Vehicle Insurance Myanmar

Vehicle Insurance Myanmar ရာသီဉတုကို ထိန္းခ်ဳပ္နိုင္တယ္ဆိုရင

အာမခံဝယ်တဲ့အခါ ဘာကြောင့်ကျွမ်းကျင်မှုရှိတဲ့အာမခံအေးဂျင့်ကိုရှာသင့်သလဲ? လူကြီးမင်းရဲ့ရွေးချယ်မှုတစ်ခုက အလွန်ကိုအရေးကြီးပါ...
23/01/2021

အာမခံဝယ်တဲ့အခါ ဘာကြောင့်ကျွမ်းကျင်မှုရှိတဲ့အာမခံအေးဂျင့်ကိုရှာသင့်သလဲ? လူကြီးမင်းရဲ့ရွေးချယ်မှုတစ်ခုက အလွန်ကိုအရေးကြီးပါတယ်။

ခုခေတ်ခြေနေမှာ အင်တာနက်က အရမ်းကိုအရေးပါလာပါပြီး လူတော်တော်များများဟာ အွန်လိုင်းပေါ်ကနေ ဝယ်ယူကြတဲ့အလေ့အကျင့်တစ်ခုရှိလာပါပြီ။

*အာမခံကိုလည်း အွန်လိုင်းကနေဝယ်ယူနိုင်ပါပြီ။*

ဒါပေမယ့် လူကြီးမင်းအာမခံကို တကယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့အာမခံအေးဂျင့်ကိုရှာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက်/အွန်လိုင်း ဘယ်လောက်ပဲ တိုးတက်နေပါစေ ၊ လူတစ်ဦးရဲ့စွမ်းဆောင်မှုတော်တော်များများကို အင်တာနက်က အစားထိုးပေးနိုင်ခြင်းမရှိသေးပါဘူး။

အကြောင်းအရင်း - ၁ (အခြေအနေအရပြောင်းလဲပေးနိုင်ခြင်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူတစ်ဦးချင်းစီရဲ့ဝင်ငွေဟာ မတူညီတဲ့အပြင် အနေအထား အမျိုးမျိုးကွာခြားတာမို့ အာမခံထားရမယ့်အမျိုးအစားတွေလည်းကွဲပြားကြပါတယ်။ ရှိတိုင်းလည်းမကောင်းပါဘူး ကိုယ်နဲ့အဆင်ပြေမှ အကောင်းဆုံးလို့ပြောကြပါတယ်။ အာမခံလည်း ထိုနည်းလည်းကောင်းပါပဲ။ တစ်ဦးချင်းစီရဲ့လက်ရှိအခြေအနေကိုကြည့်ပြီး အာမခံကိုစနစ်တကျဝယ်ယူတာဟာ အာမခံရဲ့အသုံးဝင်ပုံကို ပိုပြီးလေးနက်စေပါတယ် ။ ဒီလိုချိန်မှာအာမခံအေးဂျင့်တစ်ယောက်ရဲ့အတွေ့အကြုံတွေက လူကြီးမင်းအာမခံဝယ်ယူတဲ့အခါမှာ ပိုပြီးစိတ်ချစေနိုင်ပါတယ်။
ဒါကြောင့်အာမခံကို ကျွမ်းကျင်တဲ့အေးဂျင့်နဲ့သာဝယ်ယူသင့်ပါတယ်။

အကြောင်းအရင်း - ၂ (စဉ်ဆက်မပြတ်ဝန်ဆောင်မှုပေးနိုင်ခြင်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာမခံဆိုတာ ဝန်ဆောင်မှုတစ်မျိုးပါပဲ ၊ ဒီဝန်ဆောင်မှုရဲ့ မဝယ်ယူစဉ်(မေးမြန်းကာလ)၊ ဝယ်ယူနေစဉ်ကာလ၊ ဝယ်ယူပြီးနောက်ဝန်ဆောင်မှု၊ ဒီဝန်ဆောင်မှုဖြစ်စဉ်တိုင်း အာမခံအေးဂျင့်တစ်ယောက်လိုအပ်ပါတယ်။
မဝယ်ယူစဉ်(မေးမြန်းကာလ)။ ။ အာမခံအေးဂျင့်က လူကြီးမင်းရဲ့လက်ရှိအခြေအနေကိုကြည့်ပြီး အာမခံ Plan ရေးဆွဲပေးပါလိမ့်မယ်။

ဝယ်ယူနေစဉ်ကာလ ။ ။ လူကြီးမင်းကို သက်တမ်းတိုးရမယ့်အချိန် အစရှိတဲ့သတိပြုရမယ့်အချက်တွေရှင်းပြရင်း လူကြီးမင်း အာမခံPlanကို ပြီးပြည့်စုံအောင် အကောင်အထည် ဖော်ပေးပါလိမ့်မယ်။

ဝယ်ယူပြီးနောက်ကာလ ။ ။ တကယ်လို့ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် အရင်ဆုံးအာမခံအေးဂျင့်ကိုဆက်သွယ်ပြီး လျော်ကြေးတောင်းဖို့ကိစ္စကို အတူတူဖြေရှင်းခိုင်းလို့ရပါတယ်။
ဒါကြောင့် အာမခံဝယ်ရင် ကျွမ်းကျင်တဲ့အာမခံအေးဂျင့်ကိုရှာပြီး ဝယ်ယူသင့်ပါတယ်။

