ်ယောက်တော့ ရှိသင့်ပြီး
ထိုကိုယ်စားလှယ်ဆီကနေ အကြံဉာဏ်ယူပြီး ဆွေးနွေးတိုင်ပင် ဆောင်ရွက်သင့်ပါတယ်။

ဒါကြောင့် မိတ်ဆွေရဲ့ အာမခံကိစ္စအဝဝအတွက် ဆွေးနွေးမေးမြန်းခြင်း၊ အာမခံထားရှိခြင်း တို့အတွက် ...
အာမခံကိုယ်စားလှယ် တစ်ဦးဦးနှင့် ဦးစွာ ဆက်သွယ်ပြီး အကြံဉာဏ်ယူ ဆောင်ရွက်ပါလို့ တိုက်တွန်းမျှဝေလိုက်ပါတယ်။

Credit - ကျော်ကျော် (တောင်ငူ)

ကျေးဇူးပါ အစ်ကို သော်တာ နှင့် မမ ​သဉ္ဇာသမီးလေး ပညာရေးအတွက် နောင်ရေးစိတ်အေးရလေအောင် အခုအချိန်ကတည်းက မှန်ကန်တဲ့ ဆုံးဖြတ်ချ...
17/01/2023

ကျေးဇူးပါ အစ်ကို သော်တာ နှင့် မမ ​သဉ္ဇာ

သမီးလေး ပညာရေးအတွက် နောင်ရေးစိတ်အေးရလေအောင် အခုအချိန်ကတည်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ Chubb Life Shield (အနာဂတ်မဏ္ဍိုင်အသက်အာမခံ) ကို ဝန်ဆောင်မူ့ ပေးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် အစ်ကိုနဲ့အစ်မရေ။

ကိုယ်ကိုယ်တိုင်လည်း မိခင်တစ်ယောက်ဖြစ်တဲ့အတွက် သားသမီးနောင်ရေး စိတ်အေးရလေအောင် Chubb နဲ့အတူ အကာအကွယ်ယူ ငွေစုနေပြီး အသက်အာမခံကို စိတ်ဝင်စားတဲ့ မိသားစု လေးတွေကိုလည်း ဝန်ဆောင်မူ့ပေးနေပါတယ်။

Thae Su Maung Maung
Licensed Financial Advisor
09777076858

တွေးတောကြောက်လန့်နေကြရမည်ဟု မဆိုသော်လည်း လူတို့တွင် ဘေးဥပဒ်အန္တရာယ် အမျိုး ပေါင်း များစွာ ရှိသည်ကို သတိပြုသင့်၏။ လူသည် အ...
05/01/2023

