FNI Life

FNI Life First National Insurance (Life) Company Limited

Vision

To become a leading Insurance Company in Myanmar Insurance Industry by fostering Industrial & Economic growth thereby improving quality of peoples’ lives.

FNI မိသားစု၏ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲFirst National Insurance မိသားစု၏ နှစ်စဉ်ကျင်းပစိုက်ပျိုးပြုလုပ်သော မို...
23/07/2026

FNI မိသားစု၏ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ

First National Insurance မိသားစု၏ နှစ်စဉ်ကျင်းပစိုက်ပျိုးပြုလုပ်သော မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ (၁၈) ရက်နေ့က ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်း၊ ကျောက်တန်းစံပြကျေးရွာ၊ ပဲခူးမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါမိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် FNI (General) ၏ Deputy Managing Director ဦးအောင်ကိုကိုတင်ဝင်းနှင့် ဝန်ထမ်းများမှ သစ်တောများ ပြန်လည်စိမ်းလန်းစိုပြည်စေရန်အတွက် ပျိုးပင်ပေါင်း (၇၀၀) ကို စိုက်ပျိုးခဲ့ကြပြီးနောက် ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်း၏ ကျောင်းအုပ်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ, ဓမ္မာစရိယ ဒေါက်တာအရှင်ပညောဘာသ(ပန်းပျိုးလက်)မှ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ လာရောက်ကြသော ဝန်ထမ်းများအား မနက်စာ မုန့်ဟင်းခါး၊ နေ့လည်စာ ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးပါသည်။

ထို့နောက် FNI မှ ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းအတွက် အလှူငွေကျပ် ၃,၀၀၀,၀၀၀/- နှင့် ပရဟိတကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား/ ကျောင်းသူများအတွက် အဖြူ၊ အစိမ်း ပိတ်အုပ် (၂) အုပ် တို့ကို လှူဒါန်းခဲ့ပါသည်။




ဒီနေ့ ဇွန်လ ၃၀ ရက်နေ့ဟာ ကမ္ဘာ့ဆိုရှယ်မီဒီယာနေ့ပဲဖြစ်ပါတယ်။ ဒီနေ့မှာ မိမိကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ဖို့ မေးခွန်းလေးတစ်ခု...
30/06/2026

ဒီနေ့ ဇွန်လ ၃၀ ရက်နေ့ဟာ ကမ္ဘာ့ဆိုရှယ်မီဒီယာနေ့ပဲဖြစ်ပါတယ်။ ဒီနေ့မှာ မိမိကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ဖို့ မေးခွန်းလေးတစ်ခု မေးပါရစေ။

"သင်ဟာ ဆိုရှယ်မီဒီယာ (Facebook, Instagram, YouTube, TikTok, Telegram) ပေါ်မှာ တစ်နေ့ကို အချိန်ဘယ်လောက် ကုန်ဆုံးလေ့ရှိပါသလဲ?"

(က) ၁ နာရီမှ ၂ နာရီဝန်းကျင်

(ခ) ၂ နာရီမှ ၄ နာရီအထိ

(ဂ) ၄ နာရီနှင့် အထက်

အဖြေလေးတွေကို Comment မှာ ဖြေပေးခဲ့ကြဦးနော်။

ကျွန်တော်တို့တွေက ဆိုရှယ်မီဒီယာသုံးရင်း သတင်းကြည့်ဖို့၊ အပန်းဖြေဖို့ အချိန်တွေ ပေးဖြစ်ကြပါတယ်။ အဲ့လိုအချိန်ပေးတဲ့ထဲမှာ မိသားစုအနာဂတ်ကို ဘယ်လိုကာကွယ်မလဲဆိုတာကော စဉ်းစားမိကြဖူးပါသလား။

ဆိုရှယ်မီဒီယာအသုံးပြုဖို့အတွက် ဖုန်းဘေတွေ အင်တာနက် Package တွေ Wifi ဖိုးတွေရဲ့ ကုန်ကျစရိတ်ဟာလည်း မနည်းလှပါဘူး။

အဲ့ဒီလို တစ်လ တစ်လ ကုန်ကျစရိတ်တွေရဲ့ ပမာဏအနည်းငယ်ကို ဖယ်ထားပြီး ကိုယ့်ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင်...

