Trading With MZ

Trading With MZ 📱 Contact For Trading Account & Training (09-43144534)

နိုင်ငံရေးနဲ့ စီးပွါးရေးပြဿနာတွေကြောင့် February လကုန်ပိုင်းမှာရွှေစျေးပြန်လည်မြင့်တက်လျှက်ရှိနေ————————————————————————...
27/02/2026

နိုင်ငံရေးနဲ့ စီးပွါးရေးပြဿနာတွေကြောင့် February လကုန်ပိုင်းမှာရွှေစျေးပြန်လည်မြင့်တက်လျှက်ရှိနေ
——————————————————————————
February 27၊ 2026

သောကြာနေ့စျေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေစျေးတည်ငြိမ်လျှက်ရှိနေပြီး၊ မြေပြင်နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေနဲ့ ကမ္ဘာ့စီးပွါးရေးမတည်ငြိမ်မှုတွေကြောင့် ရွှေအတွက်ကတော့ အတက်စျေးကိုသာ အားသာလျှက်ရှိနေတာကို တွေ့ရပါတယ်။ ရွှေအတွက် Safe haven demand က ယခုလအတွက်တော့ အတော်လေး ခိုင်မာလျှက်ရှိနေတာကိုလဲ တွေ့မြင်နေရပါတယ်။

ယနေ့မနက်ခင်းစျေးကွက်အတွင်းမှာတော့ Spot gold တန်ဖိုးတွေဟာ တစ်အောင်စကို $5178 အနားမှာရှိနေတာကို တွေ့မြင်ရပြီး၊ ရွှေရဲ့ April ရှယ်ယာတန်ဖိုးတွေကလဲ 0.2% တန်ဖိုးမြင့်တက်နေတာကို တွေ့ခဲ့ရပါတယ်။

ယခုလအစောပိုင်းတုံးက တစ်အောင်စ $4,600 အနီးထိ ကျဆင်းခဲ့ပေမဲ့ ယခုအခါမှာတော့ ရွှေဟာ February လအတွင်း 6.7% အထိမြင့်တက်သွားခဲ့ပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံကြားက တင်းမာမှုတွေဟာ အီရန်-အမေရိကန် ပြဿနာနဲ့ တစ်ချိန်ထဲမှာ ထ ဖြစ်လာတာက ရွှေရဲ့ ဝယ်လိုအားကို မြင့်တက်စေခဲ့ပါတယ်။ အီရန်-အမေရိကန် နျူဆွေးနွေးပွဲဟာ အဖြေမထွက်ပဲ ပြီးဆုံးသွားခဲ့ပေမဲ့ နှစ်ဖက်လုံးကတော့ ဆက်လက်ဆွေးနွေးမယ်လို့ ပြောသွားခဲ့ပါတယ်။

အကောက်ခွန်နှုန်းတွေ ပြောင်းလဲပြီးနောက် ယိမ်းယိုင်လာတဲ့ အမေရိကန်ရဲ့ စီးပွါးရေးအခြေအနေကလဲ စျေးကွက်ကို သတိထားစောင့်ကြည့်သင့်တဲ့အနေအထားကို ရောက်ရှိစေတာတွေ့ရပါတယ်။

တစ်ခြားသတ္ထုတွေအနေနဲ့ကတော့ ငွေက 1.7% မြင့်တက်နေပြီး ပလက်တီနမ်က 30% မြင့်တက်နေကာ တစ်လအတွင်း အမြင့်ဆုံး စံချိန်အသီးသီးကို ရောက်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

ဆန္ဒပြပွဲအတွင်း ထိခိုက်သူများကို တောင်းပန်ကြောင်း နဲ့ နျူပိုင်ဆိုင်ဖို့ ကြိုးစားမှာမဟုတ်ကြောင်း အီရန်သမ္မတ ပြော—————————...
11/02/2026

ဆန္ဒပြပွဲအတွင်း ထိခိုက်သူများကို တောင်းပန်ကြောင်း နဲ့ နျူပိုင်ဆိုင်ဖို့ ကြိုးစားမှာမဟုတ်ကြောင်း အီရန်သမ္မတ ပြော
——————————————————————————
February 11 ၊ 2026

နိုင်ငံနှင့်အဝှမ်း ဖြစ်ပွါးခဲ့သော ဆန္ဒပြမှုများအတွင်း ထိခိုက်ခဲ့သူများအားလုံးကို “ တောင်းပန်ကြောင်း” အီရန် သမ္မတ Masoud Pezeshkian က ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ 1979 အီရန်အစ္စလာမ်မစ် တော်လှန်ရေး အောင့်မေ့ဖွယ်အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

“ ကျွန်တော်တို့အနေနဲ့ လွန်စွာရှက်မိကြောင်း ပြည်သူတွေရှေ့မှာ ပြောကြားလိုပြီး၊ ဒီဖြစ်ရပ်ကြီးထဲမှာ ထိခိုက်ခဲ့တဲ့ မည်သူကိုမဆို အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်” လို့ Pezeshkian ကပြောသွားခဲ့ပြီး၊ “ ကျွန်တော်တို့အနေနဲ့ ပြည်သူနဲ့ ထိပ်တိုက်တွေ့မှာ မဟုတ်ဘူး” လို့လဲ သူက ပြောသွားခဲ့ပါသေးတယ်။

ဆက်လက်ပြီး “အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းသွားမှာမဟုတ်ကြောင်း၊ ကြိုက်သလို စစ်ဆေးခံနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း” ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အီရန် နဲ့ အမေရိကန် တို့ဟာ နျူကလီးယားအရေး ဆွေးနွေးပွဲ နဲ့ ပတ်သတ်ပြီး အတော်ပင် ခရီးရောက်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

