MHMarkets Myanmar

MHMarkets Myanmar MHMarkets is a professional online trading broker, providing faster trading services.

MHMarkets PTY LIMITED is an authorized company of MGF CAPITAL PTY LTD (AR No. 168 652 542) and holds an Australian Financial Services License (AFSL No 455388) issued by the Australian Securities and Investments Commission (ASIC), Vanuatu Financial Services Commission (VFSC) (AR No. 40306), MWALI International Services Authority (MISA) (License Number - T2023217)

💡 He who knows when he can fight and when he cannot will be victorious.📝 By Sun Tzu‘MHMarkets Myanmar’‘One-stop Global F...
12/11/2023

💡 He who knows when he can fight and when he cannot will be victorious.

📝 By Sun Tzu

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

🪔 (၂၀၂၃)ခုနှစ်၊ နိုဝင်ဘာ (၁၂) ရက်၊ ဒီကနေ့ဟာ ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဒေဝါလီနေ့ (ခေါ်) ဒီပဝါလီနေ့ ဖြစ်ပြီး ကောင်...
11/11/2023

🪔 (၂၀၂၃)ခုနှစ်၊ နိုဝင်ဘာ (၁၂) ရက်၊ ဒီကနေ့ဟာ ဟိန္ဒူဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဒေဝါလီနေ့ (ခေါ်) ဒီပဝါလီနေ့ ဖြစ်ပြီး ကောင်းမှု "အလင်း" က မကောင်းမှု "အမှောင်" တွေကို အနိုင်ရတဲ့ အဓိပ္ပါယ်အဖြစ် ဆီမီးတွေထွန်းညှိကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။

💡 အခုလိုမျိုး ဒေဝါလီနေ့ မီးထွန်းပွဲတော်အခါသမယမှာ ဟိန္ဒူဘာသာဝင်မိတ်ဆွေများနဲ့အတူ (၇) ရက်သားသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာနဲ့ လင်းလက်တောက်ပတဲ့ ရွှေရောင်အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ကျွန်တော်တို့ MHMarekts Myanmar မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

သင် သိပါသလား…❓🌎 Leverage ဆိုတာ Broker ကုမ္ပဏီဘက်ကနေ ပေးတဲ့စံနှုန်းတစ်ခုဖြစ်ပြီး ကိုယ်ရောင်းဝယ်နိုင်တာထက် ကျော်လွန်တဲ့ပမာ...
11/11/2023

သင် သိပါသလား…❓

🌎 Leverage ဆိုတာ Broker ကုမ္ပဏီဘက်ကနေ ပေးတဲ့စံနှုန်းတစ်ခုဖြစ်ပြီး ကိုယ်ရောင်းဝယ်နိုင်တာထက် ကျော်လွန်တဲ့ပမာဏကို Trade လုပ်ချင်တဲ့အခါ Leverage (ဆတိုးအား) ကို အသုံးပြုရပါတယ်။

📌 Leverage ယူတဲ့အခါမှာ 1:100 ကနေစလို့ အမျိုးမျိုးယူနိုင်ပေမယ့် ယူလိုက်တဲ့ Leverage ပမာဏနည်းသွားရင် Margin တင်တာ များသွားမှာဖြစ်လို့ စစချင်း Trade မယ့်သူတွေအတွက် အဆင်မပြေသလို၊ Leverage များများယူလိုက်ရင်လည်း Risk ပိုများသွားပြီး Loss ဖြစ်ဖို့ ပိုလွယ်ကူနိုင်တာကို သတိပြုသင့်ပါတယ်။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

⁉ ဒီတစ်ပတ် Friday Quiz မှာတော့ ပုံမှာပြထားတဲ့ Trading ဝေါဟာရစာလုံးထဲက ကွက်လပ်တွေကို ဖြည့်ပြီး ဘာစာလုံး ဖြစ်မလဲဆိုတာကို ခ...
10/11/2023

⁉ ဒီတစ်ပတ် Friday Quiz မှာတော့ ပုံမှာပြထားတဲ့ Trading ဝေါဟာရစာလုံးထဲက ကွက်လပ်တွေကို ဖြည့်ပြီး ဘာစာလုံး ဖြစ်မလဲဆိုတာကို ခန့်မှန်းဖြေဆိုပေးရမှာပါခင်ဗျာ။