> မမျှော်လင့်ထားတဲ့ ထိခိုက်မှုတွေကြုံတွေ့တဲ့အခါမှာ မိသားစုအတွက် သိန်းရာချီတဲ့ ငွေကြေးအကာအကွယ် ကို ရရှိနိုင်ပါတယ်။

> ဘာမှမဖြစ်ဘဲ သက်တမ်းပြည့်သွားတဲ့အခါမှာလည်း မိမိစုဆောင်းထားတဲ့ ငွေတွေကို အတိုးနဲ့တကွ ပြန်လည်ရရှိ မှာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာသုံးဖို့ အချိန်ပေးသလိုမျိုး... တစ်နေ့ကို ၅ မိနစ်စာလောက်ပဲဖြစ်ဖြစ် ကိုယ့်မိသားစုရဲ့ ရေရှည်အနာဂတ် လုံခြုံရေးအတွက် အချိန်ပေးပြီး စဉ်းစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

သင့်မိသားစုရဲ့ ဝင်ငွေ၊ ထွက်ငွေနဲ့ ကိုက်ညီမယ့် အသက်အာမခံအမျိုးအစားတွေကို အသေးစိတ် သိရှိလိုပါက Page Messenger မှာ အခုပဲ လွတ်လပ်စွာ လာရောက်မေးမြန်း တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။



Happy Father's Dayအဖေအများစုဟာ "ချစ်တယ်" လို့ စကားလုံးတွေနဲ့ ထုတ်ပြောလေ့မရှိပေမယ့် သူတို့ရဲ့ မေတ္တာတရားကို မိသားစုအတွက် ...
21/06/2026

Happy Father's Day

အဖေအများစုဟာ "ချစ်တယ်" လို့ စကားလုံးတွေနဲ့ ထုတ်ပြောလေ့မရှိပေမယ့် သူတို့ရဲ့ မေတ္တာတရားကို မိသားစုအတွက် နေ့မနားညမနား ရုန်းကန်ပေးတဲ့ အလုပ်ကြိုးစားမှုတွေ၊ တာဝန်သိစိတ်တွေထဲမှာပဲ အသံတိတ် မြှုပ်နှံထားတတ်ကြပါတယ်။

ဘဝမှာ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ကြုံလာရတဲ့အခါ ဒေါသနဲ့မဖြေရှင်းဘဲ စိတ်အေးအေးထားပြီး စနစ်တကျ နားထောင်ရင်ဆိုင်တတ်တဲ့ တည်ငြိမ်မှုကိုလည်း ကျွန်တော်တို့ဟာ အဖေ့ရဲ့ လုပ်ရပ်တွေကနေတစ်ဆင့် သင်ယူခွင့်ရခဲ့ကြတာပါ။

ယနေ့ခေတ်လို ဖုန်းနဲ့နည်းပညာတွေကြားထဲမှာ အချိန်ကုန်လွန်နေတဲ့ ကာလမှာ အဖေနားမလည်တဲ့ အရာတွေကို စိတ်ရှည်လက်ရှည် ပြန်လည်မျှဝေပေးရင်း၊ တစ်ဖက်ကလည်း အဖေ့ရဲ့ ဘဝအတွေ့အကြုံတွေကို တန်ဖိုးထားနားထောင်ပေးခြင်းဖြင့် နွေးထွေးတဲ့ သံယောဇဉ်တံတားကို ဆောက်လုပ်နိုင်ပါတယ်။


17/06/2026

သားသမီးတိုင်းကို ပညာရေးမှာ ထူးချွန်ပြီး ဘဝမှာ အောင်မြင်တဲ့သူတွေ ဖြစ်စေချင်တာဟာ မိဘတိုင်းရဲ့ အိပ်မက်ပါပဲ။
အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အတွက် ဒီနေ့ကစပြီး FNI Life နဲ့ လက်တွဲလိုက်ကြပါစို့။


05/06/2026

ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ
သစ်တောပြုန်းတီးမှုတွေ၊ ပလက်စတစ် အသုံးများလာခြင်း
စတာတွေကြောင့် တဖြည်းဖြည်းနဲ့ ညစ်ညမ်းလာနေပါတယ်

ဒီလိုညစ်ညမ်းလာမှုကို ထိန်းသိမ်းကာကွယ်ဖို့အတွက်
ကျွန်တော်တို့ကိုယ်တိုင် လုပ်ဆောင်နိုင်တာတွေကတော့
သစ်တောတွေ ပြန်လည်စိမ်းလန်းလာအောင် သစ်ပင်စိုက်ခြင်း၊
အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းတို့နဲ့ ပလက်စတစ်သုံးစွဲမှုကို လျှော့ချခြင်း စတာတွေကို လုပ်ဆောင်ပြီးတော့ ကမ္ဘာမြေကြီးကို ပြန်လည်ကျန်းမာလာစေနိုင်ပါတယ်

အဲ့တာကြောင့် ဒီနေ့မှာကျရောက်တဲ့ "ကမ္ဘာ့ပတ်ဝန်းကျင်နေ့" ကစပြီးတော့ လှပတဲ့ကမ္ဘာကြီးကို ပုံဖော်လိုက်ကြပါစို့။



