ABLE Partners

ABLE Partners ABLE Partners is as the Good Samaritan to take caring the people in life.

17/11/2022

လယ်မြေပဲဝယ်ဝယ်၊ လယ်ယာမြေပဲ ဝယ်ဝယ် အဆင့် (၁၀) ဆင့်လိုအပ်ကြောင်းဖော်ပြပေးပါမယ်။

ဆရာ – ဥယျာဉ်ခြံမြေ တစ်ကွက်ဝယ်တာ အဆင့် (၁၀)ဆင့်တောင် လိုသလား? ကျွန်တော့်ဘကြီးတွေ ဝယ်ကြရောင်းကြတာတော့ အရပ်စာချုပ် တစ်စောင်ပါပဲ ဆရာရယ်။
ကျွန်တော်ကတော့ ယုံချင်လည်းယုံ၊ မယုံလည်းပုံပြင်မှတ်ကြပါ၊ ကျွန်တော်ကတော့ (၁၀)ဆင့်ကို စနစ်တကျ သင်မှာပါ၊ ခင်ဗျားတို့က “ဟုတ်ပါပြီဗျာ” လို့ (၁၀)ခါပြောဖို့သာ ပြင်ထားပါ။
အဆင့် (၁) – ပုံစံ(၇) မြေစာရင်းရုံးမှာ အရင်စစ်
ဥပမာ – ဦးဖြူဆိုတဲ့သူ ပိုင်တဲ့ ဥယျာဉ်ခြံမြေတစ်ကွက်ကို ရောင်းချင်တယ်၊ ပုံစံ(၇)လည်းပြတယ်၊ မိတ္တူလည်း ပေးလိုက်သေးတယ်၊ လယ်ယာမြေ ၅ ဒသမ ၅ ဧကတဲ့၊ ရှင်းလိုက်တာဆိုပြီး ဝယ်ခဲ့တယ်။ စရန်ပေးပြီး သုံးရက်လောက်ကြာမှ မြေစာရင်းရုံးမှာ မေးစမ်းကြည့်တော့ –
ဦးဖြူအမည်ပေါက်တော့ မှန်ပါတယ်၊ ဦးဖြူဆုံးသွားတာကြောင့် သားကြီး ကိုနီက သူပိုင်တယ်ဆိုပြီး လိုက်ရောင်းနေတာ၊ သားအငယ်နဲ့ သမီးတို.က မြေစာရင်းရုံးမှာ ကန့်ကွက်ထားကြတယ်တဲ့ဗျာ။ ပြီးတော့အကျယ်အဝန်းကလည်း ၅ ဒသမ ၅ ဧကမဟုတ်ဘူး၊ ၅ ဒသမ ဝ ဧကတဲ့ ဒီမြေကွက်က နည်းနည်းရှုပ်နေပါတယ်ဗျာလို့ သိလိုက်ရတယ်။
ကဲ – စရန်ကလည်း တန်ဖိုးရဲ့ လေးပုံတစ်ပုံလောက် ချလိုက်ပြီးပြီးတဲ့၊ ဘယ်လိုလုပ်ကြမလဲဗျာ။
ကျွန်တော် ပြောသလို “ပုံစံ(၇) မြေစာရင်းရုံးမှာ အရင်စစ်” ဆိုတာလေးကို မလုပ်ခဲ့ရင် ပြဿနာဖြစ်လာမှ ရှင်းရတာခက်ပါတယ်။ ခင်ဗျားတို့ထက်နည်းနည်းစောတဲ့ သင်တန်းသားတစ်ယောက်လည်း တစ်ပုံစံတည်း မှားခဲ့ဖူးပြီး၊ သိန်း ၄၅၀ကို “တရားမ” ကြောင်းက ပြန်တောင်းနေရတာရှိခဲ့ပါတယ်၊ နာမည်တော့ မပြောတော့ပါဘူး။
မြေစာရင်းရုံးက OK (သို့) Clear (သို့) ဝယ်လို့ရပါတယ်ဆိုတဲ့အဖြေကို ပုံစံစာရွက်နဲ့ ပြန်ဖြေမှာလေဗျာ။ ဒီလောက်စနစ်ကောင်းတွေရှိနေတဲ့အချိန်မှာ ဘာကြောင့် “အမှား” ကို ရအောင် ယူကြမှာတုန်း “ပုံစံ(၇) မြေစာရင်းရုံးမှာ အရင်စစ်” ပေါ့ဗျာ။
အဆင့် (၂) – အော်ပုံစံ (၇)မြင်မှ စရန်ချ