ရွှေနဲ့ငွေ တန်ဖိုးမြင့်တက်နေပြီး ၊ Rate cut အတွက် မျှော်လင့်နေကြတယ် ဆိုတဲ့ ဗုဒ္ဓဟူးနေ့ စျေးကွက် အဖွင့်——————————————————...
11/02/2026

ရွှေနဲ့ငွေ တန်ဖိုးမြင့်တက်နေပြီး ၊ Rate cut အတွက် မျှော်လင့်နေကြတယ် ဆိုတဲ့ ဗုဒ္ဓဟူးနေ့ စျေးကွက် အဖွင့်
——————————————————————————
February 11 ၊ 2026

အမေရိကန်ရဲ့ Retail Sales အညွှန်းကိန်း အနည်းငယ် အားနဲခဲ့ပြီးနောက် ယနေ့မနက်ခင်းစျေးကွက် အတွင်းမှာတော့ ကမ္ဘာ့ရွှေ နဲ့ ငွေ တန်ဖိုးတွေ ပြန်လည် မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ Retail Sales အားနည်းခဲ့တာကြောင့် အဓိက အညွှန်းကိန်းတွေ မထွက်ခင်အချိန်ထိ အမေရိကန်စီးပွါးရေး အားနည်းနေနိုင်ပြီး Treasury Yields များလဲ ကျဆင်းခဲ့ရပါတယ်။

Spot gold တန်ဖိုးတွေဟာ တစ်အောင်စကို 0.7% မြင့်တက်ခဲ့ပြီးနောက် April လအတွက် ရွှေရှယ်ယာတွေရဲ့ တန်ဖိုးဟာလဲ 1% ထပ်မံမြင့်တက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ သုတေသီတွေရဲ့ ဖော်ပြချက်အရ ရွှေစျေးဟာ လက်ရှိအချိန်မှာတော့ fundamental ကနေ ဝေးကွာနေပေမဲ့ ကျဆင်းနေတဲ့ Bond Yield က ရွှေကို ပထောက်အပံ့ပေးနေခဲ့ပါတယ်။

အမေရိကန်စီးပွါးရေး အနေနဲ့ အတိုးနှုန်းလျှော့ချဖို့ လိုအပ်ကောင်း လိုအပ်နေနိုင်ပေမဲ့၊ တစ်ချို့သော Fed တာဝန်ရှိသူတွေကတော့ လက်ရှိမှာ ပေါ်လစီကို အရေးတစ်ကြီး ပြောင်းလဲဖို့ မလိုအပ်သေးဘူးလို့ ပြောနေကြတာကိုလဲ တွေ့ရပါတယ်။

စျေးကွက်ကတော့ 2026 ခုနှစ်အတွင်း အနည်းဆုံး 25bps rate cut နှစ်ခုမျှော်လင့်ကြောင်း ပြောဆိုနေကြပြီး၊ ပထမတစ်ခုကိုတော့ June လမှာ ဖြစ်လိမ့်မယ် လို့ ခန့်မှန်းနေကြပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ လက်ရှိမှာ Nonfarm Payroll နဲ့ ငွေကြေးဖောင်းပွမှု အညွှန်းကိန်းတို့ကို စောင့်မျှော်နေကြပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

2026 အကုန်မှာ ကမ္ဘာ့ရွှေစျေး $6000 ကျော်မယ်လို့ JPMorgan က ဟောကိန်းထုတ်——————————————————————————February 2 ၊ 2026ဗဟိုဘဏ...
02/02/2026

2026 အကုန်မှာ ကမ္ဘာ့ရွှေစျေး $6000 ကျော်မယ်လို့ JPMorgan က ဟောကိန်းထုတ်
——————————————————————————
February 2 ၊ 2026

ဗဟိုဘဏ်တွေ နဲ့ စျေးကွက်ရဲ့ ဝယ်လိုအားကြောင့် 2026 ခုနှစ်အကုန်မှာ ကမ္ဘာ့ရွှေစျေးဟာ တစ်အောင်စ $6,300 အထိ ရောက်ရှိသွားနိုင်ကြောင်း JPMorgan ကုမ္မဏီကြီးက ခန့်မှန်းလိုက်ပါတယ်။ ရွှေရဲ့ ရေရှည် အတက်စျေးဟာ လက်ရှိမှာတော့ ပုံစံကောင်းတွေ ရရှိနေဆဲဖြစ်တယ်လို့လဲ JPMorgan ကပြောပါတယ်။

ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်တွေအနေနဲ့ 2025 ခုနှစ် စတုတ္ထလေးလပတ် မှာ ရွှေတန်ချိန်ပေါင်း 230 ဝယ်ယူခဲ့ပြီး၊ 2025 ခုနှစ်တစ်ခုလုံးမှာ ရွှေတန်ချိန်စုစုပေါင်း 863 တန် ဝယ်ယူခဲ့ကြောင်းသိရပါတယ်။ 2026 ခုနှစ်အတွက်တော့ ရွှေတန်ချိန်စုစုပေါင်း 800 လောက် ထပ်မံဝယ်ယူသွားဖို့ ရှိတယ်လို့လဲ JPMorgan ရဲ့ ခန့်မှန်းချက်ထဲမှာ ပါဝင်ပါတယ်။

စီးပွါးရေး မတည်ငြိမ်မှုတွေ နဲ့ နိုင်ငံရေးပြဿနာတွေကြောင့် ရွှေဟာ ရင်းနှီးမြှုပ်နှံသူတွေအကြိုက်ဖြစ်ခဲ့ပြီး၊ အွန်လိုင်း assets အနေနဲ့ရော Physical Gold အနေနဲ့ပါ ဝယ်ယူစုဆောင်းသူတွေ များပြားနေတာကို မြင်တွေ့ခဲ့ရပါတယ်။