တွေးတောကြောက်လန့်နေကြရမည်ဟု မဆိုသော်လည်း လူတို့တွင် ဘေးဥပဒ်အန္တရာယ် အမျိုး ပေါင်း များစွာ ရှိသည်ကို သတိပြုသင့်၏။ လူသည် အချိန်အခါမရွေး သေတတ်၏။ ထိခိုက်ရှနာဖြစ် တတ်၏။ နာမကျန်းဖြစ်တတ်သည်။ ထို့အတူ လူတို့၏ပစ္စည်းများသည်လည်း အချိန်မရွေး ရန်သူမျိုး ငါးပါး အဖျက်အဆီးကြောင့်ဖြစ်စေ၊ ကံမကောင်း အကြောင်း မလှ၍ဖြစ်စေ ပျက်စီးဆုံးရှုံးတတ်သည်။ ထိုကဲ့သို့သော ဘေး အန္တရာယ်နှင့် အပျက်အစီးများမှာ လူတိုင်းလူတိုင်း အခါမရွေး တွေ့ကြုံရသော ဖြစ်စဉ်ပင် ဖြစ်သည်။ အိမ်ထောင်စုတစ်ခုလုံးအတွက် တာဝန်ကို ထမ်းဆောင်သူ တစ်ယောက်သည် ငွေကြေး​ ပြစည့်ုံမှု းမရှိမီ သေဆုံးသွားလျှင် ကျန်ရစ်သော မိသားစုဝင်များ အတိဒုက္ခရောက်ကြသည်သာ များ၏။ ထိုမှတစ်ပါး ပစ္စည်း ဥစ္စာ မည်မျှပင် ချမ်းသာကြွယ်ဝ နေသူဖြစ်စေကာမူ ရန်သူမျိုးငါးပါးတွင် တစ်ပါးပါးနှင့် ကြုံတွေ့ ရလျှင် အနှစ်နှစ် အလလ စုဆောင်းခဲ့သမျှသည် နာရီပိုင်းရက် ပိုင်းအတွင်း အားလုံးမကုန်နိုင်ဟူ၍ မည်သူသည် ပြောနိုင်ပါ မည်နည်း။ အဖိုးများစွာ ထိုက်တန်သော အဆောက်အအုံကြီး များပင်လျှင် နာရီအနည်းငယ်အတွင်း မီးစာဖြစ်သွားသည်ကို လည်းကောင်း၊ အဖိုးတန်ကုန်ပစ္စည်းများ တင်ဆောင်သည့် သင်္ဘောကြီးများသည် နစ်မြုပ်ပျက်စီးရသည်ကိုလည်းကောင်း တွေ့ကြုံဖူးကြသည်သာ ဖြစ်၏။ ထိုကဲ့သို့သော အပျက်အစီး များနှင့် ကြုံတွေ့ရသောအခါတွင် ကြိုတင်တွေးတော၍ မထား ခဲ့သော ဒုက္ခအပေါင်းသည် ဝင်ရောက်လာတတ်လေသည်။ ရှေးအခါက ကုန်သည်များသည် မိမိတို့၏လုပ်ငန်းတွင် တန်ဖိုးအများဆုံးဖြစ်သော ကုန်သင်္ဘောကြီးများ ပင်လယ်တွင် နစ်မြုပ်ပျက်စီးခြင်းဘေးနှင့် ကြုံတွေ့ရသောအခါ နေ့ချင်းညချင်း လူဆင်းရဲအဖြစ်သို့ ရောက်သွား တတ်ကြလေသည်။ ထိုသို့ ဖြစ်ရခြင်းကို ကာကွယ်နိုင်သော နည်းကောင်းလမ်းကောင်း များကို ရှာဖွေကြသောအခါတွင် တစ်ဦးတစ်ယောက်တည်း မတတ်နိုင်စေကာမူ အများနှင့်ဆောင်ရွက်ရသော် ဖြစ်နိုင်သည်ကို တွေ့ကြလေသည်။ ထိုနည်းကောင်းမှာ အာမခံထားသောနည်း ဖြစ်၍ ယခင်ကြုံတွေ့ခဲ့ရသော အပျက်အစီးတို့၏ ဒဏ်ချက် များကို သိသိသာသာ လျော့ပါးသွားစေလေသည်။ င် ကျောက် စသည့် မီးမစွဲနိုင်သော ပစ္စည်းများဖြင့် ဆောက်သော အိမ်သည် သစ်ဝါး တို့ဖြင့်ဆောက်သော အိမ်ထက် အာမခံ နှုန်းလျော့၍ ပေးရ၏။ ဤသို့ အာမခံနှုန်းထားနှင့်ဆိုင်သော အချက်အလက်များကို အာမခံဆိုင်ရာ ပါရဂူကြီးများသည် နှစ်ပေါင်းများစွာ လေ့လာတွက်ချက်၍ ပျမ်းမျှနှုန်းများကို သတ်မှတ်ထားကြလေသည်။

ဆက်ရန်📝🔜

30/12/2022

လူတွေက သင်ပြုလုပ်တဲ့အရာကို ဝယ်တာမဟုတ်ဘူး၊ အဲဒီအရာ ပြုလုပ်ရခြင်းအကြောင်းရင်းကို ဝယ်တာဖြစ်တယ်။ နောက်ပြီး သင်လုပ်တဲ့အရာက သင်ယုံကြည်တဲ့အရာကို သက်သေပြနေတယ်။