စရန်ချမည့်နေ့လည်း ရောက်ရော၊ ပုံစံ(၇)(လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်) က ဓာတ်ပုံမိတ္တူ (Photo Stat) ပဲပြပြီး စရန်လက်ခံရင် ငွေမချေပါနဲ့။ မူရင်းပုံစံ(၇)၊ (အော်ပုံစံ) ကို မမြင်ရဘူးဆိုရင် အဲဒီမူရင်းပုံစံ(၇)ကို ပေါင်းထားတာလည်းဖြစ်နိုင်သလို၊ ရောင်းထားတာလည်း ဖြစ်နိုင်ပါတယ်ဗျာ (အခု – ပိုင်ရှင်တွေဆိုတာက၊ ရွာမှာနေကြတာမဟုတ်ဘူးနော်၊ အရောင်းအဝယ်လုပ်ခါနီးမှ “ပရာဒို” ကြီးနဲ့ မြေကွက်ရှိရာ အရပ်ကို ရောက်လာတာ၊ မြို့ကြီးပေါ်မှာ နေကြတာ များပါတယ်ဗျာ။
အဆင့် (၃) – ရပ်/ကျေးဥက္ကဋ္ဌကို အသိပေးပါတော့
အဲဒီလို အစစအဆင်ပြေလို့ ဥယျာဉ်ခြံမြေအတွက် စရန်ချပြီးပြီဆိုရင် ရပ်/ကျေးဥက္ကဋ္ဌကို အသိပေးပါတော့(အဝင်အထွက် လုပ်ပါတော့)။ ရပ်/ကျေးဥက္ကဋ္ဌဆီကနေ သတင်းတွေအများကြီး ရနိုင်ပါတယ်။ “ဆရာ ရပ်/ကျေးဥက္ကဌကို စရန်ပေးပြီးမှ အသိပေးတာထက် စောစောက မေးပြီး ဝယ်ကြပြုကြရင် မကောင်းပါလားဆရာရယ်” လို့ သင်တန်းသားတစ်ဦးက ပြောလာပါတယ်။
ခင်ဗျားပြောတာ ဟုတ်သင့်သလောက်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ “ခင်ဗျားမိန်းကလေးတစ်ယောက်ကိုတကယ်ကြိုက်ပြီဆိုရင် သူ့မိဘညီအစ်ကို မောင်နှမတွေအားလုံးကို အသိပေးပြီးမှ ချစ်ခွင့်ပန်မှာလား။ ရည်းစားစကားပြော၊ ကြိုက်ကြပြေလည်ကြပြီးမှ မိဘနဲ့ အသိုင်းအဝိုင်းတွေကို အသိပေးသင့်တယ်လေ။မဟုတ်လို့တော့ “လွဲပြန်ပြီ တစ်ခါ” ပဲပေါ့။
ကျွန်တော်က လက်တွေ့မို့ သင်နေတာပါ။ တကယ်လို့များ သက်ဆိုင်ရာ လူကြီးကို အသိပေးပြီးမှ မြေဝယ်တယ်ဆိုရင် အဲဒီလူကြီးရဲ့သမက်က “မြေပွဲစား”၊ သားက “မြေဝယ်ရောင်း”၊ ညီဝမ်းကွဲတို့က ပွဲစားတို့ရဲ့သတင်းပေး၊ အိုဗျာ အစုံအစုံ ဖြစ်နိုင်စရာရှိလို့ “ဒီတစ်ဆင့်ကိုတော့ စွန်စားရပါတယ်၊ မဟုတ်ရင် ခင်ဗျားကို “အခြားမြေကွက်” က ပိုကောင်းတယ်လို့ အဖျက်တွေ ပေါ်လာမှာပါ။ (ကိုယ်တွေ့ပါ ခင်ဗျာ)
ရပ်/ကျေးဥက္ကဋ္ဌ ဆိုတာက ရှေ့ဆက်ကြရမယ့် အဆင့်ဆင့်တွေမှာ ပတ်သက်ရဦးမှာမို့ ချန်ထားလို့မရပါဘူးခင်ဗျာ။ အဆင့်(၃) ရောက်ရင် အသိသာ ပေးလိုက်ပါတော့။ ခင်ဗျားတို့ လယ်ယာမြေကို “အခြားနည်းသုံးခွင့်” လျှောက်ကြမယ်ဆိုရင် ရပ်ကျေးဥက္ကဋ္ဌက စပြီး ထောက်ခံမှရမယ်ဆိုတာကိုလည်း သတိရှိကြပါ။
