17/03/2023
Today is a special day, let us all remember the words of St. Patrick, who said
"Christ within me,
Christ behind me,
Christ before me,
Christ beside me,
Christ to win me,
Christ to comfort and restore me."
May your day be filled with love, laughter, and lots of cheer. ❤️💰🪙
💚 Happy St. Patrick's Day to you all 💚
စိန့်ပက်ထရစ်
✝✝✝✝✝✝✝✝✝✝✝✝✝✝
ပထမကျမ်း။
( #ဟောရှေအနာဂတ္တိကျမ်း၁၄း၂_၉ Hos. 14: 2-9)
📖📖📖📖📖📖📖📖📖📖📖📖📖📖📖
၂ ပတ္ထနာစကားကို ပြင်ဆင်၍ ထာဝရဘုရားထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသောအပြစ် တို့ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်းတည်းဟူသော နွားသငယ်တို့ကို ပူဇော်ပါမည်။
၃ အာရှုရိမင်းသည် အကျွန်ုပ်တို့ကို မကယ်တင်ရ။ အကျွန်ုပ်တို့သည် မြင်းစီးသူရဲမလုပ်ပါ။ ကိုယ်လက်ဖြင့် လုပ်သောအရာတို့အား၊ ကိုယ်တော်တို့သည် အကျွန်ုပ် တို့၏ ဘုရားသခင်ဖြစ်ပါ၏ဟု နောက်တစ်ဖန်မဆိုပါ။ အကြောင်းမူကား၊ မိဘမရှိသောသူတို့သည် ကိုယ်တော်ထံ၌ ကရုဏာကျေးဇူးကို ခံတတ်ကြပါ၏ဟု လျှောက်ကြလော့။
ခွင့်လွှတ်ပေးမည့်ကတိတော်
၄ ငါသည် အမျက်ပြေသောကြောင့် သူတို့ဖောက်ပြန်ခြင်းကို ပြုပြင်မည်။ ကိုယ်အလိုအလျောက် စုံမက်မည်။
၅ ငါသည် နှင်းကဲ့သို့ ဣသရေလ အပေါ်မှာ နေမည်။ သူသည် နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနုန်တောကဲ့သို့ အမြစ်စွဲလိမ့်မည်။
၆ အညွန့်တို့သည် ပြန့်ပွား၍၊ သံလွင်ပင်ကဲ့သို့ အသရေ တင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွှေးကြိုင်လိမ့်မည်။
၇ ထိုအပင်၏ အရိပ်အောက်၌ နေသော သူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကို ပြုစုကြလိမ့်မည်။
စပျစ်နွယ်ပင်ကဲ့သို့ တိုးပွား၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်။
၈ ငါသည် နောက်တစ်ဖန် ရုပ်တုဆင်းတုတို့နှင့်
အဘယ်သို့ ဆိုင်ရသနည်းဟု ဧဖရိမ်သည် ပြောလိမ့်မည်။သူ၏ စကားကိုလည်း ငါနားထောင်၍ သူ့ကို ကြည့်ရှုမည်။ စိမ်းသော ထင်းရှူးပင်ကဲ့သို့ ဖြစ်၍၊ သင်သည် ငါ့ကျေးဇူးကြောင့် အသီးနှင့် ပြည့်စုံလိမ့်မည်။
၉ အဘယ်သူသည် ပညာရှိသနည်း။ ထိုသူသည်
ဤအရာတို့ကို နားလည်လိမ့်မည်။ အဘယ်သူသည် ဉာဏ်ကောင်းသနည်း။ ထိုသူသည် ဤအရာတို့ကို သိရလိမ့်မည်။ ထာဝရဘုရား၏ လမ်းတော်တို့သည် ဖြောင့်ကြ၏။ ဖြောင့်မတ်သော သူတို့သည် လိုက်ကြလိမ့်မည်။ အဓမ္မလူတို့မူကား၊ ထိုလမ်းတို့၌ ထိမိ၍ လဲကြလိမ့်မည်။
ဤသည်ကား ဘုရားသခင်၏ နှုတ်ကပါဌ်တော်
ပေတည်း။
*******************************
(ဧဝံဂေလိကျမ်း။)
အကြီးမြတ်ဆုံးသောပညတ်တော်။
The Greatest Commandment.
( #ရှင်မာကု၁၂း၂၈_၃၄ Mk. 12: 28b-34)
🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊🕊
၂၈ခ။ကျမ်းတတ် ဆရာတစ်ဦးသည် ရောက်လာ၍ ကိုယ်တော်အား ပညတ်တော် အားလုံးတွင် မည်သည့် ပညတ်သည် အကြီးမြတ်ဆုံး ဖြစ်ပါသနည်းဟု မေးလျှောက်လေ၏။
၂၉။ယေဇူးကလည်း အကြီးမြတ်ဆုံးသော ပညတ်တော်သည်ကား အိုအစ္စရာအဲလ်လူမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားဖြစ်သော ထာဝရဘုရားသ္ခင်သည် တစ်ဆူတည်းသော ဘုရားဖြစ်တော်မူ၏။
၃၀။သင်၏ အရှင်ဘုရားသ္ခင်ကို သင်၏နှလုံးအကြွင်းမဲ့ စိတ်အားရှိသမျှ၊ ဥာဏ်အားရှိသမျှ၊ ခွန်အား ရှိသမျှချစ်လော့။
၃၁။ဒုတိယ ပညတ်သည်ကား ဤသို့လာ၏။သင်နှင့် နီးစပ်သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ် လော့။ ဤပညတ်တို့ထက်သာ၍ ကြီးမြတ်သော ပညတ်မရှိဟူ၍ သူ့အား ဖြေကြားတော်မူ၏။
၃၂။ထိုအခါ ကျမ်းတတ်ဆရာက မှန်ပါ၏ ဆရာသ္ခင်၊ ဟုတ်မှန်သည့်အတိုင်း ကိုယ်တော်မိန့်တော်မူပါ၏။ ဘုရားသ္ခင်သည် တစ်ဆူတည်း ဖြစ်တော်မူ၍ ထာဝရဘုရားသ္ခင်မှတစ်ပါး အခြားသောဘုရား မရှိပေ။
၃၃။ကိုယ်တော့်ကို နှလုံးအကြွင်းမဲ့ ဥာဏ်စွမ်းရှိသမျှ၊ ခွန်အားရှိသမျှ ချစ်ခြင်းနှင့် မိမိနှင့်နီးစပ်သော သူကို မိမိကိုယ်ကို ချစ်သကဲ့သို့ ချစ်ခြင်းသည် မီးရှို့ပူဇော် သော ယဇ်ကောင်များနှင့် ယဇ်ပူဇော်ခြင်း အပေါင်း တို့ထက် ပို၍ မြတ်ပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။
၃၄။ဤသူသည် ပညာသတိနှင့် ဖြေကြားသည်ကို ယေဇူးမြင်တော်မူသောအခါ သင်သည် ဘုရားသ္ခင်၏ နိုင်ငံတော်နှင့် ဝေးလှသည်မဟုတ်ဟု သူ့အား မိန့်တော်မူ၏။ ထို့နောက် မည်သူမျှကိုယ်တော့်ကို မေးခွန်း မမေးဝံ့တော့ချေ။
ဤသည်ကား ခရစ္စတူးသခင်၏ မွန်မြတ်သောဧဝံဂေလိ တရားတော် ပေတည်း။