Win-Win-Win Real Estate

Win-Win-Win Real Estate Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win-Win-Win Real Estate, Investment Management Company, Yangon.

11/08/2023

ဦးသန့်၏ စကား ငါးခွန်း

လောက၌ ကြီးပွားရေး လမ်းတို့သည် များပြားကုန်၏။ ကြီးပွားရေး ဆရာတို့လည်း ပေါများကုန်၏။ သို့ရာတွင် ကြီးပွားကုန်သော သူတို့၏ ကြီးပွားရာ လမ်းများအနက် အောက်ဖော်ပြပါ ငါးချက်တို့သည် အရေးကြီးပေသည်။

၁။ ရည်ရွယ်ချက် ရှိပါ
လောက်၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။ ကြီးပွားလိုသော လူတိုင်း ၌ ရည်ရွယ်ချက် ရှိရမည်။ သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။ မည်သူမဆို ငယ်စဉ်ကပင် မှန်းခြေတစ်ခု ရှိရမည်။ မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုးင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

၂။ သူများနှင့် မတူအောင် လုပ်ပါ
ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။ သို့ရာတွင် စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။ သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် ဟုတ်ချေ။ မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

၃။ အများသဘောကို မလိုက်နှင့်
အများသဘောသည် အမှားပေါ၏။ လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင် ပညာ ရှိသူက မနှိုင်းယှဉ် လောက်အောင် နည်းလှ၏။ အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။ မည်သည့် ကိစ္စ၌မဆို .. အများသဘောပါဟု ပြောလေ့ရှိသောသူကို အသုံးမကျသူ ဟူ၍ မှတ်အပ်၏။ အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ရေလိုက်ငါးလိုက် နေသောသူတို့သည် မကြီးပွားနိုင်ကုန်။

၄။ ပြုပြင်ရန် မကြောက်နှင့်
လောက၌ ဘာသာရေးမှ လွဲလျှင် အားလုံးသော ကိစ္စဟူသမျှသည် အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။ အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ အမြဲ ပြောင်းလဲလျှက် ရှိ၏။ ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား အပြေး လာ အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။ ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။

၅။ မယုံလွယ်နှင့်
မစဉ်းစားပဲ ယုံကြည်သူ ပေါများသော တိုင်းပြည်သည် အောက်တန်းကျသော တိုင်းပြည် ဖြစ်၏။ အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း ပြည်၏ သတင်းစာကို ကြည့်၍ အကဲခတ်နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ္လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။ ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။

Credit မူရင်း

ဟာဝိုင်ယီ ကျွန်း မီးလောင်မှု လူပေါင်း ၅၅ ဦး သေဆုံးခဲ့ပြီ သြဂုတ် ၁၁ - ၂၀၂၃အမေရိကန်ပြည်ထောင်စု ကုန်းမြေ ကနေ အနောက်ဘက် မို...
11/08/2023

ဟာဝိုင်ယီ ကျွန်း မီးလောင်မှု လူပေါင်း ၅၅ ဦး သေဆုံးခဲ့ပြီ

သြဂုတ် ၁၁ - ၂၀၂၃

အမေရိကန်ပြည်ထောင်စု ကုန်းမြေ ကနေ အနောက်ဘက် မိုင်ပေါင်း ၂၄၀၀ အကွာ ပစိဖိတ် သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ ဟာဝိုင်ယီ ကျွန်း တောမီးလောင်ပြီး လူနေအိမ်တွေ အထိ မီးကူးစက်လောင် ကျွမ်းခဲ့တဲ့ အတွက် လူပေါင်း အနည်းဆုံး ၅၅ ဦး သေဆုံးခဲ့ရပြီး အများအပြား ပျောက်ဆုံးနေဆဲပါ။

အင်္ဂါနေ့က စတင်ခဲ့တဲ့ ဒီ မီးလောင်ကျွမ်းမှုကြောင့် ကမ္ဘာလှည့်ခရီးသွား အများအပြား ဟာလည်း ပင်လယ်ကမ်းခြေထဲ ဆင်းပြီး နာရီအတော်အကြာ ပင်လယ်ကမ်းစပ် ရေထဲမှာ နေခဲ့ ကြရတာ ဖြစ်ပါတယ်။

သမိုင်းဝင် ပင်လယ်ကမ်းခြေမြို့ Lahaina ရဲ့ ၈၀ ရာခိုင်နှုန်း ပျက်စီးသွားခဲ့ ရတယ် လို့ မြို့တော် ဝန်က ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ကြီးမားတဲ့ ကပ်ဘေးအဖြစ် ကြေညာလိုက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အတွက် ဖက်ဒရယ် ရန်ပုံငွေ ချပေး ဖို့ကို အမိန့်ထုတ်ပြန်လိုက်ပါတယ်။
crd to THN freelance Journalist

10/08/2023

Win-Win-Win Real Estate ဆိုတာဘာလဲဘယ်လဲ
အရောင်းအဝယ်တစ်ခုဖြစ်ဖို့ဆိုတာ ရောင်းချသူရှိဖို့လိုသလို
ဝယ်သူရှိဖို့လည်းလိုတာ
အားလုံးသိပြီးသားကိစ္စပါ
ရောင်းရသူအတွက်ရောင်းရရင်
ဒါကသူ့အတွက်အောင်နိုင်ခြင်းမဟုတ်ပါလားဗျာ...
ဝယ်ချင်သူကလည်း စိတ်ချမ်းသာစွာ ပစ္စည်းမှန်ကို ဝယ်ပြီး စိတ်အေးနိုင်မယ်ဆို ဒါဝယ်သူရဲ့အောင်မြင်မှုပဲမဟုတ်ပါလားခင်ဗျာ...
ဒါ့ကြောင့် Win Win situation ဖြစ်အောင် ဖန်တီးပေးနိုင်အောင် အတက်နိုင်ဆုံးကြိုးစားပေးမယ့်Win real estate ဆိုပြီး တည်ထောင်ခဲ့တာပါ
ဒါကြောင့် မိတ်ဆွေတို့ ဝယ်လို ရောင်းချလိုတဲ့ အကွက်များကို အကျိုးဆောင်ပေးပါရစေခင်ဗျာ။
အကျိုးဆောင်ခပေးရာတွင်လည်း
အရောင်းဘက်မှ ၂ရာခိုင်နှုန်းပေးရပါမယ်နော်။ အဝယ်ဘက်မှ ပေးဆောင်ရန်မလိုပါခင်ဗျာ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Win-Win-Win Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share