အဆင့် (၄) – မြေစာရင်းပုံစံ (၁၀၅)
စရန်က ပေးပြီးပြီလို့ ငွေပြေပေးဖို့လည်း လိုပါတယ်။ ငွေပြေမပေးခင်မှာ မူလ “လယ်ယာမြေ” ပိုင်ရှင်
“ရောင်းသူ” က မြေစာရင်းပုံစံ(၁၀၅)ကို မြို့နယ်မြေစာရင်းဦးစီးဌာနကနေ အဆင်သင့် တောင်းထားပြီး ဖြစ်နေရပါမယ်။
ပုံစံ(၁၀၅)ဆိုတိုင်း မပြီးပါဘူးနော်။ အဲဒီ(၁၀၅)ပုံစံရဲ့ ရေးကူးပေးသည့် အကြောင်းအရာဆိုတဲ့ အကွက်မှာ “အရောင်းအဝယ် ပြုလုပ်ရန်အတွက်သာ”ဆိုတဲ့ မှတ်ချက် ပါရပါမယ်။ ဒါမှသာ မြို့နယ်မြေစာရင်းရုံးမှာ အရောင်းအဝယ်စာချုပ် ရေးသားချုပ်ဆိုလို့ ရမှာပါ၊ အဲဒါ လျှို့ဝှက်ချက်ပါပဲ၊ အခြားသောကိစ္စ၊ အခြားသောအကြောင်းအရာတွေနဲ့ ထုတ်ယူထားတဲ့ မြေစာရင်းပုံစံ (၁၀၅) ကို အရောင်းအဝယ်ချုပ်ဆိုတဲ့နေရာမှာ သုံးလို့မရပါဘူးခင်ဗျာ။
သေချာမသိရင်(၂)ခါ(၃)ခါပြန်ပြီး အလုပ်ရှုပ်ကြရပါတယ်၊ ကျွန်တော် ဒီကနေ့ သင်ထားတဲ့မှတ်စုကို ကိုင်ပြီး တစ်ချက်ချင်းသာ ရွှေ့သွားကြပါ။ အားလုံးဟာ လွယ်ပါတယ်၊ ပျော်စရာကြီးပါ။
တကယ်တော့ မြေစာရင်းပုံစံ (၁၀၅) အကြောင်းပြောပြရင်း သူ့ရဲ့အစ်ကိုတော် မြေစာရင်းပုံစံ (၁၀၆) ဆိုတာလည်း ရှိသေးတယ်။ ပုံစံ(၁၀၆)ဆိုတာက “လယ်ယာမြေ” ရဲ့ မြေရာဇဝင် ဖြစ်ပါတယ်။ ကျွန်တော် သိသလောက်တော့ ပုံစံ(၁၀၆) ကို အသုံးပြုကြတာ နည်းပါတယ်။ (ဒါပေမဲ့ သိထားရုံတော့ ပြောရမှာပါ။) ပုံစံ(၁၀၆) ကို “မြေရာဇဝင် (သို့မဟုတ်) ဦးပိုင်တစ်ခု၏ရာဇဝင်” လို့ ခေါ်ပါတယ်။
အဆင့် (၅) – အထူးကိုယ်စားလှယ် လွှဲစာ
ငွေကျေ/ငွေပြေပေးချေတဲ့နေ့မှာ ဒုတိယ အရေးတကြီးရရှိဖို့ကတော့ မူလအမည်ပေါက်သူက လွှဲအပ်ပေးမယ့် SP ပါပဲ။ အထူးကိုယ်စားလှယ်လွှဲစာလို့ ခေါ်ပါတယ်။ ဒါပေမဲ့ SP လို့ ပိုပြီးသိကြပါတယ်။
သင်တန်းသားတစ်ယောက်က ဖြည့်ပြီး မေးလာပြန်ပါတယ်။ SP က ဘာလုပ်ဖို့တုန်းဆရာရဲ့ တဲ့။ ဘာလုပ်ဖို့တုန်းလို့တော့ မပြောပါနဲ့ဗျာ။ နယ်ဘက်မှာ “လယ်ယာမြေ” ရောင်းချတဲ့သူတွေရဲ့အများစုက ရောင်းရငွေ၊ ငွေပြေငွေကျေရရင် မြို့ပေါ်တက်သွားကြ၊ တိုက်ခန်းငှားနေ ကားဝယ်စီးကြတာ များပါတယ်ဗျာ။