သုတေသီတွေရဲ့ အဆိုအရ ရွှေဝယ်လိုအားဟာ သမိုင်းတစ်လျှောက် အမြင့်မားဆုံး အခြေအနေမှာရှိနေခဲ့လို့ စျေးကွက်ကို ဒီထပ်ပိုပြီး အကြပ်အတည်း ဆိုက်စေနိုင်မယ်လို့လဲ ခန့်မှန်းနေကြပါတယ်။

တစ်ခြားသော တန်ဖိုးကြီး သတ္ထုတစ်ခုဖြစ်တဲ့ ငွေရဲ့ တန်ဖိုးဟာလဲ အတက်အကျ မြန်ဆန်နေပြီးတော့၊ ဗဟိုဘဏ်တွေရဲ့ အထောက်အပံ့သာ မရှိဘူးဆိုရင် ငွေစျေးကွက်ဟာ အထိန်းအကွပ်မဲ့သလို ဖြစ်သွားနိုင်မဲ့ အန္တရာယ်ရှိနေကြောင်းကိုလဲ သုတေသီတွေက ဟောကိန်းထုတ်သွားခဲ့ပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ကမ္ဘာ့ရွှေစျေး $5,100 ကျော်သို့ ရောက်ရှိသွားခဲ့——————————————————————————January 2...
28/01/2026

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ကမ္ဘာ့ရွှေစျေး $5,100 ကျော်သို့ ရောက်ရှိသွားခဲ့
——————————————————————————
January 28 ၊ 2026

ဒေါ်လာတန်ဖိုး အားနည်းနေခြင်းနဲ့အတူ Safe-haven ဝယ်လိုအားမြင့်တက်နေတာကြောင့် ယနေ့မနက်ခင်း စျေးကွက် အတွင်းမှာတော့ ကမ္ဘာ့ရွှေစျေးဟာ စံချိန်တင်အဖြစ် တစ်အောင်စကို $5,200 စျေးတန်းအထိ မြင့်တက်ရောက်ရှိသွားတာကို တွေ့ခဲ့ရပါတယ်။ ငွေ နဲ့ ပလက်တီနမ် တန်ဖိုးတွေဟာလဲ မြင့်တက်နေပြီး ၎င်းတို့ရဲ့ အမြင့်ဆုံးစျေးတန်းအသီးသီးထံသို့ ရောက်ရှိသွားတာ တွေ့ခဲ့ရပါတယ်။

Spot gold တန်ဖိုးတွေဟာ တစ်အောင်စ $5,202 ကို သွားထိခဲ့ပြီး မကြာခင်မှာပဲ $5,179 သို့ ပြန်လည်ကျဆင်းသွားခဲ့ရပါတယ်။ အမေရျကန်ရေတပ် တိုက်ခိုက်ရေး ရေယာဉ်အုပ်ကြီး အီရန်သို့ ဦးတည်နေပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က အတည်ပြုအပြီးမှာတော့ Safe-haven ဝယ်လိုအား မြင့်တက်လာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အမေရိကန် ရဲ့ အီရန် နဲ့ တင်းမာမှု အပါအဝင်၊ ဗင်နီဇွဲလားကျူးကျော်မှု ၊ Greenland အရေးတွေကြောင့် ကမ္ဘာကြီးပေါ်မှာ အာဏာလွန်ဆွဲမှု ပိုမိုပြင်းထန်လာပြီး မြေပြင်နိုင်ငံရေး အခင်းအကျင်းတွေမှာလဲ ပဋိပက္ခတွေ ပိုမို ပြင်းထန်လာတာကို တွေ့နေရပါတယ်။

အခွန်နှုန်းတွေရဲ့ ရိုက်ခတ်မှု နဲ့ အတူ Fed ရဲ့ လွတ်လပ်မှုအပေါ် မေးခွန်းထုတ်လာနေတဲ့ ထရမ့်ရဲ့ လုပ်ရပ်တွေဟာ ဒေါ်လာတန်ဖိုးကို ကျဆင်းစေပြီး တန်ဖိုးကြီး သတ္ထုစျေးကွက်ရဲ့ အရှိန်ကို ပိုမို မြင့်တက်စေခဲ့ပါတယ်။

ထရမ့်ဟာ သူ့အနေနဲ့ Fed ဥက္ကဌအသစ်ကို မကြာခင်မှာ ကြေညာသွားမှာဖြစ်ပြီး၊ ဥက္ကဌ အသစ်လက်အောက်မှာ အတိုးနှုန်းကို ပိုမိုလျှော့ချသွားမှာဖြစ်တယ်လို့လဲ ပြောကြားလာခဲ့တာကြောင့် စျေးကွက်အတွင်း မသေချာမရေရာမှုတွေ ပိုမိုများပြားလာဖို့ရှိနေပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

ပိုက်ဆံက အရာရာမဟုတ်ပေမဲ့ အရာရာတိုင်းအတွက် ပိုက်ဆံလိုပါတယ်။ ပိုက်ဆံဆိုတာ မင်းကို "လွတ်လပ်ခွင့်" ပေးရုံတင်မကဘူး၊ ဘဝရဲ့ အခက...
20/01/2026

ပိုက်ဆံက အရာရာမဟုတ်ပေမဲ့ အရာရာတိုင်းအတွက် ပိုက်ဆံလိုပါတယ်။ ပိုက်ဆံဆိုတာ မင်းကို "လွတ်လပ်ခွင့်" ပေးရုံတင်မကဘူး၊ ဘဝရဲ့ အခက်အခဲတွေ၊ မုန်တိုင်းတွေကြားမှာ မင်းကို ကာကွယ်ပေးမယ့် "ဒိုင်းလွှတ်" လည်း ဖြစ်ပါတယ်။