အကြောင့်အရင်း - ၃ (ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှု)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘယ်လိုအာမခံplanမျိုး သို့မဟုတ် အာမခံပေါ်လစီ ဖြစ်နေပါစေ၊ ဒါတွေအားလုံးဟာ အသက်မရှိတဲ့အရာဖြစ်တဲ့အပြင် အပြင်လူတစ်ဦးအနေနဲ့နားလည်ရခက်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒါပေမယ့် အာမခံအေးဂျင့်ဆိုတာကတော့ အရှင်လတ်လတ်ကြီးပါ ပိုကျွမ်းကျင်တိကျပြီး ကိုယ့်အတွေ့အကြုံအရ အာမခံထားချင်သူကို အဘက်ဘက်ကနေ အာမခံကိုနားလည်ရလွယ်ကူအောင် ရှင်းပြနိုင်ပါတယ်။
ဒါကြောင့် အာမခံဝယ်ရင် ကျွမ်းကျင်တဲ့အာမခံအေးဂျင့်ကိုရှာပြီး ဝယ်ယူသင့်ပါတယ်။

အကြောင်းအရင်း - ၄ (နွေးထွေးသောဝန်ဆောင်မှု)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ်တော့ အာမခံအေးဂျင့်တစ်ဦးဟာ ငွေကြေးဆိုင်ရာ အကြံပေးတစ်ဦးနဲ့တူပါတယ်။
လူကြီးမင်းဘဝအတွက် အာမခံရှိအောင် လုပ်ပေးနေတဲ့တစ်ချိန်တည်းမှာပဲ လူကြီးမင်းအပေါ်ကျရောက်လာတဲ့ အန္တရာယ်တွေကြောင့် လူကြီးမင်းငွေကြေးဆိုင်ရာအပိုင်းကို မထိခိုက်စေပဲ စိတ်အေးချမ်းသာစွာဖြတ်သန်းနိုင်အောင် အာမခံအရှိဆုံး Plan ကိုရေးဆွဲပေးတတ်ကြပါတယ်။
နိုင်ငံခြားတွေမှာဆို အာမခံအေးဂျင့်တွေကို နွေးထွေးစွာနဲ့ life Planer လို့ခေါ်ဝေါ်တတ်ကြပါတယ်။
ဒါကြောင့်အာမခံဝယ်ရင် ကျွမ်းကျင်တဲ့အာမခံအေးဂျင့်ကိုရှာပြီး ဝယ်ယူသင့်ပါတယ်။

အာမခံထားခြင်း၏ကောင်းကျိုး FINAL EP~~~~~~~~~~~~~~~~~~~~~~~~ရောဂါတစ်ခုတည်းကြောင့် ကုတ်ခြစ်စုထားတဲ့ငွေတွေဟာမှုတ်ထုတ်လိုက်တဲ...
19/08/2020

