Global World Insurance - GWI

Global World Insurance - GWI We Always With You!

မီးပွားတစ်စနဲ့ အရာရာဆုံးရှုံးနိုင်ပါတယ်၊ သင်အာမခံထားပြီးပြီလား?🔥မျှော်လင့်မထားတဲ့ မီးပွားတစ်စကြောင့် သင်တန်ဖိုးထားရတဲ့ အ...
25/08/2026

မီးပွားတစ်စနဲ့ အရာရာဆုံးရှုံးနိုင်ပါတယ်၊ သင်အာမခံထားပြီးပြီလား?

🔥မျှော်လင့်မထားတဲ့ မီးပွားတစ်စကြောင့် သင်တန်ဖိုးထားရတဲ့ အိမ်နဲ့ မိသားစုဆုံးရှုံးသွားနိုင်ပါတယ်။
ဒါကြောင့် မီးအာမခံထားပါက သင့်ကို ငွေကြေးအရရော၊ နောင်ရေးအတွက်ပါ စိတ်ပူစရာမလိုပါဘူး။

📢 မီးအာမခံထားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
✅မီးဘေးအန္တရာယ်ဖြစ်ပါက ပျက်စီးဆုံးရှုံးမှုများကို လျော်ကြေးရရှိခြင်း၊
✅သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သော မုန်တိုင်း၊ ရေကြီးခြင်းများအတွက်ပါ အပိုထပ်ဆောင်းအကာအကွယ်ရယူနိုင်ပါတယ်။
✅မီးအာမခံထားလိုပါက ယုံကြည်စိတ်ချရတဲ့ အာမခံရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ ဂလိုဘယ်ဝေါ(လ်)အာမခံက သင်လိုအပ်တဲ့အချိန်တိုင်း အမြဲအသင့်ရှိနေပါတယ်။
မီးအာမခံအကြောင်း အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက page messenger မှာ လာရောက်စုံစမ်းနိုင်ပါတယ်။

📍ရန်ကုန်ရုံးချုပ် - အမှတ်(၆၂)၊ ဗဟိုစည်အိမ်ရာဝင်း၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📍မန္တလေးရုံးခွဲ - အမှတ် (E-26)၊ ၁၀၅ လမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်း ကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေခရိုင်၊ မန္တလေးတိုင်းဒေသကြီး။

“ဂလိုဘယ်ဝေါ(လ်)အာမခံနဲ့ဆိုရင် ဘယ်ကိုသွားသွား စိတ်ချရတယ်”🚗 မိသားစုနဲ့အတူ ခရီးသွားတိုင်း စိတ်ပူနေရဆဲလား?လမ်းခရီးမှာ မမျှော...
11/08/2026

“ဂလိုဘယ်ဝေါ(လ်)အာမခံနဲ့ဆိုရင် ဘယ်ကိုသွားသွား စိတ်ချရတယ်”

🚗 မိသားစုနဲ့အတူ ခရီးသွားတိုင်း စိတ်ပူနေရဆဲလား?
လမ်းခရီးမှာ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ၊ ထိခိုက်မှုတွေ ကြုံလာခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေကို ဖယ်ရှားလိုက်ပါ။

သင့်ရဲ့ တန်ဖိုးထားရတဲ့ မိသားစုနဲ့ ကားလေးအတွက် အပြည့်ဝဆုံးနဲ့ အကောင်းဆုံး အကာအကွယ်ကို Global World Insurance (GWI) က တာဝန်ယူပေးပါရစေ။ 🛡️

ကျွန်တော်တို့ရဲ့ GWI မော်တော်ကားအာမခံတွင် -
✅ လျင်မြန်ပြီး တိကျမှန်ကန်သော လျော်ကြေးဝန်ဆောင်မှု
✅ ယုံကြည်စိတ်ချရသော အကာအကွယ်ပေးမှု
✅ ဝန်ဆောင်မှုအပြည့်အဝရရှိနိုင်မယ့် အာမခံအမျိုးအစားများ ကို စိတ်ကြိုက်ရွေးချယ်ထားရှိနိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေအတွက် ကြိုတင်ပြင်ဆင်ပြီး ယနေ့ပဲ GWI မော်တော်ကားအာမခံကို ထားရှိလိုက်ပါ။

