21/11/2022
ဂိမ်းမဆော့တတ်လည်း 𝐍-𝐓𝐨𝐤𝐞𝐧 ရှာလို့ရတယ်ဆိုတာ ?
ဟုတ်ပါတယ်၊ ဂိမ်းဆော့ရင်း Mint တဲ့ ခေတ် မကုန်သေးပေမဲ့ . . . ဂိမ်းတွေဆော့မှ N-Token ရမယ်ဆိုတဲ့ သီအိုရီက 𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽 (ဆိုရှယ်မီဒီယာ) အတွက်တော့ မဟုတ်တော့ပါဘူး။
N-Token စုဆောင်းသူများအတွက် VPN ဖွင့်ထားပြီး၊ FB သုံးသလိုပဲ N-Social (ဆိုရှယ်မီဒီယာ) ကို ပုံမှန်အသုံးပြုမယ်ဆိုရင် N-Token ရရှိနိုင်ပါပြီ။
ဒါဆို ဘာတွေလုပ်ရမလဲ ?
N-Social က အသုံးပြုရ အရမ်းကို လွယ်ပါတယ်၊ Facebook, Instagram, Tik Tok, Telegram သုံးနေသူများအတွက်တော့ နာရီပိုင်းလောက်လေး အသုံးပြုလိုက်တာနဲ့ သိရှိသွားနိုင်မည် ဖြစ်ပါတယ်။
ဒါဆို လုပ်ဆောင်ရမှာကတော့ N-Social မှာ မိမိမြင်ရသည့် အခြားသူများ၏ ပို့စ်များ ( စာသား၊ ပုံ၊ ဗီဒီယို၊ ယူကျူလင့်ခ် ဗီဒီယို ) ကို ဝင်ရောက် ကြည့်ရှုပေးပြီး၊ ကော်မန့်ရေးခြင်း၊ Comment Reaction ပေးခြင်း၊ GIF မန့်ခြင််းနှင့် မိမိကိုယ်တိုင် နှစ်သက်ရာ အကြောင်းအရာ ပုံ၊ စာ၊ ဗီဒီယိုပို့စ်များတင်ခြင်းကို လုပ်ဆောင်ပေးနေရမှာ ဖြစ်ပါတယ်။ ပုံမှန် အချိန်တစ်ခုပေးပြီး အသုံးပြုနေဖို့ လိုပါမည်။
ဒီလို လုပ်ဆောင်နေမယ်ဆိုရင် အချိန်အတိုင်းအတာတစ်ခုတွင် ကြော်ငြာများ စမြင်လာရမှာ ဖြစ်ပါတယ်။ ကြော်ငြာမှာ Inter ဆိုသည့် ပိတ်လို့ရသည့် ကြော်ငြာများနှင့် N-Token ရနိုင်သည့် Reward ကြော်ငြာများကို တွေ့ရမှာ ဖြစ်ပါတယ်။ Reward ကြော်ငြာများကို အဆုံးထိ ကြည့်ရှုပေးပြီး၊ Reward granted ဆိုသည့် Token ရရှိကြောင်း အတည်ပြုသည့် စာသားအား ကြော်ငြာပြီးဆုံးချိန်မှာ မြင်တွေ့ရပါမည်။
*** N-Token (အသည်းပုံ) တိုးလာသည့်ပုံစံမှာ Reward granted ကြော်ငြာတစ်ခါ ကြည့်ပြီးသည့်ကို System မှ စစ်ဆေးပြီးနောက်၊၊ System မှ တစ်နာရီခြား တစ်ခါ လူကြီးမင်း၏ အကောင့် အသည်းပုံ အရေအတွက် ပြသည့်နေရာတွင် ပေါင်းထည့် ဖြည့်သွင်းပေးခြင်း ဖြစ်ပါသည်။ ကြော်ငြာများ မြင်တွေ့နိုင်ရန် အဆင်ပြေသည့် VPN တစ်ခုကို သုံးနိုင်ပါသည်။ ၎င်းကြော်ငြာတစ်ခုသည် N-Token တစ်ခု ရရှိပါသည်။
မိမိတွင် ရရှိလာသည့် N-Token (အသည်း) အရေအတွက်များကို App Screen ညာဘက် အပေါ်ထောင့်တွင် မြင်နေရမည် ဖြစ်ပြီး၊ ၎င်းမြင်နေရသည့် N-Token (အသည်း) အရေအတွက်သည် လူကြီးမင်းပိုင်ဆိုင်သည့် N-Token အရေအတွက်ပဲ ဖြစ်ပါသည်။
၎င်း N-Token (အသည်း) များကို အခြားသူများ၏ ပို့စ်တွင် အသည်း (Like) ပေးမိလျှင် အသုံးပြုလိုက်လျှင် လူကြီးမင်းထံမှ နှုတ်သွားမည်ကို သတိပြုရန် လိုပါသည်။
ဒါဆို အခြားသူ၏ ပို့စ်ကို ဘယ်လိုမျိုး နှစ်သက်ကြောင်း ပြမလဲ မေးစရာရှိလာပါမည် ?
ဟုတ်ပါတယ်၊ အခြားသူ၏ ပို့စ်ကို နှစ်သက်လို မိမိ၏ N-Token ကို ပေးလိုသည့် ဆန္ဒရှိလျှင် Like ပေးပါ၊ ဆယ်ခုလောက် တခါတည်းပေးခြင်လျှင် Super Like ပေးပါ။
အဲလိုတော့ မဟုတ်ဘူး မိမိခံစားမှုကိုပဲ ပြလိုလျှင် Comment Reaction များ ( 😂😂 ❤️❤️ 😍😍 🙏🙏 😢😢 😡😡 ) ပေးနိုင်ပါသည်။ ၎င်းအပြင် comment တွင် GIF ပုံများဖြင့်လည်း ဖော်ပြလို့ ရပါသည်။
𝗡-𝗦𝗼𝗰𝗶𝗮𝗹 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို Google Play Store တွင် Download ရယူနိုင်ပါပြီ။ အသုံးပြုနည်းကိုလည်း YouTube ရှိ 𝗡 𝗦𝗼𝗰𝗶𝗮𝗹 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။