💁🏼‍♂️ MHMarkets ကနေ အပတ်စဉ် သောကြာနေ့တိုင်း လုပ်ပေးနေတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ Friday Quiz အစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

🏦 နိုဝင်ဘာလ (၁၀) ရက်တွင် ဩစတြေးလျနိုင်ငံ ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာရေးမူဝါဒအရ -📌 ငွေကြေးဖောင်းပွမှုသည် ကာလရှည်ကြာစွ...
10/11/2023

🏦 နိုဝင်ဘာလ (၁၀) ရက်တွင် ဩစတြေးလျနိုင်ငံ ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာရေးမူဝါဒအရ -

📌 ငွေကြေးဖောင်းပွမှုသည် ကာလရှည်ကြာစွာ ဆက်လက်မြင့်တက်နေဦးမည်ဟု ခန့်မှန်းထားသည့်အတွက် နိုဝင်ဘာလတွင် အတိုးနှုန်းမြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊
📌 ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုအား သတ်မှတ်စံနှုန်း ၂% သို့ ရောက်သွားရန်သာ အာရုံစိုက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊
📌 ဒေတာရလဒ်၊ ကဏ္ဍအဖက်ဖက်မှ ပဋိပက္ခများပေါ် မူတည်၍ ၎င်းတို့၏မူဝါဒကို ထပ်မံတင်းကြပ်သွားနိုင်ကြောင်း၊

✨ လက်ရှိအခြေအနေအရ ငွေကြေးဖောင်းပွမှုသည် ခန့်မှန်းထားသည်ထက် အုတ်မြစ်တွယ်လွန်းနေပြီး စီးပွားရေးကဏ္ဍမှာ အားကောင်းလျက်ရှိကြောင်း၊
✨ ပြည်တွင်း၊ ပြည်ပအခြေအနေများကြောင့် ငွေကြေးဖောင်းပွမှုကို ထပ်မံမြင့်တက်လာစေနိုင်ပြီး ပြည်သူများ၏ ဝင်ငွေများလည်း ကျဆင်းလျက်ရှိကြောင်း၊
✨ ငွေကြေးဖောင်းပွမှုသည် (၂၀၂၃) ခုနှစ်တွင် ၄.၅% ၊ (၂၀၂၄) ခုနှစ်တွင် ၃.၂၅% ၊ (၂၀၂၅) ခုနှစ် ၃.၀% အထိ ရောက်သွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း ပါဝင်ခဲ့ပါသည်။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

💼 နိုဝင်ဘာလ (၉) ရက်တွင် ကျင်းပခဲ့သည့် အမေရိကန်နိုင်ငံ IMF Conference အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဌ Powell ကိုယ်တိုင်တက်ရောက...
10/11/2023

💼 နိုဝင်ဘာလ (၉) ရက်တွင် ကျင်းပခဲ့သည့် အမေရိကန်နိုင်ငံ IMF Conference အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဌ Powell ကိုယ်တိုင်တက်ရောက်ပြီး မိန့်ခွန်းထုတ်ပြန်သွားခဲ့ပါသည်။

✨ စီးပွားရေးကဏ္ဍ၏ အတိုးနှုန်းမြှင့်တင်မှုဒဏ်ကို ကောင်းစွာ ကြံ့ကြံ့ခံနိုင်မှုအပေါ် ဗဟိုဘဏ်မှ ဂရုတစိုက် စောင့်ကြည့်သွားရဦးမည်ဖြစ်ကြောင်း၊
✨ ငွေတိုက်စာချုပ်ဆိုင်ရာ အတိုးနှုန်းမြင့်တက်နေခြင်းသည် ဘဏ္ဍာရေးမူဝါဒတင်းကြပ်မှု၏ အကျိုးဆက်ဖြစ်သည်ဟု အတိအကျပြောရန်မှာ ခက်ခဲကြောင်း၊
✨ ဗဟိုဘဏ်မှ ၎င်းငွေတိုက်စာချုပ်ဆိုင်ရာ အတိုးနှုန်းမြင့်တက်နေမှုပြဿနာကို လျစ်လျူမရှုသည့်တိုင်အောင် ယခုအတွက် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်သွားမည်မဟုတ်သေးကြောင်း၊
✨ ဗဟိုဘဏ်အတွက် အတိုးနှုန်းမြှင့်တင်ရန် လိုအပ်သော်လည်း နောင်အစည်းအဝေးများတွင် မူဝါဒဆုံးဖြတ်ချက်များကို စနစ်တကျ ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း၊

