S & S Insurance Service

S & S  Insurance Service အလုံးစုံမော်တော်ယာဉ်အာမခံ (Comprehensive Motor Insurance)
အိမ် အဆောက်အဉီး မီးအာမခံ ( Fire Insurance)

S & S Insurance မှတဆင့် Global World Insurance မှာ အာမခံထား ခဲ့သော ကားလေး၂စီး ရဲ့ Policy အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခဲ့...
12/12/2022

S & S Insurance မှတဆင့် Global World Insurance မှာ အာမခံထား ခဲ့သော ကားလေး၂စီး ရဲ့ Policy အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခဲ့

ကားအာမခံနှင့်ပတ်သက်ပီး Global World , FNI တို့ဖြင့်ချိတ်ဆက်ပီး ထားလို့ရပါပီ။

အာမခံထားပီးသောကားများအနေဖြင့်လဲ Agent ဖြင့်တဆင့်ခံထားလိုပါက အပိုငွေကြေးတစုံတရာ ပေးစရာမလိုပဲ မူလပေးဆောင်သောနူန်းထားများအတိုင်း S & S Insurance မှတဆင့်ထားလို့ရပါတယ်ခင်ဗျ။

အိမ်တိုင်ရာရောက် service လေးလဲရှိပါတယ်ခင်ဗျ။

ကားအာမခံနှင့်ပတ်သက်ပီး ကာလပေါက်စျေးအလိုက်ထားရှိရန် Myanma Insurance မှထုတ်ပြန်ကြေညာ
11/09/2022

ကားအာမခံနှင့်ပတ်သက်ပီး ကာလပေါက်စျေးအလိုက်ထားရှိရန် Myanma Insurance မှထုတ်ပြန်ကြေညာ

🚘ကားခနခနပြောင်းစီးနေသောမိတ်ဆွေများအတွက်လာပါပီမိတ်ဆွေက ဝါသနာအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ကားခနခနပြောင်းစီးနေလို့ အာမခံနဲ့ပ...
27/08/2022

🚘ကားခနခနပြောင်းစီးနေသောမိတ်ဆွေများအတွက်လာပါပီ

မိတ်ဆွေက ဝါသနာအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ကားခနခနပြောင်းစီးနေလို့ အာမခံနဲ့ပတ်သတ်ပီး ထားလို့မရမှာ စိတ်မပူပါနဲ့ အဲ့အတွက် နည်းလမ်း (၂) မျိူးရှိပါတယ်ခင်ဗျ။

(၁) Owner နာမည်မပြောင်း ကားအမျိူးအစားပြောင်းလဲခြင်း

🧰ကားလဲပြီးပြီးဆိုတာနဲ့ သက်ဆိုင်ရာ အာမခံရုံး (သို့) အာမခံ ကိုယ်စားလှယ် သို့အကြောင်းကြားပေးပါ။

👉ပြောင်းလဲလိုက်သော ကားကိုပြန်လည် စစ်ဆေးပါမည်
👉ဝှီးတတ် + owner book+ ယာဉ်မောင်းလိုင်စင် တို့လိုပါတယ်
👉ကားဟောင်းနှင့် ကားအသစ် တို့၏ ကာလပေါက်စျေး ကိုနှိုင်းယှဉ်ပြီးတော့မှ ကျန်ရှိနေသော အာမခံသက်တမ်းပေါ်မှုတည်ပီး ငွေထပ်သွင်းရမလား ငွေပြန်အမ်းရမလားဆိုတာကို တွက်ချက်ပီး အာမခံရုံးက အကြောင်းကြားပါလိမ့်မယ် ။ (မှတ်ချက်) ကားတန်ဖိုးမြင့်လျှင်တော့ သေချာပေါက် ငွေထပ်သွင်းရပါမည် သို့မှသာလျှင် အာမခံသက်တမ်းဆက်နိုင်မည်ဖြစ်ပါသည်

(၂) Owner နာမည်ပြောင်းပြီး ကားမပြောင်းလဲခြင်း

ကားရောင်းလိုက်ပီး ပိုင်ရှင်အဟောင်းမှ insurance ပါထည့်ပေးလိုက်သောအခါ ကားပိုင်ရှင်အသစ်က အမည်ပြောင်းလဲလိုလျှင်

👉Policy ကြေး ၅၀၀၀ ကျပ်သွင်းရပါမည် ။
👉Owner အသစ် ၏မှတ်ပုံတင် ၊ ယာဉ်မောင်းလိုင်စင် တို့လိုအပ်ပါသည်။

