29/09/2026
လတ်တလော ဖြစ်ပေါ်နေသော မုန်တိုင်းအခြေအနေကြောင့် အချို့ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်း လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျှက်ရှိပါတယ်။ 🌧️
ဒီလိုမဖြစ်ခင် ကြိုတင်သတိပြုခြင်းက ဖြစ်ပေါ်လာမယ့် သဘာဝဘေးအန္တရာယ်ကို လျှော့ချပေးနိင်ပါတယ်။ဒီလို အခြေအနေတွေမှာ ကိုယ့်အိမ်၊ ကိုယ့်ပစ္စည်းတွေထက် မိမိနဲ့ မိသားစုရဲ့ လုံခြုံရေးကို အရင်ဆုံး ဦးစားပေးဖို့ကလည်း အရေးကြီးပါတယ်။ အချိန်နှင့် တပြေးညီ ရာသီဥတုအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်လေ့လာပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများ ကိုလည်း ပြုလုပ်ထားသင့်ပါတယ်။🌧️
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် မိမိအာမခံထားတဲ့ကားမှာ ရေဝင်ခြင်း၊ ပျက်စီးခြင်းတွေ ဖြစ်ခဲ့ရင် အရင်ဆုံး ကားကို စက်နှိုးပြီး မောင်းနှင်ဖို့ မကြိုးစားဘဲ FVS Corporate Insurance ကို အကြောင်းကြားပေးပါ။
စက်ရုံ၊ လုပ်ငန်းခွင်၊ အဆောက်အဦနဲ့ စက်ပစ္စည်းကိရိယာတွေကို အာမခံထားရှိထားပြီး ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ရင် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မှတ်တမ်းတင်ထားပြီး အာမခံ company ကို အမြန်ဆုံး အကြောင်းကြားနိုင်ပါတယ်။
အခက်အခဲတွေကြားမှာ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေရဲ့ လုံခြုံမှုက အရေးကြီးဆုံးပါ။ 💙
ဒီလိုခက်ခဲတဲ့အချိန်တွေကို အားလုံးအတူတူ ကျော်လွှားနိုင်ဖို့ FVS Corporate Insurance က လူကြီးမင်းတို့ လိုအပ်တဲ့အချိန်တိုင်း အမြဲအတူရှိနေပါတယ်။
အာမခံနဲ့ ပတ်သက်ပြီး အကူအညီလိုအပ်တာ ဒါမှမဟုတ် အသေးစိတ်သိရှိချင်တာရှိပါက Hotline number 09 77 100 1122 ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင်။