✨ "စိတ်အေးချမ်းစွာ မောင်းနှင်ဖို့ GWI ကို ရွေးချယ်စို့" ✨
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက - 📩 Page Messenger မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

📍 ရန်ကုန်ရုံးချုပ် - အမှတ်(၆၂)၊ ဗဟိုစည်အိမ်ရာဝင်း၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📍 မန္တလေးရုံးခွဲ - အမှတ် (E-26)၊ ၁၀၅ လမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်း ကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေခရိုင်၊ မန္တလေးတိုင်းဒေသကြီး။

#မော်တော်ကားအာမခံ #ကားအာမခံ

မီးအန္တရာယ်ကင်းဝေးပြီး စိတ်အေးရစေဖို့ ဆောင်ရန်/ရှောင်ရန်များ🌧️မိုးရွာပြီဆိုရင် ရေကြီးမှာပဲ ပူရတတ်ပေမဲ့ မိုးရေတွေကြောင့် ...
05/08/2026

မီးအန္တရာယ်ကင်းဝေးပြီး စိတ်အေးရစေဖို့ ဆောင်ရန်/ရှောင်ရန်များ

🌧️မိုးရွာပြီဆိုရင် ရေကြီးမှာပဲ ပူရတတ်ပေမဲ့ မိုးရေတွေကြောင့် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်တာနဲ့ မိုးကြိုးပစ်တာတွေကြောင့် မီးလန့်/မီးလောင်မှုအန္တရာယ်တွေ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

🏠သင့်ရဲ့ အိမ်၊ စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေ မီးအန္တရာယ်ကနေ ကင်းဝေးစေဖို့ ဒီ Do’s & Don’ts (ဆောင်ရန်/ရှောင်ရန်) လေးတွေကို သတိပြုလိုက်နာကြဖို့ မျှဝေပေးလိုက်ပါတယ်နော်။ 👇

✅ ဆောင်ရန်များ (Do's)
1. လျှပ်စစ်ဝိုင်ယာကြိုးများ စစ်ဆေးပါ - မိုးမရွာခင် အိမ်ရှိ ဟောင်းနွမ်းနေသော ဝိုင်ယာကြိုးများ၊ ပလပ်ခုံများနှင့် မိန်းခုံ (Main Switch) များကို စနစ်တကျ စစ်ဆေးပြုပြင်ပါ။
2. မိုးကြိုးလွှဲများ တပ်ဆင်ထားပါ - မိုးကြိုးပစ်နိုင်သော အထပ်မြင့်အဆောက်အဦးများနှင့် စက်ရုံ/အလုပ်ရုံများတွင် မိုးကြိုးလွှဲများကို ကြိုတင်တပ်ဆင်ထားပါ။
3. အသုံးမပြုသော ပလပ်များကို ဖြုတ်ထားပါ - မိုးသည်းထန်းစွာ ရွာသွန်းပြီး မိုးကြိုးပစ်နေချိန်တွင် တီဗီ၊ ရေခဲသေတ္တာနှင့် ကွန်ပျူတာ စသည့် လျှပ်စစ်ပစ္စည်းများ၏ ပလပ်များကို ဖြုတ်ထားပါ။
4. မီးနှင့် သဘာဝဘေး အာမခံ ကြိုတင်ထားရှိပါ - မမျှော်လင့်ထားဘဲ မီးလောင်မှု၊ မိုးကြိုးပစ်မှု၊ လေပြင်းနှင့် ရေကြီးမှုတို့ကြောင့် ပျက်စီးဆုံးရှုံးခဲ့လျှင် ငွေကြေးအရ အကာအကွယ်ရရှိရန် မီးအာမခံ ကို ကြိုတင်ထားရှိပါ။