အာမခံထားခြင်း၏ကောင်းကျိုး FINAL EP
~~~~~~~~~~~~~~~~~~~~~~~~

ရောဂါတစ်ခုတည်းကြောင့် ကုတ်ခြစ်စုထားတဲ့ငွေတွေဟာ
မှုတ်ထုတ်လိုက်တဲ့အငွေ့လိုပျောက်သွားနိုင်ပါတယ် (ဆေးလိပ်သည်ကျန်းမာရေးကိုထိခိုက်စေတယ်)

ဒီလိုပြသာနာတွေရှိနေလို့လည်း အာမခံကိုယ်စားလှယ်(Agent)တို့ရဲ့တန်ဖိုးကို ပိုပြီးပေါ်လွင်စေတာပါ။
ကျွန်တော်တို့က သူတို့တွေရဲ့အခက်အခဲတွေကိုဖြေရှင်းပေးပြီး သူတို့ရဲ့ဘဝ ကျန်းမာချမ်းသာအောင် Plan(အစီအစဉ်)ဆွဲပေးတဲ့လူတွေပါ
သူတို့ကို ငွေကိုကြိုစုတတ်ဖို့၊ မမြင်နိုင်တဲံအန္တရာယ်(Risk)တွေကို လွှဲပြောင်းပေးတတ်ဖို့ ကူညီပေးတဲ့လူပါ။

မိသားစုဝင်ငွေထဲက နည်းနည်းလေးသုံးပြီး၊ အနာဂတ်မှာဖြစ်လာနိုင်တဲ့(ကျန်းမာရေး/အထွေထွေ)လိုအပ်မယ့်ငွေအတွက်စာချုပ်အသွင်ပြောင်းပြီးချုပ်လိုက်ရုံလေးပါပဲ။

တကယ်တော့ အာမခံဆိုတာ ငွေစုတဲ့သဘောပါ
ဒီနေ့ထားလိုက်တဲ့ စုစုပေါင်းအာမခံငွေဟာ နောင်တစ်ချိန်အရေးကြုံရင်ရလာမယ့် ပိုက်ဆံတွေပါပဲ။

အာမခံက ဒီလိုအခက်အခဲတွေကိုထူးခြားတဲ့နည်းလမ်းနဲ့ဖြေရှင်းပေးနိုင်တာကြောင့် ကျွန်တော်တို့(Agent)တွေက တခြားလူတွေကို ဘီးလုံးပို့ပေးတဲ့လူနဲ့သွားတူတာပါ။

ကျွန်တော်တို့ (Agent) တွေဟာ ထောင်သောင်းချီတဲ့မိသားစု တစ်စုချင်းကို အသက်ရှင်ရတာ ပိုပြီးဖိအားနည်းအောင်၊ လုံခြုံမှုရှိအောင် လုပ်ပေးနေသူပါ

ဒါပေမယ့် အာမခံမားကတ်တင်းဆင်းတာလည်း လွယ်ကူတဲ့အရာတစ်ခုလို့မထင်လိုက်ပါနဲ့
ဘာလို့လဲဆိုတော့ လူတော်တော်များများက ကျွန်တော်တို့က သူတို့ကိုဘီးလုံးပို့ပေးနေတဲ့လူ မထင်ပါဘူး

ကိုယ့်ကိုယ်ကို တွန်းလှည်းတွန်းနေတဲ့လူလို့လည်း မထင်ပါဘူး

ဘီးလဲတပ်လိုက်တာက သူတို့ဘဝကိုအတွက် ကောင်းကျိုးအများကြီးရလာမယ်ဆိုတာကို မသိတာက ပိုပြီးဆိုးပါတယ်

ဒါပေမယ့် ဒီလိုအချက်ကြောင့် ကျွန်တော်တို့ အာမခံကိုမားကတ်တင်းဆင်းတဲ့လူတွေရဲ့အရေးကြီးပုံကို ထပ်မံပိုပြီးပေါ်လွင်လာစေတာပါ

ကျွန်တော်တို့ မရှိရင် သူတို့ရဲ့ဘဝဟာ တွန်းလှည်းလေးကို ခက်ခက်ခဲခဲတွန်းနေရပြီး ခဲလုံးနဲ့တိုက်မိတာနဲ့ လှည်းကပျက်စီးသွားနိုင်ပါတယ်

အာမခံရှိတဲ့ တွန်းလှည်းကတော့ ဘယ်လိုကြမ်းတမ်းတဲ့လမ်းပေါ်သွားနေရပါစေ တစ်လမ်းလုံးစိတ်ချလက်ချဖြောင့်ဖြူးစွာနဲ့ခရီးရောက်သွားပါလိမ့်မယ်

ဒီပုံကိုကြည့်ပြီးနောက် ကိုယ့်အတွေးနဲ့ကိုယ်ရှိကြမယ်ထင်ပါတယ်
customer တွေရဲ့ဗဟုသုတနည်းတာနဲ့
ရှင်းပြလည်း မပေါက်တဲ့လူတွေ
ကိုယ့်ကိုအသားလွတ်ကြီးငြင်းလွတ်လိုက်တာတွေနဲ့ကြုံတာတွေကို သတိရမိမယ်လို့လည်းထင်ပါတယ်

ဒါပေမယ့် စိတ်ထဲမထားပါနဲ့ တကယ်လို့က အစ်ကိုအစ်မတို့ အာမခံလောကထဲကိုမဝင်လာဘူဆိုရင်
ကျွန်တော်တို့လည်း ဒီဘီးလာတပ်ပေးတဲ့လူကို ငြင်းလွှတ်တဲ့လူဖြစ်သွားနိုင်တာပဲလေ

ဘယ်လိုပဲပြောပြော ကျွန်တော်ရေးခဲ့တဲ့စာသားထဲကလို
သူတို့က အန္တရာယ်ဆိုတဲ့မုန်တိုင်းကြီးနဲ့ အချိန်ကို ယှဉ်ပြိုင်ပြီးပြေးနေရတဲ့လူတွေမှမဟုတ်ကြတာ။
အဲ့ဒီ ယဉ်ကျေးစွာနဲ့ငြင်းလွှတ်လိုက်တဲ့လူကလည်း အာမခံကိုဆန့်ကျင်တဲ့လူတော့မဟုတ်လောက်ပါဘူး
အာမခံရဲ့ကောင်းကျိုးတွေကို မသိသေးတာပဲ ဖြစ်နိုင်ပါလိမ့်မယ်

သူတို့လိုမသိသေးတဲ့လူရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့က ခဏခဏအငြင်းခံရတာကို မမှုပဲ ဆက်လက်တောင့်ခံနေကြတာပါ

အာမခံအကြောင်း ပိုပြီးလူသိများလာအောင် အသိမှတ်ပြုအောင်လုပ်ပြီး ဘီးတပ်ပေးဖို့အတွက်ကြိုးစားအားထုတ်နေကြတာပါ
သူတို့တွေအတွက်ကြောင့်ပါ

ဒီနေ့ ဒါဟာနောက်ဆုံးမို့လို့ ဒီထိဖတ်ပြီးသွားရင် နည်းနည်းလောက်ထပ်ပြီးဖတ်လိုက်ပါဦး

အာမခံကိုယ်စားလှယ်ရဲ့တန်ဖိုးအရှိဆုံးအရာက ငြင်းခံလိုက်ရလို့ ထပ်ပြီးသွားမရှာပဲ သူတို့ဒုက္ခရောက်တဲ့အချိန် သူများကားမှောက်တာကြည့်ပြီး
ကိုယ်မှန်တယ်ဆိုပြီး ပြောတာဟာ တန်ဖိုးရှိမသွားစေပါဘူး

မိသားစုအများစုကို အန္တရာယ်တွေကြား ငြိမ်းချမ်းစွာဖြတ်ကျော်နိုင်အောင်လုပ်ပေးပြီး စိတ်ထဲကနေ ဂုဏ်ယူစွာနဲ့
"သူတို့အိမ်က ဘီး ကို ငါတပ်ပေးထားတာ" "သူတို့ရဲ့ဘီးကို ငါ ဒီဇိုင်းဆွဲပေးထားတာဆိုပြီး"ပြောလိုက်တဲ့အချိန်လေးဟာ တန်ဖိုးရှိစေတာပါ

အားလုံးကျေးဇူးတင်ပါတယ်

အာမခံထားခြင်း၏ကောင်းကျိုးများ (၂)~~~~~~~~~~~~~~~~~~~~~~~အာမခံက ဘယ်လိုပြဿနာတွေကိုဖြေရှင်ပေးတာလဲ?တခြားတွေ အများကြီးမပြောတေ...
17/08/2020

အာမခံထားခြင်း၏ကောင်းကျိုးများ (၂)
~~~~~~~~~~~~~~~~~~~~~~~