မြို့နယ်မြေစာရင်းရုံးမှာ တကယ်စာချုပ်ချုပ်ကြတယ်ဆိုတဲ့ နေ့မှာ လယ်ပိုင်ရှင်ကို ဘယ်လိုက်ရှာရမှန်းမသိလို့ အခက်ကြုံကြတဲ့သူတွေ အများကြီးပါဗျာ၊ အဲဒီအချိန်ကျတော့ လက်မှတ်လာထိုးပေးရမယ့် မူရင်းအမည်ပေါက်မြေပိုင်ရှင်က ဟိုကိစ္စ၊ ဒီကိစ္စအမျိုးမျိုး အကြောင်းပြကြပါလေရောဗျာ။
ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ – ၅၅ မှာတော့ မူလမြေပိုင်ရှင်မှာ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်၊ ဒါပေမဲ့ လက်တွေ့မှာ ဟိုရှောင် ၊ ဒီရှောင် လုပ်တတ်ကြတယ်။ ငွေ ၄သိန်း ၊ ၅သိန်း ထပ်တောင်းတတ်ကြတယ်။
ဒါကြောင့် ငွေပြေမချေခင်မှာ ရောင်းချတဲ့ မူလမြေပိုင်ရှင်က လက်မှတ်ရေးထိုးပေးထားတဲ့ SP ကိုလည်းသက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံးမှာ မှတ်ပုံတင်ပြီးသား ဖြစ်နေရပါမယ်။
အဆင့် (၆) – ပုံစံ (၇) နဲ့ဆက်စပ်သည့် မူရင်းစာရွက်စာတမ်းများ
ငွေပြေငွေကျေပေးချေတဲ့နေမှာ ဝယ်သူ ရယူရမယ့် အရေးကြီးတစ်ခုကတော့ ပုံစံ(၇)မူရင်းနှင့် အခြား အဆက်အစပ်ရှိတဲ့မူရင်း စာရွက်တွေဖြစ်ပါတယ်။
တချို့ “လယ်ယာမြေ” တွေက ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ရှေ့တစ်ဆင့်မှာ ပိုင်ဆိုင်သူဖြစ်လာရတဲ့ အကြောင်းရင်းတွေက မတူကြပါဘူး။ အချို့တွေမှာက တရားရုံးအနိုင်ဒီဂရီ၊ တချို့တွေမှာက သူများထံက ဝယ်ယူထားခဲ့တဲ့ဆက်စပ်စာချုပ်၊ အချို့မြေတွေမှာတော့ ကျမ်းကျိန်လွှာကြောင့် ပိုင်ရှင်အမည်ပေါက် ဖြစ်လာကြတာက စလို့ပေါ့ဗျာ။ ဆက်စပ်မှုတွေမှာ အမျိုးမျိုးရှိတတ်ပါတယ်၊ တစ်မျိုးမျိုးရှိခဲ့ရင် အဲဒီဆက်စပ်မှုတွေရဲ့ မူရင်းစာရွက်စာတမ်းတွေကိုလည်း ငွေပြေချေတဲ့နေ့မှာ တစ်ခါတည်း တစ်ပါတည်းတောင်းယူရမှာ ဖြစ်ပါတယ်။
(ငွေပြေချေတဲ့နေ့မှာ တောင်းမထားခဲ့ရင် နောင် ဘယ်တော့မှ တောင်းလို့ရတော့မှာ မဟုတ်ပါဘူး)
အဆင့် (၇) – “လယ်ယာမြေ” ကွက်ကိုလည်း လက်ရောက် ရယူပါ
တချို့လယ်ယာမြေ ဝယ်ယူသူတွေက ငွေပြေချေတဲ့အချိန်မှာ ကျန်တာတွေ အကုန်စနစ်ကျပြီး မြေကွက်ကို စနစ်တကျ လက်ရောက်ရယူဖို့ မေ့နေတတ်ကြပါတယ်၊ (၁၀)ရက်ကြာမှ သွားကြည့်တတ်ကြတယ်။
