TT Vintage Coin Shop

TT Vintage Coin Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TT Vintage Coin Shop, Currency exchange, Yangon.

Qatar 174 coins package-24000MMKကာတာနိုင်ငံသုံးအကြွေစေ့ ၁၇၄ခု-၂၄၀၀၀ကျပ် ဒီနေ့မှာတော့ကာတာနိုင်ငံသုံးအကြွေစေ့တွေရောင်းပေးသ...
14/09/2023

Qatar 174 coins package-24000MMK
ကာတာနိုင်ငံသုံးအကြွေစေ့ ၁၇၄ခု-၂၄၀၀၀ကျပ်

ဒီနေ့မှာတော့ကာတာနိုင်ငံသုံးအကြွေစေ့တွေရောင်းပေးသွားမှာဖြစ်ပါတယ်ရှင့်။
ဒီတခေါက်မှာတော့ တခုချင်းမဟုတ်ဘဲ အစုလိုက်ရောင်းပေးသွားမှာ ဖြစ်ပါတယ်ရှင့်။
ပါဝင်မဲ့အကြွေစေ့တွေကတော့
1) 50 dirhams coin(1973-1998) ၃ခု
2) 50 dirhams coin(2000-2003)၉ခု
3)50 dirhams coin(2016-2020)၅၈ခု
4)25 dirhams coin(1973-1998) ၂ခု
5)25 dirhams coin(2000-2003)၆၂ခု
6)25 dirhams coin(2016-2020)၃၇ခု
7)5 dirhams coin(2000-2006) ၃ခု တို့ဖြစ်ပါတယ်ရှင့်။
တကယ့်တန်ဖိုးက 32550ကျပ် ရှိပေမဲ့ ပြန်လည်ရောင်းချချင်သူတို့တွေအဆင်ပြေဖို့ 24000ကျပ်နဲ့သာ ရောင်းချပေးထားတာဖြစ်ပါတယ်ရှင့်။အသေးစိတ်ကိုတော့ပုံထောက်ဖတ်ကြည့်လို့ရပါတယ်ရှင့်။

အရက်နှစ်ဒီဇင်ဘာတုန်းကတည်းက ပညာရေးအတွက် အာရုံစိုက်စရာတွေများလာလို့ ကျွန်မတို့ဆိုင်လေးကိုယာယီပိတ်ခဲ့ရပါတယ်ရှင့်။ခုတော့ ပညာ...
07/09/2023

အရက်နှစ်ဒီဇင်ဘာတုန်းကတည်းက ပညာရေးအတွက် အာရုံစိုက်စရာတွေများလာလို့ ကျွန်မတို့ဆိုင်လေးကိုယာယီပိတ်ခဲ့ရပါတယ်ရှင့်။
ခုတော့ ပညာရေးတာဝန်တွေ ခေတ္တဝန်ပေါ့နေတုန်း TT Vintage Coinကနေ နိုင်ငံတကာအကြွေစေ့တွေနဲ့ ပတ်သက်တဲ့ knowledgeတွေကို sharing လုပ်ရင်း ပြန်လည်ရောင်းချပေးတော့မှာ ဖြစ်ကြောင်း သတင်းပါးအပ်ပါတယ်ရှင့်။
လာအားပေးကြဖို့လည်းမျှော်လင့်ပါတယ်ရှင့်။

 ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ Republic of Czech 🇨🇿 ရဲ့ coin လေးတွေပါ နောက်ကြောဘက်မှာ အချုပ်အခြာအာဏာကို ကိုယ်စားပြုတဲ့ ခြင်္သ...
27/12/2022


ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ Republic of Czech 🇨🇿 ရဲ့ coin လေးတွေပါ နောက်ကြောဘက်မှာ အချုပ်အခြာအာဏာကို ကိုယ်စားပြုတဲ့ ခြင်္သေ့ပုံပါပါတယ် အရှေ့ဘက်မှာတော့ ငွေတန်ဖိုးနဲ့ သရဖူပုံ/ Church ပုံပါပါတယ်ရှင့်
Brno ကတော့ coin ကို ထုတ်ဝေခဲ့တဲ့ မြို့နာမည်ပါအသေးစိတ်ကို ပုံအောက်မှာကြည့်နိုင်ပါတယ်

 nepal 2 rupees (2006-2009)=6000mmk🇳🇵🇳🇵🇳🇵ဒီအကြွေစေ့လေးကို နီပေါနိုင်ငံမှာဘုရင် Gyanendra Bir Bikram Shahအုပ်ချုပ်စဥ်က ထု...
25/12/2022


nepal 2 rupees (2006-2009)=6000mmk🇳🇵🇳🇵🇳🇵
ဒီအကြွေစေ့လေးကို နီပေါနိုင်ငံမှာဘုရင် Gyanendra Bir Bikram Shahအုပ်ချုပ်စဥ်က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်ရှင့်။
၂၀၀၆ကနေ ၂၀၀၉ထိ ၃နှစ်တာလောက်ဘဲ ထုတ်လုပ်ခဲ့တာဖြစ်တာကြောင့် တခြားအကြွေစေ့တွေနဲ့ ယှဥ်ရင် ကျန်ရှိတဲ့ အကြွေစေ့ပမာဏ နည်းနေပြီ လို့ပြောလို့ရပါတယ်ရှင့်။
ဒီcoinကို ကြေးနီ နဲ့ steel ရောပြီး ထုတ်လုပ်ထားတာ
ဖြစ်ပြီး အရှေ့မှာ ဧဝရတ်တောင်ပုံနဲ့ အနောက်မှာ လယ်ထွန်နေတဲ့ပုံတို့ကို ထွန်းထုထားတာဖြစ်ပါတယ်ရှင့်။

