13/12/2021
အခုပြောမယ့်အကြောင်းက အမှန်က လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက ရေးချင်နေတာ။ အကောင့်ထဲက ညီမလေးတစ်ယောက်ကိစ္စကိုဖတ်ရပြီးကတည်းက (ကာယကံရှင် မသိချင်ယောင်ဆောင်နေနော်)။
ဒါပေမယ့် Relationship အကြောင်းရေးလေ့မရှိတော့ မရေးတော့ဘူးလားလို့နေတာပဲ။
မနေ့ကခေတ်စားနေတဲ့ မိန်းကလေးဆိုတာဘာညာကိစ္စမြင်တော့ မရတော့ဘူး ရေးမှတော့ဖြစ်တော့မယ်၊ ငါတို့ဆီတော့ အတော်လွဲနေပြီလို့ထင်လို့ ရေးလိုက်တာ။
အခုအောက်မှာ ပြောမယ့်အကြောင်းအရာတွေက မိန်းကလေးတွေကိုတင် ရည်ရွယ်တာမဟုတ်ဘူး။ ကိုယ့်ရဲ့လက်တွဲဖေါ် ချစ်သူ ရည်းစားကို အနိုင်ကျင့်ချင်တဲ့ ဗိုလ်ကျချင်တဲ့ ဆိုးချင်တဲ့ ပြဿနာရှာချင်တဲ့ ယောကျာ်းလေး မိန်းကလေး ဘယ်သူ့ကိုပဲဖြစ်ဖြစ်ရည်ရွယ်တယ်။
ဖတ်လိုက်ရတဲ့ကိစ္စက ကောင်မလေးကို ကောင်လေးကထားခဲ့တယ်။ ထားခဲ့တဲ့အကြောင်းက ကောင်မလေးက အနိုင်ကျင့်တာများသွားတာ၊ သူကိုယ်တိုင်လဲသိတယ်။ အဲ့ကျမှ ဝမ်းနည်းနေလဲ ဆေးကမမှီတော့ဘူး။ ကောင်လေးပြောသွားတဲ့ စကားလေးက မိုက်တယ် အဲ့ဒါကြောင့်ပြောချင်တာပေါ်လာတာ။
“ အကုန်လုံးကကျားတွေ။ ကိုယ်ချစ်ရတဲ့မိန်းခလေးကြောင့်သာကျားဘဝကနေနွားဘဝပြောင်းပေးလိုက်ကြတာ။ အဲဒါလေးကိုသတိရပေးပါ “
ပြဿနာက ဘာလဲဆိုတော့ ပျော်ပျော်ရွှင်ရွှင်လက်တွဲရမယ့် ချစ်သူ ရည်းစား အဖေါ်လိုချင်တာလား၊ ကိုယ်လုပ်ချင်တိုင်း လုပ်လို့ရမယ့် နွါးတကောင်လိုချင်တာလား မကွဲကြတာပဲ။
ကျနော်တို့ဆီမှာ ပြင်ရမယ့်ပြဿနာအကြီးကြီးတစ်ခုရှိတယ်။
အဲ့ဒါဘာလဲဆိုတော့ အမေတွေအများစုက သမီးတွေကို ယောက်ျားဆိုတာ ဘယ်လိုနိုင်ရမယ်သင်တာပဲ။
အိမ်ထောင်ရေးသာယာဖို့ဆိုတာ အပေးအယူဘယ်လိုလုပ်ရမယ်မသင်ဘဲနဲ့ ယောက်ျားကိုနိုင်မှ ဖိနှိပ်ထားမှ သာယာမယ်၊ ကျေနပ်စရာဘဝကိုရမယ် လို့တွေးတတ်တဲ့ကိစ္စက မြန်မာပြည်က အမျိုးသမီးထုအများစုကြားမှာ ပျံ့နေတာပဲ။ ပညာတတ်အသိုင်းအဝိုင်းအချို့မှာမရှိပေမယ့် အများစုမှာရှိတယ်၊ သားသမီးကို ပညာဥာဏ်မယှဉ်ဘဲ Overprotect အလွန်အကျူးကာကွယ်တတ်တဲ့ မိသားစုတွေမှာပိုဆိုးတယ်။