အာမခံက ဘယ်လိုပြဿနာတွေကိုဖြေရှင်ပေးတာလဲ?
တခြားတွေ အများကြီးမပြောတော့ဘူး
ကျွန်တော်တို့ ကျန်းမာရေးကိစ္စကြောင့်ဖြစ်လာတာတဲ့ ဆေးဖိုးဝါးခနဲ့ငွေကြေးဆိုင်ရာအခက်ခဲလေးပဲပြောရအောင်

ဘာပဲရှိရှိ ရောဂါမရှိစေနဲ့
ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ဆိုပေမယ့် ပိုက်ဆံလိုရင်တော့ အဆင်မပြေဘူးပေါ့နော်

ခုခေတ်ကြီးမှာ ရောဂါတစ်ခုခုဖြစ်ရင် ပိုက်ဆံရှိမှ အသက်ရှင်နိုင်တဲ့ခေတ်ကြီးလိုဖြစ်နေတာပါ

ရောဂါဆိုးတစ်ခုက မိသားစုတစ်စုအတွက် ဆေးဖိုးဝါးခတစ်ခုတည်း ကုန်စေတာမဟုတ်ပါဘူး

မိသားစုရဲ့ဝင်ငွေကိုလည်း ရုတ်တရက်ပြုတ်သွားစေနိုင်ပါတယ်

ပြန်ကောင်းပြီထားပါတော့ ဆေးလေးနဲ့တော့ ခဏပြန်ထိန်းထားရသေးတယ်

ဒီစရိတ်တွေကို သေချာတွက်ကြည့်မယ်ဆိုရင် တော်ရုံလူဆို ဘယ်လိုမှမတတ်နိုင်တဲ့ပမာဏတစ်ခုပါ

ခပ်ကြမ်းကြမ်းပြောရမယ်ဆို ရောဂါဖြစ်လို့ (-) သွားရင် အများဆုံးမှ ဝင်ငွေပြတ်သွားတဲ့အနေအထား

ပိုကြောက်ဖို့ကောင်းတာ ကိုမာဝင်ပြီး အသက်ဆက်ဖို့အတွက် ကိုယ့်မိသားစုဝင်က လူနာအတွက် ဆေးဖိုးဝါးခရော အချိန်ရော လူပါ အဆက်မပြတ်ဂရုစိုက်ပေးဆပ်နေရတာဟာ ပိုပြီးမှကို ဒုက္ခရောက်ပါတယ်။

ဒါကို ဘယ်လိုမှငြင်းနိုင်ကြမှာမဟုတ်ပါဘူး။
သာမန်ပြည်သူက ခက်ခက်ခဲခဲပိုက်ဆံရှာမယ်
ကိုယ့်ဘဝအတွက်စိတ်ချရအောင် ပိုက်ဆံတွေများကြီးစုမယ်။
ဒိလိုလူတွေက လှည်းကိုတွန်းနေတဲ့လူနှစ်ယောက်နဲ့မတူဘူးလား?

အဆက်မပြတ်ကြိုးစားနေတဲ့လူတွေပေါ့
ဒါပေမယ့် ဒီလိုကြိုးစားတိုင်း ဘဝကြီးက စိတ်ချလို့ရသွားပြီလား?