📌 ကဏ္ဍအဖက်ဖက်သည် ဘဏ္ဍာရေးတင်းကြပ်မှုအရှိန်ကို ခံနိုင်စွမ်းရှိသည်ဆိုပါက ၎င်းတို့အနေဖြင့် အတိုးနှုန်းထပ်မံတိုးမြှင့်ရန် တွန့်ဆုတ်သွားမည်မဟုတ်ကြောင်း၊
📌 ငွေကြေးဖောင်းပွမှု သတ်မှတ်စံနှုန်းသို့ ရောက်သွားစေရန်အတွက် လက်ရှိမူဝါဒ အခြေအနေသည် လုံလောက်စွာ တင်းကြပ်နေသည့် အခြေအနေသို့ မရောက်သေးကြောင်း၊
📌 တင်းကြပ်ဆဲဖြစ်သည့် လုပ်သားစျေးကွက်သည် ဟန်ချက်ပိုမိုထိန်းညှိနိုင်ပြီး နောက်ပိုင်းသုံးလပတ်များတွင် ပြည်တွင်းစီးပွားရေးတိုးတက်မှု (GDP) ကို အသင့်အတင့်ဖြစ်သွားစေရန် မျှော်မှန်းထားကြောင်း၊
📌 စီးပွားရေးအားကောင်းမှုကြောင့် ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေးလုပ်ဆောင်ချက် နှောင့်နှေးသွားပါက ဘဏ္ဍာရေးမူဝါဒကို ပိုမိုတင်းကြပ်သွားရမည်ဖြစ်ကြောင်း မိန့်ခွန်းထုတ်ပြန်သွားခဲ့ပါသည်။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

10/11/2023

ဒီနေ့ (10.11.2023) ရက်စွဲမှာ ထွက်ရှိမယ့် ကမ္ဘာ့စီးပွားရေးဒေတာတွေကတော့

📍USD Fed Chair Powell Speech
📍CHF SNB Moser Speech
📍AUD RBA Monetary Policy Statement
📍GBP Goods Trade Balance
📍GBP GDP & GDP Growth Rate
📍EUR ECB President Lagarde Speech
📍USD Fed Logan Speech
📍USD Fed Bostic Speech
📍USD Michigan Consumer Sentiment

🗂️ Trader တိုင်း မဖြစ်မနေစောင့်ကြည့်သင့်တဲ့ Forex Market နဲ့ ကမ္ဘာ့စီးပွားရေး အရေးကြီးဒေတာတွေ၊ သတင်းတွေကို ကျွန်တော်တို့ MHMarkets Myanmar မှ နေ့စဉ် အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးသွားမှာဖြစ်လို့ ပုံမှန်စောင့်ကြည့်လေ့လာနိုင်ပါတယ်ခင်ဗျာ။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

✨ နိုဝင်ဘာလ (၈) ရက်တွင် ထွက်ရှိခဲ့သည့် အမေရိကန်နိုင်ငံ ဗဟိုဘဏ်၏ ဘဏ္ဍာရေးမူဝါဒများနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်အဖွဲ့ဝင် Bowman ...
09/11/2023

✨ နိုဝင်ဘာလ (၈) ရက်တွင် ထွက်ရှိခဲ့သည့် အမေရိကန်နိုင်ငံ ဗဟိုဘဏ်၏ ဘဏ္ဍာရေးမူဝါဒများနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်အဖွဲ့ဝင် Bowman မှ -

💵 စက်တင်ဘာလမှ စတင်၍ ဗဟိုဘဏ်၏ အတိုးနှုန်းထားနှင့် ဘဏ္ဍာရေးမူဝါဒများကို ထပ်မံတင်းကြပ်ထားရှိကြောင်း၊
💵 မူဝါဒတင်းကြပ်မှု အဆုံးသတ်ရန် အချိန်ကြာမြင့်နိုင်သေးပြီး ၎င်းတင်းကြပ်မှု၏ စီးပွားရေးအပေါ် လှုပ်ခတ်သက်ရောက်မှုအရှိန်ကို မသိနိုင်သေးကြောင်း၊
💵 ငွေကြေးဖောင်းပွမှု မြင့်တက်နေသေးသဖြင့် အနာဂတ်အစည်းအဝေးများတွင် အတိုးနှုန်းထားများ မြှင့်တင်ရန်ဆုံးဖြတ်ချက်ကို ၎င်းမှထောက်ခံရန် အလေးသာကြောင်း၊
💵 လုပ်သားလိုအပ်မှုနှင့် အလုပ်အကိုင်လျှောက်ထားမှုတို့အကြား ပိုမိုဟန်ချက်ညီလာပြီဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါသည်။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