မှတ်သားစရာပါ-☂☂ အာမခံဝယ်လိုက်လို့ သင့်ဘဝက ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အကြောင်းကြောင့် ပြောင်းလဲသွားနိုင်တဲ့ သင့်ဘဝ အပြော...
29/12/2022

မှတ်သားစရာပါ

-☂☂ အာမခံဝယ်လိုက်လို့ သင့်ဘဝက ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အကြောင်းကြောင့် ပြောင်းလဲသွားနိုင်တဲ့ သင့်ဘဝ အပြောင်းအလဲကိုတော့ ကာကွယ်ပေးနိုင်ပါတယ်။

-😠 နေမကောင်းလို့ ကျန်းမာရေးချို့တဲ့လာရင် ကုသစရိတ်က သင်တစ်သက်လုံး ရှာဖွေထားသမျှ စုဆောင်းထားသမျှကို ကုန်သွားစေမှာပါ။

- 😔အာမခံဝယ်လိုက်လို့ သင်ဟာ ဆင်းရဲမွဲတေသွားမှာ မဟုတ်ပါဘူး။ မဝယ်ထားမိရင်တော့ သင့်ချစ်ရသူတွေဆင်းရဲမွဲတေမှုကို ခံစားသွားရနိုင်ပါတယ်။

# Jack Ma 📌

ခရစ်စမတ်ရဲ့ ကြည်နူးစရာကောင်းတဲ့ အချက်တွေထဲက တစ်ခုက ကိုယ်ချစ်ရတဲ့သူတွေ (သင်အပါအဝင်ပေါ့) ကို အကောင်းဆုံးဆိုတဲ့ လက်ဆောင်တွေ...
24/12/2022

ခရစ်စမတ်ရဲ့ ကြည်နူးစရာကောင်းတဲ့ အချက်တွေထဲက တစ်ခုက ကိုယ်ချစ်ရတဲ့သူတွေ (သင်အပါအဝင်ပေါ့) ကို အကောင်းဆုံးဆိုတဲ့ လက်ဆောင်တွေ ပေးရင်း ဆင်နွှဲရခြင်းပါ။ ဒါဆိုရင် ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းဆိုတဲ့ လက်ဆောင်တွေထက် ကောင်းတာ ဘာရှိဦးမှာလဲ။

ဒါကြောင့် ဒီခရစ်စမတ်မှာ သင့်ကိုယ်သင်နဲ့ သင်ချစ်ရတဲ့သူတွေကို ချက်ဘ်အသက်အာမခံနဲ့ ကျန်းမာရေးအာမခံတွေ လက်ဆောင်ပေးရင်း ပျော်ရွှင်ကျန်းမာတဲ့ နှစ်သစ်တစ်ခုကို ဖန်တီးလိုက်ပါ။

Chubb Life သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်သော Chubb ၏ နိုင်ငံတကာအသက်အာမခံကုမ္ပဏီတစ်ခုဖြစ်ပါသည်။ အမေရိကန်နိုင်ငံ ဖီလာဒယ်ဖီးယားမြို့တွင် ၁၇၉၂ နှစ်ခုကတည်းက စတင်တည်ထောင်ခဲ့ပြီး သက်တမ်း နှစ်ပေါင်း ၂၀၀ ကျော် သမိုင်းကြောင်းရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၅၄ နိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်မူ မတော်တဆထိခိုက်မှုအာမခံ၊ ကျန်းမာရေးအာမခံနှင့် အသက်အာမခံများကို လူတန်းစားမျိုးစုံအတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အသေးစိတ် သိရှိလိုပါက Page Messenger မှ တဆင့် စုံစမ်းမေးမြန်းနိုင်ပါသည်။

Thae Su Maung Maung
Licensed Financial Advisor

Address

18F Myanmar Center Tower 2, Kabar Aye Pagoda Road
Yangon
11201

Telephone

+959777076858

Website

Alerts

Be the first to know and let us send you an email when Better Life By Thae Su posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Better Life By Thae Su:

Share