မင်းတို့က "ပိုက်ဆံဆိုတာ အပြင်ပန်းပစ္စည်းပါကွာ၊ စိတ်ချမ်းသာဖို့က အဓိကပါ" လို့ ပြောနေသလား။ အဲဒါ ဗိုက်ဝနေတဲ့အချိန်မှာ ပြောရတာ သိပ်လွယ်တာပေါ့။ ဗိုက်ဆာလာတဲ့အခါ၊ မိဘနေမကောင်းလို့ ဆေးရုံတင်ရတဲ့အခါ၊ အိမ်လခမပေးနိုင်လို့ အိမ်ကဆင်းပေးရတဲ့အခါကျရင်တော့ အဲဒီ "စိတ်ချမ်းသာမှု" ဆိုတာ ဘယ်ရောက်သွားလဲ ရှာကြည့်လိုက်ဦး။

"မင်းက စစ်မြေပြင်ထဲ ရောက်နေတဲ့ စစ်သားတစ်ယောက်ပဲ ဆိုပါစို့။ ပိုက်ဆံဆိုတာ မင်းကို ကာကွယ်ပေးထားတဲ့ 'ဗုံးခိုကျင်း' နဲ့ တူတယ်။ ဗုံးတွေ ဝိုင်းကြဲနေတဲ့အချိန်မှာ 'ဗုံးခိုကျင်းက အဓိကမဟုတ်ပါဘူး၊ ငါ့ရဲ့ စိတ်ဓာတ်ကသာ အဓိကပါ' လို့ ပြောနေရင် မင်းကတော့ အလောင်းတောင် ရှာရမှာ မဟုတ်ဘူး။ ပိုက်ဆံရှိမှ မင်းရဲ့ သိက္ခာကို ကာကွယ်နိုင်မှာ၊ မင်းရဲ့ မိသားစုကို စောင့်ရှောက်နိုင်မှာ"။

တကယ်တမ်းက ပိုက်ဆံဆိုတာ "ရွေးချယ်ခွင့်" ပဲ။ ပိုက်ဆံရှိတဲ့သူက အလုပ်ထွက်ချင်ရင် ထွက်လို့ရတယ်၊ ခရီးသွားချင်ရင် သွားလို့ရတယ်၊ ဆေးကုချင်ရင် အကောင်းဆုံးနေရာမှာ ကုလို့ရတယ်။

ပိုက်ဆံမရှိတဲ့သူမှာတော့ "ရွေးချယ်ခွင့်" မရှိဘူး။ "ရတာနဲ့ တင်းတိမ်" ရတယ်။ သူများခိုင်းတာ လုပ်ရမယ်၊ သူများကျွေးတာ စားရမယ်၊ သူများပေးတဲ့ မျက်နှာငယ်မှုကို ခံရမယ်။ မင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို သေချာမကိုင်တွယ်တာဟာ မင်းရဲ့ "လွတ်လပ်ခွင့်" ကို သူများလက်ထဲ အပ်ထားတာနဲ့ အတူတူပဲ။

လောကမှာ အခက်အခဲဆိုတာ ခွင့်တောင်းပြီး လာတာမဟုတ်ဘူး။ ကားပျက်မယ်၊ အလုပ်ပြုတ်မယ်၊ ရောဂါရမယ်။ အဲဒီအချိန်မှာ ပိုက်ဆံရှိရင် အဲဒီဒုက္ခကို အမြန်ဆုံး ဖြေရှင်းလို့ရတယ်။

ပိုက်ဆံမရှိရင်တော့ အဲဒီဒုက္ခက မင်းကို တရွတ်တိုက် ဆွဲခေါ်သွားလိမ့်မယ်။ ပိုက်ဆံက ပြဿနာအားလုံးကို မဖြေရှင်းနိုင်ပေမဲ့၊ ပြဿနာတော်တော်များများကိုတော့ "ငွေနဲ့ ပေါက်" ပြီး ရှင်းပစ်လို့ ရတာ အမှန်တရားပဲ။

ပိုက်ဆံမရှိတဲ့အခါ လူတွေက မင်းကို နှိမ်မယ်၊ မင်းရဲ့ စကားကို နားမထောင်ဘူး၊ မင်းကို အထင်သေးမယ်။ အဲဒါကို "လောကကြီးက ရက်စက်လိုက်တာ" လို့ သွားမပြောနဲ့။ အဲဒါ လောကရဲ့ သဘာဝပဲ။

မင်းမှာ စီးပွားဥစ္စာ ခိုင်မာနေရင် ဘယ်သူမှ မင်းကို လာပြီး အလကား မစော်ကားရဲဘူး။ ပိုက်ဆံဆိုတာ မင်းရဲ့ "သိက္ခာ" ကို အပြင်ကနေ ရံထားပေးတဲ့ တံတိုင်းကြီးပဲ။

ဒါ့ကြောင့် ရှာနိုင်တုန်းမှာ ကြိုးစားရှာပါ။ ပျင်းနေရမယ့် အချိန်မဟုတ်တော့ဘူး ။ပီးရင် ရသမျှ အကုန်မသုံးနဲ့၊ "အရေးပေါ်ရန်ပုံငွေ" အမြဲထားပါ။ အဲဒါ မင်းရဲ့ အသက်ကယ်အင်္ကျီပဲ။ နောက်ဆုံးအနေနဲ့ကတော့ ပိုက်ဆံကို တန်ဖိုးထားပါ။ မင်းက တန်ဖိုးထားမှ၊ ပိုက်ဆံကလည်း မင်းဆီမှာ မြဲမှာ။

ပိုက်ဆံကို ဘုရားသခင်လို ကိုးကွယ်စရာ မလိုပါဘူး။ ဒါပေမဲ့ မင်းဘဝရဲ့ "ဒိုင်းလွှတ်" အဖြစ်တော့ သေချာပေါက် တည်ဆောက်ထားဖို့ လိုပါတယ်။