 ပြင်သစ်နိုင်ငံ 🇫🇷  1 Franc Coin ပါရှင့်1968 နဲ့ 1999 ၂ ခုရပါမယ်အရင်တုန်းကတော့ ပြင်သစ်က coin တွေကို silver နဲ့ထုတ်ခဲ့ပေမ...
20/12/2022


ပြင်သစ်နိုင်ငံ 🇫🇷 1 Franc Coin ပါရှင့်
1968 နဲ့ 1999 ၂ ခုရပါမယ်
အရင်တုန်းကတော့ ပြင်သစ်က coin တွေကို silver နဲ့ထုတ်ခဲ့ပေမယ် ၁၉၄၀ နောက်ပိုင်းမှာတော့ silver နဲ့ ထုတ်လုပ်ခြင်းမရှိတော့ပါဘူးရှင့်

Price: 5000ကျပ် by 1

  အီသီယိုပီးယား 🇪🇹 10 Santeem coin လေးရောင်းပါမယ်ရှင့်ခေါင်းဘက်မှာ သမင်ပုံနဲ့ ငွေတန်ဖိုး 10 Santeem လို့ရေးထားပါတယ် နောက...
16/12/2022


အီသီယိုပီးယား 🇪🇹 10 Santeem coin လေးရောင်းပါမယ်ရှင့်
ခေါင်းဘက်မှာ သမင်ပုံနဲ့ ငွေတန်ဖိုး 10 Santeem လို့ရေးထားပါတယ် နောက်ကြောမှာတော့ Ethiopia နိုင်ငံကိုယ်စားပြု ခြင်္သေ့ပုံနဲ့ ထုတ်ဝေတဲ့ခုနှစ်ရေးထားပါတယ် 1996 ကစတင်ပြီး ထုတ်ဝေခဲ့တဲ့ coin တွေပါ steel နဲ့ အဓိကလုပ်ထားတာပါ
magnetic ဖြစ်ပါတယ်
4000 ကျပ်

 ယောက်ျားကြီးတယောက် သေနတ်ကိုင်မြင်းစီးနေတဲ့ပုံလေး ထွင်းထားတဲ့ ဒီ coin လေးကတော့ မြောက်အာဖရိက က နိုင်ငံတစ်ခုဖြစ်တဲ့ Libya ...
09/12/2022


ယောက်ျားကြီးတယောက် သေနတ်ကိုင်မြင်းစီးနေတဲ့ပုံလေး ထွင်းထားတဲ့ ဒီ coin လေးကတော့ မြောက်အာဖရိက က နိုင်ငံတစ်ခုဖြစ်တဲ့ Libya 🇱🇾 နိုင်ငံရဲ့ half dinar အကြွေစိလေးဖြစ်ပါတယ်။ လှလည်းလှတယ် ဒီဘက်မှာ ရှားလဲရှားပါတယ်။ မင်မင့်ဆီမှာတောင် ၂ခုပဲရှိတာ တခု ထုတ်ရောင်းတာ။ 1977 ကနေစပြီး 2011 ခုနှစ်အထိ အသုံးပြုခဲ့တဲ့ coin လေးပါ။

၆၀၀၀ နဲ့ ရောင်းပါမယ်ရှင့်

 တရုတ် coin လေးတွေ set လိုက်ကို ၆၀၀၀ နဲ့ယူပါရှင့်1 yuan coin ၆ ခု1981 2 fen coin ၁ ခု1991 က ထုတ်တဲ့ 1 yuan coin ၁ ခု1 Ji...
09/12/2022


တရုတ် coin လေးတွေ set လိုက်ကို ၆၀၀၀ နဲ့ယူပါရှင့်

1 yuan coin ၆ ခု
1981 2 fen coin ၁ ခု
1991 က ထုတ်တဲ့ 1 yuan coin ၁ ခု
1 Jiao coin ၁ ခု

 အာရပ်နိုင်ငံ တစ်ခုဖြစ်တဲ့ Kuwait နိုင်ငံရဲ့ 1961 နောက်ပိုင်းမှာ ထွက်ရှိခဲ့တဲ့ 100 fils coin ပါ မျက်နှာဘက်မှာရေးထားတဲ့ (...
06/12/2022