တကယ်လို့ ကျူးကျော်တဲတစ်လုံး အခိုင်အမာ ရှိနေပြီတဲ့ဗျာ၊ ဘယ်လိုလုပ်ကြမလဲ။ ရိုက်ပုတ်ပြီး နှင်ထုတ်မှာလား၊ ရိုက်မှုက သက်သက်ဖြစ်မှာပါ။ မီးရှို့မှာလား၊ ဆွဲဖျက်မှာလား (ကိုယ့်မှာ လုပ်ပိုင်ခွင့်မရှိပါဘူးဗျာ)
ဒီတော့ ငွေပြေချေတဲ့နေ့မှာ မူလပိုင်ရှင်က “ဒါကတော့ နောင်ကြီးတို့ကို လွှဲပေးရမယ့်မြေပါဗျာ” ဆိုပြီး မြေကွက်ရဲ့ ဟိုဘက်အစွန်း၊ ဒီဘက်အစွန်း၊ ကိုယ်တတ်သလောက်၊ မှတ်သလောက်၊ လက်လှမ်းမီသလောက်၊ စစ်ဆေးမေးမြန်းပြီး ပေးတဲ့သူက ပေးလို့၊ လက်ခံတဲ့သူကလည်း လက်ခံလို့ လုပ်ကြရပါတယ် (လက်ရောက်ရယူတယ်လို့ ခေါ်ပါတယ်)
တကယ်လို့ ဒီလိုလက်ရောက်ရယူရမှာကို အားနာလို့၊ အကြောင်းကြောင်းကြောင့် မလုပ်မိခဲ့ကြရင်နောက်နောင်မှသိရတဲ့ ကိစ္စတွေကို ဖြေရှင်းရတာမလွယ်ပါဘူးဗျာ။ ဒီတော့ ငွေပြေငွေကျေချေတဲ့နေ့မှာ အဆင့်(၄)ဖြစ်တဲ့ ၁၀၅၊ အဆင့်(၅)ဖြစ်တဲ့ SP၊ အဆင့်(၆)ဖြစ်တဲ့ ပုံစံမူရင်း၊ အဆင့်(၇)ဖြစ်တဲ့ လယ်ယာကွက်တို့(၄)မျိုးကို လက်ရောက်ရယူဖို့ မမေ့ကြပါနဲ့၊ နောင်မှဆိုတဲ့စကားကို မသုံးကြပါနဲ့ဗျာ။
အဆင့် (၈) – တန်ဖိုးလျော့ချုပ်တဲ့ စာချုပ်က တစ်စောင်
ပြောတော့သာ “လယ်ယာမြေ” ဝယ်တာ။ တစ်ဧကတန်ဖိုးက သိန်းရာကျော်တယ်၊ ဆယ်ဧကကို သိန်းထောင်ကျော်တယ်၊ တန်ဖိုးရဲ့ ၅% က တံဆိပ်ခေါင်းခွန် ကပ်မှသာ မြို့နယ်မြေစာရင်းမှာ စာချုပ်ချုပ်ရမှာမို့ နည်းနည်းတော့ သက်သာချင်ကြတာပေါ့။
ဒီတော့ တကယ်ဝယ်တဲ့တန်ဖိုးထက် နည်းတဲ့တန်ဖိုးနဲ့ “လျော့ချုပ်တဲ့စာချုပ်” တစ်စောင်လုပ်ကြရပါတယ်။ ဆရာ စာချုပ်ကို အရောင်း/အဝယ် တန်ဖိုးလျော့ချုပ်ကြရင် အပြစ်ရှိတယ်မဟုတ်လားဆရာ။
ရှိတာပေါ့ဗျာ။ အပြစ်ပေးမယ်သာဆိုရင် စာချုပ်စာတမ်း အတုပြုလုပ်မှု( ပြစ်မှု-၁၉၃) ရယ်၊ မြေဝယ်ယူရာမှာ မမှန်မကန် ပြုလုပ်တဲ့အတွက် “မရွှေ့၊ လွှဲပြောင်းကန့်သတ်-၁၃” အရရယ်၊ စွဲချက်တွေအများကြီးရှိနိုင်ပါတယ်။