ရုံးပိတ်ရက်ကြေညာခြင်း (အီဒုလ်အဿွဟာ - ကုရ်ဘာနီအီးဒ်နေ့)၂၀၂၆ ခုနှစ်၊ မေလ၊ ၂၈ ရက် (ကြာသပတေးနေ့) သည် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီ...
27/05/2026

ရုံးပိတ်ရက်ကြေညာခြင်း

(အီဒုလ်အဿွဟာ - ကုရ်ဘာနီအီးဒ်နေ့)
၂၀၂၆ ခုနှစ်၊ မေလ၊ ၂၈ ရက် (ကြာသပတေးနေ့) သည် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့၊ အများပြည်သူ အလုပ်ပိတ်ရက် ဖြစ်ပါသဖြင့် ပထမအမျိုးသားအသက်အာမခံရုံး ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။

မိုးရာသီမှာ လေထုစိုထိုင်းမှုမြင့်ပြီး ရောဂါပိုးမွှားတွေပေါ်ပေါက်လွယ်ပြီးတော့ အခြားကျန်းမာရေးပြဿနာများလည်း ကြုံရတတ်ပါတယ်။...
20/05/2026

မိုးရာသီမှာ လေထုစိုထိုင်းမှုမြင့်ပြီး ရောဂါပိုးမွှားတွေပေါ်ပေါက်လွယ်ပြီးတော့ အခြားကျန်းမာရေးပြဿနာများလည်း ကြုံရတတ်ပါတယ်။
ဒီလိုအချိန်မှာ ကိုယ့်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်နိုင်တဲ့ အကြုံပြုချက် တချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ ရေနှင့် အစားအသောက်သန့်ရှင်းမှုကို အလေးထားပါ။

မိုးရာသီမှာ မသန့်ရှင်းတဲ့ရေကိုသောက်သုံးခြင်းကြောင့် ကူးစက်ရောဂါများ ပိုများတတ်ပါတယ်။ မဖြစ်မနေ မသန့်ရှင်းတဲ့ရေကို သောက်ရမယ်ဆိုရင်လည်း စနစ်တကျ ကြိုချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။ အစားအသောက်များကိုလည်း ပူပူနွေးနွေးစားသုံးပါ။ လမ်းဘေးအစားအသောက်များ စားသုံးခြင်းကို ရှောင်ကျဉ်ပါ။

၂။ အာဟာရပြည့်ဝသော အစားအစာများကို စားပါ။

သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကိုစားသုံးခြင်းဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ နွားနို့, ငါး, ကြက်သားနဲ့ ပဲမျိုးစုံကို စားသုံးခြင်းဟာလည်း ကိုယ်ခံစွမ်းအားကို တိုးစေပါတယ်။

၃။ ကိုယ့်အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။

အိမ်ပတ်ဝန်းကျင် ရေဝပ်နေတဲ့နေရာတွေမှာ ခြင်၊ ယင်နဲ့ ပိုးမွှားတွေပေါက်ပွားနိုင်ပြီး ရောဂါဖြစ်စေနိုင်ပါတယ်။ အဲ့ကြောင့် မိမိနေအိမ်နဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ကာ ပိုးမွှားများမရှိအောင် ဆောင်ရွက်ပါ။

၄။ အားကစားပုံမှန်လုပ်ပါ။

နေ့စဉ်အားကစား ပုံမှန်လုပ်ခြင်းက ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေပြီး မိုးရာသီမှာ အဖြစ်များတဲ့ ကိုယ်ခံအားနည်းခြင်းကြောင့်ဖြစ်တဲ့‌ တုပ်ကွေးနဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကဲ ဒီအကြုံပြုချက်လေးတွေကို လိုက်နာပြီးတော့ မိုးရာသီမှာ ကျန်းမာရေးကို ထိန်းသိမ်းနိုင်ပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။


နှစ်သစ်နဲ့အတူ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ သောကကင်းဝေးပြီး စိတ်ချမ်းသာပါစေကြောင်း FNI LIFE မှဆုမွန်ကောင်းတောင်းပ...
14/04/2026

နှစ်သစ်နဲ့အတူ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ သောကကင်းဝေးပြီး စိတ်ချမ်းသာပါစေကြောင်း FNI LIFE မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ပျော်ရွှင်စရာသင်္ကြန်အခါသမယလေးဖြစ်ပါစေ။


ပြည်တွင်း ပြည်ပ ခရီးသွားခြင်းများအတွက် FNI life ၏ ခရီးသွားအာမခံကို Neo Gallant ရယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေငြာလို...
10/04/2026

ပြည်တွင်း ပြည်ပ ခရီးသွားခြင်းများအတွက် FNI life ၏ ခရီးသွားအာမခံကို Neo Gallant ရယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေငြာလိုက်ပါတယ်ခင်ဗျာ။