အဲ့လို ငယ်ငယ်ကတည်းကသင်တော့ ဘာဖြစ်သွားလဲဆိုတော့ ကျန်တာကို မစဉ်းစားတတ်တော့ဘဲ နွါးတစ်ကောင်ရရင် ငါ့ဘဝသာယာပြီလို့ ထင်ကုန်ကြတော့တာပဲ။ ကိုယ်ရတဲ့သူကို နွါးဖြစ်အောင် ကြိုးစားကြပြီးတော့ နွါးမှမဖြစ်ရင် မကျေမနပ်တွေ မသာမယာဘဝတွေဖြစ်ကုန်တော့တာ။
သေချာစဉ်းစားကြည့်။
ကိုယ့်ရဲ့ ပါတနာ လက်တွဲဖေါ်ကို အရည်အချင်း လုပ်ရည်ကိုင်ရည်ရှိတဲ့ ကျားတကောင်၊ လူကြားသူကြားထဲ ဝံ့ကြွားနိုင်မယ့် ကျားတကောင် လိုချင်သလား၊
ကိုယ်ခိုင်းတာပဲလုပ်တတ်ပြီး အရာအားလုံးမှာ တုံးအ မဆုံးဖြတ်ရဲ မလုပ်မကိုင်ရဲ၊ လူကြားထဲ ဂုဏ်သရေမရှိ မတောက်ပတဲ့ နွါးတကောင်လိုချင်တာလား၊
အဲ့ဒါကိုမကွဲကြဘူး။
နှစ်တွေကြာလာတော့မှာ ရှင်က ဘာမှ မလုပ်တတ်ဘူးလား၊ အသုံးကိုမကျဘူး သူများတွေက ဘယ်လိုတိုးတက်နေတာဘာညာနဲ့ ကွိုင်တွေတက်တာ။ အမှန်က သူကိုယ်တိုင်က နွါးမွေးခဲ့လို့ နွါးပဲပြန်ရတာကို သဘောမပေါက်ကြဘူး။
ယောက်ျားလေးတွေကို ကျားဖြစ်စေချင်လား နွါးဖြစ်စေချင်လား လုပ်ချင်တိုင်း လုပ်လို့ရလားဆို၊ ဟုတ် ရတဲ့သူက ရတယ်လို့ပဲ ဖြေရမှာပဲ။
ဘာလို့အဲ့လောက်တောင် ပြောနိုင်ရလဲဆို ကိုယ်တိုင်က ၅ နှစ်လောက် နွါးတစ်ကောင်ဖြစ်ခဲ့ဖူးတဲ့ ကိုယ်တွေ့မို့ပဲ။ အဲ့အကြောင်းတော့ တခါမှ ထုတ်မပြောဖူးသလို ပြောချင်စိတ်လဲမရှိလို့ လာတော့မမေးနဲ့။ စိတ်ကူးပေါက်ခဲ့ရင်ပြောမယ်။
အပေါ်မှာ ဟိုကောင်လေးပြောခဲ့သလိုပဲ။ လူတွေဟာ ပြောင်းပေးတယ် ခံနိုင်ရည်ရှိသလောက်ပေါ့။ ကျော်လွန်လာပြီး မခံနိုင်တော့လဲ လမ်းခွဲထားခဲ့တာတွေ ဖြစ်ကုန်တာပေါ့။
ပြဿနာကဘာလဲဆိုတော့ နွါးဖြစ်တဲ့ပြဿနာ။
ဘာလုပ်လုပ် အပြစ်တွေတင် ကွိုင်တွေရှာခံရရင် လမ်းကြောင်းက ၂ ခုပဲရှိတယ်။