ရောဂါကပ်ဆိုးကြီးတစ်ခုတည်းနဲ့ ကိုယ်မစားရက်မသောက်ရက်စုထားတဲ့ပိုက်ဆံတွေကို အကုန်သယ်သွားနိုင်ပါတယ်

အာမခံ၏ထူးဆန်းဖြစ်ရပ် အပိုင်း( ၂ )အာမခံဝယ်ဝယ် မဝယ်ဝယ်နောက်ဆုံးတော့နောင်တရမှာပါပဲ!!!အာမခံဆိုတာမျိုးက ဝယ်တဲ့အချိန်မလိုအပ်ဘူ...
12/08/2020

အာမခံ၏ထူးဆန်းဖြစ်ရပ် အပိုင်း( ၂ )
အာမခံဝယ်ဝယ် မဝယ်ဝယ်နောက်ဆုံးတော့နောင်တရမှာပါပဲ!!!
အာမခံဆိုတာမျိုးက ဝယ်တဲ့အချိန်မလိုအပ်ဘူး။ ဒါပေမယ့်လိုအပ်တဲ့အချိန်ဆိုရင်ဝယ်လို့မရတဲ့အရာတစ်ခုပါ။ အာမခံဝယ်တဲ့အချိန်အများကြီးမစဉ်းစားပါနဲ့ “ငါ့မှာလူမှုဖုံလုံရေးအတွက်ထည့်ရမယ်၊ ငါရင်းနှီးမြုပ်နှံရမယ်၊ ငါအိမ်ဝယ်ရမယ်၊ ငါ့မိသားစုနဲ့တိုင်ပင်လိုက်ဦးမယ်၊ အားမှသွားလုပ်မယ်၊ ခနပြန်စဉ်းစားလိုက်ဦးမယ်၊ လက်ထဲငွေကျန်မှလုပ်မယ်။ အာမခံဆိုတာစောင့်လို့ရတဲ့အရာမဟုတ်ပါဘူး။ ဝယ်လိုက်မှရတဲ့အရာတစ်ခုပါ။
ရောဂါကျွမ်းနေတဲ့လူက ကျန်းမာရေးအာမခံအရမ်းဝယ်ချင်ပေမယ့်၊ ဝယ်လို့မရတော့ပါဘူး
အက်ဆီးဒင့်ဖြစ်တဲ့အချိန်ကျမှ Personal Accident ဝယ်ချင်လို့လည်းမဖြစ်နိင်တော့ပါဘူး တော်တော်နောက်ကျသွားပါပြီ
ကျွန်တော်တို့ဆီက အာမခံထားတဲ့လူတွေပြောနေကျစကားက
အရင်က ကျွန်တော်/ကျွန်မ မယုံဘူး၊ ခုကတော့ အာမခံအပေါ်ယုံကြည်သွားပြီ
အရင်က ကျန်းမာရေးမကောင်းမှဝယ်မှာပေါ့၊ ခုတော့သိသွားပြီ ကျန်းမာရေးမကောင်းရင် ဝယ်လို့မရတော့ပါဘူး
အရင်က အသုံးမကျတဲ့လူမှ အာမခံဝယ်တာ၊ ခုတော့ အာမခံဝယ်တဲ့လူက အသုံးမကျလို့မဟုတ်တာ သိသွားပါပြီ
အရင်က ကိုယ့်ကိုကိုယ် အက်ဆီးဒင့်မဖြစ်ဘူထင်နေတာ၊ ခုတော့ ကိုယ်တခုခုဖြစ်မှာကိုမကြောက်ဘူး ကြိုပြီး သေချာမပြင်ဆင်ထားမှာကိုပဲကြောက်တာ
အရင်ကထင်တာ ဆေးရုံကအသက်ကယ်တဲ့နေရာ၊ ခုမှသဘောပေါက်သွားတာ ဆေးရုံဆိုတာ ပိုက်ဆံရှိမှတက်လို့ရတာနေရာ
အရင်ကနားလည်ထားတာ အာမခံထားတယ်ဆိုတာ ကိုယ့်ဝင်ငွေထဲကဖဲ့ပေးနေရတဲ့အရာ၊ ခုမှသိလိုက်ရတာ အာမခံဆိုတာ ဒုတိယအသက်တစ်ချောင်း
အရင်ကထင်တာ ဖြစ်တော့မှကြည့်လုပ်တာပေါ့ကွာ၊ ခုမှသိတာ ဖြစ်သွားရင်ကြည့်လုပ်ခွင့်တောင်ရမှမဟုတ်ဘူးဆိုတာ
အရင်ကထင်တာ အာမခံထားတဲ့ငွေက အာမခံကုမ္မဏီကအမြတ်ထုတ်သွားတာ၊ ခုအာမခံဝယ်ပြီးမှ သိလိုက်ရတာ အာမခံကုမ္မဏီကကျွန်တော်တို့ကိုလျော်နိုင်ဖို့အတွက်ပိုက်ဆံရှာနေတယ်ဆိုတာ
အရင်ကထင်နေတာ ကိုယ့်ဘာကိုယ်နည်းနည်းဂရုစိုက်လိုက်ရင်အဆင်ပြေမယ်ပေါ့၊ ခုမှသဘောပေါက်သွားတာက အက်ဆီးဒင့်(ဘေးအန္တရာယ်ဆိုတာ) အချိန်မရွေး နေရာမရွေးဖြစ်နိုင်တဲ့အရာပါ
ကျွန်တော့်အာမခံအကြောင်းစိတ်ဝင်စားသူထဲက တစ်ဦးပါ။
အားလုံးဘေးအန္တရာယ်ကင်းကျန်းမာကြပါစေ

အာမခံထားချင်း၏ကောင်းကျိုးများ (၁)~~~~~~~~~~~~~~~~~~~~~~အွန်လိုင်းပေါ်မှာတွေ့လိုက်ရတဲ့အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံလေးတ...
12/08/2020