“Travel Insurance”

ခရီးသွားခြင်းဆိုသည်မှာ ပျော်ရွှင်စရာအတွေ့အကြုံသစ်များ ရှာဖွေခြင်းဖြစ်သလို၊ တစ်ဖက်တွင်လည်း မမျှော်လင့်ထားသော အခက်အခဲများ ကြုံလာနိုင်ပါတယ်နော်။

Neo Gallant Travel & Tour အနေဖြင့် ကျွန်ုပ်တို့၏ ခရီးသည်များအတွက် အကောင်းဆုံးသော လုံခြုံမှုနှင့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် မြန်မာနိုင်ငံ၏ ထိပ်တန်းအာမခံလုပ်ငန်းတစ်ခုဖြစ်သည့် FNI Life (First National Insurance) နှင့် တရားဝင်စာချုပ်ချုပ်ဆိုထားကာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

🤝 ကျွန်ုပ်တို့၏ အာမခံဝန်ဆောင်မှုများ

• သီးသန့်ဝန်ဆောင်မှု: Neo Gallant မှ ရောင်းချပေးနေသည့် ခရီးစဉ် Package တိုင်းတွင် လူကြီးမင်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် FNI Life ၏ အာမခံဝန်ဆောင်မှုများကိုသာ အထူးယုံကြည်စွာ အသုံးပြုပေးထားပါသည်။

• တရားဝင်ကိုယ်စားလှယ်: Neo Gallant သည် Travel Insurance ဝန်ဆောင်မှုများကို တရားဝင်ပြန်လည်ရောင်းချပိုင်ခွင့် (Authorized Agency) ရရှိထားသော ကုမ္ပဏီဖြစ်ပါသည်။

• စိတ်ကြိုက်ရွေးချယ်နိုင်မှု: ပြည်တွင်း/ပြည်ပ ခရီးစဉ်များအတွက် အနည်းဆုံး (၁) ရက်မှ အများဆုံး (၁၈၀) ရက်အထိ လူကြီးမင်းတို့၏ လိုအပ်ချက်ပေါ်မူတည်၍ အာမခံဝယ်ယူနိုင်ပါသည်။

🔸 Agent မယူထားသော ခရီးဝန်ဆောင်မှုလုပ်ငန်း လုပ်နေသောလုပ်ငန်းရှင်များ လတိုင်းပုံမှန်ဝယ်ချင်တယ်ဆိုရင်လည်း အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါတယ်နော်။

"မသေချာတဲ့ အနာဂတ်မှာ အကာအကွယ်ယူပြီး စိတ်အေးချမ်းသာစွာ ခရီးသွားလိုက်ပါ"

ခရီးသွားအာမခံနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖြစ်စေ၊ ခရီးစဉ်များအတွက် ဆွေးနွေးလိုပါက ဖြစ်စေ Neo Gallant ကို အခုပဲဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။

📩 အသေးစိတ်စုံစမ်းမေးမြန်းရန်
• Page Messenger
• Email: [email protected]
• Phone: 09970021122, 09442271234 , 09775317000 (Viber, Telegram & WhatsApp)

🏢 License Information:
• Company license no: 144561899
• Inbound license no: T/I (YGN) - 3546

#ခရီးသွားအာမခံ

"ရုံးပိတ်ရက်ကြေညာခြင်း"၂၀၂၆ ခုနှစ်၊ ဧပြီ(၁၁) ရက်နေ့မှ ဧပြီ(၁၉) ရက်နေ့အထိသည် မြန်မာ" နှစ်သစ်ကူး" ရုံးပိတ်ရက်ရှည် ဖြစ်ပါသဖ...
06/04/2026

"ရုံးပိတ်ရက်ကြေညာခြင်း"
၂၀၂၆ ခုနှစ်၊ ဧပြီ(၁၁) ရက်နေ့မှ ဧပြီ(၁၉) ရက်နေ့အထိသည် မြန်မာ" နှစ်သစ်ကူး" ရုံးပိတ်ရက်ရှည် ဖြစ်ပါသဖြင့် အဆိုပါနေ့များတွင် FNI Life ရုံးချုပ် နှင့် ရုံးခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
အသက်အာမခံဝန်ဆောင်မှုများအကြောင်းသိရှိလိုပါက
Hot Line - 09 269843974, Claim Hotline - 09 269843975 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Address

Building (C/6), 4th Floor, Mindhama Garden Villa, Mindhama Road, Mayangone Township
Yangon
11062

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Telephone

+959977327847

Alerts

Be the first to know and let us send you an email when FNI Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FNI Life:

Shortcuts

Share