ဒါပေမဲ့လည်း လိမ်မှန်းသိလျက်နဲ့ ခွင့်လွှတ်ထားတာ “တန်ဖိုးလျော့စာချုပ်” တစ်ခုပဲ ရှိတယ်လို့ ပြောလို့ရပါတယ်၊ ဒါကလည်း ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ / ရာဖြတ်ရှိနေလို့ ဒီအဖွဲ့ကို ကျော်ပြီး လိမ်လို့မရမှန်း သိလို့နေမှာပါ။ တန်ဖိုးလျော့ချုပ်ပြီး ရာဖြတ်တင်လို့ ပြဿနာဖြစ်တယ်ဆိုတာ ကျွန်တော်တော့ တစ်ခါမှမကြားဖူးပါဘူး။ ဒါပေမဲ့ ရာဖြတ်က ဆုံးဖြတ်ခဲ့တဲ့ တန်ဖိုးနဲ့သာ တံဆိပ်ခေါင်းခွန်/အမြတ်တော်ခွန်တို့ဆောင်ထားကြရင် ပြီးတာပါပဲ။
ဒါတွေ ထားပါဦးတော့။ အဲဒီလျော့ချုပ်တဲ့ စာချုပ်ကလည်း မလုပ်လို့မရပါဘူးခင်ဗျာ၊ သက်ဆိုင်ရာ ရာဖြတ်က စံနှုန်းတွေနဲ့ ပြန်ပြင်ပေးမှာပါ။
အဆင့် (၉) – တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ကြေး
မြို့နယ်မြေစာရင်းဦးစီးဌာနမှာ စာချုပ်ကြီး ချုပ်ဆိုဖို့၊ အခွန်တော်တံဆိပ်ခေါင်းတွေ ဝယ်ရပါ့မယ်၊ “ရာဖြတ်”က ကန့်သတ်ပေးလိုက်တဲ့ တန်ဖိုးနှင့်သာ ဝယ်ယူဖို့ မြို့နယ်မြေစာရင်းက စီစဉ်ပေးမှာပါ။ အဲဒီရာဖြတ်က ဖြတ်ပေးတဲ့မြေတန်ဖိုးရဲ့ ဝ.၂ % နဲ့တွက်ပြီး “စာချုပ်စာတမ်း မှတ်ပုံတင်ကြေး”ရယ်လို့လည်း ပေးဆောင်ရပါသေးတယ်၊ ဒီတန်ဖိုးကိုတော့ တံဆိပ်ခေါင်း (သို့မဟုတ်) ဖြတ်ပိုင်းစာရွက်နဲ့ ပေးသွင်းကြရပါတယ်။
အဲဒီလို အခွန်တော်တံဆိပ်ခေါင်းတွေနဲ့ မှတ်ပုံတင်ကြေးတွေ ပေးဆောင်ပြီးမှ မြို့နယ်မြေစာရင်းဦးစီးဌာနမှာ “လယ်ယာမြေ” အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့ရတော့မှာပါ။ “SP” သာ ယူမထားခဲ့ရင် လက်မှတ်ရေးထိုးဖို့ အမည်ပေါက်မြေပိုင်ရှင် လိုအပ်သွားနိုင်ပါတယ်။
အဆင့် (၁၀) – အမည်ပြောင်းလို့ ရပါပြီ
ရှေ့မှာ ဆရာပြောတဲ့ အဆင့်(၉)ဆင့်ပြီးသွားမှသာ မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ဝယ်သူရဲ့နာမည်ပေါက် လျှောက်လို့ ရပါတယ်။
ပထမဆုံး “လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားရန်အတွက်” ပုံစံ(၁၀၅)ကို ဝယ်သူနာမည်နဲ့ ထုတ်ယူရပါတယ်။ ပုံစံ(၁၀၅)ရပြီးမှ ပုံစံ(၇)မှာ နာမည်သစ်၊ ပိုင်ရှင်သစ်နဲ့ ပြန်ပြီး လျှောက်ထား ထုတ်ယူရပါတယ်၊ ရှေ့က အဆင့်ဆင့်ပြည့်စုံခဲ့ရင် အမည်ပြောင်းတဲ့ကိစ္စက မြို့နယ်မြေစာရင်းရုံးမှာတင် ပြီးပါတယ်၊
ဒါပေမဲ့ ဆရာပြောခဲ့သလို ဒီကိစ္စမှာ ရပ်/ကျေးဥက္ကဋ္ဌ လက်မှတ်ကတော့ လိုလာပြန်ပါပြီ။
(ဆရာကြီး ဦးကြည်စိုး IC (အိမ်ဘုရင်)
ကူးယူဖော်ပြပါသည််။