❌ ရှောင်ရန်များ (Don'ts)
1. စိုစွတ်နေသော လက်ဖြင့် လျှပ်စစ်ပစ္စည်းများ မကိုင်ပါနဲ့ - မိုးရေစိုနေချိန် သို့မဟုတ် ရေစိုနေသော ကြမ်းပြင်ပေါ်တွင် ရပ်၍ လျှပ်စစ်ခလုတ်များ၊ ပလပ်များကို ကိုင်တွယ်ခြင်းမှ အထူးရှောင်ကြဉ်ပါ။
2. အိမ်သုံးဝိုင်ယာကြိုးများ ပေါ်တွင် အဝတ်မလှမ်းပါနဲ့ - မိုးရာသီ အဝတ်မခြောက်၍ အိမ်တွင်း လျှပ်စစ်ကြိုးများ/မိန်းခုံပေါ်တွင် အဝတ်လှမ်းခြင်း၊ ကြိုးတန်းပြုလုပ်ခြင်း လုံးဝမလုပ်ပါနဲ့။
3. ပျက်စီးနေသော ပလပ်ခုံများကို ဆက်မသုံးပါနဲ့ - ရေစိမ့်ဝင်ထားသော သို့မဟုတ် ကြိုးပွင့်နေသော ပလပ်ခုံများကို မိုးရာသီတွင် ဆက်လက်အသုံးပြုခြင်းက ဝိုင်ယာရှော့ဖြစ်ရခြင်း၏ ပထမဆုံး အကြောင်းအရင်းဖြစ်ပါတယ်။
4. အာမခံအကာအကွယ်မရှိဘဲ မနေပါနဲ့ - မီးအန္တရာယ်နှင့် သဘာဝဘေးဆိုတာ ကြိုတင်ခန့်မှန်းရခက်တာကြောင့် မိမိပိုင်ဆိုင်မှုကို အကာအကွယ်မပါဘဲ စွန့်စားမထားပါနဲ့။

💡မီးဘေးအန္တရာယ်ဆိုတာ ကြိုတင်ကာကွယ်မှု ရှိရင်တောင် မမျှော်လင့်ဘဲ ဖြစ်ပွားတတ်ပါတယ်။ မီးလောင်မှုနှင့် မိုးကြိုး/သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ သင့်ရဲ့ အိမ်၊ ဆိုင်နဲ့ စက်ရုံ/အလုပ်ရုံများအတွက် ကာကွယ်မှုအပြည့်ပေးနိုင်မယ့် ဂလိုဘယ်ဝေါ(လ်) ရဲ့ မီးအာမခံ နဲ့ အခုပဲ ကြိုတင်ပြင်ဆင်လိုက်ပါ။ 🛡️

💬 ဆွေးနွေးတိုင်ပင်လိုပါက Message Box မှ တစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

ရန်ကုန်ရုံးချုပ် - အမှတ်(၆၂)၊ ဗဟိုစည်အိမ်ရာဝင်း၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံးခွဲ - အမှတ် (E-26)၊ ၁၀၅ လမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်း ကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေခရိုင်၊ မန္တလေးတိုင်းဒေသကြီး။

မိုးရေထဲမှာ အန္တရာယ်ကင်းစွာ မောင်းနှင်ဖို့ သတိပြုရမယ့်အချက်များ၁ - အရှိန်လျှော့မောင်းပါ ✅  မိုးရွာနေချိန်မှာ လမ်းချော်နေ...
31/07/2026