💼 မကြာသေးမီက အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာရေးမူဝါဒအပေါ် ဗဟိုဘဏ်အဖွဲ့ဝင် Harker မှ -✨ နောက်ဆုံးကျင်းပခဲ...
09/11/2023

💼 မကြာသေးမီက အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာရေးမူဝါဒအပေါ် ဗဟိုဘဏ်အဖွဲ့ဝင် Harker မှ -

✨ နောက်ဆုံးကျင်းပခဲ့သည့် ပြည်ထောင်စုစျေးကွက်ကော်မတီ (FOMC) အစည်းအဝေးတွင် အတိုးနှုန်းမြှင့်တင်မှုအား ရပ်တန့်ရန် ထောက်ခံခဲ့ကြောင်း၊
✨ ဗဟိုဘဏ်အနေဖြင့် ယာယီအတိုးနှုန်းလျှော့ချမှုများ ပြုလုပ်သွားမည်မဟုတ်ဘဲ ကာလရှည်ကြာစွာ မြင့်တက်နေသည့် အတိုးနှုန်းအတိုင်း ထားရှိမည်ဖြစ်ကြောင်း၊
✨ နောင်လာမည့် ဗဟိုဘဏ်အစည်းအဝေးတွင် ဒေတာရလဒ်များပေါ်မူတည်၍ အတိုးနှုန်းဆုံးဖြတ်ချက်များကို ချမှတ်သွားမည်ဖြစ်ကြောင်း၊
✨ လုပ်သားစျေးကွက် ပိုမိုဟန်ချက်ညီလာပြီး အလုပ်လက်မဲ့နှုန်းထားသည် (၂၀၂၄) ခုနှစ်တွင် ၄.၅% အထိ မြင့်တက်ပြီးမှ ကျဆင်းသွားနိုင်ခြေရှိကြောင်း၊

📌 စားသုံးသူများ၏ စီးပွားရေးရာ ထင်မြင်သုံးသပ်ချက်များသည် စီးပွားရေးပဋိပက္ခများကို လျော့နည်းစေနိုင်သော်လည်း ၎င်းတို့၏ သုံးစွဲနိုင်မှုပမာဏ တိုးတက်လာမှုအပေါ် မသေချာသေးကြောင်း၊
📌 စီးပွားရေးအကျပ်အတည်း (Recession) ဖြစ်နိုင်ခြေမရှိဘဲ စီးပွားရေးကဏ္ဍ တိုးတက်မှုအရှိန် ပြေလျော့လာနိုင်ကြောင်း၊
📌 ငွေကြေးဖောင်းပွမှုသည် ဖြည်းညှင်းသည့်အရှိန်ဖြင့် ကျဆင်းလာပြီး (၂၀၂၄) ခုနှစ်တွင် ၃% အထိ ရောက်ရှိပြီးနောက် သတ်မှတ်စံနှုန်း ၂% သို့ ရောက်နိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါသည်။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

✨ နိုဝင်ဘာလ (၈) ရက်တွင် ထွက်ရှိခဲ့သည့် အမေရိကန်နိုင်ငံ စီးပွားရေးကဏ္ဍအခြေအနေများအပေါ် ဗဟိုဘဏ်အဖွဲ့ဝင် Logan မှ -📌 ငွေကြေ...
09/11/2023

✨ နိုဝင်ဘာလ (၈) ရက်တွင် ထွက်ရှိခဲ့သည့် အမေရိကန်နိုင်ငံ စီးပွားရေးကဏ္ဍအခြေအနေများအပေါ် ဗဟိုဘဏ်အဖွဲ့ဝင် Logan မှ -