မူကြိုအတန်းမှ ၅ တန်းအထိကျောင်းသုံးဖတ်စာအုပ်များကိုဖုန်း တက်ပလက် နှင့် ကွန်ပျူတာတို့တွင်စာအုပ်ဖတ်ရသကဲ့သို့ ဖတ်စာအုပ်များက...
21/10/2020

မူကြိုအတန်းမှ ၅ တန်းအထိ
ကျောင်းသုံးဖတ်စာအုပ်များကို
ဖုန်း တက်ပလက် နှင့် ကွန်ပျူတာတို့တွင်
စာအုပ်ဖတ်ရသကဲ့သို့ ဖတ်စာအုပ်များကို
အခမဲ့ အသုံးပြုနိုင်ပါသည်

ကလေးငယ်ကိုယ်တိုင် စိတ်ကြိုက်
လေ့လာသင်ယူနိုင်သလို
ဆရာ ဆရာမများလည်း
လက်စွဲစာအုပ်များအဖြစ်
အသုံးပြုနိုင်ပါသည်

ablelife discover and reach your full potential on Abundant Life Myanmar. - Self Learning - Skills Sharing - Education - Sharing Experiences - Abundant Life Myanmar

11/09/2020
13/08/2020
11/08/2020

လူကြီးမင်းတို့၏ကားများကို
၂၄ နာရီစောင့်ကြည့်ပေးနေရုံ
သာမက ဘယ်မှာရောက်နေလဲ
စက်နိုးထားလား စက်ရပ်ထားလား
အချိန်တိုင်း ချက်ချင်းမသိချင်ဘူးလား

ကားနှင့်ပါတ်သက်တဲ့စာရွက်စာတမ်းတွေ
အရေးကြီးအချက်အလက်တွေကို
တစ်နေရာထဲမှာ စုပြီး သိမ်းထားနိုင်ရုံ
သာမက သက်တမ်းတိုးရမယ့်နေ့တွေ
အသစ်ပြန်လုပ်ရမယ်အချိန်တွေကို
သူ့အလိုအလျောက်သတိပေးမယ့်
အထောက်အကူ မလိုချင်ဘူးလား