အာမခံထားချင်း၏ကောင်းကျိုးများ (၁)
~~~~~~~~~~~~~~~~~~~~~~

အွန်လိုင်းပေါ်မှာတွေ့လိုက်ရတဲ့အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံလေးတစ်ပုံပါ
အဝိုင်းပုံဘီးကိုင်ထားတဲ့လူက လှည်းတွန်းနေတဲ့လူနှစ်ယောက်ကို အကြံပေးနေတာပါ။ နောက်ကလူကတော့ ယဉ်ကျေးစွာနဲ့ လက်ပြပြီးငြင်းလိုက်ပါတယ်။ ရှေ့ကတစ်ယောက်ကတော့ ခေါင်းကြီးကိုငုံ့ပြီး “ငါတို့အလုပ်ရှုပ်နေတယ်ကွ” ဆိုပြီးငြင်းလိုက်ပါတယ်။

ပုံကိုကြည့်လိုက်မယ်ဆိုရင် လှည်းတွန်းနေတဲ့လူနှစ်ယောက်ရဲ့လှည်းဘီးက လေးထောင့်လေးဖြစ်နေတာကို သတိထားမိမှာပါ။ နောက်ဘက်မှာဘီးရာအနက်ကြီးကျန်နေပြီး ပင်ပင်ပန်းပန်းတွန်းနေရတာကိုလည်းတွေ့ ရမှာပါ
ပုံမှာပါတဲ့စာသားကလည်း အတော့်ကိုအဓိပ္ပါယ်ရှိပါတယ်။ ကိုယ့်ကိုလာရှာတဲ့လူက အမြဲတမ်းအကူအညီတောင်းဖို့အတွက်ချည်းပဲဖြစ်နေမှာမဟုတ်ပါဘူး။ အကူအညီပေးဖို့အတွက်လည်းဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ချက်ချင်းကြီးမငြင်းလိုက်ပါနဲ့ အရင်ဆုံးဘာအတွက်လာတာလဲဆိုတာကို သိအောင်လုပ်ပါတဲ့
ဘာလို့လဲဆိုတော့ မင်းငြင်းလိုက်တဲ့အရာက မင်းအလိုရှိနေတဲ့အရာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

Marketing ဆင်းတဲ့လူတွေအားလုံး ဒီပုံကိုကြည့်ပြီး တူညီတဲ့ခံစားချက်ကိုခံစားမိမှာပါ။ အထူးသဖြင့်ကျွန်တော်တို့လို အာမခံလုပ်ငန်းကိုMarketing(မားကတ်တင်း)ဆင်းတဲ့လူတွေက သူတစ်ပါးကို ဘီးလဲတပ်ဖို့အကြံပေးနေတဲ့လူနဲ့မတူဘူးလား?

ကားအာမခံလိုအပ်ရင်ဆက်သွယ်လိုက်ပါ။ အိမ်တိုင်ရာရောက်လာပြီး သေချာရှင်းပြပေးမယ့်သူပါ။
09-662999885

အာမခံဆိုတာ အကောင်းဆုံး စပယ်ယာဘီးပါပဲ车险联系 09-662999885~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အာမခံဆိုတာဘာလဲ? လူတော်တော်များများက...
06/08/2020

အာမခံဆိုတာ အကောင်းဆုံး စပယ်ယာဘီးပါပဲ

车险联系 09-662999885
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အာမခံဆိုတာဘာလဲ?

လူတော်တော်များများက ဝေဝါးစွာနားလည်နေကြတယ်။ ဒီစကားလုံးရဲ့အဓိပ္ပါယ်ကို သေချာနားမလည်ကြဘူး၊ အပေါ်ယံသိတဲ့လူတွေရဲ့ဘေးစကားတွေကို နားထောင်ပြီး လိမ်စားတဲ့လှည့်ကွက်တစ်ခုလို မှတ်ယူနေကြတယ်။ အကောင်းမပြောတဲ့လူတွေက ပိုလို့များနေသေးတယ်။ လူကြီးမင်းအနေနဲ့အာမခံဝယ်တာ အမြတ်မရှိဘူးလို့ထင်နေပါလိမ့်မယ်။ တကယ်လို့လူကြီမင်း တစ်ညတည်းနဲ့သူထေးဖြစ်ချင်ရင်တော့ ဆောရီးပါ။ အာမခံက လူကြီးမင်း အတွက် မဟုတ်ပါဘူး။ လူကြီးမင်းအနေနဲ့ အာမခံမဝယ်ပဲနဲ့လည်း အဆင်ပြေနေတာပဲ.... အရင်တုန်းကလူတွေလည်း ဒီလိုပဲ ဘဝကိုဖြတ်သန်းလာခဲ့ကြတာပဲတွေးမိပါလိမ့်မယ်။ ဟုတ်ပါတယ်၊ မှန်ပါတယ်။ ဒါပေမယ့် တခုခု ဘေးအန္တရာယ်ဖြစ်ခဲ့ရင် လူကြီးမင်းကို သေချာပေါက် ကူညီနိုင်တာ အာမခံပါပဲ။

*အာမခံက ကျွန်တော်တို့ကိုaccident မဖြစ်နိုင်အောင်တားပေးလို့မရပါဘူး။
*အာမခံက ကျွန်တော်တို့ကိုရောဂါမဖြစ်အောင် တားပေးလို့မရပါဘူး။
*အာမခံက ကျွန်တော်တို့ကို မအိုမင်းအောင် တားပေးလို့မရပါဘူး။

ဒါပေမဲ့ အဓိကအချက်က သူဟာ ကျွန်တော်တို့ရဲ့အကောင်းဆုံးအချိန်မှာ ရောက်လာပြီး ဘေးအန္တရာယ်ဖြစ်လာတဲ့အချိန်မှာ ချက်ချင်းအရေးပေါ်ငွေအဖြစ်ပြောင်းလဲပေးကြတယ်။အဲ့ဒါ ပိုက်ဆံအရေအတွက် တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပိုဖြစ်နိုင်တာက ထိရောက်တဲ့အကူအညီတစ်ခုလို့
ပြောလည်း မမှားဘူးလို့ ကျွန်တော်ယူဆပါတယ်။

အာမခံ၏ထူးဆန်းဖြစ်ရပ်ဆန်း (အပိုင်း ၁)~~~~~~~~~~~~~~~~~~~~~~~~~၁. ကားအက်စီးတန့်ဖြစ်ရင် အရင်ဆုံး အာမခံရှိလား မေးကြတယ်?၂. အသ...
05/08/2020

အာမခံ၏ထူးဆန်းဖြစ်ရပ်ဆန်း (အပိုင်း ၁)
~~~~~~~~~~~~~~~~~~~~~~~~~