ပြန်ကန်မလား
ငုံ့ခံမလား
အခု အမျိုးသမီးတွေသိပ်လိုချင်တာ ဒုတိယနည်းပေါ့။ ငါ့ကို သိပ်ချစ်တာ ဘာမှ ပြန်မလုပ်ဘူးဆိုတာကြီး။
အဲ့ဒါကိုသိပ်ကောင်းတယ်ထင်နေကြတာ။
ပြဿနာက ဘာဖြစ်သွားလဲဆိုတော့ တခြားဖက်တွေမှာပါ အဲ့စိတ်ဝင်သွားတာ။
ငါ ပြန်မပြောရဲဘူး၊ ထားလိုက်ပါကွာ၊
ငါလုပ်ရင်ဖြစ်မှာမဟုတ်ပါဘူး၊
ငါမှားသွားရင် ငါ့ကို ငါ့ကောင်မလေးကဆူမှာ၊
သူ့ခွင့်ပြုချက်မရရင် မလုပ်ရဲဘူး (ဘာကိုမှ ဆုံးဖြတ်ချက်မချရဲတော့)
အဲ့လိုနဲ့ကြာလာတော့ လူက ထုံပိုင်းပိုင်းဖြစ်လာရော၊ တကယ်ကို ဘာမှ မလုပ်ရဲ မကိုင်ရဲ မဆုံးဖြတ်ရဲ၊ အရာရာကိုတွေဝေ ကြောက်တတ်လာတော့တာပဲ။
အဲ့လိုလူတယောက်ဟာ ထက်ထက်မြက်မြက်နဲ့ ဘယ်လိုများ ဘဝကို လမ်းကြောင်းတော့မလဲ၊ အလုပ်ဘယ်လိုလုပ်တော့မလဲ စဉ်းစားကြည့်။
မိသားစုနောက်ခံကောင်းပြီး အရင်းအနှီးအပုံလိုက်နဲ့ သိန်းကို သောင်းသိန်းချီ ချမ်းသာလာတဲ့သူတွေကတော့ ဘာအရေးလဲ၊ ဒါပေမယ့် ကိုယ့်ခြေကိုယ့်လက်နဲ့ ရုန်းတက်ရမယ့်သူတွေကတော့ လက်တွဲဖေါ် အရေးကြီးတယ်ဆိုတာ ဒါကိုပြောတာ။
အရမ်းနောက်ခံကောင်းရင်တောင် နွါးမွေးထားသူတွေ အထည်ကြီးပျက်ဖြစ်ကုန်တာ မနည်းဘူး။ သေချာကြည့်ကြည့် ကိုယ့်ပတ်ဝန်းကျင်မှာ။
ကျနော့်တုန်းကတော့ သိလိုက်တာ ငါဒီတစ်ယောက်ကို လက်ထပ်လို့မဖြစ်ဘူးဆိုတာပဲ။ ငါ့ဘဝရေစုန်မြောသွားမှာဆိုတာ တစ်ခုတော့ သေချာမြင်လိုက်တယိ။
အဲ့တော့ ပြောချင်တာက
နွါးမွေးမှာလား ကျားမွေးမှာလား သေချာကွဲကွဲပြားပြားသိပါ။
ကိုယ့်လက်တွဲဖေါ်ကို ထောက်ပံ့ပေးပြီး (စိတ်ဓါတ်ပိုင်း၊ ဆက်ဆံမှုပိုင်းကိုပြောတာ ငွေကြေးမပါဘူး) ကျားတကောင်ဖြစ်လာအောင် လုပ်ပေးရင် ကိုယ့်ဘဝမှာ တောက်ပလာမယ့် ဂုဏ်ယူရမယ့် ကျားတကောင်ရမယ်။