လူကြီးမင်းရဲ့ကားကို အခြားသူတစ်ယောက်က
မောင်းနေတယ်ဆိုရင် သူ့ကို သွားစေချင်တဲ့လမ်း
ရောက်စေချင်တဲ့နေရာ ကို အချိန်အတိအကျ
အဝင် အထွက် အတိအကျ လုပ်နိုင်ရုံသာမက
မသွားစေချင်တဲ့နေရာ သွားခဲ့မယ်
မရပ်စေချင်တဲ့နေရာတွေမှာ ရပ်ခဲ့မယ်ဆိုရင်
အချက်အလက်တွေနဲ့ သတိပေးမယ့်
ဖော်ပြပေးမယ် စီမံခန့်ခွဲပေးမယ်အရာကို
မလိုချင်ဘူးလား

လူကြီးမင်း၏ကားနဲ့ပါတ်သက်လို့
ကိုယ်ပိုင်အတွက်သုံးသည်ဖြစ်စေ
ကားလုပ်ငန်းအတွက် သုံးသည်ဖြစ်စေ
အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေမယ့်
a b l e မော်တော်ယာဥ်စီမံခန့်ခွဲ​ရေး
ဝန်ဆောင်မှုလုပ်ငန်းကကြိုဆိုပါတယ်

အသေးစိတ်စုံစမ်းရန်
#09404423237
#09799900473

23/07/2020

Buy New upgrade TV Aerial Indoor Amplified Digital HDTV Antenna Support HD 4K 1080P DVB-T Freeview TV Broadcast Long Range TV Antenna Booster HDTV Amplifier Signal Booster at Wish - Shopping Made Fun

22/07/2020
28/06/2020

#သင်သည်အင်္ဂလိပ်ဘာသာစကားကိုစတင်လေ့လာ
လိုပါသလား။ အင်္ဂလိပ်ဝေါဟာရမှစ၍အသံထွက်
သဒ္ဒါနှင့်သင်ယူခြင်းဆိုင်ရာအကြံဥာဏ်များနှင့်…
ထို့ထက်ပိုသည်မှာသင်၏အင်္ဂလိပ်အဆင့်သည်
ဘယ်သောအခါမှထပ်တူထပ်မျှရှိတော့မည်
မဟုတ်ချေ။

#အင်္ဂလိပ်စကားပြောစွမ်းရည်တိုးတက်စေရန်
#သင်လိုအပ်သောစကားလုံးများနှင့်စကားစုများကို
လေ့လာပြီးအင်္ဂလိပ်ဘာသာစကားပြောသူနှင့်
#စကားပြောနိုင်မည်ဖြစ်သည်။

သင်၏နားထောင်ခြင်းနှင့်
စကားပြောစွမ်းရည်များကို
တိုးတက်အောင်ပြုလုပ်ပေးပါမည်။

#သင်အင်္ဂလိပ်စာလေ့လာဖို့
ဆုံးဖြတ်လိုက်တယ်ဆိုရင်

#အခြေခံမှစအင်္ဂလိပ်စာကိုသင်ယူနိုင်
× သူငယ်တန်းမှဘွဲ့ရအထိအရွယ်မရွေးပါ
× ပညာအရည်အချင်းရှိအနည်းအများမဆို
× လူမျိုးမရွေး ဘာသာမရွေး

#အိမ်ကနေဘယ်မှသွားစရာမလိုသင်ယူနိုင်
× အွန်လိုင်းကနေသင်ပါမည်
× ဘယ်မှာနေနေ ဘယ်လောက်ဝေးဝေး
× ZOOM, SKYPE, FACEBOOK ဖြင့်သင်ပါသည်

#သင်တန်းကြေးကိုခွဲဝေပေးနိုင်
× တစ်ဦးတည်းသီးသန့်သင်တန်းကြေး (၁၅၀၀၀၀)
× (၃) ကြိမ်သင်တန်းကြေးခွဲပေးနိုင် (၅၀၀၀၀ စီ)
× သင်တန်းကြေးသည်တစ်သက်တာဖြစ်သည်

#အင်္ဂလိပ်ဘာသာစကား ကို
#မတတ်မချင်းသင်ပေးမည်

Address

Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959404423237

Website

Alerts

Be the first to know and let us send you an email when ABLE Partners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ABLE Partners:

Share