🆒ကားအမျိူးအစားပဲပြောင်း၂ ၊ ပိုင်ရှင်အမည်ပဲပြောင်းပြောင်း အာမခံသက်တမ်း ၁နှစ်အတွင်းမှာ ၃ကြိမ် အများဆုံးထိပြောင်းလဲလို့ရပါတယ်ခင်ဗျ။

🆓ပြောင်းလဲခြင်းများအတွက်အပိုဝန်ဆောင်ခပေးဆောင်ရန် မလိုပါ။

💁‍♂️အာမခံထားမယ်ဆိုရင်တော့ S & S Insurance Service ကိုသတိရပေးပါအုန်းခင်ဗျ

☎️ Ph 09 421100 687 (Viber) / 09 965130351 သို့ဆက်သွယ်နိုင်ပီး Page Cb တွင်လဲ အာမခံနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🫵ကားအာမခံ ထားသော်လဲလျော်ကြေးဘာလို့မရကြတာလဲ ❓🤷‍♂️ကျွန်တော်တို့ ကားအာမခံနဲ့ ပတ်သက်ပီး ကားအာမခံထားသူ နဲ့ အာမခံ company တို့...
20/08/2022

🫵ကားအာမခံ ထားသော်လဲလျော်ကြေးဘာလို့မရကြတာလဲ ❓🤷‍♂️

ကျွန်တော်တို့ ကားအာမခံနဲ့ ပတ်သက်ပီး ကားအာမခံထားသူ နဲ့ အာမခံ company တို့ကြား သဘောတူဝယ်ယူရောင်းချသောအာမခံစာချူပ်ပါအချက်အလတ်များ ထည့်သွင်းထားသောအရာကို policy ဟုခေါ်ဆိုကြပါသည် ။ Policy တွင်ပါရှိသောအချက်အလက်များကိုမူတည်ပီးတော့မှ လျော်ကြေး ရနိုင် မရနိုင်ကို ဆုံးဖြတ်လေ့ရှိပါသည် ။

ကားအာမခံဝယ်ယူရာတွင် အောက်ဖော်ပြပါ အချက်များကို အပိုဆောင်းအာမခံအဖြစ် သတ်မှတ်ထားပီး ထိုအရာများကိုပါ ဝယ်မှသာလျှင် အလုံးစုံမော်တော်ယာဉ် အာမခံဟု ခေါ်ဆိုလို့ရပါသည် ။ အပိုဆောင်းအာမခံ ဝယ်ယူရာတွင်လဲ ပုံမှန်ထက်အနည်းငယ်လောက်သာ ပိုမိုကျသင့်မှာဖြစ်တယ်။

1. Acts of God

ငလျှင်လှုတ်ခြင်း ၊ ရေကြီးခြင်း ၊ မိုးကြိုးပစ်ခြင်း စတဲ့ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပီး ဖြစ်လာတဲ့အရာများအတွက် အကာအကွယ် ဖြစ်ပါတယ်။

2. S.R.C.C (Strike, Riot,Civil Commotion)

သပိတ်မှောက်ခြင်း၊ အဓိကရုန်း၊ ဆူပူထကြွမှုဖြစ်ခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ်ဖြစ်ပါတယ်။

3 Theft

သူခိုး ခိုးယူခံရခြင်းအတွက် အကာအကွယ် တို့ပဲဖြစ်ပါတယ်။

4. Windscreen

လေကာမှန်အတွက် သီးသန့်အကာအကွယ် ဖြစ်ပါတယ် ။ ကားတန်ဖိုးအပေါ် မူတည်ပီးမှ လေကာမှန်တန်ဖိုးကိုသတ်မှတ်လေ့ရှိပါသည်။

5. War Risk

စစ်ပွဲကြောင့်ဖြစ်လာတဲ့ ထိခိုက်ပျက်စီးမှု့တွေ အတွက် အကာအကွယ်ဖြစ်ပါတယ်

မိတ်ဆွေတို့ အနေဖြင့် ကားအာမခံထားချင်လျှင်လဲ GWI (သို့) FNI ကြိက်နှစ်သက်ရာဖြင့် ချိတ် ဆက်ပေးပြီး အိမ်တိုင်ရာရောက် အခမဲ့ ဝန်ဆောင်မှု့ပေးနေပါပြီခင်ဗျ ။