ကိုယ့်လက်တွဲဖေါ်ကို လုပ်တိုင်းခံမယ့် နွါးတကောင်အဖြစ်ပုံသွင်းရင်တော့ ဘာမှ သုံးစားမရတဲ့ နွါးတကောင်နဲ့ တဘဝလုံး အနိုင်ရတာတခုကလွဲလို့ စီးပွါးရေးလူမှုရေးတွေ စိတ်မကျေမနပ်ဖြတ်သန်းရလိမ့်မယ်။ နောင်လာမယ့် သားသမီးတွေအထိပါ အဲ့ဒီ အကျိုးဆက်မသေးဘူးဆိုတာ သတိရထားလိုက်။
ဒါကျားနဲ့ နွါးကိစ္စပဲရှိသေးတယ်။ ချစ်တယ်တို့ဘာတို့ မပါသေးဘူး။
ရုပ်ရှင်တကားထဲက စကားလေးမိုက်တယ်။
ကောင်မလေးတယောက်က သူ့ရည်းစားကို ထုရိုက် အနိုင်ကျင့်နေတော့ ဘေးက ကောင်မလေးတယောက်က ဝင်ပြောတာ
“မင်းသူ့ကိုချစ်တာမဟုတ်ဘူးလား၊ ချစ်ရင် ဘာလို့ ထုရိုက်အနိုင်ကျင့်နေရတာလဲ။ ကိုယ်ချစ်တဲ့သူဆိုတာ တန်ဖိုးထားရမှာလေ ထုရိုက်အနိုင်ကျင့်နေရမှာမဟုတ်ဘူး”
အဲ့လိုပဲ ပြောတော့မယ်။ ချစ်လို့ ထုရိုက်အနိုင်ကျင့်တယ်ဆိုတာမရှိဘူး၊ အဲ့လူက အတ္တကြီးလို့ ထုရိုက်အနိုင်ကျင့်တယ်ဆိုတာပဲရှိတယ်။
ဒီတော့ ငါ့ကိုချစ်လို့ဆိုးတယ်ဆိုတာမျိုး တွေးရင် အဲ့အတွေးကိုဖျောက်လိုက်။ အဲ့လိုမျိုးမရှိဘူး။ သူလိုချင်တာပဲတွေးပြီး အတ္တကြီးလို့ အနိုင်ကျင့်တာပဲရှိတယ်။ တဘဝလုံးစာ အဲ့လိုလူနဲ့ လက်တွဲရင် တဘဝလုံး ကွိုင်တက်ပြီသာမှတ်။
တဘဝလုံး နွါးဖြစ်လဲပြဿနာမရှိဘူးဆိုရင်တော့လဲ သဘောပဲ၊ ကိုယ့်က နွါးအဖြစ်မနေချင်တော့ဘဲ ကျားဖြစ်ချင်လာပြီဆို ကွိုင်အကြီးကြီးတက်မှာ မှတ်ထားလိုက်ကျနော်ပြောတာ။
အခုပြောခဲ့တာတွေက မိန်းကလေးမှမဟုတ်ဘူးနော်၊ ယောကျာ်းလေးတွေလဲ ကိုယ့်ကောင်မလေးကို ဘယ်လိုလူ လိုချင်လဲ တူတူပဲ။
ယောကျာ်းမိန်းမ ဘာကွာသွားလဲဆိုတော့ ယောကျာ်းလေးက ဦးဆောင်ရတာများတော့ မိန်းကလေးက ဘာမှမလုပ်တတ်ရင် ကွိုင်သိပ်မတက်ဘူး။ ယောကျာ်းက ရှေ့ကဆွဲသွားတာပဲ။
မိန်းကလေးကသာ နွါးတကောင်မွေးထားရင်ကွိုင်တက်တာပိုများတာ။ ဒီတော့ မိန်းကလေးများ ငါကချည်းအကုန်လုပ်နေရတာ ငါ့ယောက်ျားက ဘာမှသုံးစားမရဘူးလို့မြင်လာရင် ကိုယ် ကျားမွေးခဲ့လား နွါးမွေးခဲ့လား သေချာပြန်စဉ်းစား။
Creid : Kyaw kyaw sai