မိုးရေထဲမှာ အန္တရာယ်ကင်းစွာ မောင်းနှင်ဖို့ သတိပြုရမယ့်အချက်များ

၁ - အရှိန်လျှော့မောင်းပါ ✅
မိုးရွာနေချိန်မှာ လမ်းချော်နေတတ်တာကြောင့် ပုံမှန်မောင်းနေကျ အရှိန်ထက် လျှော့မောင်းတာ အကောင်းဆုံးဖြစ်ပါတယ်။
၂ - လေကာမှန် ဝိုက်ပါ(Wiper) အလုပ်မလုပ်စစ်ဆေးပါ✅
ကားမမောင်းခင် မိမိမော်တော်ကားရဲ့ ဝိုက်ပါ(Wiper) ကို အရင်စစ်ဆေးပြီးမှ ကားမောင်းပါ။ လေကာမှန် ဝိုက်ပါ မကောင်းပါက အမြင်အာရုံ ကောင်းစွာမရနိုင်ပါဘူး။
၃ - ရေနက်သည့် လမ်းများကို ရှောင်ပါ✅
• ရေအနက် မည်မျှရှိသည်ကို မသေချာပါက ရေကြီးနေသည့် လမ်းများအတွင်းသို့ မဝင်ပါနဲ့။
• ပိုက်လိုင်းအဖုံး ကျွတ်နေခြင်း၊ လမ်းကျင်းများရှိနေခြင်းတို့ကို ရေအောက်မှာ မမြင်ရနိုင်တာကြောင့် အန္တရာယ်များပါတယ်။
• အင်ဂျင်ထဲ ရေဝင်သွားပါက ကားရပ်သွားပြီး ဒက်ရှ်ဘုတ် သို့မဟုတ် အင်ဂျင်ပိုင်းဆိုင်ရာ ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ပါတယ်။

🚗 မိုးရာသီမှာ သင့်ရဲ့ တန်ဖိုးကြီးကားကို မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကနေ ကာကွယ်ဖို့ GWI ရဲ့ မော်တော်ယာဉ်အာမခံ (Motor Insurance) ထားဖို့ မမေ့ပါနဲ့။

GWI က သင်နဲ့အတူ အမြဲရှိနေပါတယ်။💯
💬 မော်တော်ကားအာမခံအကြောင်း Messenger ကနေတစ်ဆင့်လည်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

📍ရန်ကုန်ရုံးချုပ် - အမှတ်(၆၂)၊ ဗဟိုစည်အိမ်ရာဝင်း၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
📍မန္တလေးရုံးခွဲ - အမှတ် (E-26)၊ ၁၀၅ လမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်း ကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေခရိုင်၊ မန္တလေးတိုင်းဒေသကြီး။

#မိုးရာသီ #ကားအာမခံ #သတိပြုရမယ့်အချက်များ

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မင်္ဂလာအခါသမယမှာ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံ...
29/07/2026

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မင်္ဂလာအခါသမယမှာ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ။

ဒီနေ့လို ထူးမြတ်တဲ့ အခါတော်နေ့မှာ ပြုလုပ်သမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အစုစုတို့ကြောင့် ဘေးရန်ကင်းကွာပြီး လိုရာဆန္ဒများ အစဉ်ပြည့်ဝကြပါစေကြောင်း ကျွန်တော်တို့ Global World Insurance မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏🙏🙏

တန်ဖိုးကြီးကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့ရှိနေလား? ကုန်းလမ်းကုန်စည်အာမခံနဲ့ အကာကွယ်ယူလိုက်ပါ🚚လမ်းခရီးကြမ်းတမ်းမှု၊ မမျှော်...
27/07/2026

တန်ဖိုးကြီးကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့ရှိနေလား?
ကုန်းလမ်းကုန်စည်အာမခံနဲ့ အကာကွယ်ယူလိုက်ပါ

🚚လမ်းခရီးကြမ်းတမ်းမှု၊ မမျှော်လင့်ထားတဲ့ ယာဉ်မတော်တဆမှု၊ သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတုဆိုးရွားမှု စတဲ့ အန္တရာယ်တွေဟာ လမ်းခရီးတစ်လျှောက်မှာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် သင့်လုပ်ငန်းရဲ့ တန်ဖိုးရှိတဲ့ ကုန်စည်တွေ ပျက်စီးဆုံးရှုံးသွားတဲ့အခါ ငွေကြေးအရ ထိခိုက်နစ်နာမှုတွေ အများကြီး ကြုံတွေ့ရနိုင်ပါတယ်။

💯သင့်ရဲ့ လုပ်ငန်းနဲ့ အကျိုးအမြတ်တွေကို ဒီလိုအန္တရာယ်တွေကနေ အကောင်းဆုံး အကာအကွယ်ပေးနိုင်ဖို့ဆိုရင် ကုန်းလမ်းကုန်စည်အာမခံ (Inland Transit Insurance) က မရှိမဖြစ် လိုအပ်ပါတယ်။