အာရပ်နိုင်ငံ တစ်ခုဖြစ်တဲ့ Kuwait နိုင်ငံရဲ့ 1961 နောက်ပိုင်းမှာ ထွက်ရှိခဲ့တဲ့ 100 fils coin ပါ မျက်နှာဘက်မှာရေးထားတဲ့ (1••) က 100 ကို ရည်ညွှန်းတာဖြစ်ပါတယ်
နောက်က လှေပုံကတော့ ဟိုးအရင်က Kuwait ရဲ့ အဓိက စီးပွါးရေးလုပ်ငန်းတွေက ပုလဲထုတ် ငါးဖမ်းတဲ့လုပ်ငန်းတွေ ဖြစ်လို့ လှေကို ကိုယ်စားပြုထည့်ထားတာပါ

ဒါလေးကို ၄၀၀၀ ကျပ်နဲ့ ရောင်းပါမယ်ရှင့်

Philippines Coins လေးတွေ set လိုက်ကို ၅၀၀၀ ပါရှင့် အသေးစိတ်ကို ပုံတစ်ပုံချင်းစီအောက်မှာ ဖတ်ရှုနိုင်ပါတယ်
06/12/2022

Philippines Coins လေးတွေ set လိုက်ကို ၅၀၀၀ ပါရှင့် အသေးစိတ်ကို ပုံတစ်ပုံချင်းစီအောက်မှာ ဖတ်ရှုနိုင်ပါတယ်

ဒီနေ့ UK coins လေးတွေရောင်းပါမယ်ရှင့်အသေးစိတ်ကို ပုံအောက်မှာဖတ်ရှုနိုင်ပါတယ်
04/12/2022

ဒီနေ့ UK coins လေးတွေရောင်းပါမယ်ရှင့်
အသေးစိတ်ကို ပုံအောက်မှာဖတ်ရှုနိုင်ပါတယ်

အီဂျစ်နိုင်ငံက ဒင်္ဂါးပြားလေးတွေပါရှင့်(ဆိုင်ဖွင့်ဖွင့်ချင်းမို့ 6000 တန်ဝယ်ရင် Qatar နိုင်ငံက coin တစ် coin လက်ဆောင်ထည်...
03/12/2022

အီဂျစ်နိုင်ငံက ဒင်္ဂါးပြားလေးတွေပါရှင့်
(ဆိုင်ဖွင့်ဖွင့်ချင်းမို့ 6000 တန်ဝယ်ရင် Qatar နိုင်ငံက coin တစ် coin လက်ဆောင်ထည့်ပေးပါမယ်)

1341-1323 BC လောက်က အုပ်ချုပ်ခဲ့တဲ့ ဘုရင် Tutankhamun ရဲ့ ရုပ်ပုံနဲ့ coin လေးကို ၂၀၀၅ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ် အခုလက်ရှိထိ အီဂျစ်မှာ သုံးလို့ရပါသေးတယ်။ သူ့တန်ဖိုးက ၁ pound ပါ။ အီဂျစ်ကို သွားမယ်ဆိုရင်တော့ အဲ့လို coin တွေအများကြီး တွေ့ရဦးမှာပါ။ အီဂျစ်ကို သွားဖို့အစီအစဉ်မရှိဘူး ဒါပေမယ့် နိုင်ငံပေါင်းစုံက ဒင်္ဂါးပြားတွေ စုချင်တယ်ဆိုရင်တော့ မှာယူနိုင်ပါတယ်ရှင့်

အီဂျစ်ဘုရင်မ Cleopatra ရဲ့ပုံနဲ့ coin လေးက ၂၀၀၅ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ coin လေးပါ ၂၀၂၁ ခုနှစ်အထိ အသုံးပြုခဲ့ပြီး အခုလက်ရှိမှာတော့ ဆက်သုံးခွင့်မရှိတော့ပါဘူး တန်ဖိုးကတော့ ၁ pound ရဲ့တစ်ဝက်ပါ (p.s. မြန်မာငွေနဲ့ဆို ၄၀ ကျပ် ဝန်းကျင်ပဲ တန်ဖိုးရှိပါတယ်။ အမှတ်တရ အနေနဲ့ သိမ်းထားချင်တယ်ဆိုမှ ယူပါနော်)

>> eBay တို့ Amazon တို့ Alibaba တို့မှာ ဒီအီဂျစ် coins တွေကို $7, $8 ဝန်းကျင်နဲ့ ရောင်းနေကြတာတွေ့ပါတယ်ရှင့်

Price:
အပြစ်အနာအဆာမရှိ ပုံမပျက်တဲ့ coin လေးတွေက တခုကို ၆၀၀၀ ကျပ်
ပုံနဲနဲပျက်နေတဲ့ coins လေးတွေက တခုကို ၄၀၀၀ ကျပ်
သံချီးကိုက်နေတဲ့ coins လေးတွေက တခုကို ၁၀၀၀ ကျပ်နဲ့ မှာယူနိုင်ပါတယ်ရှင့်

၁၂၀၀၀ အထက် deli free ပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when TT Vintage Coin Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share