📌 ငွေကြေးဖောင်းပွမှုသည် မြင့်တက်နေသေးသည့်တိုင်အောင် ၃% သို့ ဖြည်းညှင်းစွာ ဦးတည်ကျဆင်းနေပြီဖြစ်ကြောင်း၊
📌 ငွေကြေးဖောင်းပွမှု သတ်မှတ်စံနှုန်း ၂% သို့ ရောက်သွားစေရန်မှာ ၎င်းတို့ဘဏ္ဍာရေးမူဝါဒသည် လုံလောက်စွာ တင်းကြပ်ထားပြီးဖြစ်ကြောင်း၊
📌 လုပ်သားစျေးကွက် အခြေအနေများသည် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာနိုင်သည့် လက္ခဏာများကို ဖော်ညွှန်းနေကြောင်း၊
📌 ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရန် ဗဟိုဘဏ်မှ မျှော်မှန်းထားသကဲ့သို့ စီးပွားရေးကဏ္ဍ တိုးတက်မှုအရှိန်မှာ စတင်လျော့ကျလာပြီဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါသည်။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

🏦 ပြီးခဲ့သည့် နိုဝင်ဘာလ (၇) ရက်တွင် ထွက်ရှိခဲ့သည့် အမေရိကန်နိုင်ငံ ဗဟိုဘဏ်၏ ဘဏ္ဍာရေးမူဝါဒနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်အဖွဲ့ဝင်...
09/11/2023

🏦 ပြီးခဲ့သည့် နိုဝင်ဘာလ (၇) ရက်တွင် ထွက်ရှိခဲ့သည့် အမေရိကန်နိုင်ငံ ဗဟိုဘဏ်၏ ဘဏ္ဍာရေးမူဝါဒနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်အဖွဲ့ဝင် Waller မှ St. Louis အစည်းအဝေး၌ -

💼 လုပ်သားစျေးကွက် ပြေလျော့လာပြီး ကိုဗစ်ကပ်ဘေးမတိုင်ခင် အခြေအနေများသို့ ပြန်လည်ရောက်သွားရန် နီးစပ်နေပြီဖြစ်ကြောင်း၊
💼 အလုပ်အကိုင်လျှောက်ထားမှု ဝန်ထမ်းဦးရေသည်လည်း ကိုဗစ်မတိုင်ခင် ပုံမှန်နှုန်းထားများသို့ ပြန်လည်ရောက်သွားတော့မည်ဖြစ်ကြောင်း၊
💼 တတိယသုံးလပတ် (Q3) ပြည်တွင်းစီးပွားရေးကဏ္ဍတိုးတက်မှု (GDP) ဒေတာရလဒ် အားကောင်းလွန်းခဲ့မှုအပေါ် ဗဟိုဘဏ်မှ ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း၊
💼 ဗဟိုဘဏ်ရှုထောင့်အရ (၁၀) နှစ်တာ ငွေတိုက်စာချုပ်အတိုးနှုန်း မြင့်တက်နေခြင်းသည် အန္တရာယ်များသည့် အရွေ့တစ်ခုဖြစ်သော်လည်း ထိုမြင့်တက်မှု၏ အကြောင်းရင်းခံအား မူဝါဒထုတ်ပြန်သူများမှ ဆင်ခြင်သုံးသပ်နေကြောင်း၊
💼 လူအများစု မျှော်လင့်ထားကြသည့် ယခင်ကုန်စျေးနှုန်းတန်ဖိုးသို့ ပြန်လည်ရောက်ရှိသွားရန်မှာ လက်ရှိအတွက် ဖြစ်နိုင်ခြေမရှိကြောင်း မိန့်ခွန်းထုတ်ပြန်သွားခဲ့ပါသည်။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

💼 လုပ်ငန်းတွေရဲ့ သဘောတရားက ရင်းနှီးမြှုပ်နှံမှုတွေအများကြီးနဲ့ စတင်ဖို့လိုတဲ့အပြင် ကိုယ့်လုပ်ငန်းအောင်မြင်ပြီး အကျိုးအမြ...
09/11/2023

💼 လုပ်ငန်းတွေရဲ့ သဘောတရားက ရင်းနှီးမြှုပ်နှံမှုတွေအများကြီးနဲ့ စတင်ဖို့လိုတဲ့အပြင် ကိုယ့်လုပ်ငန်းအောင်မြင်ပြီး အကျိုးအမြတ်အသီးအပွင့်တွေ ခံစားရဖို့ ကာလရှည်ကြာတဲ့အထိ စောင့်ရနိုင်ပါတယ်။