Global World Insurance ရဲ့ ကုန်းလမ်းကုန်စည်အာမခံကို ထားရှိခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?
✅ ငွေကြေးအကာအကွယ်ရရှိခြင်း - လမ်းခရီးတစ်လျှောက် မမျှော်လင့်ထားတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကုန်စည်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ထိုက်တန်တဲ့ လျော်ကြေးငွေ ပြန်လည်ရရှိနိုင်ခြင်း။
✅ ယုံကြည်စိတ်ချရမှု - တန်ဖိုးကြီး ကုန်ပစ္စည်းများကို မြို့တစ်မြို့မှ တစ်မြို့သို့ သယ်ယူပို့ဆောင်ရာတွင် ယုံကြည်စိတ်ချစွာ ပို့ဆောင်နိုင်ခြင်း။
✅ လုပ်ငန်းစဉ်များ ချောမွေ့ခြင်း - ဆုံးရှုံးမှုများကြုံတွေ့ရပါက အမြန်ဆုံး ဝန်ဆောင်မှုပေးဖြေရှင်းပေးသည့်အတွက် လုပ်ငန်းလည်ပတ်မှု မနှောင့်နှေးစေခြင်း။

သင့်လုပ်ငန်းရဲ့ ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့စေဖို့နဲ့ လမ်းခရီးတစ်လျှောက် စိတ်အေးရဖို့အတွက် အခုပဲ GWI နဲ့ လက်တွဲလိုက်ပါ။ 🤝

🗨️ အာမခံထားရှိမှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ကျွန်တော်တို့ရဲ့ Page Messenger မှာ ယခုပဲ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Global World Insurance က သင်နဲ့အတူ အမြဲရှိနေပါတယ်။

ရန်ကုန်ရုံးချုပ် - အမှတ်(၆၂)၊ ဗဟိုစည်အိမ်ရာဝင်း၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးရုံးခွဲ - အမှတ် (E-26)၊ ၁၀၅ လမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်း ကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေခရိုင်၊ မန္တလေးတိုင်းဒေသကြီး။

#ကုန်းလမ်းကုန်စည်အာမခံ

ယနေ့မှာကျရောက်သော ဦးစိုင်းမြင့်သိန်း(Chairman of GWI)ရဲ့ အသက် ၆၃နှစ်ပြည့် မွေးနေ့မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင...
19/07/2026

ယနေ့မှာကျရောက်သော ဦးစိုင်းမြင့်သိန်း(Chairman of GWI)ရဲ့ အသက် ၆၃နှစ်ပြည့် မွေးနေ့မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း GWI မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။🎉🎉

ယနေ့မှာကျရောက်သော ဦးခင်မောင်ဝင်းရဲ့ မွေးနေ့မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း GWI မိသားစ...
17/07/2026

ယနေ့မှာကျရောက်သော ဦးခင်မောင်ဝင်းရဲ့ မွေးနေ့မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း GWI မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။🎉🎉

အကောင်းစားကားလေးအတွက် အကောင်းဆုံးကားအာမခံ🚗ကိုယ်ချစ်ရတဲ့ ကားလေးကို စီးပြီး ခရီးတွေသွားတဲ့အခါ၊ နေ့စဉ် ရုံးတက်ရုံးဆင်း သွား...
15/07/2026

အကောင်းစားကားလေးအတွက် အကောင်းဆုံးကားအာမခံ

🚗ကိုယ်ချစ်ရတဲ့ ကားလေးကို စီးပြီး ခရီးတွေသွားတဲ့အခါ၊ နေ့စဉ် ရုံးတက်ရုံးဆင်း သွားလာတဲ့အခါ လမ်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေက အချိန်မရွေး ရှိနေနိုင်ပါတယ်။
🚗ကိုယ့်ဘက်က ဘယ်လောက်ပဲ ဂရုစိုက်ပြီး မောင်းနှင်ပါစေ... လမ်းမထက်က မတော်တဆမှုတွေဟာ ရှောင်လွှဲရခက်ခဲပါတယ်။ ဒါကြောင့် သင့်ရဲ့ ကားလေးနဲ့အတူ သင့်မိသားစုရဲ့ လုံခြုံရေးအတွက် မော်တော်ယာဉ်အာမခံ (Motor Insurance) ထားရှိဖို့က အရေးကြီးဆုံး လိုအပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