မော်တော်ယာဉ်အာမခံ၊ မီးအာမခံထားလိုသော မိတ်ဆွေတို့အတွက် မိမိတို့ထားရှိသော အာမခံအတွက် ကျသင့်သည့်ငွေပမာဏကိုပဲ ပေးဆောင်ရမှာဖြစ်ပီး # # # ( ဝန်ဆောင်ခ နှင့် အပိုကြေး တစ်ပြားတစ်ချပ်မှ ပေးရန် မလိုပါ )

☎️ Ph 09 421100 687 (Viber) / 09 965130351 သို့ဆက်သွယ်နိုင်ပီး Page Cb တွင်လဲ အာမခံနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

အိမ်အရောက်အခမဲ့ဝန်ဆောင်မှူနဲ့ကားအာမခံထားမယ်ဆိုရင်ဖြင့်  🧰 S & S insurance Service  မှတဆင့်ထားလို့ရနေပါပီးခင်ဗျ👍GWI (သို့...
19/08/2022

အိမ်အရောက်အခမဲ့ဝန်ဆောင်မှူနဲ့ကားအာမခံထားမယ်ဆိုရင်ဖြင့်

🧰 S & S insurance Service မှတဆင့်ထားလို့ရနေပါပီးခင်ဗျ

👍GWI (သို့) FNI ကြိက်နှစ်သက်ရာဖြင့် ချိတ် ဆက်ပေးပြီး အိမ်တိုင်ရာရောက် ဝန်ဆောင်မှု့ပေးနေပါပြီခင်ဗျ ။

👍မိတ်ဆွေတို့အတွက် မိမိတို့ထားရှိသော အာမခံအတွက် ကျသင့်သည့်ငွေပမာဏကိုပဲ ပေးဆောင်ရမှာဖြစ်ပီး ( ဝန်ဆောင်ခ နှင့် အပိုကြေး တစ်ပြားတစ်ချပ်မှ ပေးရန် မလိုပါ )

🗓ကားအာမခံ နှင့် ပတ်သက်ပီးသက်တမ်းအနေဖြင့်အနည်းဆုံး
-(၃) လ မှစတင်ကာ
-(၆) လ
-(၉) လ
- အများဆုံး (၁) နှစ်အထိ မိမိတို့ကြိက်နှစ်သက်ရာ ကာလကို ဝယ်ယူနိုင်ပါသည်။

🗂အလုံးစုံမော်တော်ယာဉ်အာမခံထားရင် လိုအပ်မည့်အရာများကတော့
၁ - မှတ်ပုံတင်
၂ - ဝှီးတတ် + owner book
၃ - ယာဥ်မောင်းလိုင်စင်
၄ - ယာဥ်ပိုင်ဆိုင်ကြောင်းအထောက်ထား စာချုပ်
၅ - လုပ်ငန်းသုံးကားများအတွက် လုပ်ငန်းလိုင်စင် တို့လိုအပ်ပါတယ်။

💸အလုံးစုံမော်တော်ယာဉ်အာမခံကြေး ကို
- ကားတန်ဖိုး
- အင်ဂျင်ပါဝါ
- ကားကိုအသုံးပြုပုံ (ကိုယ်ပိုင် သို့ လုပ်ငန်းသုံး )
- အပိုဆောင်း အကာအကွယ်ပေါ်တွင် မူတည်၍ အာမခံကြေး ကိုတွက်ချက်ပါသည်။

🧮အလုံးစုံမော်တော်ယာဉ်အာမခံ အတွက် တစ်နှစ်စာ ကျသင့်နူန်းမှာ ခန့်မှန်းချေအားဖြင့်
ကားတန်ဖိုး၏ ကာလပေါက်စျေးအပေါ် မူတည်၍

-၁% မှ ၁.၅% ( အိမ်စီး ကားများအတွက် )
-၁.၅% မှ ၂% ( လုပ်ငန်းသုံးကားများအတွက် ) ခန့်မှန်းချေကျသင့်ပါသည်။

🎁သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ယာဉ်မတော်တဆမှု့ဖြစ်ပွါးခြင်းမရှိလို့ လျော်ကြေးငွေမတောင်းဆိုခဲ့ဖူးဘူးဆိုပါက နှစ်စဉ် ကားအာမခံသက်တမ်းတိုးတိုင်း No Claim Bonus အနေဖြင့် ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

☎️ Ph 09 421100 687 (Viber) / 09 965130351 သို့ဆက်သွယ်နိုင်ပီး Page Cb တွင်လဲ အာမခံနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေး မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when S & S Insurance Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share