ပိုက်ဆံရှိရင် ဒုက္ခက မင်းကို လာပုတ်ခတ်ရုံပဲ ရှိမယ်။ ပိုက်ဆံမရှိရင်တော့ ဒုက္ခက မင်းကို "ဝါးမျို" သွားပါလိမ့်မယ် မိတ်ဆွေ။

အီရန်ပြဿနာ နဲ့ အတူ Fed ရဲ့ အကြပ်အတည်းတွေကြောင့် ကမ္ဘာ့ရွှေစျေး စံချိန်တင် မြင့်တက်လျှက်ရှိနေ——————————————————————————Ja...
13/01/2026

အီရန်ပြဿနာ နဲ့ အတူ Fed ရဲ့ အကြပ်အတည်းတွေကြောင့် ကမ္ဘာ့ရွှေစျေး စံချိန်တင် မြင့်တက်လျှက်ရှိနေ
——————————————————————————
January 13 ၊ 2026

ယနေ့ ကမ္ဘာကြီးမှာ အီရန်ပြဿနာ နဲ့ အတူ Federal Reserve အပေါ်မှာ နိုင်ငံရေးဖိအားတွေ ပိုမိုများပြားလာတယ်ဆိုတဲ့ အချက်တွေကြောင့် ယနေ့မနက်ခင်းစျေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေစျေးဟာ စမိုင်းတစ်လျှောက်အမြင့်ဆုံးစျေးတန်းနားမှာ ရှိနေတာကို တွေ့ရပါတယ်။

အီရန်နိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပြင်းထန်လာတာကြောင့် နိုင်ငံနှင့်အဝှမ်း မငြိမ်မသက်ဖြစ်နေပြီး စျေးကွက်ကိုလဲ ကြီးမားစွာသက်ရောက်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။

အမေရိကန်ကလဲ အခြေအနေတွေ ပိုမိုဆိုးရွားလာပါက အီရန်အစိုးရကို ဝင်ရောက်တိုက်ခိုက်မယ်လို့ သတိပေးထားတဲ့အတွက် Safe-haven assets ဖြစ်တဲ့ ရွှေကို စျေးကွက်အတွင်း ပိုမို ဝယ်ယူလာကြပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာလဲ နိုင်ငံရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့ကာ Fed ဥက္ကဌ Powell ကို ဦးတည်တိုက်ခိုက်မှုတွေပြုလုပ်လာခဲ့ကြတာဟာလဲ ရွှေစျေးမြင့်တက်လာခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာကို တွေ့ရပါတယ်။

လွှတ်တော်အတွင်း Powell ရဲ့ လျှောက်လဲချက်ကို ကြားနာလို့ အပြီးမှာတော့ Federal Reserve ရဲ့ အမှီအခိုကင်းလွတ်မှုကို မေးခွန်းထုတ်လာကြပြီး၊ ဒေါ်နယ်ထရမ့်တို့ အုပ်စုရဲ့ Federal Reserve အပေါ်မှာ လက်ဝါးကြီးအုပ်မဲ့ အကြံအစည်ကို Fed အဖွဲ့ဝင်အတော်များများက ဆန့်ကျင်လျှက်ရှိနေကြပါတယ်။

အဆိုပါ ဖြစ်ရပ်များဖြစ်ပွါးနေစဉ် စျေးကွက်အတွင်းမှာတော့ ကမ္ဘာ့ရွှေတန်ဖိုးဟာ ပြီးခဲ့တဲ့ စျေးကွက်အချိန်တုံးက တစ်အောင်စကို $4,629 အထိ စံချိန်တင်မြင့်တက်သွားခဲ့ပြီး၊ ယနေ့ မနက်မှာတော့ တစ်အောင်စကို $4,588 ဝန်းကျင်မှာ ရှိနေတာကို တွေ့ရပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကတော့ လက်ရှိမှာ ထွက်လာဖို့ရှိတဲ့ US CPI အညွှန်းကိန်း နဲ့ ငွေကြေးဖောင်းပွမှု အညွှန်းကိန်းတွေကို စောင့်မျှော်လျှက်ရှ်ိပြီး၊ ဒီအညွှန်းကိန်းတွေကနေတစ်ဆင့် နောက်လာမဲ့ Fed ရဲ့ ပေါ်လစီ ဆုံးဖြတ်ချက်ကို ခန့်မှန်းနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

အမေရိကန် အလုပ်အကိုင်အညွှန်းကိန်း မတိုင်ခင် ရွှေစျေး တည်ငြိမ်လျှက်ရှိနေ——————————————————————————January 9 ၊ 2026အမေရိကန်...
09/01/2026

အမေရိကန် အလုပ်အကိုင်အညွှန်းကိန်း မတိုင်ခင် ရွှေစျေး တည်ငြိမ်လျှက်ရှိနေ
——————————————————————————
January 9 ၊ 2026

အမေရိကန် အလုပ်အကိုင်အညွှန်းကိန်း မထွက်ခင် ယနေ့စျေးကွက် အတွင်းမှာတော့ ရွှေစျေးဟာ အလွန်အင်မတန် တည်ငြိမ်လျှက်ရှိတာကို တွေ့ရပါတယ်။ ယခုလို တည်ငြိမ်နေပေမဲ့ အမေရိကန်-ဗင်နီဇွဲလား ပြဿနာ ကြောင့် ရွှေဟာ သူ့လမ်းကြောင်း မှန်အတိုင်း တစ်ရွေ့ရွေ့နဲ့ အတက်စျေးတန်းကို မှန်မှန်ချီတက်လျှက်ရှိနေပါသေးတယ်။