၁. ကားအက်စီးတန့်ဖြစ်ရင် အရင်ဆုံး အာမခံရှိလား မေးကြတယ်?

၂. အသက်မရှိတော့မှ အသက်အာမခံထားထားလား မေးကြတယ်?

၃. ဖျားနာတဲ့အချိန်ဆေးရုံတက်ခါနီးမှ ကျန်းမာရေးအာမခံရှိလား မေးကြတယ်?

၄. အာမခံထားတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆို လူတော်တော်များများက အာမခံဆိုတာ လူလိမ်တဲ့အရာလို့ပြောကြတယ်?

သာမန်အချိန်ဆိုရင် အာမခံပေါ်လူတွေ တော်တော်အကောင်းမမြင်ပေမယ့် အရေးကြုံလာရင်တော့ ချက်ချင်းအာမခံသတိရကြတယ်! အာမခံဆိုတာ ဒီကမ္ဘာပေါ်မှာ နားလည်မှုအလွှဲခံရဆုံးဖြစ်ပြီး အရေးကြုံလာရင်တော့ အသုံးအဝင်ဆုံးအရာ ဖြစ်နေပြန်ပုံနဲ့တူနေသလိုပဲ (လက်ခံကြရဲ့လား?) လူတွေက ရဲ ဆိုအကောင်းမပြောကြပါဘူး ဒါပေမယ့် အမှုဖြစ်ပြီဆို အရင်ဆုံးစဉ်းစားမိတာ (199)၊ ဆေးရုံ ဆေးခန်း ဆြာဝန်တွေဆိုလည်း ဈေးကြီးတယ် ဘာညာ အကောင်းပြောတဲ့လူသိပ်မရှိကြပါဘူး ဒါမယ့်အရေးပေါ်လူနာတင်ဖို့အတွက်လိုအပ်လာပြီဆို (192)ကိုထိပ်ဆုံးက သတိရတတ်ကြပါတယ်။ လူအများစုက အာမခံဆို ဘာအသုံးမှမဝင်ဘူးလို့ပြောကြပါတယ်။ ဒါမယ့်ဘေးအန္တရာယ်ဆိုက်ရောက်လာလို့ ပိုက်ဆံအသုံးလိုတဲ့အချိန်ဆိုရင် အာမခံကိုပဲအရင်ဆုံး သတိရမိတတ်ကြပါတယ်။ So Please အာမခံအပေါ်ယုံကြည်ကြပါ။ ဘဝကိုပြောင်းလဲဖို့အတွက် သုံးဖို့မဟုတ်ပါဘူး။ ကိုယ်နေထိုင်တဲ့ဘဝကြီး မပြောင်းလဲသွားအောင်လို့ပါ။

