25/05/2026
ဘဝမှာ စိတ်ချမ်းသာချင်ရင် ကိုယ့်အကြောင်း ကိုယ်သာ
အပြည့်အဝအာရုံစိုက်ပီး နေကြည့်.
ဘယ်သူ့အကြောင်းမှ သိပ်မစဉ်းစားနဲ့.. တွေးလည်းမတွေးနဲ့... ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်..
ကိုယ့်အကြောင်းပဲ ကိုယ်တွေး..
ကိုယ် ဘာတွေ လိုနေသေးလဲ..
ကိုယ် ဘာတွေ ဖြည့်ရမလဲ..
ဘယ်နေရာတွေကို ပြင်ဖို့လိုလဲ..
ကိုယ်မှာ ဘာတွေ အားသာချက်ရှိလဲ.. ဒါမျိုးတွေပဲတွေး..
တွေးပြီးရင်လည်း ဒီတိုင်းရပ် မနေနဲ့..
Action ယူ အလုပ်လုပ်...
ဘဝမှာ ကိုယ့်စိတ်တိုင်းကျ မောင်းလို့ရတာဆိုလို့ ကိုယ်ကိုယ်တိုင်ပဲ ရှိတယ်..
ကိုယ်တိုင်ရဲ့ ပြောင်းပြန် တခြားသူအကြောင်းတွေ တွေးမိပြီ ဆိုလို့ကတော့ စိတ်ဆင်းရဲဖို့သာ ပြင်ပေတော့ပဲ...
ရည်းစားအကြောင်းလည်း မတွေးနဲ့ ... ချစ်သူလည်း မတွေးနဲ့
မိသားစုလည်း သိပ်မတွေးနဲ့..
ဒါတွေက ကိုယ်လုပ်ပေးနိုင်သမျှ အကောင်းဆုံးလုပ်ပေးပြီးရင်၊ ကျန်တာ ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်လိုက်... အတွေးတွေကပဲ များသောအားဖြင့် စိတ်ကို ဆင်းရဲစေတာ.. အတွေးကို ဖြတ်နိုင်အောင်သာဖြတ်.. စိတ်ချမ်းသာလာလိမ့်မယ်...
ဒီနည်းအတိုင်းပဲ ကျေနာ်တို့လည်း ကြိုးစားပြီးနေထိုင်ပါတယ်..
ကိုယ့်အကြောင်းကိုယ်တွေး ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်လိုက်တော့ ကိုယ်နဲ့ ကိုယ်ပဲ ဆိုတော့ ရန်ဖြစ်ချင်လည်း ကိုယ့်ဟာကိုယ် ဖြစ်နေရုံပဲ၊ သူများနဲ့ မဟုတ်တော့ တော်တော် အဆင်ပြေသွားတယ်ပေါ့
အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ ☘️