အမေရိကန် စတော့စျေးကွက် ကျဆင်းနေတဲ့ အချိန်မှာ ရွှေစျေး တည်ငြိမ်လျှက်ရှိနေခြင်းဟာ အနည်းငယ် သတိထားစရာတော့ ဖြစ်နေပါတယ်။ ဒေါ်လာစျေး တစ်လအတွင်း အမြင့်ဆုံးအခြေအနေသို့ရောက်ရှိနေခြင်းဟာနိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် ရွှေဝယ်ယူရာမှာ အနဲငယ်အခက်အခဲ နဲ့ ကြုံနေရစေပါတယ်။

စျေးကွက်ကတော့ Non-farm Payroll အညွှန်းကိန်း ထွက်ပေါ်လာမဲ့ အချိန်ကို စောင့်ဆိုင်းနေကြပြီး Fed ရဲ့ အနာဂတ်ပေါ်လစီ ဘာတွေအပြောင်းအလဲ ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်နေကြပါတယ်။ 2026 ခုနှစ်အတွင်း အနဲဆုံး rate cut နှစ်ကြိမ်ဖြစ်မယ်လို့ စျေးကွက်အတွင်း မျှော်လင့်လျှက်ရှိကာ၊ လျော့ကျလာမဲ့ အညွှန်းကိန်းဟာ ရွှေအတက်စျေးသို့ ရောက်ရှိစေရန် ပိုမိုတွန်းတင် ပေးနိုင်မယ်လို့လဲ ယုံကြည်နေကြပါတယ်။

မြေပြင်နိုင်ငံရေး အခြေအနေတွေ ဆိုးရွားနေတာဟာလဲ ရွှေရဲ့ safe-haven ဝယ်လိုအားကို ပိုမို ခိုင်မာစေလျှက်ရှိနေပါတယ်။ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားမှာ စစ်ရေးဖော်ဆောင်မှုတွေ ဆက်လက်ပြုလုပ်မယ်လို့ ပြောထားပေမဲ့ လွှတ်တော်ကတော့ ပယ်ချခဲ့ပါတယ်။ ဒီပြဿနာတွေဟာလဲ ဒေါ်လာထက်စာရင် ရွှေကို ပိုမို ဝယ်ယူစုဆောင်းထားရန်အဓိက တိုက်တွန်းနေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

Trade နေရင်း Motivation တွေပျောက်ဆုံးသွားတာမျိုး ဖြစ်ဖူးကြတယ်ဟုတ် ?  😉ဒီလိုမျိုးအခြေအနေမျိုးမှာအကောင်းဆုံးကတော့ Discipli...
05/01/2026

Trade နေရင်း Motivation တွေပျောက်ဆုံးသွားတာမျိုး ဖြစ်ဖူးကြတယ်ဟုတ် ? 😉

ဒီလိုမျိုးအခြေအနေမျိုးမှာအကောင်းဆုံးကတော့ Discipline ကိုပြောင်းလဲအသုံးချခြင်းပါပဲ 🙌

Discipline ဆိုတာ ကိုယ်သတ်မှတ်ထားတဲ့

❝ စည်းကမ်း • နည်းစနစ် • တိုင်းတာချက် ❞ တွေကို ကိုယ့်စိတ် ၊ ကိုယ့်အာရုံအတိုင်းလိုက်မလုပ်ပဲ နည်းစနစ်ကျကျသွားပေးခြင်းကို ဆိုလိုပါတယ်။

Trading Discipline မှာဆိုရင်တော့

🎯 Setup ပြည့်မှသာ Entry ဝင်ခြင်း

🎯 SL/TP ကို တိတိကျကျထားခြင်း

🎯 Overtrade လုပ်ခြင်းကိုရှောင်ရှားပြီး သတ်မှတ်ထားတဲ့ Limit အတွင်းမှာပဲ Trade လုပ်ခြင်း

🎯 Risk (%) Control ရှိခြင်း

🎯 Feeling ကိုရှေ့တန်းမတင်ပဲ ကိုယ့်အစီအစဥ်တိုင်းပဲဆောင်ရွက်ခြင်း

🎯 Trading Journal ထားရှိခြင်း ဆိုတဲ့ နည်းစနစ်ကျကျသွားပေးခြင်းကို ကျင့်သုံးတာမျိုးပါ။

ဒီနည်းလမ်းအတိုင်းသွားမယ်ဆိုရင်က Motivation တွေပျောက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေရင်တောင်မှ Trading Journey က နည်းမှန်လမ်းမှန်နဲ့ဆက်သွားနေမှာဖြစ်တာကြောင့် …

🤩 Trade နေရင်း Motivation ပျောက်နေလား ? Discipline ကိုပြောင်းလဲအသုံးချကြည့်ပါ 🤩🙌
❝ D Prime Your Private Broker ❞

2026 ခုနှစ်အစကို အတက်စျေးတန်းနဲ့ ကြိုဆိုခဲ့တဲ့ ကမ္ဘာ့ရွှေစျေးကွက်——————————————————————————January 2 ၊ 20262026 ခုနှစ်ရဲ...
02/01/2026

2026 ခုနှစ်အစကို အတက်စျေးတန်းနဲ့ ကြိုဆိုခဲ့တဲ့ ကမ္ဘာ့ရွှေစျေးကွက်
——————————————————————————
January 2 ၊ 2026

2026 ခုနှစ်ရဲ့ ပထမဆုံးစျေးကွက်အချိန်အတွင်းမှာပဲ ရွှေတန်ဖိုးဟာ ထပ်မံမြင့်တက်သွားခဲ့ရပါတယ်။ အင်အားကျဆင်းလာတဲ့ ဒေါ်လာတန်ဖိုးနဲ့အတူ အတိုးနှုန်း ထပ်မံလျှော့ချမယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ ရွှေရဲ့ တန်ဖိုးကို ထပ်မံ မြင့်တက်စေလျှက်ရှိနေပါတယ်။