🛡️ ကားအာမခံထားရှိခြင်းဖြင့် ဘယ်လိုအကာအကွယ်တွေ ရရှိနိုင်မလဲ?
• မိမိယာဉ် ထိခိုက်ပျက်စီးမှု (Own Damage): မတော်တဆ တိုက်မိလို့ ကိုယ့်ကားလေး ပျက်စီးသွားတဲ့အခါ ပြင်ဆင်စရိတ်တွေအတွက် စိတ်ပူစရာမလိုတော့ပါဘူး။
• တစ်ပါးသူအပေါ် ထိခိုက်ပျက်စီးမှု (Third-Party Liability): မတော်တဆမှုကြောင့် တစ်ပါးသူရဲ့ ပိုင်ဆိုင်မှု ပျက်စီးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက် ပေးလျော်ရမယ့် တာဝန်တွေကို အာမခံက ကာကွယ်ပေးပါတယ်။
• သဘာဝဘေးအန္တရာယ်နှင့် မီးဘေး (Natural Disaster & Fire): မီးလောင်မှု၊ ရေကြီးရေလျှံမှု အပါအဝင် သဘာဝဘေးအန္တရာယ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း အကာအကွယ်ပေးပါတယ်။
• ခိုးယူခံရမှု (Theft): မမျှော်လင့်ဘဲ ယာဉ်တစ်စီးလုံး ခိုးယူခံရတဲ့ ဆုံးရှုံးမှုမျိုး ကြုံတွေ့ရတဲ့အခါမှာလည်း ပြန်လည်လျော်ကြေးပေးပါတယ်။

💰 "အာမခံကြေး အနည်းငယ်က သင့်ကို သိန်းရာချီတဲ့ ဆုံးရှုံးမှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်"

🚗 လမ်းမထက်က ခရီးတိုင်းမှာ စိတ်အေးလက်အေးနဲ့ လုံခြုံမှုအပြည့် ရှိနေဖို့အတွက် မော်တော်ကားအာမခံအကြောင်း အသေးစိတ်ကို အခုပဲ စုံစမ်းမေးမြန်းလိုက်ပါ။

🚗 သင်နဲ့အတူ ကျွန်တော်တို့ရဲ့ ဂလိုဘယ်ဝေါ(လ်)အာမခံက အမြဲတမ်းအတူရှိနေပါတယ်။
💬 Messenger ကနေတစ်ဆင့်လည်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ရန်ကုန်ရုံးချုပ် - အမှတ်(၆၂)၊ ဗဟိုစည်အိမ်ရာဝင်း၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးရုံးခွဲ - အမှတ် (E-26)၊ ၁၀၅ လမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်း ကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေခရိုင်၊ မန္တလေးတိုင်းဒေသကြီး။

#အာမခံ

“ဘာဖြစ်လာမလဲ” ဆိုတဲ့ စိုးရိမ်စိတ်တွေကို လျှော့ချပေးဖို့ မရှိမဖြစ်ထားသင့်တဲ့ “မီးအာမခံ”သဘာဝဘေးအန္တရာယ်တွေဟာ ကြိုတင်အကြောင...
09/07/2026

“ဘာဖြစ်လာမလဲ” ဆိုတဲ့ စိုးရိမ်စိတ်တွေကို လျှော့ချပေးဖို့
မရှိမဖြစ်ထားသင့်တဲ့ “မီးအာမခံ”