💼 Trading လုပ်ငန်းရဲ့ အားသာချက်ကတော့ ကိုယ့်ဘက်ကနေ ပိုင်ဆိုင်မှုနည်းနည်းနဲ့ စတင်နိုင်တဲ့အပြင် ကိုယ့်အတွက် များလွန်းတဲ့ ပမာဏကိုတောင် Broker ဘက်ကပေးတဲ့ Leverage ကို ကောင်းကောင်းအသုံးချပြီး ရောင်းဝယ်နိုင်တာကြောင့် ပညာရှင် Trader တွေတင်မကဘဲ တနိုင်တပိုင် ရောင်းဝယ်ချင်သူတွေအတွက်လည်း အသုံးတည့်တဲ့ Career တစ်ခု ဖြစ်လာတာပါ။

💵 ဒါကြောင့် “$100 နဲ့ Trade လုပ်လို့ရလား” ဆိုတဲ့ မေးခွန်းအတွက် ကိုယ်ရွေးချယ်လိုက်တဲ့ Broker ပေါ် မူတည်ပြီး အရောင်းအဝယ် လုပ်လို့ရနိုင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ဒီ Career ကို ရွေးချယ်လုပ်ကိုင်ချင်တဲ့သူတွေအနေနဲ့ သိထားဖို့လိုတာတွေကို အကြမ်းဖျဉ်းပြောပြရမယ်ဆိုရင် -

📌 Trading လုပ်ငန်းက ရေရှည်သင်ယူလေ့လာဖို့ လိုအပ်သလို စျေးကွက်အခြေအနေကိုလည်း အမြဲစောင့်ကြည့်နေမှ ဖြစ်မှာပါ၊
📌 ကိုယ့်အကောင့် Equity နဲ့ ခံနိုင်ရည်ရှိတဲ့ Risk အနေအထားကို အမြဲသုံးသပ်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ Trading Strategy ကို ချမှတ်ထားပါ၊
📌 မလိုအပ်ဘဲ Risk ကို ပိုယူတာ၊ Trading Plan ကနေ သွေဖယ်တာ၊ ပမာဏအများကြီးပုံအောပြီး အရောင်းအဝယ်လုပ်တာမျိုး ရှောင်ပါ၊
📌 ကိုယ့်ရဲ့ Lifestyle အလိုက် Trading ကို Full-time အနေနဲ့ရော၊ Part-time အနေနဲ့ပါ လုပ်ကိုင်နိုင်ပါတယ်၊
📌 Risk ယူပြီး ရောင်းဝယ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အပြင် အမြဲလှုပ်ခတ်ပြောင်းလဲနေတဲ့ စျေးကွက်အရွေ့ကို သုံးသပ်ပြီး Trade ရတာကြောင့် အမြဲတမ်း မြတ်နေရမယ်လို့ တထစ်ချတွက်ဆထားလို့ မရပါဘူး၊

🌈 ယုံကြည်စိတ်ချရပြီး Trader တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ Broker ကောင်းတစ်ခုနဲ့ လက်တွဲခြင်းက Trading ခရီးလမ်းရဲ့ အကောင်းဆုံး ပထမခြေလှမ်းတစ်ခုပါပဲ။ မိတ်ဆွေတို့အနေနဲ့ Trading လုပ်ငန်းကို စတင်လုပ်ကိုင်ချင်တာဖြစ်စေ၊ ကိုယ့်အတွက် ရေရှည်လက်တွဲလို့ရမယ့် Broker ကုမ္ပဏီကို ရှာနေတယ်ဆိုရင် ကျွန်တော်တို့ MHMarkets Myanmar ကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

🌈 $50 နဲ့ အကောင့်ဖွင့်လို့ စတင်ရောင်းဝယ်နိုင်ပြီး Trading အတွက် လျင်မြန်လွယ်ကူတဲ့ ဆာဗာပလက်ဖောင်းများနဲ့ ကုန်စည်၊ ငွေကြေးအမျိုးမျိုးကို ရွေးချယ်လို့ရနိုင်တာကြောင့် မိတ်ဆွေတို့အတွက် အမှန်ကန်ဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်စေမှာပါ။

‘MHMarkets Myanmar’
‘One-stop Global Financial Service Platform’

Address

Kantharyar Centre/office Tower, 20th Floor , No. 11 Corner Of Kan Yeik Thar Road And U Aung Myat Road
Yangon
11221

Alerts

Be the first to know and let us send you an email when MHMarkets Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MHMarkets Myanmar:

Share