23/03/2020

အာမခံအေတြးအေခၚ

~~~~~~~~~~~~~~~

အာမခံမဝယ်ရသေးတဲ့သူငယ်ချင်းတွေ၊ မျက်လုံးမှိတ်ပြီးတစ်ချက်လောက် စဉ်းစားကြည့်လိုက်ပါ၊ အဲ့တုန်းက အာမခံမဝယ်လိုက်တဲ့
အဲ့ပိုက်ဆံ အခုဘယ်ဆီကိုရောက်လို့နေပြီလဲ?

သုံးလိုက်လို့ကုန်သွားပြီလား ဒါမှမဟုတ် အရှုံးပေါ်သွားတာလား?

တကယ်တော့ ပိုက်ဆံကလည်း မင်းပိုက်ဆံပါပဲ

ကျန်းမာရေးကလည်း မင်းကျန်းမာရေးပါပဲ

ရောဂါကလည်း မင်းရောဂါပါပဲ

စည်းစိမ်အားလုံးကလည်း မင်းစည်းစိမ်ချည်းပါပဲ

Risk (ဘေးအန္တရာယ်)ကလည်း မင်းရဲ့ Risk(ဘေးအန္တရာယ်)ပာပဲ

ဒါပေမယ့် Risk (ဘေးအန္တရာယ်) ကိုလွှဲပြောင်းပေးဖို့ကတော့ မင်းရဲ့အခွင့်အရေးပါ။

တကယ်လို့သာ မင်းမှာ အာမခံရှိနေရင် ပိုက်ဆံကတော့ မင်းရဲ့ပိုက်ဆံ

Risk(ဘေးအန္တရာယ်) ကတော့ အာမခံကုမ္မဏီအတွက်ဖြစ်သွားပြီ

အာမခံဝယ်တယ်ဆိုတာ အလွယ်ဆုံးပြောရရင် တကယ်တော့ ပိုက်ဆံကို ဘဏ်ထဲကစုငွေရဲ့တစ်စိတ်တစ်ပိုင်းကို အာမခံကုမ္မဏီမှာ ပြောင်းစုလိုက်တဲ့သဘောပဲ။

21/03/2020

အာမခံပုံပြင်
~~~~~~~~~

လူကြီးမင်း အာမခံကိုငြင်းလို့ရပါတယ်
ဒါပေမယ့် Accident ကိုတော့ငြင်းလို့မရပါဘူး

အာမခံမားကတ်တင်းတစ်ယောက် ညဘက်ကြီးမှာ Customer သူဌေးတစ်ယောက်ကိုသွားတွေ့တယ်။ ဒီသူဌေးက တော်တော်လေးကိုချမ်းသာတာ ဒါပေမယ့် ယဉ်ကျေးမှုအပိုင်းမှာတော့ သိပ်အဆင်မပြေဘူး။ ကိုယ့်ကိစ္စကလွဲလိုတခြားကိစ္စတွေဆို သိပ်ပြီးစိတ်မဝင်စားဘူး။ မားကတ်တင်း စပြီး ပြောတုန်းပဲရှိသေးတယ် သူဌေးကစိတ်မရှည်တော့ဘူး၊

သူဌေး ။ ။ မင်းအများကြီးမပြောနဲ့ကွာ တစ်ခွန်းနှစ်ခွန်းလောက်နဲ့ ငါ့ကိုအာမခံဆိုတာဘာလဲပြောနိုင်ရင် ငါဝယ်မယ်။

မားကတ်တင်း ။ ။ ဒါဆို ကျေးဇူးပြုပြီး ဧည့်ခန်းမီးကို ခဏပိတ်ပေးလို့ရမလား။

သူဌေး ။ ။ ဘာလုပ်ဖို့လဲ?

မားကတ်တင်း ။ ။ ဆရာစိတ်ချပါ ကျွန်တော်မကောင်းတာကြံဖို့မဟုတ်ပါဘူး ဆရာ ကျွန်တော်ပြောတဲ့အတိုင်း တစ်ချက်လောက်လုပ်ပေးပါလား

သူဌေးကြီးက မီးပိတ်လိုက်တယ်။ အခန်းတစ်ခုလုံး အမှောင်ကျသွားရော ဒီအချိန်မှာ အသံတစ်ခုကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ မားကတ်တင်းက မီးခြစ်နဲ့မီးထွန်းလိုက်တဲ့အသံ ဒီအချိန်မှာ ဧည့်ခန်းက တစ်ဖြေးဖြေး အလင်းရောင်ပြန်ရလာခဲ့တယ်။

မားကတ်တင်း ။ ။ အာမခံဆိုတာ ဒါပါပဲ ဆရာအမှောင်ထဲရောက်နေတဲ့အချိန်မှာ ဆရာ့ကိုအလင်းရောင်ပေးပါလိမ့်မယ်

19/03/2020

တကယ်လို့သာ ရာသီဉတုကိုထိန်းချုပ်နိုင်ရင် ကျွန်တော်တို့ ထီးကိုလိုအပ်နေဦးမှာလား?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တကယ်လို့သာ အမြဲတမ်းနုပျိုနိုင်ရင် ကျန်းမာရေးဂရုစိုက်ဖို့ လိုဦးမှာလား?

တကယ်လို့သာ သမုဒ္ဒရာဝမ်းတစ်ထွက်အတွက် အမြဲလုံလောက်နေရင် ကျွန်တော်တို့အပင်ပန်းခံဖို့လိုပါ့ဦးမှာလား

တကယ်လို့သာ မတော်တဆကိုကြိုက်သလို စီစဉ်နိုင်ရင် ကျွန်တော်တို့ ကြိုတင်ကာကွယ်ဖို့လိုနေဦးမှာလား?

တကယ်လို့သာ ရောဂါကိုပျောက်ချင်တိုင်းပျောက်အောင်လုပ်နိုင်ရင် ဆရာဝန်တွေ လိုအပ်နေဦးမှာလား?

တကယ်လို့သာ ကျွန်တော်တို့ အန္တရာယ်ကိုချယ်လဲနိုင်ခဲ့ရင် ကျွန်တော်တို့ အာမခံ ဆိုတာကို လိုအပ်နေဦးမှာလား?

Address

Latha Tsp.
Yangon

Website

Alerts

Be the first to know and let us send you an email when Vehicle Insurance Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share