သဘာဝဘေးအန္တရာယ်တွေဟာ ကြိုတင်အကြောင်းကြားပြီးမှ ရောက်လာတတ်တာ မဟုတ်ပါဘူး။ အထူးသဖြင့် မကြာခဏဆိုသလို ကြုံတွေ့ရတတ်တဲ့ ငလျင်ဘေး၊ ရေကြီးရေလျှံမှုနဲ့ မုန်တိုင်းအန္တရာယ်တွေဟာ မိမိတို့နှစ်ပေါင်းများစွာ စုဆောင်း တည်ဆောက်ထားခဲ့ရတဲ့ အိမ်ဂေဟာနဲ့ ပိုင်ဆိုင်မှုတွေကို မျက်စိတစ်မှိတ်အတွင်းမှာ ပျက်စီးဆုံးရှုံးသွားစေနိုင်ပါတယ်။

ဒီလို မရေရာမှုတွေပြည့်နှက်နေတဲ့ လောကကြီးမှာ မိမိအိမ်နဲ့ မိသားစုရဲ့ အနာဂတ်ကို စိတ်အေးချမ်းသာစွာ ကာကွယ်ထားနိုင်ဖို့ “မီးအာမခံ”က မရှိမဖြစ် လိုအပ်ပါတယ်။
💡မီးအာမခံ ဘာကြောင့် ထားသင့်တာလဲ။
• ငွေကြေးဆုံးရှုံးမှုမှ အကာအကွယ်ပေးခြင်း - ဘေးအန္တရာယ်ကြောင့် အိမ်ခြေ၊ တိုက်တာနဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးသွားတဲ့အခါ ပြန်လည်ပြုပြင် တည်ဆောက်ဖို့ ကုန်ကျစရိတ်တွေကို အာမခံက ထောက်ပံ့ပေးပါတယ်။
• ပြန်လည်ထူထောင်ရေး မြန်ဆန်ခြင်း - ဘေးဒုက္ခကြုံပြီးနောက် ကိုယ်ပိုင်ငွေကြေး အခက်အခဲကြောင့် အစကနေ ပြန်စဖို့ ရုန်းကန်ရမယ့် အချိန်ကို အာမခံလျော်ကြေးက အများကြီး သက်သာမြန်ဆန်စေပါတယ်။

🛡️ အာမခံထားတော့မယ်ဆိုရင် ဘာတွေ သတိပြုရမလဲ။
1. အကာအကွယ်ပေးမယ့်အာမခံကို သေချာစစ်ဆေးပါ - မိမိဝယ်ယူမယ့် အာမခံအမျိုးအစားက ငလျင်၊ မီးဘေး၊ ရေကြီးမှု၊ မုန်တိုင်း စတဲ့ ဘယ်အန္တရာယ်တွေကို အကျုံးဝင်လဲဆိုတာ သေချာဖတ်ရှုပါ။
2. မိမိဒေသရဲ့ အခြေအနေကို တွက်ချက်ပါ - မိမိနေထိုင်တဲ့ ဒေသဟာ ငလျင်ကြောနဲ့ နီးသလား၊ သို့မဟုတ် ရေကြီးတတ်တဲ့ နေရာလား ဆိုတာပေါ် မူတည်ပြီး အသင့်တော်ဆုံး Premium Plan ကို ရွေးချယ်ပါ။
3. စည်းကမ်းချက်များကို နားလည်အောင် မေးမြန်းပါ - အရေးကြုံလို့ လျော်ကြေးတောင်းခံရမယ့် လုပ်ငန်းစဉ် (Claim Process) နဲ့ ကန့်သတ်ချက်တွေကို အာမခံကုမ္ပဏီထံမှာ သေချာရှင်းလင်းစွာ မေးမြန်းထားပါ။
📢 အာမခံနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Chat Box သို့ လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။

ရန်ကုန်ရုံးချုပ် - အမှတ်(၆၂)၊ ဗဟိုစည်အိမ်ရာဝင်း၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးရုံးခွဲ - အမှတ် (E-26)၊ ၁၀၅ လမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်း ကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေခရိုင်၊ မန္တလေးတိုင်းဒေသကြီး။


#ကြိုတင်ကာကွယ်ရေး

Address

No. 62 , Bahosi Development, Wadan Street, Lanmadaw Township
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+9512302508

Alerts

Be the first to know and let us send you an email when Global World Insurance - GWI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Global World Insurance - GWI:

Shortcuts

Share