ယနေ့ မနက်ခင်းစျေးကွက်အတွင်းမှာတော့ Spot gold ဟာ 1.6% တန်ဖိုးမြင့်တက်ခဲ့ပြီး၊ US Gold Future တွေရဲ့ တန်ဖိုးကလဲ 1.2% ထပ်မံ မြင့်တက်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ရွှေတန်ဖိုးဟာ 2025 ခုနှစ် ကုန်ပိုင်းရက်သတ္တပတ်တွေအတွင်းမှာ အနည်းငယ် ကျဆင်းခဲ့တယ်ဆိုပေမဲ့၊ နှစ်သစ်ကူးအားလပ်ရက်အပြီး ပြန်ဖွင့်တဲ့စျေးကွက်မှာတော့ ဝယ်လိုအား ပိုမ်ိုများပြားလာတာကို တွေ့ခဲ့ရပါတယ်။

ဒေါ်လာတန်ဖိုးကျဆင်းလာတာကလဲ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရွှေအပေါ်မှာ ရင်းနှီးမြှုပ်နှံမှု ပိုမို ပြုလုပ်ရန်အတွက် တွန်းအားပေးသလို ဖြစ်နေခဲ့တာ တွေ့ရပါတယ်။ 2025 ခုနှစ် တစ်နှစ်လုံးမှာ ရွှေတန်ဖိုးအနေနဲ့ 60% လောက်အထိ မြင့်တက်ခဲ့ပြီး ဒါဟာ ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးလဲ ဖြစ်ခဲ့ပါတယ်။

မြေပြင်နိုင်ငံရေးအရှုပ်အထွေးများ၊ ဗဟိုဘဏ်များရဲ့ ရွှေဝယ်လိုအားနဲ့အတူ ကမ္ဘာ့စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းလာတဲ့ ပြဿနာတွေက ရွှေတန်ဖိုးကို ဆက်လက်မောင်းနှင်လျှက်ရှိနေပါတယ်။ စျေးကွက်သုတေသီတွေရဲ့ သုံးသပ်ချက်အရ ရွှေဟာ 2026 အစမှာလဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ တာထွက်လှ နိုင်တယ်လို့ သုံးသပ်သွားခဲ့ကြပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

ကမ္ဘာ့လုံခြုံရေး ပြဿနာ ဆိုးရွားလာတာနဲ့အတူ တန်ဖိုးကြီး သတ္ထုစျေးကွက် လိုက်လံမြင့်တက်လာခဲ့——————————————————————————Decemb...
26/12/2025

ကမ္ဘာ့လုံခြုံရေး ပြဿနာ ဆိုးရွားလာတာနဲ့အတူ တန်ဖိုးကြီး သတ္ထုစျေးကွက် လိုက်လံမြင့်တက်လာခဲ့
——————————————————————————
December 26 ၊ 2025

ကမ္ဘာ့နိုင်ငံရေးပဋိပက္ခများ မြင့်တက်လာခြင်းနဲ့အတူ တန်ဖိုးကျဆင်းလာတဲ့ ဒေါ်လာတို့ကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ရွှေ နှင့် ငွေ ကဲ့သို့သော assets များအပေါ် ပိုမို ရင်းနှီးမြှုပ်နှံလာကြပါတယ်။ ယခုလို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ယနေ့ စျေးကွက်အတွင်းမှာတော့ အဆိုပါ သတ္ထုများဟာ စံချိိန်တင်စျေးတန်းတစ်ခုဆီသို့ မြင့်တက်သွားခဲ့ရပါတယ်။

Spot gold တန်ဖိုးများဟာ တစ်အောင်စကို $4,506 စျေးတန်းဆီသို့ ပထမဆုံးအကြိမ်အဖြစ် မြင့်တက်သွားခဲ့ပြီး၊ US gold futures များရဲ့ တန်ဖိုးဟာလဲ တစ်အောင်စကို $4,537 ဆီသို့ မြင့်တက်သွားခဲ့ရပါတယ်။ ငွေ တန်ဖိုးဟာလဲ 4% မြင့်တက်သွားခဲ့ပြီး ယခုတစ်ပတ်အတွင်းမှာ 7% မြင့်တက်ခဲ့ကာ စွမ်းဆောင်ရည်ကောင်းများကို ပြသထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ကမ္ဘာ့နိုင်ငံရေး ပဋိပက္ခများ ပြင်းထန်လာတာဟာလဲ စျေးကွက်ကို အထောက်အပံ့ပေးလျှက်ရှိနေပြီး၊ ဒေါ်နယ်ထရမ့်ရဲ့ ဗင်နီဇွဲလားရေနံများအပေါ် ဖိအားပေး ပိတ်ဆို့မှုနဲ့အတူ US တပ်ဖွဲ့များဟာ နိုင်ဂျီးရီးယား နိုင်ငံအတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်မယ်ဆိုတဲ့ ဒေါ်နယ်ထရမ့် ရဲ့ စကားတွေကြောင့် ကမ္ဘာ့လုံခြုံရေးပြဿနာဟာ အတော်လေးကို စိုးရိမ်စရာ အနေအထားကို ရောက်ရှိနေခဲ့ပြီလဲ ဖြစ်ပါတယ်။

အင်အားကျဆင်းလာတဲ့ ဒေါ်လာတန်ဖိုးနဲ့အတူ တန်ဖိုးကျဆင်းနေတဲ့ ငွေတိုက်စာချုပ်တန်ဖိုးတွေကလဲ တန်ဖိုးကြီး သတ္ထုစျေးကွက်ကို အထောက်အပံ့ပေးလျှက်ရှိပါတယ်။ သုတေသီများရဲ့ အဆိုအရ သတ္ထုစျေးကွက်ဟာ လာမဲ့ နှစ်သစ်မှာလဲ ပိုမို အားကောင်း ခိုင်မာနေဦးမယ်လို့လဲ ထုတ်ဖော်ပြောကြားသွားခဲ့ကြပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

Federal Reserve အား ထရမ့်နဲ့ အပေါင်းအပါတွေ ခြယ်လှယ်မှာကို အားလုံးက စိုးရိမ်လျှက်ရှိနေ——————————————————————————December ...
25/12/2025

Federal Reserve အား ထရမ့်နဲ့ အပေါင်းအပါတွေ ခြယ်လှယ်မှာကို အားလုံးက စိုးရိမ်လျှက်ရှိနေ
——————————————————————————
December 24 ၊ 2025

လက်ရှိ Fed တာဝန်ရှိသူတွေဟာ အတိုးနှုန်းလျှော့ချရာမှာ နှေးကွေးလေးလံနေတာကို တွေ့ရတယ်လို့ Fed ဥက္ကဌရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သူ Kevin Hassett က ဝေဖန်ပြောဆိုလိုက်ပါတယ်။ တစ်ခြားသော ဗဟိုဘဏ်တွေဟာ အတိုးနှုန်း အပြိုင်အဆိုင် လျှော့ချလျှက်ရှိနေတာကြောင့် အဆိုပါ နိုင်ငံတွေနဲ့ ယှဉ်ရင် US စီးပွါးရေးဟာ အနောက်မှာ ကျန်ခဲ့ပြီ ဖြစ်တယ်လို့လဲ သူက ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ US ရဲ့ GDP ဟာ တတိယလပတ်မှာတော့ 4.3% ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပညာရှင်များရဲ့ ခန့်မှန်းချက်ဖြစ်တဲ့ 3.2% ထက်တော့ အတော်လေး အားကောင်းလျှက်ရှိတာကို တွေ့မြင်ရတယ်လို့ သူကဆိုပါတယ်။

Hassett ရဲ့ အဆိုအရ အဆိုပါ GDP ဖွံ့ဖြိုးမှုထဲက 1.5% ဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခွန်နှုန်းတွေကြောင့် ဖြစ်ပြီး၊ အဆိုပါ အခွန်နှုန်းတွေကြောင့် ကုန်သွယ်ရေး လိုငွေပမာဏ ကို လျှော့ချနိုင်ခဲ့တာဖြစ်ကြောင်းကိုလဲ Hassett က ပြောကြားသွားခဲ့ပါတယ်။

Fed အနေနဲ့ ပြီးခဲ့တဲ့ December 10 အစည်းအဝေးမှာတုံးက အတိုးနှုန်းကို ယခုနှစ်အတွင်း တတိယအကြိမ်မြောက်အဖြစ် 25bps လျှော့ချခဲ့ပြီး နောက်ထပ် အတိုးနှုန်းလျှော့ချမှုတွေ ထပ်မံပြုလုပ်ဦးမယ်လို့လဲ နှပ်ကြောင်းပေးသွားခဲ့ပါတယ်။

ထရမ့်ကလဲ Fed ဥက္ကဌကို အတိုးနှုန်းလျှော့ချရာမှာ နှေးကွေးနေတဲ့ အတွက် အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး၊ မကြာခင်အချိန်အတွင်းမှာ အတိုးနှုန်းလျှော့ချမှုကို လိုလားတဲ့ ဥက္ကဌသစ်တစ်ဦးကို တင်မြှောက်မယ်လို့လဲ ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ Hassett တစ်ယောက် Fed ဥက္ကဌ ဖြစ်လာမှာကို အားလုံးက စိုးရိမ်နေကြပြီး၊ သူ့လက်ထဲမှာ Fed ရဲ့ အမှီအခိုကင်းလွတ်မှု ပျောက်ဆုံးသွားမှာ နဲ့အတူ လူထုထောက်ခံမှုလဲ မရှိတာကြောင့် Fed အနေနဲ့ မီဒီယာတွေရဲ့ သားကောင်ဖြစ်သွားပြီး စီးပွါးရေးအညွှန်းကိန်းတွေအပေါ် ရိုက်ခတ်မှု ကြီးမားလိမ့်မယ်လို့လဲ ပညာရှင်တွေက ထောက်ပြထားပါတယ်။

❝ယုံကြည်စိတ်ချစွာ Trade ပါ ! DPM Myanmar မှာ❞

"D Prime Your Private Broker"

𝐑𝐢𝐬𝐤 𝐖𝐚𝐫𝐧𝐢𝐧𝐠:
𝐅𝐨𝐫𝐞𝐱 𝐭𝐫𝐚𝐝𝐢𝐧𝐠 𝐢𝐧𝐯𝐨𝐥𝐯𝐞𝐬 𝐡𝐢𝐠𝐡 𝐫𝐢𝐬𝐤 𝐚𝐧𝐝 𝐦𝐚𝐲 𝐫𝐞𝐬𝐮𝐥𝐭 𝐢𝐧 𝐥𝐨𝐬𝐢𝐧𝐠 𝐲𝐨𝐮𝐫 𝐞𝐧𝐭𝐢𝐫𝐞 𝐢𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭. 𝐋𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐜𝐚𝐧 𝐚𝐦𝐩𝐥𝐢𝐟𝐲 𝐥𝐨𝐬𝐬𝐞𝐬. 𝐄𝐧𝐬𝐮𝐫𝐞 𝐲𝐨𝐮 𝐮𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝 𝐭𝐡𝐞 𝐫𝐢𝐬𝐤𝐬 𝐛𝐞𝐟𝐨𝐫𝐞 𝐭𝐫𝐚𝐝𝐢𝐧𝐠.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Trading With MZ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share